Monday, October 7, 2013

မိုးစက်ဝိုင် ရှင်းတမ်း




မြန်မာနိုင်ငံသည် မယ်စကြာပြိုင်ပွဲကို၁၉၆၁ခုနှစ်က နောက်ဆုံးဝင်ရောက်ယှဉ်ပြိင်ခဲ့ခြင်းဖြစ်သောကြောင့် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအရွေးချယ်ခံထားရသူ မိုးစက်ဝိုင်အနေဖြင့် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကို ကြော်ငြာခဲ့ဖူးကြောင်း၊ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်သည့်အပြင် အမေရိကန်နိုင်ငံ ၌ B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး ယင်းနိုင်ငံတွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။
မိုးစက်ဝိုင်သည် ၃.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် Miss Universe ပြိုင်ပွဲတွင် Miss Universe ဆုရရှိခဲ့သူ ဖြစ်သည်။သူမအနေဖြင်. သိန်းတစ်ရာကျပ်၊ ဟွန်ဒါဖစ်တစ်စီး၊ စိန်သရဖူ စသည်တို့ချီးမြှင်.ခံခဲ့ရပြီးအနုပညာလှုပ်ရှားမှု အခွင့်အရေးများ ရရှိမည်ဖြစ်သည် ။

ထိုစဉ်က ကြည်.ရှုသူ အားလုံးနီးပါးပင် သူနှင်.ပတ်သက်၍ ဆုရရှိခြင်းပေါ်  သဘောထားတူညီခဲ့ကြသည် ။ Talent ကောင်းခြင်း ၊ နိုင်ငံတကာအဆင်.မှီ အရပ်ရှိခြင်း ၊ US တွင်ဘွဲ.ရရှိထားသူဖြစ်ခြင်းကြောင်. Language Fright မရှိနိုင်ခြင်း ၊ နိုင်ငံတကာ မျက်လုံးဝင်နိုင်သည်. ရုပ်ရည်ရှိခြင်းတို. သည် သူ.အတွက် ဤဆုနှင်. ထိုက်တန်သည်ဟု ယူဆစရာအခြေခံ အချက်များဖြစ်ခဲ့သည် ။



သို.ရာတွင် ၅.၁၀.၂၀၁၃ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲကို နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပခဲ့သည်. အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ၊ အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ ကတက်ရောက်ကြပြီး အဆိုပါ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ ပြီး
ယင်းအခမ်းအနားတွင် 2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးအား ဖွင့်ပွဲစဉ်အခမ်းအနားရှိ ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးခဲ့သည်. အစီအစဉ်ပါဝင်ခဲ့သည် ။ ထိုအခမ်းအနားမှ ဖိုးလပြည်.နှင်. မိုးစက်ဝိုင်တို. ပုံများကို Facebook မှတစ်ဆင်.မျှဝေရင်း ထိုပွဲတွင် ဆုရရှိခြင်းသည် ဖိုးလပြည်.နှင်. ပတ်သက်ခြင်းကြောင်.ဖြစ်ကြောင်း Vote များ အပါအ၀င် ဆုရရှိအောင် Skynet အပါအ၀င် Company အချို.က ကြိုတင်စီစဉ်ခဲ့ကြကြောင်း ကောလဟာလများထွက်ပေါ်ခဲ့သည် ။



ထိုကိစ္စနှင်.ပတ်သက်၍ ၇.၁၀.၂၀၁၃ ရက်နေ့ညနေ ၃နာရီက ရန်ကုန်မြို့ Park Royal တွင် ကျင်းပသည့် Miss Universe Myanmar ဆုပေးပွဲအခမ်းအနားနှင်. သတင်းစာ ရှင်းလင်းပွဲတွင်မိုးစက်ဝိုင်က “ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ဆိုခဲ့ပါတယ် ။တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ပါတယ် လို.ဆိုပါတယ် ။



တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။

အဆိုပါ ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Vote လုပ်သူများအနေဖြင့် အပြောင်းအလဲဖြစ်လာသူများရှိကြောင်း မိုးစက်ဝိုင်က ဆိုသည်။
“အရင်က vote လုပ်တဲ့သူတွေက ရှိသေးပါတယ်။တချို့အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲလာတာတွေတော့ ရှိပါတယ်။ဒါပေမယ့် အရင်ကလိုပဲယုံကြည်လက်ခံပေးကြပါ၊အခုလိုဖြေရှင်းတာကိုလည်း နားဝင်ကြမယ် ထင်ပါတယ်ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။



ထိုကိစ္စနှင်.ပတ်သက်၍ Miss Universe Myanmar 2013 ဆုရွေးချယ်ရေးအဖွဲ့ထဲက ဒိုင်တဦးဖြစ်သူ ဒေါ်အယ်လ်ခွန်းရီက
"အားကစားဝန်င်္ကြီးဋ္ဌာနရဲ့ လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. ကငွေကြေး များစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိတ
ဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဥာဏ်များကိုပါ ရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ ဒိုင်တွေက မှန်မှန် ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံး အသိပဲ ဖြစ်ပါ လိမ့်မယ်.. နိုင်ငံတကာမှာလည်း ထုံးစံအတိုင်း မယ်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ အလိုအလျောက် လူမှုရေး သံတမာန် အဖြစ် ထမ်းဆောင်ကြရလေ့ ရှိတာကို မေ့ မထားသင့်ပါဘူး။

အများ ပြည်သူနဲ့ ပါတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုရေး လုပ်ငန်းတွေ မှာဖြစ်စေ၊ အားကစားလုပ်ငန်းတွေ မှာ ဖြစ်စေ ပါဝင်ကူညီပေးရမှာပါပဲ။

သူလည်း တစ်ချိန်က တက္ကသိုလ် ကျောင်းသူ တစ်ဦးဖြစ်ခဲ့ဖူးတာမို့ ဒီလို အားကစား အတွက် ကူညီပေး ခဲ့မိတာလေးနဲ့ပဲ ဒီလောက်အပြစ်ကြီး သွားရလောက်အောင် ၀ိုင်းဝန်းပြီး ဝေဖန်ပြောဆိုနေဖို့တော့ မသင့်ဘူး လို့ ထင်ပါတယ်။


အခုတော့ သူ့ခမျာ တစ်ဖက်သတ် အထင်လွဲခံရပြီး သွားပုပ်လေလွင့် ပြောဆိုခံနေရတာကို မြင်တွေ့ ကြားသိနေရတော့ ကလေး မလေး အတွက် အလွန်ပဲ နစ်နာလှတာမို့ စိတ်မကောင်းဖြစ်မိပါတယ်။


၅.၁၀.၂၀၁၃ ရက်နေ့ကလည်း မကျင်းပဖြစ်တာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်တဲ့ တက္ကသိုလ် ပေါင်းစုံ
ဘောလုံးပြိုင်ပွဲမှာ အစီအစဉ်အတိုင်း ကျောင်းသားအားကစား သမားလေးတွေကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပေးတဲ့အတိုင်း ဆုဖလား သယ်ဆောင်ပေးခဲ့ရတာ နဲ့ ပါတ်သက်လို့ ဘာအပြစ်မှ မရှိတဲ့ မိုးစက်ဝိုင် ကို ဘာကြောင့်များ နစ်နစ်နာနာ အပြစ်တင်စကား ပြောချင်ခဲ့ကြရသလဲ ဆိုတာ မစဉ်းစား တတ်အောင် ပါပဲ..

ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင် စိတ်ကလေးနဲ့ပြန်လည် သုံးသပ်ပေး ကြစေချင်ပါတယ်.."
ဟုရှင်းပြပေးခဲ့သည် ။
ထို.အတူ ကာယကံရှင် တစ်ဦးဖြစ်သူ ဖိုးလပြည်. မှလည်း MEx မှတစ်ဆင်. mail ပို..ဖြေရှင်းခဲ့ရာတွင်
 
By www.myanmarcelebrity.com
"Admin team ခင်ဗျား

- ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ်ပါတယ်။ 


ဒါကြောင့်လဲ ကျွန်တော် ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ပြန်လည် ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။အစပိုင်းမှာ အခက်အခဲများစွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန်ရည်ရွယ်သော်လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့်သည်အထိလက်ခံယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက် တစ်ကြိမ်မှပါဝင်ပေးပါရန် မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒီနေရာမှာ ကျေးဇူးအထူး တင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမဦးစွာစိတ်ပါဝင်စားစွာဆွေးနွေးတုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ နယ်မှကစားသမားများ ရန်ကုန်တွင် နေထိုင်နိုင်ရေး အတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကိုအဘက်ဘက် ကပံ့ပိုးကူညီပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမြဲတမ်း ကိုယ့်အသင်း အတွက်အကောင်း ဆုံးဖြစ်အောင်စီစဉ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းများမှပါချုပ်ကြီးများ၊ဆရာ၊ဆရာမများ၊အားတက်သရော ကိုယ့်တက္ကသိုလ် ဂုဏ်ဆောင်နိုင်ရန်ပါဝင်ယှဉ်ပြိုင်လာတဲ့ ထူးချွန်ထက်မြတ်တဲ့ကစားသမားများ နဲ့ နိုင်ငံကြီးသားပီသစွာအားပေး လာတဲ့ ကျောင်းသားထုပရိသတ်တို့ပဲဖြစ်ပါတယ်။

- ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကိုဝါသနာပါ၍ ကျောင်းသားများအားကစား Life ရရှိစေရန်သာ ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မိမိအနေဖြင့်မည်သည့်အကျိုးကိုမျှမမျှော်လင့်ပါ။ ဒီလိုပြိုင်ပွဲကျင်းပခြင်းအားဖြင့်လဲ တက္ကသိုလ် ကျောင်းသားများ အနေဖြင့် ပြိုင်ပွဲကိုခမ်းခမ်းနားနား ယှဉ်ပြိုင်ရုံကလွဲပြီး ကျွန်တော်တို့အတွက်လဲမည်သည့် အကျိုးအမြတ်မှမရပါ။ ထို့ကြောင့်အချို့သောသူများအနေဖြင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ကျွန်တော်တို့နှင့်ပူးပေါင်းလာမှုအပေါ် အမြင်မစောင်းစေလိုပါ။ ကျွန်တော်တို့ ကော်မတီဝင်များ (ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအပါအဝင်) အနေဖြင့် ကျောင်းသား၊ကျောင်းသူများ အတွက် အစွမ်းကုန်အဆင်ပြေစေရန်ကြိုးပမ်းဆောင် ရွက်လျက်ရှိ၍ တာဝန်ရှိသူများယခုကဲ့သို့ မြေတောင်မြှောက်ပေးရန်ရည်ရွယ်ချက်ဖြင့်ပူးပေါင်းလာခြင်းကို မိမိတို့အနေဖြင့်ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်ပါသည်။


