Sunday, August 25, 2013

ဥယျဉ်မှုး (တဂိုး)




အမှုထမ်း ။ အရှင့်အမှုတော်ထမ်း အကျွန့်ကို
သနားတော်မူပါ ဧကရီ ။

ဧကရီ ။ စည်ဝေးသဘင် ပြီးဆုံးပြီ။
ငါ့ အမှုတော်ထမ်းတွေထဲ
သင် ဘာကြောင့် ၊ နောက်ကျ ရောက်လာရသလဲ ။

အမှုထမ်း ။ တပါးသူတွေနဲ့
ဆောင်ရွက်ပြီးပြီဆိုရင်
ယခု အကျွန့်အလှည့်ဖြစ်ပါစေ။
အရှင့် နောက်ဆုံး အမှုတော်ထမ်းအတွက်
ကျန်တဲ့ အလုပ်တာဝန်ကို တောင်းခံရအောင်
အကျွန်ုပ်လာခဲ့တာပါ။

ဧကရီ ။ အလွန်အမင်း နေက်ကျနေတာမှ
သင်ဘာကို မျှော်လင့်စရာ
ရှိတော့မှာလဲ။

အမှုထမ်း ။ အရှင့် ပန်းဥယျာဉ်မှာ
အကျွန့်ကို
ဥယျာဉ်မှူး ခန့်တော်မှုပါ ။

ဧကရီ ။ ကြံကြီးစည်ရာကွယ်။

အမှုထမ်း ။ အကျွန့်ရဲ့
တခြားအလုပ်တာဝန်တွေကို
စွန့်လွှတ်ပါရစေ ။
အကျွန့် ဓားလှံတွေ
မြေပေါ် ချလိုက်တော့မယ်။

တိုက်ပွဲသစ်တွေလည်း
မတိုက်ခိုက်ပါနဲ့တော့ ။
အရှင့်ပန်းဥယျာဉ်မှာ
ဥယျာဉ်မှူးအဖြစ်သာ
အကျွန့်ကို ခန့်ထားတော်မူပါ ။

ဧကရီ ။ အလုပ်ဝတ္တရားတွေကို ဆိုပါဦး ။

အမှုထမ်း ။ အရှင် ငြီးငွေ့တဲ့နေ့တွေမှာ
အမှုတော် ထမ်းဖို့ပါ။
မနက်ဖက်
အရှင် ထွက်တောမှုမယ့်
မြက်ခင်းလမ်းကို
စိမ်းစိုအောင် အကျွန့်ထားမယ်။
အရှင့်ခြေလှမ်းတော်တိုင်းကို
ဂုဏ်ပြုရင်း
အသေခံ ကြွေဆင်းဖို့
ဝန်မလေးတဲ့ ပန်းပွင်တွေနဲ့
အရှင့်ခြေအစုံကို
ကြိုဆိုစေမယ် ။
စရည်ပင်ကိုင်းတွေမှာ
ဒန်းဆင်လို့
အရှင့်ကို လွဲပေးပ့ါမယ် ။
အဲဒီမှာ
အရှင့်ခါဝတ်တော်စကို
နမ်းရအောင် ဆိုပြီး
ညည့်ဦးယံ ဖိုးရွှေလဟာ
သစ်ရွက်တွေကြားက
အတင်း အလုအယက် တိုးထွက်လာလိမ့်မယ်။
အရှင်စက်ရာ သလွန်ဘေးမှာ
ထွန်းလင်းတဲ့ မီးအိမ်ကို
ဆီမွှေးနံ့သာ ထပ်ကာ ဖြည့်ပါ့မယ်။
အရှင့် ခြေနင်းခုံကိုလည်း
အကျော် ကရမက်တွေ အိုင်အိုင်သွေးပြီး
ရှုမောစရာ ပုံအသွယ်သွယ်
လိမ်းခြယ်ပေးပါ့မယ် ။

ဧကရီ ။ အဖိုးအခ အနေနဲ့
သင်ဘာကို လိုချင်သလဲ ။

အမှုထမ်း ။ ညံ့သက်ညွှတ်နူး ကြာမုံဖူးနဲ့တူတဲ့
အရှင့် လက်ဆုပ်ကလေးတွေကို ကိုင်ပြီး
လက်ကောက်ဝတ်မှာ
ပန်းကုံးတွေ ဆင်မြန်းပေးခွင့် -
အရှင့် ခြေဖ၀ါးအစုံကို
အသောက ပွင့်ဖတ်လွှာတွေရဲ့
ပန်းဆီနီနီနဲ့ ခြယ်သခွင့် -
ဒါပြင်
ဖုန်စ ဖုန်နတွေ
ကပ်နေအုံးမည်ဆိုရင်
နမ်းပစ်ခွင့်ကို ပေးသနားပါ ။

ဧကရီ ။ သင်တောင်းတဲ့ဆုကို
ခွင့်ပြုတော်မူတယ် ငါ့အမှုတော်ထမ်း....
ငါ့ ပန်းဥယျာဉ်မှာ
အသင် ဥယျာဉ်မှုး ဖြစ်စေ.....။ ။

ရာဘန္ဒြာနတ်(သ်)တဂိုး

ရုပ်ရှင်အစည်းအရုံး ပထမဆုံးကြုံရတဲ့ ဆန္ဒပြပွဲ


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌနှင့်ဗွီဒီယိုအခြေခံဥက္ကဌတို့အား ရာထူးမှနုတ်ထွက်ပေးရန်အတွက် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဗိုလ်ချုပ်ပန်းခြံဘေး၌ သြဂုတ်လ ၂၄ရက်နေ့က ပြုလုပ်ခဲ့ကြသည်။


 
ဆန္ဒဖော်ထုတ်သူများသည် လူအင်အား ၁၀၀ နီးပါးခန့်ဖြင့် ထုတ်ဖော်ခဲ့ခြင်းဖြစ်ကာ “အလုပ်မလုပ်တဲ့ ဗွီဒီယို(ဗဟို) လိုမရှိ” “ကိုယ့်အခွေကိုယ်ရောင်း လာဘ်စားတဲ့ဗွီဒီယို(ဗဟို)အလိုမရှိဟူသော” “အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံးအလိုမရှိ”စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
 “သူတို့တွေက ကျွှန်မကိုတိုင်ကြားတဲ့သူရဲ့တစ်ဖက်သတ်ကြားနာစွပ်စွဲချက်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီးဗီဒီယို အခြေခံအဖွဲ့ ဥက္ကဌ နေရာကနေထုတ်ပစ်တယ်၊ရုပ်ရှင်အစည်းအရုံးမှာ ဒီမိုကရေစီ မရသေးပါဘူး သူတို့သဘောအတိုင်း လုပ်ချင်ရာ လုပ်နေ ကြတာပါ”ဟု စု ဗီဒီယိုထုတ်လုပ်ရေးမှဒေါ်စန်းစန်းမော် ကပြောသည်။



အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်အစည်းအရုံးမှပိတ်ပင်ခြင်းခံထားရသည့် ထုတ်လုပ်ရေးသမားများနှင့် အလွှာ(၁၀)လွှာမှ ရုပ်ရှင်လောကသားများ ပါဝင်ခဲ့ကာ နေ့လည် ၁၁ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

“ကိုညွန့်မြန်မာညီညီအောင်ကိုလည်း ဇာတ်ကားရိုက်ကူးခွင့် ပိတ်ထားတယ်၊ သူတို့တွေက NGO အဖွဲ့အစည်းနဲ့မတူပဲ အာဏာရှင် ဆန်ဆန် လုပ်ဆောင်နေကြတယ်။သူတို့ရဲ့လုပ်ရပ်တွေက ကျွန်တော်တို့အတွက် လုံးဝလက်ခံနိုင်စရာ မရှိလို့ပါ၊ ”ဟု မာန်ထက်ချီ ဗွီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောသည်။



အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ မကွေးတိုင်းဗွီဒီယိုအခြေခံအဖွဲနှင့်မွန်ပြည်နယ် ဗွီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူများမှလည်း ပါဝင် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရှိရသည်။
ထိုကဲ့သို့ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ကိုလူမင်းမှ ယခုကဲ့သို့ပြောကြားထားသည်ဟု ဒုတိဥက္ကဋ္ဌဖြစ်သူ ဦးအေးကြူလေးမှ ၄င်း၏စကားကိုအခြေခံ၍ ယခုကဲ့သို့ဆိုသည်။

“ တကယ်ဆန္ဒထုတ်ဖော်မဲ့သူတွေက ဘာကိုတောင်းဆိုချင်တာလဲ၊ ရုပ်ရှင်အလွှာ(၁၀)လွှာက ဘယ်လိုခွဲထားတာလဲ၊ တကယ်ပြုပြင်သင့်တဲ့ဟာဆိုရင် ဂရုတစိုက်ပြုပြင်ပေးမယ်လို့ ကိုလူမင်းကပြောပါတယ်၊ ဆန္ဒထုတ်ဖော်တာကတော့ လူတိုင်း ထုတ်ဖော်နေကြတာပဲ ” ဟု ဦးအေးကြူလေးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုဆန္ဒထုတ်ဖော်မှုမှာ ကျောက်တံတားရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ကျောက်တံတားရဲစခန်းမှ သိရှိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌမှာ ဦးလူမင်းဖြစ်ပြီး ဗွီဒီယိုအခြေခံဥက္ကဌမှာ ဦးဝင်းကြည်ဖြစ်သည်ဟု သိရသည်။ဦးလူမင်းမှာ ဦးဇင်ဝိုင်းဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီးနောက် တာဝန်လွှဲပြောင်းလက်ခံခဲ့ရာမှ ၂လအကြာ၌ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခံခဲ့ရခြင်း ဖြစ်သည်။



