Wednesday, March 25, 2015

ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆု





လောက၀ယ် ပညာမည်မျှအရေးကြီးကြောင်း အထူးပြောနေဖို.ပင် မလို ။
သံသရာအတွက်  လောကုတ္တရာ ဆိုင်ရာ သိမှတ် လေ.လာ ကျင်.ကြံ အားထုတ်ရန်များ ၊
လောကီဆိုင်ရာ ဘ၀တိုးတက်ရေး အတွက် အတတ်ပညာ / အတန်းပညာများ စသည်တို.က မည်သို.၀ိဝါဒကွဲပြားနေသည်ဖြစ်ပါစေ လိုအပ်နေမြဲဖြစ်သည် ။

ထို.အတွက်လည်းဆင်ခြင်တုံတရား ပြည်.၀သော မိဘများက မိမိတို.သားသမီးများ ပညာတတ်များဖြစ်နိုင်ရေး ကြိုးပမ်းပေးနေကြသကဲ့သို. ဘ၀နောင်ရေး အရှည်မျှော်တွေးတတ်ကြသော ကျောင်းသား/လူငယ်များကလည်း ပညာတတ်များဖြစ်ဖို.အရေး ကြိုးပမ်း အားထုတ်နေကြသည် ပဲဖြစ်သည် ။

သို.ရာတွင် ဖြစ်တတ်သည်.လောက၏ သဘောအတိုင်း ထူးချွန်သော ကျောင်းသား/သူအချို.အတွက် စိတ်အေးစွာပညာဆက်လက် သင်ကြားနိုင်ရေးအတွက် အထောက်အပံ. ကောင်းကား ( အချို.သောကျောင်းသားတို.အတွက် ) မဖြစ်မနေ လိုအပ် နေတတ်ကြသည် ။

ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) သည် ရန်ကုန်ရောက် ၀ါးခယ်မမြို.သားများမှ ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြခြင်းဖြစ်ပြီး အသင်း၏လုပ်ငန်းစဉ်များမှာ ပညာ / ကျန်းမာ / သာယာ ဟူ၍ ဖြစ်သည် ။ ထို လုပ်ငန်းစဉ်များအနက် ပညာကိစ္စရပ်များအနက် လုပ်ငန်းစဉ် တစ်ခုဖြစ်သော ပညာသင်ထောက်ပံ.ကြေးဆိုင်ရာ ကိစ္စရပ်များကို ယခင်က အသင်းအမှုဆောင်များ နှင်. အမှုဆောင်များ၏ မေတ္တာရပ်ခံချက်အရ  တစ်ဦးချင်းစီ မှသာ တာဝန်ယူထောက်ပံ.ပေးနေခဲ့ကြသည် ။

၁၉၈၀ ပြည်.တွင်မူ အသင်း၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ယခုတိုင် ဂုဏ်ထူးဆောင် နာယကကြီးဖြစ်သော သခင်သိန်းဖေ ( ၀ါးခယ်မ ) မှ နိုင်ငံ. ဂုဏ်ရည် ပထမဆင်.အတွက် နိုင်ငံတော်မှ ချီးမြှင်.ငွေ ၃၀၀၀၀ ကို ကိုယ်တိုင်၂၀၀၀၀ ထပ်မံ ထည်.၀င်ကာ ပညာရေး ပဒေသာပင်စိုက်ထူပြီး  ပညာသင်ထောက်ပံ.ကြေးဆိုင်ရာ ကိစ္စရပ်ကို တစ်ဦးချင်းစီ လုပ်ဆောင်သောပုံစံမှ အသင်း မှ လုပ်ဆောင်သော ပုံစံသို.ပြောင်းလဲပေးခဲ့သည် ။

