Thursday, February 20, 2014

ကျုံမငေး မြို.ဖြစ်ပြီ .. Congratulation Kyonemangae !



၂၀၁၄ ဖေဖော်ဝါရီလ ၁၈ ရက်နေ.တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၁၄ ရက်မြောက်နေ.တွင်ဝါးခယ်မမြို.နယ်အပိုင် ကျုံမငေး အား မြို.အဖြစ် တရားဝင် သတ်မှတ်ခွင်. ပြု လိုက်ကြောင်း သိရပါသည် ။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၊၀ါးခယ်မမြို.နယ် အမှတ် ( ၂ ) မဲဆန္ဒနယ်မြေ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သှူ ကြံ.ခိုင်ရေးအမတ် ဦးကျော်လွင်၊ ကျုံမငေး အုပ်ချုပ်ရေးမှုး ဦးစိုးဝင်း တို.နှင်. သက်ဆိုင်ရာ မြို.မိ မြို. ဖများနှင်. တာဝန်ရှိသူတို.တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းကြောင်. ထိုသို.အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည် ။ 




ထိုသို. ခွင်.ပြုခဲ့ရာတွင် ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာအား စုစည်း၍ ရပ်ကွက် ၅ ရပ်ကွက် ပါဝင်သော ကျုံမငေး မြို.အဖြစ် တိုးချဲ. ဖွဲ.စည်းခြင်း ၊ကျေးရွာအုပ်စု ၄စုအားပြင်ဆင် ဖွဲ.စည်းခြင်း တို.ကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး ၄င်းနှင်. အတူ ကျုံပျော်မြို.နယ် ဆင်ခေါင်းကျေးရွာအား ဆင်ကောင်းကျေးရွာအုပ်စုအဖြစ် ပြင်ဆင် ဖွဲ.စည်းခြင်း ခွင်.ပြုခဲ့ခြင်းဖြစ်သည် ။




ရပ်ကွက် ၁၄ ခု ကျေးရွာ ၁၂၆ ရွာ ဖြင်.ဖွဲ.စည်းထားသည်. ၀ါးခယ်မမြို.နယ်တွင် ရွှေလောင်းတိုက်နယ် ၊ ကျွန်းကုန်းတိုက်နယ် ၊ ကျုံမငေးတိုက်နယ်ဟု ရှိပြီး ရွှေလောင်း မှာ ယခင်က ၀ါးခယ်မမြို. မဖြစ်ခင်ကပင် ကုန်စည်ကူးသန်းရာ မြို.အဖြစ် စည်ကားခဲ့သော်လည်း ယခုတွင်မူ တိုက်နယ်အဆင်.သာရှိတော.သည် ။ ကျုံမငေးမှာ မြို.နယ်အတွင်း ရှိ တိုက်နယ်တို.အနက် စည်ကားသော ဒေသ တစ်ခုဖြစ်ခဲ့ပြီး ယခင်က ကျုံမငေး ၊ မအူချောင်း ၊ ကုန်းကြီး ၊ ကျွဲချောင်း ၄ ရွာ ပေါင်း ၍ ကျုံမငေး ကျေးရွာအုပ်စုဟု ခေါ်တွင်ပြီး ချောင်း တစ်ဖက်ကမ်း အုန်းပင် ၊ ပန်းကူး ၊ ရေလယ်ကျွန်း ၃ ရွာ ပေါင်း ၍ အုန်းပင်ကျေးရွာအုပ်စုဟု ခေါ်ပြီး ထိုကျေးရွာအုပ်စု ၂ခု တစ်ဆက်တစ်စပ်တည်း တည်ရှိနေခြင်းဖြစ်သည်




ယ္ခု အခါ မြို့ အဖြစ် သတ်မှတ်ရာတွင် စည်းမျဉ်းအရ လန / ၃၉ ကျပြီး သည့် ကျုံ မငေး နှင်. အုန်းပင်ကျေးရွာအုပ်စု သာ ပူးပေါင်း၍ မြို့အဖြစ်သတ်မှတ်ခြင်းဖြစ် ပါသည်။ စည်းမျဉ်းအရ လန / ၃၉ မကျသော လယ်ယာမြေ များ မပါဝင် ရ သဖြင်.လယ်ယာမြေ များဖြစ်သော မအူချောင်း ကို ငှက်ကျ သို့ ၎င်း ၊ ကုန်းကြီး ကျွဲချောင်း ကို အောက်ပေကုန်း သို့ ၎င်း ၊ ပန်းကူးကို ရေလယ်ကျွန်း သို့ ၎င်း ရွှေ.ပြောင်းထည်.သွင်းဖွဲ.စည်း ခဲ့ပါသည် ။ 




ထိုမြို.အဖြစ် ဖွဲ.စည်းခွင်.အမိန်.စာ ကို တရားဝင် ရရှိပြီးနောက်ပိုင်းတွင် လိုအပ်သော ဋ္ဌာနဆိုင်ရာ များတည်ဆောက်ရန် အချိန် ၂ နှစ်ခန်.ယူရမည်ဟု သိရပြီး မြို.နယ်ခွဲအဆင်.သို.တိုးမြှင်.လျှောက်ထား၇န် ရည်ရွယ်ထားသည်ဟုလည်း သိရပါသည်။


Data & Photo from ကိုစိုးဝင်း Facebook

Wednesday, February 19, 2014

ဘဲဥထုပွဲ တဲ့ - စစ်ကိုင်း ကြေးဘုရားကြီး ပွဲတော်



ကြေးဘုရားကြီး၏ ပွဲတော်သည်ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍ ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ်သည်။

စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက် တွင်တည်ရှိသည့် ဇိန မာရ်အောင် လောကချမ်းသာကြေး ဘုရားကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရိုးရာ ဘဲဥထုပွဲတော်ကို ယခုလ ၁၄ရက် မှစတင်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ယခုနှစ် ဘုရားပွဲတော်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလှခြင်း ခတ်ပွဲ၊ ဘောလုံးဂိုးကျဉ်းပြိုင်ပွဲ များကိုလည်း ထည့်သွင်းကျင်းပပြီး ကြည့်ချင်ပွဲအဖြစ် ပိတ်ကားထောင် ရုပ်ရှင်ဖြင့် ဖျော်ဖြေကြောင်း သိရ သည်။

