Tuesday, December 8, 2015

Second Gathering & Meeting of AMTA ( Association of Maubin GTI , GTC , TU 's Alumni




 မအူပင် နည်းပညာကျောင်းသားဟောင်းများအသင်း ( Association of Maubin GTI , GTC , TU ‘s Alumni – AMTA ) ၏ ဒုတိယနှစ်ပတ်လည် အသင်းသားများတွေ.ဆုံပွဲကို ၂၀၁၅ ဒီဇင်ဘာ ၆ ရက် - ၁ ခုနှစ် တန်ဆောင်မုန်းလပြည်.ကျော် ၁၀ ရက် ( အမျိုးသားနေ. ) တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အအုံ ကျင်းပပြုလုပ်ခဲ့ပါသည် ။



အခမ်းအနားကို မနက် ၁၀နာရီအချိန် တွင်စတင်ခဲ့ပြီး အခမ်းအနားဖွင်.လှစ်ကြောင်း ကြေညာခြင်း ၊ အသင်းဥက္ကဋ္ဌ ကိုအောင်မင်းစိုး (93 EC ) မှ အဖွင်.အမှာစကားပြောကြားခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ကိုမြင်.ကြူ ( 93 Civil ) မှ အသင်း၏ လုပ်ဆောင်နေမှုများနှင်. ရှေ.လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပါသည် ။ ဆက်လက်၍ ရန်ကုန်ယူနစ်တာဝန်ခံ ကိုခင်အောင်ကြည်( 94 EC ) မှ ရန်ကုန်ယူနစ်၏ လုပ်ဆောင်ခဲ့မှုများ နှင်. အခက်အခဲများကို တင်ပြပြီးနောက် မအူပင် ယူနစ် ပြန်ကြားရေးတာဝန်ခံ ကိုတက်ဝင်း မှ မအူပင်ယူနစ်၏ လုပ်ဆောင်ခဲ့မှု များ ၊ အခက်အခဲများကို တင်ပြခဲ့ကြပါသည် ။



ထို.နောက် ဗဟိုကော်မတီ ဘဏ္ဍာရေး တာဝန်ခံ ကိုသက်ထွေးအောင် ( 93 EC )မှ အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ ရ/သုံးအခြေအနေများကို ရှင်းလင်းတင်ပြပါသည် ။ ဆက်လက်၍ အသင်း၏ အားနည်းချက်အချို. ၊ ပြင်ဆင်လုပ်ဆောင်မည်.အခြေအနေ ၊ အသင်းဝင်သစ်များစည်းရုံးရေးကိစ္စ ၊ အသင်းဝင်ကဒ်ပြားအားလုံး ပုံစံသစ်ဖြင်. ပြန်လည်ထုတ်ဝေရေးဆိုင်ရာ ၊ ကျန်း/နာ ထောက်ကူ ဆိုင်ရာ စည်းမျဉ်း နှင်. သတ်မှတ်ချက်များ ၊ ၂၀၁၆-၂၀၁၈ ဗဟိုကော်မတီ နှင်. ယူနစ်တာဝန်ခံ အဖွဲ.၀င်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာကိစ္စ ရပ်များအား အသင်း၏ ဗဟိုကော်မတီ ပြန်ကြားရေး တာဝန်ခံ ကိုဇော်မင်းလွင် ( 95 EP ) မှ တင်ပြဆွေးနွေးပါသည် ။



ထို.နောက် အသင်းဥက္ကဋ္ဌ မှ အလှုငွေ ၁၀သိန်းကျပ် လှုဒါန်းခြင်း နှင်. အသင်းအတွင်းရေးမှုး ကိုဝင်းမော်သိန်း( 94 EC ) မှ ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခြင်း ၊ အသင်းဥက္ကဋ္ဌ မှ ၂၀၁၅ ဆရာကန်တော.ပွတြွင် အသင်းတံဆိပ်များအား လေလံဆွဲ၍ အသင်းရန်ပုံငွေ လှုဒါန်းပေးခဲ့သော ကိုဘိုဘိုမင်း ၊ ကိုအောင်လင်္ကျာ ( မတက်ရောက်နိုင်သဖြင်. ) ၊ မခင်မြတ်နု တို.အား ဂုဏ်ပြု လွှာပေးအပ်ပါသည် ။ဆက်လက်၍ နှင်. အသင်း၏ Logo အားမေတ္တာဖြင်.ဖန်တီးပေးခဲ့ပါသော ကိုကျော်သူ-ညောင်တုနုး အား ဗဟိုကော်မတီ စာရင်းစစ် ကိုသောင်းထိုက်လွင် ( 93 EP ) မ ဂုဏ်ပြု လွှာပေးအပ်ပါသည် ။ထို.နောက်  ကိုသက်ထွေးအောင် - ကိုသန်.ဇော်မိုး နှင်. Second Batch ကျောင်းသား ဆယ်ဦး မှ ကျပ်သိန်း၂၀ လှုဒါန်းရာ ရန်ကုန်ယူနစ် အထောက်အကူပြု အဖွဲ.၀င် ကိုကျော်နိုင်ဦး ( 96 - Civil ) မှလက်ခံရယူပေးခဲ့ပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည် ။