- ကျွန်တော့်အနေဖြင့် မည်သူ့ကိုမဆိုချစ်ကြည်လေးစား ရင်းနှီးစွာဆက်ဆံ၊ခင်မင်တတ်ပြီး တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများကို အစည်းအဝေးပွဲများတွင်ဆုံသောအခါတိုင်းတွင်လည်း ရင်းနှီးဖော်ရွေစွာပင်ဆက်ဆံ ၊နှုတ်ဆက်လေ့ရှိပါတယ်။ (ဤသည်ကိုကျွန်တော်နှင့်ဆုံဖူးသော ဆရာ၊ဆရာမ များ၊ကျောင်းသားများအသိဖြစ်ပါသည်၊ ကျွန်တော်တို့ အပေါ်အမြင်စောင်းစေလို၍၊ ကျောင်းသား များနှင့်သွေးခွဲလို၍ တစ်ဘက်စောင်းနင်းရေးသား ထားသောသတင်းများကို လုံးဝမယုံစေလိုပါခင်ဗျာ)

- နောက်တစ်ခုကျွန်တော်ပြောလိုတာကတော့ Miss universe ကိစ္စဖြစ်ပါတယ်။သူဟာကျွန်တော်နဲ့ သိယုံသာသိပြီးလူခြင်းမခင်ပါ။ သူဟာ နှစ်ပေါင်း(၅၀)ကျော်ကြာမှ တစ်ကျော့ပြန်ဆုရရှိခဲ့သူဖြစ်ပြီး ကျွန်တော်တို့တို့ပြိုင်ပွဲမှာလည်း နှစ်အတော်အတန်ကြာမှပြန် လည်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ဖွင့်ပွဲကြီးပိုမိုစည်ကား သိုက်မြိုက်စေရန်ရည်ရွယ်၍၊ သူ့ကိုဆုရုပ်တုသယ်ဆောင်ပေးပါရန် ကျွန်တော်ကိုယ်တိုင်လေးလေးစားစား ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သူကလည်းဝမ်းမြောက်ဝမ်းသာပင် (အခကြေးငွေတစ်ပြား၊တစ်ချပ်မျှမယူပဲ) တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ ကို လေးစားဂုဏ်ပြုသော အားဖြင့် ပါဝင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Internet တွင်ဖွနေသလို ပြိုင်ကားမှာ ကျွန်တော့်ကားမဟုတ်သလို ကျွန်တော်မောင်းပို့ပေးခြင်းလဲမဟုတ်ပါ။ ကျွန်တော်နဲ့အဆက်အသွယ်လဲမရှိပါ။ ပြိုင်ပွဲကျင်းပမှုပိုမိုခမ်းနားလေ တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသား များပိုမို ပျော်ရွှင်ဂုဏ်ရှိလေသာဖြစ်ဖြစ်၍သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။ 


တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုများကို လေးစား၍ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့်အနေဖြင့်အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။

- နောက်ဆုံးတစ်ခုမိမိအကြံရထားသည်ကို တင်ပြလိုပါသည်။ဤပြိုင်ပွဲကြီးပြီးဆုံးလျှင်မိမိအနေဖြင့် ဤပြိုင်ပွဲမှအကောင်းဆုံးကစားသမား(၂၀)ခန့်ကို ရွေးချယ်ပြီးအိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များနှင့် (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ရန်စဉ်းစားလျက်ရှိပါသည်။ ပရိသတ်ကြီး၏ အကြံဉာဏ်သဘောထား ကိုလည်းရယူလိုပါသည်။ Admin team မှတဆင့်ဆက်သွယ်အကြံပြုစေလိုပါသည်။

- ကျေးဇူးအထူးတင်ရှိပါသည်။ "
ဟုပါဝင်ခဲ့ပါသည် ။
 တစ်ခုစိုးရိမ်သည်က တကယ်.ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲတွင်ကျမှ စုစည်းညီညွတ်မှု ပြိုကွဲလျှက်  ရသင်.ရထိုက်သော ဆုတို.မရရှိလိုက်နိုင်မှာ .. ကာယကံရှင်အနေဖြင်. နိုင်ငံရေး တိုက်ကွက်တစ်ခု၏ တန်ဆာခံဖြစ်သွားမှာကိုသာ ဖြစ်ပါသည် ။ အားလုံးအသိရှိရှိ ဆင်ခြင်နိုင်ကြပါစေ ။
Ref ; စောင်.ကြည်.သတင်းဂျာနယ် , OE , MExnet ,  Miss Myanmar Universe @ Facebook  , ဧရာဝတီ 
 

Sunday, October 6, 2013

ဗိုလ်ဦးထုပ် ဟူသော ဆရာ တစ်ဦး ရှိခဲ့ဖူးသည်


ပထမဆုံးပြောချင်တာက ကျွန်တော်က ကိုယ်.ကိုကိုယ် Follower တစ်ယောက်ဖြစ်မှာတော. အတော်ကိုကြောက်သည် ။ ထို.အတူ Lateral သမားတစ်ယောက် မဖြစ်ဖို.လည်း အတော်တော. သတိထားပါသည် ။ မိမိကိုယ်တိုင်၏ အယူအဆ..ယုံကြည်ချက် ..အတွေးအမြင်တို.သည် မိမိ၏ အသိတရား နှင်.လေ.လာမှုတို.ပေါ်သာ တည်မှီသည်ဟု ယူဆထားသူ ၊ မည်သူ.ကြောင်. ဆိုသည်ကို လုံးဝလက်မခံချင်သူ ..အခြားသူ လက်ခံတိုင်း/ ယုံကြည်တိုင်း/ စိတ်ဝင်စားတိုင်း ကျွန်တော် လက်ခံချင်မှ လက်ခံမည် ၊ ထို.အတူ အခြားသူ ယုံကြည်ရာ/လက်ခံရာ ဟူသမျှကိုလည်း ဆန်.ကျင်ကန်.ကွက်ချင်မှကန်.ကွက်မည် ။ မည်သူ ယုံကြည်သည်ဖြစ်ပါစေ ၊ မယုံကြည်သည်ဖြစ်ပါစေ ကျွန်တော်.ယုံကြည်ခွင်. ရှိသည်ပင်ဖြစ်သည် ၊ ထို.အတူ  မယုံကြည်ခွင်. လည်းရှိသည်ပင် ။ သို.သော် Outsider တစ်ယောက်ဖြစ်လောက်သူ မဟုတ်ဟုတော. ဆက်ဆံဖူးသူအားလုံး လက်ခံပါလိမ်.မည် ။

Photo by Zaw Min Latt
ဤနေရာတွင် ကျွန်တော်လက်ခံထားသော ဆရာ ဟူသည်.ဂုဏ်ပုဒ် အကြောင်းပြောရပါတော.မည် ( တကယ်တော. ဒီကိစ္စ အငြင်းပွားဖွယ်ရာများ ကြုံနိုင်သဖြင်. မပြောလိုသော်လည်း အနည်းငယ်တော. ပြောရပေမည် ) ဘာသာရေးအမြင် ၊ ရှေးယခင်အယူအဆများက လက်ခံထားသလို ကျွန်တော်လည်း ယုံကြည်သည်မှာ ဆရာဟူသည် ဘုရားနှင်. တစ်ဂိုဏ်းတည်း ထားသင်.သော အမွန်အမြတ် လူသားတစ်ဦးပင် ။အနန္တ ဂိုဏ်းဝင် ဆရာဆိုရာတွင် သင်ဆရာ ၊ မြင်ဆရာ ၊ကြားဆရာ အားလုံးပါသည်ဟု ယူဆထားသည် ။ထိုသူတစ်ဦးသည် မိမိကို ပညာရပ်တစ်ခုသင်ကြားပေးခဲ့ပါလျှင် (သို.) ထိုသူ တစ်ဦး၏ မှန်ကန်သော အပြုအမူ ၊အကျင်.အကြံ တို.ကို မိမိက လိုက်လံ အတုယူ ကျင်.ကြံ လုပ်ကိုင်ခဲ့ပါလျှင် (သို.) ထိုသူတစ်ဦး၏ ဆုံးမသြ၀ါဒ လမ်းညွှန်စကားတို.ကို မိမိက (ကိုယ်.ကိုတိုက်ရိုက်ပြောသဖြင်.ဖြစ်စေ ၊ တစ်ပါးသူအားပြောကြားသည်ကိုကြား၍ဖြစ်စေ) လိုက်နာ ကျင်.ကြံ လုပ်ကိုင်အားထုတ်လျှင်ဖြစ်စေ ထိုသူကို ဆရာ ဟု သတ်မှတ်ရမည်ဖြစ်သည် ။ ( ဤသို.ဆိုလျှင် ကျောင်းအုပ်ဆိုသူများသည် မည်သည်.ဆရာဖြစ်သနည်းဆိုသော် မိမိနှစ်လိုသလို ခံယူနိုင်ပါသည် ) ။ ဤ နေရာတွင်အကန်တော.ခံ ဆရာတစ်ဦးပြောသော စကားကိုလည်းပြန်ကြားယောင်နေမိသည်။  

 “ ငါကတော.အကန်တော.ခံရတာလန်.တယ်ကွ ။ ငါကိုယ်တိုင်စာသင်ပေးခဲ့ချိန်တွေမှာ မင်းတို.ကို တတ်စေချင်တဲ့စေတနာနဲ. သင်နေတာလား ၊ ငါ.တာဝန်ငါ ကျေချင်နေတာလား ၊အသင်အပြကောင်းတဲ့သူတစ်ယောက်အဖြစ် ငါ.ဘာသာဂုဏ်ယူကျေနပ်နေချင် ခဲ့တာလားဆိုတာ ပြန်စဉ်းစားဖြစ်တယ် ၊ပြီးတော. မင်းတို.လိုကန်တော.တဲ့ လူတွေအားလုံးထက် ငါတို.က သိက္ခာ၊ ကိုယ်ကျင်.တရား မြင်.မြတ်နေရဲ.လားဆိုတာလည်း တွေးတွေးနေမိတယ် တဲ့



နောက်ဆုံးညစာ စားပွဲ ( Zaw Min Latt )
ကျွန်တော်ကအကြောင်းကြောင်းကြောင်. နေရာအစုံတွင် ကျောင်းအမျိုးစုံ တက်ခဲ့ဖူးသည် (ပြည်ပကျောင်းများ မပါဝင်ပါ) ထို.တက်ခဲ့သည်.တောက်လျှောက် ကိုယ်.ကို သင်ကြားခဲ့သော ဆရာများကို လေးလေးစားစား ဆက်ဆံခဲ့သည် ။ ကျေးဇူးရှင်သဖွယ် အမှတ်ထားခဲ့သည် ။ သို.သော် မိမိစိတ်ထဲ လေးစားသူတို.ကိုသာ နီးနီးကပ်ကပ်ဆက်ဆံခဲ့သည် ။ထို.အတွက် မိမိနှင်. နီးနီးစပ်စပ် ဆက်ဆံခဲ့သောဆရာများထဲတွင် လူသိနည်းသော…… တပည်.များနှင်. အဆက်အဆံနည်းသော ဆရာများပါနိုင်သကဲ့သို.တပည်.အများဂရုတစိုက်ရှိသူများ လည်း ပါချင်မှပါပေလိမ်.မည် ။ ထိုအထဲတွင်မှ မိမိ Major မှမဟုတ်သလို တိုက်ရိုက်ပတ်သက်မှု မရှိပဲ နီးနီးကပ်ကပ် ဆက်ဆံဖြစ်ခဲ့ပြီး နှစ်လိုဖွယ်ဖြစ်ခဲ့သူမှာ ဗိုလ်ဦးထုပ် ပင်ဖြစ်သည် ။

