Tuesday, December 8, 2015

Second Gathering & Meeting of AMTA ( Association of Maubin GTI , GTC , TU 's Alumni




 မအူပင် နည်းပညာကျောင်းသားဟောင်းများအသင်း ( Association of Maubin GTI , GTC , TU ‘s Alumni – AMTA ) ၏ ဒုတိယနှစ်ပတ်လည် အသင်းသားများတွေ.ဆုံပွဲကို ၂၀၁၅ ဒီဇင်ဘာ ၆ ရက် - ၁ ခုနှစ် တန်ဆောင်မုန်းလပြည်.ကျော် ၁၀ ရက် ( အမျိုးသားနေ. ) တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အအုံ ကျင်းပပြုလုပ်ခဲ့ပါသည် ။



အခမ်းအနားကို မနက် ၁၀နာရီအချိန် တွင်စတင်ခဲ့ပြီး အခမ်းအနားဖွင်.လှစ်ကြောင်း ကြေညာခြင်း ၊ အသင်းဥက္ကဋ္ဌ ကိုအောင်မင်းစိုး (93 EC ) မှ အဖွင်.အမှာစကားပြောကြားခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ကိုမြင်.ကြူ ( 93 Civil ) မှ အသင်း၏ လုပ်ဆောင်နေမှုများနှင်. ရှေ.လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပါသည် ။ ဆက်လက်၍ ရန်ကုန်ယူနစ်တာဝန်ခံ ကိုခင်အောင်ကြည်( 94 EC ) မှ ရန်ကုန်ယူနစ်၏ လုပ်ဆောင်ခဲ့မှုများ နှင်. အခက်အခဲများကို တင်ပြပြီးနောက် မအူပင် ယူနစ် ပြန်ကြားရေးတာဝန်ခံ ကိုတက်ဝင်း မှ မအူပင်ယူနစ်၏ လုပ်ဆောင်ခဲ့မှု များ ၊ အခက်အခဲများကို တင်ပြခဲ့ကြပါသည် ။



ထို.နောက် ဗဟိုကော်မတီ ဘဏ္ဍာရေး တာဝန်ခံ ကိုသက်ထွေးအောင် ( 93 EC )မှ အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ ရ/သုံးအခြေအနေများကို ရှင်းလင်းတင်ပြပါသည် ။ ဆက်လက်၍ အသင်း၏ အားနည်းချက်အချို. ၊ ပြင်ဆင်လုပ်ဆောင်မည်.အခြေအနေ ၊ အသင်းဝင်သစ်များစည်းရုံးရေးကိစ္စ ၊ အသင်းဝင်ကဒ်ပြားအားလုံး ပုံစံသစ်ဖြင်. ပြန်လည်ထုတ်ဝေရေးဆိုင်ရာ ၊ ကျန်း/နာ ထောက်ကူ ဆိုင်ရာ စည်းမျဉ်း နှင်. သတ်မှတ်ချက်များ ၊ ၂၀၁၆-၂၀၁၈ ဗဟိုကော်မတီ နှင်. ယူနစ်တာဝန်ခံ အဖွဲ.၀င်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာကိစ္စ ရပ်များအား အသင်း၏ ဗဟိုကော်မတီ ပြန်ကြားရေး တာဝန်ခံ ကိုဇော်မင်းလွင် ( 95 EP ) မှ တင်ပြဆွေးနွေးပါသည် ။



