Friday, July 17, 2015

ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( ဂ ) - Starshinester






စစ်ကူလာပြီ


လောက်ကိုင် အတိုက်ခံရကြောင်း ကကကြည်း၊ စစ်ဆင်ရေးဌာနသည် ချက်ခြင်းသတင်းရသည်နှင့် အရှေ့မြောက်ဒေသရှိတပ်များ။ အမြောက်တပ်၊ သံချပ်ကာဖွဲ့များ အား သတိပေးချက်ထုတ်ပြနိလိုက်ပြီးဖြစ်သည်၊ တပ်မတော်လေ မှ MI.35တိုက်ခိုက်ရေးရဟတ်ယဉ်များ သည်ထိုအချိန်က တိုက်ပွဲဝင်နေပြီဖြစ်သည်၊လာရှိုးအခြေပြု MI.35၊များ ၊K.8တိုက်ခိုက်ရေးလေယဉ်များ၊နမ့်ဆမ် အခြေပြု A.5 လေယဉ်များသည် တိုက်ပွဲဝင်ရန် စစ်ဆင်ရေး stand by အဖြစ် ပြင်ဆင်ထားပြီးဖြစ်သည်။

တိုက်ပွဲဖြစ်ပြီး လောက်ကိုင်ဒေသ ကိုကာကွယ်ရန်(၈)နာရီအတွင်းရောက်ရှိလာသောတပ်မှာ စကခ.၁၆ တပ်များဖြစ်သည်။ ဖုန်ကြားရှင်သည်ထုံးစံအတိုင်း လောက်ကိုင်ဝင်ပေါက်များတွင် ပိတိဆို့ဖြတိတောက်ရေးတပ်များအသင့် နေရယုပြီးဖြစ်သလို၊လမ်းဘေးဝဲယာတဖက်တချက်တွင်ပစ်ကျင်း
များတူးပြီးအသင့်နေရာယူထားပြီးဖြစ်သလို ဖုန်ကြားရှင်၏ မဟာမိတ်တပ်များက လက်ဖြောင့်စနိုက်ပါများ ဖြင့် ချောင်းမြောင်းပစ်ခတ်သည့်ကြားမှ စကခ.၁၆ စစ်ကြောင်းများသည် လောက်ကိုင်မျြိုတွင်းသို့ထိုးဖောက်ဝင်ရောက်လာပြီး ဒကစ လောက်ကိုင်နှင့် တပ်ရင်းဌာနချုပ် ရှိအိမ်ထောင်သည်ရဲမေများအား တိုက်ခိုက်သောတပ်များကို အတင်းဝင်ရောက်လုံးထွေးတိုက်ခိုက်တော့သည်။ စကခ.၁၆ တပ်များ မြို့တွင်းသိုဝင်ရောက်လာပြီးကားပေါ်မှဆင်းသည်နှင့် အရပ်ဝတ် ၀တ်ထား ဖုနိကြားရှင်တပိများက၊ အိမိခေါင်မိုးများ အဆောက်အဦးများအတွင်းမှစတင်ပစ်ခတ်တော့သည်။

သိန္နီမှ စကခ ၁၆ တပ်များသည်၊ ကျနိတပ်များကိုပင်မစောင့်တော့ဘဲတာမိုးညဲ မုန်းစီးတာပါးမှစစ်ကြောင်းတကြောင်း၊ ချင်းရွှေဟော်.လောက်ကိုင်လမ်းကြောင်းမှတကြောင်း၊ အမြန်ချီတက်လာခြင်းဖြစ်သည်၊

ဖုံကြားရှင်၏တပ်များသည် ခလရ ၁၂၅၊ခလရ.၁၂၉ တပ်များကို ဆွဲထုတ်ပြီးထိမ်းချုပ်တိုက်နေဆဲ၊ နောက်တန်းရဲမေများရှိသော ဌာနချပ်အားဝင်ရောက်တိုက်ခိုက်သော်လည်း အလွယ်တကူချေမှူန်းနိုင်မှု့မရှိဘဲ တိုက်စစ်အဟုန်တန့်နေချိန်....
ရမခလက်အောက်ခံ ခလရ ၁၄၃ကို ကုန်းကြမ်းသို့စတင်စေလွှတ်ခဲ့သည်။ ၀ိုင်းပတ်ပိတိဆို့ခံရသောခလရ.၁၂၅ အား MI.35 တိုက်ခိုက်ရေးရဟတ်ယဉ်များက ပစ်ကူပေးနေသဖြင့် ရန်သုမှခြေမှူနိးနိုင်မှူ့မရှိသေး၊ ခလရ၁၂၅ အားကယ်ထုတ်ရန်အပြင်းချီတက်လာသောခလရ၁၄၃ သည်၊ တာမိုးညဲ.မုန်းစီး.တာပါးလမ်းမှ ကုန်းကြမ်းသို့၁၉၀၀ နာရီရောက်ရှိလာသော်လည်း ခလရ.၁၂၅ ကိုကယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ ရန်သူဖြတ်တောက်ရေးအင်အား၂၀၀ ကျော်ဖြင့် ဖြတ်တောက်တိုက်ခိုက်ခြင်းခံနေရသည်။ ထို့ကြောင့်စစ်ကူ စစ်ကြောင်းမှူးသည်၂၁၀၀နာရီတွင်အမြောက်ပစ်ကူတောင်းခံခဲ့ရာ မိမိ တို့၏ ၁၀၅ မီလီမီတာ ဟောက်ဝစ်ဇာအမြောက်ကြီးများဖြင့် ပစ်ကူပေးနေရသည်။

