Friday, March 8, 2013

E-Cinema နှင်. ဇီဝိန်ချုပ်နှင်.သော မြို.လေးက ဘိုင်စကုပ်ရုံများ

တကယ်ကတော. အစကောင်းမှ အနှောင်းသေချာသည်ဟူသော စကားပုံကိုပင် ပြောင်းပစ်ရတော.မမလိုလို .......

အဘယ်ကြောင်.ဆိုသော်ကျွန်တော်တို. တိုင်းပြည်က အရာအတော်များများတွင် အစပိုင်းတွင်အသာရခဲ့ကြသည် (ဥပမာ .တစ်ချိန်ကအရှေ.တောင်အာရှ ဒေသဆိုင်ရာလေဆိပ်...တစ်ချိန်ကလှပသောနာမည်ကျော် Rangoon...တစ်ချိန်ကလာလေ.လာကြ၇သော ရန်ကုန်ဘူတာကြိးနှင်.မြို.ပြ သယ်ယူပို.ဆောင်ရေးစနစ်...တစ်ချိန်ကအာရှဘောလုံးလောကထိပ်သီး ..စသည်ဖြင်. ....)သို.သော်နောက်ပိုင်းရောက်လာလေ ...တစ်ဖြေးဖြေး ကျဆင်းလာလေသဘောမျိုးဖြစ်နေသည်....ထိုအထဲတွင်မြန်မာ.ရုပ်ရှင်လောကရော....
သူလဲဘယ်နေလိမ်.မလဲ ...အာရှရုပ်ရှင်လောက၏ စဦးခောတ်များတွင် မြန်မာ.အနုပညာရှင် မြန်မာ.ရုပ်ရှင်သည် အတိုင်းအတာ တစ်ခုထိတော. လူရိုသေ ၇ှင်ရိုသေရှိခဲ့သည်....
ယခုကျတော.ရော.....


 ဟိုးအရင်က တစ်နှစ်လျှင် ကားပေါင်း ၅၀အထက်ထိ ၇ိုက်ကူးထုတ်လုပ်နိုင်စွမ်းသော မြန်မာ.ရုပ်ရှင်လောက က ယခု ကား၂၀ ပင်လျှင် အနိုင်နိုင် ...တစ်ခုတော.ရှိပါသည်....အနုပညာ..အတတ်ပညာ..ဈေးကွက် စသည်တို.ကိုမပြောလိုပဲယခုက ရုပ်ရှင်ရုံအကြောင်းကိုသာ ရေးသားလိုခြင်းဖြစ်သည်...ဘယ်လောက်ရုပ်ရှင်ကောင်းအောင်ရိုက်ရိုက် ပြစရာရုံမရှိလျှင်...........? ရန်ကုန်တွင်ပဲကြည်. ဟိုး ယခင်က ရုပ်ရှင်ရုံ မည်မျှ ရှိပြီး ယခုမည်မျှရှိနေပါသနည်း....အရေအတွက်တူလျှင်တူမည် Capicity တော.ကွာလိမ်.မည်...


မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချပြီးသည့် ရုပ်ရှင်ရုံ ၁၃၆ ရုံရှိပြီး အများစုမှာ ရုပ်ရှင်ရုံသီးသန့် ပြန်လည်တည်ဆောက်ခြင်းမျိုး မဟုတ်ဘဲ အထပ်မြင့် အဆောက်အအုံများတွင် Mini Theatre များထည့်သွင်း တည်ဆောက်ခြင်းများသာ ပိုမိုများပြားသည် ..
ယခုအခါ နှစ်ရှည်ငှားရမ်းထားသည့် ရုပ်ရှင်ရုံ ၂၇ ရုံ ရှိပြီး အဆိုပါ ရုပ်ရှင်ရုံများကိုလည်း ထပ်မံရောင်းချခြင်း ပြုတော့မည် မဟုတ်ကြောင်း သိရသည်....ယခင်ရုံတစ်ရုံအစား ယခု ဈေးဝယ်စင်တာရုံ ၃ရုံပေါင်းလို. ခုံအရေအတွက်တူမည်မထင်....တကယ်တော.လည်း ထိုရုပ်ရှင်နှင်.ဆက်စပ်ဗီဒီယိုလောကသည် နည်းသောအင်အားတော.မဟုတ်....ယခုကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင်. ထုတ်လုပ်သူ ၃၂၈ ဦး..ဖြန်.ချီသူ ၂၁၅၁ ဦး ...အခွေအငှားဆိုင် ၁၂၃၃၅ (တရားဝင်) ...ရိုက်ကူးရေး လုပ်ငန်းရှင် ၁၇၄ဦး...ကူးယူရေးလုပ်ငန်း၇ှင် ၁၁၂ ဦး (တရားဝင်)...Show ရုံပေါင်း ၁၀၁၆၅ ဦး အနုပညာ၇ှင် အတတ်ပညာရှင် ၄၀၀၀ ကျော် ဆယ်နွယ်လူဦးရေ ၅၀၀၀၀ ခန်.အား အလုပ်ပေးထားနိုင်ပြီး နိုင်ငံတော်အတွက် နှစ်စဉ်အခွန်အခအမျိုးမျိုး သိန်း၅၀၀၀ ခန်.ရှာဖွေပေးနေသော လုပ်ငန်းကြိးတစ်ခုဖြစ်သည်....တစ်ကယ်ကတော. ၁၉၈၈ နောက်ပိုင်း ရုပ်ရှင်ဖလင်ရှားပါးမှုမှ တစ်ဆင်.ပေါ်ထွက်လာသော Video ဈေးကွက် ..ထိုမှတစ်ဆင်. တစ်ဆင်.မြင်. DVD ဈေးကွက် စသည်ဖြင်. ကျယ်ပြန်.လာသော်လည်း မူရင်းရုပ်ရှင် လုပ်ငန်းမှာမူ .........


ယခုတော.DVD ကားများရိုက်ကူး မှုများကို ၂၀၁၃ ဇန်န၀ါရီ ၁ ရက်မှစကာ ပိတ်ပင်လိုက်ပြီး ရှိပြီးသားကားများကိုသာ ရက်ညှိုရုံတင်စေခဲ့ပြီး Video ကားတစ်ကား ရိုက်ရက် ၁၀ ရက် ရုပ်ရှင်တစ်ကား ရိုက်ရက် ရက်၂၀ အနည်းဆုံးတော.ရှိ၇န် ကန်.သတ်၍ အရည်အသွေးကိုဆွဲတင်နေသည်ကိုမြင်တွေ.ရပါသည်....ထို.အပြင်ပြသရေးပိုင်းတွင်လည်း ဖလင်ကြောင်.ဖြစ်ရသော သယ်ယူငှား၇မ်းပြသစ၇ိတ် ကြီးမြင်.မှု ...သက်တမ်းကြာခောတ်မမှီ ပြစက်နှင်.အသံစနစ်တို.ကြောင်.အရည်အသွေးကျဆင်မှုတို.အတွက် E-Cinema ခောတ်ကိုပြောင်း၇န်ကြံစည်နေကြသည်.....E-Cinema ဆိုသည်က သတ်မှတ် နေရာမှ ရုပ်ရှင်ကားကို Digital Syetem ဖြင်.ထုတ်လွှင်.ပြီး ထိုအချိန်တွင် ပြသမည်.ရုပ်ရှင်ရုံအားလုံးက ဖမ်းယူတိုက်ရိုက်ပြသသော စနစ်မျိုးဖြစ်သည်.....ထို.အတွက် အသံ..အရုပ်အရည်အသွေး တစ်ပြေးညီဖြစ်မည်ဖြစ်သလို....ဖလင်စ၇ိတ်မကုန်ခြင်း...သယ်ယူပို.ဆောင်စရိတ်မလိုခြင်း...Copy အတွက်ကြောင်.ရက်စောင်.ရန်မလိုခြင်း..စသည်.ကောင်းကျိုးတို.ရှိသလို တစ်နိုင်ငံလုံး၏ ပြသချိန်တစ်ပြေးညီဖြစ်ရန်...လိုအပ်သော ကနဦး စက်များတပ်ဆင်ရန်စ၇ိတ်...နည်းပညာသင်ကြားပေး၇န်နှင်.ချိန်ညှို၇န်လိုအပ်သော အခြားကိစ္စများ ကဲ့သို.စီစဉ်ဖွယ်များကလည်း အတော်များများတော.ရှိနေသေးသည်.....လောလောဆယ်တော. ရုပ်ရှင်ဇာတ်ကားများ Digital စနစ်ဖြင်. ရုံတင်ပြသ၇န် Digital Editing အခန်းတစ်ခုတည်ထောင်ရန်အတွက်လိုအပ်သော ကွန်ပြူတာနှင်. ဆက်စပ်ပစ္စည်း ၁၂၁ သိန်းဖိုးကိုတော. ရုပ်ရှင်အစည်းအရုံးက ၀ယ်ယူတပ်ဆင်ပြီးဖြစ်သည်.....