ထို.နောက် အသင်းဥက္ကဋ္ဌ မှ အလှုငွေ ၁၀သိန်းကျပ် လှုဒါန်းခြင်း နှင်. အသင်းအတွင်းရေးမှုး ကိုဝင်းမော်သိန်း( 94 EC ) မှ ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခြင်း ၊ အသင်းဥက္ကဋ္ဌ မှ ၂၀၁၅ ဆရာကန်တော.ပွတြွင် အသင်းတံဆိပ်များအား လေလံဆွဲ၍ အသင်းရန်ပုံငွေ လှုဒါန်းပေးခဲ့သော ကိုဘိုဘိုမင်း ၊ ကိုအောင်လင်္ကျာ ( မတက်ရောက်နိုင်သဖြင်. ) ၊ မခင်မြတ်နု တို.အား ဂုဏ်ပြု လွှာပေးအပ်ပါသည် ။ဆက်လက်၍ နှင်. အသင်း၏ Logo အားမေတ္တာဖြင်.ဖန်တီးပေးခဲ့ပါသော ကိုကျော်သူ-ညောင်တုနုး အား ဗဟိုကော်မတီ စာရင်းစစ် ကိုသောင်းထိုက်လွင် ( 93 EP ) မ ဂုဏ်ပြု လွှာပေးအပ်ပါသည် ။ထို.နောက်  ကိုသက်ထွေးအောင် - ကိုသန်.ဇော်မိုး နှင်. Second Batch ကျောင်းသား ဆယ်ဦး မှ ကျပ်သိန်း၂၀ လှုဒါန်းရာ ရန်ကုန်ယူနစ် အထောက်အကူပြု အဖွဲ.၀င် ကိုကျော်နိုင်ဦး ( 96 - Civil ) မှလက်ခံရယူပေးခဲ့ပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည် ။



အသင်းဝင် သားသမီးများ၏ ပညာရည်ချွန် ဆု ချီးမြှင်.ခြင်း အစီအစဉ်တွင် ဘာသာစုံဂုဏ်ထူးရ မောင်ကောင်းထက် ( ကိုအောင်ကျော်စိန် 2nd  Batch EC - မသင်းသင်းအေး 2ND Batch EC တို.၏သား ) အားအသင်းဥက္ကဋ္ဌ မှ ဆုတံဆိပ် ၊ ဂုဏ်ပြုလွှာ နှင်.ငွေသား၇၅၀၀၀ + SGD 10 တို.အားချီးမြှင်.ပါသည် ။ ဆက်လက်၍ ၅ဘာသာဂုဏ်ထူးရှင် အိမ်မက်ချို ( ကိုသန်းဋ္ဌေး - မအိမမသက် 3rd Batch MT တို.၏ သမီး ) အား ဆုတံဆိပ် ၊ ဂုဏ်ပြုလွှာ နှင်.ငွေသား၆၅၀၀၀ + SGD 10 အား မအူပင်ယူနစ်ပြန်ကြားရေး တာဝန်ခံမှ ချီးမြှင်.ရာ ကိုယ်စားတစ်ဦး မှလက်ခံရယူပေးခဲ့သည် ။ ဆက်လက်၍ ၃ဘာသာဂုဏ်ထူးရှင်မချယ်ရီ ၀င်းလတ် ( ကိုထွန်းထွန်းလတ် 2nd Batch EC - မဥမ္မာဦး တို.၏သမီး ) အား ဆုတံဆိပ် ၊ ဂုဏ်ပြု လွှာ နှင်.ငွေသား ၄၅၀၀၀ + SGD 10 ကိုဗဟိုကော်မတီ ဘဏ္ဍာရေး တာဝန်ခံ ကိုသက်ထွေးအောင် မှပေးအပ်ချီးမြှင်.ပါသည် ။ ဆက်လက်၍ ၂ဘာသာ ဂုဏ်ထူးရှင် မကျော.ကျော.ကေခိုင် ( ကိုဋ္ဌေးလှိုင်  1st  Batch MT - မမျိုးမျိုး တို.၏သမီး ) အား ဆုတံဆိပ် ၊ ဂုဏ်ပြု လွှာ နှင်. ငွေသား၃၅၀၀၀ + SGD 10 တို.အား ရန်ကုန်ယူနစ်တာဝန်ခံ ကိုခင်အောင်ကြည်မှ ပေးအပ်ချီးမြှင်.ခဲ့ရာ ကိုယ်စားတက်ရောက်လက်ခံရယူပါသည် ။



ထို.နောက်တက်ရောက်လာကြသူအားလုံး အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း ၊ ကော်မတီဝင်များ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများအပြီးတွင် ဧည်.ခံထားသော ကော်ဖီနှင်. မုန်.များ လွတ်လပ်စွာ သုံးဆောင်ရင်း အသင်းဝင်များ တွေ.ဆုံြေ့ပာဆိုကြပြီး ၁၁း၃၀ နာရိတွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည် ။အခမ်းအနားတွင် အသင်းဝင်သစ်လက်ခံခြင်း ၊ အသင်းဝင်ဟောင်းများထံမှ နှစ်စဉ်ကြေး လက်ခံခြင်းများကိုလည်း မအိ နှင်.ကျောင်းသူဟောင်းများမှ တာဝန်ယူ လုပ်ဆောင်ပေးခဲ့ပါသည် ။



