Tuesday, July 9, 2013

ယခု ရက်ပိုင်းအတွင်း မြန်မာ.ဘောလုံး သတင်းများ ( ၂၀၁၃ ဇူလိုင် ၉ )





မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော် (SEA Games) တွင် ဖိလစ်ပိုင် ဘောလုံး အသင်း စေလွှတ်တော့မည် မဟုတ်ဟု သတင်း ထွက်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ်ထံ ဆီးဂိမ်းစ် ပြန်လည် ပါဝင်ကစားရေး အတွက် ဇူလိုင်(၄) ရက်နေ့က တရားဝင် စာဖြင့် ဆက်သွယ် အကြောင်းကြား ထားသကဲ့သို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ကိုယ်တိုင်လည်း ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ မာရီနိုထံ ဖုန်းဖြင့် ဆက်သွယ် တိုက်တွန်းထားပြီး ဖြစ်ကြောင်း သိရသည်။

" ဆီးဂိမ်းစ်မှာ ပါဝင် ကစားဖို့ ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့  ဇူလိုင်(၄) ရက်နေ့က အီးလ်မေးလ်နဲ့ တရားဝင် စာပို့ထားပြီးပါပြီ။ ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ်ကလည်း စာကို လက်ခံ ရရှိကြောင်း အကြောင်းပြန် ထားပါတယ်။ သူတို့ အနေနဲ့ မြန်မာနိုင်ငံက လက်ခံကျင်းပမယ့် ဆီးဂိမ်းစ်မှာ ပါဝင်ကစားဖို့ ဖိလစ်ပိုင် အိုလံပစ် ကော်မတီကို ဆက်လက် တင်ပြသွားမယ်လို့ သိရပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်က ဆိုသည်။


ရန်ကုန် ယူနိုက်တက် အသင်း၏ မြန်မာ့ လက်ရွေးစင် တောင်ပံ ကစားသမား ကြည်လင်းကို မလေးရှား စူပါလိဂ် ကလပ် Pahang FA က ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးကြောင်း နာမည်ကျော် အားကစား ၀က်ဘ်ဆိုက် Goal.com ရေးသား ဖော်ပြချက်အရ သိရှိရသည်။
ကြည်လင်း ကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားသို့ သွားရောက် ကစားရန် စိတ်ဝင်စားကြောင်းနှင့် Malaysia Super League (MSL)သို့ တွင် ကစားရန် အခွင့်အရေး ကြုံကြိုက်ခဲ့ကြောင်း ရန်ကုန် ယူနိုက်တက် အသင်း ကြံ့ခိုင်ရေး နည်းပြဖြစ်သူ မလေးရှား လူမျိုး ခိုင်ရိုလ် အက်ဇ်မီ က Goal.com သို့ ပြောကြားသွားသည်။

" ကျွန်တော် ကြည်လင်းကို လွန်ခဲ့တဲ့ ၄ လ တုန်းက မလေးရှားမှာ ကစားဖို့ စိတ်ဝင်စားသလားလို့ မေးခဲ့ပါတယ်။ သူကလည်း ဒီအခွင့်အရေးကို နှစ်သက် ပါတယ်လို့ ပြောဖူးတယ်။" ဟု ခိုင်ရိုလ် အက်ဇ်မီက ဆိုသည်။ အသက် ၂၀ အရွယ် ကြည်လင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလားတွင် နိုင်ငံ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကလပ်အသင်းဖြစ်သည့် ရန်ကုန် ယူနိုက်တက် အသင်း အတွက်လည်း 2013 AFC Cup နှင့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ခြေစွမ်းပြနေသူ ဖြစ်ကြောင်း အဆိုပါ ၀က်ဘ်ဆိုက်က ရေးသားသည်။ ကြည်လင်း၏ ခြေစွမ်းကြောင့်  ပါဟန်း အက်ဖ်အေမှ မလေးရှားလိဂ် သို့ခေါ်ယူရန် မိမိမှတစ်ဆင့် စိတ်ဝင်တစား ချဉ်းကပ်ခဲ့ဖူး ကြောင်းကိုလည်း ခိုင်ရိုလ်က ဆက်လက် ထုတ်ဖော် ပြောကြား ခဲ့သည်။

" ပါဟန်းအသင်း နည်းပြ Dollah Saleh ကလည်း ကြည်လင်းကို ကြိုက်ပါတယ်။ ကြည်လင်း လာကစားဖို့ စိတ်ဝင်စားမှု ရှိမရှိကိုလည်း မေးပေးဖို့ Pahang FA  ကျွန်တော့်ကို အကူအညီ တောင်းခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုကို ကျွန်တော့် အသင်းဥက္ကဋ္ဌကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းက AFC Cup 2013 ပွဲစဉ်တွေ ယှဉ်ပြိုင်ကစား နေရတဲ့အတွက် အသင်းဥက္ကဋ္ဌက ကြည်လင်းကို စေလွှတ်ဖို့ မလိုလားပါဘူး။ ကြည်လင်းဟာ ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက် အသင်းအတွက် အရေးကြီးတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါနဲ့ပဲ ကြည်လင်းကို ခေါ်ယူဖို့ ဆွေးနွေးခြင်း ပြီးဆုံး ခဲ့ရပါတယ်" ဟု ရန်ကုန် အသင်း ကြံ့ခိုင်ရေးနည်းပြ ခိုင်ရူလ်က ဆိုခဲ့သည်။ 



မလေးရှား ပီရက် အသင်းတွင် ကြည်လွင် ကစားခဲ့ပုံ
လက်ရှိအချိန်ထိ ကြည်လင်းအား မလေးရှား အသင်းများမှ တရားဝင် စာဖြင့် ကမ်လှမ်းထားခြင်း မရှိသော်လည်း လာမည့်နှစ်တွင် မလေးရှား ဘောလုံးအဖွဲ့ချုပ်မှ ကျင့်သုံးမည့်  အာဆီယံဒေသမှ ကစားသမား ခေါ်ယူသုံးစွဲမှု စည်းမျဉ်းသစ်ကြောင့် စူပါလိဂ် ကလပ်အသင်း အများစုမှာ ကြည်လင်းအား ခေါ်ယူရန် စိတ်ဝင်စားမှု ရှိနေကြကြောင်းလည်း သိရသည်။ မြန်မာ့ ဘောလုံးလောကတွင် မလေးရှား နိုင်ငံသို့ ဆုကြေးစား သွားရောက် ကစားခဲ့သူ နှစ်ဦးဖြစ်သည့် လက်ရွေးစင်ဟောင်း ကြည်လွင် (ယခု မကွေးအက်ဖ်စီ နည်းပြချုပ်)နှင့် လက်ရွေးစင်ဟောင်း အောင်နိုင်(ယခု ရခိုင်ယူနိုက်တက် နည်းပြချုပ်)တို့မှာ ၁၉၉၀ ၀န်းကျင်က မလေးရှားကလပ် ပီရက် အသင်းတွင် အောင်မြင်မှု ကိုယ်စီ ရရှိခဲ့ကြသူများ ဖြစ်သည်။ 




2013 ခုနှစ် ဂျူလိုင်လ အတွက် FIFA မှထုတ်ပြန်ခဲ့သည့် ကမ္ဘာအဆင့်ရပ်တည်မှုတွင် မြန်မာအသင်းသည် အဆင့် ၁၆၃ တွင်သာ ရပ်တည်ခဲ့ပြီး အဆင့်(၈) ဆင့်အထိ ထပ်မံကျဆင်းခဲ့သည်။ ထို့အပြင် ဒေသတွင်း ရပ်တည်မှုတွင်အဆင့်(၃၂)တွင်သာရပ်တည်နိုင်ခဲ့သည်။ အာဆီယံဒေသတွင် နိုင်ငံများထဲ
တွင် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ ၊ မလေးရှား၊ မြန်မာ အစသဖြင့်
အစဉ်လိုက်ရှိနေခဲ့ပြီး....နာမည်ကြီးအင်ဒိုနီးရှားအသင်းကမူအဆင့်(၁၆၈တွင်သာရပ်တည်နေနိုင်ခဲ့သည်။

 Source ; themff.org & Myanmarsportdata

Monday, July 8, 2013

No Pain No Gain




အနာခံမှအသာစံရတယ်ဆိုတဲ့အသိနဲ့ပတ်သက်လို့ ငယ်ငယ်က ကျွန်မ စက်ဘီးစီးသင် ခဲ့တာကိုသတိရမိပါတယ်။ လေးတန်းကျောင်းသူဘဝလောက်ကပေါ့။ ရွယ်တူသူငယ်ချင်းတွေက BMX စက်ဘီး (အဲ့ဒီနှစ်တွေတုန်းက ခေတ်စားတဲ့ ကလေးတွေ စီးခဲ့ရတဲ့တဲ့စက်ဘီး) တွေစီးကြတယ်။ မဝယ်စီးနိုင်တဲ့သူက နာရီပိုင်းနဲ့ ငှားစီးရတယ်။ မိဘ ကတတ်နိုင်ရင်တော့ အပိုင်ဝယ်ပေးတာပေါ့ ။ ကလေးဆိုတော့ သူများစီးသလိုစီးချင်တယ်။ မိဘတွေကိုဝယ်ခိုင်းတော့လဲအဖေ က ငှားပြီးသင်မယ်သမီးရယ် ခုဝယ်လဲနောက်နှစ်နှစ်လောက်ဆို သမီးက စက်ဘီးအကြီး စီးလို့နိုင်ပြီဆိုတော့ .. ဒီစက်ဘီးလေးအလကားဖြစ်မယ် ပြောတယ်။ အင်း အဖေပြောတာလဲဟုတ်သား။ ဒါနဲ့ ဘေးအိမ် ကရွယ်တူ အမွှာလေးတွေကိုသူတို့အဖိုးအစီး သင်ပေးနေကြ BMX စက်ဘီးခပ်စုတ်စုတ်လေးကို ညနေဆိုငှားသင်ရတယ်။ စက်ဘီးကလဲ စုတ်တာမှ လက်ကိုင်တဖက်က ကွာ ။ ဖင်ထိုင်ခုံကထိုင်လိုက်ရင် ကျွံဝင်ဝင်သွားလို့အဝတ်စုတ်တွေ ထိုးထည့်ထားရတယ်။ ခြေနင်းဆိုတာတော့ ရာဘာတွေကွာလို့ သံချောင်းပဲရှိတယ်။  

ဒါပေမဲ့ ဘရိတ်တွေ ကတော့ကောင်းကောင်းမိတယ်။ ယောင်ပြီးရှေ့ဘရိတ်များသွားမဖမ်းမိစေနဲ့ နောက်ဘီးကျွမ်းပြန်သွားမယ်။ စက်ဘီးကလဲ ကိုယ့်အရပ်နဲ့ကမတိမ်းမယိမ်း။ ခုလို ဘရိတ်နဲ့ပတ်သက်တဲ့ စကားတွေကလဲ ပိုင်ရှင်ဆီကကြားထားရ။ နောက်ပြီး စက်ဘီးစီးသင်ချင်စိတ်စပေါက်ကတည်းက စဉ်းစားမိတာက စက်ဘီးစီးသွားတဲ့သူတွေကိုကြည့်ပြီး ဒီစက်ဘီး ခွေ နှစ်ခုကို လဲမကျအောင်ဘယ်လိုများထိန်းစီးနိုင်ကြပါလိမ့်ပေါ့ … စတာတွေ နဲ့တင် ဒါဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးဆိုတာ ကလေးအတွေးနဲ့ နားလည်ထားခဲ့တယ်။ အိမ်က မိကျောင်းတံဆိပ်စက်ဘီးကို စီးထွက်သွားတဲ့အဖေတို့ ။ အစ်မ တို့ကတော့ ကျွန်မရဲ့ အနီးစပ်ဆုံး သူရဲကောင်းတွေပေါ့။ တို့အိမ်မှာ သူများအိမ် ကတချို့သူတွေလိုပဲ စက်ဘီးစီးတတ်တဲ့သူရဲကောင်းနှစ်ယောက်ရှိတယ်။ တခါတလေများအဖေ က အပြင်ကနေစက်ဘီးနဲ့ပြန်လာရင်း ရှေ့ကခြင်းထဲထည့်လို့မရတဲ့အရာတွေ ဥပမာ… ထမင်းချိုင့်လိုမျိုး ကို လက်တစ်ဖက်လွှတ်ပြီကိုင်လာတာများတွေ့ရင် မိုက်တယ်ကွာ ဆိုပြီး လမ်းထဲ က သူငယ်ချင်းတွေကို ငါ့ အဖေက စက်ဘီးကို လက်တစ်ဖက်လွှတ်စီးတတ်တယ်။ နင်တို့အဖေတွေရောစီးတတ်လားဆိုပြီး  အကြွားပြိုင်  ရတာ အမော….
ဒီလိုနဲ့ ကျွန်မလဲ စက်ဘီးစီးတတ်ချင် တဲ့ စိတ်တွေ ပို များလာတယ်။ ငါလဲ သူငယ်ချင်းတွေ ကြားမှာ တနေ့တော့ စက်ဘီးကိုလက်တစ်ဖက် လွှတ် စီးပြဦးမယ်ပေါ့။
တစ်ညနေမှာတော့ ဘေးအိမ်က စက်ဘီးအစုတ်လေးကိုသွားငှားပြီးတွန်းအလာ ဂိုက်ကိုကောင်းကောင်းမကိုင် တတ်တော့ တွန်းရတာတောင်မဖြောင့်ချင် ဘူး။ ခက်ပြီ။
အဖေကတော့ ကျွန်မကို စက်ဘီးစီးသင်ပေးဖို့ လေးပေလောက်ရှည်တဲ့ ဝါးလုံးတစ်လုံးကိုင် ပြီး အိမ်ရှေ့ကနေစောင့်နေတယ်။ ပြီးတော့ ကျွန်မကို လှမ်းပြောသေးတယ်။ စက်ဘီးစီးတတ် ချင်ရင်စက်ဘီး အတွန်းအရင်ကျင့်ရတယ်တဲ့။  




