Tuesday, April 10, 2018

တံတားညီနောင် တိုက်ပွဲ - ဖားကန်. သတင်းစုစည်းမှု





ပြီးခဲ့တဲ့ ရက်ပိုင်းက ဖားကန်.တံတားညီနောင် တိုက်ပွဲ ကိစ္စဟာ တပ်မတော် နဲ.ပတ်သက်လို. နားလည်ထားကြသူတွေကြားမှာပါ အမြင် အနည်းငယ်ကွဲခဲ့ကြပါတယ်  တုန်.ပြန်မှု လိုအပ်သလောက် မပြင်းထန် မထိရောက်လို. ၊ အချိန်နဲ. တစ်ပြေးညီ တုန်.ပြန်နိုင်စွမ်း အားနည်းလို.ဆုတာမျိုးတွေကနေ တပ်မတော်ရဲ. အဓိက တာဝန်ရှိသူကိုပါ အားမလိုအားမရ ဝေဖန်လာတာမျိုးတွေ.ရပါတယ် ။ ဒါတွေအားလုံးအာလည်း သူ.အကြောင်း နဲ.သူတော. ရှိကြမှာပါ ။ ကျွန်တော်တို.အနေနဲ.ကတော့ အဲ့ဒီတိုက်ပွဲ နဲ.ပတ်သက်လို. ရေးသားထားကြတာလေးတွေကို ရှာဖွေ စုစည်း တင်ပြခြင်းသာ ဖြစ်ပါတယ် ။


ဒါကတော. တစ်ယောက်ရေးသားထားတာလေးပါ

ရေးမယ်လို့တွေးလိုက် မရေးတော့ပါဘူးဆိုပြီး နေလိုက်နဲ့ ဒီနေ့ထိ ရောက်လာခဲ့တယ်။ တပ်မတော်သားအင်အား ၂၀ကျော် အခြေပြုတဲ့ တံတားညီနောင် စခန်းကို KIA က အေပြီလ ၆ ရက်နံနက်စောစောမှာ အင်အားသုံးပြီးဝင်တိုက်ခဲ့ပါတယ်။ Online ပေါ်မှာ ဗီဒီယိုနဲ့ ဓာတ်ပုံတစ်ချို့ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် တပ်မတော်ကို အားပေးထောက်ခံသူတွေကြားမှာခံပြင်း ပေါက်ကွဲခဲ့ကြပါတယ်။ ယူကြုံးမရ ဖြစ်ကြသလို တစ်ဘက်မှာလဲ တပ်မတော်အကြီးအကဲတွေကို အလွန်အကျွံဝေဖန်အပြစ်တင်တဲ့ အထိ တွေ့ရပါတယ်။တစ်ချို့ကလဲ နှစ်သိမ့်သလ်ုနဲ့ ရှုတ်ချခဲ့ကြပါတယ်။
ဒါ့အပြင် ရန်သူ့ဘက်ကတင်တဲ့ အခြေအနေကို မှီငြမ်းပြီး ဒီဘက်က ပြန် တင်ကြတဲ့အခါ မဟုတ်တာတွေက ပိုပြီးပျံ့နှံ့လာခဲ့တာလဲတွေ့ရပါတယ်။ ဖြစ်စဉ်ဟာ အွန်လိုင်းမီဒီယာ တွင်ကျယ်လာတဲ့ ဒီနေ့ခေတ်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ မှန်ပါတယ်။တစိချို့သော တပ်မတော်ကို သပ်လျို လိုတဲ့ လူတစ်ချို့ကလည်း လိုသလို ပုံဖော်ရေးသားပြီး တပ်မတော်ကို သိက္ခာချခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ တပ်မတော်အတွက်တကယ်လဲ သိက္ခာကျ ခဲ့ပါတယ်။

ကျဆုံးသွားသူဟာ ဒုတပ်ရင်းမှူး ဖြစ်တာကြောင့် စစ်ကြောင်း အဆင့်ထိုင်တဲ့စခန်းလို့ ထင်နေကြပေမယ့် 