သူနောက်ဆုံး တက်ရောက်ခဲ.ခြင်း ဖြစ်နိုင်ဖွယ် ရှိသော သူ.သမီးတစ်ယောက် မင်္ဂလာဆောင်
ကျွန်တော်တို. ကျောင်းရောက်တော. သူက ၃၈ နှစ်ဝန်းကျင် ၊ သူ.နာမည် ၊ သူ.ပုံစံ ကိုက အားလုံးနှင်.ကွဲထွက်နေသည် ။ ကျောင်းရောက်ပြီးသိပ်မကြာမှီမှာပင် သူ၏ မပြီးသေးသောပန်းချီကားချပ်အကြောင်း ( သူ.ပန်းချီကားကို မပြီးဆုံးခင်မှာပင် သူကိုယ်တိုင် လက်စသိမ်းခဲ့သည် ) ၊ ပြောင်မြောက်ထက်ရှသောကိုယ်ပိုင်ဖန်တီးမှု စကားစုများ ၊ သမီးအများအပြားပေါ် သြဇာညောင်းသော ဖခင်တစ်ဦး၏ ကျော်စောမှုမျိုး စသည်ဖြင်. ခေါင်းစီးအတော်များများ ကြား ရေပန်းစားခဲ့သည် ။

နောက်ဆုံးသြ၀ါဒ ( Photo by Zaw Min Latt )
ပထမဆုံးဂုဏ်ပြုလိုသည်က သူ၏ ကိုယ်ကျင်.တရား ၊ အမှန်ပင် ၁၆ ပဲရည်ပြည်.ခဲ့သည် ။ မိန်းကလေး အများအပြား ရောက်လေ.ရှိသည်. ဌာနတစ်ခုက ဌာနမှုး မို. မိန်းကလေးများနှင်. အဆက်အဆံများခဲ့သည် ။သို.သော် ဖြူစင်မွန်မြတ်သော ဆရာ တစ်ဦးမို. မည်သို.သော မကောင်းသတင်း တစ်စွန်းတစ်စမျှ ယောင်ယောင်လေးတောင်မထွက်ခဲ့ ။ယခုတိုင်သူ.သမီးများနှင်. သူ.ဆက်ဆံရေးက တကယ်.သားအဖများအတိုင်း ချစ်ခင်ကြဆဲ ..မြတ်နိုးကြဆဲ..သြဇာညောင်းဆဲ
ပုထုဇဉ်များမို. အချို. ဖြစ်တတ်သော သဘောအရ တပည်. မိန်းကလေးများနှင်. အလွမ်းသင်.လွန်းသော သူတို.သည် ယောက်င်္ကျားလေးများဖြင်. သိပ်အစေးမကပ်တတ်သော သဘောရှိသော်လည်း သူကထိုသို.မဟုတ် ။ သူ. Major အပြင် အခြား Major စုံမှ ယောက်င်္ကျားလေး အတော်များများ သည်လည်း သူနှင်. ပုလဲနံပ သင်.လွန်းလှသည် ။ သူကလည်း ဆရာတပည်.လိုပေါင်းသည် ။ ညီအကိုလိုပေါင်းသည် ။ သူငယ်ချင်းလိုပေါင်းသည် ။ လိုအပ်လျှင် ဖေးမကူညီပေးသလို အခြေအနေအရသွန်သင်ထိန်းကျောင်းနိုင်စွမ်းလည်းရှိသည် ။PR ကောင်းလွန်းသူ တစ်ယောက်ဖြစ်သလို အားလုံးလက်ခံမည်.အချက်တစ်ခုက သူသည် ကွယ်ရာတွင် ဘယ်တော.မှ အတင်းပြောခံရသူ တစ်ယောက်မဖြစ်ခဲ့
စေ.စပ်ပွဲ ကျင်းပသည်.နေ.က

နောက်တစ်ချက်ကတော. သူသည် ဒုတိယဘုရားကိုတော်လှန်ရဲသူ ဖြစ်သည် ။ထိုအရာသည် သူ.ကိုမလွှမ်းမိုးနိုင် ။ လူမျိုးစုံ ၊ ရာထူးစုံ တို.အပေါ် အုပ်မိုးနိုင်ခဲ့သူ သည် သူ.အတွက်တော. ဘယ်လိုမှ မနေခဲ့ ..  . ငွေဟူသောအရာသည် သူနှင်.တွေ.ခိုက်တွင်တော. ဘ၀၏ နောက်ဘက်နားခပ်ကျကျမှာသာ မထင်မရှား နေရာချထားခြင်းခံခဲ့ရရှာသည်။..လောဘနည်းတော. ဒေါသလည်း ချို.တဲ့သွားပြီ ။ အဲ့ဒီတော. သူအဖို. အရာရာသည် လည်ကောင်း ၊အရာရာအဖို. သူသည်လည်းကောင်း ချိုမြိန်ဖွယ် ..
စေ.စပ်ပွဲ ကျင်းပသည်.နေ.က
ဆုံးမသြ၀ါဒ ဟူသောခန်.ငြားကြောက်ရွံ.ဖွယ် တို.ကို ဟာသမျက်နှာဖုံးတပ် ၊ လတ်ဆတ်သော စကားစုတို.ဖြင်.ဖန်တီး ၊ ဆုံးမလို.ပြီးသွားမှန်းမသိအောင် သွန်သင်တတ်ခြင်းကလည်း သူ. ၀ိသေသထူး တစ်ခုပင် ။ ဆရာလုပ်ချင်လို. ငါတို.က ဆရာလုပ်တာ ဒါကြောင်. ဆရာက ဆရာလုပ်တာကို မင်းတို.က ဆရာလုပ်တယ်လို.တော. မပြောနဲ. မမြင်နဲ. ငါတို.က ဆရာမို. ဆရာတော.လုပ်ရမှာပဲ ဟူသောစကားအမှတ်ထင်ထင်ကြားနေမိသည် ။

စေ.စပ်ပွဲ ကျင်းပသည်.နေ.က
ချိုမြိန်သော ဘ၀ကို သကာထပ်လောင်းဖို.ကြံစည်ချိန်က သူ.မျက်နှာပေါ်က ပိတိ နှင်. ရှက်စိတ် တိတ်တိတ်ရောထားသောအပြုံး မနေ.တုန်းကလိုပင် ။ သို.သော် ထိုအခါလွန်မိုး ..ရေချိန်ပြည်.သော်လည်း တိမ်အရွေ.က မြန်လွန်းခဲ့သည် ။ သက်တမ်းနုသော်လည်း သက်ရင်.အတွေးအခေါ်ဖြင်.ဖွဲ.တည်ခဲ့သော အိမ်ထောင်သက်အားကိုး ဖြင်. အမျိုးမျိုးသော အိမ်ထောင်လက်သစ်တပည်.တို.အပေါ်  ဆရာမို. ဆရာလုပ်ခဲ့ပြန်သည် ။အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ်မျှော်လင်.ထားတာ ၅၀ % မမျှော်လင်.ထားတာ ၅၀ % ရောထားတာမျိုးလို.ငါထင်တာ မဟုတ်ဘူးကွ မျှော်လင်.ထားတာ ၂၅ % မမျှော်လင်.ထားတာက ၇၅% ကွ တဲ့

Photo by Thuzar Myo
၁ရက် ၁၀ လ ၂၀၁၃ - ဘ၀တစ်ခုအတွက် ထိုရက်သည် နောက်ဆုံးဖြစ်လိမ့်မည်ဟု မည်သူမျှထင်မှတ်မထားခဲ့ ။ဒီရက်ပိုင်း ရင်ဘတ်အောင်.နေလို.ဆေးခန်းပြရအောင် လုပ်ကွာဆိုတဲ့ စကားကြောင်. ရောက်လာခဲ့တဲ့ တပည်.ရင်းတစ်ယောက် ၊ မနက်ကတင် အ၀တ်တွေ လှမ်းနေလို. ယောက္ခမ ကမလုပ်နဲ. ကိုယ်.ဘာသာနေဆိုတာကြောင်. ပြန်ဝင်သွားတယ်တဲ့ ၊ အိပ်ရာထဲလှဲနေတယ်ဆိုလို. ၀င်သွားတဲ့တပည်. အေးစက်စက်ခန္ဒာကိုယ်. ခပ်တောင်.တောင်.ကြိုနေခဲ့ပြီ ။အနိစ္စ ဟူသည် ဤသို.မထင်မှတ်သော သဘောရှိ၏ ဟူသော သတင်းစကား သူတပည်.များစီ မှာကြားခဲ့ပြီ ဖြစ်သည် ။


အောက်တိုဘာ ၃ ရက်နေ.. ဒါဏ်ရာ လတ်လတ်ဆတ်ဆတ်ဖြင်. မရောက်အပ်သော ထိုနေရာသို.နောက်တစ်ခေါက် ထပ်ရောက်ခဲ့ရပြန်သည် ။နာမည်ကောင်းနှင်.ထွက်ခွာရသူတို.ထုံးစံအတိုင်း စည်ကားနေခဲ့သည် ။ ရေဝေးသုဿန်၏ ထိုနေ.သဂြိုဟ်စာရင်း ၄၂ ယောက်အနက် ဆရာက နံပါတ်စဉ် ၃ .. ခန်းမ ၁မှာတော. လူတွေက တရုံးရုံး နှင်. တပည်.ဟောင်းများ ၊တပည်.သစ်များ ၊ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများ ၊ဆွေမျိုးများ ခန်.မှန်း လူ ၅၀၀ ခန်.တက်ရောက်ခဲ့ကြသည် ။ ခန်းမ ထိုင်ခုံက လူ ၂၅၀-၃၀၀ ကြားသာဆန်.သည်မို. (ဒါတောင်ခန်းမအကျယ်မို.)အတော်များများမတ်တတ် ၊ အချို.ကတော. လှုပ်ရှားနေသောစိတ်ကို လမ်းလျှောက်ရင်းဖြေဖျောက် ၊ အချို.က တိတ်တိတ်လေးတက်ခေါက် (လောကက လူကောင်းတွေကို စောစီးစွာထုတ်နှုတ်တာ ဘာပု စ္ဆာတွက်ချင်နေတာတဲ့လဲ) ၊ မျက်ရည်ဖျောက်ဖျောက်ကြသူအချို. ၊ သွေးစို.အောင်နှုတ်ခမ်းကိုက်ထားသူလည်းရှိရဲ. ၊အချို.ကတော. အလုပ်အကြောင်း ၊သူငယ်ချင်းတွေအကြောင်း ကျောင်းဆီပြန်ရောက်သူတွေကလည်းရောက်