နှစ်စဉ်တပို့တွဲလပြည့်တွင် ကျင်းပလေ့ရှိသည့် ဇိနမာရ်အောင် လောကချမ်းသာကြေးဘုရားကြီး ၏ ဘုရားပွဲတော်တွင် မြန်မာနိုင်ငံ တွင် တစ်ခုတည်းသာရှိသောဘဲဥ ထုပွဲကိုပါ ထူးထူးခြားခြား ထည့် သွင်း ကျင်းပလေ့ရှိသည်။ လပြည့် နေ့ညမှစတင်ကာ သုံးညတိုင် ကျင်းပလေ့ ရှိကြသည်။ ဘဲဥထုပွဲ ကျင်းပသည့် ကြေးဘုရားကြီးမှာ ဧရာဝတီမြစ်ကမ်းဘေး ဧမြဝတီ ရပ်(ရှေး-အစေခံရပ်)တွင် တည်ရှိ သည်။ ဧရာဝတီမြစ်ကမ်းဘေးရှိ ပဲ့နင်းကြီးဘုရားဝင်းအတွင်းမှာပင် ရှေးယခင်မှ ယခုထက်တိုင်နှစ်စဉ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဘဲဥထုပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်ညပိုင်းတွင် ကြေး ဘုရားကြီး၏အရှေ့ဘက်ရှိ ပဲ့နင်း ဘုရားဝင်းအတွင်း ကျင်းပကြ သည်။ ဘဲဥထုပွဲကျင်းပပုံက တစ် မျိုး စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘဲဥပြုတ်ရောင်းပေးသည့်သူက အောက်ခံတောင်း(ခွဲတောင်း သို့ မဟုတ် ထန်းလျှော်တောင်း)ထဲ တွင်ပြုတ်ပြီး ဘဲဥများထည့်ထား ကာ အပေါ်တွင် ဆန်ကောခင်းပေး ထားသည်။ ဘဲဥထုကြမည့်သူ နှစ်ဦးရှိလာပါက တောင်းအတွင်းမှ ဘဲဥပြုတ်နှစ်လုံးကို ထုတ်ပေးသည်။ မြင်သာထင်သာရှိအောင် ရေနံဆီ မီးခွက်(သို့မဟုတ်)ဖယောင်းတိုင် တို့ကိုထွန်းပေးထားရသည်။ တစ် ယောက်တစ်လုံးစီ ကြိုက်ရာရွေး ယူကာ တစ်ယောက်က အောက်မှ လက်နှင့်ဆုပ်ကိုင်ကာ ဘဲဥကို တည်ပေးထားရသည်။ ကျန်သူက ဘဲဥကိုကိုင်ကာ အပေါ်မှ ထုရိုက် ရသည်။ ဘဲဥထိပ်ချင်းဆိုင်ကာ ထုရိုက်ခြင်းဖြစ်၍ တစ်ခါ တစ်ရံ အောက်မှ အခံဘဲဥ ပိန်သွားတတ် သည်။ တစ်ခါတစ်ရံ အထက်မှ ထုရိုက်သည့်အထုဘဲဥ ပိန်သွား လေ့ရှိသည်။ ပိန်သွားသည့် ဘဲဥ ဘက်က အရှုံးဖြစ်သည်။ မည်သူ ရှုံးမည် နိုင်မည်ကို ပုံသေတွက်၍ မရချေ။ ဘဲဥထုရိုက်ကစားသူ နှစ်ဦးသည် အတည်ဘက်နှင့်အထု ဘက်ကို တစ်လှည့်စီနေကြရသည်။ ပိန်သွားသည့်ဘဲဥကို နိုင်သူက ယူ လိုက်သည်။ အနိုင်ဘက်က ဘဲဥ ကို ဒိုင်(ဘဲဥသည်)က ပြန်သိမ်း ကာ အောက်မှတောင်းထဲသို့ ပြန် သိမ်းသည်။ ရှုံးသူ၏ဘက်မှ နို့ဆီ ဘူးထဲသို့ အရှုံးဘဲဥအရေအတွက် ကို သိရှိနိုင်ရန် ပဲစေ့ (သို့မဟုတ်) မန်ကျည်းစေ့ တစ်စေ့ထည့်လိုက် သည်။ ဤသို့ဖြင့် ဘဲဥထုကစားသူ နှစ်ဦးတို့သည် အထုဘက်နှင့်အခံ ဘက်ကို တစ်လှည့်စီနေကာ မိမိ တို့ သဘောကျကစားနိုင်သည်။ တစ်လှည့်တစ်ပြန်စီ ဘဲဥထုကစား ကြရာတွင် အပိုလောင်းကြေးအနေ ဖြင့်ထုပြီး ဘဲဥအပိန်ငါးလုံးကြေး၊ ခုနစ်လုံးကြေး စသည်ဖြင့် ထပ်မံ လောင်းကြေးထပ်ကြသေးသည်။ ပြိုင်ပွဲအချိန်ကို ကန့်သတ်ချက် မထားဘဲ မိမိတို့သဘောဆန္ဒအ တိုင်း ကြိုက်သည့်အချိန် ရပ်နား နိုင်သည်။ ပွဲရပ်နားပြီဆိုလျှင် ဒိုင် က သူ့ဘက်ကိုယ့်ဘက်ရှိ နို့ဆီဘူး ထဲမှ ပဲစေ့ (သို့မဟုတ်) မန်ကျည်း စေ့ကို ရေတွက်သည်။ ပဲစေ့အရေ အတွက်အတိုင်း ဘဲဥဖိုးကျသင့် ငွေကို ရှင်းပေးရသည်။ နှစ်ဖက်မှ အနိုင်အရှုံးရှိသော်လည်း ဒိုင်လုပ် သူကတော့ နှစ်ဖက်လုံးကို ဘဲဥ ရောင်းလိုက်ရသည်။ နိုင်သူဘက် က ဘဲဥပြုတ်တွေ တစ်ထုပ်တစ်ပိုး ကြီးမြတ်လိုက်သော်လည်း သူ လည်း သူ့ဘက်က ဘဲဥပိန်သမျှ ရှုံးသမျှကို ငွေပေးချေရသည်။



ဘဲဥထုပွဲကျင်းပလာခဲ့သည် မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်သည်။ မြန်မာဘုရင်မင်းတုန်းမင်းလက် ထက်က စစ်ကိုင်းအစေခံ ခံတပ် ကြီးတွင် ဘုရင့်လှေတော်သား၊ လှေတပ်သားများ စခန်းချခဲ့ကြ သည်။ ဧရာဝတီမြစ်ကြောင်းရန်ကို ကင်းစောင့်ကာကွယ်ကြရင်း လှေ တပ်သားတို့သည် ပဲ့နင်းကြီး၏ ဘုရားဝင်းအတွင်း တစ်ဦးနှင့် တစ်ဦး ဘဲဥထုတမ်းကစားလေ့ ရှိခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်း အင်းဝဘက်တွင် ဆင်ကျုံးခံတပ် ရှိသည်။ အင်းဝဆင်ကျုံးခံတပ်မှ လှေတော်တပ်တော်သားများသည် လည်း စစ်ကိုင်းဘက်သို့ ကူးသန်း လာရောက်လည်ပတ်ကာ ဘုရားပွဲ တော် နွှဲပျော်ကြသည်။ ဘဲဥထုပွဲ ကို ဝင်ရောက်ဆင်နွှဲပျော်ပါးလေ့ ရှိသဖြင့်အလွန်စည်ကားခဲ့သည်။

ထိုဓလေ့သည် အစေခံခံတပ် အနီးဝန်းကျင်တွင် ယနေ့ထက်တိုင် အလေ့အထဖြစ်လာကာ ကြေး ဘုရားကြီးပွဲတော်ရောက်လျှင် ဖိတ်ခေါ်စရာမလိုဘဲ မြို့ပေါ်ရပ် ကွက်နှင့်အနီးဝန်းကျင်ကျေးရွာ များမှ တပျော်တပါး လာရောက် ဆင်နွှဲလေ့ရှိကြခြင်းဖြစ်သည်။
ကြေးဘုရားကြီး၏ပွဲတော်သည် ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍ ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ် သည်။ ထူးခြားသည့် ဘဲဥထုပွဲရိုး ရာဓလေ့လေးမှာ ပျောက်ပျက်မ သွားဘဲ နှစ်စဉ်တပို့တွဲလပြည့်ည ရောက်တိုင်း စည်ကား ရှင်သန် နေဆဲဖြစ်ကြောင်း သိရသည်။



ယခုနှစ်တွင် ဘဲဥရောင်းချသူ ၃ဝ ကျော်ခန့်ရှိသည်။ တစ်ညလျှင် ဘဲဥအလုံးရေ တစ်ဦးလျှင် ၄ဝဝ ဝန်းကျင်ရောင်းချကြရသည်ဟုဆို ပါသည်။ ဘဲဥဈေးက တစ်လုံး လျှင် ကျပ် ၁၅ဝ ဖြင့် ရောင်းချကြ သည်။ ဘဲဥထုပွဲကို လာရောက် ဆင်နွှဲသူတွေကလည်း ပဲ့နင်းကြီး ဘုရားပရိဝုဏ်အတွင်းတွင် တိုး တိုးဝှေ့ဝှေ့စည်စည်ကားကား ဖြစ် သည်။ ပျော်စရာကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းလှ ကြောင်း၊ ကြေးဘုရားကြီး၏ဆွမ်း တော်ပွဲတွင် ဘဲဥပြုတ်လေးများကို ပစ်တိုင်းထောင်အရုပ်ကလေးများ လုပ်ကာ ကပ်လှူထားသည်မှာ လည်း သဘောကျစရာ၊ ချစ်စရာ ကောင်းလှကြောင်း ပွဲတော်လာ ရောက် ဆင်နွှဲသူတစ်ဦးက ပြော ပြသည်။

ဘဲဥထုပွဲကျင်းပသည့်ဘုရား မှာ စာဆိုတော်ကြီးညောင်ပင်သာ ဦးပုည၏ ဖခင်လှေတော်ပဲ့နင်းကြီး ဦးရွှေလှော် တည်ထားခဲ့သည့်စေတီ ဖြစ်သည်။ ဘုရားပွဲတော်ကျင်းပ သည့် ဇိနမာရ်အောင်လောက ချမ်းသာကြေးဘုရားကြီးကို မင်း ကျောင်းဆရာတော် အရှင်သီရိက ဦးဆောင်ကြီးမှူးကာ သက္ကရာဇ် ၁၂၆၆ ခုနှစ် ဒုတိယဝါဆိုလပြည့် ကျော် ၉ ရက်တွင် စတင်ပုံတော် သွန်းလုပ်ခဲ့ပြီး ၁၂၆၇ခုနှစ် ကဆုန် လပြည့်နေ့တွင် အနေကဇာတင် လှူတော်မူခဲ့သည်။ ကြည်ညို သပ္ပာယ်ဖွယ်ရာ ကောင်းလှပြီး သုံးဖက်မြင် သုံးပန်လှဘုရားကြီး ဟု ထင်ရှားကြောင်း သိရသည်။

နန္ဒာမင်းလွင် @ Myawady News

Tuesday, February 18, 2014

SS Avenue of WKA Group ( အေးချမ်းရိပ်ငြိမ် ) ၏ လ ၃၀ အတွင်း လုပ်ဆောင်နိုင်ခဲ့မှုများ