အမှန်တကယ်က စစ်ကြောင်းအဆင့် စခန်း မဟုတ်ပါဘူး။ မည်သို့ပင်ဖြစ်စေ ခံစစ်အားနည်းခဲ့တာ ဝန်ခံပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ခံစစ်စည်းမျဉ်း တွေကို တိတိကျကျ မလိုက်နာခဲ့လို့ ပေးဆပ်မှုတွေ များခဲ့ရတာပါ။
သို့သော် တပ်မတော်သား တွေဟာ သူတို့ချွေးထွက်နည်းခဲ့မှုကို သွေးကွက်ပေါင်းများစွာနဲ့ရင်းနှီးပြီး ခုခံခဲ့တယ်ဆိုတဲ့ လက်တွေ့အခြေအနေလေးကိုတော့ အများ သိစေချင်ပါတယ်
နံနက် ၅နာရီ ၄၀မိနစ်
လက်နက်ကြီး လက်နက်ငယ်သံတွေနဲ့ ညာသံပေးအော်ဟစ်သံတွေက တိတ်ဆိတ်နေတဲ့ စခန်းလေးကို လှုပ်နိုးစေခဲ့ပါတယ်။တံတားညီနောင် ရွာအနီးက မှာ အခြေပြုနေတဲ့တပ်မတော် စခန်းငယ်လေးရဲ့လေးဘက်လေးတန်လုံးကိုKIAအင်အား(၃၀၀)ခန့်ကလောက်ကဝိုင်းပတ်ကာ
နံနက်လင်းအားကြီးအချိန်မှာစတင်တိုက်ခိုက်
ခဲ့ပါတယ်။လက်နက်ကြီး လက်နက်ငယ်များ sniperသေနတ်သမားများ ပါဝင်ပါတယ်။

တံတားညီနောင် စခန်းဟာ လှုပ်ရှား စခန်းငယ်ဖြစ်ပါတယ်။ ရွာအနီးမှာပဲ အခြေပြုထားတဲ့စခန်းပါ။ ဆက်သွယ်ရေးမြောင်း ကတုတ်ကျင်း နဲ့ တစ်ဦးချင်းပစ်ပိုင်နယ် တွေ သတ်မှတ်ထားပေမယ့် ကောင်းမွန်တဲ့ ခံစစ် စခန်းတော့ ဟုတ်ခဲ့ဟန်မရှိပါဘူး။သို့သော် ရန်သူ စတင် တိုက်ခိုက်လာတာနဲ့ ချက်ချင်းပဲ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ အင်အားသုံး တိုက်ခိုက် လာတဲ့ရန်သူကတော့ ဝိုင်းပတ်ထားပြီး နေရာ ပေါင်းစုံကနေ ပစ်ခတ်နေသလို လက်နက်ချဖို့အကြိမ်ကြိမ် အော်ဟစ် ပြောဆိုနေတာကို ကြားနေရပါတယ်။

အင်အား ၂၀ကျော်သာရှိတဲ့ တပ်မတော်သား တွေဟာ မိမိ ထက် အင်အား ၁၅ ဆ လောက်သာတဲ့ ရန်သူကို မီးကုန်ယမ်းကုန် ခုခံခဲ့ပါတယ်။ မြေပြင် အနေအထားအရ စိုးမိုးမှု မရှိပေမယ့် မိမိ အခြေပြုတဲ့နေရာကို မဆုံးရှုံးရအောင် ခုခံ ကာကွယ်ခဲ့ပါတယ်။ KIA ရဲ့ လက်နက်ချပါ လက်နက်ချပါ ဆိုတဲ့ အသံကို ကြားတိုင်း မိမိ တပ်မတော်သားတွေဟာ မခံချင်စိတ်နဲ့ပူခြစ်နေတဲ့ပြောင်းတွေကို ရေလောင်းပစ်ခတ်နေပါတယ်။ နေထွက်လာတာနဲ့အမျှ တိုက်ပွဲဟာ ပိုမိုပြင်းထန် လာပြီး လူလုံးသဲသဲကွဲကွဲ မြင်ရကာ အနီးကပ်တိုက်ပွဲ အထိ ဖြစ်ပွားခဲ့ပါတယ်။ မိမိ ပစ်ခတ်မှု ကြောင့် လဲကျ သွားတဲရန်သူ့ ကို မြင်ရသလို တစ်ဘက်မှာလည်း အင်အားမမျှတဲ့မိမိအနေအထားကြောင့် ထိခိုက်ဒဏ်ရာရသူတွေ များလာပါတယ်။