ဓါတ်ပုံများကို အောက်ပါ Facebook Link များတွင် ကြည်.ရှု နိုင်ပါသည်

Monday, December 7, 2015

MWRN ၏ Training for Trainer ( 5/6 December 2015 )







Migrant Worker Right Network ( MWRN ) ၏ မြန်မာပြည် ရုံးခွဲ မှ စီစဉ်သော Training for Trainer အစီအစဉ်ကို ၂၀၁၅ ဒီဇင်ဘာ ၅ ရက် နှင်. ၆ ရက်နေ.က ရန်ကုန်မြို.တွင်ပြုလုပ်ခဲ့ပါသည် ။ ထိုသို.ပြုလုပ်ခဲ့ရာတွင် ရွှေ.ပြောင်းသွားလာမှု အများဆုံး ဖြစ်လေ.ရှိသော မွန်ပြည်နယ် ၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီ တိုင်း တို. မှ စေတနာ.၀န်ထမ်း ၃၀ ခန်.တက်ရောက်ခဲ့ကြပါသည် ။



သင်တန်း ပထမနေ.တွင် ရွှေ.ပြောင်းသွားလာခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ရှင်းလင်းပြောကြားခြင်း ၊ MWRN အသင်းစတည်ဖြစ်ပေါ်လာပုံ တို.ကို အသင်းဥက္ကဋ္ဌ ကိုစိန်ဋ္ဌေး ၊ ရန်ကုန်ရုံးခွဲ ပညာရေး တာဝန်ခံ ကို ထွန်းထွန်းလွင် တို.မှ ရှင်းလင်းပြောကြားခဲ့ပြီး ယခင်သင်တန်းတက်ရောက်ပြီး သက်ဆိုင်ရာဒေသအလိုက်ဟောပြောရာတွင် ကြုံတွေ.ရသော အခြေအနေများကို အဖွဲ.ငယ် ၄ခုခွဲ ပြုစုစေပြီး ရှင်းလင်းတင်ပြစေပါသည် ။




ထို.နောက် မြန်မာနိုင်ငံ ပြည်ပလုပ်သားစေလွှတ်ရေး အေဂျင်စီ အသင်းချုပ် ( MOEAF ) ၏ ဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးကိုလေး မှ အသင်းချုပ်အကြောင်း ၊ မြန်မာနိုင်ငံ မှ တရားဝင် လုပ်သားစေလွှတ်ခွင်. ရရှိထားသော နိုင်ငံများ ၊ စင်္ကာပူ/ မလေး / ယိုးဒယား တို.သို. လုပ်သားစေလွှတ်မှု အနေအထား ၊ လုပ်ငန်း ၊ နှုံးထားများအကြောင်း ၊ ၀န်ဆောင်ခပိုယူခြင်း /တရားမ၀င်စေလွှတ်ခြင်းအတွက် တိုင်ကြားရန် ဖုန်းနံပါတ် ၊ တရားဝင်လုပ်သားစေလွှတ်ခွင်.ရ အေဂျင်စီ အမည်များ စစ်ဆေးရန် Website လိပ်စာ စသည်တို.ကိုရှင်းလင်းပြောကြားပြီး သင်တန်းတက်ရောက်သူများ သိလို၍ မေးမြန်းသည်များကို ပြည်.စုံစွာ ဖြေကြားပေးခဲ့ပါသည် ။ဆက်လက်၍ မိမိတို.သွားရောက်ဟောပြောရာတွင် မည်သည်.အချက်အလက်များပါဝင်သင်.သည်များကို အဖွဲ.ငယ် ၄ခု မှ သီးခြားစီပြုစုစေပြီး ကျန်အဖွဲ.များအား ရှင်းလင်းတင်ပြစေပါသည် ။ သင်တန်းပထမနေ.အပြီးတွင် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကြပြီးနောက်  MWRN ၏ အစီအစဉ်ဖြင်. သင်တန်းသားများကို ရွှေတိဂုံ ဘုရားသို. ပို.ဆောင်ပေးခဲ့ပါသည် ။