ပထမဆုံး ပညာသင်ထောက်ပံ.ကြေး အတွက်သဘောတူ ကတိလက်မှတ်ရေးထိုးခဲ့ရာ မဟာပုည တန်ဆောင်း နှင်. ပညာသင်ထောက်ပံ.ကြေး ဆိုင်ရာ ဂတိဝန်ခံလွှာ

http://wakhama.blogspot.com/ ဖြစ်ပေါ်လာစေရေး ရှေ.ပြေး ဖန်တီးခဲ့သော ၀ါးခယ်မ Page … ထို ၀ါးခယ်မ Page ၏မူလအစ ဖြစ်သော Secluded Serene Avenue of WKA Group ( SS Avenue – အေးချမ်းရိမ်ငြိမ် ) ဟူသော Group ကို မူလက WKA Group ( ၀ါးခယ်မသူ/၀ါးခယ်မသားများ ) ဟူသော အမည်ဖြင်. ၂၀၁၁ စက်တင်ဘာ ၉ ရက်နေ.က Open Style Create လုပ်ဖြစ်ခဲ့ပါသည် ။

ထိုစဉ်က ရည်ရွယ်ချက်က ကမ္ဘာကြီး၏ မည်သည်.နေရာတွင်မဆို ရှိနေနိုင်သော ၀ါးခယ်မဖွား ၊၀ါးခယ်မသားများခြင်း အလယ်တကူချိတ်ဆက်နိုင်စေ၇န် ၊ မြို.လေး၏ အကြောင်းများကို မည်သည်.နေရာမှမဆို သိရှိနေနိုင်စေရန် ရည်ရွယ်ရင်းဖြစ်သည် ။ သို.သော် နောက်ပိုင်း အယူဝါဒရေးရာ ၊ ယုံကြည်မှုများဆိုင်ရာ ဆွေးနွေးအငြင်းပွားဖွယ်ရာ နေရာတစ်ခုမဖြစ်လိုပဲ မြို.လေးအတွက် တတ်နိုင်တာလေးကူလုပ် ၊ သတိရစရာတွေ ပြော ၊ သိချင်တာတွေမေး မြို.လေး၏ အကြောင်းအရာ သက်သက်ကိုသာအဓိကထားပြီး ညီညွတ်နွေးထွေး ယဉ်ကျေးစွာ ပြောဆိုနေထိုင်လိုသူများသာ စုဖွဲ. ဆက်ဆံလိုသော ဆန္ဒကြောင်. ၂၀၁၂ ဖေဖော်ဝါရီ ၂၂ ရက်နေ. တွင်မူ ယခုလက်ရှိနာမည်သို.ပြောင်းပြီး Secret Style Group အဖြစ်ဖွဲ.တည်ထားခဲ့ပါသည် ။

SS Avenue of WKA Group ၏ မူလနာမည် WKA Group လက်ထက်က ပထမဆုံးလှုဒါန်းခဲ့သော ဆရာဝန်သုံး စားပွဲနှင်. ကုလားထိုင်

ပရဟိတ ကျောင်းသို. ၂၀၁၂ ဇွန် ၃ ရက် လှုဒါန်းစဉ်

ယခင် နာမည်နှင်.ရော ယခုနာမည်နှင်.ပါ ရပ်တည်ခိုက် မြို.လေးနှင်.တိုက်ရိုက်သက်ဆိုင်သောဘာသာရေး ၊ ကျန်းမာရေး နှင်. အထူးသဖြင်. ပညာရေးကိစ္စများကို မိမိတို.အဖွဲ.လေးအတွင်းရှိ Member များ၏ ပူးပေါင်းပါဝင်မှု ၊ Group Collector များ၏ ကြိုးပမ်းမှု ၊ မိတ်ဆွေများ၏ စေတနာဖြင်.ဖြည်.ဆည်းမှုများ ဖြင်. အတိုင်းအတာ တစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည် ။

ပထမဆုံးပြုလုပ်ခဲ့သော ၀ါးခယ်မမြို.ရှိ အခမဲ့ဆေးခန်းဖြစ်သော အာရောဂျတံခွန်ကုသိုလ်ဖြစ်ဆေးခန်းသို. ၂၂ - ၁- ၂၀၁၂ နေ.တွင်ဆက်တီ နှင်. ဆုံလည်ကုလားထိုင် ၊ အောက်ဆီဂျင်အိုး ၊ ဆေးပဒေသာပင် စုစုပေါင်းတန်ဘိုး ၃၁၀,၀၀၀ကျပ် ၊ ၂၉ - ၇ -၂၀၁၂ နေ. ၀ါးခယ်မမြို.နယ်အသင်း ကထိန်ကြွရောက် သံဃာတော် ၁၇ ပါးအတွက် ၀တ္ထုငွေ ၁၀၂၀၀၀ ကျပ် ၊ ၃ ရက် ဇွန်လ ၂၀၁၃ နေ.တွင် ၀ါးခယ်မမြို. ပရဟိတကျောင်း ရှိ ဝေးလံခေါင်သီသော ဒေသမှ လာရောက်နေထိုင်ပညာသင်ကြားနေကြသော ချို.တဲ့ ၊ မိဘမဲ့ ကလေးငယ် ၅၀ နီးပါးတို.အတွက် ကျောင်းအပ်စရိတ်...တစ်နှစ်စာစာရေးကိရိယာ...ကျောင်းဝတ်စုံ..ထီး..ဆယ်တန်းကျောင်းသား၎ယောက်ကျုရှင်စ၇ိတ်အပါအ၀င် စုစုပေါင်း ၁၇၂၇၀၀၀ ကျပ် ၊အေးမြရိပ်ငြိမ် ပညာကုသိုလ်အစီအစဉ်အရ ၀ါးခယ်မ GTI မှ မအူပင် TU သို. GTC တက်ရောက်ရန် ချို.တဲ့ကျောင်းသားတစ်ဦးအား ၂၀၁၃ ပညာသင် တစ်နှစ်လုံးစာအတွက် အလုံးစုံထောက်ပံ.ငွေ ၅၇၀ ၀၀၀ကျပ် . …( ယခု ၂၀၁၄ ပညာသင်နှစ်အတွက်လည်း ဆက်လက် တာဝန်ယူထားပါပြီ်း GTC ပြီးသည်အထိ တာဝန်ယူရန် လတ်တလော သဘောတူထားပါသည် ) ၊ ၂၀၁၄ ဇွန်လ ၂ နေ.က လှုဒါန်းခဲ့သော ၂၀၁၄ ပညာသင်နှစ် ပရဟိတကျောင်းမှကလေးငယ်များအတွက် တစ်နှစ်စာ လိုအပ်မှုထောက်ပံ.ခြင်း ၊ သဲကွင်းကျောင်း ၊ တာဝတိံသာကျောင်း ၊သော်ကကျောင်း စသည်. ချို.တဲ့ မူလတန်းကလေးငယ်များအတွက် ကျောင်းဝတ်စုံ ၊ ထီး ၊ လွယ်အိတ် ၊ ဗလာစာအုပ် ၊ ခဲတံ တို.အပြင် သော်ကကျောင်းရေပိုက်သွယ်တန်းခြင်းတို.အတွက် စုစုပေါင်း ( ၁၂၅၀ ၀၀၀ ခန်.) တို.ကို လှုဒါန်းနိုင်ခဲ့ပြီး SS Avenue Group ၏ အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အစီအစဉ်များအတွက် ရန်ပုံငွေ ၇၅၀ ၀၀၀ ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားနိုင်ခဲ့ပါသည် (ထိုသို. အပ်နှံရာတွင် Group Collector ၂ ဦးအမည်ဖြင်. Joint Account ဖွင်.လှစ်ပြီး တတိယမြောက် Collector ထံ့စာအုပ်အပ်နှံ သိမ်းဆည်းထားခဲ့ပါသည် ) ။