စခန်းရဲ့ကိုက် ၄၀၀ခန့်ကစတင်ခဲ့တဲ့ တိုက်ပွဲအတွင်း နံနက် (၇)နာရီကစလို့ KIAက ကျားတက်ထိုးပြီး အနီးကပ် အကြိမ်ကြိမ် ထိုးတက်တိုက်ခိုက်ခဲ့ပါတယ်။နံနက် ၈နာရီခန့်မှာ မိမိ စက်လတ်ကိုင် စစ်သည် ကျဆုံးခဲ့ပါပြီ

ဒီတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင် ဟာ KIA ဆီက အလောင်း လက်နက်ရအောင် စွမ်းဆောင်ခဲ့သူမို့ အဓိက ပစ်မှတ် ဖြစ်ခဲ့ရသူပါ။လက်နက်ချပြီး အရှုံးပေးသွားတဲ့ ခပ်ညံ့ညံ့ တော့မဟုတ်ပါဘူး။(ဒါကို ထည့်ရေးရတာ တစ်ချို့တွေရေးနေကြတဲ့လက်နက်ချတယ်ဆိုတဲ့ ခပ်ပေါပေါစကားကို မခံချင်လို့ပါ။)

အဝေးဆီက တောင်ကြောပေါ်က ပစ်ခတ် ပေးနေတဲ့ မိမိ ပစ်ကူလက်နက်ကြီးသံတွေနဲ့ ရန်သူ့ ပစ်ခတ်သံ တွေဟာ ရောထွေး နေပြီး တိုက်ပွဲရေချိန်ဟာ တဖြေးဖြေးနဲ့ရန်သူ့ဘက်ကို အလေးသာခဲ့ပါတယ်။မိမိဘက်ကလဲ ထိခိုက်နေသလို မိမိစခန်းရဲ့ပတ်လည်မှာလဲ ရန်သူ့ဘက်က ထိခိုက် သေဆုံးသူ ၃၀ကျော် မြင်တွေ့နေရပါပြီ။