အသင်းဝင် သားသမီးများ၏ ပညာရည်ချွန် ဆု ချီးမြှင်.ခြင်း အစီအစဉ်တွင် ဘာသာစုံဂုဏ်ထူးရ မောင်ကောင်းထက် ( ကိုအောင်ကျော်စိန် 2nd  Batch EC - မသင်းသင်းအေး 2ND Batch EC တို.၏သား ) အားအသင်းဥက္ကဋ္ဌ မှ ဆုတံဆိပ် ၊ ဂုဏ်ပြုလွှာ နှင်.ငွေသား၇၅၀၀၀ + SGD 10 တို.အားချီးမြှင်.ပါသည် ။ ဆက်လက်၍ ၅ဘာသာဂုဏ်ထူးရှင် အိမ်မက်ချို ( ကိုသန်းဋ္ဌေး - မအိမမသက် 3rd Batch MT တို.၏ သမီး ) အား ဆုတံဆိပ် ၊ ဂုဏ်ပြုလွှာ နှင်.ငွေသား၆၅၀၀၀ + SGD 10 အား မအူပင်ယူနစ်ပြန်ကြားရေး တာဝန်ခံမှ ချီးမြှင်.ရာ ကိုယ်စားတစ်ဦး မှလက်ခံရယူပေးခဲ့သည် ။ ဆက်လက်၍ ၃ဘာသာဂုဏ်ထူးရှင်မချယ်ရီ ၀င်းလတ် ( ကိုထွန်းထွန်းလတ် 2nd Batch EC - မဥမ္မာဦး တို.၏သမီး ) အား ဆုတံဆိပ် ၊ ဂုဏ်ပြု လွှာ နှင်.ငွေသား ၄၅၀၀၀ + SGD 10 ကိုဗဟိုကော်မတီ ဘဏ္ဍာရေး တာဝန်ခံ ကိုသက်ထွေးအောင် မှပေးအပ်ချီးမြှင်.ပါသည် ။ ဆက်လက်၍ ၂ဘာသာ ဂုဏ်ထူးရှင် မကျော.ကျော.ကေခိုင် ( ကိုဋ္ဌေးလှိုင်  1st  Batch MT - မမျိုးမျိုး တို.၏သမီး ) အား ဆုတံဆိပ် ၊ ဂုဏ်ပြု လွှာ နှင်. ငွေသား၃၅၀၀၀ + SGD 10 တို.အား ရန်ကုန်ယူနစ်တာဝန်ခံ ကိုခင်အောင်ကြည်မှ ပေးအပ်ချီးမြှင်.ခဲ့ရာ ကိုယ်စားတက်ရောက်လက်ခံရယူပါသည် ။



ထို.နောက်တက်ရောက်လာကြသူအားလုံး အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း ၊ ကော်မတီဝင်များ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများအပြီးတွင် ဧည်.ခံထားသော ကော်ဖီနှင်. မုန်.များ လွတ်လပ်စွာ သုံးဆောင်ရင်း အသင်းဝင်များ တွေ.ဆုံြေ့ပာဆိုကြပြီး ၁၁း၃၀ နာရိတွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည် ။အခမ်းအနားတွင် အသင်းဝင်သစ်လက်ခံခြင်း ၊ အသင်းဝင်ဟောင်းများထံမှ နှစ်စဉ်ကြေး လက်ခံခြင်းများကိုလည်း မအိ နှင်.ကျောင်းသူဟောင်းများမှ တာဝန်ယူ လုပ်ဆောင်ပေးခဲ့ပါသည် ။



ဓါတ်ပုံများကို အောက်ပါ Facebook Link များတွင် ကြည်.ရှု နိုင်ပါသည်

No comments:

Post a Comment