ထို.အပြင် Group Collector တစ်ဦးဖြစ်သော မနှင်းဝတ်ရည်ကြိုင်က သူမ၏မွေးနေ.အလှုအဖြစ် ငွေ တစ်သိန်းတိတိ လှုဒါန်းခဲ့ရာ ထိုငွေမှ ၄၀၀၀၀ ကျပ်တိတိအား ၀ါးခယ်မ GTI တွင်ကျောင်းအပ်နှံနိုင်ခြင်းမရှိသဖြင်. ရပ်နားရမည်ကဲ့သို.ဖြစ်နေသော ကျောင်းသူတစ်ဦးကို ၄၀၀၀၀ ကျပ်လှုဒါန်းခဲ့ပြီး ကျန် ၆၀၀၀၀ ကို ပညာရေး၇န်ပုံငွေအတွက် ဘဏ်တွင် ထပ်မံ ထည်.သွင်းထားခဲ့ပါသည် ။ ထို.ကြောင် Group စတင်ဖွဲ.တည်သော ၂၀၁၂ စက်တင်ဘာ ၉ ရက်နေ.မှ ယခု အထိ လ ၃၀ ခန်.အတွင်း ကျန်းမာရေးဆိုင်ရာ လှုဒါန်းနိုင်မှု ၃၁၀ ၀၀၀ ကျပ်၊ ဘာသာရေးဆိုင်ရာ ဒါနအဖြစ် ၁၀၂၀၀၀ ကျပ၊် ပညာရေးဆိုင်ရာ ထောက်ပံ.လှုဒါန်းနိုင်မှု အဖြစ် ၃၅၈၇ ၀၀၀ ကျပ် ( အခြားလိုအပ်မှုများအတွက် ကူညီအလှုခံပေးခြင်း ဥပမာ- ၂၀၁၂ကျောင်းကြီးဆရာကန်တော.ပွဲအတွက် အဖွဲ.မှ ကူညီစုဆောင်းပေးခြင်းမျိုးအား စာရင်းထည်.သွင်းမထားပါ )စုစုပေါင်း လှုဒါန်းနိုင်မှု ၃၉ ၉၉ ၀၀၀ - (သုံးဆယ်.ကိုးသိန်း ကိုးသောင်းကိုးထောင် ) ရှိခဲ့ပြီဖြစ်ပြီး ပညာရေး၇န်ပုံငွေအဖြစ်၈၁၀ ၀၀၀ကျပ်ကိုစုဆောင်းအပ်နှံထားနိုင်ခဲ့ပြီဖြစ်ပါသည် ။




ထို.အပြင်နောက်ထပ်ခြေလှမ်း တစ်ခုအနေဖြင်. ယခု ၂၀၁၄ ပညာသင်နှစ်တွင်လည်း ပရဟိတကျောင်းမှ ဒသမတန်းကိုထူးချွန်စွာ အောင်မြင်ခဲ့ပြီး ပုသိမ် နည်းပညာတက္ကသိုလ်တွင် ၆ နှစ်တက်ရောက်ရမည် ဖြစ်သော ကျောင်းသားတစ်ဦးကိုလည်း ပညာသင်နှစ်ပြီးဆုံးသည်အထိဆက်လက်တာဝန်ယူထားပါသည် ။ထိုကျောင်းသားငယ် နှင်. ကတိက၀တ်ဆိုင်ရာများ ရှင်းလင်းအသိပေးခြင်းကို ၂၀၁၄ ဇန်န၀ါရီ ၁၁ ရက်နေ.ညနေက ပရဟတိတဆရာတော် ရှေ.မှောက်တွင် အေးချမ်း၇ိပ်ငြိမ် ပညာကုသိုလ်အဖွဲ.မှ Collector အချို.နှင်. ကျောင်းသားငယ်တို. ပြုလုပ်ခဲ့ကြပါသည် ။ မိမိတို.အနေဖြင်. မိမိတို. မြို.လေး၏ အကျိုးကို တတ်နိုင်သည်.ဖက်မှ ၀င်ရောက်ထမ်းပိုးပေးခြင်းဖြစ်ပြီး ဘ၀အတွက် အရေးကြီးဆုံးတစ်ခုဖြစ်သော ပညာရေးဆိုင်ရာ တို.ကို အဓိကထား ပံ.ပိုးပေးနေခြင်း ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည် ။

SS Avenue Group - အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အစီအစဉ်များ အောင်မြင်ရေးအတွက် လစဉ်အဓိက တာဝန်ယူ ကုသိုလ်ရှင် ၂ ဦးဖြစ်သော ကိုကျော်နိုင်ဦး ( GFB Construction ) နှင်. ဒေါက်တာအေးအေးမြင်. ၊ ငွေကြေးများတာဝန်ခံ စုဆောင်းပေးနေသော Group Collector များဖြစ်သည်. ကိုဇော်မင်းလွင် ၊ ကိုရဲ ၊ ဒေါက်တာကိုကိုလင်း ၊ ဒေါက်တာအေးအေးမြင်. ၊မနှင်း ၀တ်ရည်ကြိုင် ၊ မဘရဏီကိုကို ၊ မစုဝေဖြိုး ၊ မနွေးဝဿန်လွင်နောင် ၊ အစစအရာရာ စေတနာအပြည်.လှုဒါန်းပေးနေကြသူများ အားလုံးအား SS Avenue Group အနေဖြင်. အထူးကျေးဇူးတင်ရှိပါကြောင်း …….




.( အကယ်၍ Group Collector များအဖြစ် စေတနာဖြင်. ပါဝင်ဆောင်ရွက်လိုပါကလည်း ကြိုဆိုပါသည်ခင်ဗျာ )

ပုံမှာ ၁-၁၁-၂၀၁၄ နေ.က ဒုတိယကျောင်းသားတစ်ဦးအား ကတိက၀တ်ဆိုင်ရာများရှင်းလင်းပြီးGroup ၏ Collector အချို.မှ ထောက်ပံ.ငွေ တရားဝင်စတင်ချီးမြှင်.ခြင်း အခမ်းအနားလေးကျင်းပနေစဉ်ဖြစ်ပါသည် )

ပုံများကို အောက်ပါ Link တွင်ကြည်.ရှုနိုင်ပါသည် ။
https://www.facebook.com/media/set/?set=a.600647126679499.1073742006.259181714159377&type=1

မြို.လေးဆီက တရုတ်နှစ်ကူးရာသီ ခြင်္သေ.အက နှင်. တရုတ်ဘုရားပွဲ


ဘာသာပေါင်းစုံတို. ဟိုးယခင်ကပင် ချစ်ကြည်မပျက် အစဉ်အဆက်နေခဲ့ကြသော မြို.မို. သက်ဆိုင်ရာ ယုံကြည်မှုအလိုက် ကျင်းပကြသော ဘာသာရေးဆိုင်ရာ ၊ ယုံကြည်မှုဆိုင်ရာ ပွဲလမ်းသဘင်များက စည်ကားအေးချမ်းစွာ ကျင်းပနိုင်ခဲ့မြဲဖြစ်သည် ။ နှစ်ဆန်းတစ်ရက်နေ.တိုင်း စည်ကားစွာကျင်းပသော သကျမဟာသီရိ မြတ်စွာဘုရားကြီးအား ရေသပါယ်ပွဲ သို. ဟိန္ဒူဘာသာဝင်တို.က နှစ်စဉ် အဦးဆုံးလာရောက်ပူဇော်ကြသကဲ့သို. ဟိန္ဒူ ဘုရားပွဲတွင် အယုတ်အလတ်အမြတ်မရွေး ကျွေးမွေးလေ.ရှိသော သတ်သတ်လွတ် ပဲဟင်းနှင်. ထမင်းကို လူတိုင်းနီးပါး သွားစားဖူးကြသည် ။ ဆေးရုံရှေ. မြေကွက်လပ်တွင် ကျင်းပသော ဦးရှင်ကြီးပွဲသို. ဘာသာမရွေး ပန်တော်ဆက်ကြသကဲ့သို. တရုတ်ပွဲ ကိုလည်း ထိုဦးရှင်ကြီးကွင်း တွင်ပင် ကျင်းပခွင်.ပြုကြသည် ။

မြို.လေးတွင် ဟိုစိန် ဘုံကျောင်း ၊ ကွမ်ရင်စီ ဘုရား ကျောင်း ၊ဟက်ညင်ဘုံ ကျောင်း စသည်ဖြင်. တရုတ်ဘုံကျောင်း တို.ရှိနေကြပြီး တရုတ်နှစ်ကူး ခြင်္သေ.အက ၊ နဂါးအက ၊တရုတ်ဘုရားပွဲ စသည်တို.ကိုတော. ဟိုစိန် ဘုရားကျောင်းလူငယ်များကသာ ဦးဆောင်ကျင်းပလေ.ရှိသည် ။ ဟိုးယခင်က ခြင်္သေ.တစ်ကောင်တည်းသာကပြီး နောက်တော. နဂါးပါ ပါလာသည် ။ ယခုတော. ခြင်္သေ. ၂ကောင် ကကြသည် ။ထို.အပြင် ယခင်က ပါလေ.ရှိသော ပြုံးရီနေသော မျက်နှာဖုံး (သို. ) ခေါင်းစွပ်တပ် ပြီး ယပ်တောင်အကြီးကြီးကိုင်ကာ ကနေသော အဖွဲ.များအား ယပ်လိုက်ခတ်ပေးတတ်သော သူကိုလည်း ကလေးငယ်များ သဘောကျ တတ်ကြသည် ။



အချို.နှစ်များတွင် အနီးအနား မြို.လေးများဆီသို. သွားရောက်ကပြ ကြသည်များအထိ ၇ှိခဲ့သည် ။ အန်ပေါင်းပ်ုက်ဆံကို သစ်ပင်များပေါ် တက်ရောက်ရယူ ကပြ ကြရသော ပုံစံမျိုးကို အများသဘောကျလေ.ရှိသည် ။