၁၉၈၀ ပြည်.နှစ်မှစ၍ ပညာသင်ထောက်ပံ.မှု ပုံစံပြောင်းခဲ့သော်လည်း ပိုမိုပြည်.စုံသော စနစ်ဖြစ်စေရန်၂၀၁၀ ပြည်.နှစ် ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) အသင်းဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်မှစ၍ အရှိန်အဟုန်မြှင်. လုပ်ဆောင်ခဲ့ပါသည် ။ ထိုသို.လုပ်ဆောင်နိုင်ရန် အတွက် ဂုဏ်ထူးဆောင်နာယကဗိုလ်မှုးကြီးအံ.ကျော် ( ငြိမ်း ) - ဒေါက်တာဒေါ်စမ်းနွဲ. နှင်. ဦးသန်းဇော်ထွန်း - ဒေါ်မျိုးမျိုး ၊ ဦးမျိုးသန်း - ဒေါက်တာနန်းဦးခိုင် တို.မှ ၅၅၅၀၀၀၀၀ ကျပ်- ၅၅၅ သိန်း  စတင်မတည်ပြီးနောက်  ဆရာမကြီး ဒေါ်ပိုက်မိအားရည်စူး၍ ညီ/အကို /မောင်/နှစ်မ/တူ/တူမများမှ ၄၀ ,၀၀၀၀၀ ကျပ် ၊ ဒေါက်တာဇော်ထွန်း - ဒေါ်ဌေးဌေးကြည် မိသားစု ( SSC & Pinlone Group ) ၂၄ ,၀၀၀၀၀ ကျပ် ၊ ကွယ်လွန်သူ ဒေါ်ကြည်ဝင်း အားရည်စူး၍ ဦးကျော်မိုးလွင် - ဒေါ်မဉ္စူဦး မိသားစု မှ ၂၀ ,၀၀၀၀၀ ကျပ် ၊ ဦးကျော်ဝင်း - ဒေါ်ညိုလေးကြည် မိသားစု မှ ၁၀ ,၀၀၀၀၀ ကျပ် ၊  ဦးသိန်းထွန်း ( ဥက္ကဋ္ဌ - ထွန်းဖောင်ဒေးရှင်းဘဏ် ) မှ ၁၀ ,၀၀၀၀၀ အပါအ၀င် အလှုရှင်အသီးသီး မှ လှုဒါန်းခဲ့ကြပါသည် ။

 ထို.အပြင် ဤကဲ့သို. ပညာရေးထောက်ပံ.မှု အစီအစဉ်အတွက် လှုဒါန်းငွေ ကို ၁၉၈၀ပြည်.နှစ်က စတင်မတည်လှုဒါန်းပေးခဲ့သော   ဂုဏ်ထူးဆောင်နာယက ကြီး သခင်သိန်းဖေ ( ၀ါးခယ်မ ) က ၂၀၁၄ ခုနှစ်တွင်  ၅၀၀ , ၀၀၀၀၀ -သိန်း၅၀၀တိတိ ကိုထပ်မံလှုဒါန်းပေးခဲ့ပြန်ပါသည် ။ ထိုသို. ပညာပါရမီဖြည်.ဆည်းလိုသူစေတနာရှင်များ ၏ လှုဒါန်းငွေ စုစုပေါင်း  သိန်း ၁၆၀၀ ကျော်ကို အရင်းတည်၍ ရရှိလာသော အတိုးအညွန်.ငွေများကို အသုံးပြု ထောက်ပံ.ချီးမြှင်.ပေးနေခြင်း ဖြစ်ပါသည် ။

ထိုပညာသင်ထောက်ပံ.ခြင်းကို ယခင်က ၀ါးခယ်မမြို.နယ်အသင်း ပညာသင်ထောက်ပံ.ကြေး အစီအစဉ် ( မြို.နယ်အသင်း ပညာသင်ဆု ) ဟူ၍ခေါ်ဝေါ်သုံးစွဲခဲ့သော်လည်း ယခုပညာသင်ထောက်ပံ.ကြေး အစီအစဉ်ကို စတင်မတည်ပေးခဲ့သူ ၊ ယခုတိုင်လည်း လှုဒါန်းပေးခဲ့သူ ၊ မြို.အတွက်လည်း မြို.နယ်ဂုဏ်မြှင်.တင်ပေးနိုင်ခဲ့သူ ဖြစ်သော သခင်သိန်းဖေ ( ၀ါးခယ်မ ) အား ဂုဏ်ပြုသော အနေဖြင်. သခင်သိန်းဖေ ပညာရေးဖောင်ဒေးရှင်း - ပညာသင်ဆု ဟူ၍ ၂၀၁၄ ခုနှစ်မှစကာ ပြောင်းလဲသုံးစွဲခဲ့ပါသည်

