Thursday, February 5, 2015

ကောင်းခါးရွာ လူသတ်မှု မှ စိတ်ဝင်စားစရာများ ( ၂ )







ကောင်းခါ ရွာ ဆရာမ နှစ် ဦးအား သတ် ဖြတ်ခဲ့သူ များဟု သံသယရှိကြသော KIA တပ်မဟာ ၂ မှ တပ်ကြပ် အဆင့်အမည် ဖောယူဂွမ် ဆိုသူ နှင့် သူ ၏ နောက် လိုက်၂ ဦး အား  KIA မှ စစ် ဘေး ရှောင် စခန်း တွင် ခို လှုံခွင့်ပေး ထား ကြောင်း သတင်းထွက်ပေါ်လာပြီး မကြာမှီမှာပင်   ဇန်န၀ါရီ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က KIA တပ်မဟာ ၂ မှ ဒုဗိုလ်အဆင့်ရှိသူနှင့် တပ်ဖွဲ့ဝင်စစ်သည် ၇ ဦးမှ  ဖော်ယူဂွမ် နှင့် အပေါင်းပါ ၃ ဦးအား ကချင်ဒုက္ခသည် နယ်စပ်စခန်းတစ်ခုတွင် လာရောက်ခေါ်ဆောင်သွား ကြောင်း သိရှိရသည် ...မည်သည့်နေရာသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ကို မသိရှိရသေးပါ ...ဟူသော သတင်းဆက်ထွက်ပေါ်လာသလို နောက်ဆက်တွဲဖြစ်သော    ဇန်န၀ါရီ ၃၁ ရက်နေ့ နံနက်ပိုင်းက သတ်ဖြတ်မီးရှို့ထားရှိသော အလောင်း ၄ လောင်းကို တွေ့ရှိခဲ့ကြောင်းနှင့် စစ်တပ်မှ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့် ၀ါဒဖြန့်လာ နေသည်ကို တွေ့ရှိရပြီး အမှန်တွင် အဆိုပါ အလောင်းများသည် ဖော်ယူဂွမ်နှင့် အပေါင်းပါ များ၏ အလောင်းများသာ ဖြစ်ကြပြီး ဆရာမ ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ KIA မှ နှုတ်ပိတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည် ဟူသော သတင်းတို.က အထူးစိတ်ဝင်စားစရာဖြစ်လာခဲ့သည် ။

စစ်ဆေးရေးအဖွဲ.အနေဖြင်.မူ ဇန်န၀ါရီ ၂၉ ရက်တွင် ကောင်းခါးရွာသား ခြောက်ဦးအား စစ်ဆေးခဲ့ပြီး ယင်း မတိုင်မီက ရွာသားနှစ်ဦးကို စစ်ဆေးရန်   နှစ်ရက်ကြာ ခေါ်ဆောင်သွားခဲ့ကာ ရွာသို.ပြန်လည်ပို.ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည် ။ တာဝန်ရှိသူတစ်ဦးဖြစ်သော ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားရာတွင် “အထူးစုံစမ်းရေး ကော်မတီ ဖွဲ့ထားပြီး အမှုမှန် အမြန်ဖော်ထုတ်နိုင်ဖို့ သက်ဆိုင် ရာ အဖွဲ့တွေက အပူတပြင်း စုံစမ်းနေပါတယ်။ လက်ရှိ ကျူးလွန်ခဲ့တဲ့ တရားခံ အစစ် ကို မဖော်ထုတ်နိုင်သေးတာကြောင့် ကျူးလွန်ခဲ့သူတွေက အရပ်သားတွေ လား၊ တပ်မတော်ကလား၊ KIA ကလား ဆိုတာ ဘာမှ မပြောနိုင်သေးပါဘူး” ဟု ဆိုခဲ့သည်။