နံနက် ၁၀နာရီ ၁၅မိနစ်ခန့်
ရန်သူဟာ မိမိအနီးကို ပိုမိုထိုးဖောက်တိုက်ခိုက်လာမှုနဲ့အတူ နေရာစုံကိုသွားပြီး မိမိ စစ်သည်တွေကို ကွပ်ကဲလို့ တိုက်ပွဲကို ဦးဆောင်နေတဲ့ ဒုရင်းမှူးဟာ ရန်သူ့Sniper လက်ချက် ထိမှန်ပြီး နံနက် ၁၀နာရီ ၁၅မိနစ်မှာကျဆုံးခဲ့ပါတယ်။ သူကျဆုံး သွားခါနီးမှာ မှတပ်ခွဲကို စာသင်ကျောင်းဘက် ပစ်ဆုတ်ဆုတ်ဖို့ဒဏ်ရာတွေကြားကနေ ဗလုံးဗထွေး နဲ့အမိန့်ပေးခဲ့ပါတယ်။
ဒီအချိန်မှာ စစ်သည်အတော်များများလဲ ထိခိုက်နေပါပြီ။ မီးကုန် ယမ်းကုန် ခုခံနေရတာမို့ ခွန်အားတွေလဲယုတ်လျော့လာနေကြပါပြီ။ပြောင်းတွေပူပြီးလက်နက်တွေလဲပစ်လို့တောင်မရတော့ပါဘူး။
နံနက် ၁၀နာရီ ၃၀ခန့်
ဒဏ်ရာရသူတွေချည်းပဲ ဆုတ်ခွာဖို့ကြိုးစား နေစဉ်မှာပဲ ရန်သူဟာ မိမိနေရာကို သိမ်း ပိုက်ခဲ့ပါပြီ။
ဗီဒီယို ရိုက်ပြီး ဝါဒဖြန့်ဖို့ဆေးပတ်တီးစည်း ကုသပေးချင်ယောင်ဆောင်ပေမယ့် တကယ်က အဲ့ဒီပတ်တီးစလေး တစ်စသာ စည်းတဲ့ပုံကို ရိုက်ပြခဲ့တာဖြစ်ပါတယ်။
ရသမျှ လက်နက်ကို စုစည်းဓာတ်ပုံရိုက်ပါတယ်။ ပြီးတော့ စစ်တပ်က ၃၆ယောက်လောက်သေပြီး လူ ၂၀လောက်အရှင်ဖမ်းသွားသလို ဝါဒဖြန့်ပါတယ်။ ဗီဒီယို ဖိုင် သက်သေရှိတာကြောင့် အတော်များများ ယုံကြပါတယ်။ ဒီဖြစ်စဉ်မှာ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးကျဆုံးပါတယ်။ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးပါ။လက်ရှိအခြေအနေမှာ အားလုံးအသက်အန္တရာယ် မရှိတော့ပါဘူး။မိမိထံက စစ်သည်တစ်ဦး ရန်သူ့ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။
ရန်သူဟာ တစ်မိနစ်ကျော်စာ ဗီဒီယို ရိုက်ပြီး ချက်ချင်းပဲ ဆုတ်ခွာခဲ့ပါတယ်။


ဒီဖြစ်စဉ်မှာ ကျနော်တို့အားနည်းချက်တွေ များစွာ ရှိပါတယ်။ဒါကို မငြင်းပါဘူး--သို့သော် တိုက်ပွဲဝင် အရာရှိ စစ်သည်၂၀ကျော်ခန့်ဟာ အင်အား ၃၀၀ကျေိာဝိုင်းပတ်ထားတဲ့ ရန်သူကို ၅နာရီ နီးပါးခုခံခဲ့ပါတယ်။လက်နက်ချ အညံ့ခံခြင်းမဟုတ်ပဲ အသေခံတိုက်ခိုက်ခဲ့ကြတာပါ။
ကျဆုံးသွားခဲ့တဲ့ အရာရှိ နဲ့စစ်သည်တွေဟာ သူရဲကောင်းပီသစွာ နောက်ဆုံးအချိန် အထိ တိုက်ပွဲဝင်ကြပြီး မိမိ စခန်းကို သေတဲ့အထိ ကာကွယ်ခဲ့ပါတယ်။ကျန်တဲ့လူ တွေအားလုံးကလဲ ဒဏ်ရာရကြပါတယ်။
ဒီတိုက်ပွဲမှာ KIA ဘက်မှာလဲ ၃၀ကျော်ထိခိုက်ခဲ့ပါတယ်။
ဒီစာကို မရေးတော့ဖူးလို့ ဆုံးဖြတ်ထားပေမယ့် တိုက်ပွဲဝင် အရာရှိ/စစ်သည်တွေကို တစ်စုံတရာ အသိအမှတ်ပြု လိုတဲ့စိတ် နဲ့တင်ပြလိုက်ပါတယ်။

