Thursday, March 7, 2013

သစ္စာတရား၏ ပြယုဂ် - ငှက်ပျောစုစေတီတော်

ငှက်ပျောစု စေတီတော်
 ခုခောတ် ကာလအခြေအနေဟာ သစ္စာတရား ဆိုတာ ကိုစောင်.ထိမ်းဖို.ပတ်ဝန်းကျင် အခြေအနေကိုက ယိမ်းယိုင်ချင်စရာမျိုးတော.ဖြစ်နေတတ်ပါတယ် ... ကိုယ်.စကားကို ကိုယ်တည်ဖို. ..ကိုယ်.ကိုယ်ကျင်.တရား လုံဖို. ....ကိုယ်.ဂတိကို ကိုယ်စောင်.ထိန်းဖို.ဆိုတာထက် မတတ်နိုင်ဘူးလေ ...ကမ္ဘာမီးလောင် သားကောင်ချနင်းရတော.မှာပဲ...အူမတောင်.မှ သီလစောင်.လို.ရမှာ...ရိုးရိုးကြီး လုပ်လို.ကတော. ဘာမှဖြစ်လာမှာမဟုတ်ဘူး..အကျော်အခွတော.တတ်ရတယ် ဆိုတဲ့စကားမျိုးတွေသာ  တွင်ကျယ်နေသလို ထို.သို.လုပ်တတ်သူတို. ...လုပ်ရဲသူတို.သာ  လူရိုသေခံနေရသော ခောတ်ဖြစ်နေသည်....

ဓမ္မာရုံနှင်.မုခ်ဦး
 သို.သော် မြို.ပြမှဝေးလာလေ ထိုဖြစ်ရပ်တို.အနည်းငယ်တော. သက်သာလာလေဖြစ်သည်....ထိုဂုဏ်ယူဖွယ် သစ္စာတရားတန်ဖိုးထားသူ ...လောဘမှထိုက်သင်.သလောက်ကင်းလွတ်အောင်ရုန်းထွက်နိုင်ခဲ့သူတစ်ဦးအကြောင်းပြောပြချင်ပါသည်... 
ရန်ကုန်မှ ၀ါးခယ်မသို. ကားဖြင်.လာလျှင် ရွှေလောင်းနှင်. ၀ါးခယ်မအကြားတွင် ငှက်ပျောစု ဟူသောရွာလေးတစ်ခုရှိသည်....ထိုငှက်ပျောစုဘုရားက ကားလမ်း၏ ဘယ်ဘက်ခြမ်းတွင်ကပ်လျှက်ရှိသည်....

  ထိုနေရာသည်ကားဝါးခယ်မဖွား ရဲ. သဒ္ဒါ နဲ. သစ္စာ တရားရဲ. ပြယုဂ် တစ်ခုအဖြစ် ဂုဏ်ယူ၍ရသောနေရာတစ်ခုဖြစ်သည်..

 ၂၀၀၄ ခုနှစ်ရဲ.ညတစ်ညမှာ အဲဒီရွာလေးမှာရှိတဲ. ဒေါ်ခောတ်သစ် ဆိုတဲ.အမျိုးသမီးကြီး တစ်ဦးဟာ အိမ်မက်မြင်မက်ခဲ့ပါတယ် အက္ခရာ ရယ် နံပါတ်အစုံရယ်ပါတဲ. ထီနံပါတ်အပြည်.အစုံကိုပြောပြီး ထီထိုးခိုင်းခဲ့ပါတယ် ပေါက်ရင် လှုပေးဖို.လဲ ပြောခဲ့ပါတယ်တဲ့ နောက်နေ. ၀ါးခယ်မမှာပဲ အဲဒီထီလက်မှတ် တက်ရှာတော. အိမ်မက်ထဲက အတိုင်း ကွက်တိရခဲ့ပါတယ် ထီလဲထွက်ရော သိန်းတစ်ရာ ဆု ပေါက်ခဲ့ပါတယ်တဲ. သူကလဲ အဲဒီဂတိအတိုင်း ခုမြင်နေရတဲ. နတ်လမ်း ဓမ္မာရုံ စတာတွေဆောက်လုပ်လှုဒါန်းခဲ့သလို ရှေ.က ငှက်ပျောစု စာသင်ကျောင်းလေးကိုလဲ အဓိက မတည်ပေးခဲ့ပါတယ်တဲ. 

နတ်လမ်း စေတိတော် စာသင်ကျောင်း နှင်.ဓမ္မာရုံ
 သူရဲ.အမျိုးသားကတော. ဓမ္မာရုံ ရေစက်ချလှုပြီးမှ ဆုံးပါးသွားခဲ့ပါတယ် သူကတော. ခုထိသူ.ရွာမှာ အေးချမ်းစွာ လယ်လုပ်နေတုန်းပါပဲ သာဓုခေါ်နိုင်အောင် မျှဝေ ပေးတာပါ   ဒီစေတီလေးရဲ. အဓိက ဒါယကာကတော. ရန်ကုန်မှာနေတဲ. ဦးတင်ရွှေ ဆိုသူပါ တရားထိုင်နေကြတာက ဓမ္မာရုံ အတွင်းမှာပါ ဥပုသ်နေ.ဆို အဲဒီနားက ရွာတွေက တရားနာ တရားအားထုတ် လာလုပ်ကြပါတယ်.

Data Supply by Lin Htike

No comments:

Post a Comment