အမှုဖြစ်ပြီးနောက်တစ်နေ. ဇန်န၀ါရီ ၂၀ ရက်နံနက် အစောပိုင်းချိန်တွင် တပ်မတော်သားအချို့ကားဖြင့် ရွာမှ ထွက်သွားခဲ့သည်ကို တွေ့ရသောကြောင့် ရွာသားများက သံသယပိုကြီးခဲ့ကြောင်း ပြောဆိုခဲ့မှု နှင်.ပတ်သက်၍ ကားဖြင့် ထွက်သွားသည်ဆိုသည့် တပ်မတော်သားသုံးဦးမှာ တပ်ကိစ္စဖြင့် သွားခြင်းဖြစ်ပြီး ၎င်းတို့ကို မူဆယ်ရဲစခန်းတွင် စစ်ဆေးခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။


 ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှု အားနည်းချက်အချို.ရှိခဲ့ပြီး ခေါ်ယူစစ်ဆေးမေးမြန်းတဲ့အခါမှာလည်း ဖုံးကွယ်မှုတွေ ရှိနေတတယ်ဆိုတဲ့ သတင်းအချို.ထွက်ပေါ်လာချိန်မှာပဲနောက်ထပ် စစ်ဆေးတွေ့ရှိချက်တစ်ခုက စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ် ။သူကတော့ အခြားမဟုတ်ပါဘူး။ ဆရာမနှစ်ဦးအသတ်ခံရတဲ့ အိမ်အနား က ဒေါ်ခွန်မိုင်ရဲ့သား မာတီး ဆိုတဲ့လူပဲဖြစ်တယ်လို.ဆိုပါတယ်

ဆရာမနှစ်ဦးနေသည့်အိမ်သည် ကျောင်းနှင့်ရွာရှိအိမ်အချို့နှင့် လမ်းခြားထားသည့်နေရာတွင် တည်ရှိသည်။ ဆရာမနှစ်ဦး နေထိုင်သည့် အဆောင်သည် ဘုရားကျောင်းဝင်းအတွင်း တည်ရှိပြီး ဘေးပတ်လည်၌ ကြံခင်းများ ၀ိုင်းရံလျက်ရှိသည်။ အဆိုပါကြံခင်းများထဲတွင် ကောင်းခါးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ခေါန်မိုင်၏ နေအိမ်လည်း
ရှိသည်။
 ဒေါ်ခေါန်မိုင်၏ နေအိမ်သည် ဆရာမများနေအိမ်မှ ကိုက် ၂၀ ခန့်အကွာအဝေးတွင် တည်ရှိခြင်းဖြစ်သည်။

‘‘သမီးက အဒေါ့်ကိုနှိုးတယ်။ မိန်းကလေးတစ်ယောက် အော်လိုက်တဲ့ အသံကြားတယ်လို့။ တအားအော်သံတော့ မဟုတ်ဘူး။ ပါးစပ်ကိုပိတ်ထားပြီးမှ လည်ပင်းကိုညှစ်ထားပြီး ထွက်လာတဲ့အသံမျိုးနဲ့။ သေချာပြန်နားထောင်တော့ ဘာသံမှမကြားတော့ဘူး’’ဟု ဒေါ်ခေါန်မိုင်က ပြောသည်။

နားထဲကြားသည့်အသံများမှာ အမှန်တကယ်လား၊ ချောက်ချားမှုများလားဆိုသည့် သံသယများလွန်ဆွဲရင်း ဒေါ်ခေါန်မိုင်နှင့် အခြားနှစ်ဦးတို့သည် ကြံခင်းကိုဖြတ်ရင်း ဆရာမများကို သွားရောက်နှိုးခဲ့ကြောင်း ဒေါ်ခေါန်မိုင်ကပြောသည်။ အိမ်ထရံကိုပုတ်နှိုးခဲ့သော်လည်း အချိန်အတန်ကြာတုံ့ပြန်မှုမရှိပေ။ ထို့ကြောင့် ကြားရသည့် သံသယဖြစ်ဖွယ်အသံများမှာ ဆရာမများ၏နေအိမ်မှမဟုတ်ဟု ယူဆပြီးနေအိမ်သို့ ပြန်လှည့်လာခဲ့ကြောင်း ဒေါ်ခေါန်မိုင်ကပြောသည်။