၎င်းတို့က ရည်ရွယ်ချက်အနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုလောကသားများဟာ စနစ်သစ်မှာ ထူးထူးရှားရှားပြောင်းလဲမှုမရှိခဲ့ဘူး။ အများနည်းတူ ပြောင်းလဲစေချင်တယ်။ အခုဆိုရင် ရုပ်ရှင်နှင့်ဗီဒီယိုက အများကြီးနောက်ကျကျန်နေတာတွေ့ရတယ်။ ဒါကြောင့် အခုလို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ဖြစ်တာပါဟု ထုတ်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက Popular News ဂျာနယ်သို.ပြောကြားခဲ့သည် ။


"အခုလို ဆန္ဒဖော်ထုတ်ရတာ ကျွန်တော်တို့ ထုတ်လုပ်သူတွေ အနေနဲ့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ ကိုလူမင်းရဲ့ အုပ်ချုပ်မှု၊ လမ်းညွှန်မှုအောက်မှာ လုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး။ NGO အဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ အသက် ၅၀ မပြည့်ဘဲ လုပ်ခွင့်မရှိဘူးဆိုတာ လွှတ်တော်မှာလည်း သတ်မှတ်ထားတယ်။ ကျွန်တော်တို့က ဥက္ကဋ္ဌကို ရင့်ကျက်ပြည့်ဝတဲ့ အတွေ့အကြုံရှိတဲ့သူ ဖြစ်စေချင်တယ်။ အဲဒီလို အတွေ့အကြုံရှိတဲ့သူမျိုး လိုအပ်တယ်။ ကိုလူမင်းက သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် အတ္တရှိနိုင်တယ်။ ကျွန်တော်နဲ့ ကိုလူမင်းနဲ့ ရန်သူလည်း မဟုတ်ဘူး။ ထုတ်လုပ်သူတွေ အဆင်ပြေစေချင်လို့ ကိုလူမင်းဆင်းပေးပါ။ အခုဆိုရင် ဖြန့်ချိရေးပိုင်း တော်တော်လေး ဒုက္ခရောက်နေတယ်။ အခြား NGO တွေက အများကောင်းကျိုးရှိအောင် လုပ်ကြတာ။ အခု ရုပ်ရှင်အစည်းအရုံးကတော့ အာဏာလိုချင်လို့ လုပ်သလို ဖြစ်နေတယ်။ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်မှုကို လိုချင်တာ။ အာဏာရှင် ဆန်တာကို မလိုချင်ပါဘူး" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် မဟော်ဂနီ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဂျမန်းက Eleven Media သို. ပြောကြားပါသည်။

"ဆန္ဒဖော်ထုတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကို လောကသားတွေ လက်မခံနိုင်ဘူး ဆိုတာကို နိုင်ငံတော် အကြီးအကဲတွေရော၊ သက်ဆိုင်ရာ အဖွဲ့တွေပါ သိစေချင်တာကြောင့်ပါ။ လိုအပ်ချက်ကတော့ ရှိနေတဲ့ အဖွဲ့တွေ ဆင်းပေးဖို့ပါပဲ။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ကာလအတွင်းမှာ ကျွန်တော်တို့ လုပ်ငန်းတွေ ကျဆင်းသွားတယ်။ အဲဒီအတွက် အစည်းအရုံးရဲ့ လုပ်ရပ်က မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ပြန်လည်ရွေးချယ် တင်မြှောက်ဖို့လိုတယ်။ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဖြစ်သွားတဲ့ ဦးညီညီအောင် ကိစ္စဆိုလည်း ဆုံးဖြတ်ချက် မှားတယ်လို့ ပြောရမယ်" ဟု မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောကြားသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်းခဲ့သည့်အပြင် ထိုဖြစ်ရပ်မတိုင်မီ အချိန်ကလည်း ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းအချို့ကို ပိတ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မြောက်ဥက္ကလာပ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌကို အဖွဲ့အစည်း ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့သည့်အတွက် ထိုကိစ္စရပ်နှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်းကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌရာထူးမှ ရပ်ဆိုင်းမှု ပြုလုပ်ခဲ့ကြောင်း ဒေါ်စန်းစန်းမော်က ဆိုသည်။
(ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်) @ EMG

"မြောက်ဥက္ကလာပ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို ထုတ်ပယ်ခဲ့တာက ကျွန်မတစ်ယောက်တည်းရဲ့ သဘောဆန္ဒ မဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက် မှားယွင်းမှုတွေကိုလည်း ကျွန်မမှာ တင်ပြစရာ ရှိပါတယ်။ အဝေးပြေး ကားကွင်းတွေကနေ နယ်တွေကို ခိုးကူးခွေတွေ ပျံ့နှံ့နေတဲ့အတွက် ဖမ်းဆီးဖို့ ကျွန်မမြောက်ဥက္ကလာ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို အကြောင်းကြားပါတယ်။ ကိုယ်တိုင်လည်း သွားရောက်ခဲ့ပါတယ်။ သူက နောက်နေ့ဖမ်းပါမယ်ပြောပြီး တစ်ပတ်ဆယ်ရက် ကြာတဲ့အထိ မဖမ်းခဲ့ပါဘူး။ အဲဒါကြောင့် သြဂုတ် ၆ ရက်မှာ သူ့ကိုထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၇ ရက်မှာ မြောက်ဥက္ကလာ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌနဲ့ အပေါင်းအပါ ၂၀ လောက် အစည်းအရုံးကို လာတိုင်တယ်။ ကျွန်မတို့က ဖြေရှင်းဖို့ စောင့်နေပါတယ်။ ကျွန်မကို လုံးဝမခေါ်ပါဘူး။ ၈ ရက်မှာ မြောက်ဥက္ကလာပ ဥက္ကဋ္ဌကို ပြန်ခန့်ဖို့ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူးက စာထုတ်ခဲ့ပါတယ်။ ကျွန်မကို မေးမြန်းခြင်းမရှိဘဲ ဦးလူမင်းက ၉ ရက်မှာ ကျွန်မကို ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း စာထုတ်ပြန်ပါတယ်။ ဘယ်လောက်အာဏာရှင်ဆန်တဲ့ လုပ်ရပ်ပါလဲ။ နောက်ရက်မှာ ကျွန်မကို အပုပ်ချထားတဲ့ ၁၂ မျက်နှာပါတဲ့စာကို အခြေခံအဖွဲ့ ဥက္ကဋ္ဌတွေကို ဝေတယ်။ ရုပ်ရှင်အစည်းအရုံး ၀က်ဘ်ဆိုက်မှာ တင်ထားပါတယ်။ ၁၂ ရက်မှာ ကျွန်မရုံးသွားတဲ့အခါ ရုံးမှာရှိတဲ့ ဖိုင်တွေအကုန်လုံးကို ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)ရုံးခန်းဘက်ကို ရွှေ့ထားတယ်။ ဒါက အာဏာရှင် မဆန်ဘူးလား။ ၁၂ ရက်ညမှာ ဗဟန်းမြို့နယ် ရဲစခန်းကို ၈/၂၀၂ နဲ့ အမှုဖွင့်ထားပါတယ်။ ၁၃ ရက်မှာ ဦးတိုက်လျှောက်ထားပါတယ်" ဟု ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ (ဥက္ကဋ္ဌ) ဟောင်း ဒေါ်စန်းစန်းမော်က ပြောကြားသည်။

"တကယ်ဆို အနုပညာ သမားတွေရော ပြည်သူတွေရော အများကရော ပြောနေတာတွေက ဒီမိုကရေစီ အရေးပါ။ အများပြည်သူရဲ့ ဆန္ဒဆိုတာကို ပြောနေတဲ့ အချိန်ပါ။ လူ့အခွင့်အရေးဆိုတာ လေးစားရမယ် ဆိုတာကို ကျွန်တော်တို့ အနုပညာ သမားတွေက လမ်းပြနေရမယ်။ စာတွေရေးသားတယ်။ ရုပ်ရှင်တွေ ရိုက်ကြတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ အနုပညာ သမားတွေကို ဦးဆောင်နေတဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ဗီဒီယို (ဗဟို)က ဒီလိုမျိုး လုပ်တယ်။ မွန်ပြည်နယ်မှာ လာရောက်ပြုလုပ်သွားတဲ့ ဗီဒီယိုအခြေခံအဖွဲ့ ပြန်လည်ဖွဲ့စည်းတာကလည်း လုံးဝတရားမျှတခြင်း မရှိပါဘူး။ မဲပေးခွင့်မရတဲ့ မြို့နယ်တွေလည်း အများကြီးပါပဲ" ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ကိုဇော်ဝင်းကလည်း ပြောဆိုခဲ့သည်။

(ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်) @ EMG
 
 ထိုဆန္ဒထုတ်ဖော်ပွဲအပေါ် ဒါရိုက်တာဝိုင်းက..(Mediaများသို့အသိပေးခြင်း...ကျနော်နှင့်ဦးဝင်းကြည် တို့ဖြစ်ခဲ့သောပြသနာသည်...နှစ်ဦးနှစ်ဖက်ကျေနပ်စွာပြီးဆုးံသွားပြီဖြစ်ကြောင်း...mediaများမှနေ၍
အသိပေးပြောကြားပြီးဖြစ်ပါသည်...သို့သော်ယခုဆန္ဒထုတ်ဖေါ်မှုတွင်မိမိတို့၏နာမည်များအားရေးသားပြီး
အနုပညာလောကသားများ
အထင်အမြင်လွဲမှားအောင်ပြုလုပ်ခြင်းအားအပြင်းအထန်ရှုတ်ချပါသည်...
ထိုဆန်ကျင်ဆန္ဒပြခြင်းသည်...အာဏာရရန်အတွက်ကြိုး
စား
နေသောလူတစု၏လုပ်ရပ်သာဖြစ်ကြောင်း...မိမိအပါအဝင်အနုပညာကို
ချစ
်မြတ်နိုးသူလူအများစုက....လုးံဝရှုတ်ချပါကြောင်းအသိပေးအပ်ပါသည်) ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ထို.အပြင် "သူတို့က ရာထူးကထုတ်ပယ် ခံရတဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ။ သူတို့က တော်တော်ကို စည်းကမ်းပျက်တဲ့အတွက် အစည်းအရုံးကလည်း ထုတ်ပယ်ခဲ့တာလို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
 