ပထမတော့ ကျွန်မတွေးတာက အဖေ ကလဲ စက်ဘီးလေးတောင်သွားမတွန်းလာပေးဘူး။ မျက်စောင်းထိုးအိမ် က သူငယ်ချင်းဆို သူ့ အဖေ က သူ့သမီးကိုစက်ဘီးစီးသင်ပေးတော့
မယ်ဆိုရင် အိမ် ပေါ် ကစက်ဘီးကို အောက်ချ။ လမ်းပေါ်ရောက်အောင်တွန်းလာပေးတဲ့အပြင် ကို သူ့ကိုပါချီပြီးစက်ဘီးပေါ်တင်ပေးလိုက်သေးတယ်။


ကျွန်မတွန်းလာတဲ့စက်ဘီးအနားရောက်တော့ အဖေ လက်ထဲမှာကိုင် ထားတ ၀ါးလုံးကို စက်ဘီးဖင်ထိုင်ခုံနောက်က နေ လျှိုထည့်လိုက်ပြီး ပီနံကြိုးနဲ့ချည်တယ်။ ပြီးတော့ ကျွန်မကိုစက်ဘီးပေါ်ခွတက်ခိုင်းတယ်။ " စက်ဘီးဂိုက်ကြီးကလဲလေးလိုက်တာ ပါကြီးရယ်" လို့ပြောတော့ " စက်ဘီးကို အတွန်းကျင့်ပေး ဒါမှဂိုက်ကပေါ့လာမှာ။ နောက်ပြီး အနာမခံ အပင်ပန်းမခံရင်ဘယ်ပညာမှမ တတ်ဘူး။ စက်ဘီးစီးတာလဲဒီလိုပဲ ဒဏ်ရာရမှ တတ်တာ။" လို့ပြန်ပြောတယ်။ " ဟာ ဒါဆို ပါကြီးတို့ငယ်ငယ်က စက်ဘီးစီးသင်တုန်းကလဲ စက်ဘီးမှောက်ဖူးတာပဲလား" လို့မေးတော့ " မှောက်တာမှမပြောနဲ့ ။ အနာတရတွေလဲများမှများပဲ။"
သြော် ဒါကြောင့် ငါ့အဖေက စက်ဘီးကိုလက်တစ်ဖက်တောင် လွှတ်စီးနိုင်လောက်အောင် ကျွမ်းကျင်နေတာသံသယဖြစ်စရာမရှိပါလား လို့ ကျွန်မ တွေးမိတယ်။ တကယ်တော့ အဖေက ကိုယ်အစီးသင်မဲ့စက်ဘီးကိုယ့်ဘာသာသွားယူစေချင်တယ်။ တွန်းရတာခက်တယ်ထင် လို့ အဆင် သင့်လုပ်ပေးတာကို အလွယ်လိုက်တတ်တဲ့အကျင့်ကို မလေ့ကျင့် ပေးခဲ့တာ။ အနစ်နာမခံပဲ ဘာကိုမှလွယ်လွယ်မရဘူးဆိုတဲ့ လူတော်တွေသိတဲ့အသိကို လေ့ကျင့် ပေးခဲ့တာမှန်ုး နောင်ခါများမှနားလည်ခဲ့ပါတယ်။

ဒါနဲ့ပဲ နောက်က ဝါးလုံးကိုထိန်းကိုင် ပေးရင်း ခါးကို မတ်မတ်ထားဖို့…. ဂိုက်ကို အသေကြီးကိုင် မထားပဲ ဖော့ပြီးနိုင်အောင်ထိန်းတတ်ဖို့ စတာတွေကို ပါးစပ်က တတွတ်တွတ်ပြောရင်း မြက်ပင်တွေ နေရာတက်ယူထားတဲ့လမ်းကျဉ်းလေးတစ်လျှောက်
သားအဖ နှစ်ယောက် ညနေတိုင်း စက်ဘီးစီးသင်ဖြစ်ခဲ့ပါတယ်။ညနေ ကျောင်းဆင်းတာနဲ့ ကျောင်းကနေအိမ်ကိုမြန်မြန်
ပြန်ရောက်ရေး ….အမွှာတွေပြန်မရောက်ခင် စက်ဘီးကို ကိုယ့်လက်ထဲမြန် မြန်ရောက်ရေး စတာတွေဟာကျွန်မအတွက် အရေးကြီးဆုံးတွေပေါ. .. ပြီး  အိမ်ရောက်တာနဲ့ အမေ ငါ့ကို ခိုင်းစရာတွေ ရှိမနေပါစေနဲ့ လို့ဆုတောင်းရတာလဲ အမော။ အဲ့ထက်အရေးကြီးဆုံးကတော့ အဖေ ဆိုင် ကနေ အိမ်စောစောပြန်ရောက်နေဖို့ပါပဲ။ 


လေးရက်လောက် ကြာတော့ ကျွန်မ စက်ဘီးကောင်းကောင်းစီးတတ်ပါပြီ။ ဂိုက်ကိုကောင်းကောင်းနိုင်ပြီ။ အဖေ နောက်ကလိုက်စရာမလိုပဲ ကောင်းကောင်းနင်းတတ်ပြီ။ ဒါပေမဲ့အတက်အဆင်းကတော့စတိုင်သိပ်မကျသေးဘူး။ အတက်ကတော့ အဖေ ကကိုင်ပေးပြီးဘီးလည်အောင်နင်းလိုက်ရင် တော့ ရှေ့ကိုဖြောင့်လို့။ အဲ ဆင်းခါနီးကျတော့ ဘရိတ်ကိုညှစ်ပြီး ကားယားကြီးခုန်ဆင်းရတယ်။
ခြေတစ်ဖက်ကိုဘေးထိုးပြီးသက်တောင့်သက်သာဆင်းလို့မတတ်သေးတာသာရှိတယ်။ ဒီနေ့ထိတော့ အဖေ ပြောသလို စက်ဘီးမမှောက်သေး ဒဏ်ရာမရသေး။ ဒါကိုကျွန်မ ဘဝင်မကျပါ။ ငါ ဒဏ်ရာမရသရွေ့တော့မတတ်သေးဘူး ဆိုတဲ့အသိကို အဖေပြောတဲ့စကားအပြင် တခြားသာဓကတွေကလဲ ပိုပြီးခိုင်မာစေခဲ့တာကိုး။ အမွှာနှစ်ကောင် စက်ဘီးမှောက်ပြီးဒူးပြဲတဲ့နေ့တွေ။ မျက်စောင်းထိုးအိမ် က သူငယ်ချင်း စက်ဘီးစီးရင်းခွေးလိုက်ခံရလို့ ဒဏ်ရာတွေရပြီးဖျားပါယူရတဲ့အဖြစ်တွေ။ အစ်မ ဝမ်းကွဲတွေ ရဲ့ စက်ဘီးစီးသင် အတွေ့အကြုံ အိပ်ယာဝင်ပုံပြင်တွေ ။ ကျွန်မမှာ ဒီဒဏ်တွေတစ်ခုမှမရသေးပါ။ စက်ဘီးကိုကောင်းကောင်းနင်းနိုင်ပေမဲ့ လဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုကမရှိနိုင်သေး။

ဖိနပ်ချွတ်ပြီးအစီးသင်ရင် ဖိနပ်ဝတ်ထားတဲ့အခါ ခြေနင်းရတာ မရဲဖြစ်တတ်တဲ့အ ကြောင်း ဖိနပ်ချွတ်ပြီးစီးမယ်လို့ခဏခဏပြောတဲ့ကျွန်မကို သင်ပေးရင်းအဖေ က " မနက်ဖြန်ကျရင် ပါကြီးတို့ ဦးရှင်ကြီးကွင်းထဲသွားနင်းမယ်။ သမီးကိုကွေ.တာ  သင်ပေးရမယ်" တဲ့။

ဟုတ်သားပဲ။ အဖြောင့်သာနင်းနေတာ။ တခါမှ စက်ဘီးကိုမကွေ့ရဲသေးဘူး။ ကျွန်မပျော်ပါသည်။ အကြောင်းက ဦးရှင်ကြီးကွင်းထဲသို့သွားမယ်ဆိုရင် ကျွန်မတို့လမ်းထိပ်က ထွက် ဘယ်ကွေ့ပြီး လမ်းတစ်လမ်းကိုကျော်နင်း ပြီးမှ အမွှာတွေ ညနေဆို သွားကူလုပ်ပေးရတဲ့ သူတို့အမေ ရဲ့ ရွှေကြည်ဆိုင်လေး ကိုဖြတ်သွားရမ ယ်…လမ်းမှာလဲ ခွေးလိုက်ခံရလို့ စက်ဘီးဆက်သင်ဖို့ကြောက်သွားတဲ့သူငယ်ချင်းအိမ်။ ကျောင်းမှာ တခန်းထဲတက်နေရတဲ့ စက်ဘီးမစီးတတ်သေးတဲ့ ကျွန် မလိုပဲ စက်ဘီးစီးသင်လက်စ သူငယ်ချင်းတွေရဲ့ အိမ် တွေကို ဖြတ်ပြီး ခပ်လှမ်းလှမ်းက နေလမ်းလျှောက်လိုက် လာမဲ့ အဖေ့ရှေ့ကနေ ဂိုက်ကို တည့်တည့်ထိန်းပြီး စက်ဘီးနင်းသွားမည့် ကျွန်မ ကိုသူတို့မျက်လုံးတွေထဲ မှာ  ဘယ်လိုဖြစ်နေမလဲ.. မနက်ဖြန် ဟာကျွန်မ အတွက်  ဘယ်လိုမှစောင့်မနေနိုင်လောက်အောင် ပင် စိတ်လှုပ် ရှားစရာကောင်းနေပါတော့သည်။