သင်တန်းဒုတိယနေ.တွင်ပထမနေ. ပြောဆိုရှင်းလင်းခဲ့မှုများအား ပြန်လည်မေးမြန်းပြီး ကိုစိန်ဋ္ဌေး မှ အများရှေ.ဟောပြောရာတွင် သိထားရန်လိုအပ်သော ရှိနေရမည်. လေသံ / ဟန်ပန် / အမူအရာ နှင်. ကြိုတင်ပြင်ဆင်ထားရမည်.အချက်အလက်များ ၊ ကြုံ တွေ.လာရနိုင်သော အခြေအနေများကို ရှင်းလင်းပြောကြားခြင်း  ၊ Brilliant Future of Myanmar ( BFM ) မှ သင်တန်းနည်းပြ ကိုမျိုးမင်း နှင်. မယုယုမွန်တို. မှ သင်တန်းဇယားစီစဉ်ရေးဆွဲပုံ ၊ အများစိတ်ဝင်စားအောင်ပြောကြားရန်လိုအပ်သော / သိသင်.သော အချက်အလက်များအကြောင်းကို အသိပညာပေး ရှင်းလင်းပါသည် ။ 






ထို.နောက် သင်တန်းသားများအား အဖွဲ.ငယ် ၄ ခုခွဲပြီး မိမိတို.ရရှိသော ခေါင်းစဉ်အလိုက် အချက်အလက်ပြုစုစေပြီး တစ်ဖွဲ.ချင်းစီ ရှင်းလင်းတင်ပြစေပါသည် ။ ထိုတင်ပြမှုများအား ကျန်အဖွဲ.များကို လေ.လာစေပြီး အားနည်းချက် / အားသာချက် / လိုအပ်မှု များကို ဆန်းစစ်ဝေဖန်စေပြီး အဖွဲ.အတွင်းတွင်လည်း တစ်ဦးချင်းစီကို ဝေဖန်ဆန်းစစ်စေပါသည် ။ထို.နောက် တက်ရောက်သင်တန်းသားအားလုံးအား ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် သွားရောက်မည်. မြန်မာရွှေ.ပြောင်း လုပ်သားများအတွက် ပြည်ပမထွက်ခွာမှီ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ သင်ရိုးညွှန်းတမ်း စာအုပ် ၊ IOM မှ ထုတ်ဝေသည်. လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု လမ်းညွှန် စာအုပ် ၊ အများပြည်သူရှေ. စကားပြောဆိုခြင်းဆိုင်ရာ နည်းလမ်းများစာအုပ် ၊ MOEAF မှပြုစုထားသော အချက်အလက်စာရွက်စာတမ်းများ ဝေငှပေးပါသည် ။ 



အသင်းဥက္ကဋ္ဌ ကိုစိန်ဋ္ဌေး မှ တက်ရောက်လေ.လာပေးခဲ.မှုများအတွက် ကျေးဇူးတင်ကြောင်း ၊ နောင်တွင်လည်း ပိုမိုပြည်.စုံသော သင်တန်းများထပ်မံ စီစဉ်မည်ဖြစ်ပါကြောင်း ၊ မိမိတို.ဒေသများသို. ပြန်လည်ရောက်ရှိပါကလည်း အချက်အလက်ဖြန်.ဝေခြင်း ၊ Migrant ဆိုင်ရာ အသိပညာပေးဟောပြောခြင်း / ဖြန်.ဝေခြင်းဆိုင်ရာများ လုပ်ဆောင်ပေးရန်မေတ္တာရပ်ခံပြီး သက်ဆိုင်ရာဒေသအသီးသီးသို.လုံခြုံအေးချမ်းစွာ ရောက်ရှိပါစေကြောင်း မေတ္တာပို.သဆုတောင်းကာ သင်တန်း အခမ်းအနား ပိတ်သိမ်းခဲ့ပါသည် ။