ထိုအချိန်တွင် ဒကစ လောင်ကိုင်သည် မိမိတို့၏ကျနိတပ်များကိုကာကွယ်ရန် အရံအဖြစ်ထားရှိသည့် ခလရ.၁၂၈ အားတာရွှေထံရှိ စစ်အင်ဂျင်နီယာတပ်အားကာကွယ်ရန်စေလွှတ်ပေးခဲ့သည်။ သိန္နီနှင့် လာရှိုးတွင်ဖြနိ့ခွဲထားသောစကခ.၁၆. တပ်များအနက် သိန္နီရှိ တပ်များသည်၊စစ်ကူအမြန်ပေးနိုင်ရေးအတွက်လာရှိုးတပ်များအားမစောင့်တော့ဘဲ မုန်းစီး တာပါး ချင်းရွှေဟော်လမ်းအတိုင်း လောက်ကိုင်သို့ချီတက်ရာ ၂၂၀၀နာရီတွင် လောက်ကိုင်သို့ရောက်ရှိသည်၊။ ထို့အတူပင် တာမိုးညဲမုန်းစီးလမ်းအတိုင်း ချီတက်လာသောတပ်များသည်၊တာပါးကူးတို့ကိုဖြတ်ကူးကာ ကုန်ကြမ်းသို့ နနံစောစောရောက်ရှိလာသည်။ထို့နောက် ခလရ၁၃၄အား ပိတ်ဆို့ထားသော ဖုန်ကြားရှင်တပ်များအားဝင်တိုက်ရာ ရန်သူများဆုတ်ခွာသွားပြီ ခလရ ၁၃၄ နှင့်ပူးပေါင်းမိသည်။

လောက်ကိုင်သို့ရောက်ရှိလာသည့် စကခ.၁၆ တပ်များသည် ချက်ခြင်းခွဲဖြနိ့နေရယူသည်။တပ်ရင်းတရင်းက ချင်းရွှေဟော် လောက်ကိုင် ကြား ဆက်သွယ်ရေးလမ်းကို ၀င်ရောက်နေရာယူတပ်စွဲလိုက်ပြီး လားရှိုးမှချီလာသောစကခ ၂ရင်းလဲဝင်ရောက်လာပြီဖြစ်သဖြင့် မိမိတို့၏ ပိတ်ဆို့ခံတပ်ရင်းအားကူရန် တာရွှေထံသို့ညတွင်းချင်းချီတက်ရာ၀၄၃၀ နာရီတွင်တာရွှေထံသို့ရောက်ရှိတပ်စွဲသည်။
သံလွင်မြစ်အားတာပါးကူးတို့မှဖြတ်ကူးကာ စကခ.၁၆ ၊ တဗျူဟာ၃ရင်းသည် လည်းကုန်းကြမ်း ခလရ၁၂၅ ဌာနချုပ်သို့ရောက်ရှိတပ်စွဲသည်၊

တာရွှေထန်သို့၀၄၃၀ နာရီရောက်ရှိသော ၃.ရင်းအနက်မှ ခမရ.၅၅၂ သည်၊ ခလရ.၁၂၅ ကိုကူညီရန် အပြင်းချီတက်ရာ ၁၈.မိုင်အနီးကြိုတင်ရောက်ရှိ၍ ပစ်ကျင်းများ ခံကတုတ်များဖြင့် နေရာယူထားသော ရန်သူ၄၀၀ ခန့်ချုံခိုတိုက်ခိုက်ခံရပြီး လမ်းဘေးဝဲယာတွင် pin down မိနေတော့သည်။ ထို့ကြောင့် MI.35 ရဟတ်ယဉ်များရောက်လာပြီး ရော့ကက်များစက်သေနတိများဖြင့်ပစ်သော်လည်း၊ရန်သူမှ ခံကတုတ်များ ပစ်ကျင်းများ ၊မြေခွေးကျင်းများတူးထားသဖြင့် ထိရောက်မှူ နဲနေသည်။

ထိုအချိန်အထိရန်သူတိုက်စစ်အဟုနိပြင်းထန်နေသော် လည်းမိမိစစ်ကူတပ်များ ၈နာရီ အတွင်း အလျှင်အမြန်ချီတက်လာမှု့ကြောင့် မည်သည့်ရည်မှနိးချက်ကိုမျှသိမ်းပိုက်နိုင်ခြင်းမရှိသေး၊ တိုက်ပွဲစသည်မှ နာရီပေါင်း၈၀ အတွင်း တိုက်ခိုက်ရေးတပ်မကြီးတခုသည်၊လောက်ကိုင်နယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာနေပြီဖြစ်သည်၊ ယခုအချိန်အထိ မိမိတပ်များသည်၊ ရန်သူတီးကွက်အတိုင်းကနေရသော် လည်းမကြာမှီ ရန်သူတီးကွက်များလျှော့နည်းပျောက်ကွယ်လာကာမိမိတပ်မတော်တီးကွက်အောက်တွင်မှောက်
လျှက်လဲရပေတော့မည်။




အလျှင်အမြန်ချီတက်သည်ဆိုရာဝယ်


ဖုန်ကြားရှင်၏ တပ်များစုစည်းမှု့မှာ အင်အား၄၀၀၀ မျှ ရှိမည်ဟုခနိ့မှန်းရာ လောက်ကိုင်နှင့်မဝေးလှသော ကွန်လုံတိုက်ပွဲကြီးတွင် စခန်းအတော်များများကိုသိမ်းပိုက်ခြင်းခံခဲ့ရသည်။ မော်စီတုန်းဗျူဟာ မှာ လှူပ်ရှား စစ်ကိုအခြေခံသည်ဖြစ်ရာ ကွန်လုံစစ်ပွဲအတွင်းက ထိုးစစ်ကိုအဓိကထားပြီးဝိုင်းပတ်တိုက်ခိုက်သည့် နည်းဖြင့် တိုက်ခဲ့ရာ စခနိးများသိမ်းပိုက်နိုင်သော်လည်း တရုပ်ဗျူဟာအတိုငိး လူအသေအပျောက်များခဲ့သည်၊ တိုင်းရင်းသားလက်နက်ကိုင်များ မကျေမနပ်ဖြစ်ခဲ့ကြသည်။