"အခု ဆန္ဒဖော်ထုတ်တဲ့ အထဲမှာ ထုတ်လုပ်သူတွေ ပါတာပေါ့လေ။ အနုပညာသည်တွေကို ကိုယ်စားပြုတာတော့ မဟုတ်ပါဘူး။ လူနည်းစုလေး ဆိုတာကို သိစေချင်ပါတယ်" ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုလောကသား အချို့၏ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ချက်တစ်ရပ်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။          
"ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့တာကို ပြန်လည်သုံးသပ်ပြီးတော့ ရုပ်ရှင်အစည်းအရုံး ကိုယ်စားပြုအနေနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားမှာပါ။ ဒီလို ဆန္ဒဖော်ထုတ်မှုကို အပြစ်မမြင်ပါဘူး။ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့် တစ်ခုအနေနဲ့ ဆန္ဒဖော်ထုတ် ကြတာပါ။ ဒီအတွက် အပြစ်မမြင်ပါဘူး။ ရုပ်ရှင်အစည်းအရုံးရဲ့ တကယ်လိုအပ်ချက်တွေကို ထောက်ပြနိုင်ရင် ကျေးဇူးတင်ရမှာပါ" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ပြောကြားသည်။

ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးလူမင်းက တာဝန်စတင်ယူကာစ အချိန်က ''ကိုယ့်ဘဝ အတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ဖက်ကလည်း ဒီအနုပညာ အလုပ်တွေ လုပ်နေ ရတော့ ဒါကို ငါလုပ်နိုင်ပါ့မလားပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါအရ ကိုယ်လုပ်မှ ဖြစ်မယ်ဆိုတာသွား တွေ့တော့ ကိုယ်ဖြစ်အောင် လုပ်မယ်ဆိုပြီး ဒီတာဝန်တွေ ယူခဲ့တာပါ။ အဲဒီတော့ ဒါက ကိုယ့်ရဲ့စိန်ခေါ်မှု တစ်ခုပါပဲ။
ကိုယ့် အနေနဲ့ကလည်း ကိုယ့်စီးပွား ကိုယ်ရှာ ကိုယ့်ထမင်း ကိုယ်စားပြီး ဘယ်သူမဆို အေးအေးဆေးဆေး နေချင်ကြတာ ကြီးပါပဲ။ ဥက္ကဋ္ဌ နေရာ ဆိုတာကလည်း လူတိုင်း သိပါတယ်။ ဒါ အများအတွက် လုပ်ပြီး ပြောဆို ဝေဖန်ခံရတဲ့ နေရာပေါ့။ တစ်နည်းပြောရင် အကောင်း အပြောခံရတဲ့ နေရာမဟုတ်ပါဘူး။ ဒါပေမဲ့ လည်း ကိုယ် အရိုးသားဆုံးပဲ လုပ်မယ်။ အဲ့လိုလေး လိပ်ပြာသန့်နေမှ ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ် ယုံကြည် မှုရှိမှာပေါ့။ ကိုယ် အဲဒီအတိုင်းပဲ သွားမှာပါ။ ကိုယ့်ပရိသတ် ကို ပြောချင်တာက ''ကိုယ်ဒီလို အလုပ်တွေ  လုပ်နေရလို့ ကိုယ့်ရဲ့ အနုပညာ ပိုင်းတွေကို လျော့သွားမှာ မစိုးရိမ်ပါနဲ့၊ ကိုယ် နှစ်ဆပိုပြီး ဂရုစိုက် လုပ်ထား ပါတယ်''ဟု ပြောကြားခဲ့သည် ။

Source ; myitmakhamediagroup ,oppsiteye ,Asian Fame Media Group , Eleven Media Group &.  မြ၀တီ
 

Friday, August 23, 2013

မောင်ခိုင်မာရဲ. ကဗျာ တစ်ပုဒ် ( (၅၆) နှစ်သားတစ်ယောက်ရဲ့ ကသောက်ကရောက် အချစ်စစ်တမ်း )

 (၅၆) နှစ်သားတစ်ယောက်ရဲ့ ကသောက်ကရောက် အချစ်စစ်တမ်း


တကယ့်ကို အမှတ်တမဲ့ပါပဲ
ဒြပ်မဲ့ အချစ်ဆူးချွန်ချွန်နဲ့ 
... မြစ်နဖူးအစွန်မှာ သွားထိုင်ပြီး
နဂါးဖဖ်းဖို့  အားစမ်းခဲ့တဲ့ အချစ်
ဟိုတုန်းက ... (၁၆) နှစ်။

ထိလိုက်ရင် ... ရွှေစင်
ခြွေလိုက်ရင် ... ပတ္တမြား
မှော်ဆရာတောင် ဖျားလောက်ရဲ့
ကဗျာသမားတစ်ယောက်ရဲ့ အချစ်
ဟိုတုန်းက ... (၂၆) နှစ်။

ခေတ်ကြို ခရီးအဆန်မှာ
အချစ်ကို အထီးကျန် မဖြစ်စေရ
မီးလျှံတွေစားပြီး ခွန်အားသစ်
ဖီးနစ်ငှက်တစ်ကောင်ရဲ့ အချစ်
ဟိုတုန်းက ... (၃၆) နှစ်။

မသိသေးတာတွေ သိလိုက်ရပြီ
အဲဒီအခိုက်အတန့် လေးမှာပဲ
ပြေးလမ်းပေါ်မှာ ငေးကြောင်ကြောင်ပ
သွေးပေါင်ကျခဲ့ရတဲ့ အချစ်
ဟိုတုန်းက ... (၄၆) နှစ်။

မီးကျီးခဲ ရဲရဲပေါ်မှာ
နှစ်စီးတွဲ အချစ်အိုကြီးပါတကား
ဆီပျောက်, မီးပျောက် ဘီးလည်းပေါက်ခဲ့
ခရီးမရောက်တော့တဲ့ အချစ်
ကွန်ပြူတာခေတ်ထဲက ... (၅၆) နှစ်။

အလို “ငါးဆယ့်ခြောက်” ကိုမှ
အားနဲ့ မြှောက်ပြီး ...
ဓားနဲ့ ပေါက်လိုက်တာ ဘယ်သူလဲဟေ့။ ။

မောင်ခိုင်မာ

ဇာဂနာ ညွန့်မြန်မာ ညီညီအောင် နဲ. မစပ်စု....လူမင်း ရင်ဆိုင်ရနိုင်တဲ. ဆန္ဒပြပွဲ



ဒီရက်ပိုင်း အနုပညာလောက အတွင်းက စိတ်ဝင်စားစရာ အကောင်းဆုံးလို.ထင်တဲ့ သတင်း နှစ်ပုဒ် တင်ဆက်လိုက်ပါတယ်
 
ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ခွင့် ၃ လ ပိတ်လိုက်ပါပြီ။

တကယ်တော့ ရုပ်ရှင်အစည်းအရုံး အသစ် ဖွဲ့ပြီးတာ ၂ နှစ် မပြည့်သေးပါဘူး၊ တိတိကျကျ ပြောရရင်တော့ တနှစ်နဲ့ လေးလပဲ ရှိပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရလက်အောက်ကလို အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီလားလို့ တွေးဖို့ကောင်းတဲ့ အဖြစ်အပျက်ကတော့ ပူပူနွေးနွေး ဖြစ်သွားခဲ့ပါပြီ။

စစ်အစိုးရ လက်ထက်တုန်းကတော့ သန်းဖေလေး၊ ဇာဂနာ၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အရိုင်း၊ ကျော်ရဲအောင်၊ မိုက်တီးတို့ကို ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ထူးထူးခြားခြား အစိုးရနဲ့ ကင်ကင်းရှင်းရှင်းပါ၊ NGO စစ်စစ်ပါ ဆိုတဲ့ ရုပ်ရှင် အစည်းအရုံးကြီးက အရင်က စစ်အစိုးရလက်ထက်ကစိတ် ပြန်ပေါက်သွားပြီးလားလို့ မေးရမလိုဖြစ်နေပါပြီ။

ပိုဆိုးတာက ဒီလို ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ပစ်ဖို့ တိုင်တာ ဇာဂနာဆိုတဲ့ သတင်း ထွက်ပေါ်နေတာပါပဲ။ ကွယ်လွန်သူ စာရေးဆရာ မင်းလူ စကား ငှားသုံးရရင် “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ပေါ့။ ဒါပေမယ့် မစပ်စု သဘာဝအတိုင်း မေးမြန်းကြည့်ရပါဦးမယ်။

လူရွှင်တော် ဇာဂနာကို မစပ်စုက လှမ်းပြီး စပ်စုကြည့်လိုက်တော့ “ကြံကြီးစည်ရာဗျာ ကျနော် ဘယ်သူ့ကိုမှ ဘာကိစ္စနဲ့မှ မတိုင်တတ်ပါဘူး။ တိုင်လည်း မတိုင်ဖူးပါဘူး” လို့ ဖြေလာပါတယ်။ ဒါဖြင့် ညွန့်မြန်မာ ညီညီအောင်ကို အနုပညာ လုပ်ကိုင်ခွင့် ၃ လ ပိတ်တဲ့ကိစ္စ ဦးဇာဂနာ မသိဘူးလား ဆိုတော့မှ ဇာတ်ရည် လည်ပါတော့တယ်။

