Saturday, December 22, 2012

ညှို..မဂ္ဂဇင်း နှင်. နန်းခင်ဇေယျာ

 လိင်ပညာပေးမဂ္ဂဇင်းဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်း၌ပထမဆုံးထွက်ရှိလာသော ညှို့မဂ္ဂဇင်းအပေါ် ဝေဖန်မှုများနှင့် ကန့်ကွက်မှုများစွာ ထွက်ပေါ်နေသည့်အချိန်အတွင်းနိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် အင်တာနက်မယ်နှင့် ပရိတ်သတ်အားပေးမှုအများဆုံး ဆုရရှိခဲ့သည့် နန်းခင်ဇေယျာကလည်း သူမ၏ ပုံများအသုံးပြုမှုအတွက် ကန့်ကွက်သတိပေးလိုက်ပြီဖြစ်သည်။

အဆိုပါကန့်ကွက်မှုကို သူမ၏ဖေ့ဘွတ်၌ ဖော်ပြထားပြီး ညှို့မဂ္ဂဇင်း အမှတ်(၁) ၊ အတွဲ(၁) တွင် ရိုက်ထောင့်နှင့်ရိုက်ချက်၊ မြင်ထောင့်နှင့်မြင်ချက် ဟူသော ကဏ္ဍ၌နန်းခင်ဇေယျာ၏ အကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး သူမအနေဖြင့်မူ အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော ဆောင်းပါး၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ နိုင်ငံတကာပြိုင်ပွဲများတွင်ကြိုးစားယှဉ်ပြိုင်ခဲ့သော ညီမ၏ လုပ်ရပ်အပေါ်တွင် ချီးကျူးညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏ ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှုအတွက်လည်းဂုဏ်ယူဝမ်းမြောက်မိကြောင်းဖော်ပြထားသည်။ သို့သော် ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား အဓိကပေါင်းကူးဆက်သွယ်ပေးနေသော ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့် အွန်လိုင်းမီဒီယာများအားလုံးကို အစဉ်အမြဲလေးစားတန်ဖိုးထားပြီး လိုအပ်သလို ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကိုအခွင့်သင့်သလို ပြုလုပ်ပေးလျက်ရှိပါသည်။ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ ညီမ၏သတင်းလှုပ်ရှားမှုများ၊ ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက် ကန့်သတ်ထားခြင်း၊ တစ်စုံတစ်ရာတောင်းဆိုထားခြင်းများ လုံးဝမရှိပါ။

သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန်ထက်ပိုမိုထူးခြားနေခြင်း၊ ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိထုတ်ဝေဖြန့်ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့် အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြုမည့်ဆောင်းပါးနှင့် ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အားကြိုတင်အသိပေးသင့်သည်ဟု ယုံကြည်ယူဆပါသည်။ ထိုသို့ကြိုတင်အသိပေးထားခြင်း မရှိသည့်အတွက်လည်း ညီမ၏ပရိသတ်များနှင့်
ထပ်တူ အံ့သြ၀မ်းနည်းမိပါသည်။

ညီမအနေဖြင့်ပရိသတ်၊ ပြည်သူတို့၏အားပေးမှုဖြင့်ရရှိလာသောအောင်မြင်မှုနှင့် ရပ်တည်နေရသော အနုပညာရှင်တစ်ဦးအနေဖြင့်သာမကMiss Myanmar တစ်ဦးအနေဖြင့်ပါ ကြိုးစားရပ်တည်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် ပရိသတ်နှင့် ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သောအကြောင်းအရာတစ်ခုဖြစ်လာနိုင်သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ ညှို့မဂ္ဂဇင်းတွင် အသုံးပြုဖော်ပြခြင်းအတွက်
ဆောင်းပါးရှင် အပါအ၀င် ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြားကန့်ကွက် သွားမည်ဖြစ်ကြောင်းကြိုတင်အသိပေးကြေငြာအပ်ပါသည်ဟု ရေးသားထားခြင်းဖြစ်သည်။
အဆိုပါမဂ္ဂဇင်းတွင် ယင်းသို့ ဖော်ပြပါရှိခဲ့သည့်အတွက် သူမ ပရိသတ်များ၏ ဝေဖန်ကန့်ကွက်မှုများစွာကြုံတွေရကြောင်းလည်း နန်းခင်ဇေယျာကရေးသားထားခဲ့သည်။
 
source...popular & myanmarexpressgroup

No comments:

Post a Comment