ဦးရှင်ကြီးပွဲ ကျင်းပချိန် ကာလတစ်ဝိုက် မြို.လေးရှိ ကလေးငယ်တို. အချင်းချင်း ကျားဝင်တိုင်းဆော.ကြသည်. ဓလေ.ရှိသည် ။ ဦးရှင်ကြီး၏ စီးတော်ကျားဟု သတ်မှတ်ကာ လူ ၂ယောက်က ကျားဝတ်စုံ ၀တ် ကျားခေါင်းဆောင်းလျှက် ကကြသည်ကို အတုယူကာ ခေါင်းတွင် တောင်းတစ်ခုခုစွပ် ထိုကျားများ ကသကဲ့သို. ကကြသော ဓလေ.က ယုံကြည်မှုပြင်းထန်သော မိဘတို. တားမြစ်သည်.ကြားက ဆော.ကစားကြသည်ဓလေ.အခိုင်အမာရှိခဲ့ဖူးသည် ။

ထိုပွဲနှင်. ကပ်လျှက် ကျင်းပသော တရုတ်နှစ်ကူး ရာသီ တရုတ်ဘုရားပွဲ ( တရုတ်ရိုးရာ နှစ်ကူးပြီး ၉ ရက်အတွင်း ကျင်းပရသည်ဟု သိရပါသည် ) တွင်တော. ပူးနောင်ဂျေဂျေ. နောင်ဂျေဂျေ. ဟူသောနတ်ဒိုးသံ ပါးစပ် တီးလုံး မှသည် ဒုံချမ်း တဒုံဒုံဂျမ်းဟူသော အသံသို. ပြောင်းတီးကြရင်း ကလေးငယ်တို.လည်း ကျား ကမှ ခြင်္သေ.အက ပြောင်းကကြသည် ။

တရုတ်ခြင်္သေ.တို.ကသလို ရှေ.က လူက တောင်း (သို. ) ဒန်အိုး တစ်လုံးခေါင်းစွပ် ထိုခေါင်းနှင်. တွဲထားသော စောင် (သို.) ပုဆိုး တစ်ထည် တွဲဆက်ထားသည်.နောက်ဘက် တစ်ယောက်က ခါးကုန်းလိုက်ကာ နောက်တစ်ယောက်က ဒါန် အိုး (သို.) ကော်ပုံ တစ်လုံးချကာ ဒုတ်တစ်ခေါင်းဖြင်. တရုတ်ဘင် တီးပြီး တစ်ယောက်က လင်ပန်းတစ်ခုကို ဂွမ် ကနဲ မြည်အောင်ခေါက်ကာ ဆော.ကြသည်ကလည်း ကလေးအတော်များများ ကစားဖူးကြသည်. ရာသီပေါ် Favourite Style တစ်ခုဖြစ်ခဲ့သည် ။

ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ အစဉ်အဆက် နေလာခဲ့ကြသူများ ၊ တစ်ဦးအပေါ် တစ်ဦး နားလည်မှု ရှိစွာ ပေါင်းစပ်ဆက်ဆံနေကြသူများ မို. မြို.လေးတွင် မည်သည်. အစွန်းရောက်ပြဿနာ မျိုးမှ မရှိပဲ ငြိမ်းချမ်းခဲ့ပါသည် ။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော မဇ္ဈိမ ပဋိပဒါ ဟူသည်. မပျော.လွန်း မတင်းလွန်းသော ၀ါဒနှင်. မေတ္တာ တရားတို.ကို ပေါင်းစပ်ကျင်.သုံး နေထိုင်ကြပါမူ ဤ ကမ္ဘာကြီး တစ်ခုလုံး…..


မြို.လေးတွင် အစဉ်အဆက် ကျင်းပခဲ့သော ပွဲများအနက် တရုတ်ပွဲသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည် ။
ဆေးရုံရှေ.ဦးရှင်ကြီး ကွင်းတွင် ကျင်းပလေ.ရှိသော ထိုပွဲသည် ဦးရှင်ကြီးပွဲ ကျင်းပပြီး မရှေးမနှောင်းတွင် ကျင်းပလေ.ရှိပြီး တရုတ်နှစ်သစ်ကူးပြီး ၉ ရက်အတွင်း ကျင်းပလေ.ရှိသဖြင်.များသောအားဖြင်. ဖေဖော်ဝါရီ လအတွင်း ဖြစ်လေ.ရှိတတ်သည် ။


တရုတ် ဘုရားပွဲ လှည်.သောနေ.တွင် ဂွမ်းကနဲ မြည်အောင် တီးလေ.ရှိသည် တရုတ်မောင်းကြီး၏ အသံနှင်. အတူ တရုတ်ကားများတွင်သာ မြင်တွေ.ရတတ်သည်. အချွန်အတက် လက်နက်များ ၊ တရုတ်ဘာသာအလံများ ၊ စာတိုင်များ ကထူးထူးဆန်းဆန်းမို.ကလေးဘ၀ က စိတ်ဝင်စားစွာ ငေးမောကြည်.ရှုခဲ့ကြရသောလှည်.လည်ပွဲ တစ်ခုဖြစ်ခဲ့သည် ။




တရုတ်ပွဲ ကသော အချိန်တွင်လည်း ဘုရားကျောင်းဆောင်ဟု ခေါ်မလား ၊ ထို ရုပ်တုနှင်. လှုဘွယ်ပစ္စည်းများ ၊ အသုံးအဆောင် နှင်. အဆောင်အယောင်များကို ဇာတ်ဝင်တစ်ခုအကျယ်အ၀န်းအတိုင်း ခင်းကျင်းပြင်ဆင် ထားလေ.ရှိသည် ။ ထို စင်နှင်. မျက်နှာခြင်းဆိုင် ဦးရှင်ကြီးကွင်း အတွင်းတွင်မူ ကပြ၇န် ဇာတ်စင်တစ်ခု ထိုးထားပြီး ၃ ရက်တိုင်တိုင်ကပြဖျော်ဖြေလေ.ရှိသည် ။ထို စင်နားရောက်သွားလျှင်တော. တရုတ်စာတန်းများ ၊ တရုတ်သိချင်းသံများ ၊ တရုတ် အမွှေးတိုင်နှင်. နံ.သာနံ.များ ၊ လာရောက်ဂါရ၀ ပြုကြသော တရုတ်သက်ကြီး ရွယ်အိုများနှင်. သူတို.မိသားစုများ ဖြင်. တိုင်းပြည်ငယ်လေးတစ်ခုအလားပင် ။

ထူးခြားချက်တစ်ခုမှာ ထိုတရုတ်ပွဲတွင် အလည်ရက် (သို.) ၂ ရက် နေ.လည်ပိုင်း ပွဲကပြ ခြင်းဖြစ်သည် ။ အငြိမ်.ခောတ် ကအငြိမ်. ၊ဇာတ်ခောတ်ရောက်တော. ဇာတ် စသည်ဖြင်. ၂နာရိခန်. ကပြဖျော်ဖြေပေးရသည် ။ သိချင်း ၊ ဟာသ ခန်း စသည်ဖြင်. ဖျော်ဖြေလေ.ရှိပြီး ကပြကြရသူများမှာလည်း ရာသီဥတု မည်သို.ဖြစ်စေ ကပြကြလေ.ရှိပြီး ကြည်.ရှုသူများကလည်း နေပူပူအောက် ထီး ၊ခမောက် တို.အားကိုးဖြင်. ကြည်.ကြရခြင်းဖြစ်သည် ။ ပွဲဆိုသည်မှာ ညဘက်ကပြဖျော်ဖြေရသောအရာ ဟူသည်. သတ်မှတ်ချက်အား ချိုးဖျက်ခဲ့သည်. ဓလေ.တစ်ခုလည်းဖြစ်သည် ။




ငယ်စဉ်ကလေးဘ၀ကတော. နေ.လည်ကျောင်းနောက်ကျစေသော (သို.) ကျောင်းပျက်စေသော အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း
အသက်ကြီးလာသူတို.အဖို.(သို.) အဝေးရောက်နေကြသူတို.အဖို.တော. မြို.လေးကို ပြန်ပြောင်း သတိရစရာ အမှတ်တရ တစ်ခုဖြစ်ပါသည် ။
ယခု ၂၀၁၄ တရုတ်ဘုရားပွဲ ကို ဖေဖော်ဝါရီလ ၆ ရက်နေ.မှ ၈ ရက်နေ.အထိ ကျင်းပခဲ့ပြီးဖြစ်သည်ဟုသိရပါသည်။

(ယခုအကြောင်းအရာ ကို ရေးသားရာတွင် အချက်အလက်ဦးစားပေး ခြင်းထက် အကြောင်းအရာ အဓိကထားရေးဖွဲ.ခြင်းဖြစ်ပါသည် )


ပုံများကြည်. လိုလျှင်    မြို.လေးဆီက ခြင်္သေ.အကဓါတ်ပုံများ
တရုတ်ဘုရားလှည်.ပွဲ နှင်. တရုတ်ပွဲကျင်းပပုံများ

