Friday, December 28, 2012

ကန်တော.ချိုး နှင်. ၂၉ ရက်နေ.အစီအစဉ်

ကန်တော့လွှာ


မြင့်မိုရ်တောင်ဦး၊မကကျူးမျှ၊
ကျေးဇူးကြီးလှ၊အနန္တဟ၊ု
ငါးဝနွယ်ဝင်၊မေတ္တာယှဉ်လျက်၊
ကြင်နာတတ်စွာ၊ကရုဏာနှင့်၊
လိမ္မာဖို့ရာ၊စေတနာနှင့်၊
သေချာကြပ်မတ်၊အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊
ဘေးရန်ဆီးကာ၊သင့်ရာပို့တတ်၊
ဆရာမြတ်တို့……………..
မအပ်မရာ၊သံသရာမှ၊
ခုကာလထိ၊လွဲသည့်မာန၊
မိုက်ဒေါသဖြင့်၊သုံးဝအပြစ်
ရှိခဲ့လစ်သော်၊အပြစ်တို့မှ၊
လွတ်ရပါကြောင်း၊ဦးညွတ်တောင်း၏။
တစ်ကြောင်းထို့ပြင်၊ဆရာရှင်၏၊
များပြင်မွှမ်းထုံ၊သီလဂုဏ်၊
သမာဓိဂုဏ်၊ပညာဂုဏ်ကို၊
အာရုံပြုကာ၊ကြည်ညိုပါသည်။
သဒ္ဓါလွှမ်းထက်၊ဆယ်ဖြာလက်ဖြင့်၊
အသက်ရှည်စွာ၊အနာမဲ့ရေး၊
ရန်ဘေးကင်းကြောင်း၊
ကောင်းမှုမင်္ဂလာ၊
ဖြစ်ပါစေလို၊တောင်းဆုဆိုလျက်၊
ရိုသေမြတ်နိုး၊လက်အုပ်မိုးကာ၊
ရှိခိုးပူဇော်၊ဖူးမြော်မာန်လျှော့၊
ကန်တော့ကြပါ၏။
(ဆရာသခင်ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးတို့ ခင်ဗျား/ရှင့်)
        အထက်ပါ ကန်တော.ချိုးမှာ ၃၀ ရက်နေ.၀ါးခယ်မ အ-ထ-က ၁ တွင် ပြုလုပ်မည်. ဆရာကန်တော.ပွဲ အတွက်အသုံးပြုမည်. ကန်တော.ချိုးဖြစ်ပါသည်


ဒီဇင်ဘာ ၂၉ ရက်နေ. ၀ါးခယ်မ ဆရာကန်တော.ပွဲသွားမည်. အစီအစဉ် အသေးစိပ် ဇယားကိုလည်း ဖော်ပြအပ်ပါသည်

No comments:

Post a Comment