ဝါးခယ်မ အထက ၁ ၏ နှစ် ၅၀မြောက် ရွှေရတု ရုပ်စုံ ဘုံကိန် နှင်. အထက ၁ တက်ရောက်ဖူးသော မည်သည်.ကျောင်းသားမဆို ပါဝင်ခွင်.ရှိသော အာစရိယ ပူဇော်ပွဲအခမ်းအနား တို.ကို စည်ကားထူးခြားစွာ ပူးတွဲကျင်းပနိုင်ရေးအတွက် ၀ါးခယ်မ နှင်. ရန်ကုန်ဘက်ခြမ်း ကျောင်းသားဟောင်းများ တက်ညီလက်ညီ စတင် လှုပ်ရှားဆောင်ရွက်နေကြပြီ ဖြစ်သည် ။
ပထမဆုံးအကြိမ် ရန်ကုန်ဘက်ခြမ်းအကြိုညှိုနှိုင်းမှုကို ၂၀၁၃ ဒီဇင်ဘာ ၂၂ ရက်နေ.က ရန်ကုန်မြို. သိမ်တော်ကြီးတွင် ပထမဆုံး စတင်ညှိုနှိုင်း တိုင်ပင်ခဲ့ကြပါသည် ။ ထိုအချိန်က ဤ အခမ်းအနား ၂ခု ပူးတွဲကျင်းပနိုင်ရေးနှင်. ရန်ကုန် ၊ ၀ါးခယ်မ ပေါင်းစပ်လုပ်ဆောင်နိုင်ရန် အဓိက တိုင်ပင် ခဲ့ကြပါသည် ။
ထို.နောက်
၎ ရက် ၁ လ ၂၀၁၄ နေ.တွင် ရန်ကုန်ဘက်ခြမ်း ဒုတိယအကြို ညှိုနှိုင်းမှု ကို ၀ါးခယ်မမြို.နယ်အသင်းတွင်
ပြုလုပ်ခဲ့ပါသည် ။ ထိုပွဲတွင်လည်း ငွေကြေးကောက်ခံမှုပုံစံ ၊ ကော်မတီ ဖွဲ.စည်း၇န် ကိစ္စ
၊ ပါဝင်နှစ်များ ကိစ္စ တို.ကို ဆွေးနွေးကြပါသည် ။
၁၉ ရက် ၁လ
၂၀၁၄ နေ.တွင်မူ ၀ါးခယ်မဘက်ခြမ်းမှ ဒေါက်တာအောင်နိုင်ပါ တက်ရောက်ပြီး ရန်ကုန်ဘက်ခြမ်း
ကျောင်းသားဟောင်း အချို.တို. AK ဆေးဆိုင်တွင် တွေ.ဆုံညှိုနှိုင်းကြပြီး ၀ါးခယ်မ ဘက်ခြမ်း
ကော်မတီ ဖွဲ.စည်းရန် နှင်. အစည်းအဝေး ကျင်းပနိုင်ရန် ၊ အတန်းငယ်များ ပါဝင်လာနိုင်စေရေး
စည်းရုံးလှုံ.ဆော်ရန် ၊ ကျင်းပပြီးခဲ့သည် ၂၀၁၂ ဒီဇင်ဘာ ဆရာကန်တော.ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင်.