Sunday, February 16, 2014

အောင်မြင်ခြင်းတို. စတင်ဖွင်.လှစ်ပြီ ဧရာဝတီ ယူနိုက်တက် FC

Photo by Ayeyawady United FC

ဧရာဝတီ၏ တတိယ ပွဲ မတိုင်မှီ သတင်းစာကတော. ဤသို.သုံးသပ်ခဲ့သည် ။

ဧရာဝတီ အသင်း၏ ပြင်ဆင်မှုက လုံလောက်သည် ။အသစ်ရောက်လာသည်. ကစားသမားများ ကလည်းအတွေ.အကြုံ ရှိသူများဖြစ်သည် ။ ခြေစွမ်းပိုင်းကလည်း ညံ.သည် မဟုတ် ။သို.သော် နိုင်ပွဲနှင်. လမိုင်းမကပ် ဟုဆိုရလောက်အောင် ၂ပွဲဆက် ရှုံးထားသည် ။ ကမ္ဘောဇအသင်းကတော. ပုံမှန်အတိုင်းလေး သွားနေသည် ။နှစ်ပွဲတွင် လေးမှတ် ရရှိထာပြီး အသင်းကြီးများဆီမှ အမှတ်ယူထားနိုင်ခြင်းဖြစ်သည် ။ယခုပွဲက ကမ္ဘောဇအတွက် ပထမဆုံးအဝေးကွင်းပွဲဖြစ်သလို ဧရာဝတီ အသင်းရုန်းကန်ရမည်.ပွဲလည်းဖြစ်သည် ။ဧရာဝတီ အသင်းက ၂၀၀၉ MNL ပြိုင်ပွဲကလို အဖြစ်ခံမည် မဟုတ်ပဲ အမှတ်ရရှိရန် ကြိုးပမ်းပေလိမ်.မည် ။

Ayeyarwady United FC Fans Page ၏ Interview တွင်တော. ၁၆.၂.၂၀၁၄ ညနေ (၄) နာရီတွင် ယှဉ်ပြိုင်ကစားမည့် ကမ္ဘောဇနှင့် ပွဲစဉ်တွင် ဂိုးသွင်းနိုင်ပါက အနိုင်ရလာဒ် ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီယူနိုက်တက်၏ နောက်တန်းဘယ်အစွန်ကစားသမား ဟိန်းသီဟဇော်က ပြောကြားထားခဲ့သည် ။
တကယ်က ပြီးခဲ့တဲ့ ၂ ပွဲမှာ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ရှူံးခဲ့တာပါ။ လာမယ့် ကမ္ဘောဇနဲ့ ပွဲအတွက်တော့ ဂိုးသွင်းနိုင်ရင် ရလာဒ်ကောင်း ရမှာပါ။ ဟု ဟိန်းသီဟဇော်က ပြောကြားခဲ့ပါတယ်။



ဧရာဝတီယူနိုက်တက်၏ ဂိုးသမား ချမ်းငြိမ်းကျော်ကလည်း
အသင်းက အဆုံးသတ်ပိုင်းတွေ သေချာဖို့လိုတာပါ။ ပြီးခဲ့တဲ့ ပွဲတွေမှာ ကျနော်တို့အသင်းက ပြိုင်ဘက်အသင်းထက် ကစားကွက်ပိုပြီး ကောင်းပါတယ်။ ကစားတာ ပိုပြီး ကောင်းပေမယ့်လည်း အဆုံးသတ်မသေချာခဲ့တော့ ရလာဒ်တွေ ဆိုးခဲ့တာပါ။ ကမ္ဘောဇနဲ့ပွဲကစလို့ အဲ့ဒီ့ အားနည်းချက်တွေကို ပြင်ပြီး ရလာဒ်ကောင်း ရလာမယ်လို့ ယုံကြည်ပါတယ်။ ဟု ဖွင့်ဟ ပြောကြားပါတယ်။

ဧရာဝတီယူနိုက်တက် အနေဖြင့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်တွင် ပွဲဦးထွက် ပွဲစဉ်များအဖြစ် မကွေး၊ ရတနာပုံ အသင်းများနှင့် တွေ့ဆုံခဲ့ရာ ၂ ပွဲလုံး ရှုံးနိမ့်ထားပြီး နိုင်ပွဲစတင် ရရှိရန် လိုအပ်နေပြီ ဖြစ်သည်။ လို.ေ၇းသားဖော်ပြထားခဲ့ပါတယ် ။

ထိုသို.ပြောကြသော ပွဲ ကိုယနေ.ညနေ ၄နာရီ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားကြရာတွင် ပွဲက စစချင်းမဆိုးဘူးဟူသောအဆင်.ထိကစားနိုင်ခဲ့ကြသည် ။ ၁၆ မိနစ်ခန်.တွင် ကမ္ဘောဇ ၏ တရစပ်ထိုးဖောက်မှုက ဧရာဝတီ ဂိုးရှေ. တွင် စုပြုံဖျက်ထုတ်နေရသည်အထိ ရှိခဲ့သည် ။ ၁၉မိနစ် တွင်ဆာဆာ၏ တစ်ကိုယ်တော် ထိုးဖောက်မှုက ပြစ်ဒါဏ်ဘောနှင်. အဆုံးသတ်ခဲ့ရသည် ။၂၄ မိနစ်ဝန်းကျင်တွင်မူ ကမ္ဘောဇ ၏ ဆက်တိုက်ကန်သွင်းမှုများကို ချမ်းငြိမ်းကျော် မနားတမ်း ပုတ်ထုတ် ကာကွယ်နေခဲ့ရသည် ။ ၂၅ မိနစ်တွင် ဆာဆာ အပိုင်ပိတ်သွင်းခွင်.ရသော်လည်း ဂိုးမဖြစ်ခဲ့။ ၃၂ မိနစ်တွင် တော. ကမ္ဘော၏ ၏ ဗဟိုခံစစ်ကစားသမား ဟန်ဆန် တစ်ယောက် မင်းမင်းသူကိုပြစ်ဒါဏ်ဘောကျုးလွန်ရာမှ ဒုတိယအ၀ါဖြင်. ကွင်းထဲမှ ထွက်သွားရသည် ။ပထမ တစ်ဝါကဆာဆာကိုကျုးလွန်စဉ် အပြခံထားရခြင်းဖြစ်သည် ။ အမှန်က ဒိုင်အနေဖြင်. ၂ကြိမ်ခန်.သတိပေးထားပြီး ဖြစ်သည် ။ ထို.နောက်ပိုင်း တအောင်.ခန်.မှစကာ ဧရာဝတီ ၏ ထိုးဖောက်မှု အရှိန်မြင်.တက်လာခဲ့သည် ။



ဒုတိယပိုင်း ပြန်စပြီး ၅၄ မိနစ်တွင် နေလင်းထွန်း ထို.ဖောက်ဂိုးသွင်းမှု မအောင်မြင်ခဲ့ ။ ဧရာဝတီ၏ တိုက်စစ်မြှင်.တင်လာပြီး ၆၅ မိနစ်တွင်မူ ယခုရာသီအတွက် ဧရာဝတီ၏ အဖွင်.ဂိုးကို ကိုနေးက သွင်းယူပေးခဲ့သည် ။ ထို.နောက် ကမ္ဘောဇအသင်းက လူစားလဲခဲ့ပြီး ၇၀ မိနစ်တွင် စိုးမင်းဦးက ချေပဂိုး ပြန်လည် သွင်းယူခဲ့သည် ။ အနိုင်အတွက် မဲတင်းပေးခဲ့သည် ဒုတိယမြောက်ဂိုးကို ဧရာဝတီ ကစားသမား နန္ဒလင်းကျော်ချစ်က ၈၆ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ၃ မှတ်သေချာစေမည်. အနိုင်ဂိုးကို ၈၉မိနစ်တွင် ကိုနေးက သွင်းယူပေးခဲ့သဖြင်.ဤပွဲသည် ဧရာဝတီ အတွက် ယခုရာသီ ပထမဆုံးနိုင်ပွဲဖြစ်သလို ကမ္ဘောဇအတွက်လည်း ပထမဆုံးရှုံးပွဲဖြစ်သည် ။