“ကျနော့်ဆီ မနေ့က စာရောက်လာတယ်။ ကိုညီအောင်ကို ၃ လ ပိတ်တဲ့စာ။ ကျနော် တော်တော် အံ့အားသင့်တယ်။ ကျနော်က န၀တ လက်ထက်မှာ ၃ နှစ် တခါ၊ ၅ နှစ်တခါ၊ ရာသက်ပန် တခါ အနုပညာ လုပ်ပိုင်ခွင့် ပိတ်ပင် ခံခဲ့ရတဲ့ကောင်ပါဗျာ။ ကျနော့်လိုမျိုး ဘယ်သူ့ကိုမှ အပိတ် မခံစေချင်ပါဘူး” လို့ သူ့ ခံစားချက်ကို ပြောပြပါတယ်။

ဖြစ်စဉ်ကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ ဇာတ်လမ်းကို လူရွှင်တော် ဇာဂနာက ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ထားတဲ့ “မမပြုံး ပြုံးစမ်းပါ” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပိုင်ရှင်ဆီမှာ ခွင့်မတောင်းဘဲ ရိုက်ကူးလိုက်ရာက စတယ်လို့ သိရပါတယ်။

“တကယ်က ဒီဇာတ်ကားရဲ့ မူလ ပိုင်ရှင် အစစ်အမှန်၊ ဇာတ်လမ်းရေးသူက မင်းကိုနိုင်ပါ။ ကျနော်က ဇာတ်ညွှန်း၊ ဒါရိုက်တာက ကြည်ဖြူသျှင်။ တိုင်ချင်းတိုင် မင်းကိုနိုင်က တိုင်ရမှာ။ ဘာကြောင့် ကျနော့် နာမည် အလွဲသုံးစား လုပ်ရသလဲ ကျနော် မသိဘူး။ ကိုညီအောင်က သူ ကျနော်တို့ဆီက ခွင့်မတောင်းဘဲ ဒီဇာတ်လမ်းကို ရိုက်မိပါတယ်လို့ လွန်ခဲ့တဲ့ လေးလလောက်က ကျနော်နဲ့ မင်းကိုနိုင် မန္တလေး ရောက်နေတုန်း ဖုန်းဆက် တောင်းပန်တယ်။ ကျနော်ကလည်း ရပါတယ်ဗျာ၊ ပိုင်ရှင်ဖြစ်တဲ့ မင်းကိုနိုင်ကို ပြောပေးပါ့မယ်လို့ ပြောလိုက်တယ်။ သူကလည်း ကားရိုက်တာ ခဏ ရပ်ထားမယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ ဒီဇာတ်လမ်းကို ကြည်ဖြူသျှင်က မင်းကိုနိုင်ဆီကနေ ၀ယ်ပြီး ဗီဒီယို ရိုက်ပြီးနေပြီ။ ဒီတော့ ကိုညီအောင်ကို ခဏစောင့်ပါ၊ ကြည်ဖြူသျှင်ရဲ့ကား ထွက်ပြီးတော့မှ ဆက်လုပ်ပေါ့လို့ ပြောလိုက်တယ်။ ဒါလည်း အစည်းအရုံးက ချထားတဲ့ မူပဲလေ။ အခုတော့မှ ကျနော်က တိုင်လို့ ဆိုတာတော့ ဘယ်ကောင်းပါ့မလဲ။ ကျနော် ဘယ်သူ့ကိုမှ မတိုင်ဘူး။ ကိုညီအောင်က ဇူလိုင် ၂၇ ရက်နေ့ ငြိမ်းချမ်းရေးပွဲတော် လုပ်တုန်းကတောင် သူ့အနေနဲ့ ခွင့်မတောင်းဘဲ လုပ်ခဲ့မိတာ တောင်းပန်တယ်” လို့ ဆိုပါတယ်။

ဒါနဲ့ မစပ်စုလည်း ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို မေးကြည့်မိပါတယ်။ သူ့အဆိုအရတော့ ဒီကားက နှစ်ခါ ရိုက်ထား ပြီးသား၊ ပထမ တခါက ဒွေးနဲ့ ထွန်းအိန္ဒြာဗို သရုပ်ဆောင်တယ်၊ ဒုတိယ တခါကတော့ သူရိုက်ပြီး ထွန်းထွန်းနဲ့ နန္ဒာလှိုင် သရုပ်ဆောင်တယ်လို့ သိရပါတယ်။

“ကျနော် ရိုက်တုန်းက မင်းကိုနိုင် ဆီကနေ ကျပ်တသိန်းနဲ့ ၀ယ်ရိုက်တာ။ ကိုဇာဂနာ ၀ယ်ပေးတာ။ ကျနော့် ကားမှာ ဇာတ်လမ်း ပေါ်ဦးထွန်းလို့ စာတန်းထိုး ဖော်ပြခဲ့ပါတယ်။ မင်းကိုနိုင်လို့ မဖော်ခဲ့ရတာ ခွင့်မပြုလို့ပါ၊ ဒီတုန်းက ၂၀၀၆ ခုနှစ်လေ။ အခု ဟိန်းဝေယံနဲ့ ရိုက်ဖို့ ဇာတ်လမ်းစိတ်ကြိုက် ရှာတာမတွေ့တော့ ဒီကားဟောင်းလေး ပြန်ရိုက်မယ်၊ လူတွေလည်း မေ့လောက်ပြီ။ ဦးသူရနဲ့ ကျနော်နဲ့က ညီအစ်ကိုလို ခင်နေတော့ နောက်မှ ခွင့်တောင်းတော့မယ် ဆိုပြီး ရိုက်လိုက်တာ။ ဖြစ်ချင်တော့ ကြည်ဖြူသျှင်က ကိုမင်းကိုနိုင်ဆီက ၀ယ်ပြီးသား၊ ရိုက်ပြီးသား ဖြစ်နေတယ်” လို့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပြောပါတယ်။



စာရေးသူ ကာယကံရှင်ကလည်း ကျေနပ်တယ်၊ ဇာတ်ညွှန်းဆရာကလည်း ဘာမှမပြောဘူး၊ ပြောခွင့်လည်း မရှိဘူး။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း ရှေ့ကားပြီးမှ နောက်ကား လိုက်ပါ့မယ်၊ ကျော်မတက်ပါဘူး ဆိုထားရက်နဲ့ ဘာကြောင့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ရတာလဲ ဆိုတာကိုတော့ ဒါရိုက်တာက သူ မသိကြောင်းဘဲ ပြောရင်း ရယ်ပါတယ်။


လူရွှင်တော် ဇာဂနာ ကတော့ “ကျနော် မကျေနပ်တာ ဒါပဲ။ ကျနော်က တိုင်လို့လည်း မရဘူး၊ တိုင်ခွင့်လည်း မရှိဘူး။ ဆိုင်လည်း မဆိုင်ဘူး၊ ဒါကို ကျနော့်နာမည် အလွဲသုံးစား လုပ်တာ မကြိုက်ဘူး။ ဒီလို ပိတ်တာ ဆို့တာ အရွံမုန်းဆုံးပဲ။ ပိတ်တာ (ပြိတ္တာ) အစည်းအရုံး ဖြစ်နေပြီ။ ဒီစနစ်မကြိုက်လို့ ကျနော်ကိုယ်တိုင် တိုက်ခဲ့ပါတယ်၊ ဘီလူးသတ်တဲ့ မင်းသားက ဘီလူး ဖြစ်သွားတာကိုးဗျာ” လို့ ဆိုလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးလူမင်းရော၊ ဒု ဥက္ကဋ္ဌ ဦးအေးကြူလေးကိုပါ ဖုန်းနဲ့ ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် အစည်းအရုံးသာ လာခဲ့ဖို့ပြောနေတော့ မစပ်စုကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ လှမ်းပြီး ဆက်သွယ် ရတဲ့သူ ဖြစ်နေတာကြောင့် မေးမြန်းလို့ ရသမျှနဲ့ပဲ တင်းတိမ်ကျေနပ်လိုက်ရပါတယ်။

ဒါပေမယ့် အခုလို ပိတ်တာဆို့တာတွေ လုပ်နေတဲ့ ကိစ္စ၊ ဦးဇာဂနာက တိုင်ကြားတယ်လို့ သတင်းထွက်ပေါ် နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ လူရွှင်တော် ဇာဂနာ ကိုယ်တိုင် အစည်းအရုံးဆီ မေးမြန်းဆက်သွယ်တယ်လို့ သိရပါတယ်။

“ကျနော် ဖုန်းဆက် ကြည့်ပါတယ်။ ကိုလူမင်းက နေပြည်တော် ရောက်နေလို့ သူမသိဘူး တဲ့၊ အခုမှ ရုံးကို သွားနေတာတဲ့၊ မေးပြီး အကြောင်းပြန်ပါ့မယ် တဲ့။ ဦးအေးကြူလေး ကတော့ ဒါရိုက်တာ ကိုယ်တိုင်က လာပိတ်ခိုင်းတာပါ၊ မာန်ထက်ချီ ထုတ်လုပ်ရေး ပိုင်ရှင် ဦးဝင်းကို (သရုပ်ဆောင် ဟိန်းဝေယံရဲ့ အဖေ) က ကြည်ဖြူသျှင်ရဲ့ ကားထက် စောပြီး ထွက်ချင်တယ်လို့ တင်ပြလာတယ် တဲ့။ ဒါနဲ့ပဲ ညွန့်မြန်မာ ညီညီအောင်ရဲ့ ကားကို စောထွက်လို့မရအောင် ဒါရိုက်တာကို အနုပညာ လုပ်ကိုင်ခွင့် သုံးလ ပိတ်လိုက်ရတာတဲ့ဗျာ။ ကျနော့် အဖြစ်ကတော့ ပဲလှော်ကြား ဆားညပ်တာပေါ့ဗျာ” လို့ ဇာဂနာက မစပ်စုကို ပြောပြခဲ့ပါတယ်


လို. ဧရာဝတီမှာ ရေထားတာလေး ဖတ်လို.မှမဆုံးသေးခင် မှာပဲ အစည်းအရုံးဥက္ကဋ္ဌ ကိုဆန္ဒပြမယ်တဲ့..ဆိုတာနဲ.ပဲ စိတ်ဝင်စားမိပြန်ပါတယ်




ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော်သာ ရှိသေးသော ဦးလူမင်းနှင့် အမှုဆောင်အဖွဲ့ကို အနုပညာ လောကသားများ၏ အကျိုးစီးပွားနှင့် နစ်နာမှုများကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင် သဖြင့် နုတ်ထွက်ပေးရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့ တွင် ရုပ်ရှင် လောကသား ၄၀ ဦးက ဆန္ဒပြ

တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် ဆု ဗီဒီယိုထုတ်လုပ်ရေးမှ
ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။

ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခွင့်ပြုချက်လည်း ကျထားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် အနုပညာ လောကမှ ထုတ်လုပ် ဖြန့်ချိ လုပ်ငန်းရှင်များ၊ စက် အဖွဲ့များ၊ ဒါရိုက်တာများနှင့် သရုပ်ဆောင်များ စသည်ဖြင့် အလွှာစုံမှ အနုပညာ လောကသား ၄၀ ဦး ပါဝင်မည် ဖြစ်ကြောင်း၊ ၎င်းက ထပ်လောင်း ပြောကြားသည်။

“အစည်းအရုံးက နာယက အဖွဲ့ဝင်တွေရော၊ ရှေ့မီနောက်မီ လူကြီးတွေ ကိုရော ကိုယ်မေးကြည့်တယ်။ ဒီလို ဖြစ်ရပ်မျိုးက မြန်မာ့ရုပ်ရှင် သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခု ရှိလာပြီပေါ့။
နောင်တစ်ချိန်ကျတော့ ဒီအဖြစ်အပျက်က ရုပ်ရှင် သမိုင်းမှာ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ထွေထွေထူးထူး ဘာမှ ပြောစရာ မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာကလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် တောင်းခံခဲ့တယ်။ ခွင့်ပြုချက်လည်း ကျပြီးမှ ပြတာ ဆိုတော့ ဒါက နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး တစ်ခုပါ။ အဲ့ဒီအပေါ်မှာ ကိုယ့်အနေနဲ့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း လုံးဝ မရှိပါဘူး။ဆန္ဒပြချင်ရင် ဆန္ဒ ဖော်ထုတ်ပါစေ”
ဟု ယင်းသို့ ဆန္ဒပြတောင်းဆိုမှု
ပေါ်ပေါက် လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်း၏ သဘောထားကို ဖွင့်ဟသည်။

ဟာသ သရုပ်ဆောင် ငှက်ပျောကြော်ကလည်း “အထူးသဖြင့် ဒီလိုအချိန် ဘယ်သူတွေ ပြမယ်၊ ဘာကြောင့် ပြမယ်ဆိုတာ မသိပါဘူး။ ရုပ်ရှင်လောက သား အချင်းချင်း မသင့်မမြတ်ဖြစ်နေတာကို မကြိုက်ဘူး။ အလုပ် လုပ်ကြတဲ့ သူတွေဆိုတာ အမှား ရှိကြမှာပဲ။ ထစ်ခနဲရှိ အပြစ်ပေးတာမျိုး၊ တုံ့ပြန်ကြတာ မျိုး မလုပ်ကြဘဲ အသိပေးတာမျိုး၊ ညှိနှိုင်းတာမျိုး လုပ်ကြမယ်ဆိုရင် ပိုအဆင်ပြေမှာပါ” ဟု ယင်းဆန္ဒပြပွဲနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းသည် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၃ ခုနစ် ဇွန်လ ၇ ရက်နေ့တွင် တာဝန်မှ အနားယူ ခဲ့သဖြင့် ရုပ်ရှင် အစည်းအရုံး နာယကများ၏ ဆုံးဖြတ်ချက်အရ ဒု ဥက္ကဋ္ဌ ဦးလူမင်းက ဥက္ကဋ္ဌအဖြစ် လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်ကလည်း  
ဦးဇင်ဝိုင်း ကျန်းမာရေးအရ ဥက္ကဌရာထူးမှ နုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ လူအများကြားတွင် လူမင်းသည် နေရာလုသည်ဟု ဆိုကာ  ကောလဟာလများ ထွက်ပေါ်ခဲ့ခြင်းကို လူမင်းက ပြန်လည် ရှင်းလင်း ပြောဆိုခဲ့ ရသည် ။
“တကယ်တော့ကျွန်တော်နေရာယူတာမဟုတ်ပါဘူး၊အခြေအနေတွေအရတာဝန်တွေကိုလွှဲပြီး ယူလိုက်ရတာပါ။ကျွန်တော့် ရူတင်တွေကြားထဲကနေ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော့် အချိန်တစ်ချို့ထဲကနေ ထုတ်ပြီးကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမှာပါ”ဟု ရုပ်ရှင် သရုပ်ဆောင် လူမင်းကထိုစဉ်က ရှင်းလင်း ပြောပြခဲ့ရသေးသည်။

ယခုရက်ပိုင်းတွင်လည်း ရုပ်ရှင်လောက သားများနှင်. ပြောမနာ ဆိုမနာ ပွင်.လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြပြီးနောက် ဖန်တီးထားသော အနုပညာများကို ဆင်ဆာအဖွဲ.မှ ထောက်ညွှန်လာလျှင် လက်ခံနိုင်သည်များကို လက်ခံပြီး တလေးတစားဖြတ်တောက်ပေးမည်ဖြစ်ကာ အနုပညာရှင်များနှင်. ဆင်ဆာအဖွဲ. သဘောထားကွဲလွဲမှုများ ရှိနေလျှင်မူ လောကသားများက ကိုယ်.အသိစိတ်ဓါတ်နှင်. ကိုယ်.ဘာသာတာဝန်ယူပြီး ကိုယ်ဖန်တီးထားသည်. အနုပညာ ကို ပရိသတ်နှင်. ထိပ်တိုက်တွေ. ရင်ဆိုင်သွားမည်ဟု အစည်းအရုံးဥက္ကဋ္ဌ လူမင်းက ပြောကြားလာခဲ့သော ကိစ္စတစ်ခုလည်း ပေါ်ပေါက်လာခဲ့သေးသည် ။
 Source ;  irrawaddy , Oppsiteye , myanmarchronicle, The Voice & Yangon Time

Thursday, August 22, 2013

ရေတွင်းထဲက သရဲ



ဒီအကြောင်း အရာက တကယ့်ဖြစ်ရပ်မှန်ဘဲဗျ ၇ွာလေးတစ်၇ွာမှာဖြစ်ခဲ့တာ ဖြစ်ရပ်မှန်ဆိုလို့ သူများပြောပြတာမဟုတ်ဘူး ကိုယ်တိုင်အဲဒီရွာလေးကိုသွားရောက်လည်ပတ်ဖူးသကိုး။ အဲဒီရွာလေး နာမည်ကိုတော့ထိန်ချန်ထားလိုက်မယ်နော်။ 

အဲဒီရွာလေးက အေးချမ်းပြီးပျော်စရာကောင်းတဲ့၇ွာလေးတစ်၇ွာပါဘဲ ။ သူငယ်ချင်းတစ်ယောက်ရဲ့ ၇ွာဆိုတော့ သွားရောက်လည်ပတ်ခဲ့ဖူးတာပေါ့ ။ သူငယ်ချင်းရဲ့ အိမ်က ရွာရဲ့ အစွန်မှာရှိတာ သူကတော့အဲဒီမှာတောသူဠေးပေါ့ ။ အိမ်ကြီးကလည်းအကြီးကြီး ခြံကလည်းကျယ်ကျယ်ပေါ့လေ။ သူတို့ အိမ်မှာ အရှေ့ တံခါးရယ် အနောက်တံခါးရယ်ရှိတယ် ။အရှေ့ တံခါး က ရွာ ဘက်က ၀င်ရတာ ၊ အနောက်တံခါးကျတော့ ရွာအပြင်ဘက်ကို ထွက်သွားလို့ရတယ်။ အနောက်တံခါးကနေထွက်လိုက်ရင် ရွာ အပြင်ဘက် နဲံ့ ရွာအတွင်းပိုင်းခြားထားတဲ့ တံခါးကြီးတစ်ခုဆီကိုရောက်သွားတယ်။ အဲဒီတံခါးကြီးရဲ့ မြောက်ဘက်မှာ လယ်ကွင်းလိုကွင်းကြီး တစ်ကွင်းရှိတယ်။ သစ်ပင်ကြီးတွေလည်း သူ့နေရာနဲ့ သူ စိမ်းစိုနေတာပေါ့။ အဲဒီကွင်းကြီး အစနားမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ် ။ ကွင်းထဲမှာ အဲဒီသစ်ပင်ကအကြီးဆုံးဘဲ ။ 