 ပညာရေးဆုချီးမြှင်.မှု အစီအစဉ်အနေဖြင်.၂၀၁၀ မှစကာနှစ်အလိုက် ထောက်ပံ. မှုများ မှာ - 


၂၀၁၀ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်   ၇ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၃၃, ၀၀၀၀၀ ကျပ်
၂၀၁၁ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်  စုစုပေါင်း ၁၅ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၉၉ ,၀၀၀၀၀ ကျပ်

၂၀၁၂ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်  စုစုပေါင်း ၂၂ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၁၃၆ ,၁၀၀၀၀ ကျပ်

၂၀၁၃ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်  စုစုပေါင်း ၄၂ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၁၈၁ ,၇၀၀၀၀ ကျပ်

၂၀၁၄ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်    စုစုပေါင်း ၅၈ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၁၃၆ ,၁၀၀၀၀ ကျပ် ထောက်ပံ.ချီးမြှင်. ခဲ့ပြီးဖြစ်ပါသည်။



ယခု ၂၀၁၅ ပညာသင်နှစ်အတွက်လည်း ကျောင်းသား/သူ ၁၇ ဦးအား ပညာသင်ထောက်ပံ.ကြေး ချီးမြှင်.ရန်ထပ်မံရွေးချယ်ခဲ့ပြီး စတင်ထောက်ပံ.နေပြီ ဖြစ်ပါသည် ။ ထို ၁၇ ဦးမှာ မအူပင် / မှော်ဘီိ / လှိုင်သာယာ နည်းပညာတက္ကသိုလ် တို.တွင်တက်ရောက်နေသော ကျောင်းသား   ၁၄ ဦး နှင်. ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်နေသောကျောင်းသူ ၃ ဦး ဖြစ်ပါသည် ။ ထို.ကြောင်. ယခု ၂၀၁၅ ပညာသင်နှစ်တွင် ပညာသင်ဆုရှင်ပေါင်း ၅၅ ဦး ရှိနေပါသည် ။ 

၂၀၁၀ မှစ၍ ပညာသင်ထောက်ပံ.ကြေး ရယူခဲ့သည်.ကျောင်းသား/သူများအနက်  ကျောင်းသား/သူ ၂၀ ဦးမှာ ဘွဲ.ရခဲ့ပြီးဖြစ်ပါသည် ။

ပညာသင်ဆုရွေးချယ်ရေးအတွက်ကိုမူ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) နှင်. ၀ါးခယ်အကျိုးဆောင်အဖွဲ.တို.ထံ လျှောက်ထားလာသော ပညာသင်ဆုများကို ပထမအဆင်.ဥိးစားပေး ၁ / ၂ / ၃ / ၄ .ရွေးချယ်ခြင်း ၊ ဒုတိယ အဆင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် )  ပညာရေးဆပ်ကော်မတီ မှ ပမာဏရွေးချယ်ခြင်း နှင်. နောက်ဆုံးအဆင်. အသင်း အမှုဆောင်များအစည်းအဝေးတွင် အတည်ပြု ချက်ရယူဆုံးဖြတ်ခြင်း ပုံစံဖြင်. ရွေးချယ်ပေးနေခြင်းဖြစ်ပါသည် ။