ထိုသတင်းက ကျွန်တော်တို.မြို.လေးဆီမှ သေဆုံးနှင်.ပြီးသော ရုပ်ရှင်ရုံလေးများ ကြားသွားခဲ့ပါလျှင်........

ပြိုကျသွားခဲ့သော ပတ္တမြား ရုံနေရာရှိ လဘက်ရည်ဆိုင်
 အရင်တုန်းက မြို.လေးမှာ ရုံဟောင်းလို.ခေါ်တဲ့ ပတ္တမြားဆိုတဲ့ ရုပ်ရှင်ရုံလေးရယ် ရုံသစ်လို.ခေါ်တဲ့ေ၇ွှပြည်အေးဆိုတဲ့ ရုပ်ရှင်ရုံလေးရယ် ရုပ်ရှင်ရုံ ၂ခုရှိခဲ့ဖူးပါတယ်....ပတ္တမြား ရုံကတော. တစ်ထပ်တည်းပါပဲ ..ကြည်.စရာက ၂တန်းရှိပါတယ်...ကြားဖူးသလောက်ကတော. ရှေ.တန်းက တစ်မတ်ပေးရပါတယ်...ဖျာတွေခင်းပေးထားပြီး နောက်တန်းက ငါးမူး (ပြား၅၀ ) ပေးရပါတယ်...နောက်တော. ငါးမူး တစ်ကျပ် နောက်တော. တစ်ကျပ်၂ကျပ်ကနေအဆင်.ဆင်.တက်လာတာပါ ...နောက်တော.မှာေ၇ှ.တန်းက အမှီမပါတဲ့ ခုံတန်းရှည်တွေ ဖြစ်ပြီးနောက်တန်းကတော. လက်တင်..ကျောမှီပါတဲ့ ကုလားထိုင်ပုံခုံတန်းရှည်တွေပါ...ဒီရုံလေးက အသ့တိတ်ခောတ်တည်းက ပြသတဲ့ရုံဖြစ်ပြီး ပိတ်ကားရဲ. ညာဘက်ထောင်.မှာ ရုပ်ရှင်ဇာတ်ကွက်ကို သရုပ်ဖော်တီးပေးရတဲ့ဆိုင်းဝိုင်းရှိပါတယ် ...စစချင်းရက်ဆိုရင်တော.ဆိုင်းဝိုင်းနဲ. ဇာတ်ကားအသားမကျတော. ရီစရာလေးတွေတော.ဖြစ်တတ်ပြီးနောက်ရက်တွေဆို ရင်တော.အဆင်ပြေသွားပါပြီ...အဲဒီခောတ်က စာတန်းထိုးခောတ်ဆိုတော. မင်းသမီးကငိုပြနေချိန် စာတမ်းကမင်းသမီးငိုနေသည် ထိုးချိန်မှာအောက်ကဆိုင်းဝိုင်းကအလွမ်းတီးလုံးလေးနဲ. သူ.ခောတ်နဲ.သူတော. အဆင်ကိုပြေလို. ....စာမတတ်သူတွေ အဲဒိတုန်းကရှိနေသေးတာရယ်..မျက်စိမကောင်းသူတွေရယ်...ကိုယ်စာဖတ်တတ်တာကိုဂုဏ်ယူကြသူတွေ (အဲ့ဒီခောတ်က) ရဲ.အော်ဟစ်ဖတ်နေတဲ့အသံ ..ဆိုင်းဝိုင်းရဲ.ဇာတ်ပို.တီးသံတွေနဲ. ရုံထဲမှာတော. ပျင်းနေချိန်မရလောက်ဖူးထင်ပါတယ်....သိမှီလိုက်တာကတော.အဲ့ဒိဆိုင်းဝိုင်းမှာ ပတ္တလားတီးတာ ဦးငြိမ်းမောင်ပါ....နောက်အဲ့ဒီခောတ်က ရုပ်ရှင်ကားလိုက်ကြော်ငြာရင် ဦးရွှေဥ ဆိုတဲ့သူက မောင်းလေးတီးပြီး လိုက်ကြော်ငြာလေ.ရှိပါတယ်...ဒါကြောင်.လဲ အဲ့ဒီခောတ်(၁၉၆၀ ၀န်းကျင်ခန်.)က အ၇မ်းအတင်းပြောတတ်သူ ..ပါးစပ်ဖွာသူကို ရွှေဥမောင်း လို.နောက်ကြပါတယ်....