သူမက မူလက ဤသို.ပြောဆိုခဲ့သော်ငြား ဧည်.သည်တွေက သူတို့ရောက်တဲ့အချိန်ကစပြီး မာတီးကို အိမ်မှာ မတွေ့ရတာပါလို.ဆိုပါတယ် ။ ည ၁၁ နာရီခွဲလောက် ဘုရားကျောင်းဘက်ကအော်သံကြားလို့ ကိုမျိုးတင့်တို့ လင်မယားနဲ့ အိမ်ရှင် ဒေါ်ခွန်မိုင်တို့ သွားကြည့်ခဲ့ကြ တယ်။ အဲဒီအချိန်မှာလည်း အိမ်မှာ မာတီး မရှိပါဘူး။
ဆရာမနှစ်ဦးအိမ်ရှေ့ရောက်တော့ ဒေါ်ခွန်မိုင်တို့ အော်ခေါ်ပေမယ့် ပြန်ထူးသံ
မကြားရဘူး။ အိမ်နံရံကိုလက်နဲ့ပုတ်နှိုးခဲ့ပေမယ့် ပြန်ထူးသံမကြားတာနဲ့ ပြန်လာ ခဲ့ကြတယ်။ အိမ်ပြန်ရောက်တဲ့အထိ မာတီးကို မတွေ့ရပါဘူး။ ဒါဆိုရင် အဲဒီညတစ်ညလုံး မာတီးဘယ်သွား နေလဲ သံသယဖြစ်စရာကောင်းပါတယ်။

မနက်မိုးလင်းတဲ့အထိ မာတီး အိမ်ပြန်မလာသေးဘူးဆိုတာ ကိုမျိုးတင့်တို့ မျက်မြင်သက်သေ ရှိနေ ပါတယ်။ သံသယအရှိဆုံးလူဟာ မာတီးပါ ဆိုပြီး ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒါပေမယ့် မိခင် ဒေါ်ခွန်မိုင်က သူ့သား မာတီး အဲဒီနေ့ညက အိမ်မှာ ရှိနေတယ်လို့ ထွက်ဆိုထားပါတယ်။ ညအိပ်တဲ့အချိန်ထိ မာတီးကို မတွေ့ရဘူးလို့ထွက်ဆိုထားတဲ့ ကိုမျိုးတင့်တို့ရဲ့ ထွက်ဆိုချက်နဲ့ အိမ်မှာ ရှိပါတယ်လို့ ထွက်ဆို ထားတဲ့ ဒေါ်ခိုင်မွန်တို့ဟာ ကွဲလွဲမှုတွေ ဖြစ်နေတာတွေ့ရပါတယ်။

  အိမ်မှာ အမှန်သာရှိခဲ့လျှင် ဧည့်သည် ၃ ဦးလုံး တစ်ယောက် မဟုတ်တစ်ယောက် မာတီးကိုမြင်ပါလိမ့်မည်။ မာတီး အိပ်နေတာ မှန်ခဲ့လျှင်တောင် ဆရာမလေးတွေ အော်သံကြားတုန်းက ဘာလို့လိုက်မကြည့်ခဲတာပါလိမ့်။ ကိုယ့်အိမ်နီးချင်း ဆရာမလေးတွေကို ဧည့်သည် ကိုမျိုးတင့်တို့တောင် စိုးရိမ်ပူပန်စွာ သွားကြည့်သေးရင် မာတီးအနေနဲ့ ပိုပြီးကြည့်သင့်တာပေါ့။ ဒါပေမယ့် အိပ်ရာထဲမှာ အိပ်နေခဲ့တဲ့ ပုံစံမျိုးပြောတာကတော့ ယုံကြည်ဖို့ တော်တော်ခက်ခဲနေပါတယ်။

 မာတီး အိပ်တယ် ၊ မအိပ်ဘူး နှစ်မျိုးကွဲပြားနေပါတယ်။ ခေါ်ခွန်မိုင်က အမေဖြစ်တဲ့အတွက် သားကို ကာကွယ်ပြောဆိုပေးနေခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကိုမျိုးတင့်တို့ ၃ ဦးပြောသလို အဲဒီနေ့ညက မာတီး အိမ်မှာ မရှိဘူးဆိုရင် ဘယ်သွား နေသလဲဆိုတဲ့ အဖြေက အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည့်မျှော်လင့်မိပါတယ် ဆိုတဲ့ အယူအဆတစ်ရပ်ကလည်း တကယ်ထည်.သွင်းစဉ်းစားသင်.တဲ့အချက်ဖြစ်နေခဲ့ပါသည် ။

