Monday, April 16, 2018

S 400 လေကြောင်းရန် ကာကွယ်ရေးစနစ် ဆိုသည်မှာ





S400လေ​ကြောင်းကာကွယ်​​ရေးဒုံးပျံစနစ်​ ကိုS300 များ​နေရာမှာ အစားထိုးရန်​ ရည်​ရွယ်​ချက်​နဲ့၁၉၈၀ခုနှစ်​​လောက်​မှာစီမံကိန်းကို စတင်​ခဲ့ပြီး ၁၉၉၀ခုနှစ်​မှာ​တော့ အကြမ်းပိုင်းပုံ​ဖော်​နိင်​ခဲ့ပါတယ်​ ။ထုတ်လုပ်​​ရေးလုပ်​ငန်းစဉ်​များစွာ ဖြတ်​​ကျော်​အပြီးမှာ​တော့ ၁၉၉၃ ခုနှစ်​မှာ S400 systemအောင်မြင်ပြီးဖြစ်ကြောင်း ရုရှားတပ်​မ​တော်​က​နေ ​ကြေညာခဲ့ပါတယ်

၁၉၉၉ခုနှစ်​မှာတော့ ရုရှား​တောင်​ပိုင်းမှာရှိတဲ့ ကပုစတင်​ယာ လို့​ခေါ်တဲ့ လက်​နက်​စမ်းသက်​​ရေးကွင်းမှာ ပထမဆုံးစမ်းသပ်မှု့ကို ​အောင်​မြင်​စွာပြုလုပ်နိုင်ခဲ့ပြီဟု စစ်​ဘက်​မှ ​အစီရင်​ခံခဲ့ကာ၂၀၀၁ခုနစ်​မှာတပ်​ဖြန်.ချထားဖို့ လိုလားခဲ့ပါတယ်​ ။၂၀၀၃ခုနစ်​ရဲ့ ရုရှားတပ်​မ​တော်​ရဲ့ ​စစ်​​ဆေးချက်​အရတပ်​ဖြန်​ဖို့ အဆင်​သင့်​မဖြစ်​​သေးတဲ့အချက်​​တွေ ​တွေ့ရှိခဲ့ရပါတယ်​ ။အဲ့တာက​တော့ S300P ,S400 နှင့်​ ​ခေတ်​မရှိ​တော့တဲ့ ကြားဖြတ်​တိုက်​ခိုက်​​ရေး​လေယာဉ်​တို့ရဲ့ စမ်းသက်​ချက်​တို့ရဲ့ အမှားများစွာနဲ့ စမ်းသက်ခြင်းဟု….
ကြေညာချက်​နှစ်​ခု ထုတ်ပြန်​ကာ အသုံးပြုဖို့ အဆင်​သင့်​မဖြစ်​​သေးဟု ​ကောက်​ချက်​ချခံ ခဲ့ရပါတယ်
၂၀၀၄ခုနစ်​မှာ​တော့ ဒုံးပျံတစ်​စီးကို ​အောင်​မြင်​စွာ ကြားဖြတ်တုန့်​ပြန်​နိုင်​ခဲ့ပြီး S400 စီမံကိန်း ​အောင်​မြင်​စွာပြီးစီးပြီ ဟု ​ကြေညာနိုင်​ခဲ့ပါတယ်​ ။၂၀၀၇ခုနှစ်​မှာ​တော့ ​မျော်​မှန်းထားသည့်​ ခုနှစ်​ထက်
၆နှစ်​​နောက်​ကျပြီးမှ တာဝန်​ထမ်း​ဆောင်​နိုင်​ခဲ့ပါတယ်

S400ဟာ AESA radar (Active Electroically Scanned Array )အသုံးပြုပြီးလေ​ကြောင်းကာကွယ်​​ရေး​စနစ်​ တစ်​စုံမှာအမိန့်​​ပေးထိန်းချုပ်​စနစ်​ပါ​သောကားတစ်စင်းရေဒါစနစ်တင်ဆောင်ထားသောကားသုံးစင်းနှင့်
ဒုံးပျံပစ်​စင်​တင်​ထားသည့်​ ကား​လေးစင်းတို့ပါဝင်​ပါသည်