ဦးရှင်ကြီးကွင်းအတွင်း ပသပွဲ ကျင်းပရန် ပြင်ဆင်နေသော ညနေခင်း တစ်ခု

 ဦးရှင်ကြီးကွင်းတွင် စက်ဘီးကွေ့နည်းသင်ရသည့်အကြောင်းကားအထွေအထူးတော့မဟုတ်ဆိုသော်လည့်း ကွင်းနာမည်နှင့်ပတ်သက်၍ အထူးအဆန်းဖြစ်နိုင်ဖွယ်ရှိသည်။ ရှင်းပြရသော် ဧရာဝတီတိုင်းတွင်းရှိ မြို့လေးတစ်မြို့အနေဖြင့် ရေငန် နှင့်ထိစပ်မှုမရှိသော်လည်း မြစ်ချောင်း နားနီး …ရေလမ်းခရီး များကိုသာ  အားထားရသဖြင့် ရေငန်ပိုင်ဦးရှင်ကြီး နှင့်အခြား အတွင်း ၃၇ မင်း အပြင် ၃၇ မင်းအနက်မှ ကိုးမြို့ရှင်နှင့် အချို့သော နတ်များကို နှစ်စဉ်ပင့်ဖိတ်၍ မြို့ရွာအေးချမ်းအောင် ပူဇော်ပသရာ နေရာ ဖြစ်ပြီး ပူဇော်ပွဲတနှစ်တစ်ကြိမ်လုပ်သည့်အချိန်မှလွဲ၍ ကျန် အချိန်များမှာ မြက်ပင်များကွင်းအပြည့်နီးပါးနေရာယူထားသော ကွင်းပြင်တစ်ခုဖြစ်သည်။ ကွင်းလယ်တွင် သစ်မောင်းသားတိုင်နှစ်တိုအကွာအဝေးညီစိုက်၍ပိုက်တစ်ခု ဆင်ထားသည်။ 
လူလတ်ပိုင်း လူကြီးပိုင်း တို့၏ညနေခင်းချိန်ခါ ပိုက်ကျော်ခြင်းခတ်ရာ။ ခြင်းလုံးခတ် ရာ ။ ကလေးများ စက်ဘီးစီးသင်ရာ အထူးသဖြင့် အသင့်စိုက်ထားသော သစ်မောင်းတိုင်များ မှာ ကလေးများ စက်ဘီးအကွေ့အဝိုက်သင် ရန် အန္တရာယ်အကင်းဆုံးနေရာ တစ်ခု ဖြစ်တော့သည်။

ကျွန်မ ကျောင်းကပြန်ရောက်ပါပြီ။ မျှော်လင့်ထားသည့်အတိုင်းပဲ အဖေနဲ့ကျွန်မ ကွင်းသို့သွားသည့်လမ်းမှာ တွေးထားတာထက်ပင် ပို၍ စိတ်လှုပ် ရှားစရာကောင်းခဲ့ပါသည်။ လမ်းတစ်လျှောက် တွေ့သမျှအသိများက " သမီး စက်ဘီးစီးတတ်နေပြီလား" မေးသူကမေး အဖေ့အား "ကိုကြည် ခင် ဗျားသမီးစက်ဘီး စီးတတ်တာမြန်သား။ အကြီးမကြီးကိုသင်တုန်းက ခဏခဏ စက်ဘီးလဲလို့တော်တော်ကြာကြာသင်ရတယ်နော် " ဟု ပြောသူကပြောပေါ့။ ကျွန်မကတော့ ပြောသမျှသူတိုင်းကို တဟုတ်ဟုတ်နှင့်ပြုံးပြရင်း မမကြီးထက်တောင်ငါပိုတော်ပါလား။ ငါသင်တာ လေးငါးရက်ပဲရှိသေးတယ်။ တယ်ဟုတ်တဲ့ငါပေါ့။
တစ်ခုပဲ ဘဝင်မကျတာ ။ ခုထိစက်ဘီးမလဲသေးဘူး။ အနာလဲမခံရသေးဘူး ငါမတတ်သေးဘူးထင်တယ်။ ဥာဏ်မှီသလေက်တွေးကြည့်တော့လဲ စက်ဘီးကွေ့တတ်ပြီဆို ပြီးပြီ။ စိတ်ထဲတော့ဝေဝေဝါးဝါးဖြစ်တုန်းပဲ။  

Writter


ကွင်းထဲရောက်ပါပြီ အဖေ သင်ပေးတဲ့အတိုင်း ကြိုးစားနင်းရင်းကွေ့ရင်းကနေ သစ်မောင်းတိုင်နှစ်တိုင် ကို ကောင်းကောင်းပတ်ပြီးနင်းနိုင်ပြီ။ အမယ်. . လွယ်လွယ်လေးပဲ။ ခုလိုကျတော့လဲ တွန်းရင်သိပ်လေးတယ်ထင်ရတဲ့ဂိုက်က ပေါ့ပါးလိုက်တာများမပြောပါနဲ့တော့။ 


အဖေက" ကဲ ကောင်းကောင်းကွေ့တတ်ပြီ ဂိုက်ကတော့နိုင်ပြီးသားဆိုတော့ လမ်းပေါ်မှာ နင်းတဲ့အခါ လူတွေ စက်ဘီး ဆိုက်ကားတွေ ခွေးတွေ ကို ရှောင်နိုင်ရင် ရပြီ။ လမ်းပေါ်မှာ တကယ်နင်းတဲ့အခါ သမီးလမ်းမှာလာတုန်းကတွေ့တယ်မလား။ မျက်စိရှင်နားရှင် ထားရတယ်။ နောက်ကလာတာရော ရှေ့ကလာတာရော လမ်းလျှောက်တဲ့လူရော အားလုံးကိုရှောင်နင်းရမှာ မဟုတ်ရင်သူများကိုတိုက်မယ်။ ကိုယ်အတိုက်ခံရမယ်။ အဲ့တော့ဘဲလ် တီးရမယ်။ မှတ်ထားလမ်းဖြတ်ကူးနေတဲ့ လူက စက်ဘီးကိုရှောင် ရင် သူလျှောက်နေတဲ့တည့်တည့်ကိုပဲပြေးရှောင်လေ့ရှိတယ်။ လမ်းပေါ်အိပ်နေတဲ့ခွေးတွေကျတော့ သူတို့အတွက်အန္တရာယ်တစ်ခုခုကြုံ ရင်လာလမ်းအတိုင်းပြန်လှည့်ပြေးတတ်တယ်။ အဲဒီတော့ ကိုယ်က ရှောင်တဲ့အခါမှာဘယ်ဘက်ကိုရှောင်ရမလဲဆိုတာသတိထား. . .ကဲကဲ ပြန်ကြစို့ " ပြောရင်းက မြက်ပင်တွေကို နင်းပြီးကွင်းအပြင်ကိုလျှောက် သွားတယ်။ ကျွန်မ လဲ အဖေပြောတာတွေကိုခေါင်းထဲမှာဘာသာပြန်ရင်း မြက်ပင်တွေပေါ်စီးဘီးနဲ့ဖြတ်နင်းရင်းလမ်းမပေါ်ရောက်လာခဲ့ပါတယ်။ လမ်းပေါ်ကို ကွေ့တက်လိုက်တယ်။ တဖက်ကလာနေတဲ့ဆိုက်ကားကကျွန်မကိုရှောင်သွားပါတယ်။ အချိန်အဆမမှန်တဲ့ အကွေ့ကို ရိပ်မိတဲ့ ဆိုက်ကားဆရာက စက်ဘီးစီးသင်နေတာလားလို့ လှမ်းအော်သွားသေးတယ်။ လမ်းတလျှောက်စက်ဘီးကိုခပ်ဖြေးဖြေးနင်းပြီးအဖေက ဘေးကလမ်းလျှောက်လိုက်လာ ရင်းကနေ သတိထားစရာတွေကို ထပ်ပြောပြနေပါတယ်။  

 ကျွန်မတို့ရှေ့မှာ ကောင်မလေးတစ်ယောက်နဲ့ အန်တီကြီးတစ်ယောက် လမ်းလျှောက်သွာ်းနေတာ ခပ်လှမ်းလှမ်းကတည်းက မြင်ပါ တယ်… ကောင်မလေး လက်ဖောင်းအင်္ကျီလေးနှင့် သုံးတန်းလောက်ရှိမည်ဟုတော့မှန်းရသည်။ ကျွန်မသူတို့ကိုကျော်တက်သွားမယ် ။ လမ်းပေါ်ကိုသိပ်တက်လို့မဖြစ်။ လူရှုပ်နေသည်။ ရုတ်တရက်ကျွန်မသူတို့ဘေးကဖြတ်အနင်းမှာပဲ ကျွန်မညာဘက်စက်ဘီး လက်ကိုင်ကို တစ်ယောက်ယောက်စောင့်ဆွဲလိုက်သလိုခံစားလိုက်ရပြီး ဂိုက်က ဆွဲသည့်ဘက်သို့လည်ကာ လဲကျသွားသည်။ ဘယ်လိုမှထိန်းလို့မရလိုက်ဘဲ ကတ္တရာလမ်းမပေါ်ကို ညာဘက်လက်ထောက်ရက်သားကျသွား ပါတယ်။ အဖေလဲ ကျွန်မကိုရော စက်ဘီးကိုပါ လှမ်းဆွဲချိန်ရလိုက်ပုံမပေါ် ။  

တော်တော်အကျနာပါ တယ်။ တံတောင်ဆစ် စုတ်သွားတယ်။ ဒီ့ထက်ဆိုးတာက တံတောင်ဆစ်အထက်နားမှာ လမ်းမနဲ့ ပွတ်မိလို့အရေပြား စုတ်ပြီးအကွင်းလိုက်ကြီး အသားတစ် ထွက်သွားသည်။ မမေ့နိုင်ပါ ကျွန်မညာဘက်လက်တွင်ထိုအမာရွတ်ယနေ့ထိခပ်ရေးရေးကျန်နေပါသေးသည်။  




 ထိုမြင်ကွင်းသည် ကျွန်မမနေ့ကတွေးခဲ့သလို ကျွန်မသူငယ်ချင်းများသာမက လမ်းပေါ်ရှိလူကုန်မြင်လိုက်ရသည့်မြင်ကွင်းပါ။ ကျွန်မ သေလောက်အောင်နာနေပါသည်။ ငါ ငိုလိုက်ရင်နှစ်ခါရှက် ရပြီ။ မငိုဘူးဟုဆုံးဖြတ်ချိန်တွင် အဖေ က ကျွန်မကိုရောစက်ဘီးကိုပါထူပေးပြီးနေပြီ။
ဒီလောက်ကတော့ဘာမှမဖြစ်ပါဘူး ။ စက်ဘီးစီးသင်တာ ဒီလိုပဲ စက်ဘီးလဲတတ်တာ ထုံးစံပဲ " ဟုကျွန်မကိုပြောရင်း ကျွန်မတို့ဘေးမှာ သူ့လက်မောင်းလေးကိုဖိရင်းငိုနေတဲ့ကောင်မလေးနဲ့ အန်တီကြီး ကိုတွေ့လိုက်သည်။"ကျွန်မတို့ကလဲနောက်က စက်ဘီးလာနေတာ မသိလိုက်ဘူး။ သမီး ကိုလဲ လမ်းပေါ် တက်မလျှောက်ပဲ လမ်းဘေးဆင်းလျှောက်ဖို့ပြောလာရင်းကနေ ဖြစ်သွားတာ။" ဟု အန်တီကြီးကသူ့သမီးလေးကိုမျက်ရည်သုတ်ပေးရင်းက " သမီးတိတ် တိတ် သမီး အကျီင်္နဲံ ဟိုမမ စက်ဘီးလက်ကိုင်ချိတ်မိတာ သမီးက လက်မောင်းပဲနာသွားတာ။ မမကိုကြည်.စမ်း။ လက်မှာဒဏ်ရာကြီးတွေ့လား။" ဟုပြောတော့ ကလေးမလေးက ငိုမဲ့မဲ့နဲ့ ကြည့်နေတယ်။ ကျွန်မ လဲ အနာရှိန်ကြောင့် လန့်လည်းလန့်သွားတဲ့အပြင် စက်ဘီးပေါ်ပြန်တက်ရမှာကိုပင်ရုတ်တရက်ကြောက် သွားပါသည်။ တောင်းပန်စကားတွေအပြန်အလှန်ပြောပြီး ကျွန်မ တို့လမ်းလျှောက်လာခဲ့ပါသည်။

အဖေ ကလဲ ကိုယ့်သမီးဒီလောက် ဒဏ်ရာရတာကို ဟိုအဒေါ်ကြီးကိုပဲတောင်းပန်ပြီးငါ့များလှည့်တောင်မကြည့်ဘူး လို့တွေးမိတာအမှန်ပင်။ ဒါနဲ့ ကျွန်မတို့က လမ်းထဲကွေ့ဝင် ဟိုသားအမိကတော့ သူတို့လမ်းသူတို့တည့်တည့်ဆက်လျှောက်သွားကြပါသည်။ " သမီးနာသွားလား။ အိမ်ကျမှရေချိုးပြီးဆေးထည့်မယ်။ ဒီအနာလေးလောက်က ဘာမှမဖြစ်ပါဘူး။ ခု ဘယ့်နှယ့်လဲ စက်ဘီးမှောက်တာဘယ်လိုလဲသိပလား။ သူများတွေက သင်ရင်းဂိုက်မနိုင် စက်ဘီးမနိုင်လို့လဲရတာ ငါ့သမီးကတော့တချိန်လုံးဖြောင့်နေပြီး သူများအင်္ကျီ လက်နဲ့ ချိတ်မိပြီး စက်ဘီးမှောက်ရတယ်လို့။ှ
ဘာပဲဖြစ်ဖြစ်ငါ့သမီးတော့ ဒီနေ့ကစပြီးစက်ဘီးကောင်းကောင်းစီးတတ်သွားပြီမှတ်" တဲ့ အဖေ့စကားကိုနားထောင်နေရင်းမှ ကျွန်မ ပြုး လိုက်မိသည်။ ဟုတ်ပ ငါ့ဒဏ်ရာရပြီဆိုတော့ သေချာပြီငါစက်ဘီးတကယ်စီးတတ်သွားပြီ။  