ကိုးကန့်စစ်ပွဲတွင် တရုပ် စစ်ဗျူဟာအပြောင်းအလွဲများစွာတွေ့ရသည်၊ ထိုးစစ်ကိုပင် ခံစစ်သဖွယ်အသုံးချနိုင်ခဲ့သည်၊မိမိတပ်များကိုဆွဲထုတ်ပြီး ခံစစ်ယူချေမှူနိးရန်ကြိုးပနိးခဲ့သလို၊ စစ်ကူတပ်ဖွဲ့များကိုလဲ ခံစစ်ယူခြေမှူန်းရန်ကြိုးပနိးခဲ့သည်။ တိုက်စစ်အဟုနိတနိ့သွားချိနိတွင် စနိုက်ပါနှင့် မြို့တွင်းတိုက်ပွဲများသာမက နယ်စပ်ရှိတောင်ကုန်းများကိုခြေကုတ်ယူတိုက်သည့် တောင်ပေါ်တိုက်ပွဲများ အများအပြားသုံးစွဲတိုက်ခိုက်ခြင်း၊ လေကြောင်းအသာစီးရမှု့ကို လှိုင်ခေါင်းများ မြေခွေးကျင်းများ နက်စွာတူး၍ ခုခံ လာသည်ကို တွေ့ရှိလာရသည်။

မိမိတပ်မတော် ၏ စစ်ဗျုဟာမှာ ကိုးကနိ့စစ်ပွဲသည် အလျှင်မြနိဆုံးသော စစ်ကူပေးနိုင်မှု့ ၊ချီတက်နိုင်မှု့ကိုတွေ့မြင်လာရသည်၊အပိုင်း၁ တွင်ဖေါ်ပြခဲ့သည့် ဗကပနှင့် နွှဲခဲ့ရသောစစ်ပွဲများတွင် ကိုးကနိ့စစ်ပွဲသည် လျှင်မြနိ ဆုံးသော စစိချီတက်မှု့ကိုတွေ့ရ သော်လည်း၊ စစ်ပွဲအစပိုင်းသည်၊ သမရိုးကျ ချီတက်မှု့ထက်မပိုသေးချေ၊ သမရိုးကျနည်းများဖြင့် အလျှင်အမြန်စစ်ချီရသဖြင့် အထိအခိုက်များရှိခဲ့သည်၊။ နောက်ပိုင်းတွင်.၂၁ ရာစု၏ခေတိမှီ နည်းလမ်းများကိုသုံးစွဲသဖြင့်အထိအခိုက် နည်းပါးခဲ့သည်။




ဘယ်လိုပြင်ဆင်မလဲ 


မိမိတို့နှင့်ကပ်လျှက်ယုနန်ပြည်နယ် တွင် တရုပ်တို့၏ ခြေလျှင်လက်ရုံးပူးပေါင်းတပ်များ အချေချလျက်ရှိသည် ။ တိုးတက်သောနိုင်ငံများတွင် ခြေလျှင်သီးသန့်တပ်များမရှိတော့ ခြေလျှင်လက်ရုံးပေါင်းစပ်တပ်များသည် စစ်မြေပြင်တွင် ပိုမိုထိရောက်ကြောင်းတွေ့ရှိလာရသဖြင့် ခြေလျှင်တပ်များနှင့်အတူ သံချပ်ကာ ၊တင့်ကား၊အမြှောက်နှင့် ရဟတ်ယဉ်များကို ပူတွဲထားသော ပူးပေါင်းတပ်များကိုသာဖွဲ့စည်းကြသည်။

မြန်မာ့တပ်မတော်အနေဖြင့် ပေါင်းစပ်တပ်များမရှိသဖြင့် ပူးပေါင်းရန်အချိန်အတိုင်းအတာတခုထိအချိန်ယူရသည်။ ဥပမာ စကခ.၁၆ နှင့် စစ်ကူလိုက်သော 
 တပ်မများ သည်စစ်သည်တင်သံချပ်ကာများ၊အစောင့်လိုက်ရဟတ်ယဉ်များပါရှိပါက အထိအခိုက်နည်းမည့်အပြင်.ခလရ.၁၂၅၊ ၅၂၂ ကဲ့သို့ဖြစ်နိုင်ချေနည်းပါးမည်ဟုသုံးသပ်ရရှိပါသည်။ နောက်ပိုင်းတိုက်ပွဲများတွင်မူတပ်မတော်သည်၊ 
၂၁ရာစု တပ်မတော်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့သည်အပြင်၊စနိုက်ပါတပ်များကိုပါ ပူးတွဲအသုံးပြုနိုင်ခဲ့သည်။ သို့ရာတွင် ယဉ်တင် စနိုက်ပါသေနတ်ကြီးများ ညတိုက်ပွဲဝင် စစ်လက်နက်များ၊အပိုင်းတွင်အားနည်းနေဆဲပင်ဖြစ်ပါသည်။ တရုပ်တို့သည် အနောက်နိုင်ငံထုတ်စစ်လက်နက်များကို ပုံတူကူးထုတ်လုပ်ရာတွင်သူမတူအောင် တော်ကြသည်။ ထို့ကြောင့် Type.99 စနိုက်ပါများ၊40မီလီမီတာ အော်တိုမစ်တစ် ဗုံးပစ်လောင်ချာများအပါအ၀င် စစ်လက်နက်များကိုပုံတူကူးထုတ်လုပ်ကြပြီး တရုပ်ထုတ်လက်နက်များသည် MNDDA၊KIA၊ UWSA တို့ထံ ရောက်ရှိသွားကြတော့သည်၊တပ်မတော်သည်၊ Standard Army ဖြစ်ရေးအတွက် လိုအပ်မည့်စစ်လက်နက်ပစ္စည်းများကို ၊ပုံတူကူး၍ထုတ်လုပ်ခြင်း၊ ခံ ခွာတိုက်ချီ တွင် အဆင့်မြင့်၊နည်းပညာများပူးတွဲ ဆောင်ရွက်သင့်ပါသည်။