Ref ; 7 Day Daily , OE , The Voice Weekly , ကျော်စွာ ၊ တကကဖိုးစီ ၊ဇော်လင်းခေါင် ၊ ရဲကျော်သူရ 



ဆက်စပ်ဖတ်ရှုရန် 

Wednesday, February 4, 2015

ကောင်းခါးရွာ လူသတ်မှု မှ စိတ်ဝင်စားစရာများ ( ၁ )


Photo from 7 Day Daily


 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်းမြို့နယ် ကောင်းခါးကျေးရွာရှိ ကလေးငယ်များကို ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် KBC ၏ အစီအ စဉ်ဖြင့်   ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စေတ နာ့ဝန် ထမ်းစာသင်ပေးနေသည့် ကျောင်းဆရာမလေးစာသင်ပေးနေသည့် စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမနှစ်ဦး ဖြစ်သောဆရာမ မရန်လုရာနှင့် ဆရာမ ခေါန်နန်စင် တို. ကို ၄င်းတို့တည်း ခိုသည့် ဘုရားကျောင်းဝင်းအတွင်းရှိအိမ်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နေ့က အဓမ္မပြုကျင့်ပြီး အသတ်ခံထားရသည့် သတင်းအတွက် လူမျိုးမရွေး ၊ ဘာသာမရွေး အမှန်တရားမြတ်နိုးသူတိုင်းအတွက်  စိတ်မကောင်းဖွယ်ရာဖြစ်ရပ် စောင်.ကြည်.ဖွယ်ရာ သတင်းတစ်ရပ်ဖြစ်ခဲ့သည် ။ သို.သော် ဤဖြစ်ရပ်က သာမာန်မှုခင်းတစ်ရပ်ထက် နယ်ပယ်ပိုကျယ်ပြန်.ခဲ့သည် ။ မှုခင်းတစ်ရပ်ဖြစ်လျှင် အမှုမှန်ပေါ်ပေါက်စေရန် အားပေး ၊ အဖြေမှားသည်ထင်လျှင် စနစ်တကျ ခိုင်မာစွာထောက်ပြ ၊ ယခုမူ ထိုသို.မဟုတ်ပဲ ကိုယ်ဖြစ်စေချင်သူကို တရားခံအဖြစ် ရုပ်လုံးဖော်နေကြသည် ။ ထိုသူတို.မှ မဟုတ်လျှင် တရားခံမဖြစ်နိုင်ဟု ကြိုတင်ကောက်ချက်စွဲနေကြသည် ။ ထိုကိစ္စကိုအကြောင်းပြု၍ အဖွဲ.အစည်းတစ်ရပ်ကို သိက္ခာချနေကြသည် ။ လူမျိုးရေး မုန်းတီးရန် လမ်းဖော်နေကြသည် ။

အဆိုပါ ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို ကချင်နှစ်ခြင်း ခရစ်ယာန်သာသနာအဖွဲ့ (KBC) က အမှုမှန် ဖော်ထုတ်ပေးနိုင်ရန် သမ္မတထံ စာတင်ခဲ့ပြီး ယင်းအဓမ္မပြုကျင့် သတ်ဖြတ်မှုကို မြန်မာနိုင်ငံ အမျိုးသမီး များကွန်ရက်၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး လှုပ်ရှားသူများက အမှု မှန် ဖော်ထုတ်ပေးရန် ဒေသအနှံ့ ဆန္ဒထုတ်ဖော်မှု ပြုခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း စုံကလည်း ယင်းအမှု အမှန်ဖော်ထုတ်ပေး ရန် တောင်း ဆို ထားကြောင်း မြစ်ကြီး နားမြို့နယ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်သာသနာ ရုံးချုပ်ထံမှ သတင်းရသည်ဟုဆိုကြသည် ။