ငိုချင်စိတ်ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှု က နေ့တိုင်းအိမ်ပြန်တဲ့ရက်တွေနဲ့မတူ။ သက်သေနှင့်တကွပြစရာရှိပြီ။ အိမ်ဝရောက်တော့ ကျွန်မဝမ်းသာအားရ အိမ်ထဲပြေးဝင်သွားပြီး အိမ်ရှိလူကုန်ကို ကျွန်မရလာသောဒဏ်ရာကိုပြသည်။ ကျွန်မ အဒေါ် တို့နေတဲ့ဘေးအိမ်ကိုပြေးတက်သွားပြီး နောက်ဖေးမှာ ဟင်းချက်နေသောအဒေါ်ကိုပြသည်။ ဒါ ကျွန်မ စက်ဘီးအမှန်တကယ်စီးတတ်ခြင်း၏ အထိမ်းအမှတ်။ ဂုဏ်ယူရမည်။ ရေချိုးသည့်အချိန်မှာတော့ စောစောကမငိုဖြစ်ခဲ့သည့်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျရပါသည်။ ရေနဲ့ထိလျှင်မနာသည့်အနာရှိပါက စက်ဘီးမှောက်လို့မငိုသည့် ကလေးများစာရင်းတွင်ကျွန်မထိပ်ဆုံးက ပါမည်မှာသေချာပါသည်။  



ကျွန်မတို့ဘဝတွေမှာ စက်ဘီးစီးသင်ခြင်းထက်လွန်စွာခက်ခဲသော အရာများစွာကို အသက်အပိုင်းအခြားအလိုက် ကြုံတွေ့ ခဲ့ပါသည်။ကြုံတွေ့ရပါဦးမည်။ ထိုသို့ကြုံတွေ့တိုင်းကျွန်မအဖေပြောခဲ့သည့် အနာမခံရင်မတတ်ဘူး ဆိုသည့်စကားကိုကျွန်မ အမြဲအမှတ်ရမိပါသည်။ စက်ဘီးစီးသည့်သူတိုင်း တနေ့မဟုတ်တနေ့မှာ မလွဲမသွေစက်ဘီး ကြောင့်ရတဲ့ဒဏ်ရာတခုမဟုတ်တခုရတတ်သည်။ အစီးသင်စဉ် အနာတရမဖြစ်သေးသောကျွန်မ ..ငါ …သူများလို မဟုတ် ဘယ်တော့မှဒဏ်ရာရလိမ့်မည်မဟုတ်ဟု တွေးနေမည့်အရေးကို ကျွန်မအဖေ က လေးတန်းကလေးတယောက်နားလည်နိုင်သောဘာသာစကားဖြင့် ပြင်ဆင်ပေးခဲ့ခြင်းသာဖြစ်သည်။
အခက်အခဲတွေ အတားအဆီးတွေသည် အောင်မြင်မှုလမ်းကြောင်းမှာအချိန်မရွေးရောက်လာနိုင်သည် ကိုစိတ်ပိုင်းဆိုင် ရာအားဖြင့်ကြိုတင် ပြင်ဆင် ထားနိုင် မှ သာ အနာတရဖြစ်လာလျှင်   ခံနိုင်ရည်ရှိပေမည်။ ရှေ့ဆက်လျှောက်ဖို့ဝန်ဲ့် မလေးမည်ဖြစ်သည်။  



လူတိုင်း လူတိုင်း ဘဝအတွက်လျှောက်တဲ့လမ်းတိုင်းမှာယုံကြည်မှုတွေ ရှိနေဖို့ မှန်ကန်တဲ့လမ်းပြ တွေ လိုအပ်ပါသည် ဆိုလျှင် ကျွန်မတို့အားလုံး ၏ မိဘများသည် သူတို့ဘဝ အတွေ့အကြုံမျာနှင့်ယှဉ်၍ ရှောင်ရန်ဆောင်ရန်ကိုပါ မျှဝေပေးနိုင်သည့် အဖိုးမဖြတ်နိုင်သော့ လမ်းပြကောင်းများပင်ဖြစ်ပါသည် ။ ပြ ပေးသည့်လမ်းကို တာဝန်သိသိ နားလည်မှုရှိရှိလျှောက်ဖို့ တော. ကြိုးစားရပေမည်။  

Written by Su Wai Phyo @ Facebook

Wednesday, July 3, 2013

ထူးအိမ်သင်..ဖြစ်တည်မှု...ကွယ်လွန်ခြင်းနှင်. သူ၏ နှစ် ၅၀ပြည်. မွေးနေ.


သူ.ကို ဖခင် ဦးထွန်းမြင့် နှင့် မိခင် ဒေါ်မြရင် တို့မှ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ အမည်ရင်း ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။ မူလတန်း ပညာကို အမှတ် (၂၀) အ-မ-က တွင် ပညာသင်ကြားခဲ့ပြီး ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒဖြင့် ဘွဲ့ရရှိခဲ့ပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ စတင် သွင်းယူခဲ့ပြီး နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ဖြစ်သည်။
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄၀ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။



ထူးအိမ်သင် ကွယ်လွန်စဉ်က (စက်တင်ဘာ ၂ – ၈ ၊ ၂၀၀၄) နေ.ထုတ် 7 DAY NEWS JOURNAL အတွဲ (၃) ၊ အမှတ် (၂၄) တွင် အားမာန် က ဤ သို.ရေးသားခဲ့သည်

“ မြို့ပြရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့မောပန်းနွမ်းနယ် နှလုံးသား က လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို အေးမြတဲ့ အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့ …. ” မိခင်အပေါ် ချစ်ခင်ကြင်နာစိတ် ကြီးမားကြောင်း ရင်ထဲကစာသားများနှင့် သက်သေပြပြီး မိခင်မေတ္တာရိပ်နှင့်မခွဲခွာလိုသူ နာမည်ကျော် တေးရေးတေးဆို ထူးအိမ်သင်သည် သူ၏ ချစ်ခင်လှစွာသော အမေ့အိမ်၊ သူ့မိခင် ၊ မိသားစုနှင့် ပရိသတ်များ အားလုံးကို ထာဝရ ခွဲခွာ သွားပြီ ဖြစ်သည်။
ထူးအိမ်သင်မှာကွယ်လွန်သွားချိန်တွင် အသက် ၄၃ နှစ်အရွယ်သာ ရှိသေးပြီး နှလုံးအားနည်းအသက်ရှူ မွန်းကျပ်သော ရောဂါဖြင့် သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁း၄၀ နာရီ ၌ သုခကမ္ဘာ နှလုံးအထူးကု ဆေးခန်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
“မမျှော်လင့်ဘဲနဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် အရမ်းခံစား ရတယ်။ ဘယ်လိုခံစား ရတယ်လို့ ပြောတောင် မပြတတ်ဘူး။ ဒါပေမယ့် အန်တီဂုဏ်ယူ တယ်။ အန်တီ့သားက တစ်ကယ့် အနုပညာ သမားပီပီသသသန့်သန့် ရှင်းရှင်းဖြူဖြူစင်စင်လုပ်ခဲ့တာတွေကို အရမ်းဂုဏ်ယူတယ်”
ဟုမိခင်ဖြစ်သူ ဒေါ်မြရင်က ပြောပြသည်။

Photo from backstories-of-me.blogspot.com
ထူးအိမ်သင်ကွယ်လွန်သွားခြင်း နှင့်ပတ်သက်၍ ဂီတနယ်ပယ်မှလည်း “ သူဆုံးတာ ကျွန်တော်တို့ အတွက် အဆိုတော်တစ်ယောက်ဆုံးသွားတာလည်း ဟုတ်တယ်။ ဆရာသမား တစ်ယောက်ဆုံးသွားတာဆို လည်း ဟုတ်တယ်။ ဒါကြောင့် ၀မ်းနည်း တယ်။ နှမြောတယ်။ သူရဲ့ အရည်အချင်း ကတော့ ပြောပြရင် မကုန်နိုင်ဘူး။ အနီးစပ်ဆုံး ပြောရရင် တစ်ခေတ် တစ်ယောက် ပေါ်တာပေါ့။ ဆယ်စုနှစ်တစ်ခုကို တစ်ယောက် ပေါ် နိုင်တဲ့ သူမျိုး ထဲမှာတောင် မပါဘူး။ တစ်ခေတ်ဆိုတာ အနှစ်တစ်ရာမှ တစ်ယောက်ပေါ်တဲ့လူမျိုး နောင်လည်း သူ့လိုလူမျိုးက ပေါ်လာဖို့ သိပ်မလွယ်ဘူး။ မြန်မာပြည်မှာ ဒီလို အဆိုတော်ရှိတယ်။ ဒီလို အရည်အချင်း ရှိတဲ့ အဆိုတော် ရှိတယ်ဆိုတာ မျိုး ကမ္ဘာကို ထုတ်ပြလို့ ရတယ်။ အဲဒီအထဲမှာ သူပါတယ်။ ဂီတကို အခြေခံကစပြီး ကကြီး ကနေ အ အထိ သူကျွမ်းကျင်တယ်” ဟု တေးရေး မောင်မောင် ဇော်လတ်က ပြောပြသည်။


“လူတွေအပေါ်မှာ မေတ္တာတရား နဲ့ ဥာဏ်ပညာ ကြီးမားစွာ ပြုမူဆက်ဆံတတ်တဲ့ လူသားတစ်ယောက် အနေနဲ့ရော မြန်မာ နိုင်ငံရဲ့ အားကောင်းမောင်းသန် ရှားရှားပါးပါး ဂီတပညာရှင် စစ်စစ်တစ်ယောက် အနေရဲ့ရော တစ်ပြိုင်နက် ဆုံးရှုံးရခြင်း ဖြစ်နေတယ်” ဟု တေးရေးဆရာ ရွှေဂျော်ဂျော် က လည်း ပြောသည်။
“သူရှိနေတုန်းက ခဏခဏ ကြားရတယ်။ ပိုက်ဆံဆယ့်လေးငါးသိန်း ရမယ့် စတိတ်ရှိုး တွေကို ငြင်းပြီး ပိုက်ဆံမရတဲ့ ပွဲ တွေမှာ ဂီတာတီးလိုက် ၊ သီချင်း ဆိုလိုက်နဲ့ငယ်ငယ် တုန်းကအတိုင်း ပျော်မွေ့တတ်တာ သူ့ အကျင့် စရိုက် ။ သူ့ယုံကြည်ချက် အစစ်ပါ။ ဒီလို စစ်မှန်တဲ့ သူမျိုး မို့လည်း ကျွန်တော်တို့ အပါအ၀င် နောက်ထပ် လူငယ် မျိုးဆက်သစ်တွေ အတွက် အမြဲ သြဇာ လွှမ်းနေမှာ ဖြစ်ပြီး အားလုံး အတွက် အစားထိုး မရတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့ ရပါတယ်” ဟု တေး ရေး ဆရာ မြင့်မိုးအောင် မှ ထူးအိမ်သင် နှင့် ပတ်သက်၍ သူ၏အမြင်ကို ပြောပြသည်။