ဒါကတော့ နောက်တစ်ယောက် ရေးသားတင်ပြပုံလေးပါ


ဖားကန့်​ မှာ တိုက်​ပွဲဖြစ်​တယ်​ ဟိုဘက်​အဖွဲ့က movie ရိုက်​ပြီး facebook ​ပေါ်တင်​တယ်​ ကိုယ့်​လူ​တွေ တုန်းလုန်း ပက်​လက်​​ပေါ့လက်​နက်​​တွေ​ရော လူ​တွေ​ရော ပါဆို​တော့ အများအမြင်​ ​တော်​​တော်​ခံလိုက်​ရတယ်​ ဆိုတဲ့အမြင်​ပဲ မြင်​ကြတယ်​ ...
ကိုယ်​နဲ့တစ်​ပါတ်​စဉ်​တည်း သူငယ်​ချင်း ဒါဏ်​ရာရလို့ လူနာ​မေး အား​ပေးစကား​ပြောရင်း ဖြစ်​စဉ်​ကို သိလိုက်​ရ​တော့ ​လေးစားလွန်းလို့ထိုင်​ကန်​​တော့ချင်​ စိတ်​​တောင်​ ဖြစ်​မိတယ်​ ...မင်းကလည်းကွာ လူ​တွေလည်း တုန်းလုန်း ပက်​လက်​လက်​နက်​​တွေလည်းပါ ​သေတဲ့သူက​သေ ဒါ တပ်​မ​တော်​သိက္ခာကျစရာပဲကွ သည်​​ကောင်​​တွေ ​စောင်​သုံးမကျလို့ အဲ့လို မြင်​ရင်​လည်း မြင်​နိုင်​တယ်​ဖြစ်​စဉ်​​လေးကိုလည်း နား​ထောင်​ကြည့်​ဦး .....

ရန်​သူ အင်​အား ၃၀၀ ​ကျော်​ခန့်​. မနက်​ ၅ နာရီရွာထဲမှာ ရှိ​နေတဲ့ ၂၂ ​ယောက်​အင်​အား ကို အလုံးအရင်းနဲ့ ၀ိုင်းတယ်​မနက် ​၅ နာရီက​နေ ၉ နာရီ ၁၀ နာရီ ၀န်းကျင်​ထိ ၄ နာရီ ၅ နာရီ​လောက်​အယောက် (၃၀၀) က (၂၂) ​ယောက်​ကို မသိမ်းနိုင်​ဘူး၂၂ ​ယောက်​က ၃၀၀ ကို ​တောင့်​ခံထား နိုင်​တယ်​ .လူ​တွေဒါဏ်​ရာရနေတယ်​ ဆက်​ပစ်​ကြတယ်​ လက်​ညှိုးပြတ်​တယ်​လက်​ခလယ်​နဲ့ဆက်​ပစ်​တယ်​ ​နောက်​ဆုံး ​သေနတ်​​တွေပူပြီးကျည်​မထွက်​​တော့ဘူး ရန်​သူ​တွေ ၀င်​စီးတယ်​ တုံးလုံးပက်​လက်​နဲ့ ကျည်​မထွက်​တဲ့ ​သေနတ်နဲ့ ခလုတ်​​မောင်းဆွဲ​နေတုန်း ..သေနတ်​​တွေကို လက်​ထဲကအတင်းလုယူကြတယ်​ .ဒါဏ်​ရာ​တွေနဲ့ အ​ဆောက်​အဦးတစ်​ခုထဲမှာ ပိတ်​မိ​နေတဲ့ သူငယ်​ချင်းနဲ့တစ်​စု ကို သူတို့မ​တွေ့သွားဘူး