စာရင်းဇယားဆိုင်ရာ ကိစ္စရပ်များ ကိုဆွေးနွေးကြပါသည် ။
ဝါးခယ်မ ဘက်ခြမ်းကျောင်းသားဟောင်းများ
၏ ပထမဆုံးအကြိမ် တွေ.ဆုံညှိုနှိုင်းမှုကို ၂၅ ရက် ၁ လ ၂၀၁၄ နေ. ဟိုစိန် ဘုရားကျောင်းတွင်
ကျင်းပပြီး ထိုနေ.က ၁၉၉၁- ၉၂ မှ ၂၀၀၇ အတွင်းကျောင်းသား / သူ ၁၂ ဦး.တက်ရောက်ခဲ့အမျိုးသမီး
ဦးရေ ထက်ဝက်ခန်.အထိ ပါဝင်ခဲ့ပါသည် ။ ထိုအစည်းအဝေးတွင်
နှစ်စုံကျောင်းသားများ ကော်မတိတွင်ပါဝင်နိုင်ရေး ၊ ဖိတ်ကြားရေး ကိစ္စရပ်များနှင်. ကထိန်
နှင်.ဆရာကန်တော.ပွဲ ပူးတွဲကျင်းပရန် သဘောတူကြောင်း စသည်တို.ညှိုနှိုင်း သဘောတူခဲ့ကြပါသည်
။
၉ ရက် ၂လ
၂၀၁၄ နေ.ကမူ ၀ါးခယ်မဘက် ကျောင်းသားဟောင်းများ ၏ ဒုတိယအကြိမ် တွေ.ဆုံပွဲကို ဟိုစိန်
ဘုရားကျောင်းတွင်ပင် ကျင်းပခဲ့ပြီး ထိုနေ.က ၁၉၈၁ မှ ၂၀၀၉ အထိအတွင်း ကျောင်းသားဟောင်း
၄၀ တက်ရောက်ခဲ့ပါသည် ။ ထိုနေ.ကတိုင်ပင်ညှိုနှိုင်းကြပြီး ကထိန်နှင်. ဆရာကန်တော.ပွဲအတွက်
နှစ်အလိုက်ငွေကြေးစုဆောင်းပြီး ဥပမာ ၃ နှစ် (သို.) ၅ နှစ် တစ်ဖြတ် အရုပ်တစ်ခုလုပ်ရန်
၊ ၇ငွေအားလုံး စုဆောင်းထည်.၀င်ပြီး အရုပ်လုပ်ရန် သတ်မှတ်ငွေကြေး ပြန်လည်ထုတ်ယူပြီး
ပြုလုပ်ရန် စသည်တို.လောက်ကိုသာ အကြမ်းမျဉ်း ဆွေးနွေးပြီး လာမည်.အစည်းအဝေးတွင် ပင်မကော်မတီ
၊ ဆပ်ကော်မတီများ အပြီးသတ် ဖွဲ.စည်း၇န်သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည် ။ထိုနေ.က တက်ရောက်လာသူအားလုံးကို
ဒေါက်တာသက်ရှည်က မုန်.ဟင်းခါးဖြင်. ဧည်.ခံခဲ့ပါသည် ။
၂၃ ရက် ၂
လ ၂၀၁၄ နေ.တွင် ၀ါးခယ်မဘက် ကျောင်းသားဟောင်းများ၏ တတိယအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်
။ အစည်းအဝေးသို. ကျောင်းသား/သူ ဟောင်း ၄၀ ခန်. တက်ရောက်ခဲ့ပါသည် ။ ဒုတိယအကြိမ် အစည်းအဝေးသို.တက်ရောက်
ဦးရေ နှင်. မကွာခြားသော်လည်း လူသစ်များ ထပ်မံပါဝင်လာခဲ့ပါသည် ။ ထိုနေ.က အစည်းအဝေးတွင်
ကော်မတီ အလိုက် (သို.) နှစ်အလိုက် ရန်ကုန်ကိုယ်စားလှယ်တစ်ဦး ၊ ၀ါးခယ်မ ကိုယ်စားလှယ်တစ်ဦး
ထားရှိရန် ဆွေးနွေးခဲ့ကြပြီး နှစ်အလိုက်ကျောင်းသားဟောင်းများဖြင်. ပြန်ကြား ၊လှုံ.ဆော်
၊ စည်းရုံးရေး ကော်မတီ နှင်.ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီ တို.စတင်ဖွဲ.စည်း ခဲ့ပါသည် ။
၁၆
ရက် ၃ လ ၂၀၁၄ နေ.တွင် တွင်
ဝါးခယ်မဘက် ကျောင်းသားဟောင်းများ၏ စတုတ္ထအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင်.