ဆရာမလေးနှစ်ဦး၏ ရုပ်အလောင်းကို မူဆယ်မြို့မှ မြစ်ကြီးနားမြို့သို့ သယ်ယူသွားစဉ် အမှုမှန်ဖေါ်ထုတ်ပေးရန် လမ်းတစ် လျှောက် ဒေသခံထောင်ချီ၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ကချင်တိုင်းရင်းသားများကလည်းကောင်း၊ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီအချို့က လည်းကောင်း သတင်းစာရှင်းလင်းပွဲများ ကျင်းပပြီး ကြေညာချက်များ အသီးသီး ထုတ်ပြန်၍ အမှုမှန် အမြန်ဆုံးဖေါ်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အမေရိကန် အစိုးရကလည်း မြန်မာအစိုးရကို တိုက်တွန်းလာခဲ့သည် ။

အခင်းဖြစ်နေရာတွင် ဓါတ်ပုံ မှတ်တမ်း ရယူနေကြသူများ

 ဒေသခံများ၏ အဆိုအရ ငယ်ရွယ်သော်လည်း သဘောထားပြည့်ဝပြီး ဒေသခံများနှင့် လိုက်လျောညီထွေနေနိုင်ကြသည့် ဆရာမနှစ်ဦးသည် အသတ်မခံရမီ နာရီပိုင်းအလိုတွင် ၄င်းတို့နေထိုင်ရာ အဆောက်အအုံမှ ငါးမိနစ်ခန့်လမ်းလျှောက်သွားရသည့် ရွာဆယ်အိမ်မှူး၏သားဖြစ်သူ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့ကြောင်း မျက်မြင်များကပြောသည်။
‘‘သူတို့ပြောတာတော့ ပင်ပန်းလို့အိပ်ချင်နေပြီ။ လာခေါ်လို့လိုက်လာရတာလို့ ပြောတယ်’’ဟု မွေးနေ့ပွဲတွင် ဆရာမများနှင့်အတူရှိခဲ့သည့် မဒွဲကပြောခဲ့သည်။

ဒေါ်ခေါန်မိုင်၏အိမ်မှ ခြေလှမ်း ၁၀၀ ခန့်သွားပါက ကောင်းခါးရွာသူတစ်ဦးဖြစ်သည့် ဒေါ်နန့်ဆိုင်း၏အိမ်တည်ရှိသည်။ ဒေါ်ခေါန်မိုင်၊
 ဒေါ်နန့်ဆိုင်းနှင့် ဆရာမများနေထိုင်သည့် အိမ်တို့မှာ ဖိုခုံလောက်ဆိုင်ပုံ တည်ရှိခြင်းဖြစ်သည်။ဆရာမများသည် နေ့စဉ်ကျောင်းသွားတိုင်း ၎င်း၏နေအိမ်ရှေ့ မှ ဖြတ်သန်းသွားကြခြင်းဖြစ်ကြောင်း ဒေါ်နန့်ဆိုင်းကပြောသည်။နောက်
ထပ်အမှတ်သင်္ကေတတစ်ခုမှ ဆရာမများ နံနက်တိုင်း ထမင်းဟင်းချက်သည့် မီးခိုးများကို မြင်နေရခြင်းဖြစ်ကြောင်း ဒေါ်နန့်ဆိုင်းကပြောသည်။

ယခင်မြင်နေကျ မီးခိုးများနှင့် ကျောင်းသွားသည့် ဆရာမများကို ထိုနေ့(ဇန်န၀ါရီ၂၀)တွင် မမြင်ရခြင်းနှင့် ကျောင်းတွင် လူစုံနေပြီဖြစ်သော်လည်း ဆရာမနှစ်ဦး မရောက်လာသေးခြင်းမှာ ၎င်းအတွက် ထူးဆန်းမှုတစ်ခုဖြစ်ကြောင်း ဒေါ်နန့်ဆိုင်းကပြောသည်။
‘‘ဒီကလေးမနှစ်ယောက် အခုထိအိပ်နေတုန်းလားဆိုပြီး တံခါးကိုဖွင့်လိုက်တော့ အဲဒီအဖြစ်ကိုတွေ့တယ်။ ကျွန်မလည်း အပြင်ကို ဘယ်လိုထွက်ပြေးမိမှန်းကို မသိတော့ဘူး။ အပြင်ရောက်တော့လည်း ရပ်တောင်မရပ်နိုင်တော့ဘူး’’ဟု ဒေါ်နန့်ဆိုင်းက ဇန်န၀ါရီ ၂၀ ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် မြင်တွေ့ခဲ့ရသော အတွေ့အကြုံအဖြစ်ဆိုးကြီး မြင်တွေ့လိုက်ရသော အခိုက်အတန့်ကို ပြန်လည်ပြောသည်။