 ခလရ ၁၂၅ အားရနိသူကပိတိဆို့ချေမှူန်းနေဆဲ၊ ခလရ ၁၂၅ အား MI.35 နှစ်စီးဖြင့် လေကြောင်းပစ်ကူ ပေးနေရသဖြင့်၊ရန်သူသည် ထင်သလိုမတိုက်နိုင် Pin down မိနေ သဖြင့် မိမိတပ်များပြန်ထွက်ရန်ခက်ခဲနေခြင်းပင်၊ခုခံနေရချိန်မှာ၁၈နာရီ ကြာမြင့်လာပြီး ရန်သူမှ RPGများစက်လတ်များ စနိုက်ပါများနှင့်ပါ ခေါင်းမဖေါ်နိုင်အောင်ပစ်ခတ်နေသဖြင့် လျှိုအတွင်း နေရာယူထားရသည်။ တာရွှေထန်သို့ အမြန်ချီတက်လာသဖြင့် နံနက်လင်းအားကြီးချိနိရောက်လာသော တပ်ရင်း၃ရင်းအနက်မှ တပ်ရင်းမှူးဦးစီး ခမရ.၅၂၂ သည် ခလရ ၁၂၅ကို ကယ်ထုတ်ရန်အပြင်းချီတက်ရာ ၁၈ မိုင်လမ်းဆုံအနီး ပစ်ကျင်းများ ဆက်သွယ်ရေးမြောင်းနှင့်မြေခွေးကျင်းများတူး ၍ အသင့် စောင့်နေသည့် ဖုန်ကြားရှင် တပ်များက ကားများကို RPG များဖြင့် ၀ိုင်းထုသည်။ 



ရဲဘော်အချို့ကားပေါ်တွင်ကျဆုံးကြရသည်။ရန်သူခန့်မှနိးအင်အား ၄၀၀ ကျော်ရှိပြီး လျှင်မြနိမှု့ကိုဦးစားပေးရသောမိမိတပ်ဖွဲ့များ အငိုက်မိသွားသည်၊ရင်းမှူးနှင့်အဖွဲ့က လမ်းညာဘက် လျိုတွင်းလှိမ့်ဆင်းပြီး ကျန်အဖွဲ့က လမ်းဘယ်ဘက်ချမ်း ရေနုတ်မြောင်းအတွင်းမှခုခံနေရသည်။ ရန်သူသည်အထက်စီးမှ လက်ပစ်ဗုံများလှိမ့်ချခြင်း၊RPGများနှင့်စက်လတ်များလှိုင်လှိုင်သုံး၍ ပစ်နေသဖြင့် ရုံးထွက်မရဖြစ်နေသည်။ ထိုအချိနိတွင် ခလရ .၁၂၅ မှာ တာပါးမှ ထိုးဖောက်တက်လာသော ၁၄၃. ကအတင်းဝင်တိုက်သဖြင့်၁၀၃၀ နာရီအချိနိတွင်ဆုတ်ခွာသွားသဖြင့် ခလရ.၁၂၅ လွတ်မြောက်သွားခဲ့သည်။

တာရွှေထန်၌ကျန်ခဲ့သော စကခ.၁၆ လက်အောက်ခံ ခလ၇.၆၈ သည် ၅၂၂ အတိုက်ခံရကြောင်းသိသည်နှင့် ချက်ခြင်း လေကြောင်းပစ်ကူတောင်းခံခဲ့သလို စစ်ကူစစ်ကြောင်းများသည် ၅၂၂ ကိုကယ်တင်ရန်စတင်ချီတက်တော့သည်။ ခမရ ၅၂၂ အားအပြတ်ဖြတိနိုင်ရန် ကြိုးပနိး၍ ကျားထိုးပြီးအနီးကပ်လုံးထွေးလာသော ရန်သူသည် ၃ကြိမ်စလုံးလန်ကျသွားရသည်၊ထိုအချိန်မြူနှင်းများကွဲလာပြီဖြစ်သဖြင့် လေကြောင်းပစ်ကူ ပေးမည့်MI.35 များရောက်လာပြီ၊ မိမိတပ်ဖွဲ့များအားသေချာနေရာယူထားစေ၍ ရန်သူ့တောင်ကုန်းအား ရော့ကက်များ စက်သေနတ်များဖြင့် ပစ်ခတ်သဖြင့် ၅၂၂. သက်သာရာ ရသည်၊လေကြောင်းပစ်ကူ ၃ကြိမ် တိုက်ခိုက်သော်လည်းစနစ်တကျခံစစ်ယူထားသောရန်သူအားထိခိုက်မှု့နဲနေသည်။