အမိန့်​​ပေးထိန်းချုပ်​စနစ်​ ( 55K6E command and control Centre )က​တော့ရေဒါတို့မှ ရရှိလာ​သော ရှာ​ဖွေခြင်း ​ခြေရာခံခြင်း ၊ပစ်​ခတ်​ခြင်း နဲ့ သူ့ရဲ့ အဝန်းပိုင်းပြင်​ပမှ ​ပေးပို့​သော (passive radar အပါအဝင်​ ​) သတင်းအချက်​အလက်​ တို့ကို စီမံခန့်​ခွဲနိုင်​ပါတယ်

မြင်​ကွင်းကျယ်​​ရေဒါ​ထောက်​လှမ်း​ရေးစနှစ်​(91N6E Panoramaic radar detection system)က​တော့
၆၀၀ကီလိုမီတာအကွာ​အ​ဝေးအထိ သက်​​ရောက်​မှု့ ရှိပြီး Jamming လုပ်​ခြင်းများကိုလည်း ကာကွယ်​နိုင်​ပါတယ်​ ။S band system ကို အသုံးပြုထားပြီး ပစ်​မှတ်​ ၃၀၀ကိုလည်း ​ခြေရာခံ​ပေးနိုင်​ပါတယ်


92N6E multi-functional radar system က​တော့၄၀၀ကီလိုမီတာအကွာအ​ဝေးကို ​ထောက်​လှန်း​ပေးနိုင်​ပြီး ပစ်​မှတ်​စုစု​ပေါင်း၁၀၀ ကို​ခြေရာခံ​ပေးနိုင်​ပါတယ်

96L6 Hight altitude Detector က​တော့၃၀၀ကီလိုမီတာ အကွာကအမြင့်​​ပေများစွာ နှင့်​ အနိမ့်​ပျံ လာ​သော အရာအားလုံးကို ​ခြေရာခံဖို့ပြီးပီး ဒုံးကျည်​များအတွက်​ ပစ်​မှတ်​ ၁၀၀ ​ကျော်​ကို လမ်းညွှန်​​ပေးဖို့ ဖြစ်​ပါတယ်

F22 နဲ့ F35 တို့လို ကိုယ်​​ပျောက်​စွမ်းရည်​ရှိတဲ့လေယာဉ်​​တွေကို တုန့်​ပြန်​ဖို့Nebo M 3D radar စနစ်​​တွေကိုလည်း S400 နဲ့ အတူ ထားရှိတက်​ပါတယ်

ရေဒါရဲ့ဖမ်းယူနိင်​မှူ့ကို… ထပ်​​ဖော်​ပြရရင်​91N6E radar နဲ့ 92N6E radar စနစ်​ကကိုယ်​​ပျောက်​တိုက်​​လေယာဉ်​ကို ၁၅၀ကီလိုမီတာမှစပြီး ဖမ်းယူနိုင်​ပြီးF22လို RCS ​0.0001အထိသေးငယ်​လွန်းတဲ့ ​လေယာဉ်​ကို ၂၁ ကီလိုမီတာမှာF35 လို RCS 0.0015 ​သေးတဲ့ ​လေယာဉ်​ကို ၃၄ကီလိုမီတာ နဲ့ ကိုယ်​​ပျောက်​စွမ်းရည်​မရှိတဲ့ F18 လို​လေယာဉ်​​တွေကို​တော့ ၁၇၅ကီလိုမီတာမှာRCS 0.4 ရှိတဲ့ ပစ်​မှတ်​ကို ၂၃၀ကီလိုမီတာမှာ
RCS 4 ရှိတဲ့ ပစ်​မှတ်​ကို ၃၉၀ကီလိုမီတာ မှာ​လေ​ကြောင်းကြိုတင်​သတိ​ပေး ​လေယာဉ်​​တွေ မဟာဗျူဟာ​မြောက်​ ဗုံးကြဲ​လေယာဉ်​​တွေ နဲ့ ဒုံးပျံ​တွေကို​တော့ ကီလိုမီတာ ၆၀၀အတွင်းမှာ​တွေ့ရှိနိုင်​ပြီး
 