ခုတော.အဲဒီရုံမရှိရှာတော.ပါဘူး ...နောက်ဆုံး စည်စည်ကားကားတင်ခဲ့တာဆိုလို. သူ.ကျွန်မခံပြီ ကားကနောက်ဆုံးထင်ပါတယ် ...ရုပ်ရှင်ရုံကို Video နဲ.အသက်ဆက်ဖို.ကြိုးစားခဲ့ပေမယ်.လည်း နောက်ဆုံးဘယ်လိုမှမတတ်နိုင်ပဲ ရပ်တန်.ထားလိုက်ရပြီး ပြီးခဲ့တဲ့ ၅ နှစ်ကျော် အချိန် တစ်ရက်မှာတော. အလိုလိုပြိုကျဇာတ်သိမ်းသွားခဲ့ရပါတယ်....ခုတော.
ဒီရှေ. ဘက်လေးမှာ လဘက်ရည်ဆိုင်လေး ဖွင်.ထားပါတယ် အနိစ္စဆိုတဲ.ဟာက ဒီနေရာမှာတော. သိသိသာသာကို မြင်နေရတာပါပဲ အရင်က စည်ကားခဲ့တဲ့ ရုပ်ရှင်ရုံလဲ မရှိတော.ဘူး အရင်က သူ.ဘေး ပတ်ချာလည်မှာ ပြွတ်သိပ် ကြပ်ညပ် နေခဲ့ကြတဲ့ ပတ္တ မြား ကွက်သစ်လို.ခေါ်တဲ့ အိမ်စုလေးတွေလဲ မရှိတော.ဘူး ဒီရုံရှေ.က ပန်းပင်တွေပိတ်နေအောင်စိုက်ထားပြီး ၃ ခန်းတွဲ အိမ်အကျယ်ကြီးနဲ. ၅ တန်းကနေ ၇ တန်းအထိကျောင်းသားအတော်များများ တက်ခဲ့ကြတဲ့ဆရာမ ဒေါ်ကြူကြူ တင်တို.ရဲ. အိမ် ကြီးလဲ မရှိတော.ဘူး လူဟောင်းတွေ အစား လူသစ်တွေ အိမ်ဟောင်းတွေအစား အိမ်သစ်တွေ အစားထိုးနေရာယူသွားကြပါပြီ .. ခုမြင်နေရတဲ. နေရာလေးရဲ. ညာဘက်ထိပ်နား လမ်းပေါ်က ကိုတင်ဝင်း ရဲ.စာအုပ်ဆိုင်လေး...ခုမြင်နေရတဲ.ညာဘက်ခြမ်း မှာရှိတဲ. ရှေ.ဘက်အတန်းတွေကို ၀င်တဲ.၀င်ပေါက် အဲ.ဒီထိပ်နားက မုန်.မျိုးစုံ. ဇီးထုပ် .နေကြာစေ. စတာတွေတွေရောင်းတဲ့ဆိုင်လေး....အလည်လောက်မှာရှိတဲ. အနောက်ဘက်တန်း ၀င်ပေါက် သူတို.ကြားက လက်မှတ်ရောင်းတဲ.အပေါက်..အပေါ် မှာ.ချိတ်ထားတတ်တဲ့ မကြာမှီ ဆိုတဲ. ဇာတ်ကားကြော်ငြာတွေ ဒီဘက် ဘယ်ဘက်ထိပ်နားက နောက်တန်းထွက်ဖို.ထားတဲ့ အပေါက်တစ်ခု...ုရုံရှေ.မှာ ညဘက်ဆို ရောင်းတတ်ကြတဲ. အတန်းလိုက်ရောင်းနေတတ်ကြတဲ့ဗမာမုန်.စစ်စစ် မုန်.ပဲသရေစာ ရောင်းတဲ.ဆိုင်လေးတွေ  ...ဒီပုံရဲ. ဘယ်ဘက် နားလောက်မှာ ရှိတဲ. ကမ်းနားကို ဆင်းသွားလို.ရတဲ.အုတ်နီခဲလေးတွေ ခင်းထားတဲ့ ပတ္တမြား လမ်းကြားလေး ....အဲဒီလမ်းလေးထိပ်က ပေါ်ဦး စာအုပ်ဆိုင်.. သီတင်းကျွတ်လပြည်.လို. ...တန်ဆောင်တိုင်လပြည်.လို..၀ါဆိုလပြည်.လို နေ.ကြီး ရက်ကြီးတွေဆို တောက နေ တကူးတက ရုပ်ရှင်လာကြည်.ကြတဲ. လူတွေနဲ. မြို.က လူငယ်လေးတွေ အုပ်လိုက် ပြုလိုက် တိုးဝှေ. လက်မှတ်ဝယ် စည်ကားနေပုံလေးတွေ..ခုတော.အားလုံး ရွှေ.သူရွှေ. .... ပျောက်သူပျောက်...ပျက်သူပျက်....