စစ်ကူလိုက်လာသောမိမိတို့စစ်ကူများသည်လည်းတိုက်ပွဲဧရိယာအတွင်းဝင်ရောက်လာပြီ ပိတ်မိနေသည်မှာ ၅နာရီခန့်ကြာမြင့်လာပြီ ၀င်လာလျှင်ဝင်လာခြင်းရန်သုက RPG များနှင့်ဝိုင်းပစ်သဖြင့် ပွိုင့်တပ်စိတ်မှူးဒဏ်ရာရသည်။ ခလရ.၆၈ ခေတ္တရင်းမှူး ဗမ ၀င်းထွန်းအောင်သည်လမ်းဘယ်ဖက်တောင်ကုန်းပေါ်သို့တက်ရောက်နေရာယူစေပြီး၊ရင်းမှူး
ဦးစီးစစ်ကြောင်း.၁ မှ ကြာဘက်တောင်ကြောမှာနေရာယူကာ စစ်ကြောင်းရုံးလက်နက်များ.၈၁ မမ များဖြငိ့ စုပြုံပစ်ခတ်တော့သည်။ ဗမ ၀င်းထွန်းအောင်သည် ရှိသမျှ :RPGများ စကိလတ်များ မော်တာများဖြင့် ဦးနှိမ်ပစ်ခတ်ကာ လုံးထွေးတိုက်နေရသော ၅၂၂ ရှိရာသို့ထိုးဖောက်တိုက်စေရာ နံနက် ၀၃၀၀ နာရီတွင်ကားလမ်းသို့မေးတင်မိပြီး ကျားထိုးရန်ကြိုးစားနေသောရန်သူအား တိုက်ခိုက်ရာ ရန်သူတိုက်စစ်အဟုန်လျှော့ကျသွားသည်။၀၃၀၀ နာရီတွင် ကားလမ်းနှင့်အနီးဆုံးကုနိးများကို လက်နက်ကြီးများနှင့်ထု၍ ကျားထိုးသိမိးပိုက်လိုက်သည် ၅၂၂နှင့်၀၄.၃၀နာရီတွင်ပူးပေါင်းမိသွားသည်။ သိမ်းပိုက်မိသောရန်သူတောင်ကုန်းအားယာယီခံစစ်ပြင်ကာ မိမိတို့၏ကျဆုံးစစ်သည်များ၊ဒဏ်ရာရသူများကို တာရွှေထန်သို့ကားများဖြင့်သယ်ထုတ်ပြီး၁၁၃၀နာရီတွင်ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ မိမိတပ်ဖွဲ့များအားကယ်ထုတ်ရန် လျှင်မြန်မှု့ကိုဦးစားပေးခဲ့ရသော ခမရ ၅၂၂မှ ၁+၂၉ ဦးကျဆုံးခဲ့ပြီး ၈+၃၉ ဦးဒဏ်ရာရရှိခဲ့ပါသည်။

ယခုအခါ စစ်ပွဲအစတွင်ဖုန်ကြားရှင်တပ်ဖွဲ့မှ ထိုးစစ်ဆင်၍သိမ်းပိုက်ရန်ကြိုးပန်းခဲ့သောဒကစ.လောက်ကိုင် ၊ရဲမေများခုခံနေသည့် ခလရ၁၂၅။၁၂၉ ဌာနချုပ် များ ပိတ်မိနေသော ခလရ.၁၂၅၊ ၅၂၂ တို့ကိုလဲအောက်မြင်စွာကယ်တင်နိုင်ခဲ့ပါပြီ ။ ဖုန်ကြားရှင်၏တိုက်စစ်သည် ၇.ရက်မပြည့်မှီရပ်တနိ့သွားခဲ့ပြီဟုပြောလို့ရသည်၊နောက်ထပ်တပ်မများတဖွဲဖွဲဝင်ရောက်လာသဖြင့်
 လောက်ကိုင်ကိုထိမ်းချုပ်ထားနိုင်ပြီ၊ ၀င်လာသောတပ်မများက အပြစ်မဲ့အရပ်သားများကိုဘေးလွတိရာသို့ ကယ်ထုတ်သည်။ ချီးမွန်းစရာကောင့်းသည်မှာခလရ ၁ ၂၅ ၊၁၂၉ ဌာနချုပ် မှ ရန်သူကို ၅.နာရီကျော်ကြံ့ကြံ့ ခံ တိုက်ခိုက်ခဲ့သောရဲမေများ၏ပြောစကားပင်ဖြစ်သည်။ `` ကျမတို့ယောင်္ကျားတွေကိုစစ်မြေပြင်မှာ ထားခဲ့ပြီး ကျမတို့ဘေးလွတ်ရာကို ရှောင်မသွားနိင်ပါဘူး၊ သေလဲအတူတူ ရှင်လဲအတူတူဘဲ ´´ဟု ပြော၍ စစ်မြေပြင်ကိုစွန့်ခွာရန်ငြင်းဆနိနေချင်းပင်ဖြစ်သည်။အခွင့်အရေးတစုံတရာမတောင်းဆို စစ်မြေပြင်ကို မစွန့်ခွာဖို့ကိုသာတောင်းဆိုနေခဲ့သည့်၊အာဂသတ္တိခဲများပါပေ...