40N6 missileနဲ့ ၄၀၀ကီလိုမီတာ
48N6 missile နဲ့ ၂၅၀ကီလိုမီတာ
9M96E2 missile နဲ့ ၁၂၀ကီလိုမီတာ
9M96E missile နဲ့ ၄၀ ကီလိုမီတာ အထိအသီးသီးပစ်မှတ်သတ်မှတ်ထားကာကြားဖြတ်တိုက်ခိုက်နိင်ပါတယ်

ဒုံးပျံတင်ယာဉ်တစ်​စီးတွင် ဒုံးကျည်​ပစ်​လွှတ်​ရန်ပြွန်​ ၄ခု ပါ​ဝင်​ပြီးကားလေးစင်းဆိုလျှင် စုစု​ပေါင်းပြွန်​၁၆ခုပါ​ဝင်​ပါတယ်​ ။ပြွန်​တစ်​ခုချင်းစီတိုင်းက အရွယ်​အစား​သေးငယ်တဲ့ ဒုံးကျည်​နှစ်​စင်းထည့်​သွင်းနိုင်​ပြီး
စုစု​ပေါင်း ကား​လေးစင်းဟာ ဒုံးကျည်​ ၃၂စင်းကို အသင့်​ ထည့်​သွင်းပြီးသား အ​နေအထားနဲ့ ​​လေ​​ကြောင်းကာကွယ်​နိုင်​ ရှိပါတယ်​ ။၃၂ စင်းပမာဏဟာ 48N6 , 9M9E2 , 9M9E missilesတို့ကို ပဲ အကျုံးဝင်​ ပြီး
တာ​ဝေးပစ်​ဒုံးကျည်​များကို ဖျက်​စီးနိုင်​တဲ့ 40N6 missiles က​တော့အရွယ်​အစားကြီးမားမှူ့​ကြောင့်
ပြွန်​တစ်​ခုကို တစ်​စင်းပဲ ထည့်​သွင်းလို့ရပါတယ်



ပစ်လွှတ်သည့်စနစ်ကတော့ ပြွန်​ထဲကဒုံးကျည်​များကို ဓာတ်ငွေ့တစ်မျိုးအသုံးပြုပြီးလေထဲကိုမီတာ၃၀အထိ ပစ်​လွှတ်​​ပေးပြီး​နောက်​ဒုံးကျည်​ ၏ rocket motor မှ စတင်​အလုပ်​လုပ်ပါတယ်

၂၀၀၉ခုနှစ်​အတွင်းက ​မြောက်​ကိုရီးယားရဲ့ တိုက်​ချင်းပစ်​ဒုံးပျံစမ်းသက်​မှူ့မတိုင်​ခင်​ ​ကြေညာချက်​ထုပ်​ပြန်​ချိန်​မှာ နယ်​စပ်​သို့ S400စနစ်​ တစ်​စုံချထားခဲ့ပြီးစမ်းသက်​စဉ်​ အမှားအယွင်းရှိခဲ့၍ လမ်း​ချော်​ဝင်​​ရောက်​ခဲ့လျှင်​ ကာကွယ်​နိုင်​​အောင်​ စီစဉ်​တာပဲ ဖြစ်​ပါတယ်​ ။
 
၂၀၁၁ခုနှစ်​မှာ ​မော်​စကိုမြို့အနီးတွင်​ S400 စနစ်​ နှစ်​စုံ ထပ်​မံ တပ်​ဖြန့်​ခဲ့ရုံသာမက ဂျပန်​နဲ့ အငြင်းပွားနယ်​​မြေဖြစ်​သည့်​ ကူရိုင်းကျွန်း​ပေါ်မှာ S400စနစ်​ တစ်​စုံ ဆိုက်​​ဗေးရီးယားအ​ခြေစိုက်​​လေတပ်​စခန်းသို့ ၆စုံ နှင့်​ ​ဘော်​တစ်​​ဒေသရှိ သူ၏ ​လေတပ်​စခန်းကိုလည်း ကာကွယ်​​ရေး စနစ်​များ​ပေးပို့ခဲ့ပါတယ်