Photo by Zaw Min Latt

ကြားဖူးခဲ့၏  အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု .. ၅၂၈ ထက်ပိုရင် ငိုပွဲတွေစု  တဲ့ သေချာသည် ထိုသီချင်းရေး ဆရာ ဘယ်နာရေးမှ ရောက်ဖူးပုံမရ  သားသမီးတစ်ယောက်ရဲ.မျက်ရည် ၊ ချစ်သူတစ်ယောက်ရဲ.မျက်ရည် ၊ မိဘတစ်ယောက်ရဲ.မျက်ရည် ၊ လက်တွဲဖော်တစ်ယောက်ရဲ.မျက်ရည်   သူသေချာမမြင်ခဲ့လို. ဒီလိုဖွဲ.ရက်တာပဲဖြစ်မည် ။ ဒီလိုသာဆို တပည်.တွေရဲ.မျက်ရည် မည်သို.သောကိန်းသေဖြင်. ဖွဲ.တည်မည်မသိ ။ ..ဖြစ်နိုင်ရင်တော. (အဲ့ဒီသီချင်းရေး ဆရာအတွက် )  Heart Thermometer တစ်ချောင်း .ကောင်းကောင်းတော. လိုနေပြီ ။



ဆရာ. သက်မဲ့ Body ဘေး ကပ်ပြီး အသိမဲ့တည်ရှိနေတဲ့ သူမ နံရိုးရှင်ရဲ. နောက်ဆုံးမြင်ကွင်း  အသံတိတ်နှုတ်ဆက်ခြင်းတွေနဲ. ဖွဲ.သီ အရင်အချိန်တွေဆီ ပြန်ရောက်နေတယ်ထင်ပါရဲ. .. အပေါ်ကနေစီးမိုးပြီးကြည်.ရင်း ဖျတ်ကနဲနိမ်.ဆင်း မှန်အတွင်း ၀င်မလိုပင်ဖြစ်သွားသည် ။ သူစိတ်ထဲ မျက်တောင်လေးများ ခတ်လိုက်လေသလား ၊ နှုတ်ခမ်းလေးများတွန်.သွားလေသလား ထင်မှတ်မှားနေသလားမသိ ။ ပကတိနှုတ်ဆက်ခွင်. မရလိုက်ရှာသူမို. စိတ်ရှိသမျှ မှာတမ်းလေးများခြွေချခွင်.ရချင်နေသလား ၊ ချန်ထားကာနီး မပြီးနိုင်အောင် မှာကြားမည်. တစ်ဘ၀ခရီးစာ စကားလုံးများ သူကြားချင်နေတာလား



အဲ့ဒီနောက်တော. ပုံမှန်နာရေးတစ်ခု၏ အခင်းအကျင်းအတိုင်း ဆရာကို တစ်ပတ်ပတ် ၊ သိတတ်သူတို.က ဦးချကန်တော. အချိန်ပြည်.တော. ရှေ.ဆုံးက ဓါတ်ပုံကိုင်၊ ပန်းခြင်း ပန်းခိုင်တို. ရင်ဝယ်ပိုက် သူ.စရိုက်အတိုင်း တပည်.တွေ တစ်ပုံကြီးနဲ. နောက်ဆုံးခရီးရဲ. ပန်းတိုင်ဆီ ချီတက်ကြ ။ ကွာတာက ရယ်မောဆူညံမှုနဲ. တိတ်ဆိတ်ခြင်း .အရင်နဲ. အခု. ဒါတစ်ခုသာကွာသည်။

Photo by Myat Thura

လောင်မြိုက်ခန်း တံခါးဝ .. အသားကျနေသူတို.အဖို. လုပ်ရိုးလုပ်စဉ်တစ်ခုထက်မပို ၊ သို.ပေမယ်. သူ.တပည်. တွေ ၊သူ. သွေးသားတွေ ၊ သူ. လက်တွဲဖော်…… သူတို.တွေအတွက် တကယ်.အဆုံးသတ် ၊ တကယ်.တစ်ခန်းရပ် စစ်စစ်မို. တိုးတိတ်တဲ့ ရှိုက်သံတွေ ကျယ်လောင်လာစေခဲ့ပြီ ဖြစ်သည်။ သဘာဝကိုက မျက်ရည်ကျခွင်. Permit ရထားသူမို. မိန်းကလေးတွေအဖို. (သူ.သမီးတွေမို. )လွတ်လပ်စွာ ငိုကြွေးခွင်. ဘာမှချင်.တွက်စရာမလိုပေမယ်. သူ.တပည်. ယောက်င်္ကျားလေးတွေ ခမျာအသံတိတ်ငိုနေကြရရှာသည် ။ စို.လာတဲ့ မျက်ရည်တွေ ကို ခေါင်းတွေခါထုတ်သူတွေကထုတ် ၊ မှိုင်းညှို.နေတဲ့ မျက်ဝန်းကို မျက်တောင်တွေနဲ.သွက်သွက်ခတ် ၊နီစပ်စပ်မျက်နှာတွေ ဆတ်ဆတ် တုန် ၊ရင်တွေက အနိမ်.အမြင်. မြန်မြန်ကစား .ဆရာရေ..သွားတော.မှာလား..တဲ့

Photo by Zaw Min Latt
မည်သို.ပင်ဆိုစေ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိရချေ၏ ဆိုသောစကား အထပ်ထပ်ကြားခဲ့ကြဖူးသော်လည်း ကိုယ်တွေ.ကြုံရခိုက် မိုက်သည်ဆိုချင်ဆို ပိုသည်ဟုပြောချင်ပြော စိတ်မနောကိုတော. အပြည်.အ၀ မထိန်းချုပ်နိုင်ကြပေ ။ အားလုံး၏ အိမ်အပြန်ခရီး ..ဖွဲမီးတွေ သယ်ခဲ့ကြရသည် ။သံသရာတစ်ကွေ.  တွေ.သည်.အခိုက် အားလုံး၏ ဇာတ်လိုက်ဖြစ်ခဲ့သူ ၊ ၀န်းကျင်တစ်ခို မနာလိုစိတ် မှေးမှိတ်စေခဲ့သူ ၊ ကျန်နေသူတို.စိတ်ဝယ်မှန်းဆ ထာဝရ တမ်းတနေစေခဲ့သူ ၊အို-နာ-သေ ကျားကွက် နှစ်ကောင်စားလျှက် ကင်းဝင်ခဲ့သူ လူ.လောက တံတိုင်း နာမည်ကောင်းနဲ. အနိုင်ပိုင်းခဲ့သူ ………

Photo by Myat Thura

ဟိုးးးးးးးးးးးးးးး တုန်းက ငါတို.တွေ တက်ခဲ့ဖူးတဲ့ မအူပင် GTI မှာ ဗိုလ်ဦးထုပ် ဆိုတဲ့ ဆရာတစ်ယောက်ရှိခဲ့ဖူးတယ်ကွ သူက +++++++++++++++++++++++++++++


Friday, October 4, 2013

ယခုနှစ် အကယ်ဒမီအတွက် ဆန်ခါတင် ၇ ကား



  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ် အတွင်း ကျင်းပမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအကယ်ဒမီ ဆုပေးပွဲ အတွက် ရုပ်ရှင် ဇာတ်ကားများ ဆန်ခါတင် စစ်ဆေးမှုဟာ နောက်ဆုံး အဆင့် စစ်ဆေးမှုကို ရောက်ရှိနေပြီဖြစ် တယ်လို့ သိရပါတယ်။ ဒီလိုစစ်ဆေးမှု တွေမှာ ပထမအဆင့် စစ်ဆေးခဲ့မှုမှာ ဆန်ခါတင် ဇာတ်ကား ၁၇ ကားရှိခဲ့ပြီး ယခုနောက်ဆုံး အဆင့် စစ်ဆေးမှု မှာတော့ ဆန်ခါတင်ရုပ်ရှင် ဇာတ်ကား ၇ ကားသာ ရှိတော့တယ်လို့ သိရပါတယ်။


 

အဆိုပါ ဇာတ်ကားတွေ ကတော့ လက်ပံ၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ၊ ဥ ၊ မော်ကင်း ဥဒါန်း၊ ကယန်းအလှ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေ စတဲ့ ဇာတ်ကားပေါင်း ၇ ကား ပါဝင်တာ ဖြစ်ပါတယ်။ ဒီလို ဇာတ်ကားများကို အကဲဖြတ်ဖို့ အတွက် ကိုတော့ သက်ဆိုင်ရာ အဖွဲ့များမှ ပညာရှင်များ ပါဝင်တဲ့ အကဲဖြတ် အဖွဲ့ဝင် ၁၇ ဦးတို့မှ အကဲဖြတ် စစ်ဆေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။ 



 စစ်ဆေးမှုတွေမှာ သတ်မှတ်ချက်များ အတိုင်း ဇာတ်ကား အားလုံးကို တာဝန်ရှိသူ တွေမှ အဆင့်လိုက် စစ်ဆေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု လက်ရှိ စစ်ဆေးမှု ဟာတော့ နောက်ဆုံး အဆင့် စစ်ဆေးတာ ဖြစ်ပြီး ပထမအဆင့် စစ်ဆေးမှု ကတော့ ဇူလိုင် ၃ ရက်နေ့က စစ်ဆေးမှုများ ပြီးစီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Source ;  mrtv4

ထူးအိမ်သင် ကဗျာ - စင်သီယာ



 ( ၁ )
ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး …
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ …



( ၂ )
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။



( ၃ )
ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။



( ၄ )
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘဝ … မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ … ။



( ၅ )
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ဝါးမြို ခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော်

Wednesday, October 2, 2013

Zune Thinzar - Sexy Model on Facebook ( နာမည်ကြီးချင်လို. ခုလိုလုပ်ခဲ့သည် )