ရွှေပြည်အေးရုံ အဆောက်အဥိး
 နောက်တစ်ရုံကတော. ရုံသစ်လို.ခေါ်ကြတဲ့ ရွှေပြည်အေးရုံပါ...သူကတော. အပေါ်ထပ် အထူးတန်းပါပြီး အောက်က၂ တန်းနဲ့ဆို အတန်း၃ တန်းပါတဲ့ ရုပ်ရှင်ရုံပါ...ဒီ၂ ရုံက ကပ်လျှက် ရပ်ကွက် ၂ခုမှာရှိနေတာပါ...၂ရုံလုံးမှာ ရုပ်ရှင်ကြေငြာတဲ့ လှည်းလေးတွေရှိပြီး အသံချဲ.စက်တပ်ထားတဲ့ လက်တွန်းလှည်းလေးတွေပါ ....ကြေငြာတဲ့ လူရဲ.အသံကိုကြားတာနဲ့ ဒါဘယ်ရုံကဆိုတာ သိနေကြပါတယ်...ဒီရုံရဲ. အပေါ်ထပ်ကတော. အဲဒီခောတ်ပိုက်ဆံ ရှိတဲ့သူတွေ..အတွဲတွေ ကြည်.လေ.ရှိတဲ့နေရာပါ....နေ.လည်ဘက်ကျောင်းပြေးတဲ့ကျောင်းသားအချို.လည်း ကြည်.တတ်ကြပါတယ်..၂ရုံလုံးက ပြတင်းပေါက်တွေက အောက်ကနေကြိုးနဲ.ဆွဲပြီးပိတ်ရတဲ့ ဟိုးအပေါ်က အလင်းဝင်ပေါက်တွေပါ....နေ.လည်ဘက်အတွဲတွေကြည်.နေရင် ကျောင်းသားတွေကရုပ်ရှင်ပြနေတော.မှ စရင်း နောက်ရင်း အဲ.ဒီအလင်းပေါက်တွေ လိုက်ဖွင်.တာကလည်း ပျော်စရာ တစ်ခုပါ...ကျောင်းသွားကြရင်း ရုပ်ရှင်ရုံ ၂ရုံ ၇ှိတဲ့ဘက်ကနေသွား မပြသေးတဲ့ကားပိုစတာတွေ လိုက်ကြည်. ...ပိုစတာအသစ်လဲတဲ့ရက်ဆိုကြည်.လို.တောင်မ၀ဘူး....ဘယ်ကားလာရင်တော.ကြည်.ကြမယ်ပေါ. 