ထို့ အပြင် လူငယ် ဂီတသမားများ အပေါ် တွင် ထူးအိမ်သင် ၏ အနုပညာ သြဇာ လွှမ်းမိုးမှု ကြီးမားကြောင်းကို “အဲဒီအချက်ကတော့ သူရဲ့ ကြောက်စရာ ကောင်းလှတဲ့ လေ့လာ လိုက် စားမှု နဲ့ စစ်မှန်တဲ့ မေတ္တာ တရား၊ ကြီးမားလှတဲ့ ဥာဏ်ပညာ ၊ ငွေကြေးနဲ့ အပေါစား ကျော်ကြားမှု အပေါ် မတွယ်ငင် မှု ကြောင့် လို့ ယုံကြည်ပါတယ်” ဟု တေးရေး ဆရာ ရွှေဂျော်ဂျော်မှ ယခုလို သုံးသပ်သည်။
၁၉၈၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “နာရီပေါ်မှ မျက်ရည်စက်များ” တေးစီးရီး သည် ထူးအိမ်သင် ၏ ပထမဆုံး တေးစီးရီး အယ်လ်ဘမ် ဖြစ်ပြီး ယခုနှစ် တွင် ထွက်ရှိခဲ့သော “တစ်နေ့စာ အလွဲများ” တေးအယ်လ်ဘမ်သည် သူ့နောက်ဆုံး အယ်လ်ဘမ် ဖြစ်သည်။ သို့သော် နောက်ဆုံး သီဆိုခဲ့သော သီချင်း မှာ ယခုလ ၅ ရက်နေ့ တွင် တူးတူး ၏ သီချင်း ဟောင်းများ ပြန်လည် စုပေါင်း သီဆိုထား သော “အတိတ်မြက်ခင်း စိမ်းများ သို့ အလွမ်း” တေး အယ်လ်ဘမ် အတွက် သီဆို ပေးခဲ့သော “ဇာတ်ပေါင်းခန်း” ဖြစ်သည်။



မကွယ်လွန် မီ အချိန်တွင် တစ်ကိုယ်တော် အယ်လ်ဘမ် အသစ် ထွက် နိုင်ရန် အိုအေစစ် တွင် သီချင်းသွင်းလက်စ နှင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဂီတ သက်တမ်း ၁၇ နှစ် ကျော် ကာလတွင် နာရီပေါ်မှ မျက်ရည်စက်များ အယ်လ်ဘမ် မှ တစ်နေ့စာ အလွဲများ အယ်လ်ဘမ် အထိ စုစုပေါင်း တေးအယ်လ်ဘမ် ၁၄ ခွေ ထွက်ခဲ့သည်။ သီဆိုခဲ့သည့် သီချင်း အရေအတွက် မှာ ၂၀၀ နီးပါး ရှိပြီး ကိုယ်တိုင်ဆို နှင့် အခြားတေးဆို များ အတွက် စုစုပေါင်း တေး သီချင်း ၅၀၀ ခန့် ရေးစပ် ခဲ့သည်။

ဇူလိုင် ၁ ရက် ၂၀၁၃ - နေ့ ဟာ အဆိုတော် ထူးအိမ်သင်သာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် အသက်(၅၀) ပြည့်ပါပြီ။ သူ့အတွက် မွေးနေ့အမှတ်တရ အခမ်းအနားကို ထူးအိမ်သင်ရဲ့ မိသားစုက ရန်ကုန်မြို့ ရှင်စောပုလမ်း ဓမ္မစေတီ ရွှေကျင်ကျောင်းတိုက်မှာ အလှူလုပ် ကျင်းပပေးခဲ့ပါတယ်။ သူ့ ရဲ့ မိသားစုဝင်တွေ၊ တေးရေး မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ ကိုရဲလွင် ၊ တေးသံရှင်တွေဖြစ်ကြတဲ့ သျှီ၊ ကော်နီ၊ ရှင်ဖုန်း၊ ဘိုဘို၊ စိုင်းစိုင်းခမ်းလှိုင်၊ စည်သူလွင် ၊ R ဇာနည်။ ဂျေမောင်မောင်။ အငဲ ၊ နေမျိုးဆေး ။၊ ကဗျာဆရာ စောဝေ၊ မအိ အစရှိတဲ့ အနုပညာ မိတ်ဆွေ သူငယ်ချင်းတွေတက်ရောက်ကြပါတယ်။  

Ref ; DVB entertainment , www.htooeinthin.com & Photo by DVB 
 

အနုပညာရှင် တို.၏ မိသားစု ဓါတ်ပုံများ (၁)

စာရေးဆရာမ လွန်းထားထား မိသားစု

ပပ၀င်းခင်တို.မိသားစု

အငဲတို.စုံတွဲ

လေးဖြူတို. သားအဖ

မီးမီးခဲတို. သားအမိ

ဝမ်းတို. သားအမိ

အိန္ဒြာကျော်ဇင်တို. သားအမိ

နိုင်နိုင်းတို.မိသားစု

အိန္ဒြာကျော်ဇင်နှင်. သူမ၏ တူမများ

 ဟေမာနေဝင်းတို့မိသားစု ရှင်လောင်းလှည့်အမှတ်တရ

ဦးကျော်သူတို.မိသားစု (ယခုပုံတွင် သားအကြီးဆုံး၏ ပုံမပါဟု မူရင်းPage တွင်ရေးသားထားပါသည်)
 
Myanmar Celebrities Page မှပုံများကို ရွေးချယ် ကူးယူဖော်ပြပါသည်

Tuesday, July 2, 2013

ကဲ ဧရာဝတီ ဘာလဲ ဘယ်လဲ


ခုတစ်လော ဧရာဝတီ အသင်းရဲ. ဆက်တိုက်နိုင်ပွဲပျောက်နေတဲ့ကိစ္စ
နည်းပြရဲ. လုပ်ပိုင်ခွင်.
အသင်းပိုင်ရှင်တွေရဲ. သဘောထားတွေနဲ. ပတ်သက်လို. ဧရာဝတီ အသင်းကို ဇွဲအပြည်.နဲ့. နားလည်မှုအပြည်.နဲ. အားပေးနေကြသူတွေကြားမှာတောင် အသံတွေ ဆူညံလို. လာခဲ့ပါပြီ
ဒါလေးတွေကို စုပြီးပုံဖော်လိုက်ရင် အဓိပ္ပါယ်ပြည်.စုံတဲ့ ပန်ချီကား တစ်ချပ်ကိုတွေ.ရလိမ်.မယ်ထင်ပါတယ်

Photo by AUFC
မင်းနဲ့ ငါ ထပ်ဆုံဖြစ်ပြန်ပြီ ဧရာဝတီပရိတ်သက်တစ်ယောက်အနေနဲ့  အားပေးပိုင်ခွင့်ရှိသလို ဝေဖန်ပိုင်ခွင့်လဲရှိမှာပါ
အဲ့တော့ငါ မင်းရဲ့ကောင်းခြင်းဆိုးခြင်းတွေ ထောက်ပြကြည့်မယ်
မနှစ်ကခြေစွမ်းနဲ့  ဒီနှစ်ရာသီခြေစွမ်း က တော်တော်လေး ပြောင်းလဲသွားတယ်
နည်းပြသစ်ရဲ့ဗျူဟာပြောင်းလဲမှုကြောင့်လား
ကစားသမားတွေရဲ့ Skill တက်လာမှု၊
ကြိုးစားအားထုတ်မှုပိုကောင်းလာတာရယ်ကြောင့်လားတော့မသိဘူး
အရင်ကဆို ဂိုးရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်က ခြေစွမ်းပြကစားနိုင်ခဲ့ပြီ...
လက်ရှိအချိန်ထိ ဂိုးမသွင်းနိုင်တဲ့ပွဲရယ်လို့ 
ပွဲဦးထွက်-----မနော်မြေ ၀ - ၀ ဧရာဝတီ
ပထမဆုံးရှုံးပွဲတွေ့ခဲ့တဲ့-----KBZ 3- 0 ဧရာဝတီ
ပွဲ(၂)ပွဲသာရှိခဲ့တယ်......

အသင်းရဲ့သွင်းဂိုး အနေအထားကိုကြည့်မယ်ဆိုရင်လဲ
ပွဲစဉ် (၁၅) ပြီးသည်အထိ သွင်းဂိုးစုစုပေါင်း (၂၇)ဂိုးသွင်းယူထားနိုင်ပြီး

ပွဲစဉ် (၁၅) မကန်ခင်အထိ သွင်းဂိုးစုစုပေါင် ရပ်တည်မှုမှာ
၂၄ဂိုးနဲ့ရန်ကုန်အောက် KBZ နဲ့ သွင်းဂိုးခြင်းအတူတူ အဆင့်(၂)နေရာမှာရှိခဲ့တယ်။

ထိုနည်းတူစွာ ခံစစ်(အထူးသဖြင့် ဂိုးသမား ၂ဦး) ကလည်း.....
ဂိုးမပေးရတဲ့ပွဲရယ်လို့ 
မနော်မြေ ၀ - ၀ ဧရာဝတီ
ဧရာဝတီ ၂ - ၀ ရခိုင်
ဧရာဝတီ ၂ - ၀ ဇွဲကပင်
ဆောက်သမ်း ၂- ၀ ဧရာဝတီ
ပွဲ(၄)ပွဲသာရှိခဲ့တယ်.......

ပွဲစဉ် (၁၅) ပြီးသည်အထိ ပေးဂိုးစုစုပေါင်း (၂၃)ဂိုးရှခဲ့ပြီး
ပွဲစဉ် (၁၅) မကန်ခင်အထိ ပေးဂိုးစုစုပေါင် ရပ်တည်မှုမှာ
၂၀ဂိုးနဲ့အဆင့်(၈)နေရာမှာရပ်တည်ခဲ့ပြန်ပါတယ်.....

ဂိုးပေးရတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်
ပထမအကျော့ မှာ
နေပြည်တော် ၊ မကွေး ၊ ဇေယျာရွှေမြေ တို့ကိုသရေကျတဲ့ပွဲ
KBZ ကို ရှုံးနိမ့်ခဲ့တဲ့ပွဲ
ဟံသာဝတီ ၃ - ၄ ဧရာဝတီ နဲ့ အနိုင်ရခဲ့တဲ့ပွဲ တွေမှာ
ဂိုးမသား (၂)ဦးရဲ့ အညံ့စားလက်စွမ်းတွေကိုကြည့်ခဲ့ရတယ်
KBZ ၃ - ၀ ဧရာဝတီ ပွဲမှာလည်း အံ့မခန်းလက်စွမ်းတွေနဲ့ အလွယ်တကူ ဂိုးတွေ ခွင့်ပြုခဲ့ပါတယ်
ဒုတိယအကျော့မှာ
ဇွဲကပင် ၊ နေပြည်တော် တို့ ကိုသရေကျတဲ့ပွဲ
ရန်ကုန်ကို ၃ - ၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာလည်း
ဂိုးသမား (၂)ဦးဟာ အညံ့စားလက်စွမ်းများနဲ့ အတူ အလှည့်ကျ အသုံးတော်ခံခဲ့ပါတယ်
---------------------------------------------------------------------------------------
ဒီတော့ Skill က Average လောက်သာ ရှိတဲ့ Goalkeeper (၂)ဦးနဲ့ 
ရာသီကုန်မှာ MNL သိမ်းပိုက်ဖို့ ၊ AFC ၀င်အောင်ကန်ဖို့ မပြောနဲ့ 
အဆင့်(၅) အတွင်း ၀င်ဖို့ ရာတောင် မျှော်လင့်လို့ ရပါတော့မလား ဆိုတဲ့ အသိက ပရိတ်သက်တွေရဲ့အတွေးထဲကိုဝင်နေပြီ...
ပွဲစဉ်တော်တော်များများမှာအားမလို အားမရနဲ
့ကစားသမားတွေ စိတ်ဓာတ်ကျမှာစိုးလို့  အပြစ်မပြောပဲ ပြန်ခဲ့ရပေါင်းလည်းများပြီ

သံယောဇဉ် ရှိတာကရှိတာပါပဲ
ပြင်သင့်တာလေးတွေကိုတော့ ပြင်ပေးကြပါအသင်းနဲ့ သက်ဆိုင်သူတွေ....