 သမိုင်းတလျှောက်အမြန်ဆုံးသောစစ်ကူ


မြန်မာ့တပ်မတော်သည် ဗကပနှင့် သမိုင်းနှင့်ချီသောတိုက်ပွဲကြီးများ တိုက်ခဲ့သည် ။ယင်းစစ်ပွဲများအနက် ဖုန်ကြားရှင်နှင့်တိုက်ခဲ့သော လောက်ကိုင်စစ်ပွဲသည် ၊ရနိသူဖြတ်တောက်ပိတိဆို့မှု့များကို ကျော်ဖြတိ၍ အမြန်ဆုံးသောစစ်ကူပေးနိုင်မှု့အဖြစ်မှတိတမ်း ၀င်ခဲ့ပါသည်။ ထို့ထက်ပိုသော ထိုစဉ်က ကျနော်တို့သတိမထားမိခဲ့သော အချက်မှာ မြန်မာ့တပ်မတော်၏ တပ်တည်တပ်လှူပ်နှင့်တပ်ရွှေ့ပြောင်းမှု့တို့ဘဲဖြစ်သည်။ တဖြေးဖြေးတော့ရေးရေးပေါ်လာသည် ၂၀၁၄ ခုနှစ်သတင်းဖေါ်ထုတ်ချက်များ၊ တပ်မတော်ခေါင်းဆောင်များ၏သတငိးစာရှင်းလင်းပွဲ၊ ကာချုပ်ကြီး၏ ငြိမိးချမ်းရေးဆွေးနွေးပွဲတွင်သတိပေးချက်များကိုကြည့် ပြီး တပ်မတော်၏ စစ်ရေးပြင်ဆင်ချက်များကိုကောင်းစွာသဘောပေါက်လာသည် ၊ နာရီပေါင်း၈၀ အတွင်း တပ်မတော်မှ တင့်ကားများ၊ဒုံးပစ်လောင်ချာများ၊ယဉ်တင်အမြောက်ကြီးများနှင့်ခြေမြန်တပ်မများသည် မိမိတို့၏ Admin line များ၊ ကိုးကန့်၊ နယ်မြေနှင့် UWSA ၊SSA၊ KIA ၊TNLA မြေတို့အားဝိုင်းပတ်ပိတိဆို့ထားလိုက်ပြီးဖြစ်ပါသည်။ နောက်ထပ် ၀င်မရ ၊ထွက်မရ တပ်မတော်၏တပ်မကြီးများအားလုံး အားတနိ့လှန့်ထားပြီး ရန်သူကိုရင်ဆိုင်ထားသည့်တပ်များမှလွဲ၍ အချက်အချာနေရာများတွင် ၀င်ရောက်တပ်စွဲလိုက်ပါပြီ ၊ ထို့အတူ တပ်မတော်၏ တိုက်လေယာဉ်နှင့် ဗုံးကြဲလေယဉ်ကြီးများသည်၊အနီးဆုံးလေယဉ်ကွင်းများမှ ပျံသန်းတိုက်ပွဲဝင်ရန် လေယာဉ်အုပ်များနှင့်လေယဉ်မှူးများကို ပြောင်းရွေ့ နေရာချထားလိုက်ပါသည်။ ထိုအချက်ကိုများကို တပ်မတော်ကို အထင်အမြင်သေး သုများ၊ကိုးကန့်လောက်တောင်နိုင်အောင်မတိုက်နိုင်ဘူးဟု ၀မ်းသာအားရဖြစ်နေသူများ သိမြင်နိုင်လိမ့်မည်မထင်ပေ ။




ပြောင်းလွဲသွားသည့်ဖုန်ကြားရှင်ဗျူဟာ


ဒီအချိန်မှာ ဖုန်ကြားရှင်ဟာ မိမိမဟာမိတ် FUAတပ်များကိုလည်းမျှော် လင့်မရနိုင်တော့ တိုက်စစ်လည်းဦးကျိုးနေပြီမို့ ချောင်းမြောင်းပစ်ခတ်သောပျောက်ကြားဗျူဟာကိုပြောင်းလဲသွားပါတော့သည် ကယ်ထုတ်လာသော အကျဉ်းသားအမျိုးသမီးယဉ်တနိးကိုချောင်းပစ်လို့ :၉ ဦးဒဏ်ရာရသလို၊ ဘေးလွတ်ရာပို့တဲ့အရပ်ဖက်ယဉ်တနိး၊ ကြက်ခြေနီယဉ်တန်း ၊ဆေးရုံပါမချနိပစ်ခတ်တိုက်ခိုက်ပါတယ်၊လောက်ကိုင်အပြင်ဖက် ကြံတောများကနေ စနိုက်ပါနဲ့ချောင်းပစ်သလို၊ဒကစလောက်ကိုင်နဲ့ အုပ်ချုပ်ရေးမှူးပယ်စောက်ချိန်အိမ်တွေကို အရပ်ဝတ်စနိုက်ပါတွေနဲ့တိုက်ခိုက်ခံရပါတယ်။
ဒါကြောင့်တပ်မတော်ဟာ လောက်ကိုင်နယ်မြေထဲကို ယဉ်တင်အမြောက်ကြီးများ၊သံချပ်ကာများ ၊စနိုက်ပါတပ်ဖွဲ့များကို စတင်ပို့ဆောင်သလို တပ်ရွှေ့ပြောင်းမှု့တွေမှာ MI.17တွေ ၊လက်နက်ကျည်ရိက္ခာပို့ဆောင်မှုတွေမှာ စတင်အသုံးပြုလာသလို ချေမှူန်းရေးတွေမှာ လေယဉ်၊အမြောက်၊သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးတွေကစတင်လုပ်ဆောင်လာပါတော့တယ်။