From Zune Thinzar Facebook

 လွတ်လပ်ခွင်.ဟူသော စကားလုံး၏ ကျယ်ဝန်းနက်နဲမှုတို.က သတိထားစရာတောဖြစ်လာနေသည် ။ အထူးသဖြင်. အရှက်သိက္ခာ ကိုတန်ဖိုးထားသော စောင်.ထိမ်းနိုင်မှုကို လေးစားကြသော ယဉ်ကျေးသိမ်မွေ.ခြင်းကို မြတ်နိုးသော မြန်မာ.လူ.ဘောင်အဖွဲ.အစည်းအတွင်း ပေးဆပ်ရဲမှုကို ရှေ.တန်းတင်လာနေကြသည် ။ ဖော်ရဲ ပြရဲ သော စိတ်ဓါတ်ကို မွေးမြူလာနေကြသည် ။ ထို.အတူ ထိုသို.လုပ်ရဲစေ၇န် နိုင်ငံတကာ အနုပညာနှင်. Media များသာမက ပြည်တွင်း အနုပညာလောက က ပင်လျှင် (အသစ်အဆန်းဖန်တီးသည်ဟု အမည်ခံကာ မီးလောင်ရာလေပင်. လုပ်ရပ်များ ) ဖန်တီးထုတ်လုပ်လာနေကြသည် ။ ဓလေ.ထုံးတမ်းယဉ်ကျေးမှုကို လွတ်လပ်စွာ ဆိုသော စကားလုံးတို.ဖြင်. သင်းသပ်နေကြသည် ။ ထို.အပြင် Facebook တွင် Like အရေအတွက် များများ ရချင်ရုံလေးနှင်. ယခင်က စိတ်ပင်မကူးရဲသော မိန်းကလေးငယ်တို.၏ ပွင်းလင်းလွန် ဓါတ်ပုံများကို အခမဲ့ ကြည်.ရှုခွင်.ရနေကြသည် ။ ထိုအကျိုးဆက်သည် ဘာဆက်ဖြစ်မည်ထင်ပါသနည်း ။ သူတောင်ပြရဲသေးတာ ငါကဘာမို.ဆိုသော အတွေးများမိန်းကလေးငယ်တို.တွင် ၀င်လာနိုင်ပါသလား...ထို.အတူ ဤသို. စိတ်ဆန္ဒတောက်လောင်စေသော ပုံတို.ကို ကြည်.မိသူတို. နောက်ဆက်တွဲ ပြဿနာ.......... ယခုခောတ်က ယဉ်ကျေးမှုအမြင် ရှိသူတို.ပင် ရှေးရိုးစွဲဝါဒီများ .. ခောတ်ပြောင်းသွားခြင်းကိုမသိသူများ ပင်ဖြစ်ရတော.မလိုလိုဖြစ်နေသည် ။ ဟိုးးးး ယခင်ကတည်းက ဤသို.ပြုမှုဖန်တီးမှုများ လုပ်လျှင် မည်သူမဆို လူကြိုက်များမည်သိလျှက် ညစ်ညမ်းသော ဆွဲဆောင်မှုတို.ထက် ကိုယ်ပိုင်မှန်ကန်သော အနုပညာအရည်အသွေးတို.ကိုသာတန်ဖိုးထားပြီး ကြိုးစား ခဲ့ကြသူများကို အထူးချီးကျုးမိပါသည် ။

ယခုအောက်တွင်ဖော်ပြထားသောဧရာဝတီ သတင်းထောက်၏ အင်တာဗျုးလေးကိုဖတ်ပြီး လက်ရှိခောတ်အခြေအနေနှင်. အတွေးအခေါ်တို.ကို တစ်စိတ်တစ်ပိုင်းလေ.လာနိုင်ပါလိမ်.မည် ။


အစကတော. ဒီလိုလေးပါပဲ (From Zune Thinzar Facebook)


ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို 
ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊ 
သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို 
ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း 
ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။
Sexy ကျလွန်းတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက်ပေါ်က တခြားဝက်ဘ်ဆိုက် တွေမှာ
ပါ သူ့ဓာတ်ပုံတွေကိုဖော်ပြခံနေရတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာရဲ့ Facebook မှာ 
 သူငယ်ချင်း ငါးထောင်နီးပါးရှိပြီး Followers ပေါင်း၂ သောင်း နီးပါး ရှိနေပါတယ်တဲ့။
အွန်လိုင်းပေါ်မှာ မြန်မာပြည်ရဲ့ Nicki Minaj (အမေရိကန် အမျိုးသမီး Rap အဆိုတော်၊ သရုပ်ဆောင်)
  လို့ လူသိများတဲ့ တောင်ကြီးသူ ဇွန်သဉ္ဖာကို သူရိုက်ဖြစ်နေတဲ့ Sexy ဓာတ်ပုံတွေ ဘာကြောင့် ဘယ်လို 
ရိုက်ဖြစ်နေလဲ၊ ဒီအပေါ်ကိုရော သူ့ရဲ့ ခံစားချက် ဘယ်လိုရှိသလဲ ဆိုတာကို ဧရာဝတီ သတင်းထောက် 
မစပ်စုက မေးမြန်းစပ်စု ထားပါတယ်။

From Zune Thinzar Facebook

မေး။     ။ အခုလို အမူအရာပိုင်းနဲ့ ၀တ်စားဆင်ယင်မှု ပိုင်းမှာ ပွင့်ပွင့်လင်းလင်းနဲ့ သရုပ်ဆောင် 
ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေကို ဘာကြောင့် Facebook ပေါ် တင်ဖြစ်ရတာပါလဲ။
ဖြေ။     ။ အစကတော့ ဘာရယ်မဟုတ်ဘူး။ ပုံတွေကို ဒီအတိုင်း ရိုက်ပြီးတင်တာပါပဲ။ ဒါပေမယ့် 
အားပေးတဲ့သူတွေ များလာတဲ့အတွက်ကြောင့် သူတို့ကလည်း ဒီလိုပုံစံမျိုးကို ကြိုက်တဲ့အတွက် 
ထပ်ပြီးတော့ Sexy ပုံစံတွေပဲ ရိုက်ဖြစ်သွားတာပါ။ ကိုယ့်မျက်နှာက Cute လည်း မဖြစ်ဘူး၊ Cute ပုံစံက 
ကိုယ်နဲ့လည်း မလိုက်တဲ့အတွက်၊ ကိုယ့်မှာလည်း အားသာချက်က ခန္ဓာကိုယ် အလှ ရှိတဲ့အတွက် Sexy 
ပိုင်းကို ဦးစားပေးရင်းနဲ့ တောက်လျှောက် Sexy ပုံစံပဲ ဖြစ်သွားတာပါ။ နောက်ပိုင်းလည်း အဲဒီလို Sexy 
ပုံတွေပဲ ရိုက်ဖြစ်ဖို့ များပါတယ်။ ကိုယ့်ကို ပြန်ပြီး ပြောကြတဲ့ ပရိသတ်တွေကလည်း Sexy ပုံတွေပဲ 
ရိုက်စေချင်တာ များတော့ သူတို့အားပေးတဲ့ နောက်ကို လိုက်ရင်းနဲ့ Sexy ပုံတွေပဲ ရိုက်ဖြစ်သွားတာပါ။
မေး။     ။ ဇွန်သဉ္ဖာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေက Facebook မှာပဲ သုံးဖို့လား။ ဒါမှမဟုတ် ဂျာနယ်တွေ 
မဂ္ဂဇင်းတွေမှာရော အသုံးပြုဖို့ သီးသန့် ရိုက်ဖြစ်တာမျိုးကော ရှိလား။ ဒီလို ဓာတ်ပုံတွေကို ပြည်တွင်း 
ဂျာနယ်တွေမှာကော သုံးလို့ရလား။
ဖြေ။     ။ အရင်တုန်းကတော့ ကိုယ့်ဖာသာကိုယ် ၀ါသနာပါလို့ ရိုက်ဖြစ်တာရှိတယ်။ နောက်ပိုင်း 
ကျတော့ 
ဂျာနယ်အတွက် ရိုက်ပေးတာတွေ များပါတယ်။ ဂျာနယ် လေးငါးခုလောက် အတွက် ရိုက်ဖြစ်တယ်။ သူတို့ 
ဂျာနယ်မှာ မပါခင် Facebook မှာ ကိုယ်က အရင်တင်ဖြစ်တယ်။ Facebook မှာ အရင်သုံးတယ်။ 
တချို့ကျတော့ Facebook မှာ အရင်တင်ပြီးတော့မှ ဂျာနယ် အတွက် ဓာတ်ပုံလိုချင်တယ် ဆိုတော့မှ 
Facebook ကပုံကို ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ပုံတွေက နှစ်မျိုးစလုံး အတွက် အဆင်ပြေတယ်။ 
Facebook မှာလည်း သုံးတယ်၊ ဂျာနယ်အတွက် လည်းသုံးပါတယ်။ ဂျာနယ်တွေကျတော့ သူတို့ဘက်က 
လာကမ်းလှမ်းတော့မှ Facebook မှာ ရှိပြီးသား၊ ပေါက်ပြီးသား ပုံလေးတွေ ပေးလိုက်ဖြစ်တာပေါ့။ 
သူတို့အတွက် သက်သက် မရိုက်ဖြစ်တော့ဘူးပေါ့။ တချို့ အရမ်း ဟော့တာတွေ ကျတော့ 
သူတို့မထည့်ရဲတာလည်း ရှိတယ်၊ ဒါပေမယ့် တချို့ကျတော့ ထည့်ရဲတယ်။ ကျမ ရိုက်ထားတဲ့ အပေါ်က 
ဘရာအနက်နဲ့ ရက်ပါ ပုံစံဆိုရင် ဂျာနယ်တခုက ထည့်မယ်လို့ ပြောတယ်။ တချို့ကျတော့လည်း 
ထည့်ရဲတယ်၊ တချို့ကျတော့လည်း မထည့်ရဲဘူး။ အဲဒီလိုတော့ ရှိပါတယ်။