လူနာသွား​မေးတဲ့အချိန်​မှာလည်း ဒါဏ်​ရာက ပြင်းထန်​​ပေမယ့်​သူတို့မျက်​နှာ​တွေ ​သွေး​ကြောင်​ ထိတ်​လန့်​ မ​နေကြဘူးစစ်​​ရေးအသိရှိလို့ မနက်​ ၅ နာရီမှာ ယူနီ​ဖောင်းအပြည့်​နဲ့ သူတို့ခုခံနိုင်​တာပေါ့သူငယ်​ချင်း ငါတို့က ​သေဖို့လည်း အဆင်​သင့်​ပဲနောက်​ဆုံးအချိန်​ထိ ​သွေးမ​ကြောင်​ခဲ့ပါဘူး .ငါ့လက်​ တစ်​ဖက်​လုံး စုတ်​ပြတ်​​နေပြီ​ သေနတ် ​မပစ်​နိုင်​​တော့ဘူးငါအပါဝင်​စစ်​သည် ​၄ ​ယောက်​ အ​ဆောက်​ဦး ထဲပိတ်​မိ​နေတယ်​ကျန်​တဲ့ရဲ​ဘော်​​တွေကို KIA က ငါတို့ဘယ်​မှာလဲ​မေးတာ ဘယ်​သူမှမ​ဖြေကြဘူး ငါ့ရဲဘော်​​တွေလည်း ​သွေးမ​ကြောင်​ပါဘူးကွာ
.
အေးပါသူငယ်​ချင်းရာ .မင်းတို့ သည်​ပွဲမှာ နိုင်​ပါတယ်​ကွာ .အ​ယောက်​၃၀၀ နဲ့ ၂၂ ​ယောက်​ ၄ နာရီ​ကျော်​ ခုခံနိုင်​ပြီးအခု စကား​တောင်​​ပြောနိုင်​​သေးတာ .မင်းတို့ အားလုံးကို ဘယ်​သူ​တွေ ဘယ်​လိုမြင်​မြင်​ကွာငါတို့သူငယ်​ချင်း​တွေက​တော့ ရဲရင့်​တဲ့ သူရဲ​ကောင်း​တွေလို့ မြင်​ပါတယ်​ .

၃၀၀ နဲ့ ၂၂ဇာတ်​ကားရိုက်​​နေတာလည်း မဟုတ်​ဘူးကျည်​အစစ်​​တွေနဲ့ တကယ်​သတ်​​နေကြတာမင်းတို့ကလည်း spider man လည်း မဟုတ်​ဘူးRambo လည်း မဟုတ်​ဘူး iron-man လည်းမဟုတ်​ဘူးသည်​​လောက်​ခုခံနိုင်​တာ ဟုတ်​​နေပါပြီကွာလို့ ...မင်းတို့ကို ​စောင်​သုံးမကျဘူး​ပြောတဲ့သူရှိရင်​အဲ့သည့်​လူကို ရမ်​ဘို အာနိုး အပါအ၀င်​ ၂၂ ​ယောက်​နဲ့ခုခံခိုင်းအ​ယောက်​၃၀၀ နဲ့ ၀ိုင်းပြမယ်​အလွန်​ဆုံးနာရီဝက်​ဆို ကိစ္စတုံးပါတယ်​ကွာလို့ဆို​တော့ ...သူပြုံး ပြီး ကြည့်​​နေပါ​တော့တယ်​ .......



ဒါကတော့ ကျဆုံးသွားတဲ့ဗိုလ်မှုး စစ်ကိုမုန်း၍ တိုက်ခဲ့သူများ ဇာတ်ကားကြည့်ပြီးချိန်ရေးတင်ခဲ့တဲ့ Status လေးပါ



စစ်​ကိုမုန်း၍ တိုက်​ခဲ့သည်​ ဇာတ်​ကားကိုကြည့်​ပီး​တော့ ငယ်​စဉ်​က ကိုယ်​တိုင်​ကြုံ​တွေ့ခဲ့ရတဲ့ အဖြစ်​အပျက်​​လေးကို ​သတိရမိခဲ့တယ်​..

ကျ​နော့်​အ​ဖေက စစ်​သားဆို​တော့ ကျ​နော့်ကို​မွေးတဲ့ ၁၉၈၁ က​နေ ၁၉၉၂ထိအ​ဖေတာဝန်​ကျရာ ​တပ်​​ရင်း​တွေ ​နေရာ​ဒေသ​တွေမှာဘဲ ဖြတ်​သန်းခဲ့ရတယ်​..