လမ်းကြောင်းလုံခြုံရေး
 

ဝင်ရောက်လာတဲ့ခြေမြန်တပ်မတွေဟာ ချောင်းမြောင်းတိုက်ခိုက်တာတွေရပ်တန့်စေဖို့ လမ်းကြောင်းလုံခြုံရေး တိုက်စစ်တွေကိုစလုပ်ပါတယ်။ကြက်ခြေနီယဉ်တနိးကိုချောင်းပစ်တဲ့လောက်ကိုင်ချင်းရွှေဟော် လမ်းဘေးက အခိုင်အမာခံစစ်ယူထားတဲ့ လုံထန်တောင်ကြောကို ၈.၂.၁၅ မှာစရှင်းပါတယ်၊ ရန်သူဟာ ထုံးစံအတိုင်း ဆက်သွယ်ရေးမြောင်းတွေ၊ခံကတုပ်တွေ လှိုင်းခေါင်းနဲ့ မြေခွေးကျင်းတွေနဲ့ အခိုင်အမာခံစစ်ယူထားပါတယ်။ တပ်မတော်အမြောက်တပ်ဖွဲ့နဲ့ဟောင်ဝစ်ဇာအမြောက်ကြီးတွေဟာ လုံထံတကြောကို မရေမတွက်နိုင်အောင်ပစ်ပါတယ်၊ အမြောက်အပစ်ရပ်တာနဲ့ ၊အချိနိကိုက်ပျံသန်းလာတဲ့ K.8 လေယဉ်တွေက ဗုံးဝင်ကြဲပါတယ် ၊ ဆင်းပြေးတဲ့ရန်သုကို MI.35 တွေက ဒုံးပစ်လောင်ချာတွေ၊စက်သေနတ်တွေနဲ့ပစ်ပါတယ်၊ ညနေ ၁၇၀၀နာရီအထိ တလှည့်စီ အမှည့်ချွေချွေပြီး မှ စခမ်းသိမ်းမည့်ခြေလျှင်တပ်တွေက၊ ကျားတက်ထိုးသလိုဘဲအော်ဟစ်ပါတယ်၊ မြေခွေးကျင်းတွေထဲမှာ မသေဘဲကျန်ခဲ့တဲ့ရန်သူတွေက ကျားတက်ထိုးပြီထင်လို့ မြေခွေးကျင်းတွေကနေထွက်လာချိန်မှာတော့ A.5 နည်းဗျူဟာ ဗုံးကြဲလေယဉ်တစီးဟာ အသံအလျှင်နီးပါး နဲ့ တစီးတည်းပျံသန်းဝင်ရောက်လာပြီး ပါလာတဲ့ ပေါင် ၅၀၀ ဗုံး ၄လုံးတွဲကို တပြိုင်တည်းဖြုတ်ချလိုက်ချိနိမှာတော့ လုံထန်တောင်ကြီး သိမ့်သိမ့် တုံသွားပါတော့တယ်။ စခန်းသိမ်း။ခြေလျှင်တပ်တွေရောက်လာချိန်မှာတော့ ကွေးကောက် ကျိုးပဲ့နေတဲ့ရန်သူလက်နက်တွေနဲ့ ဆင်းပြေးလို့ပြန့်ကြဲနေတဲ့ရန်သူအလောင်းတချိုနဲ့ ကျနိအလောင်းတွေက လုံထန်တောင်မှာ ထာဝရမြေမြှူတ် ပြီးသားဖြစ်လို့နေပါပြီ ။

မိမိတို့ တပ်မတော် ခလရ.၂၁၇ ကကြက်ခြေနီကအစ ပစ်ခတ်နေတဲ့ လုံထန်ကြောကို ၂၁.၂.၁၅ မှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ကူယူပြီး တက်ရှင်းခဲ့ကြောင်း  ရေးသားခဲ့ပြီးပါပြီ ထိုတိုက်ပွဲမှာတော့ မြနိမာ့တပ်မတော်ကကျဆုံးမှု့မရှိဘဲ ၄.ဦးသာဒဏ်ရာရခဲ့ပါတယ်။




ခင်ဗျားတို့ပြောသောခပ်ညံ့ညံ့တပ်မတော်


ဒီအချိန်မှာ အင်အားအလုံးအရင်းနဲ့ ကိုးကန့်နယ်မြေထဲကို ၀င်ရောက်ပြီး မိမိတို့အချေချတပ်တွေကိုချေမှူန်းဖို့နဲ့ နယ်မြေသိမ်းဖို့ဝင်ရောက်လာတဲ့ဖုနိကြားရှင်ထိုးစစ်ဟာ ခင်ဗျားတို့ နိုင်ငံရေးသမားနဲ့မီဒီယာတွေ အမုန်းတရားနဲ့ဝါဒဖြန့်နေတဲ့ အရည်အချင်းမရှိ၊တိုက်စွမ်းရည်ကျနေပြီဆိုတဲ့ မြနိမာ့တပ်မတော်ကြီးက တပါတ်မပြည့်မှီအပိုင်းပိုင်းရိုက်ချိုးလိုက်ပါပြီ ၊ ဒါတင်မဟုတ်သေးပါ ...