ယခင်က ပညာသင်ဆု လျှောက်ထားသူများ အနေဖြင်. ပညာသင်ဆု ရရှိဖူးသူများ ၊ အသင်း နှင်. နီးစပ်ပတ်သက်သူများထံမှသာ သတင်းရယူလျှောက်ထားလေ.ရှိပြီး ယခုလာမည်. ၂၀၁၅ ပညာသင်နှစ်မှ စ၍ ၀ါးခယ်မမြို.နယ်အတွင်းရှိ အထက်တန်းကျောင်း ၁၁ ကျောင်း ၊ ကျောင်းခွဲ ၇ကျောင်း တို.သို.ပညာသင်ဆုသတင်းရောက်ရှိနိုင်ရေး ၀ါးခယ်မမြို.နယ်အသင်းမှ နည်းလမ်းစုံ အသုံးပြု အသိပေးဖြန်.ဝေသွားမည်ဟု သိရသည် ။

ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆု အတွက်လျှောက်ထားသူများ အနေဖြင်.
( ၁ ) ရိုးသား၍ ကြိုးစားသော ၀ါးခယ်မသား ဖြစ်ရမည် ။

( ၂ ) တက္ကသိုလ်ဝင်တန်းအပါအ၀င် လိုအပ်သော စာမေးပွဲများတွင် ထူးချွန်၍ ရမှတ်ကောင်း ရမည် ။

( ၃ ) ငွေကြေး ချို.တဲ့ပြီး ဆွေမျိုး အပါအ၀င် အခြားသူများ၏ထောက်ပံ.မှု မရရှိသူ ဖြစ်ရမည် ။

( ၄ ) မိဘ နှစ်ပါး မစုံလင်သူကို ဦးစားပေးမည်
( အထက်ပါ အချက်အလက်များသည် လတ်တလော သတ်မှတ်ထားချက်များဖြစ်ပြီး အခါအားလျှော်စွာ ပြင်ဆင် /ဖြည်.စွက်မှုများ ရှိနိုင်ပါသည် ) ဟူ၍ သတ်မှတ်ထားသည် ။

ထိုကိစ္စရပ်အသေးစိပ်အတွက်ဆက်သွယ်လိုသူများ / စုံစမ်းလိုသူများ / လှုဒါန်းလိုသူများ အနေဖြင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဖုန်း ၀၁ - ၂၂၆၅၉၀ သို.ဆက်သွယ်နိုင်ပါသည် ။




ဆက်စပ်ဖတ်ရှု ရန်များ


သခင်သိန်းဖေ (၀ါးခယ်မ)အတ္ထုပ္ပတ္တိအကျဉ်း

မြို.လေးက နိုင်ငံဂုဏ်ရည် ဘွဲ.ရှင်များ
 

ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆုရ မအူပင်နည်းပညာတက္ကသိုလ် ကျောင်းသား /သူ များနှင်. Familiar Facing 


ဒုတိယမြောက် မိသားစု တွေ.ဆုံပွဲ ၊ ရင်ဖွင်.ပွဲ ၊ အသိတရား မျှဝေခြင်း နှင်. ၀ါးခယ်မသားစိတ်ဓါတ် မြှင်.တင်ခြင်း
 

Sunday, March 22, 2015

ကိုယ်ချင်းစာ တရားဆိုတာ .....

 



စားသောက်ဆိုင်မှာ ကျွန်မတို့စားပွဲဝိုင်းကို တာဝန်ယူစားပွဲထိုးတဲ့မိန်းကလေးက ငယ်ရွယ်နုပျိုသူတစ်ဦးပါ။ သူ့ကို ကျွန်မသတိထားမိရတာက သူဟာ စားပွဲထိုးရာမှာ တုံ့နှေးတုံ့နှေးနဲ့ ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်သေးတဲ့ ပုံစံမို့ပါ။ သူဟင်းတွေချနေတုန်း ဟင်းရည်တွေ ကျွန်မပေါ် သူမတော်တဆ လောင်းချလိုက်မှာကို ကျွန်မစိုးရိမ်နေမိတယ်။