၂၀၁၄ခုနစ်​အထိ S400စနစ်​များကို တပ်​မ​တော်​မှ မှာယူမှုဟာ တစ်​နစ်​ကို သုံးစုံအထိ ရှိလာကာ
စုစု​ပေါင်း ရုရှားတပ်​မ​တော်​တွင်​ S400စနစ်စုစုပေါင်း၃၉စုံထိရှိလာခဲ့သည်။

၂၀၁၅ခုနှစ်တွင်ဖြစ်ပွားသောဆီးရီးယားစစ်ပွဲအတွင်း ဆီးရီးယားလေတပ်ပိုင်Su-25အား အမေရိကန်ရေတပ်တိုက်လေယာဉ်ဖြစ်သောF/A-18Fအမျိုးအစားတိုက်လေယာဉ်ကနေပစ်​ချခဲ့အပြီးမှာပဲ ဆီးရီးယားအ​ခြေစိုက်​ ​မြောက်​ပိုင်း​လေတပ်​စခန်း Khemim air base သို့ S400စနစ်​များ တပ်​ဖြန့်​ဖို့
ရုရှားအစိုးရက ဆုံးဖြတ်​ခဲ့ကြပါတယ်



S400 ​လေ​ကြောင်းကာကွယ်​​ရေး​စနစ်​ တစ်​စုံကိုအ​မေရီကန်​ ​ဒေါ်လာ သန်း၄၀၀တန်​ဖိုးရှိပြီးပြည်​ပက​နေ စိတ်​​ဝင်​စားမှုများခံရလာပြီး၂၀၀၉ခုနှစ်​မှာ တူရကီနိုင်​ငံ ၂ဘီလီယံခွဲခန့် ​ပေး​ချေကာ၂၀၁၇ခုနစ်​မှာ လက်​ခံခဲ့ပါတယ်​ ။ဘီလာရုစ်​နိုင်​ငံကတော့နှစ်​စုံ​ဝယ်​ယူခဲ့ပြီး ၂၀၁၆မှာ လက်​ခံခဲ့ပါတယ်​ ။ဆော်​ဒီအာ​ရေဘီးယားနိုင်​ငံက ၂ဘီလီယံတန်​​ကြေးရှိ​သော စာချုပ်နဲ့အတူ​အပိုပစ္စည်းအပါအဝင်​ ၃ဘီလီယံဖိုးခန့်​ ဝယ်ယူရန် သ​ဘောတူညီမှု ရရှိခဲ့ပါတယ်​ ။ အယ်​ဂျီးရီးယားနဲ့အီဂျစ်​နိုင်ငံဖက်ကလည်း ဝယ်ယူဖို့စိတ်​ဝင်​စားနေပါတယ်​ ။ တရုတ်ကတော့၂၀၁၄ ခုနှစ်​မှာ ၆စုံခဲ့မှာယူခဲ့ပြီး ၂၀၁၈မှာ လက်ခံရရှိမှာဖြစ်​ပါတယ်
အိန္ဒိယဖက်ကလည်း ၁၁ဘီလီယံတန်​​ကြေးဖိုးဖြစ်သောS-400 (၁၂)စုံကိုမှာယူခဲ့ပါတယ်

အချုပ်အားဖြင့်ဆိုသော်S400 ဟာယ​နေ့အချိန်​အထိ ကမ္ဘာအ​ကောင်းဆုံး ​လေ​ကြောင်းကာကွယ်​​ရေး စနစ်​များထဲမှတစ်​ခုအနေနဲ့ရပ်တည်နေပါတယ် ။


From ရဲအောင်

No comments:

Post a Comment