၁၉၉၀ ကျ​နော်​ ၂တန်း ၃တန်းအရွယ်​မှာ ကျေ​န်ာတို့​​နေထိုင်တဲ့​​ဘားအံမြို့ထဲကတပ်​ရင်းကို အင်​အား ၂၀၀​ကျော်​ခန့်​ရှိတဲ့ လက်​နက်​ကိုင်​အဖွဲ့တစ်​ဖွဲ့ဟာ တပ်​ရင်းရဲ့ ​တောင်​ဘက်​ က​မော့ကစင်​ရွာဘက်​က​နေ ချီတက်​လာပီး ည ၈ နာရီ​လောက်​မှာဝင်​ရောက်​စီးနင်းဖို့ ကြိုးစားလာကြတယ်​..

ကျ​နော်​တို့တပ်​က မဲသ​ဝေါ​ဒေသမှာ ​ရှေ့တန်းထွက်​​နေ​တော့ တပ်​မှာ ​နောက်​ချန်​ အ​မေတို့ရဲ​မေ မှီခိုသူကျ​နော်​တို့သာ ရှိ​နေကြတာ​ပေါ့..
ဇာတ်ကားထဲက​အတိုင်းပါဘဲ...ေ​နာက်ချန်​​အရာရှိ..စစ်​သည်​..ရဲ​မေ​​တွေက ​သေနတ်​ထုတ်​ပီးတာဝန်​ကျရာ တပ်​ရင်းပတ်​လည်​က ပစ်​ကျင်း​တွေ ဘန်​ကာ​တွေမှာ ပတ်​လည်​​နေရာယူကြတယ်​..

ကျ​နော်​တို့က​လေး​တွေက​တော့ လိုင်းခန်းအ​နောက်​က ဘန်​ကာထဲမှာ စုပီး​နေကြတယ်​..ငိုတဲ့သူကငို..ဘုရားစာရွတ်​တဲ့သူကရွတ်​နဲ့ ​ဆူညံပွက်​​လောရိုက်​​နေကြတာ​ပေါ့ဗျာ..

လက်​နက်​ကိုင်​အဖွဲ့​တွေဟာ တပ်​ရဲ့ အ​နောက်​​တောင်​ သီရိ​ဈေးအ​ရှေ့ ဘန်​ကာ( ၁)၊က​မောကစင်​ရွာနှင့်​ ရဲညွန့်​​ကျောင်း သုံး​နေရာမှ လက်​နက်​ကြီး လက်​နက်​ငယ်​မျိုးစုံနဲ့ တပ်​ထဲကိုပစ်​ခတ်​​နေကြတယ်​..တပ်​ထဲက စစ်​သည်​ရဲ​မေ​တွေကလည်း အစွမ်းကုန်​ခုခံကြတာ​ပေါ့...

လက်​နက်​ကြီးစ​တွေဟာ ခွဲ ၅ လိုင်းခန်း​ပေါ်ကျပီး မူကြိုဆရာမ​လေးရဲ့​ခေါင်း​သွားမှန်​လို့ ဆရာမ​လေး ဆုံးသွားပါတယ်​...တပ်​က စစ်​သည်​ ရဲ​မေ​တွေရဲ့ အစွမ်း​ကုန်​ ခုခံပစ်​ခတ်​မှု​ကြောင့်​ လက်​နက်​ကိုင်​အဖွဲ့​တွေဟာ ည ၁၁ နာရီ​လောက်​မှာ က​မော့ကစင်​ရွာဘက်​ကို ပြန်​လည်​ဆုတ်​ခွါသွားကြပါတယ်​...​သွားတာ​ကောင်း​ကောင်းမသွားဘူး.
ဈေးကိုမီးရှို့သွား​သေးတယ်​..အခု​တော့ ခန်းနားတဲ့ သီရိ​ဈေးသစ်​ကြီးဖြစ်​သွားတာ​ပေါ့..