ကျွန်မရဲ့ဆဌမအာရုံက ကျွန်မကို မညာခဲ့ပါဘူး။ ကျွန်မဘေးကနေ ငါးပေါင်းဟင်းကို သူလာချတော့ ပန်းကန်က ရွဲ့ရွဲ့စောင်းစောင်းနဲ့။ ညှီနံတထောင်းထောင်းထနေတဲ့ ငါးဟင်းရည်တွေက စားပွဲခုံပေါ်တင်ထားတဲ့ ကျွန်မပိုက်ဆံအိတ်ပေါ် တစ်စက်စက်စီးကျလာခဲ့တယ်။

ဒါကိုမြင်တော့ ဖျတ်ခနဲ ကျွန်မအလိုလို ထရပ်လိုက်မိတယ်။ကျွန်မရဲ့မျက်နှာကလည်း ဒေါသတကြီးနဲ့ ထစ်ချုန်းတော့မယ်မိုးလို ရုတ်ချည်မည်းသွားတယ်။ ဒီပိုက်ဆံအိတ်က ကျွန်မအီတလီကနေ ဝယ်ခဲ့တဲ့ ပိုက်ဆံအိတ်၊ ဈေးကြီးပေးပြီး ဝယ်ခဲ့ရတဲ့ အကောင်းစားပိုက်ဆံအိတ်၊
ကျွန်မအနှစ်သက်ဆုံး ပိုက်ဆံအိတ်။



ဒါပေမယ့် ကျွန်မဒေါသတွေ သူ့အပေါ်မကျရောက်ခင် ကျွန်မအချစ်ဆုံသမီးက လှစ်ခနဲထပြီး စားပွဲထိုးကောင်မလေးဘေးမှာ လာရပ်တယ်။ ပြီးတော့ နွေးထွေးတဲ့အပြုံးနဲ့ ကောင်မလေးပခုံးကိုကိုင်ပြီး
ဘာမှမဖြစ်ဘူး.. ကိစ္စမရှိဘူး”လို့ ဆိုတယ်။

စားပွဲထိုးကောင်မလေးက ချောက်ချားပြီး အကူအညီမဲ့တဲ့အကြည့်နဲ့ ဟင်းရည်တွေပေသွားတဲ့ ကျွန်မရဲ့ပိုက်ဆံအိတ်ကို ကြည့်ပြီး
ဟို.. ဟို.. ကျွန်.. ကျွန်..မ အဝတ်စယူပြီး သုတ်လိုက်မယ်”လို့ တုန်တုန်လှုပ်လှုပ်ပြောတယ်။

ဒါကို သမီးက မထင်မှတ်ဘဲ“ကိစ္စမရှိပါဘူး… အိမ်ရောက်ရင် ရေနဲ့ဆေးလိုက်မယ်..တကယ် ဘာမှမဖြစ်ဘူး..စိတ်ထဲမထားနဲ့..လုပ်စရာရှိတာလုပ်ပါ ” လို့သူ့ကိုပြန်နှစ်သိမ့်လိုက်တယ်။

ကြည့်ရတာ သူကပဲ အမှားလုပ်တဲ့လူလို သမီးရဲ့အသံက ညင်သာပျော့ပျောင်းနေတယ်။ ဒီလိုအချိန်ကျမှ စားပွဲထိုးကောင်မလေးရဲ့ ချောက်ချားထိတ်လန့်နေတဲ့မျက်နှာက တဖြေးဖြေးပြေလျော့ပြီး အသံတိုးတိုးလေးနဲ့“ကျွန်မ တောင်းပန်ပါတယ်”လို့ပြောတယ်။ပြီးတော့ ခေါင်းငုံ့ပြီး ထွက်သွားတော့တယ်။

သမီးကို ကျွန်မစူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ လေအပြည့်လွန်သွားတဲ့ ပူစီဖောင်းတစ်လုံးလို ကျွန်မရဲ့ဒေါသတွေ ဖောက်ခွဲချင်ပေမယ့် ပေါက်ကွဲခွင့်မရလိုက်ဘူး။ သမီးလည်း ကျွန်မကို ငြိမ်ငြိမ်ဆိတ်ဆိတ်ပြန်ကြည့်နေတယ်။

