From ရဲဇာနည် |
ဒါ.အပြင် ခုနစ်ကူးမှာ ရဲတပ်ဖွဲ.အကြီးအကဲအချို.ရဲ. ပြောစကားတွေကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ.နဲ. ပြည်သူလူထုကြား ပိုမိုနွေးထွေးစွာ ဆက်ဆံလိုတဲ့ သဘောတွေ သိသိသာသာ ဖော်ပြလာပါတယ် ။ ခုဆို မြို.နယ် ၊ ရပ်ကွက်တွေကအစ သက်ဆိုင်ရာ ရဲတပ်ဖွဲ.တာဝန်ရှိသူတွေ ကိုယ်တိုင် ဆင်းပြီး ရပ်မိ/ရပ်ဖတွေနဲ. နွေးထွေးစွာ ဆက်ဆံပြီး မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ ပညာပေးဟောပြောမှုတွေ ပြုလုပ်လာတာတွေ.ရပါတယ် ။ ဒါ.အပြင် သက်ဆိုင်ရာ အပိုင်နယ်ထိန်းတွေ ၊ နယ်ထိန်းအရာရှိ နဲ. စခန်းမှုးကအစ သူတို.ထံ ဆက်သွယ်သတင်းပေးနိုင်ဖို. လိပ်စာကဒ်တွေ ဝေငှသလို မှုခင်းကြိုတင် ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေလည်း ဖြန်.ဝေလာပါတယ် ။
ဟောပြောတဲ့နေရာမှာတော. ခိုးမှု တွေနဲ. ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ၊ အရွယ်မရောက်ကလေးငယ်များ အဓမ္မမှုဆိုင်ရာ သိထားသင်. ကြိုတင်ကာကွယ်သင်.သည်များ ၊ အရက်သောက်ပြီးဖြစ်ပွားသော အဆင်ခြင်မဲ. ခိုက်ရန်ဒေါသ များ ကြောင်. ထိခိုက်မှုများ ၊ လောင်းကစားအလွန်အကျွံ လုပ်ရာမှ ဘ၀ပါထိခိုက်ရမှုများ ကို အဓိက ဟောပြောခဲ့တယ်လို.သိရပါတယ် ။
ရပ်ကွက် ဟောပြောပွဲ တစ်ခုတွင်တွေ.ရသော မရမ်းကုန်းမြို.မ စခန်းမှုး |
ဖြန်.ဝေတဲ့ မှုခင်းကြိုတင် ကာကွယ်ရေးဆိုင်ရာ စာစောင်မှာတော. လူသတ်မှု ကျုးလွန်ရခြင်းအကြောင်း ၊ကြိုတင်ကာကွယ်ရေး ၊ မုဒိမ်းမှု ဖြစ်ပွားရခြင်း နဲ. ကြိုတင်ကာကွယ်ရေး ၊ဖောက်ထွင်းခိုးယူမှုဆိုင်ရာများ ကို အဓိကဖော်ပြထားပါတယ် ။ အဲ့ဒီပြစ်ဒါဏ် ဆိုင်ရာတွေနဲ.ပတ်သက်လို. ခိုးမှု ကျုးလွန်ရင် ပုဒ်မ ၃၈၀ အရ ထောင်ဒါဏ် ၇ နှစ် ၊ ၃၇၉ အရ ထောင်ဒါဏ် ၃ နှစ် ၊ ခိုးရာပါ လက်ခံလျှင် ပုဒ်မ ၄၁၀ အရ ထောင်ဒါဏ် ၃နှစ် ဆိုတာကို ဖော်ပြထားပါတယ် ။
မှုခင်းကြိုတင်ကာကွယ်ဖို. အောက်ပါ ကိစ္စရပ်တွေ သတင်းပို.ဖို.လည်း ဖော်ပြထားရာမှာ
ခိုးရာပါ လက်ခံ ၊ ထုခွဲ ၊ ရောင်းချပေးနေသူများ
လူစိမ်းများ ၀င်ရောက်လာခြင်း
ရာသီဥတု ကိုအခွင်.ကောင်းယူ ခိုးယူနိုင်မှုကို မေ.လျော.စွာ နေတတ်ခြင်းများ
ခိုး ၊ဆိုး ၊ လု ၊ နှိုက် ကိုလက်ခံ၊ကူညီနေသူများ သတင်း
လက်နက်ကိုင် သောင်းကျန်းသူ သတင်းများ
စီးပွားရေး ၊ လူမှုရေး သောင်းကျန်းမှု သတင်းများ
တရားခံပြေး ၊ ရဲဘက်ပြေး ၊ စစ်ပြေး ၊ ရဲပြေး နှင်. မသင်္ကာသူများ ရပ်ကွက်အတွင်းနေထိုင်၍ ပြစ်မှု ထပ်မံကျုးလွန်ရန် အလားအလာများ
လိုင်စင်မဲ့ လက်နက် ခဲယမ်းလက်ဝယ်ထား၇ှိမှုများ
ဖောက်ခွဲ/ ဖျက်ဆီးရေး သမားသတင်းများ
ကြေးနန်းကြိုး ၊ တာဝါတိုင် ၊ ဖုန်းကြိုး ၊သံလမ်း နှင်.လမ်းတံတား ဖျက်စီး၇န် ကြံစည်မှုများ
မူးယစ်ဆေးဝါး သုံး / သယ် / ရောင်း သူတို.၏သတင်းများ ဆိုပြီး ပါဝင်ပါတယ် ။
တပ်ဖွဲ.၀င်များ မှုခင်းကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် ဝေငှစဉ် |
ရန်ကုန်တိုင်း တပ်ဖွဲ.မှုး ရုံး ၂၁၇၅၀၂ ၊ ၂၁၇၅၀၃ ၊ ၂၂၁၃၁၁
အရှေ.ပိုင်းခရိုင် တပ်ဖွဲ.မှုး ရုံး ၂၉၆၁၈၀ ၊ ၂၉၀၁၃၃
အနောက်ပိုင်း ခရိုင် တပ်ဖွဲ.မှုး ရုံး ၃၇၆၁၆၆ ၊ ၂၄၅၂၆၀ ၊ ၂၄၅၂၆၁
တောင်ပိုင်းခရိုင် တပ်ဖွဲ.မှုးရုံး ၀၅၆ - ၂၁၀၄၂ ၊ ၁၅၆ - ၂၁၀၀၁
မြောက်ပိုင်းခရိုင် တပ်ဖွဲ.မှုး ရုံး ၆၄၅၈၂၃ ၊ ၆၄၅၈၂၄
No comments:
Post a Comment