---Flows toward the victory ---ဆိုတဲ့ ဆောင်ပုဒ်အတိုင်း
အောင်မြင်မှုဆီ လျှောက်လှမ်းဖို့ 

မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ပေးကြပါ

ဖြစ်သင့်တဲ့ ဆုံးဖြတ်မှုတွေ ပြုလုပ်ပေးကြပါ
                                                       June 24 2013    By Aung Thu Htut  (Red Waves)



ကဲထပ်ပြောရပြန်ပြီဧရာဝတီရေ
မင်းကို ပိုင်ဆိုင်ြခယ်လှယ်နေသူအချို့ကိုပေါ့
(၁) အသင်းပိုင်ရှင်ဆိုတာ သူတို့ရဲ့ကြွယ်ဝမှု၊ဝါသနာ တွေနဲ့ စိတ်အပန်းဖြေကြသူတွေပါ
(၂) ပရိတ်သက်ဆိုသည့်သဘောတရားက
ကိုယ့်စရိတ်ကိုယ်သုံးပြီး အပင်ပန်းခံလာအားပေးကြသူတွေပါ
(၃)နည်းပြဆိုတာက ကစားသမားတွေရဲ့အရည်အသွေး ကြိုးစားအားထုပ်မှု စွမ်းဆောင်ရည်တွေကိုကြည့်ပြီး အမှန်ကန်ဆုံးလူစာရင်းချမှတ်ပေးနိုင်သူပါ
....,.,.......................
သူဟာ ပရိတ်သက်တွေ အသင်းပိုင်ရှင်တွေထက် ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အချင်းကို အသိဆုံးဖြစ်မှာပါ..
ဘယ်နည်းပြမဆို ပွဲထွက်ကစားသမား ၁၁ယောက်ကိုရွေးချယ်ပိုင်ခွင့်ရှိပါတယ်

ဧရာဝတီနည်းပြမှာရော....
လုံးဝရှိမနေပါဘူးးး ဘယ်သူတွေကြောင့်လည်း
အဖြေကရှင်းပါတယ်
အသင်းတစ်သင်းမှာနည်းပြကို အမိန့်ပေးနိုင်တဲ့သူသိပ်မရှိပါဘူးး
ပရိတ်သက်တွေရဲ့ရွေးချယ်မှု
နည်းပြရဲ့ရွေးချယ်မှု
သူတို့တွေရဲ့ရွေးချယ်မှု
အားလုံးထဲကမှ သူတို့ရဲ့ရွေးချယ်မှုကိုသာ
ထုတ်သုံးနေကြဆဲ ထုတ်သုံးနေမြဲဆိုတော့
နည်းပြအပေါ် လေးစားမှုမရှိတာလားး
ပရိတ်သက်တွေအပေါ်လေးစားမှုမရှိတာလား အသိအမှတ်မပြုပဲနေတာလားးးး
အပြစ်ရှာနေသူအဖို့
မေးလို့ကောင်းမယ့်မေးခွန်းတွေကထွက်လာပြီ
အသင်းအတွက်ပရိတ်သက်
မလိုအပ်ဘူးလို့သက်မှတ်ထားရင်လည်
ပြောပါ...လာမကြည့်ရင် အချိန်ပိုထွက်ပါတယ် အကုန်ကျသက်သာပါတယ် ....
ပရိတ်သက်မရှိပဲကစားသမားတွေကအားတက်သရော ကစားကြမယ်ထင်ရင်ပေါ့

ဒီတော့ သေချာစဉ်းစားပေးကြပါ
ပရိတ်သက်အပေါ်မှာကော နည်းပြအပေါ်မှာကော
လေးစားမှုလေးရှေးရှုပြီးတော့ပေါ့

ဒီပုံအတိုင်းဆက်သွားနေရင်တော့
သေချာတယ်
ရာသီကုန်ရင် မြန်မာကစားသမား ၅ယောက်ထက်မနည်း အသင်းက ထွက်ကုန်ကြလိမ့်မယ်....
ပရိတ်သက်မပါတဲ့ပွဲစဉ်တွေမြင်ရလိမ့်မယ်

သက်ဆိုင်သူတွေ သိမြင်စဉ်းစားဆုံးဖြတ်နိုင်ကြပါစေ...
                                                     1 July 2013  By Aung Thu Htut  (Red Waves)


ဧရာဝတီရဲ့နောက်ပိုင်းလက်ကျန်ပွဲစဉ်တွေကို အောင်မင်းခန့်နဲ့ပဲ ဆက်ပြီးပွဲထွက်နေမယ်ဆိုရင် လက်ကျန်ပွဲစဉ်တွေကို လာမကြည့်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါပြီ
အမှားအယွင်းကို လက်ခံပေးနိုင်ပေမယ့် ကိုယ့်အမှားအယွင်းကို ပြုပြင်ချင်စိတ်မရှိတဲ့သူ့ကို ဆက်လက်နေရာပေးထားတာကို ဘယ်လိုမှ သည်းညည်းမခံနိုင်တော့လို့ပါ
အားလုံးကို တောင်းပန်ပါတယ်
ပြုပြင်မှု တခုခုလေးတော့ လုပ်ပေးပါအုံး

                                                 ရတနာပုံနှင်.ရှုံးအပြီး By  Maysoe Paingoo (Red Waves)

ပိုင်ရှင်တွေရေ

သေချာကြည့်ကြဟ....ပြည့်ဖြိုးဦး ကိုကမ္ဘာကျော် ဂိုးသမားတွေနဲ့ ယှဉ်ပြထားတယ်

ကိုယ်ခန္ဓာအချိုးအဆစ်က ကစားသမားနဲ့ မညီဘူးဆိုတဲ့ ဆင်ခြေတွေနောင်မပေးနဲ့ တော့

ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေလည်း လုပ်ချိန်တန်ပြီ  
 by  
 Aung Thu Htut  (Red Waves)



ဘောလုံးဆိုတာ လုံးနေတာလို့ပဲသိတဲ့သူဌေးတွေရေ
ဒီပုံလေးကို သေချာကြည့်
ပြီးရင် ၀င်စွတ်ဖက်တာတွေ လျော့တော့   
အသင်းအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ မန်ယူအသင်းနဲ့
အသင်းပိုင်ရှင်က ၀င်ပြီး ဟိုလိုလုပ် ဒီလိုလုပ်ဆိုပြီးပြောနေတဲ့ ဟိုအသင်းနဲ့
ယှဉ်ကြည့်လိုက်ဗျာ..............
ပီးရင် ဘာဆက်လုပ်ရမလဲ စဉ်းစားကြပေါ့              By   MoMo KhinZaw (Red Waves)

Photo by AUFC
ကြားရ ကြားရ နားဝမသက်သာ လို.ပြောရမလားတောင် မသိပါဘူးဗျာ
နိုင်ငံတော် အဆင်.မှာတောင် အောက်ခြေက အသံကို အပေါ်က ပြန်နားထောင်နေကြချိန်မှာ ကျုပ်တို.ဧရာဝတီ အသင်းကြီးမှာတော. အပေါ်ကစီးဆင်းလာသောအသံတွေကြားနေ၇တယ်ဗျာ
ပိုင်ရှင်တွေကများတော. အယူအဆတွေကလည်း များပေမပေါ.
ဒါပေမယ်.လည်း နည်းပြကို နည်းပြ ပြန်လုပ်ချင်တဲ့ အသင်းပိုင်ရှင်အချို.ရှိနေတယ်တဲ့ဗျာ
ဒါဆိုလည်း အကုန်အကျ သက်သာအောင် ကိုယ်.ဘာသာအသင်းထောင် ကိုယ်.ဘာသာ နည်းပြလုပ်
ကိုယ်.ဘာသာ အုပ်ချုပ်ပြီး (ဘယ်သူမှမရှိလဲ)ကိုယ်တစ်ယောက်တည်းပဲကန်ပေါ.ဗျာ
ကျုပ်တို. ဆီက လူတွေကိုက မှားနေတာဗျ..လူဆိုတာ အရာရာတိုင်းကို မတတ်ကျွမ်းနိုင်ဘူးဗျ
ဒါရှက်စရာလည်း မဟုတ်ဘူး အခြားနိုင်ငံတွေမှာ ပညာရှင်ဆိုတာ သူ.နယ်ပယ်တစ်ခုတည်းပဲ စိတ်ဝင်စားတာ ကျန်တာဘယ်တော.မှဆရာ ၀င်မလုပ်ဘူး ဒီမှာက မဟုတ်ပါဘူးဗျာ
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား နဲ. ရှင်းမရတဲ့အချိန်ကျမှ ငါလည်း မလုပ်တတ်ဘူးထဖြစ်ကြတာ
အသံသဲ့သဲ့ တစ်ခုတော.ကြားလိုက်တယ်ဗျ
အသင်းပိုင်ရှင် တစ်ယောက်က အသင်းရဲ. ကစားပုံ ကို လာကြည်.ရင်းနဲ. ဂိုးသမား တစ်ဦးကို သဘောမကျလို. (အကြောင်းပြချက်က နည်းနည်းဝနေလို.တဲ့) အခြားတစ်ယောက်ကို သုံးပါလားတဲ့ ဆိုးတာက အဲဒီအချက်ဟာ နောက်ပိုင်း ကစားပွဲအတွက် လူရွေးတိုင်း ထာဝရလမ်းညွှန်မှာကြားချက်ကြီး လုပ်ပြီး ရွေးသူများကလည်း ရွေးတယ်တဲ့
အဲဒီတော. ဘာဖြစ်လဲ သိလား
MNL ပွဲစဉ် (၁၅) ပြီးသည်အထိ ပေးဂိုးစုစုပေါင်း (၂၃)ဂိုး တဲ့ ဘယ်လောက်အားရဖို.ကောင်းလဲဗျာ
ကျုပ်တစ်ခုတော. စဉ်းစားမိတယ်
ပေါက်က၇တွေ လုပ်နေမယ်. တိုင်းနာမည်တပ် အသင်း တစ်ခု၇ှိနေပြီး ၀ိုင်းဝေဖန်ကြရ ၀ိုင်းဒေါသထွက်ကြရ ၀ိုင်းမကျေနပ်ကြရ ၀ိုင်း စိတ်မကောင်းဖြစ်ကြရ အစား ငါတို.တိုင်းဒေသကြီးမှာ ဘာဘောလုံးအသင်းမှမရှိဘူးကွ လို.ကြွေးကြော်နေ၇တာကပဲကောင်းလေမလား
ဒါမှမဟုတ် အသင်းထောင်ပြီး စိတ်ထင်ရာ လုပ်နေသူတွေကို သူတို.ဘာသာ လုပ်ချင်ရာလုပ် မနေချင်တဲ့ ကစားသမားတွေလည်းထွက် မကြည်.ချင်သူတွေလည်းသွားမကြည်.နေကြနဲ.
ဘာအပြစ်မှလည်းမပြောပဲနဲ. နေကြရရင်ပဲကောင်းမလား

အင်းတကယ်က ကျုပ်ကိုယ်တိုင်က မဆိုင်တာတွေ ၀င်ပြောနေမိတာ
ကိုယ်လည်း အသင်းထောင်ဖို.ဝေးလို.ပွဲတိုင်းတောင်သွားမကြည်.နိုင်တဲ့ကောင်က ရာရာစစ ၀င်ပြောနေဖြစ်တာဗျ....တော်ပါပြီဗျာ...မပြောတော.ပါဘူး လုပ်ချင်တာလုပ်ကြ...ဘောလုံးဆိုတာ ပ၇ိသတ်မရှိလည်း ကန်လို.၇တာပဲဟာ...
                                    By 
Ko Shwe Min
Photo by AUFC
AUFC အသင်းတွင် ဂိုးသမားနေရာ အခက်အခဲရှိနေပါသည်။ ပိန်သူများ ဦးစားပေး ရွေးချယ်မည်။ စိတ်ပါဝင်စားပါက မိမိ၏ ကိုယ်အလေးချိန်နှင့် တကိုယ်လုံးပုံတပုံကို ယခု group တွင် တင်ပေးနိုင်ပါသည်။ ငိငိ :P                                                                         By Chan Myae Soe @ Red Waves

မနှစ်တုန်းက ရန်ကုန်အသင်းကဂိုးသမားမကောင်းပေမယ့် စိတ်ချရတဲ့နောက်တန်းရှိတယ်။ရှေ့တန်းကလဲ ဂိုးတွေတရစပ်ရတယ်။ ဒါကြောင့်လဲချန်ပီယံဖြစ်သွားတာ။ အခု ဧရာဝတီကနောက်တန်းလည်း ဒီလောက်စိတ်မချရ၊ရှေ့တန်းကလဲဒီလောက်ကြီးဂိုးသွင့်းမသေခြာ။အဆိုးဆုံးကတော့ ရှေ့တန်းကရလိုက်တဲ့ဂိုးမှန်သမျှ ရွှေဂိုးသမားလေးကရက်ရက်ရောရောပြန်ပေးတော့တာပဲ။လေပါ၏။
                                                             By Mg Super @ Ayeyawady United FC Page