မူကြို​ကျောင်းက​တော့ ညဘက်​​ ဘယ်​သူမှ မသွားရဲကြ​တော့ဘူး..သရဲ​ခြောက်​လို့တဲ့..ဒီဖြစ်​စဉ်​မှာ ​နောက်​ချန်​စစ်​သည်​ ရဲ​မေ​ မှီခိုသူ​တွေ ထိခိုက်​ဒဏ်​ရာရတာ မရှိဘဲ..မူကြိုဆရာမ​လေးသာ လက်​နက်​ကြီးစ ​ခေါင်းမှန်​လို့ ​သေဆုံးသွားခဲ့ပါတယ်​...လိုင်း​ခန်း​တစ်​ချို့ လက်​နက်​ကြီးစထိမှန်​ပီး ပျက်​ဆီးသွားခဲ့တယ်​...အဲ့ဒီ​နောက်​ပိုင်း​တော့ တစ်​ခါမှလာမတိုက်​ရဲ​တော့ဘူး...

ကျ​နော့မိန်းမ စစ်​သင်​တန်းတက်​ရတုံးကလည်း စိုးပြည့်​သဇင်​အတိုင်းဘဲ.​ဘာဖြစ်​တယ်​ ..ညာဖြစ်​တယ်​နဲ့​ပေါ့.. ဖိနပ်​ကြိုးပါထိုး​ပေးရတယ်​...ကျ​နော်​က ​ပြောပြတယ်​...သဲ​ရေ..စစ်​ပညာသင်​​ပေးတာ အလကား ​ဖော်​ရိုးလုပ်​​နေတာမဟုတ်​ဘူး..​အရေးကြုံလာရင်​တပ်​ကို ​ရန်​သူ့လက်​ မကျ​ရောက်​ဖို့ ...ကာကွယ်​​ပေးဖို့လို့​​ပြောရင်း..ငယ်​ငယ်​က
ကျ​နော်​ကြုံ​တွေ့ရတဲ့ အခုအဖြစ်​ပျက်​ကို ​ပြောပြလိုက်​​တော့ မျက်​စိ​လေး ကလယ်​ကလယ်​နဲ့ ပြန်​ကြည့်​​နေတယ်​..လွန်​ခဲ့တဲ့တစ်​လ​ကျော်​က အခု​နေထိုင်​တဲ့ စလင်းမြို့ကိုတည်​ဘိုကန်​ရွာဘက်​က​နေ ဘင်္ဂလီ​တွေဝင်​လာတယ်​...တပ်​ရင်း​တွေကို ၀င်​စီးမယ်​လို့ဘယ်​သူက ​ပေါက်​ကရ​ပြောလိုက်​တာလား..၀ါဒဖြန့့်​လိုက်တာလားမသိဘူးတာလားမသိဘူး...တပ်​မှာ
စတန်းတူ​ လုပ်​လိုက်​ရတယ်​...ရဲ​မေ​တွေက ဋ္ဌာနချုပ်​တပ်​ခွဲမှူးနဲ့ တပ်​​ရေးဗိုလ်​ကြီးဆီသွားပီး ကျမတို့ကို ​သေနတ်​ထုတ်​​ပေးထားပါလို့ ​ပြောကြတယ်​ဆိုဘဲ...ဟိုက်​ရှားပါး...​လေးစားပီ​လေလို့​တောင်​..ကျ​နော်​​ပြောမိတယ်​...

ဘာပဲ​ပြော​ပြော ..စစ်​ကိုမုန်း၍ တိုက်​ခဲ့သည်​ ဇာတ်​ကားကိုကြည့်​ပီး​တော့ ​ယောကျာင်္းကြီးတန်​မဲ့ ကျ​နော်​ မျက်​ရည်​၀ဲမိခဲ့ပါတယ်​...
ငြိမ်းချမ်းပါ​စေ မြန်​မာပြည်​ရယ်​လို့ဘဲ ..​နေ့စဉ်​ဆု​တောင်း​နေမိပါတယ်​ဗျာ...

အောင်​​အောင်



Ref ; Tin Ko Win , Zar Ni

No comments:

Post a Comment