ထိုနေ.က တက်ရောက်သူ နည်းပါးခဲ့သဖြင်. ကော်မတီဝင်ထပ်မံတိုးချဲ.ဖြည်.သွင်းခြင်း နှင်.အခြားခေါင်းစဉ်
အသစ်များထပ်မံမဆွေးနွေးနိုင်ခဲ့ပဲ Vinyl တွေ ရိုက်နှိပ်ပြီး
ဖြစ်နိုင်ရင် သင်္ကြန် မတိုင်ခင် ထောင်ဖို. ၊ Pamplet တွေ ရိုက်နှိပ် ဖြန်.ဝေဖို. ၊ ကျောင်းသားဟောင်းတွေ
တင်ပြတဲ့ အမှတ်တရ Magazine ထုတ်ဝေဖို.ကိစ္စအချို.သာ ဆွေးနွေးနိုင်ခဲ့ပါတယ် ။
ထိုအစည်းအဝေးတွင် ဖွဲ.စည်းသင်.သည်. ကော်မတီခွဲများ ယေဘူယျ ဆွေးနွေးခြင်း၊
Adress Book အတွက်အချက်အလက် စုဆောင်းရေးဆိုင်ရာကိစ္စရပ်များ စသည်တို. ဆွေးနွေး ဖြစ်ပါသည် ။
ထို.အပြင် ၀ါးခယ်မ ကော်မတီ အနေဖြင်. အထိမ်းအမှတ် Magazine ထုတ်ေ၀၇န် ခွင်.ပြုလျှင် ၇န်ကုန်ဘက်ခြမ်းမှ တတ်နိုင်သည်. ..လိုအပ်သည်. ကိစ္စ များ ကူညီပေး၇န် ၊ထို.အပြင် ပြက္ခဒိန် ထုတ်ဝေရန် ၊ ၀ါးခယ်မ ဘက်မှ Magazine အစီအစဉ် မဖြစ်လျှင်လည်း ပြက္ခဒိန် စီစဉ်ရန် ၊ဆရာ/ဆရာမ များသာမက ကျောင်းသားဟောင်းများပါ ပါဝင်သည်. Adress Book တစ်ခုပြုစု ထုတ်ဝေရန် ၊ ထို AB နှင်. ပတ်သက်၍ အများက ဓါတ်ပုံပါ ထည်.သွင်းလိုသော ဆန္ဒရှိကြပြီး လိုအပ်သော အချက်အလက်များ ၊ ဓါတ်ပုံများ ကောက်ခံ၇န် ၊ စုဆောင်း၇န် အတွက်ကို အလှုငွေကောက်ခံစဉ် တစ်ပါတည်း စုဆောင်း၇န် ယေဘူယျအားဖြင်. ဆွေးနွေးခဲ့ကြသည်။
၃၀ ရက် ၃ လ ၂၀၁၄ ခုနှစ် မွန်းလွဲ ၁နာရီခွဲ ကလမ်းမတော် New Doreen စားသောက်ဆိုင်တွင် ရန်ကုန်ရောက် အထက၁ ကျောင်းသားဟောင်းများ၏ ပထမအကြိမ် စုံညီ အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါသည် ။ထိုပွဲသို. ၁၉၇၂ မှ ၂၀၀၇ အထိကျောင်းသားဟောင်း ၃၅ ဦးတက်ရောက်ခဲ့ပါသည် ။ ထိုအစည်းအဝေးတွင် ပင်မကော်မတိ ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ ၊ ပြန်ကြား ၊ လှုံ.ဆော် ၊ စည်းရုံးရေးကော်မတီ ၊ ဖိတ်ကြားသယ်ယူရေးကော်မတီ ၊ အမှတ်တရ ပစ္စည်းကော်မတီ ၊ ပုံနှိပ်ထုတ်ဝေရေး ကော်မတီ ( Magazine , Calendar & Invitation Card ) ၊ စာရင်းရှင်းတမ်း ထုတ်ပြန်ရေး ကော်မတီ တို.ဖွဲ.စည်းပြီး တာဝန်များ ခွဲဝေကာ နှစ်အလိုက်တာဝန်ခံများ ထည်.သွင်းကြပါသည် ။ ထို.