လောက်ကိုင်ရဲ့ဝင်လမ်းထွက်လမ်းဟာ တကယ်တော့ ၂ ခုဘဲရှိတာပါ။ တကြောင်းက ကွန်လုံ ချင်းရွေဟော် ပါစင်ကျော် လောက်ကိုင်လမ်းကြောင်းဖြစ်ပြီး ၊ကျန်တကြောင်းက တာမိုးညဲ မုန်းစီး.တာပါး.ကုနိးကြမ်း.လောက်ကိုင်လမ်းဖြစ်ပါတယ် ။ ဒီဆက်သွယ်ရေးလမ်းကြောင်းတွေကို တပ်မတွေကပိတိဆို့ထားလိုက်ပါပြီ။တိုက်ပွဲအစမှာ ဖုန်ကြားရှင်အရေးသာချိနိမှာဘဲ TNLAနဲ့AAက မိမိတပ်များပါဝင်တိုက်ခိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သလို လူမှု့ကွန်ယက်က UWSA နဲ့ KIAသတင်းဌာနတွေက ၄င်းတို့တပ်တွေပါကြောင်း ပုံနဲ့သတင်းတွေလက်နက်တွေတင်ခဲ့ကြပါတယ်။ တကယ်က ဖုန်ကြားရှင်ရဲ့ တိုင်းရင်းသားသွေးစီးညီညွတ်ရေးတပ်မှာ မိတိဆွေဟောင်းကြီးဖြစ်တဲ့ UWSAက တပ်မဟာ(၄.)ခု၊ ကိုးကနိ့က ၁၀၀၀ လောက် KIAက ၃၀၀ လောက် TNLA နဲ့AAက ၁၀၀ လောက် ပူးပေါင်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ထို့အတူ မိမိတို့တပ်မတော်ရဲ့ကြားဖြတ်စက်တွေမှာ တရုပ်၊ကချငိ၊၀ နဲ့ကိုးကန့်တွေရဲ့ စကားပြောသံတွေကို ကြားနေရပါတယ်။ တိုက်ပွဲဖြစ်ပြီး ၂၀.၂.၁၅ မှာဘဲ UNFC က ဖုန်ကြားရှင်ကို ထောက်ခံကြောင်း ခပ်တည်တည် ကြေငြာချက်ထုတ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ မြန်မာ့တပ်မတော်ခြေမြနိတပ်မတွေ အတွဲလိုက်ဒုံးပစ်ယဉ်တွေ၊ အမြောက်တင်သံချပ်ကာတွေနဲ့၊လူသယ်သံချပ်ကာယဉ်တွေ ၊ BTR တွေက လောက်ကိုင်နဲ့ဝဒေသကိုဖြတိတောက်ထားပြီး မုန်းစီးတာပါးနဲ့ ကြူကုတ် ပနိးဆိုင်းဘက်ကနေဖြတ်တောက်ပိတိဆို့ထားပြီးပါပြီ ၊လောက်ကိုင်ဒေသတခုလုးံ ကိုမျဉ်းခွာပုံ ၀ိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်ပါတယ်၊ ဒီလို အချိနိတိုတိုအတွင်း ရန်သုကို ၀ိုင်းပတ် ပိတိဆို့နိုင်ခြင်း၊ တနိပြန်တိုက်စစ်ဆင်နွှဲနိုင်ခြင်း၊မိမိတပ်များ အရပ်သားများကိုကယ်ထုတ်နိုင်ခြင်းဟာ မြနိမာ့တပ်မတော်သမိုင်းမှာ ဒီတကြိမ်မျက်ဝါးဝါးထင်ထင် တွေ့မြင်ရခြင်းဘဲဖြစ်ပါတယ်။



 ခင်ဗျားတို့ပြောနေတဲ့ခပ်ညံ့ညံ့တပ်မတော်ကြီးဟာ အရှေ့မြောက်တခွင်ကို လုံးဝပိတိဆို့လိုက်ပါပြီ၊ ၁၉၈၈ခုနှစ်လောက်က တပ် ၈ ခုလောက်နဲ့ စစ်လက်နက်မပြည့်မစုံတဲ့တပ်မတော်ဟာခုချိနိမှာတော့ နာရီပေါင်း၅၀နှင့်၈၀ကြားမှာ ပြည်တွင်းလက်နက်ကိုင်အားလုံးကို ပြည်ပအကူအညီမပါလျှင် တပြိုင်တည်းရင်ဆိုင်နိုင်ကြောင်း ကိုသံသယဖြစ်ဖွယ်မရှိတော့ပါ ။ဒီအချိနိမှာမြနိ့မာ့တပ်မတော်နဲ့ နိုင်ငံတကာမီဒီယာတွေက လောက်ကိုင်စစ်ကိုခရိုင်းမီးယားနဲ့ ခိုင်းနှိုင်းလာကြလို့ တရုပ်သတင်းဌာနတွေက ငြင်းဆိုနေရပါတယ်၊ ဒါကလဲတပ်မတော်အနေနဲ့ ဖုနိကြားရှင်ကိုနိုင်ငံကျူးကျော်စစ်သဖွယ် ပြတိပြတိသားသားတိုက်ခွင့် ရလိုက်ခြင်းပါဘဲ၊ နိုင်ငံရေးသမားမီဒီယာတွေနဲ့ အတိုက်အခံပါတီရဲ့ တိုင်းရင်းသားတွေကိုရက်ရက်စက်စက်ချေမှူန်းတယ် ဆိုတဲ့ ပစ်မှတ်ကလွတ်ခဲ့သလို အနောက်မီဒီယာတွေနဲ့အစိုးရတွေကလဲ တပ်မတော်ရဲ့တိုက်ခိုက်မှု့အပေါ်ရေငုံနှူတိပိတ်ပြီး စောင့်ကြည့်နေခဲ့တယ်ဆိုရင်မမှားပါဘူး။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပါတဲ့သူတွေတာဝန်ယူရမယ်ဆိုတဲ့စကားကြောင့်လဲ UWSAနဲ့ KIA ကို နောက်ဆုတ်ပြီး ပေါ်ပေါ်တင်တင်မကူညီရဲတဲ့အခြေအနေဖြစ်သွားပါတယ်။


 
ဆက်စပ်ဖတ်ရှုရန်

 

ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( က ) - Starshinester

 ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( ခ ) - Starshinester

No comments:

Post a Comment