ပွင်.လင်းမြင်သာမှုကို ဦးစားပေးလာသော ခောတ် အမှန်တကယ်ကျွမ်းကျင်သူများသာ တစ်ဖြေးဖြေး နေရာရလာကြမည်. Pro ခောတ်ဝယ်  ခောတ်နောက်ပြန် ဆွဲရင်း တစ်သွေးတစ်သံ တစ်မိန်. ကိုမဆိုင်သည်.နေရာများတွင် အသုံးချနေလျှင်ဖြင်.
အို........................ဧရာဝတီရေ   
           




Monday, July 1, 2013

SS Avenue of WKA Group ၏ သော်ကကျောင်းသို.အလှု


အဲဒီနေ.က တာဝတိ'သာကျောင်းလေးက နေထွက်လာပြီး တစ်ဖွဲ.လုံး ခဏနားရင်း အေးမောင်ဆိုင်မှာ လဘက်ရည် သောက်ကြပါတယ်...Collector တစ်ယောက်ဖြစ်တဲ့ ကိုရဲကလည်း ဒီကနေ အစီအစဉ်ဖြစ်မြောက်ဖို. လိုတာတွေ လုပ်ပေးနေပေမယ်. အခမ်းအနား လုပ်မယ်.နေ.ကျမှ ဘယ်လိုမှအချိန်မရဖြစ်နေတာမို. အစီအစဉ်တွေမစခင်တစ်ကြိမ် ခုခဏနားနေကြတဲ့တစ်ချိန်ပဲ ထွက်လာပေးနိုင်ပါတယ်...Collector တစ်ဦးဖြစ်တဲ့ ဒေါက်တာကိုကိုလင်းကလည်း ဒိနေ.မှ မြောင်းမြက အထူးကုဆရာဝန်ကြီးတွေ ရောက်လာတာမို. ပရဟိတကျောင်းအစီအစဉ်တစ်ခုတော. မဖြစ်ဖြစ်အောင် လာပြီး တက်ရောက်ခဲ့ပါတယ်...ကြည်စိုးထွန်းကတော. ဒီတစ်ခေါက် Member အချို.နဲ.ပဲ ချိတ်ပေးနိုင်ခဲ့ပြီး မလွှဲမရှောင်သာ ပုဂ္ဂိုလ်ရေးကိစ္စ တစ်ခုနဲ. ရောက်မလာနိုင်ခဲ့ပါဘူး..ဒီအစှအစဉ်တွေမှာ အတော်များများ ကူညီပေးနေတဲ့ ကိုထွန်းရီကလည်း မနက်ဖြန်ဈေးကျောင်းဆရာကန်တော.ပွဲ အခမ်းအနားပြင်ဆင်ခြင်းနဲ. ဆွမ်းကပ်ဖို. တာဝန်ယူထားရတာမို. ဟိုဘက်ပြေးလိုက် ဒီပြန်လာလိုက်နဲ.ဖြစ်နေရပါတယ်....Tea Time ပြီးတော. ပစ္စည်းတွေပြန်ယူရင်း ခဏနား...ပြီးတော. သော်ကဘက်ကမ်းဆီကိုထွက်လာခဲ့ကြပါတယ်

မြစ်ကို စက်လှေနဲ.ဖြတ်...ဟိုဘက်ကမ်းရောက်တော. ကမ်းနားဘက်လမ်းကျဉ်းလေးကနေ အခမ်းအနားကျင်းပမယ်.ကျောင်းလေးဆီသွားကြပါတယ်...ချောင်းကူးတံတား အသေးလေးဖြစ်သွားပြီးတဲ့နောက်မှာတော. ကျောင်းကိုလှမ်းမြင်နေရပါတယ်...လူတွေကတော.စုံနေပါပြီ ကျောင်းရှေ. ရောက်ကာနီးမှာပဲ ကျောင်းအုပ်ဆီကဖုန်းဝင်လာတာမို. ရောက်ပြီဖြစ်ကြောင်းပြောလိုက်ပါတယ်.





ကျောင်းဝမှာပဲကျောင်းအုပ်ကဆီးကြိုပြီး ခရီးရောက်မဆိုက် မှာပဲ အားရ၀မ်းသာနဲ. ရေမော်တာ တပ်ဆင်ထားပုံ..ပိုက်လိုင်းတွေသွယ်တန်းထားပုံတွေကို အားတက်သရော လိုက်လံ ရှင်းပြခဲ့ပါတယ်..နောက်ဆုံး ရေအိမ်ကအစ သုံးစရာရေမရှိတာမို.ကလေးတွေ အဝေးကြီးကနေသွားခပ်နေရကြောင်း...လုံလောက်အောင်သန်.ရှင်းရေး မလုပ်နိုင်ကြောင်း...ကျောင်းအတွင်းမှာလဲ သုံးစရာရေကန်..ရေပိုက်စနစ်မရှိတာမို.အခု အတော်အဆင်ပြေသွားကြောင်း...ရေထွက်လည်းကောင်းကြောင်းတွေ ရှင်းပြနေတာမို. အလှုရှင် အားလုံးအတွက်လည်း ကျေနပ်နေမိပါတယ်



ပြီးတာနဲ. အခမ်းအနားကျင်းပမယ်. စာသင်ဆောင် ဆီတန်းခေါ်သွားပြီး ခုံတွေပေါ်ထိုင်ပြီးမှပဲ အခမ်းအနား အစီ အစဉ်တွေ ညှိုနှိုင်းကြပါတယ်...အခမ်းအနားမှုးအဖြစ် ကျောင်းအုပ်ကပဲ တာဝန်ယူပြီး အခမ်းအနားဖွင်.လှစ်ကြောင်းကြေငြာပါတယ်..အဲ့ဒီနောက် Secluded Serene Avenue of WKA မှ တစ်ဦး စကားပြောခွင်.ရပါတယ်...ပြောကြားရာမှာ ယခင်ကျောင်းတွေမှာပြောကြားခဲ့သလိုပါပဲ
မိမိတို.အဖွဲ.ဆိုတာ ၀ါးခယ်မမှာမွေးသူတွေ..၀ါးခယ်မမှာကြီးသူတွေ..၀ါးခယ်မမှာနေဖူးသူတွေ..၀ါးခယ်မနဲ. တစ်စုံတစ်ရာ ဆက်စပ်ဖူးသူတွေ က On Line ပေါ်မှာ စုစည်းဖွဲ.တည်ထားတာဖြစ်ကြောင်း..အကြောင်းသင်.တိုက်ဆိုင်တိုင်း မြို.လေးရဲ.အကျိုးတတ်နိုင်သမျှ သယ်ပိုးပေးနေကြောင်း..သို.သော်လည်း မိမိတို. အားလုံးနီးပါးဟာ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမဟုတ်ကြပဲ မိမိတို.အသုံးစရိတ် ထဲက..မိမိတို.၀င်ငွေထဲက ခြိုးခြံ လှုဒါန်းကြသလို..မြို.လေးနဲ.ဘာမှမပတ်သက်တဲ့ မိမိတို.ရဲ. မိတ်ဆွေတွေကိုပါ အခြေအနေတွေပြောပြ အကူအညီတောင်း လှုဒါန်းကြရခြင်းဖြစ်ကြောင်း...ယမန်နှစ်ကဆိုလျှင် ပရဟိတကျောင်း တစ်ခုလုံး၏ တစ်နှစ်စာ ပညာသင်ကုန်ကျစရိတ် (အထက်တန်းကျောင်းသားများကျုရှင်လစာ အပါအ၀င်) ကို အကုန်အကျခံခဲ့ကြောင်း...ပညာဒါနကျောင်းတစ်ခုသို.လည်း တတ်စွမ်းသမျှလှုဒါန်းခဲ့ကြောင်း..လက်ရှိမှာလည်း နည်းပညာကောလိပ် တက်ရောက်နေသော ကျောင်းသားတစ်ဦးကို တစ်လ ၇၀၀၀၀ နှုံးဖြင်. ၂နှစ်စာ တာဝန်ယူထားကြောင်း....ယခုနှစ်တွင် ပရဟိတကျောင်းတွင် ထိုက်သင်.သလောက်ပြည်.စုံသောကြောင်. အထက်တန်းကျောင်းသားများ၏ ပညာသင်စရိတ် (တစ်နှစ်စာကျုရှင်လစာ အပါအ၀င်) တစ်နှစ်စာ ကိုသာ တာဝန်ယူ၇န် လိုအပ်သောကြောင်. သဲကွင်းကျောင်းကလေးငယ်များအတွက် ထီး..လွယ်အိတ်..ခဲတံ..ကျောင်းဝတ်စုံ....တာဝတိ'သာ ကျောင်းအတွက် ဗလာစာအုပ်..ခဲတံ...ထီး..နှင်. ယခု သော်ကကျောင်းအတွက် ကျောင်းဝတ်စုံ..ခဲတံ..ရေမော်တော်နှင်.ရေပိုက်သွယ်တန်းခြင်းတို.ကို လှုဒါန်းခြင်းဖြစ်ကြောင်း...ကျောင်းသားငယ်များကို မိမိတို. မှာစရာ ၂ခုသာရှိပါကြောင်း...မိမိတို.အနေဖြင်. ချမ်းသာ၍ လှုဒါန်းသည်မျိုးမဟုတ်ပဲ ချို.တဲ့မှုများကြားသိနေရ၍ ကြိုးစားလှုဒါန်းကြခြင်း ကြောင်.လည်းကောင်း    .နောက်နောင် မိမိတို.အနေဖြင်.အခြားကျောင်းများလည်း လှုဒါန်း၇န် လိုအပ်သည်များရှိနိုင်သည်ကြောင်.လည်းကောင်း လက်ခံရရှိသော ပစ္စည်းများကို ရိုရိုသေသေ သုံးစွဲစေချင်ကြောင်း............နောက်တစ်ချက်မှာ မိမိတို. ယခုလှုဒါန်းကြသလို ယခုကျောင်းသားငယ်များ အရွယ်ရောက်၍ ပညာထူးချွန်သူ...စီးပွားရေးအရအောင်မြင်သူများ ဖြစ်လာပါကလည်း မိမိတို.အနေဖြင်. ယခုလိုချို.တဲ့ ကလေးငယ်များအား ပြန်လည်လှုဒါန်း၇န် မ ဖြစ်မနေ တာဝန်ရှိကြောင်း စသည်ဖြင်.ပြောကြားခဲ့ပါသည်...



ထို.နောက် ကျောင်းအုပ်ကြီးမှ ပြောကြားရာ တွင် မိမိတို.ကျောင်းအနေဖြင်.လှုဒါန်းမည်ဟု အဖွဲ.မှ စတင်ဆက်သွယ်လာချိန် အထူးဝမ်းသာမိကြောင်း မိမိတို.ကလေးငယ်များမှာ အထူးဆင်းရဲကြောင်း...ယခုအချိန်ထိ တစ်ကျောင်းလုံး အဖြူအစိမ်း ဖြင်. ၀တ်ပြီးကျောင်းတက်ကြသောနေ.ဆိုသည်မှာ မြင်ခွင်.မရသေးကြောင်း..ယခုတော. ဧည်.သည်များလာလျှင်ဖြစ်ဖြစ်..အခမ်းအနားရှိလျှင်ဖြစ်ဖြစ် မိမိတို.ကလေးငယ်အားလုံးကိုအဖြူအစိမ်းနှင်. မြင်ခွင်.ရတော.မည်ဖြစ်ကြောင်း...နောက်တစ်ခုက အဖွဲ.ကိုမိမိအနေဖြင်. အရဲစွန်.ကာ ရေသွယ်တန်းခြင်းကိစ္စ အကူအညီတောင်းခဲ့ရာ အဆင်ပြေသွားသဖြင်.လည်း ၀မ်းမြောက်ရပါကြောင်း...ယခင်က ကလေးငယ်များကိုယ်တိုင ရေကိုအဝေးမှ သယ်ယူသုံးစွဲနေရသဖြင်. စိတ်မချမ်းမြေ.ရသလို  ကိုယ်တိုင်လည်း လုပ်ပေးနိုင်စွမ်းမရှိဖြစ်ရကြောင်း..ယခုတော. အစစ အဆင်ပြေသွားပြီဖြစ်ကြောင်း..အမှန်တကယ်ချို.တဲ့သောကျောင်းတစ်ခုကို ရွေးချယ်လှုဒါန်းမှုအတွက်လည်း ရွေးချယ်မှုမျန်ကန်သည်ဟု ပြောလိုပါကြောင်း....မိမိအနေဖြင်. ၀ါးခယ်မနှင်.ပတ်သက်၍ လိုအပ်သည်များတောက်လျှောက်ပံ.ပိုးပေးနေသူ အဖြစ် ဦးအံ.ကျော် (၀ါးခယ်မအသင်းဥက္ကဋ္ဌ) ကိုသာသိသော်လည်း ယခုရှင်းလင်းပြောကြားတော.မှ လူငယ်များအနေဖြင်.လည်း ဤ သို.တာဝန်ယူလုပ်ဆောင်နေကြမှန်း သိရသည်.အတွက် မိမိတို.မြို.သား လူငယ်များအတွက်ဂုဏ်ယူကျေနပ်မိပါကြောင်း...ပြောကြားခဲ့သည်