ထိုပွဲနှင်. ပတ်သက်၍ Channel 7 က ပွဲပြီး သုံးသပ်ချက် တင်ဆက်ရာတွင်
ပထမပိုင်းကစားပုံ ၂ဘက်လုံးကြည်.ကောင်းကြောင်း ၊ ၃၂မိနစ် ကမ္ဘောဇ လူတစ်ယောက် အထုတ်ခံရပြီး အချိန် တစ်ခုအထိ ခံကစားနေနိုင်သေးကြောင်း ၊ယနေ.ပွဲတွင် ဧရာဝတီမှ ကိုနေး အထူးခြေပေါ်ကြောင်း ၊ဆာဆာ အမူ ဖန်တီးပေးနိုင်မှုသာ ရှိကြောင်း ၊အလယ်တန်း ကစားသမားတွေ ဖြစ်တဲ့ မင်းမင်းသူ ၊ ကျော်မင်းဦးတို.လည်း အတော်ကောင်းကြောင်း ၊ ပထမဆုံးပေးလိုက်ရတဲ့ ဂိုးကတော. ကမ္ဘေဇ အဖို.နှမြောဖို.ကောင်းကြောင်း ၊ အောက်ပြီဆိုပြီး ဒိတိုင်းကြည်.နေကြလို. ပေးလိုက်ရတာဖြစ်ကြောင်း ၊ စထက်နိုင်ဝင်း ၊ဥာဏလွင်တို.လူစားလဲ ထည်.ကစားပြီး ချေပဂိုးပြန်သွင်းနိုင်တာကြောင်. နည်းဗျုဟာပိုင်းချီးကျုးရမှာဖြစ်ကြောင်း ၊ ပွဲရဲ.အဓိကအလှည်.အပြောင်းကတော. ဟန်ဆန် ထုတ်ပစ်ခံ၇တာဖြစ်ကြောင်း ပွဲကမြိုင်မြိုင်ဆိုင်ဆိုင်ရှိပြီး တကယ်.ဘောလုံးပွဲ တစ်ပွဲလို.ပြောလို.၇တဲ့ပွဲမျိုးဖြစ်ကြောင်း ၊ ဒီပွဲမှာ ကမ္ဘောဇအသင်း ကံ့ဆိုးကြောင်း တင်ဆက်သွားခဲ့ပြီး ပွဲအဖြေခန်.မှန်းသူ ၄၀၀ အနက်မှ အဖြေမှန်ကန်သူ ၄ ဦးဖြစ်သော ကိုစည်သူလင်း ( ၀၉ ၄၄၄၀၃၄၃၄၉ ) ကိုရဲနိုင် ( ၀၉ ၂၅၄၁၃၃၃၄၆ ) ကိုစည်သူမြင်.ဦး ( ၀၉ ၅၁၈၇၀၅၉ ) ကိုစန်းဝင်း ( ၀၉ ၄၀၀၄၅၈၆၇၅ ) တို.အားမကြာမှီ ငွေဖြည်.ကဒ် ထည်.သွင်းပေးသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ် ။

ဧရာဝတီ အသင်းလေ.ကျင်.မှုများအား မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ်သစ် လာရောက်လေ.လာခိုက် ဧရာဝတီ နည်းပြချုပ်နှင်. အတူတွေ.ရစဉ်
ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ တော.ဧရာဝတီ နည်းပြချုပ် ဦးဆန်းဝင်းက Media တွေရဲ.မေးမြန်းမှုကိုဖြေကြားသွားရာမှာ ကျော်မင်းဦးနဲ. ပတ်သက်လို. သူဟာ အသက်အရွယ်ငယ်ပြီးအတွေ.အကြုံ လိုအပ်နေသေးတာကြောင်. လိုအပ်ချက်တွေ ရှိနေမှာဖြစ်ပေမယ်.  မင်းမင်းသူတို.လို တကယ်အားထားရတဲ့ ကစားသမားကောင်း တစ်ယောက်ဖြစ်အောင် . လက်ရွေး စင်အထိရောက်အောင် သင်ကြားပေးသွားမှာဖြစ်ကြောင်း ၊ ဆာဆာ နဲ.ပတ်သက်လို.တော. သူက ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ပွဲမစခင် တစ်ပတ်လောက်ကမှ အသင်းနဲ.လာရောက်ပူးပေါင်းတာကြောင်. နောင်ဆိုရင်တော. ယခုထက်ပိုကောင်းလာနိုင်ပါကြောင်း ၊ မိမိတို.အသင်းရှုံးရင် မိမိညံ.လို.ဖြစ်ပြီး မိမိတို.အသင်းနိုင်ရင် ကစားသမားတွေ တော်လို.ဖြစ်ကြောင်း ၊ယနေ.ကမ္ဘောဇ လိုအသင်းကိုနိုင်ခဲ့တာ ကစားသမားတွေ ရဲ.ကြိုးစားအားထုတ်မှုကောင်းလို.ဖြစ်ပြီးချီးကျုးပါကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


ဘာပဲပြောပြော ယနေ.မှစ၍ ဧရာဝတီ ယူနိုက်တက်၏ အနိုင်ကစားပွဲများကို စတင်ဖွင်.လှစ်ပြီဖြစ်ပါကြောင်း...........
            

ဝိုင်းစုခိုင်သိန်း မင်္ဂလာဧည်.ခံပွဲ နှင်. ညစာစားပွဲ မှတ်တမ်းပုံ အချို.













From ၀ိုင်းစု Page

Friday, February 14, 2014

တစ်ဖြေးဖြေး မှေးမှိန်လာနေတဲ့ ဖယောင်းတစ်တိုင် (သို.) ဆရာမကြီး ဒေါ်မူမူ





ထိုနေ.က စာရေးကုန်း ထဲရောက်ပြီး ဘိုးမင်းခေါင်ဘုရား နောက်ဖက်လမ်းထဲရောက်ပြီးကာမှ ဆရာမအိမ်ကို ပြန်ရှာနေရသည် ။ နောက်မှ အိမ်ရှေ.မှာ ရပ်နေသော ဆရာမ၏သမီး ဖြစ်သူ..ဈေးကျောင်းမှာတည်းကိုက အတူုတက်ခဲ့ဖူးသည်. ၀င်.မာမာစိုး ကိုတွေ.မှပဲ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော.သည် ။ တစ်ချိန်က တပည်.တပန်းများ စည်ကားဖူးသည်.အိမ် . တစ်ချိန်က မိသားစု စုံစုံညီညီ တက်ကြွပျော်ရွှင် သံစဉ်အမျိုးမျိုးကွန်.မြူးနေသည်.အိမ် ယခုတော.


အိမ်ကြီး၏ အလည် ၀င်ပေါက် နှင်. ခေါင်းရင်းပြတင်း တစ်ခုကြားက မ၀င်သာ ၀င်သာ ၀င်ရောက်နေသော အလင်းရောင်အောက် အိမ် အလယ် တည်.တည်.ခန်.တွင်တော. အမြဲလိုလို ပြင်ဆင်ထားပုံရသည်. အိပ်ရာတစ်ခု .. ဇန်န၀ါရီ လ ဖြစ်သလို အအေးပိုသည်.နှစ်မို. ၁၀နာရိကျော်နေသည်.တိုင် အအေးဓါတ်ကရှိနေဆဲဖြစ်ပြီး အိပ်ရာထဲတွင်တော. ခပ်ကွေးကွေး သဏ္ဍန်တစ်ခု

ငါသူ.ကို ဟိုးနောက်ဘက် အခန်းထဲမှာထားတာ အသက်ရှုကြပ်တယ်လို.ထင်တာနဲ. အိမ်ရှေ.မှာပဲ ထားလိုက်တော.တယ်မာမီထအုံး တပည်.တွေလာတယ်မာမီ.ကိုစကားပြောချင်လို.တဲ့    လို.ပြောရင်း ခြင်ထောင်တင်မိခင်ကိုသန်.ရှင်းရေး လုပ်ပေးနေသာ သူငယ်ချင်းက  အရင်က တော. ပြဿနာမရှိဘူးဟ ခုကတော. ငါရယ် မာမီရယ် ကျန်းမာရေးမကောင်းတဲ့ အကိုရယ်ပဲ ရှိတော.တယ်   လို.ပြောသံကြားတော. ..