စားသောက်ဆိုင်ရဲ့ ကြည်လင်တဲ့မီးရောင်အောက်မှာသမီးမျက်ဝန်းကျယ်ထဲက မျက်ရည်တချို့လဲ့နေတာကိုကျွန်မထင်ထင်ရှားရှားတွေ့လိုက်မိတယ်။စိတ်တိုရမယ့်အစား ကျွန်မထိတ်လန့်သွားမိတယ်။ ငါ့သမီးလေး.. ဘာများဖြစ်တာပါလိမ့်….အဲဒီနေ့ည အိမ်ပြန်ရောက်တော့ကျွန်မတို့သားအမိနှစ်ယောက် ကုတင်ပေါ်မှာပူးပူးကပ်ကပ်လဲလျောင်းနေချိန်မှပဲ သမီးကသူ့အဖြစ်ကို ရင်ဖွင့်တော့တယ်။

သမီးကို ကိုယ့်အားကိုယ်ကိုးတတ်အောင်အင်္ဂလန်လွတ်ပြီး ကျွန်မကျောင်းထားခဲ့တယ်။ကျောင်းပိတ်ရက်အတွင်းမှာလည်း သူ့ကို အိမ်ပေးမပြန်ခဲ့ဘူး။အင်္ဂလန်မှာ အလုပ်လုပ်ရင်း ကျောင်းတက်တဲ့ဘဝကိုသူခံစားနိုင်ဖို့ ကျွန်မတို့မျှော်လင့်ခဲ့တယ်။

သူ့အစ်ကိုကြီး အမေရိကားမှာကျောင်းတက်တုန်းက ကျောင်းတွင်းစာပို့လုလင်လုပ်ခဲ့ဖူးတယ်။ သူ့အစ်ကိုငယ်လည်း လက်တွေ့စမ်းသပ်ခန်းမှာ အကူအဖြစ် ဝင်လုပ်ခဲ့ဖူးတယ်။ သွက်သွက်လက်လက် ချစ်စရာကောင်းတဲ့ ဒီသမီးထွေးလေးက အိမ်အလုပ် ဘာမှလုပ်ခဲ့ဖူးတယ်ဆိုတာ မရှိဘူး။ အိမ်အလုပ်တွေ သူလုပ်ဖို့ အလှည့်မကျခဲ့ဘူး။

ဒီလိုသမီးလေးက နယ်ခြားမြေခြား အင်္ဂလန်ရောက်တော့စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း ကျောင်းတက်ခဲ့တယ်။ပထမတစ်ရက် အလုပ်စတက်တဲ့နေ့မှာပဲ သူအမှားလုပ်ခဲ့တယ်။



အဲဒီနေ့က မီးဖိုမှာ ဝိုင်ဖန်ခွက်တွေဆေးဖို့ သူတာဝန်ကျတယ်။ခြေတံသေးသေးသွယ်သွယ်နဲ့ ဝိုင်ဖန်ခွက်တွေက ပုစဉ်းရဲ့တောင်ပံလို ပါးလွှာလှတယ်။အားလေးနည်းနည်းပါသွားရင်တောင်တစစီကျိုးကြေသွားမယ့် ပုံစံပါပဲ။ဖန်ခွက်တွေကို သမီးသတိထားပြီး ဆေးလိုက်ပါတယ်။တစ်သက်လုံးဆေးလည်း ကုန်မှာမဟုတ်ဘူးလို့တွေးထင်ထားတဲ့ ဖန်ခွက်တွေကို အားလုံးဆေးပြီးတော့သမီးရင်ပေါ့သွားတယ်။ ဒါပေမယ့် မထင်မှတ်ဘဲကိုယ်ကိုလှည့်လိုက်ချိန် မှောက်ထားတဲ့ ဖန်ခွက်တွေကိုသူတိုက်လိုက်မိတယ်။