From Zune Thinzar Facebook

မေး။     ။ ဇွန်သဉ္ဖာ ရဲ့ Facebook က ဓာတ်ပုံတွေကို တချို့လူတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောထားတာတွေ တွေ့ရတော့ အဲဒီ အပေါ်ကိုရော ဘယ်လို သဘောရလဲ။ ဒီလိုပုံတွေ ရိုက်ရင်၊ တင်ရင် ဒီလို ပြောကြမှာပဲ ဆိုတာကို သိရက်နဲ့ တင်ဖြစ်တာလား။
ဖြေ။     ။ တချို့တွေ တော်တော် မိုက်မိုက်ရိုင်းရိုင်း ရေးထားတာတွေ ရှိပါတယ်။ အရမ်းကြီး 
ကိုယ်မခံနိုင်လောက်တဲ့ အရာမျိုး ဆိုရင်တော့ သူတို့ကို ဘာမှ ပြန်ပြော မနေတော့ဘူး။ 
အဆင်မပြေဘူးဆိုရင် ဘလော့ဂ် လိုက်တယ်။ ဒါပေမယ့် တချို့ ရေးထား တာတွေက အရမ်းကြီး မရိုင်းဘူး။ ကိုယ်တင်ထားတဲ့ ပုံနဲ့လည်း သူတို့စာတွေက စပ်ဆက်မှု ရှိနေတယ် ဆိုရင် သူတို့က အချိန် ပေးပြီး ကိုယ့်ကို လာရေးပေးထားတဲ့ အတွက် ဖြစ်နိုင်ရင် သူတို့ ကွန်မန့်တွေကို Delete မလုပ်ဘူး။ ဒီအတိုင်းပဲ ထားတာ များ တယ်။ ဒါပေမယ့် တချို့ကျတော့လည်း ပြောတယ်၊ အရမ်းမရိုင်းပေမယ့် ဖျက်ပစ်လိုက်ပေါ့။ ကိုယ်က မဖျက်ချင်ဘူးဆိုတာ သူတို့ကို Respect ပေးတာပေါ့နော်။ သူတို့ အချိန်ကုန်ခံပြီး ကျမ ပေ့ခ်ျကို ကွန်မန့်လာပေးထားတဲ့ အချိန်အတွက် လေးစားတဲ့ အနေနဲ့ မဖျက်ပါဘူး။ သိရက်နဲ့ လုပ်ဖြစ်တာပါ။ လူတွေ ဝေဖန်မယ်၊ မျိုးစုံပြောမယ် ဆိုတာလည်း ကြိုသိတယ်။ အဲဒီလိုပဲ သူတို့ပြောသလို အားပေးတဲ့ သူတွေကလည်း ရှိနေတော့ လုပ်ချင်တာကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်သွားတာပါ။ များသော အားဖြင့် သူတို့ပြောတာတွေကို သိသိနဲ့ လုပ်တာများပါတယ်။
မေး။     ။ ဒါကို နာမည်ကြီးချင်လို့ လုပ်တာလားဆိုတဲ့ အမေးအပေါ် ဇွန်သဉ္ဖာ ဘက်က 
ဘာပြောစရာရှိပါသလဲ။
ဖြေ။     ။ အမှန်အတိုင်း ပြောရရင်တော့ နာမည်ကြီးချင်လို့ လုပ်တာ ပါပါတယ်။ အဓိကကတော့ 
ကိုယ်က နာမည်ကြီး သွားမယ်၊ Facebook ကနေ လူသိများမယ်၊ အဲဒီကနေတဆင့် အနုပညာလောကက ဒါရိုက်တာတွေ၊ အနုပညာ သမားတွေနဲ့ ရင်းနှီးမှုရမယ်။ အဲဒီကနေမှ အလုပ်တွေ အများကြီး လုပ်နိုင်တယ်ပေါ့။ ပြီးတော့ မြန်မြန် နာမည် ကြီးချင်လို့ ထိုးဖောက်တာ လည်း ပါပါတယ်။ ကိုယ်က ဘွဲ့ရပြီးပြီ၊ အသက်ကလည်း ၂၃ နှစ်ရှိပြီ၊ ၁၆ နှစ် သမီးလောက်က စလုပ်တာ ဆိုရင်တော့ ဖြည်းဖြည်းချင်း သွားလို့ရပေမယ့် ကိုယ့်အသက် အရွယ်နဲ့ကျတော့ အဲဒီလို တဖြည်းဖြည်းချင်း သွားနေရင် ဖြစ်ချင်မှ ဖြစ်မှာဆိုတော့ ဘာရယ် မဟုတ်ပါဘူး။ နောက် ကိုယ့်ကို အနုပညာ လုပ်ခွင့်ကလည်း အိမ်က တနှစ်၊ နှစ်နှစ်လောက်ပဲ ခွင့်ပြုထားတာ ဆိုတော့ အဲဒီအတောအတွင်း လေးကို မြန်မြန်လေး ပေါက်သွားအောင် ဆိုပြီးတော့ ဖြတ်လမ်းနည်း လုပ်ကြည့်တဲ့ သဘောလည်း ပါပါတယ်။ အိမ်က နှစ်နှစ်လောက် နေပြီးတော့မှ မအောင်မြင်နိုင်ဘူး ဆိုရင်တော့ မိဘတွေက ပညာရေးဘက်ကို ပြန်လုပ်စေချင် ပါတယ်။ အဲဒီကျရင် ကိုယ်ကလည်း တခုခုတော့ ပြန်စဉ်းစားရမှာပေါ့။ အဲဒါကတော့ လောလောဆယ် ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ် ဆိုတာကတော့ အတိအကျ ပြောလို့မရသေးပါဘူး။
မေး။     ။ တခြား နိုင်ငံတကာ မိန်းကလေးတွေနဲ့ မတူဘဲ မြန်မာမိန်းကလေး ဆိုတဲ့ ကန့်သတ်ချက် 
စည်းတွေ ဘောင်တွေများ လွန်းတဲ့ မြန်မာလူမျိုး မိန်းကလေး တယောက်အနေနဲ့ အခုလို Sexy ဆန်တဲ့ 
Pose တွေကို လုပ်နိုင်တဲ့ ဇွန်သဉ္ဖာရဲ့ ခံစားချက်က ဘယ်လို ရှိမလဲ။

 From MEG

ဖြေ။     ။ အဓိကက လုပ်နိုင်တယ်ဆိုတာကလည်း ပရိသတ်က Facebook က စပြီး တောင်းဆိုလို့ပါ။ 
သူတို့ရဲ့ တောင်းဆို ချက်ကြောင့် ဆက်ပြီးတော့ လုပ်ရဲသွားတာပါ။ သူတို့သာ ဆက်အားမပေးဘူး ဆိုရင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ရပ်သွား မယ်လို့ ထင်ပါတယ်။ ပုံတပုံ တင်လိုက်ရင် သူတို့အားပေးတဲ့ Like တွေ Comment တွေက ဆက်လုပ်ဖို့ အတွက် အများကြီး ဖြစ်စေပါတယ်။ အဓိကကတော့ 
သူတို့ကြောင့်ပါပဲ။
မေး။     ။ Sexy ဆန်တဲ့ ဓာတ်ပုံတွေရဲ့ ဘေးမှာ များသောအားဖြင့် တွေ့ရတတ်တဲ့ ကွန်မန့်တွေက 
ဒီလောက်တောင် ပြချင် နေရင် နိုင်ငံဂုဏ်လည်း ဆောင်နိုင်မယ့် နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ အကျိုးရှိရှိ ဖော်ချွတ် ပြပါလားဆိုတဲ့ အပြောတွေပါပဲ။ အဲဒီအပေါ်ကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။     ။ သူတို့ကိုတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ဒီလိုမျိုးပြိုင်စေချင်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကျတော့ အဲဒီလောက်အထိ ယုံကြည်မှု မရှိဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီး အဲဒီလို ၀င်ပြိုင်ပြီးတော့ မရတဲ့အခါမှာ ဖြစ်လာမယ့် စိတ်ဓာတ်ကျမှုကိုလည်း မခံစားနိုင်ဘူး။ အဲဒါကြောင့် များသောအားဖြင့် ပြိုင်ပွဲတွေ ၀င်မပြိုင်ဖြစ်ဘူး။ ကိုယ့် ပုံစံကလည်း မော်ဒယ်လ် တယောက်နဲ့ မတူဘဲ 
မယ်တယောက်လို ဖြစ်နေတော့ စင်ပေါ်မှာ များသောအားဖြင့် နိုင်ငံတကာက မော်ဒယ်လ်ပုံစံတွေပဲ 
ရွေးတော့လေ မရနိုင်ဘူးလို့ တွက်ထားလို့ မပြိုင်ဖြစ်တာလည်း ပါပါတယ်။
မေး။     ။ နိုင်ငံတကာ မှာလည်းရှိပါတယ်။ လိင်အသားပေး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသာ 
သီးသန့်ရိုက်ကူးလေ့ရှိတဲ့ မော်ဒယ်လ် သရုပ်ဆောင် ဆိုတာပေါ့။ ဆိုတော့ ဇွန်သဉ္ဖာ ဖန်တီးချင်တဲ့ 
ရှေ့လျှောက် အနုပညာပုံရိပ်က ဘယ်လို ဖြစ်မလဲ။
ဖြေ။     ။ ကျမ အဓိက ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်ချင်တာပါ။ သရုပ်ဆောင်ပိုင်းကို 
ဦးတည်ရင်းနဲ့မှ မော်ဒယ်လ်လည်း ဖြစ်ဖို့ လိုအပ်တယ်လို့ ထင်လို့ မော်ဒယ်လ် သင်တန်းတွေတက်ပြီး 
Facebook ကိုလည်း ဓာတ်ပုံတွေ တင်ဖြစ်တာပါ။ အဓိကကတော့ သရုပ်ဆောင် လုပ်မှာဖြစ်တဲ့အတွက် 
နောက်ပိုင်းကျရင် ဓာတ်ပုံရိုက်ရင် ဒါကတော့ ဓာတ်ပုံ အနေနဲ့ ရိုက်တာပေါ့။ Sexy photo အနေနဲ့ Sexy 
pose အနေနဲ့ပဲ ရိုက်မှာပါ။ လိင်အသားပေးတို့ ဘာတို့ အထိတော့ သွားဖို့မရှိပါဘူး။ Sexy ဆိုရင် တော့ 
Sexy လိုင်းတလိုင်းပဲ ရိုက်မယ်။ ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို 
ဦးစားပေးပြီး လှုပ်ရှားသွားဖို့ရှိပါတယ်။
မေး။     ။ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို သွားပြိုင်နေတဲ့ မယ်တွေကိုတောင် ရေကူးဝတ်စုံနဲ့ 
တွေ့ရင် အမျိုးမျိုး ဝေဖန်ချင် နေတာဆိုတော့ အဲဒီအပေါ်ကိုရော ဘယ်လိုမြင်လဲ။
ဖြေ။     ။ ကျမကတော့ သဘောကျပါတယ်။ မိန်းမတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ တကယ့်အလှကို 
အဲဒီတော့မှ အစအဆုံး မြင်ရတာပါ။ မယ်တယောက်ရဲ့ အလှအပကို ဒီလို ၀တ်ပြီးပြတယ်၊ ဒါကို စိတ်ထဲမှာဟော့တယ်၊ ရိုင်းတယ်လို့ မထင်ပါဘူး။ အရင်ခေတ်က မယ်တွေလည်း ဒီလိုမျိုး ၀တ်ခဲ့ရတာ ဆိုတော့လေ။ သူတို့ အခုလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ အခါမှာ ဒီလို ၀တ်တယ် ဆိုတာကလည်း ခန္ဓာကိုယ် တခုလုံးမှာ ချွင်းချက် မရှိအောင် လှတယ်ဆိုတာကို ပြသတဲ့အတွက် သဘောကျ ပါတယ်။ အခုလိုမျိုး မယ်တွေအနေနဲ့ ရေကူးဝတ်စုံ ၀တ်ပြီး ပြိုင်ရတဲ့အခါ မြန်မာပရိသတ်တွေ အနေနဲ့ ၀ိုင်းပြီး ဝေဖန်ကြ တယ်ပေါ့။ သူတို့ပြောတာတွေကို စိတ်ထဲမှာ ထားမနေဘဲ ကိုယ်လုပ်စရာ ရှိတာကို ရှေ့ဆက် လုပ်သွားရမယ်လို့ ကျမ ခံယူပါတယ်။ ဒီလို ပြိုင်ပွဲဝင်တဲ့အခါမှာ နိုင်ငံတကာ အဆင့်မီ ကိုယ့်ခန္ဓာကိုယ်မှာ ရှိတဲ့ အလှအပ အကုန်လုံးကို ပြခွင့်ရတယ်။ ကိုယ့်နိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဂုဏ်ယူရမှာ၊ ကိုယ့်အလှကို ကမ္ဘာကို ချပြခွင့် ရတဲ့အတွက် ဂုဏ်ယူရမှာပါ။ အမြင်မတူသူတွေ ကတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် အကုန်လုံး အကြိုက်ကို လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ဆက်သွားဖို့ လိုပါတယ်။     ။