ဆရာမကြီး ကိုကြည်.ရသည်က အချို.သော အရာများကို အသေအချာ မှတ်မိနေသေးသော်လည်း အချို.ကိုတော. မှတ်သားနိုင်ပုံမရတော. ။ အဖေ.နာမည်ကို ပြောပြတော. သူ.တပည်.မှန်းသိနေသလို ဘာလုပ်သည်ကိုလည်း မှတ်မိနေသော်လည်း ကိုယ်.နာမည်ကိုပြောတော. ၅မိနစ် တစ်ခါလောက်ပြန်မေးနေခဲ့သည် ။ သို.သော် သူ.မွေးသော ခုနှစ် နေ. ရက်ကိုမူ အင်္ဂလိပ်စာ ဆရာမပီပီ အသံထွက်ကောင်းကောင်းနှင်. 1929 Jan 25 ဟုပြောနေနိုင်တုန်း ။ 


ပြီးခဲ့သည်. ရက်ပိုင်းကပင် ဆရာမကြီး အသက် ၈၅ နှစ် ပြည်.ခဲ့သည် ။ သူတို.ဘာသာ ထုံးစံအရ ထိုနေ.က ဘုရားကျောင်းမှအဖွဲ.က အိမ်သို.ရောက်အောင်လာကြပြီး ဆုတောင်း ၊ ဓမ္မတေးများ ရွတ်ဆိုပေးခဲ့ကြသည် ။

သူက ဟာ  အမြဲ သန်.သန်.ရှင်းရှင်းနေတတ်တဲ့ အကျင်.ရှိတော. အမြဲရေပတ်တိုက် သနပ်ခါးလိမ်း ဆံပင်သန်.ရှင်းရေး လုပ် အဲ့ဒီသူ.မွေးနေ.ကဆို အရမ်းတက်ကြွနေတာ ပြီးတော. သူမပြန်စေချင်ဘူး လာတဲ့သူတွေကို ငါကလည်း အလုပ်အားလုံးတစ်ယောက်တည်း လုပ်နေရတာဆိုတော. တစ်ခါတစ်လေ မာမီနဲ. စကားထိုင်မပြောနေဖြစ်တာမျိုးတွေ ရှိတယ်လေ 

၂၀၁၂ ဆရာကန်တော.ပွဲနေ.က အိမ်မှ ကားဖြင်. ၊ ကားပေါ်မှ Wheel Cheel ပေါ် သူမ၏ တပည်.များက ချိပွေ.ရွှေ.ပြောင်းပေးနေခိုက်

 ဆေးဝါး နှင်. ကုသရေးအတွက်ကိုတော. ဒေါက်တာသက်ရှည် ဒေါက်တာဇော်ထွန်းစသည်တို.က အလျဉ်းသင်.သလို တာဝန်ယူပေးကြသည် ။ထို.အပြင် ကျန်သည်. ကိစ္စများကိုလည်း တပည်.ဟောင်းများက အတိုင်းအတာ တစ်ခုအထိ တာဝန်ယူပေးထားသည်ဟု သိရသည် ။ ဆရာမကြီး စွဲစွဲမြဲမြဲ သောက်သည်က Sprite သူ.နားတွင်လည်း သောက်လက်စ ဗူး တစ်ခုရှိနေပြီး အခွံများလည်းတွေ.ရသည် ။ သူကရေတိုက်ရင် ခါးတယ်တဲ့ ..ထမင်းသာ မစားရင်နေမယ်..Sprite ကတော. အမြဲသောက်တယ်ဟငါလည်း ချိန်ပြီးတော. တိုက်ရတာပေါ. တစ်ခါတစ်လေ ရေသောက် တစ်ခါတစ်လေSprite သောက်ပေါ. .. ကိုယ်တွေလို အရွယ်တောင် တစ်ခါတစ်လေ ထမင်း မစားချင် အချို အချဉ်လောက်သာ စားချင်စိတ် ရှိတတ်သည်မို. အသက် ၈၅ နှစ်ဆိုသော အရွယ်၏ ဤ ချဉ်ခြင်း တပ်မှုကား ဤမျှတော.ရှိပေမည် ၊ 


ဆရာမကြီး အလုပ်စ၀င်သည်က မြောင်းမြ သာသနာပြုကျောင်း ၊ ထိုမှ ၀ါးခယ်မ အထက ၁ သို.ရောက်လာပြီး ပင်စင်ယူသည်.၁၉၈၈-၈၉ ပညာသင်နှစ် ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကျောင်းတွင် တာဝန်ယူသင်ကြားစဉ်က မျက်နှာချြိုခင်း ၊ ကျောင်းသားများအား ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတတ်ခြင်း ၊ မြင်.မားသော အရပ်အမောင်းရှိပြီး အစဉ် သန်.ရှင်း သပ်ရပ်စွာ နေထိုင်တတ်ခြင်း ၊ အင်္ဂလိပ်အသံထွက် ကောင်းသလို စေတနာထားသင်ကြားတတ်ခြင်း ၊ ပျုငှာ ချိုသာစွာ ပြောလေ.ရှိခြင်းတို.ကြောင်. ကျောင်းသားတို.အတွက် နှစ်လိုဖွယ် ဆရာမတစ်ဦးဖြစ်ခဲ့သည်။

 သိပ်မကြာမှီ နှစ်များထိ လမ်းအနည်းငယ်လျှောက်နိုင်သေးသည် ။ ၂၀၁၂ ဦးဘိုကြီးကျောင်း ဆရာကန်တော.ပွဲအထိ သွားရောက်အကန်တော.ခံနိုင်သေးသော်လည်း ထိုနှစ် သြဂုတ်လ ခန်.မှစ ခါးနာလာရာက ခုတော. လုံးဝလမ်းမလျှောက်နိုင်တော. ။ ၂၀၁၂ ဒီဇင်ဘာ ကျောင်းကြီး ဆရာကန်တော.ပွဲတုန်းကပင်လျှင် ကားနှင်.သွားခေါ် ၊ Wheel Chair နှင်. ခန်းမအတွင်း တွန်းဝင် အခမ်းအနားမပြီးခင် မထိုင်နိုင်သောကြောင်. ပြန်ပို.ပေးခဲ့ရသည် ။

၂၀၁၂ ဒီဇင်ဘာ ဆရာကန်တော.ပွဲနေ.က သြ၀ါဒ စကားပြောကြားပေးနေခိုက်

 ကထိန်အကြောင်းနှင်. ဆရာကန်တော.ပွဲ အကြောင်းလေး ပြောကြည်.မိတော. ဆရာမ ကြီးက အေး ကောင်းတာပေါ. တပည်.တွေ နဲ.ရော လုပ်ဖော်ကိုင်ဖက်တွေနဲ.ပါ တွေ.၇တာပေါ. ဒိတိုင်းက တွေ.ဖို.မလွယ်ဘူး ဘယ်လောက်အထိတွေ.နိုင်မယ်ဆိုတာလည်းမသိဘူးကောင်းတယ်..အကုန်လုံး နှစ်တွေ စုလုပ်မယ်ဆိုတော. ကောင်းတာပေါ. အကုန်လုံးတွေ.၇တာပေါ. အများကြီးတွေ.၇တာပေါ. ဟု တိုတိုပဲပြောသည် ။ယခုအချိန်အထိ ဆရာမကြီး မျက်နှာက ချိုပြီး ကြည် နေသည် ။ ရင်တွင်း ဖြူစင်မှု ကမျက်နှာကို အရောင်ဟပ်နေသည် ။ အသက်အရွယ် ကျန်းမာရေးအရ နွမ်းနယ်နေသော်လည်း ကြည်လင်တုန်း


ပြန်ကာနီး ကန်တော.ကြတော. အေးအေး နောင်ကိုလည်း ဆိုက်ကားနဲ.တစ်စီးတိုက်သယ်လာပြီး ကန်တော.နိုင်ပါစေ ဟုတ်တယ်မလား များများအဆင်ပြေမှ များများကန်တော.နိုင်မှာပေါ. ဟုရယ်မောရင်း ဆုတောင်းပေးသည် ။ ဆရာမကြီး ရယ်မောနေပုံက အဖွားအို တစ်ဦးထက် ကလေးငယ်တစ်ဦးနှင်. ပိုတူနေသည် ။ ဆရာမကြီးဆီ ဖုန်းဆက်လိုသူ မေးမြန်းလိုသူတို.အဖို. ၀၉၃၆၁၃၇၅၁၁ သို.ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

ကျောင်းကြီးကနေ ဆရာမ ကြီး လျှောက်ပြန်လေ.ရှိတဲ့ ဘိုးမင်းခေါင်ဘုရား နောက်က လမ်းလေး

 အချို.သော အလင်းရောင် တို.သည် မူရင်းဖယောင်းတိုင် မှ လွန်စွာဝေးကွာသော အရပ်တို.တွင် တင်.တည်နေပြီး မူလတည်ရာတို.သို. စိတ်ပင်ပြန်မညွတ်နိုင်ကြ ၊အချို.ကတော. ကမ္ဘာလုံးဝန်းသီအိုရီ အရ မူရင်းနေရာတိုင် အလင်းရောင်ပြန်ကြသည် ။ အချို.သော အလင်းရောင်တို.ကား ပျော်ကျလာသော ဖယောင်းရည် တို. နှင်. ၀န်းကျင်တွင် အလင်းဖြန်.ကြက်ရင် ထိုဖယောင်းတိုင်တို.၏ နိဂုံးအတွက် ဖေးမပေးနေခဲ့ကြသည် ။ မည်သို.ဆိုစေ  ဖြန်.ကြက်လွမ်းခြုံပေးသမျှသော တန်ပြန်အလင်းရောင်တို.၏ ဖေးမမှုကို ပီတိအပြည်.ဖြင်. ခံယူရင်း တိုးဝင်ပျောက်ကွယ်ရမည်.အချိန်ဆီ တစ်ရွေ.ရွေ.သွားနေသာ ဖယောင်းတိုင် ကုန်လုလု တစ်ခုကား……………………………….

ဆက်စပ်ဖတ်ရှုနိုင်ရန် ....