ဇန်နဝါရီ ၂၆ ရက်ထုတ် 7 DAY DAILY သတင်းစာပါ ကျောင်း ဆရာမနှစ်ဦး အသတ်ခံရမှုနှင့် ပြည်သူ့အသံကဏ္ဍတွင်မူ  ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးက်ရေးပါတီဥက္ကဌ ဦးစိုင်းဌေးအောင်က “ဒီကိစ္စက ကချင်တိုင်းရင်းသူဖြစ်လို့သာ ဒီလောက်ထိ ကြီးကျယ် ခဲ့တာပါ။ ရှမ်းနီတိုင်းရင်းသူသာဖြစ်ရင် ဒီလောက်အသံကျယ်မှာမဟုတ်ဘူး။ ရှမ်းနီတွေ မုဒိန်းကျင့်သတ်ခံခဲ့ရလို့၊ ပစ်သတ်ခံရလို့ လူမသိသူမသိ သေခဲ့ရတယ်။ အလောင်း
တောင်မရခဲ့ပါဘူး။ နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့တွေ ဥပဒေ လေးစားလိုက်နာ ရင် ကောင်းမယ်။ လက်နက်မဲ့ပြည်သူတွေကို အခုလိုမျိုး သတ်ဖြတ်တာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ လက်နက်ကိုင် တပ်ဖွဲ့တွေ အတွက် အဓိကထိုးနှက်မှုတစ်ခုဖြစ် သွားတယ်။ နယ်မြေမငြိမ်းချမ်းတဲ့ ကချင်ဒေသတွေမှာ အစိုးရတင်မကဘူး ကေအိုင်အို ကပါ ဒီလိုမျိုးလုပ်နေတယ်ဆိုတာ ပြောချင်တယ်” ဟု ပြောဆိုခဲ့သည်။

ထိုကိစ္စနှင်.ပတ်သက်၍  ကောင်းခါးရွာဒေသခံများက ၎င်းတို့ရွာတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အစီအစဉ်ဖြင့် စာသင်ကျောင်း ဖွင့်ခဲ့သည်မှာ၆ နှစ်ကျော်ပြီဖြစ်သော်လည်း မည်သည့်ပြဿနာမှ မဖြစ်ခဲ့ဘဲ အစိုးရတပ်မတော်စစ်ကြောင်း ရွာသို့ရောက်သည်နေ့နှင့် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့သည့်အတွက် တပ်မတော်သားများအပေါ် သံသယ၀င်ခဲ့ကြောင်းပြောဆိုခဲ့သော်လည်း တစ်ဘက်ကပြန်တွက်လျှင်  ကိုယ်ရောက်မှ ထိုကိစ္စမျိုးထဖြစ်လျှင် ကိုယ်.ကို စွပ်စွဲခံ၇မည်ကို မည်သူမဆို တွက်ဆနိုင်ပြီး သင်ဆိုလျှင်ကော လုပ်မည်လား ?