သစ်ပင်ကြီးရဲ့ အောက်မှာ ရေတွင်းကြီးတစ်တွင်းရှိတယ် ရေတွင်းကြီးကလည်းအကြီးကြီးဘဲ ၊ ရွာက လူတွေက အဲဒီရေတွင်းကြီးမှာ ရေချိုးလေ့ရှိကြတယ် ။ ၇ွာ တွင်းမှာလည်းရှိပါတယ် ဗျ ရေတွင်း တွေ ဒါပေမယ့် ရွာခံက လူတွေက အဲဒီမှာဘဲ ရေချိုးလေ့ ရေခပ်လေ့ရှိကြတယ် ။ ဘာဖြစ်လို့လဲုဆိုတော့ အဲဒီသစ်ပင်ကြီးအောက်က ရေတွင်းက ရေက အင်မတန် ကြည်လင်ပီး ထူးခြားစွာ သောက်လို့ကောင်းနေတာဘဲ ။ ရေတော့ရေဘဲ ဒါပေမယ့်အဲဒီရေတွင်းက ရေကိုသောက်လိုက်ရင် အရမ်းအေးပီးနေလို့ကောင်းသွားတယ်။ နွေရာသီဆိုရင်တော့ ရှယ်ဘဲပေါ့။ ဒါပေမယ့် အဲဒီ ရေတွင်းမှာ မကောင်းတာတစ်ချက်က ညဆိုရင် သရဲခြောက်တယ်တဲ့ ။ အဲဒီရေတွင်းကိုဘယ်သူမှ ညဘက်မသွားရဲ့ကြဘူး။ အရင်တုန်းက ညဘက်သွားရတဲ့သူတွေအခြောက်ခံရတာဘဲ ။ အဲလို သရဲသာ ခြောက်ကြတာ ရွာထဲက လူတွေတစ်ချို့ကတော့ သုံးလေးယောက်လောက်စုပီး ည ဘက် အရမ်းအိုက်စပ်စပ်ဖြစ်ရင် ရေသွားချိုး ကြတယ် ။ ကံမကောင်းတဲ့သူ အခြောက်ခံ၇တာပေါ့ ။ အုပ်စုလိုက်သွားရင် အခြောက် ခံရချင်မှခံ၇တတ်တယ် ၊ ဒါပေမယ့်တစ်ယောက်တည်းကတော့ သေချာပေါက်အခြောက်ခံ၇တယ် ။

 တစ်ခါက အဲဒီရွာသားတွေဖြစ်တဲ့ ပေါက်တော ၊ စိုးအောင် ၊ မြသိန်းဆိုတဲ့ သူငယ်ချင်းသုံးယောက် ညဘက်ကို ရေတွင်းကြီးဆီကို ရေချိုးသွားကြတယ် အဲဒီမှာ ရေတွင်းနားလည်းရောက်ရော အင်မတန်လှတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တယ်တဲ့ ၊ ပေါက်တောတို့ အဖွဲ့ ကလည်း ဒီလောက်ညကြီးမိုးချုပ်နေပြီ ၊ညက ၁၁ နာ၇ီလောက်ရှိနေပြီကို ဘယ်လိုလုပ် ဒီကောင်မလေး ရောက်နေတာလဲပေါ့ ။ သိပ်တော့မသင်္ကာဘူး သူတို့ လည်းစတွေ့ချင်း က ၊ ဒါပေမယ့်ကောင်မလေးက အရမ်းချော တော့ မစိတ်မွှန်ပြီး မြသိန်းကကောင်မလေးအနားကို လမ်းလျှောက်ပီး သွားလိုက်တယ်။ ကောင်မလေးက သူတို့ ကို နောက်ကျော ပေးလိုက်တယ် မြသိန်း အနားရောက်လာတာနဲ့၊ အဲဒီမှာကိုမြသိန်းက ညီမလေး ဘာလုပ်နေတာလဲလို့ လှမ်းပုတ်လိုက်တော့ ၊ .... ဘွား ဆိုပီး ကောင်မလေးကပြန် လှည့်လိုက်တာ မျက်နှာဖြူဖြူနဲ့ အစွယ်က တစ်တောင်လောက်ထွက် လာတယ် တဲ့။ အဲဒါကို မြင်ရတဲ့ ရွာသားသုံးယောက်လည်း သည်းခြေပြတ်မလိုဖြစ်ပီး ပုဆိုး ကွင်းလုံးသိုင်းပြီးပြန်ပြေးခဲ့ရပါလေရော ။ နောက်နေ့လည်းရောက်ရော ပေါက်တောတို့ သုံးယောက်လုံး အပြင်းဖျားပြီး ဆေးဆရာနဲ့ ကုယူရတာ တစ်ပတ်လောက်မှစိတ်ပြန်မှန်တော့တယ် ။ အဲဒါက အဲဒီက ရွာသားတွေပြောပြတာ သူတို့ရေတွင်းကြီးအကြောင်း ။ ကိုယ်တွေ့ကြုံတာကတော့ ကျွန်တော့်သူငယ်ချင်းရဲ့ အိမ်မှာ ခိုင်းဖို့ ခေါ်ထားတဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်။ အဲဒီ ဦးလေးကြီး နာမည်က ရဲကျော်အောင်တဲ့ ။ ကျွန်တော်တို့ သွားလည်တော့ အဲဒီဦးလေးကြီးနဲ့ စကားလက်ဆုံကြရင်း ရယ်ရင်းမောရင်း ခင်ကြတယ် ။ ခင်သွားတဲ့ ဦးလေး ရဲကျော်အောင်ကို ဦးရဲ ကြီး လို့ ဘဲခေါ်ကြတယ် ။ ဦးရဲကြီး အင်မတန်သဘောကောင်းတယ် သူက ဒီရွာက မဟုတ်ဘူး တစ်ခြားရွာကနေ သူက တစ်ကောင်ကြွက်ဖြစ်လို့ ဆိုလား ရေကြည်ရာ ရွက်နု ရှာရင်းဒီကိုရောက်လာတာ သူကလည်းလူတစ်မျိုး သရဲကို အင်မတန်တွေ့ချင်ဆိုဘဲဦးရဲကြီး ကျွန်တော့်သူငယ်ချင်းအိမ်ကိုရောက်လာတာလည်း သိပ်မကြာသေးဘူးဆိုဘဲ။ တစ်လလောက်ဘဲရှိသေးတာကိုး၊ သူလည်း သိပ်မသိဘူး ဒီရွာအကြောင်းကို ရွာသားတွေကျွန်တော်တို့ကို ပြောပြရင်းနဲ့ မှသိတာ အဲဒီရေတွင်းသရဲအကြောင်းကို ကျွန်တော်တို့ သူငယ်ချင်းကလည်း ငါးယောက်လောက်ရှိတယ် ဆိုတော့ ညဆို သ၇ဲအကြောင်းတွေပြောပြရင်း အချိန်ဖြုန်းရတာပေါ့ ။ ဒီ၇ွာ ကိုလိုက်လာတာ ကျွန်တော့်ရယ် နောက် ရွာခံသူငယ်ချင်းရယ်နောက်သူငယ်ချင်းသုံးယောက် ။ ကျန်တဲ့သုံးယောက်ကတော့ သရဲ ကိုသိပ်စိတ်မ၀င်စားဘူး။ စိတ်မ၀င်စားတာမဟုတ် သရဲကြောက်တတ်တဲ့ကောင်တွေသူတို့ နဲ့ သရဲကြောင်းတူတူပြောကြရင် ဒူးတွေကိုကုတ်နေတာဘဲ ရယ်တော့၇ယ်ရသား ။ ၇ွာဘက်ဆိုတော့လည်း ညဘက်က ထိတ်လန့် စရာရယ် ၊ ပီးတော့ အိမ်ကြီးအကြီးကြီး ရွာ စွန်နားက အိမ်။ ကျွန်တော်တို့ သူငယ်ချင်းငါးယောက်က ညဆို ဦးလေး ရဲကြီး နဲ့ တူတူ သရဲတစေ အကြောင်းတွေပြောလေ့ရှိတယ် တစ်ယောက် သိတာ တစ်ယောက် Share ပေါ့ ။

 ဦးလေးရဲကြီး လူထူးဆန်း သူပြောတာကတော့ သူ့ဘ၀မှာ သရဲ ကိုတွေ့ဖူးချင်တယ်တဲ့ တစ်ကောင်တွေကြွက်ဆိုတော့လည်း သိပ်ကြောက်တတ်ပုံမပေါ် ၊ အဲဒါနဲ့အဲဒီရေတွင်း သရဲ ကိုသူ တွေ့ဖူးချင်တယ်တဲ့ ။ ရွာခံသူငယ်ချင်းကတော့ တားရှာတယ် မလုပ်ပါနဲ့ ပေါ့ ၊ အဲဒီ သရဲက တော်တော် ကိုနာမည်ကြီးတာ ပြသနာ မရှာပါနဲ့ ဦးလေးရယ်ပေါ့ ရွာခံသူငယ်ချင်းရဲ့ မိဘတွေကတော့ အေးဆေးဘဲ အသက်ကြီးတော့သူတို့ ဟာသူတို့ နေကြတာဘဲ အဲဒီအိမ်မှာ ဦးလေးရဲကြီး အလုပ်တွေကို တာဝန်ယူရတာ ။ကျန်တဲ့ အလုပ်သမားတွေလည်းရှိတာပေါ့ ။ ဒါပေမယ့်သူက ကျွမ်းကျင်တော့ အဲဒီအိမ်မှာ ကသူက ဆရာဘဲဆရာဆိုတဲ့အတိုင်း တားမရဘူးပေါ့ ဗျာ ။ ကျွန်တော်လည်းစိတ်ဝင်စားတယ်ဒါပေမယ့် နားဖူးနားဝရှိတာတွေက လောင်းကစားဖြစ်ဖြစ် အဲလို မြင်ဖူးချင်လို့ ဖြစ်ဖြစ် ရည်ရွယ်ချက်နဲ့ သွားရင် အသက်သေဆုံးတတ်တယ်ဆိုလို့မသွားဖြစ်တာ ။ တစ်ညမှာ သူငယ်ချင်းတွေ အကုန် စကားလက်ဆုံကြရင်းရယ်ရင်းမောရင်း ထန်းရည်နည်းနည်းပါးပါးသောက်စားပေါ့ ရွာဆိုတော့ ရွာအတွေ့အကြုံရအောင် ထန်းရည်နည်းနည်းပါးပါးသောက်ကြတာပေါ့ ကျွန်တော်က တော့ သိပ်မကြိုက်လို့ နည်းနည်း ဘဲမြည်းကြည့်တယ် ။ ညက၁၂ မထိုးခင် ၁၀မိနစ်လောက်အလို ။ အကုန်လုံးအိပ်ပျော်နေကြတာ ။