နောက် သတင်းစာကြော်ငြာ ထည်.သွင်းရန် ၊ ဖိတ်စာရိုက်နှိပ်ရန် ၊ အထိမ်းအမှတ်Magazine ရိုက်နှိပ်ထုတ်ဝေနိုင်ရေး ကြိုတင်လေ.လာစုံစမ်းရန် ၊ အလှုခံ စတင်နိုင်မည်.ရက် သတ်မှတ်ရန် ၊ သွားရောက်မည်.ခရီးစဉ် ယေဘူယျ အစီအစဉ် ၊ မိမိတို. ပြုလုပ်မည်. အစီအစဉ်နှင်. ကျောင်းမှ တာဝန်ရှိသူများချိတ်ဆက် ညျိုနျိုင်နိုင်ရေး ၀ါးခယ်မဘက် အသိပေးရန် စသည်တို.ဆွေးနွေးနိုင်ခဲ့ပါသည် ။
ယခုပွဲနှင်.ပတ်သက်၍ ၀ါးခယ်မ အထက ၁ တွင် တစ်ရက်သာ တက်ဖူးပြီး ၅တန်းတွင်ပဲကျောင်းထွက်သွားရ ၊ သွားရ / ဆယ်တန်းကို ဘာသာစုံ ဂုဏ်ထူးနှင်.အောင်သွားသည်ပဲ ဖြစ်ဖြစ် ကျောင်းသားဟောင်းအဖြစ် မည်မျှတက်ဖူးသည်ဖြစ်ပါစေ ၊ မည်သည်.အတန်းအထိသာ တက်ဖူးသည်ဖြစ်ပါစေ ၊ ဘယ်နှစ်တန်းအထိသာ တက်ဖူးသည်ဖြစ်ပါစေ ၊တက်ဖူးသည်.အချိန်ကာလ ၊ တက်ရောက်ခဲ့ဖူးသည်. ပညာအရည်အချင်း ( လုံးဝ ) လုံးဝ ကန်.သတ်ချက်မထားသည်.ပွဲ ဖြစ် ပါသည် ။
ကျောင်းထွက်လိုက်ရသည်ဖြစ်ပါစေ ၊ ကျောင်းပြီးသွားသည်ဖြစ်ပါစေ ၊ မည်မျှအထိချို.တဲ့ နွမ်းပါးသူဖြစ်ပါစေ ၊အတိုင်းအဆမဲ့ ချမ်းသာသူဖြစ်ပါစေ သူငယ်ချင်းဟောင်းများ ပြန်လည်ဆုံတွေ.နိုင်ရေး ၊ ဆရာကြီး/ဆရာမကြီးများ အချင်းချင်း (သို.) တပည်.ဟောင်းများနှင်. ပြန်လည်ဆုံတွေ.နိုင်ရေး ၊ ကျောင်းသားဟောင်း အနေဖြင်. ထာဝရတမ်းတနေခဲ့ကြရသော ကထိန်ကျောင်းသားဘ၀ ပြန်လည်ခံစားနိုင်ရေး ၊ မိမိတို.၏ ဆရာကြီး/ဆရာမကြီးများအား ကျေးဇူးသိတတ်စွာ ပူဇော်ကန်တော.နိုင်ရေး ဟူသော စေတနာတစ်ခုတည်းဖြင်. မိမိတို.ကိုယ်တိုင် ( သူတစ်ပါးတိုက်တွန်းမှုကိုမစောင်.ပဲ ၊ ကိုယ်.ကိုကိုယ်သိမ်ငယ်မနေပဲ၊ မိမိဘာသာ မာန်ဝင်.ထည်မနေပဲ ) စိတ်လိုလက်ရပူးပေါင်းဆောင်ရွက်နိုင်၇န် မည်သူကိုမဆို ဖိတ်ခေါ်ထားသော ပွဲလည်းဖြစ်ပါသည် ။
အချုပ်အားဖြင်.ဆိုလျှင် ဆင်းရဲ/ချမ်းသာ ၊ ပညာတတ် /ပညာဆုံးခန်းမတိုင် စသော မည်သည်.ကန်.သတ်ချက်တစ်စုံတစ်ရာမျှမပါပဲ အထက၁ ကျောင်းသားတွေဆိုတာ ဒီလိုညီညွတ်တာ ဟုပြနိုင်ကြမည်. အခွင်.အရေးကောင်း တစ်ခုမို. အားလုံးပူးပေါင်းဆောင်ရွက်နိုင်ကြပါရန် …….. ထပ်မံအသိပေးတိုက်တွန်း နှိုးဆော်အပ်ပါသည် ။
No comments:
Post a Comment