“ချွမ်.. ခလွမ်…”ဆိုတဲ့ အသံတွေဆက်တိုက်ပေါ်လာပြီးနောက် ကြမ်းပြင်ပေါ်မှာလက်လက်ထနေတဲ့ ဖန်ခွက်အပိုင်းအစတွေ စုပုံသွားတော့တယ်။

မေမေ.. အဲဒီတခဏ သမီးလေ ငရဲပြည်အောက်ပြုတ်ကျသွားသလိုပဲ ခံစားမိတယ် သိတယ်..” သမီးရဲ့အသံမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပါနေသေးတယ်။

တဆက်တည်း တခြားဝန်ထမ်းဖက်သူလှည့်ပြီး ဖန်ခွက်ကွဲတွေကို လှဲကျင်းဖို့ပြောတယ်။သမီးကို အပြစ်တင်တဲ့စကားတစ်ခွန်းမှ သူမပြောခဲ့ဘူး။

နောက်တစ်ကြိမ်က ဝိုင်တွေကို ဖန်ခွက်ထဲသမီးသွန်ထည့်နေတုန်း မတော်တဆဝိုင်တွေဖိတ်ပြီးအမျိုးသမီးဧည့်သည်ရဲ့ဂါဝန်ဖြူဖြူကို အရောင်စွန်းသွားတယ်။မတော်တဆဆိုပေမယ့် ဒါဟာ ဒေါသထွက်စရာပါ။ဒါပေမယ့် ဧည့်သည်အမျိုးသမီးက အမျက်ဒေါသမထွက်တဲ့အပြင် ကြောက်ရွံ့နေတဲ့သမီးကို “ကိစ္စမရှိဘူး.. ဝိုင်ပေတာ လျော်ရလွယ်ပါတယ်”လို့ နှစ်သိမ့်စကားပြောခဲ့တယ်။ထိုင်ရာကထရပ်ပြီး သမီးပခုံးကိုညင်ညင်သာသာပုတ်ပြီး သန့်စင်ခန်းဘက်သူ အေးအေးဆေးဆေး လျှောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သမီးရဲ့မန်နေဂျာက သမီးကိုဘယ်လိုဆက်ဆံသလဲ မေမေသိလား…သမီးဆီကို သူအေးဆေးလျှောက်လာပြီးသမီးကိုပွေ့ဖက်လိုက်တယ်…ပြီးတော့.." Dear, သမီးလေး ဘာမှမဖြစ်ဘူး မဟုတ်လား"လို့မေးတယ်။

သမီးက သူ့အဖြစ်ကို မျက်ရည်အဝဲသားနဲ့ ပြောပြနေရင်းကကျေးဇူးတင်တဲ့လေသံနဲ့ ကျွန်မကို“မေမေ… တခြားလူတောင် မေမေ့သမီးကိုခွင့်လွှတ်နားလည်ပေးနိုင်သေးတာပဲ။မေမေလည်း အမှားလုပ်မိတဲ့ တစ်ပါးသူရဲ့သမီးကိုခွင့်လွှတ်နားလည်ပေးလိုက်ပါနော်မေမေ”လို့ ဆိုတယ်။

သမီးကို ကျွန်မရင်ခွင်ထဲ တင်းတင်းလေးပွေ့ဖက်ထားလိုက်မိတယ်။ သူတစ်ပါးကတောင်ကိုယ့်သမီးကို ခွင့်လွှတ်နားလည်ပေးသေးတာပဲ။ကျွန်မက ဘာလို့ သူတစ်ပါးရဲ့သမီးကို ခွင့်မလွှတ်နိုင်ရမှာလဲ။သမီးကို ကျွန်မကျေးဇူးတင်မိပါတယ်။အသက်ငယ်ရွယ်ပေမယ့် ကျွန်မကိုခွင့်လွှတ်နားလည်တတ်ဖို့ သူသင်ခန်းစာပေးခဲ့လိုက်လို့ပါပဲ။


From Search Myanmar @ Facebook