ေ၇ွှပြည်အေးရုံ လက်မှတ်ပေါက်
 ...နောက်ပိုင်းတော. သူတို.လည်း DVD..ဘောလုံးပွဲ ..စတာတွေနဲ. အသက်ဆက်ခဲ့ကြပေမယ်. ဘယ်လိုမှမရတော.ပဲ ရပ်တန်.ပလိုက်ရပါတော.တယ် .အဲဒီရုံလေးကလည်း ဘယ်ဘက်မှာက လက်မှတ်ပေါက်နဲ.ေ၇ှ.တန်းတွေဆီဝင်တဲ့အပေါက်..အလည်မှာက အောက်ထပ်ဝင်တဲ့အပေါက်...ညာဘက်မှာက အပေါ်ထပ်ကို တက်တဲ့လှေကား ပေါက်နဲ. သူ.ေ၇ှ.မှာက ၀ါးခယ်မ -ပထမTV Game ရုံ..ရှေ.မှာကကွက်လပ်ကျယ်..မုန်.ဆိုင်လေးကေ၇ှ.တွေမှာရော..ဘေးမှာရော.မုန်.ဆိုင်အကြီးကြီးက လက်မှတ်ပေါက်ရဲ.ဘေး ရုံဘက်မျက်နှာလှည်.ထားပါတယ်.. ....ကားကောင်းတဲ့ရက်များဆို 
ကြိတ်ကြိတ်ကိုတိုးလို. .....

ရွှေပြည်အေးရုံ ဘေးဘက်ဝင်ပေါက်
 .ခုတော.ရောင်းမယ်ဆိုတဲ့ဆိုင်းဘုတ်ကို လည်မှာဆွဲပီး ပိတ်ထားတဲ့အဆောက်အဥိးကြီး တစ်ခုထက်မပိုတော.ပါဘူး...

အရင်ကအခြားမြို.လေးတစ်မြို.ဆိရောက်တော. သူတို.ကိုစဖူးပါတယ်...မင်းတို.မြို.ကလည်းကွာ ရုပ်ရှင်ရုံလေး တစ်ရုံတောင်မရှိတဲ့မြို.  လို......     ခုတော.

ရွှေပြည်အေးရုံ ဘေးဘက်ခြမ်း
 မြန်မာနိုင်ငံမှာ မြို.နယ်အဆင်.မြို.ပေါင်း ၃၃၀ ရှိပါတယ်...တစ်မြို.ကို တစ်ရုံဆိုရင်တောင်ကားတစ်ကားကို ရုံပေါင်း၃၃၀  တင်ပြီးပြသခွင်.ရမှာပါ .(ရှပ်ရုင်ရုံဖြစ်နေတာမို.DVD ,VCD လိုပွားခွေ..ခိုးကူး..နယ်ကျော်စတာတွေကြုံရမှာမဟုတ်ပဲ.အခွေကလည်း ရုံတင်ပြီး ၁နှစ်ခွဲခန်.မှထွက်ခွင်.ရတာဆိုတော. ပြဿနာမရှိလောက်ပါဘူး).အဲ့ဒီလိုမဟုတ်ပဲ ပြစရာရုံတောင်မ၇ှိပဲနဲ. မြန်မာ.ရုပ်ရှင်လောက တိုးတက်ဖို. ဆိုရင်တော. .................................................

Source ; Favourite News , EMG & 7 Day News and Town data based on DMMS .

No comments:

Post a Comment