From Zune Thinzar Facebook


ကဲ ဘယ်လိုသဘောရပါသလဲ ..
နာမည်ကြိးချင်ရင် ဒီလိုပဲလုပ်ရတာပါလား 
ဒီလို နည်းနဲ. နာမည်ကျော်သူကို ဘယ်လိုသူတွေက ဘာအတွက် ရည်ရွယ် လက်တွဲပြီး ဘယ်လိုအနုပညာမျိုးနဲ. ဘယ်လောက်ကြာအောင်ရပ်တည်မယ်ဆိုတာကတော. စောင်.ကြည်.ဖို.ပါပဲ
ဒါကတော. သူ.ရဲ. Facebook Account ပါ

Ref ; ဧရာဝတီ

Tuesday, October 1, 2013

ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာ၏ ရိုးရာမပျက်လှေလှော်ပြိုင်ပွဲ


ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာတွင် ကျွန်းကုန်းဆရာတော်ဘုရားကြီးဘဒ္ဒန္တမာဃိန္ဒ ၏မွေးနေ့မင်္ဂလာအထိမ်းမှတ်အဖြစ် သတ္တမအကြိမ်မြောက် မြန်မာ့ရိုးရာလှော်ပြိုင်ပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

တော်သလင်းလ၏ ပွဲတော်တစ်ခုဖြစ်သော မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ကျွန်းကုန်းကျေးရွာတွင် သတ္တမအကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၁၀ရက်နေ့မွန်းလွဲ ၁၂နာရီတွင် ကျွန်းကုန်းကျေးရွာတွင် စတင်ကျင်းပခဲ့ပြီး၊ပြိုင်ပွဲဝင် အမျိုးသားလှေလှော်အသင်းလေးသင်း၊အမျိုးသမီးလှေလှော်အသင်းလေးသင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။အမျိုးသမီးအသင်းတွင် မိန်းမပျိုလေးများအသင်းနှစ်သင်းနှင့် အိမ်ထောင်ရှင်အမျိုးသမီးများအသင်းနှစ်သင်းဟုယှဉ်ပြိုင်ခဲ့ပြီး၊အိမ်ထောင်ရှင် အမျိုးသမီးများအသင်းမှ အနိုင်ရအသင်းနှင့်အမျိုးသားအသင်းမှအနိုင်ရအသင်းတို့ဗိုလ်လုပွဲအဖြစ်ထပ်မံယှဉ်ပြိုင် လှော်ခတ်ခဲ့ကြကြောင်းသိရသည်။ ကျွန်းကုန်းကျေးရွာ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲတွင် ပထမအဖြစ် ရွှေဘိုအသင်း၊ဒုတိယအဖြစ် တိုးရှည်အသင်း၊တတိယအဖြစ် ရွှေပုသိမ်အသင်းတို့ ဆုတံဆိပ်များအသီးသီးရရှိခဲ့ကြပြီးလှေလှော်ပြိုင်ပွဲကိုအနီးဝန်းကျင်ကျေးရွာများမှ ပရိတ်သတ်ပေါင်း(၅၀၀)ကျော် လှေများဖြင့်လာရောက်အားပေးခဲ့ကြကြောင်းသိရသည်။

“ကျွန်တော်တို့ ကျွန်းကုန်းဆရာတော်ဘုရားကြီးရဲ့ မွေးနေ့အထိမ်းမှတ်လဲဖြစ်၊တော်သလင်းလရဲ့ ရိုးရာပွဲတော်လဲဖြစ်တဲ့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကိုပျောက်ပျက်မသွားအောင် ဆရာတော်ကြီးရဲ့ လမ်းညွှန်မှုနဲ့ ကျေးရွာဓလေ့အဖြစ်ကျင်းပလာခဲ့တာပါ ၊အခုဆိုခုနှစ်ကြိမ်မြောက်ရှိပါပြီ”ကျွန်းကုန်းကျေးရွာသားတစ်ဦးကပြောပြသည်။

လှေလှော်ပြိုင်ပွဲတွင် တစ်သင်းလျှင်အသင်းသားငါးဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့ရိုးရာလှေတိုက်ပွဲတေးသံများနှင့်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

ကြက်တိန်ညင် မုန်.ဟင်းခါး အမှတ်ရနေသည် - မောင်ကောင်းမြင်.



ယနေ.( ၁ အောက်တိုဘာ ၂၀၁၃ ) ထုတ် စံတော်ချိန် နေ.စဉ် သတင်းစာ စာမျက်နှာ ၁၀ တွင် ဖော်ပြထားသော ဇာတိဖွား စာရေးဆရာ တစ်ဦး၏ ဆောင်းပါးအား မူရင်းအတိုင်း ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။ ဟိုးးး ယခင်ခောတ် က ဈေးနှုန်းများ ၊ အစားအသောက်များနှင်.နာမည်ကျော် ကြက်တိန်ညင် မုန်.ဟင်းခါးအကြောင်း သိမှတ်ဖွယ်ရာများ ဖြစ်သဖြင်.၀ါးခယ်မ Blog ၏    မြို.လေးနှင်. ပက်သက်ဖွဲ.သီ စာပန်ချီ ကဏ္ဍ    တွင် ဖော်ပြလိုက်ရပါသည်



ဒီတက်ရေနှင်. ၀ါခေါင်မိုး ဆုံကြသဖြင်. မြစ်ရေသည် လျှံတက်နေ၏ ။ စက်တပ်လှေသည် ကျယ်ပြန်.သော မြစ်အလယ်မှ မခုတ်မောင်းတော.ပဲ  တစ်ဖက်ကမ်းအနီးမှသာ ကပ်ပြီးခုတ်နေသည် ။ ၀ါးခယ်မမြို. မှ မိနစ် ၃၀ ခန်.မောင်းရသော တရုတ်စု ကျေးရွာသို. မိမိတို.သွားနေကြသည် ။ ကမ်းစပ်တွင် လမုပင်များ မအူပင်များ ငှက်ပျောပင်များနှင်. အတူ ကွမ်းပင်များသည် စီရီနေ၏ ။လတာတွင်အမြစ်ငုတ်က လေရှုမြစ်အဖြစ် အပြင်သို.ထွက်ကာ ချွန်ထွက်နေသည် ။ယခုတော. လတာသည် ရေလွှမ်းနေ၍ အမြစ်ငုတ်ကို မမြင်ရတော.သော်လည်း လမုပင်ကို ငယ်စဉ်ကတည်းက အကျွမ်းဝင်သဖြင်. အရွက်ကို မြင်ကာမျှဖြင်.မှတ်မိနေ၏ ။ မိုးရာသီမို. မအူပွင်.တို.သည် ကြွေကျနေသည် ။ ငယ်ငယ်တုန်းက ရေချိုးဆင်းရာမှ ရေထဲပေါလောမျောနေသော မအူပွင်.များကို  ကူးခပ်ဆယ်ယူခဲ့ကြသည်ကို သတိရနေသည် ။အ၀ါနုနု အပွင်.များသည် မမွှေးသော်လည်း ကြည်.ကောင်းလှသည် ။အပင်မြင်.မြင်. အရွက်ဖားဖား မအူပင်ကြီးများသည် မြစ်ကမ်းစပ် တွင်ထီးလိုမိုးနေတတ်သည် ။မိမိတို.သည် ရွာကလေးများကိုကြည်.နေမိ၏ ။



ဆရာဦးအောင်သန်းက ဒါကြက်တညင် ရွာလေ လက်ညှိုးညွှန်ကာပြ၏ ။ရွာနှင်. ကမ်းက လှမ်းနေသည်မို. သဲသဲကွဲကွဲ မမြင်ရ ။စေတီငယ်ကလေးကိုပဲ ထင်ထင် ရှားရှား တွေ.ရ၏ ။

ဦးအံ.ကျော်က ငယ်ငယ်တုန်းက ကြက်တညင်ရွာက ညဘက်တွေမှာ လာလာရောင်းတဲ့ မုန်.ဟင်းခါးကို သတိ၇တယ်
မိမိက ဟုတ်တယ် အကို ကျွန်တော်တို. ငယ်ငယ်က စားခဲ့ဖူးပြီး ဈေးသည် အလာကိုစောင်.ခဲ့၇တဲ့ ကြက်တညင်မုန်.ဟင်းခါးလေ ဟု တမ်းတမိ၏ ။
စကားပြောကြရင်း လွန်ခဲ့သော နှစ် ၅၀ ကျော်ကျော်က အမှတ်တရဆီ ပြန်ရောက်သွားသည် ။



ဝါးခယ်မမြို.၏ တည်နေရာသည် မြစ်ကမ်းကိုစီရီပြီးမျက်နှာစာပြုထား၍ ကမ်းနားလမ်းသည် မြို.အ၀င်ကပင်  ရုံးများ ၊ဈေးများ ၊ ဘုရားတန်ဆောင်းများ ၊ ကျောင်းများဖြင်. ပနံရလျှက်ရှိသည် ။ အတွင်းဘက်တွင်မှ မြို.မလမ်းနှင်. မြူရုံးလမ်း လမ်းရှည်ကြီး နှစ်ခုရှိသည် ။ ကမ်းနားလမ်းတွင်ဈေးကြီးရှိ၏ ။ဈေးကြီးမှ အ၀င်ပေါက်၏ မြစ်ကမ်း တွင်ကျောက်ဖောင်ဆိပ် ရှိ၏ ။ ယင်းဆိပ်သည် ရွာနီးချုပ်စပ်မှ လာကြသော လှေများကို အအပ်ခံသော ၀ါးပိုးဝါးကြီးများဖြင်. ဖောင်ဖွဲ.ထားသော ဆိပ်ခံ ဖြစ်၏ ။ အလျှားပေ ၂၀၀ခန်. အနံ ပေ၃၀ ခန်.ရှိသော ၀ါးဖောင်ဆိပ်ကို ကျောက်ဖောင်ဆိပ်ဟု ခေါ်ကြခြင်းဖြစ်သည် ။ ထိုဝါးဆိပ်တွင် လှေများ အအပ်ခံသလို လူတွေကရေချိုးဆိပ်အဖြစ်လည်းသုံးကြ`၏ ။မြင်သာအောင်ဆိုရသော် ၀ါးဆိပ်ခံဗောဟုပင် ဆိုနိုင်ပါစေ ။



ယခုလက်ရှိ ကျောက်ဖောင်ဆိပ် အခြေအနေ
ထိုဆိပ်ခံဗောတွင် ညအခါကပ်၍လာရောင်းသော ကြက်တညင်ရွာလေးမှ မုန်.ဟင်းခါးမှာ အရသာ ရှိလှ၏ ။ည ၈နာရီဝန်းကျင်တွင်မှန်မှန် ရောက်လာတတ်၏ ။အခြားသော သစ်သားတံတားများ ဈေးဦးအနီး ၊ ကျောက်တိုင်အနီး ၊ ကူတို.ဆိပ်အနီး ၊ ဆေးရုံဆိပ်တို.တွင်လည်း သည်လိုပင်ကပ်ပြီး  ရောင်းတတ် သည် ။
ကြက်တညင်မုန်.ဟင်းခါးသည် လှေကလေးနှင်. လာပြီဆိုပါက မြစ်လယ်တွင် ရေနံဆီ မီးခွက်ကလေးကို မြင်နေရသည် ။ အော်သံသဲ့သဲ့လေး ကြားနေရ၏ ။အချိန်မှန်သည်မို. စားနေကျသူတွေက သိနေကြပြီ ။ မြို.ကလေးတွေ ဓလေ.မို. ညစာထမင်းကို ၅နာရီ ၀န်းကျင်လောက်တွင်စားပြီး နေပြီ ။ ထို.ကြောင်. ၈နာရီလောက်တွင် မုန်.ဟင်းခါးလေး တစ်ပွဲတစ်လေတော. စားတတ်၏ ။