Wednesday, December 2, 2015

သူတို.ဖွင်.ဆိုတဲ့ Cute , Sexy & Beautiful



မိန်းကလေး တွေဟာ သူတို့ကို ယောင်္ကျား လေး တွေဘက်က "Cute" ၊ "Sexy" ၊ "Beautiful" စတဲ့ တင်စား ပြီး ပြောဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး ကိုယ်လိုသလိုပဲ ဆွဲတွေးနေခဲ့ကြပါတယ်။မိန်းကလေး တစ်ယောက်က သူ့ကို "Cute" ဖြစ်တယ်ဆိုပြီး ယောင်္ကျား လေး တစ်ယောက်က ပြောလာတဲ့အခါမှာ သူမ မြင်ယောင်မိတာက ကလေးငယ်လေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ အသွင်အပြင်ပါ။ ဒါပေမယ့်လည်း ဒါဟာမိန်းကလေး တွေရဲ့ ရှုထောင့်က နားလည်ထားတာပါ။ယောင်္ကျား လေး တွေ ရဲ့ ရှုထောင့်ဘက်ကတော့ အရာအားလုံး တစ်ထပ်တည်း မကျနိုင်ပါဘူး။ ဒါကြောင့် ယောင်္ကျား လေးတွေ ဘက်က ရည်ညွှန်းလိုတဲ့ အဓိပ္ပာယ် အချို့ကို တင်ပြပေးလိုက်ပါတယ်။

ယောင်္ကျား လေး တစ်ယောက်က "Cute" လို့ သုံးစွဲတဲ့အခါ




မိန်းကလေး တစ်ယောက်ကို Cute လို့ တင်စားခြင်းဟာ ညှို့ဓါတ် ၊ ဆွဲဆောင်မှု အားလုံးကို ရည်ညွှန်းတာတော့မှန်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေး တစ်ယောက်ကို Cute ဖြစ်တယ်လို့ တင်စားခြင်းဟာ ထိုမိန်းကလေးကို အနည်းငယ် တန်ဖိုး ကျသွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ Cute ဆိုတဲ့ စကားလုံးဟာ ခွေးလေးတွေနဲ့ ကလေးငယ်တွေကို သာ အသုံးများလို့ပါ။

Cute ဖြစ်တဲ့ မိန်းကလေး တွေဟာ ယေဘူယျအားဖြင့် ချဉ်းကပ်ဖို့ လွယ်ကူကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်တော့ Cute ဖြစ်တဲ့ မိန်းကလေး တွေဟာ နူးညံ့ပြီး လူငယ်ဆန်ကြပါတယ်။ တစ်ချို့လူတွေက "Cute" ဆိုတဲ ဂုဏ်ပုဒ်ဟာ Pretty နဲ့ Beautiful စတဲ့ စကားလုံးတွေနဲ့ တင်စားလို့ မရလို့ သုံးစွဲတယ်လို့ ထင်ကြပေမယ့် တစ်ကယ်တော့ မဟုတ်ပါဘူး။ Cute ဖြစ်အောင် လုပ်ယူလို့ မရပါဘူး။ သူ့ဘာသာသူဖြစ်လာတာပါ။ ဒါကြောင့် ယောကျာင်္းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို Cute ဖြစ်တယ်လို့ ပြောလာတဲ့အခါမှာ ထိုမိန်းကလေးဟာ လူငယ်ဆန်လို့ ၊ နူးညံ့လို့ ၊ ကလေးငယ်တွေလို ချစ်စရာကောင်းတဲ့ နေထိုင်ပုံတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

ယောင်္ကျား လေး တစ်ယောက်က "Sexy" လို့ သုံးစွဲတဲ့အခါ 



မိန်းကလေး တစ်ယောက် "Sexy" ဖြစ်မဖြစ်ဆိုတာကိုတော့ အဲဒီမိန်းကလေး ကိုယ်တိုင် ပဲ သိမှာပါ။ Sexy ဖြစ်တဲ့ အမျိုးသမီးတွေမှာ အထာ တစ်ခုတော့ရှိတတ်ကြပါတယ်။ ဒါ့အပြင် Sexy ဖြစ်တဲ့ မိန်းကလေး တွေဟာ သူတို့အထာ အတွက်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိကြပါတယ်။ တစ်ချို့မိန်းကလေးတွေက သူတို့ကို "Sexy" ဖြစ်တယ်လို့ တင်စားတာကို မကြိုက်ကြပါဘူး။ အမှန်တစ်ကယ်က Sexy ဖြစ်တယ်ဆိုတာ အိပ်ခန်းထဲက လိင်ဆက်ဆံမှုတွေနဲ့ မဆိုင်ပါဘူး။ လုံခြုံစွာ ၀တ်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ စကတ်တိုဝတ်ထားတဲ့ မိန်းကလေး တစ်ယောက်ထက်ပင် Sexy ဖြစ်နိုင်ပါတယ်။