သူငယ်ချင်းတွေအကုန်လုံးက ခြံ အလယ်မှာရှိတဲ့ ကွစ်ပျစ်ပေါ်မှာ အပူအပင်မဲ့အိပ်ပျော်နေကြတာ ။ ကျွန်တော် က အဲဒီမှာ ခနနိုးလာတယ် ၊ ဆီးသွားချင်လာတာကိုး ထန်းရည်တွေသောက်ထားတော့ ။ အိမ်သာ ကိုသွားရမှာကလည်းခပ်ကြောက်ကြောက်ရယ် အိမ်သာ က မန်ကျည်းပင်ကြီး အောက်မှာရှိတယ် သူတို့ အိမ်ကလည်းကြီး ပြီး ၇ွာစွန်မှာဆိုတော့ ခြောက်ချားစရာအဲဒါနဲ့ အိမ်သာခနသွားတယ် ။ အိမ်သာက အိမ်ရဲ့ အနောက်တံခါး နားမှာရှိတာ ကျွန်တော်လည်းစိတ်တင်းပြီးအိမ်သာခနသွားတာပေါ့ အဲဒီမှာ အိမ်သာက ထွက်လာတော့ ကျွန်တော်လည်း မျက်စိက ဘက်ကနဲ့ ဆို အနောက်တံခါးနားကို ကြည့်မိလိုက်တယ် ၊ အဲဒီမှာ အနောက်တံခါး မှာ ကုန်းကုန်းကုန်းကုန်းနဲ့ မည်းမည်းပုံသဠန် တစ်ခု အနောက်တံခါးကနေ အိမ်ဘက်ကိုဝင်လာတာကိုတွေ့ရတယ် ။ ကျွန်တော်လည်းလန့်သွားတာပေါ့ ၊ ဟိုက်....သေပြီဆရာ ငါ့တော့ သရဲခြောက်ပီနဲ့ တူတယ် ပေါ့ ။ အဲဒီ အမည်းအရိပ်ကြီးက ၀ှီးကနဲ့ ဆို ခြံ ကြီးရဲ့ အလယ်မှာ အိပ်နေတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ဆီကို အလွန် လျင်မြန်စွာသွားနေတာကိုတွေ့ လိုက်ရတယ် ။ ကျွန်တော်လည်း သူငယ်ချင်းတွေအတွက် အရမ်းစိုးရိမ် သွားတာပေါ့ ။ အဲဒါနဲ့ ချက်ချင်း အဲဒီ ကွစ်ပျစ် ဆီကို ပြေးလာခဲ့တယ် ။ အဲဒီမှာ အရိပ်မည်းမည်းနားကို ရောက်ခါးနီး အဲဒီ အရိပ်မည်းမည်းဆီက အော်သံတစ်ခုကို ကြားလိုက်ရတယ်။ " အောင် မလေး ... ရေတွင်းသရဲ မ ရေတွင်း သရဲ မ ငါ့နားမလာနဲ့ကြောက်တယ် ကြောက်တယ် " ဆိုပီး ကြားလိုက်ရတယ် ။ အကုန်လန့်နိုးကုန်တယ် တစ်အိမ်လုံးလည်း ဘေးအိမ်က လူတွေလည်း ထွက်လာကြတယ်။အိပ်ပျော်နေတဲ့ သူငယ်ချင်းတွေလည်းအကုန်နိုးကုန်ရော ဘာဖြစ်တာတုန်းဘာဖြစ်တာတုန်းပေါ့ ။ အဲဒီမှာ အရိပ်မည်းမည်းကြီးက ဦးရဲကြီးဖြစ်နေတာပုဆိုး ကွင်း လုံး ကျွတ်နဲ့ တည်တည်တည့်တည့်နေတဲ့ ဦးရဲကြီးပုံက မြင်မကောင်း ။ သူငယ်ချင်းတွေ ကော ရောက်လာကြတဲ့ ဘေးအိမ်က လူတွေမေးကြည့်တောလည်း ဘာမှမေးမရ ။ သူ့ ပုံစံက မျက်ဖြူလန်ပြီး အင်မတန်သွေးပျက်နေတဲ့ပုံ ။ နောက်နေ့ကြတော့ ဦးရဲကြီးကို ဆေးဆရာပင့်ပီးတော့ကုယူရတယ်။ ကျွန်တော်သူငယ်ချင်းတွေအကုန် လန့်နေကြတယ် ။ ဘာဖြစ်လာတာလဲပေါ့ ။ ဆေးဆရာကတော့ သူက ကြောက်စရာတစ်စုံတစ်ခုကိုတွေ့ပီးတော့ အရမ်းလန့်သွားတာပါတဲ့ ။ သုံးရက်လောက်ဆိုကောင်းမှာပါဆိုတော့... ကျွန်တော်တို့လည်း ရွာကနေမပြန်ဖြစ်ဘဲ နောက်ထပ်သုံးရက်လောက်နေဦးမယ်ပေါ့ ။ ခင်တဲ့ ဦးလေးကြီးနေပြန်ကောင်းမှ ပြန်မယ်ဆိုတော့မှ သုံးရက်လောက်မှပြန်ဖြစ်တယ် ။ မပြန်ဖြစ်ခင် ဦးရဲကြီးကို မေးကြည့်သေးတယ် ။ သူ့ ပုံစံက ငေါင်တောင်တောင်ရယ် မနည်း အစ်မေးမှ ငါကွာတဲ့ရေတွင်းဘက်ကို ည သရဲ တွေ့ချင်တာနဲ့ သွားကြည့်တယ် ကွ ၊ အဲဒီမှာနောက်ကျောပေးထားတဲ့ ကိုယ်လုံး ကိုယ်ပေါက်လှလှ အသားဖြူဖြူ ကောင်မလေးတစ်ယောက်ရပ်ထားတာကိုတွေ့တယ် ၊ 

ငါလည်း စေတနာနဲ့တူမကြီး ဒီနားကို မလာနဲ့ လေ ဒီနားက သရဲ ခြောက်တယ် လို့ပြောတော့၊အဲဒီကောင်မလေးက ငါ့ကို ဘာပြန်ပြောလဲဆိုတော့ ဦးလေးရယ်တဲ့ ၊ သမီးဘ၀က သရဲ ခြောက်တာလောက်တော့ မမှု တော့ပါဘူး ၊သမီးမှာ အရမ်းအဖြစ် ဆိုးတဲ့ အဖြစ်တစ်ခု ရှိပြီးသားပါတဲ့ ။ အဲဒီမှာ ငါလည်း ဘာလဲဆိုတာဦးလေးသိလို့ ရမလားဆိုတော့ ၊ ကောင်မလေးက နောက်လှည့် ကြည့်လိုက်ပီး ပြောလိုက်တာ " သမီးမှာ မျက်နှာမှမရှိဘဲ ဟီးဟီးဟီးဟီး " ဆိုပီး ဦးလေးလည်းကြည့်လိုက်တာ မျက်နှာလည်းမရှိဘူး မျက်စိ နှာခေါင်း ပါးစပ်ဘာမှကိုမရှိဘူး ၊ ငါလည်း အရမ်းသွေးပျက်ပီး ဘာမှကို မသိတော့ဘဲ ပြန်ပြေးလာတာကွာ ဆိုပီးပြောပြတယ် ။ ဖြစ်ရပ်လေးကတော့ ဒါပါဘဲ အဲလိုနဲ့ ဦးရဲကြီးနေကောင်းတော့ မန်းလေးကို ပြန်လာဖြစ်ခဲ့တယ် ။ အဲဒီ ရွာ မှာ သရဲ ခြောက်တဲ့ ဇာတ်လမ်းတွေ ရှိသေးတယ် နောက်မှ ကြုံမှ ပြောပြတာပေါ့ အခုတော့ဒါပါဘဲ လက်ညောင်းနေပြီ xD 

Written by Lin Latt Kyal @ တစ္ဆေရွာ - Facebook

ဝ ခယ်မ သွားမယ်ဆိုတဲ့သူ




 
အထက်အညာ ဒေသက ရွာကြီး တစ်ရွာမှာ ကျင်ဝှမ်းလို့ အမည်ရှိတဲ့ ပေါက်ဖော်ကြီး တစ်ယောက်ရှိတယ်။ သိပ်ရိုးတယ်။ သူ့မိန်းမ မသူဇာကို အလွန် ချစ်တယ်။ အလုပ်လည်း သိပ်ကြိုးစားတာပဲ။ တစ်ရက်မှာတော့ ပေါက်ဖော်ကြီး ကျင်ဝှမ်းဟာ အောက်ပြည်အောက် အရပ်မှာ စီးပွားရှာ သွားမယ်ပေါ့။ မသူဇာကို စိတ်မချဘူး၊ မှာစရာ ရှိတာတွေ မှာကြားနေတယ်။
“တူဇာရေ ၀စိတ်ချတွားမယ်နော်။ နေ့ခင်းတွေမှာ တူများ အိမ်တွေ ရှောက်မီလည်နဲ့။ ည တံခါးတွေ တေချာပိတ်။ တခိုးတွေ ဘာတွေ မလာရဲအောင် နောက်ဖေးမီး ဖန်တီးလဲ ဖွင့်ထား။ နောက်မီးလင်း နေပစေ။ ၀ မန်မန် ပြန်ခဲ့မယ်။ ၀ ခယ်မလဲ တွားမှာခဲ့မယ်။ ၀ပြန်ရောက်ရင် တနခါးတွေ လိမ်းထားနော်။ တူဇာ့ ပါးကို ၀ အားဗွာ လုပ်မယ်။ ဘယ်လူမှ တူဇာ့ကို အပ်ဗွာ မလုပ်စေနဲ့” မသူဇာက ပြုံးပြုံးလေးနေပြီး “စိတ်ချပါ ကျင်ကျင်ရယ်” လို့ ပြောပြီး ခေါင်းလေးငဲ့ ပါးလေး စောင်းပေးလိုက်တော့ ပေါက်ဖော်ကြီးကလည်း စောင်းငဲ့ထားတဲ့ ပါးလေးတစ်ဖက်ကို အပ်ဗွာအထပ်ထပ်လုပ်ပြီး နှုတ်ဆက် ထွက်ခဲ့တော့တယ်။ ပေါက်ဖော်ကြီးဟာ အိမ်ထောင် ခွဲနေတဲ့ မသူဇာရဲ့ညီမ မူယာရဲ့အိမ်ဝင်ပြီး (၀ခယ်မ လည်း သွားမှာ ထားခဲ့မယ်) လို့ ပြောခဲ့တာကို သူဇာက ၀ါးခယ်မမြို့ အထိ သူ့ယောက်ျား သွားဦးမှာမို့ ခရီးစဉ် ကြာဦးမှာလို့ ထင်လိုက်တယ်လေ။ ပေါက်ဖော် ကြီးလည်း အရေးတကြီးနဲ့ သူ့ခယ်မ အိမ်ဝင်ပြီး မသူဇာကို စောင့်ရှောက်ရန် မှာဘို့ မေ့သွားတယ်။ ပေါက်ဖော်ကြီး ခရီးထွက်ပြီး နောက်နေ့ကတည်းက မသူဇာက သူ့ငယ်ချစ် ဒူးသန်နိုင်သန်းနဲ့ အိမ်မှာ ချိန်းချိန်း တွေ့နေတော့တာပဲ။ နိုင်သန်းက ခြင်းခတ်ရင် ဖနောင့်ဖ၀ါးတွေထက် ဒူးနဲ့ခတ်တာများလို့ ဒူးသန် နိုင်သန်းလို့ ခေါ်ကြတာ။ သူ့ကွယ်ရာမှာတော့ ဒူးသန်နိုင်သန်းကို ဒု-သ- န-သောလို့ အကြောင်း သိသူတွေက ခေါ်ကြလေရဲ့။