ပူးပေါင်းဆောင်ရွက်မှုပိုင်းအရ ကြည်.လျှင်လည်း  တပ်မတော်မှ စစ်ကြောင်းကို အခင်းဖြစ်ခဲ့သည့် ကျေးရွာတွင် ဆက်လက် အခြေပြုစေ ခဲ့ပြီး ပြစ်မှုကျူးလွန်သူ၏ ဆံပင်မှ ရယူထားသော DNA နှင့် နယ်မြေခံ စစ်ကြောင်း မှ တပ်မတော်သားများ၏ ဆံပင်များမှ DNA များကို အစစ်ဆေး ခံခဲ့ကြောင်း သိရှိရသည် ။ တပ်မတော်က သတင်း ထုတ်ပြန်ရာတွင် တပ်မတော်စစ်ကြောင်းအနေဖြင့် ဇန်န၀ါရီ ၁၉ ရက် နံနက်၌ ကောင်းခါးရွာသို့ ရောက်ရှိအခြေပြုခဲ့ပြီး တပ်မတော်စစ်ကြောင်း တည်းခိုသည့် အိမ်နှင့် အခင်းဖြစ်ပွားသည့် အိမ်မှာ မီတာ ၅၀၀ ခန့်ကွာဝေးကြောင်း၊ စစ်ကြောင်းရောက်ရှိချိန်နှင့် ပြဿနာဖြစ်ပွားချိန် တိုက်ဆိုင်ခဲ့၍ ယုံမှားသံသယရှိမှုအပေါ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာစစ်ဆေးရေး အဖွဲ့များကိုလည်း ကူညီမှုများ ပေးခဲ့ကြောင်း ပါရှိသည်။ ကောင်းခါးရွာအနီးရောက်နေသည့် စစ်ကြောင်းကို နယ်မြေလုံခြုံရေးအတွက် သီးခြားတာဝန်ပေးရန်ရှိသော်လည်း မပေးတော့ဘဲ အမှုမှန်ပေါ်ပေါက်စေရေး ကူညီရန် အဆိုပါရွာ၌ပင် အခြေပြုနေထိုင်စေကြောင်း သတင်းထုတ်ပြန်သည်။

အခင်းဖြစ် အဆောက်အဦး ( Photo by Kyaw Swar )



တစ်ဘက်တွင်မူ “သေဆုံးခဲ့တဲ့ ဆရာမလေးရဲ့ လက်ထဲမှာ ခြောက်လက်မကျော်ကျော် ရှည်တဲ့ ဆံပင်တွေ ဆုပ်ကိုင်ထားတာကို တွေ့ခဲ့ရတယ်။ ဒီဆံပင်တွေကို DNA ယူပြီး စစ်တပ်နဲ့ အရပ်သားတွေကို စစ်ဆေးခဲ့ပေမယ့် မတူညီတာကို သိရှိရတယ်။ ပြီးတော့ ဆရာမလေးတွေ လက်ကိုင်ဖုန်းမှာ မသေဆုံးခင် နှစ်ရက်က တရုတ်နိုင်ငံ ဆက်သွယ်ရေး ကုတ်နံပါတ်နဲ့ ဖုန်းအဆက်သွယ် လုပ်ခဲ့သူကို သိခဲ့တာကြောင့် စုံစမ်းကြည့်တော့ ဖော်ယူဂွမ်ဆိုတဲ့ အမျိုးသား ဖြစ်နေတယ်။ ဒါပေမဲ့ လက်ရှိ သူက ပျောက်နေတာကြောင့် ဘယ်အဖွဲ့ကလဲ ဘယ်သူတွေနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပြီးနောက်  ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပြစ်မှုကျူးလွန်သူများမှာKIAတပ်ဖွဲ့မှဒုတပ်ကြပ်
 ဖော်ယူဂွမ်တို့အဖွဲ့ ဖြစ်ကြောင်း

အဖွဲ့ ဖြစ်ကြောင်း ရေးသားဖော်ပြမှုများကြောင့် KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူက ကျောင်းဆရာမနှစ်ဦး၏ အမှုနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များ၏ လက်ဗွေရာနှင့် DNA များကို လုံးဝအစစ်ဆေးခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည် ။

ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ဖော်ယူဂွမ်က KIA တပ်ဖွဲ့ဝင် မဟုတ်ဘူး။ KIA ဘက်ကလည်း ဒီပြစ်မှုကို တပ်မတော်ဘက်က ကျူးလွန်တာလို့ မြင်တယ်။ KIA ရဲ့ ရာဇဝင်မှာ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာ မရှိဘူး။ ဒါကြောင့် အမှုနဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးခွင့်ပေးပါ ကမ်းလှမ်းခဲ့လည်း KIA ဘက်က လုံးဝ အစစ်မခံနိုင်ဘူး” ဟု ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဝင်ဖြစ်သူ ၎င်းက ဆက်လက်ပြောကြားသည်ဟု သိခဲ့ရသည် ။



Ref ; 7 Day Daily , OE , The Voice Weekly , ကျော်စွာ ၊ တကကဖိုးစီ ၊ဇော်လင်းခေါင် ၊ ရဲကျော်သူရ