Sexy ဖြစ်တဲ့ အမျိုးသမီးဟာ Sexy ဖြစ်ပါတယ်။ ဘာပဲ ၀တ်ထားဝတ်ထားကါ။ Sexy ဖြစ်တယ်ဆိုတာ အ၀တ်အစားနဲ့ မဆိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရတော့ Sexy ဖြစ်တဲ့ မိန်းကလေးတွေဟာ အာရုံခံစားမှု တစ်ခုရှိပါတယ်။ Sexy ဆိုတဲ့ စကားလုံးရဲ့ အဓိက ဆွဲဆောင်မှုဟာ အပေါ်ယံ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာတည်ရှိနေတာပါ။ ယောကျာင်္းသားတွေ အလွယ်တကူမသိနိုင်တဲ့ ဆန်းပြားမှု တစ်မျိုးပါပဲ။ ဥပမာ ပြောရရင်တော့ အင်ဂျလီနာ ဂျိုလီဟာ အပေါ်ယံမှာ လှတယ်လို့ မထင်ရပေမယ့် ယောကျာင်္းသားတွေအတွက်တော့ အလွန်တရာ ဆွဲဆောင်မှု ရှိနေတဲ့ အမျိုးသမီးပါပဲ။ ဒါကြောင့် ယောကျာင်္းလေးတွေဘက်က မိန်းကလေးတစ်ယောက်ကို "Sexy" ဆိုတဲ့ စကားလုံးနဲ့ တင်စားလာတာဟာ ထိုမိန်းကလေးရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ၊ အတွင်းစိတ်တွေကို နားလည် သဘောကျ သွားလို့ပဲ ဖြစ်မှာပါ။

ယောင်္ကျား လေး တစ်ယောက်က "Beautiful" လို့ သုံးစွဲတဲ့အခါ 




 ယောကျာင်္းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို "Beautiful" လို့ တင်စားတဲ့အခါမှာ သူပြောချင်တာက ထင်ထားတာထက် ပိုလေးနက်နေပါတယ်။ အလှတရားဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာပါ။ ဒါပေမယ့် Beautiful ဆိုတဲ့ စကားဟာ စိတ်အတွင်းပိုင်းရဲ့ လှပမှု ကိုပါ ဆိုလိုချင်တာဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် "Beautiful" ဖြစ်ဖို့ဆိုတာဟာ "Cute" တို့ ၊ "Sexy" တို့ထက် ခက်ခဲပါတယ်။

လူတွေဟာ "Beautiful" လို့ပြောတဲ့အခါမှာ ရိုးရှင်းတဲ့ အကျီင်္ ၊ ဘောင်းဘီ ၊ ဆံပင်ပုံစံ ရိုးရိုးရှင်းရှင်းနဲ့ မိတ်ကပ် အနည်းငယ်သာ လိမ်းထားတဲ့ ပုံကိုထင်ကြပါတယ်။ အမှန်တစ်ကယ်ကတော့ Beautiful ဆိုတာဟာ အ၀တ်အစားတွေ ၊ မိတ်ကပ် ခြယ်သပုံတွေနဲ့ လားလားမျှ မဆိုင်ပါဘူး။ မိန်းကလေးတစ်ယောက်ကို "Beautiful" လို့တင်စားခြင်းဟာ ထိုမိန်းကလေး ရဲ့ အပေါ်ယံ အ၀တ်အစားကြောင့်မဟုတ်ပါဘူး။ ထိုမိန်းကလေးရဲ့ ရိုးသားတဲ့ အတွင်းစိတ်ကိုပါ စွဲလန်း နှစ်သက်မိသွားတဲ့ ယောကျာင်္းလေးတွေသာ "Beautiful" ဆိုတဲ့ စကားလုံးကို သုံးစွဲကြပါတယ်။

Trend Myanmar

ကိုက်လန် ရဲ. ကျန်းမာရေး အကျိုးပြု ဆယ်ချက်


ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကြယ်စင် @ လွင်ပြင်သတင်း
Ref: Good Health