ထို.နောက် ရပ်မိရပ်ဖ တစ်ဦးမှ  ယခုလို အမှန်တကယ်ဆင်းရဲချို.တဲ့သော ကျောင်း တစ်ခုကို လာရောက်လှုဒါန်းမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း..အရမ်းချမ်းသာ၍ လှုဒါန်းသူများထက် ယခုလိုကြိုးစားလှုဒါန်းမှုများအတွက်ချီးကျုးပါကြောင်း  အပါအ၀င် ဘာသာရေးဆိုင်ရာ အကျိုးတရားများ ကိုပါပြောကြားရင်း ဆုတောင်းမေတ္တာပို.သပေးပါသည်



ထို.နောက် Group မှ ကြားဖြတ် စကားပြောခွင်.တောင်းခံခဲ့ပြီး
မိမိတို. ယခုသိရသည်မှာ ထင်ထားသည်ထက် ပိုမိုဆိုးရွားနေပါကြောင်း  တစ်ကျောင်းလုံးရှိလိုအပ်သမျှတို.ကို ပြည်.စုံစွာ လှုဒါန်းလိုသော်လည်း အခြေအနေအရ အလိုအပ်ဆုံးသူ..အလိုအပ်ဆုံး အရာတို.ကိုသာ ရွေးချယ်လှုဒါန်းရခြင်းအတွက် စိတ်မကောင်းတော.ဖြစ်မိပါကြောင်း...ကလေးငယ်တို.ကိုပြောလိုသည်မှာ ဆင်းဆင်းရဲရဲမွေးဖွားလာရခြင်းသည် ရှက်စရာ မဟုတ်ကြောင်း..ထိုကိစ္စသည်မိမိနှင်.တိုက်ရိုက်မသက်ဆိုင်ပဲ သူ.အကြောင်းနှင်.သူဖြစ်လာခြင်းသာဖြစ်ကြောင်း....မိမိတို.လှုဒါန်းကြသူများထဲမှာပင်လျှင် ကျောင်းတက်စဉ်က ခြိုးခြိုးခြံခြံ တက်လာရသူများရှိပါကြောင်း မိမိတို.အနေဖြင်. ကြိုးစားလျှင်ရနိုင်ပါကြောင်း..ဆင်းဆင်းရဲရဲ သေသွားရလျှင်သာ မိမိနှင်.တိုက်ရိုက်သက်ဆိုင်သဖြင်.ရှက်စရာကောင်းပြီးထိုသို.မဖြစ်ရန်ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်..

ထို.နောက်ကျောင်းဝတ်စုံများလှုဒါန်းကြသည်..ယနေ.လှုဒါန်းခဲ့သော ကျောင်းများအနက် ယခုကျောင်းတွင် စိစဉ်ထားမှုများက ပိုသေသပ်သည်..လှုဒါန်းရာတွင် ကျောင်းအကျိုးတော်ဆောင်များ..ရပ်မိရပ်ဖများ..ဆရာမများ..ကျောင်းအုပ်ကြီးစသည်တို.ကိုသာ အလှုရှင်များကိုယ်စား လှုဒါန်းစေခဲ့ပါသည်..မြင်ကွင်းများက သေချာကြည်.စရာမလိုပဲ သိသာနေသည်..ကလေးငယ်များက နွမ်းပါးလွန်းလှသည်..ချို.တဲ့လွန်းကြသည်..အချို.ကဖိနပ်မပါ...ပါသူက ဖင်ပြတ် ပဲ.ရွှဲ. ..အချို.ကတော.လည်း သေသေသပ်သပ် သို.သော် အရေအတွက် အထူးနည်းသည်...အကှီများက အခမ်းအနားတစ်ခု တက်လာရသော်လည်း ချုပ်ရာ ဖာရာ များနှင်. အချို.ဆို ချုပ်ရိုးကတွဲလဲကျလို. ...ကျောင်းဝတ်စုံလေးများကို လက်ခံယူတော. ကျိုးနွံလွန်းလိုက်ကြသည်မှာ ကြည်.နေရသူများအဖို. သူတို.ကိုပြန်အားနာနေမိသည်...ခါးလေးတွေကိုင်း..ခေါင်းလေးတွေငုံ. ထားလိုက်ကြသည်မှာ မြေနှင်.ထိလုလု......တစ်ဖက်ကကြည်.တော.လည်း ဤလိုလူမျိုးတွေကို လှုဒါန်းဖြစ်ကြသည်.အတွက် အလှုရှင် အားလုံးကိုယ်စားဖြစ်ရသေ ကျေနပ်ပီတိ....ဆရာမများကလည်း စာရင်းအတွင်းပါဝင်သော ကလေးငယ်များအတွက် မကျန်ရလေအောင် ဂရုတစိုက်....ကျောင်းအုပ်နှင်.စကားပြောရင်း ကလေးငယ်များအတွက်ခဲတံ ဒါဇင် ၄၀ က တစ်ယောက် ၂ချောင်းခန်.သာ ရမည်ဆိုတော. ဆရာမတစ်ဦးနှင်. ချက်ခြင်းတွက်ချက်ပြီး လိုအပ်သော ၂၄ ဒါဇင် နှင်. ကျောင်းဝတ်စုံ ၃စုံကို မနက်ဖြန်ထပ်မံပို.ပေးရန် တာဝန်ယူခဲ့သည်..



ကလေးငယ်များကတော. ကျောင်းမှပြန်လည်ထွက်ခွာသွားနေကြပါပြီ...သူတို.ရသော ၀တ်စုံလေးတွေကို လွတ်ထွက်သွားမှာစိုး၍ တိုးဖက်ထားသူကအချို. ...တယုတယ မထိရက်ထိရက် ထွေးပွေ.ထားကြသူကအချို. ...ထိုဝတ်စုံလေးများကိုတစ်စိမ်.စိမ်. ကြည်.ရင်း လက်လေးနှင်.တို.လိုက် ကြည်.လိုက် နှင်. ကျေနပ်နေကြသူတို.ကအချို.  ကျောင်းသားဖြစ်လျှက် ကျောင်းသူဖြစ်လျှက် ကျောင်းဝတ်စုံအဖြူအစိမ်းကိုဝတ်ဆင်ခွင်.မရခဲ့သေးဖူးသူ တို.၏ အသံတိတ် ပီတိတို.က မြင်ရသူအားလုံးကိုကြည်နူးစေခဲ့သည်...



အခမ်းအနားအပြီး ကျောင်းအုပ်နှင်.စကားခဏပြောကြတော. စာရေးဆရာမကြီး ခင်နှင်းယု က ယခုကျောင်းလေးမှ ကလေးငယ်တို.အတွက် တစ်ကြိမ်က ဗလာစာအုပ်..ခဲတံစသည်. အသုံးအဆောင်လေးများ...ဆရာ..ဆရာမများအတွက် ကျောင်းဝတ်စုံများကို သူမ၏ နာမည်ကျော်စာအုပ်ဖြစ်သော မွှေး ဆိုသည်.တံဆိပ်ရိုက်နှိပ်ထားသော ပလပ်စတစ် အိတ်များနှင်.ထည်.ကာ ရန်ကုန်မှ ပေးပို.လှုဒါန်းလာခဲ့ပြီး သူတောင်းဆိုသည်က ကလေးငယ်များ ကျောင်းဆင်းချိန် ထိုအိတ်လေးများကိုင်ပြီး ကျောင်းအတွင်းမှ ထွက်လာသော ပုံကိုရိုက်ထားသည်. ဓါတ်ပုံတစ်ပုံသာ......ဇာတိမြေကို ချစ်မြတ်နိုးသော နိုင်ငံကျော်စာရေးဆရာမကြီးတစ်ဦး၏ အတွေးလေးကား ချစ်စရာပင်....



ထိုကျောင်းလေးတွင် လှုဒါန်းဖြစ်ခဲ့ကြသည်များက ရေစုပ်မော်တာ တစ်လုံးရေပိုက်အပါအ၀င် ကျောင်းသို.ရေသွယ်တန်းခြင်းအတွက် လိုအပ်သည်များအားလုံး..ခဲတံဒါဇင် ၆၄ ဒါဇင် (ကျောင်းသား ၂၁၅ ယောက်အတွက်)..ကျောင်းဝတ်စုံ ကျား၂၅ မ ၂၇ ..တို.ဖြစ်သည်



မိမိတို.၏ အပြန်ခရီးကို ကျောင်းအုပ်အပါအ၀င် ရပ်မိရပ်ဖအချို.က စက်လှေဆိပ် ထိလိုက်ပါပို.ဆောင်ခဲ့ကြသည်....ဆရာမကြီးခင်နှင်းယု၏ နိုင်ငံကျော် မွှေး ၀တ္တုဖြစ်တည်ရာ သော်က ဘက်ကမ်းက ထွက်ခွာလာချိန်က ညနေ ၅း၃၀ မိနစ်

ပုံများကို ဤ Link များတွင်ကြည်.ရှုနိုင်ပါသည်
SS Avenue of WKA ၏သော်က ကျောင်းသို. မော်တာ နှင်.ရေပိုက် အလှု
SS Avenueသော်ကကျောင်းအလှု ဂရုဏာဖြစ်ဖွယ် နှင်.ပီတိဖြစ်စရာမြင်ကွင်း
SS Avenue of WKA ၏ သော်ကကျောင်းသို. လှုဒါန်းခြင်း အခမ်းအနား



(မိမိတို. Secluded Serene Avenue of WKA Group ၏ လှုဒါန်းမှုများကို အလှုရှင် အားလုံး ...ပါဝင်ပူးပေါင်းဆောင်ရွက်ပေးသူအားလုံး...သိမြင်ပီတိပွားနိုင်စေ၇န် ရေးသားဖော်ပြခြင်းဖြစ်ပါသည်...မိမိတို.၏ Educational Supporting Program 2013  ဖြစ်မြောက်ရေးအတွက်  Collector များအဖြစ် မအားမလပ်သည်.ကြားက စေတနာအပြည်. ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ရန်ကုန်မှ ဒေါက်တာအေးအေးမြင်. ..မစုဝေဖြိုး....နွေးနွေး....စင်္ကာပူမှ မနှင်းဝတ်ရည်ကြိုင်...မဘရဏီကိုကို...၀ါးခယ်မမှ ကိုရဲ...ကြည်စိုးထွန်း...ဒေါက်တာကိုကိုလင်း...သော်ကကျောင်းရေသွယ်တန်းခြင်းနှင်.အခမ်းအနားအတွက် လိုအပ်သည်များ စီစဉ်ပေးသော ကိုထွန်းရီ...အခမ်းအနားတက်ရောက်ပေးကြသော ကိုလှဋ္ဌေး..ကိုညီညီ..ကိုအောင်မြင်...ကိုဇော်နိုင် Member အချို...နှင်.စာနာမှုအပြည်.ဖြင်. လှုဒါန်းပေးကြသူအားလုံး တို.အား SS Avenue of WKA Group အနေဖြင်. အထူးကျေးဇူးတင်ရှိပါကြောင်း..................)

တစ်ဆက် တစ်စပ်တည်း ဖတ်ရှူနိုင်ရန်...
Secluded Serene Avenue of WKA Group ၏ ပရဟိတကျောင်း ပညာရေးအလှု (၂၀၁၃)
Secluded Serene Avenue of WKA ( SS Avenue of WKA ) ၏ သဲကွင်းကျောင်းသို. အလှု
SS Avenue of WKA Group၏ တာဝတိ'သာ ကျောင်းသို. အလှု