ဝါးခယ်မ မုန်.ဟင်းခါးက ဟင်းရည်ကို ပဲဖြင်.မချက် .ဆန်မှုန်.ကို သုံးသည် ။ ငါးကြင်း ၊ ငါးခူ ၊ငါးပြေမ စသော  ငါးအသားကိုပြုတ်၍ အရိုးနွှင်ကာ ဆန်မှုန်.ဖြင်. ချက်ခြင်းဖြစ်သည် ။ ငရုတ်သီူကို ဆီသတ်၍ မသုံး ၊ ငရုတ်ကောင်းကိုသာ သုံး၏ ။ ဟင်းရည်က မပျစ် မကျဲ သောက်ကောင်းရုံ ဟင်းခါးအသွင် အနေတော်ဖြစ်၏ ။ နုဖတ်နေသော ငှက်ပျောအူနှင်. ကြက်သွန်နီ အလုံးသေးသေး ကလေးတွေ နှင်.မို. နူးညံ.အိပျော.နေ၍ ချိုလှသည် ။ မုန်.ဟင်းခါးပေါ်တွင် ကြက်သွန်ကြော်ကို ဖြူးပေးသည် ။အကြော်မပါ အလွတ်တစ်ပွဲ ၁၅ ပြား ( ငွေ တစ်ကျပ်တွင် ပြား ၁၀၀ ရှိသည် ) သာဖြစ်၏ ။ အကြော်က ၅ ပြား ဘူးသီးကြော် ၊ ပဲကြော် ၊ မန္တလေး ပဲ ( အကြွပ်ကြော် ) စသည် ။ ပုဇွန်ဦးနှောက်ကြော်  ( ဦးနှောက်မှာ ရှားလှ၍ ) ၁၅ ပြား ယူသည် ။ ဟင်းရည်ကို ပုဂံ ဇောက် သေးသေးလေးနှင်.  သီးခြားပေး၏ ။ အချို.က ဟင်းရည် ရွှဲ ရွှဲ ဆမ်းစားလျှင် မုန်.ဖတ်ပေါ်မှာ တစ်ခါတည်း များများဆမ်းပေးလိုက် ၏ ။ အလှုပွဲများတွင် ဆိုပါက ပုဇွန်ဥ (သို.) ငါးသလောက် ဥကိုပင် ဟင်းရည်တွင် ရောချက်ပေးတတ်၏ ။ (ငါးသလောက်ဥကို အကြော်အဖြစ်လည်း အကောင်းကြိုက်သူ ၊ ငွေပေါသူတို. က စားတတ် ၏ )



သည်တော. ကြက်တိန်ညင် က မုန်.ဟင်းခါးသည် တောချက်ဖြစ်၍ မခို ။ ပေါပေါများများ ပေးရောင်းသည် ။ တစ်မတ် ( ၂၅ ပြား) ဖိုးဆိုလျှင် ဗိုက်တင်းပြီ ။ ၁၅ပြားရှိလျှင်ပင် စားလို.ရပြီ မဟုတ်ပါလား ။
ကြက်တိတ်ညင် မုန်.ဟင်းခါးသည် လွန်ခဲ့သော နှစ် ၅၀ ကျော်က ကလေးဘ၀ တမြတ်တနိုး ညဘက်လှေဆိပ်မှာ စောင်.စားနေရသည် ။ ဈေးသည် သားအဖကိုလည်း အမှတ်ရ၏ ။ အဖေကြီးက ပဲ့ကလှော်၏ ။ သမီးက ရှေ.ကလှော်၏ ။ မုန်.ရောင်းသူမှာလည်း သမီးပင်ဖြစ် သည် ။မိမိတို. ငယ်စဉ်က မှတ်မိနေသော  လှေကလေးနှင်. ကြက်တိန်ညင်မုန်.ဟင်းခါးသည် ကို ယခု ၆၀ကျော် ၇၀ မှာပင် ပြောနေရင်းက စားချင်သော အာသာဖြစ်လာသည် ။ သို.မို.ကြောင်.ပင် ဦးအံ.ကျော်က သူအိမ်တွင် တစ်ရက် ၀ါးခယ်မ ရှယ်မုန်.ဟင်းခါး ချက်ကွေးပါသည် ။ အသင်းနာယက ဆရာကြီး ဦးအောင်သန်း အတွင်းရေးမှုး ဦးသန်းဌေး နှင်. မိမိတို.သည် ထမင်းလွတ် စားခဲ့ကြသည် ။ညဘက်တွင် ကြက်တိန်ညင် မုန်.ဟင်းခါးအကြောင်း သတိရသည်နှင်. အတူ နံနက်စောစော ဈေးထောင်.တွင် ရောင်းပေးသော အုန်းကောက်ညှင်း ၊ ကောက်ညှင်းရွှေချီ ၊ ဆီထမင်းကိုလည်း ပြန်ပြောမိကြပြန်၏ ။
ထိုစဉ်က အုန်းကောက်ညှင်း ရောင်းသူ အဒေါ်ကြီးမှာ မိမိတို. မူလတန်းတုန်းက ကျောင်းနေဖက် ခြောက်လုံးပြူး ဟုခေါ်ကြသော မအေးတင်၏ မိခင် ဒေါ်ကြင်သိန်း ဆိုသူဖြစ်သည် ။ ထိုဆိုင်ကလေးမှာ နံနက်စောစောတွင် လူများအုံနေတတ်သည် ။ အုန်းကောက်ညှင်း ၁၅ပြားဖိုးဆိုပါက အုန်းသီးနံ.မွှေးနေပြီး အပေါ်က အုန်းသီးခြစ်ထားသော အဖတ်ကလေးများမှာ ဖြူလွှပြီး ချိုနေသည် ။ရွှေချီ တစ်တုံး ၁၀ပြား ဆီထမင်း ၁၀ ပြားခောတ်ဖြစ်သည် ။နှမ်းထောင်းမွှေးမွှေးကလေးနှင်. ( တစ်ခါတစ်ရံ ငွေပိုလေး ရှိပါက ) ပုဇွန်ကြော်လေး တစ်ခု ၁၀ ပြား ထပ်ဝယ်စားတတ်သည် ။ ပုဇွန်ဦးနှောက်ကြော်ကတော. ၁၅ပြား ပြား၂၀ ဆိုသဖြင်. လူကြီးများသာ တတ်နိုင်သည် ။ကလေးမုန်.ဖိုးဖြင်. မမှီ  ။တစ်နေ.လုံးမှ မုန်.ဖိုး ၂၅ပြား ရသော ခောတ်ပေကိုး ။ ထိုစဉ်က ရွှေဈေးမှာ ၁၈၅ ကျပ် ( အခေါက် ) သာရှိသည် ။အောက်တန်းစာရေးလစာမှာ ၁၂၆ ကျပ်ဖြစ်၏ ။နေ.စား ၃ကျပ် ၁၅ ပြားရသော ကာလဖြစ်သည်မို. တစ်ကျပ် ( ပြား၁၀၀ ) တန်ဖိုးကား ကြီးလှ၏ ။



မိမိတို.သည် ၀ါးခယ်မမြစ်ပြင်တွင် စက်တပ်လှေကလေးဖြင်. သွားနေကြသော်လည်း စိတ်များက အတိတ်ဆီမှာ ရောက်နေကြသည် ။
မိမထက် ၅ နှစ်ကျော်ကြီးကြသည်. အကိုအရွယ်များ ၊ မိမိတို.အထက်တန်းကျောင်းသားဘ၀က ပညာသင်ကြားခဲ့ကြသော ဆရာများသည်ပင် လွန်ခဲ့သော ကာလများဆီသို. ပြန်သွားမိကြသည် ။ တကယ်တော. ပစ္စုပ္ပန်ထက် အတိတ်က ပိုပြီးအမှတ်ရစရာများ ၊ ရင်ထဲစွဲငြိစရာလေးများ ပိုပြီး ရှိနေတတ်ကြသည်ပင် ။ထို.ကြောင်.လည်း အချို.က ပစ္စုပ္ပန်မှာ မပျော်တဲ့.အခါ အတိတ်မှာ ပြန်ပြီးနေကြတယ် ဟုဆိုခြင်းဖြစ်ပေမည် ။



မိမိတို.သည် ၀ါးခယ်မမြို.နယ် တရုတ်စုကျေးရွာ နှင်. ကက္ကလ ကျေးရွာတို.သို. သွားရောက်ခဲ့ကြသည် ။ ငယ်စဉ်ကျောင်းသားဘ၀ ကျောင်းပိတ်ရက်များတွင် ကျေးရွာများရှိ ကျောင်းနေဖက် သူငယ်ချင်းများရှိရာ ရွာကလေးများသို. ရောက်ခဲ့ လည်ခဲ့ဖူးသော်လည်း ယခုသော် မရောက်ခဲ့သည်မှာ ကြာပြီဖြစ်၏ ။ နှစ်ပေါင်းများစွာ ဝေးခဲ့သော်လည်း အမှတ်တရ ရှိနေခဲ့သည် ။ ယခု တရုတ်စုကျေးရွာတွင် ရှိသော ကန်ကျောင်းဆရာတော်ကြီး ဦးနေမိန္ဒသည် လွန်ခဲ့သော နှစ် ၅၀ က ပျံလွန်တော်မူခဲ့၏ ။ အလားတူ  ကက္ကလ ကျေးရွာမှ ဆရာတော်ကြီး ပျံလွန်တော် မူခဲ့သည်မှာ နှစ် ၃၀ ရှိပြီ ။ ထိုဆရာတော်ကြီးများသည် မပုပ်မသိုးပဲ အရိုးကျနေသည်ဟု အကျော်အစော ရှိသည် ။ ဂုဏ်သတင်း ရှိသည် ။ မြန်မာတို.၏ ယုံကြည်မှုဖြစ်၏ ။ မိမိတို.အဖို.မူ သတင်းသမားဖြစ်သဖြင်.မျက်မြင်ကိုယ်တွေ. ကြည်.လို မြင်လို သိလိုကြ ၏ 
ထို.ကြောင်.ဤ ခရီး သို.လာခဲ့ခြင်းဖြစ်၏။



ရှေ.တွင် မြစ်ရေသည် မိုးစက်များကြောင်. ခုန်ပေါက်နေသည် ။ လေကလေးက ခပ်ပြင်းပြင်းကလေး တိုက်ခတ်နေသည် ။ စက်တပ်လှေကလေးသည် အရှိန်ဖြင်. ရှေ.သို.ဆန်တက်နေလေသည် ။