ပေါက်ဖော်ကြီး မရှိချိန်မှာ အိမ်မှာ တွေ့ရုံမျှနဲ့ အားမရကြဘူး။ ဒီနေ့ဆို တောင်ပြုံးပွဲ သွားလည်ကြတယ်။ ညနေမှ ပြန်လာတာ။ မှောင်ရီ ပျိုးပျချိန် နိုင်သန်းက သူဇာ အိမ်ထိ တက်လိုက်လာတယ်။ အိမ်ရှေ့ခန်းမှာ နိုင်သန်းကို ထားပြီး သူဇာက အခန်းထဲဝင် အ၀တ်လဲ၊ သနပ်ခါး ပါးကွက်လေး ပါးနှစ်ဖက်မှာ ကွက်ပြီး ထွက်လာတယ်။ တောင်ပြုံးက ၀ယ်လာတဲ့ ကရေကရာ မုန့်လည်း ပန်းကန်ထဲ ထည့်လာတယ်။ နိုင်သန်းဘေး ၀င်ထိုင်တယ်။ မုန့်လည်းစား၊ စကားတွေလည်းပြော။ နိုင်သန်း လက်တစ်ဖက်က သူဇာရဲ့ပုခုံးပေါ်မှာ။ သူဇာကလည်း နိုင်သန်းကို မှီလျက်။ ပေါက်ဖော်ကြီး မရှိတဲ့ ရက်တွေမှာ ဒီလို နေလာတာ (၇) ရက် (၈) ရက်ရှိပြီ။
“သူဇာ သိပ်ပျော်တာပဲ။ ကိုနိုင် နက်ဖန်လည်း ဆုံကြဦးစို့နော်” “သူဇာ့ အဖိုးကြီးက ပြန်လာတော့မှာ မဟုတ်လား” “အိုး ကိုခိုင်ကလည်း သူက ၀ါးခယ်မ အထိ သွားဦးမှာ မလာသေး ပါဘူး” “သူမလာ ကြာတိုင်း ကောင်းပေါ့ကွယ်။ အချစ်ကို အာဗွားများများ ပေးရတာပေါ့” လို့ ပြောပြောဆိုဆို “ဟာ ကိုနိုင်က ကဲတယ်ကွာ။ သူများပါးက ခုတင် လိမ်းထားတဲ့ သနပ်ခါးတွေ ပျက်ကုန်ပြီ။ သွား လူဆိုး” ဆိုတုန်းရှိသေး

အိမ်ရှေ.က
“တူဇာရေ၊ တူဇာလေ ၀ ပြန်လာပြီဟေ့ ၀ပြန်လာပြီ” ပေါက်ဖော်ကြီး အသံကြားတော့ သူဇာလည်း နိုင်သန်း ရင်ခွင်ထဲက ရုန်းပြီး နိုင်သန်းကိုလဲ ရင်ဘတ် တွန်းလွှတ်လိုက်တယ်။ “သွား သွား နောက်ဖေးပေါက်ကနေ ပြေးတော့” သူဇာဟာ ပါးတစ်ဖက် ပျက်သွားတဲ့ သနပ်ခါး ပါးကွက်ကို စမ်းမိပြီး ကမန်းကတန်း ကြံရာ ရသွားတယ်။ တောင်ပြုံးက ၀ယ်လာတဲ့ စားလက်စ ကရေကရာ မုန့်တုံးမှာ ဖြူးထားတဲ့ မုန့်မှုံ့လေးတွေ ယူပြီး ပါးပေါ်ပွတ် ထားလိုက်တယ်။ ပေါက်ဖော်ကြီးက ရောက်ရောက်ချင်းပဲ သူဇာ နားကပ်တယ်။ သူဇာ့ ပါးလေးကို လက်ညှိုးလေးနဲ့ မတို့ရက် တို့ရက်တို့ပြီး ခုလေးတင် သူဇာပွတ် တင်လိုက်တဲ့ ပါးပေါ်က မုန့်မှုံဖြူဝါ၀ါလေးကို လက်ချောင်းလေးတွေနဲ့ ပွတ်ဖယ်ချရင်းက “အလို ၀ ရဲ့ မီးမ တူဇာ၊ တစ်စာ (သစ္စာ)စိလယ်၊ ကြည့်စမ်းပါးပေါ်မှာ မှိုတောင်တက်နေတယ်။ ဒါမှ ၀မီးမကွ-၀မီးမ။ အပ်ဗွာအပ်ဗွာ အပ်ဗွာနဲ့ ဘယ်နှစ်ဗွာမှန်းတောင် မသိဘူး။ မီးပျက်တဲ့ ရက် မဟုတ်တဲ့ အတွက် ဦးကျင်ဝှမ်း၊ မသူဇာတို့ အိမ်နောက်မှာတော့ နောက်မီးက လင်းလျက်။.................ဟိ......ခုလိုကျတော့လည်း...လျှပ်စစ်မီးက.....လင်းထိန်.....လို့

(ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ကျော်က. ရွှေမြို.တော် Social Network မှာ တင်ထားတာလေးကို  မြို.နာမည်လေးပါနေတာကြောင်. ကူးယူဖော်ပြတာပါ)

(စုဆောင်းလေ.လာရေးသားထားသောမြို.လေး၏ သမိုင်းနှင်. နာမည်ပေါ်ပေါက်လာပုံတို.ကိုမူ အောက်ပါ Link တွင်သွားရောက်လေ.လာနိုင်ပါသည်)
http://wakhama.blogspot.com/2012/10/blog-post_5.html

Myanmar Rejects UN Rights Envoy's Claim of Attack

 


Myanmar's government on Thursday disputed accusations that it failed to protect a top U.N. human rights envoy who said his vehicle was attacked by a 200-strong Buddhist mob during a visit to a city where religious violence flared earlier this year.
President Thein Sein's spokesman, Ye Htut, said U.N. rights rapporteur Tomas Ojea Quintana was never in any danger during his visit this week.
He said members of the crowd approached Quintana's convoy in the central city of Meikhtila only to give him a letter and a T-shirt, "so what Quintana said is very different from the true situation."
Myanmar, a predominantly Buddhist nation of 60 million people, has been gripped by sectarian violence in the last year that has left more than 250 people dead and sent another 140,000 fleeing their homes. Most of the victims — including at least 43 from a March attack in Meikhtila — were Muslims.
Quintana's 10-day visit to Myanmar, which ended Wednesday, was in part aimed at investigating ongoing tensions and the response of the government.
Quintana said his convoy was mobbed Monday night as security forces looked on.
"The fear that I felt during this incident, being totally unprotected by the nearby police, gave me an insight into the fear residents would have felt when being chased down by violent mobs during violence last March ... when police allegedly stood by as angry mobs beat, stabbed and burned to death 43 people," he said.
Quintana slammed the government for failing to do its job. "The state has failed to protect me," he said.
Ye Htut had another version of events.
In addition to helping to disperse hundreds of people before Quintana's arrival — he said 100 were left by the time the convoy arrived — one police car was escorting the U.N. rights envoy and 30 other officers were controlling the crowd, he said.
"Police gave protection to him and people had no intention to hurt him," Ye Htut said, adding that police successfully cleared a path and the convoy passed without incident.
Myanmar only recently emerged from decades of isolation and military rule. One of the biggest challenges of the new, quasi-civilian government has been the rising anti-Muslim sentiment.
Quintana said his own experience "highlighted for me the dangers of the spread of religious incitement in Myanmar and the deadly environment that this can create."
"Although the chief minister declared that the trust had been restored, this does not reflect reality," he said.
The unrest began last year in the western state of Rakhine, where Buddhists accuse the Rohingya Muslim community of illegally entering the country to encroach on their land.
Quintana faced several smaller protests during his visit, most of them peaceful. Almost all were by Buddhists, who feel that the U.N. and other international agencies are ignoring their complaints and tilting relief and reconstruction efforts in favor of the Muslim community.
It was Quintana's eighth trip to Myanmar since being named U.N. rights rapporteur. He will present his findings to the U.N. General Assembly on Oct. 24.

Original Link ; http://abcnews.go.com/International/wireStory/myanmar-mob-swarms-car-rights-envoy-20023768