Monday, April 1, 2019

အလည် တစ်ခေါက်လာ ရောက်စေချင် ဝါးခယ်မ မြို့နယ်တစ်ခွင် - မြမဉ္ဇူဝေ (ကျုံမငေး)






ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် အပါအဝင်ဖြစ်သော ဝါးခယ်မမြို့နယ်၌ နှစ်ပေါင်း ၂ဝ ကျော်  အလုပ်တာဝန်ထမ်းဆောင်ရင်း စာရေးသူနေထိုင်ခဲ့ဖူးသည်။  ဝါးခယ်မမြို့သည်   ဧရာဝတီမြစ်ကမ်း နံဘေး၌ တည်ထားသော မြို့လည်းဖြစ်ပါသည်။

မြစ်ချောင်းအင်းအိုင်များပေါများသော ဧရာဝတီတိုင်းဒေသကြီးရှိ  အောက်ဘက်အရပ်ကျသောမြို့နယ်များသည် ယခင်က  ရေလမ်းခရီးကိုသာ အားထား၍ တစ်မြို့မှတစ်မြို့သို့သွားလာမှု၊  ကုန်စည်ပို့ဆောင် ကူးသန်းရောင်း ဝယ်မှုပြုလုပ် ခဲ့ရသော မြို့နယ်များဖြစ်သည်။ ထိုမြို့နယ်များအနက် ဝါးခယ်မမြို့လည်း ပါဝင်သည်။ ယခုအခါ  မြစ်ကူး တံတားကြီးများရှိနေပြီဖြစ်၍ အချိန်တို အတွင်း ခရီးပေါက်နေပြီဖြစ်ကာ ဖွံ့ဖြိုးစည်ပင်မှုလည်း ပိုမို အားကောင်းလာပြီဟု  ဆိုနိုင်သည်။

ဝါးခယ်မမြို့နယ်သည်   မြို့နယ်ဂုဏ်ဆောင်ထူးချွန်ထင်ရှားကြသူများ၊  နိုင်ငံချစ်သောအထင်ကရ  ပုဂ္ဂိုလ်များ၊  အသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေး စွမ်းဆောင်ရှင်များ၊  စာပေ၊  ဂီတပညာရှင်များကိုအစထား၍ များစွာသော ထူးချွန် ထက်မြက်သူများ၏    ဇာတိမြေအဖြစ် ရပ်တည်နေသော  မြို့တစ်မြို့လည်းဖြစ်သည်။

ဝါးခယ်မမြို့နယ်ဖွား  သက်ကြီးရွယ်အို များ၏ဆိုစကားတွင် မြို့တည်သက်တမ်းအား တရားဝင်ခွင့်ပြုခြင်းကို  ၁၉ဝ၆ ခုနှစ် အောက်တိုဘာ ၁ ရက်ဟု  မှတ်သားရသောကြောင့်   ယနေ့ ဝါးခယ်မမြို့၏ သက်တမ်းမှာ ၁၁၂ နှစ်ရှိခဲ့ပြီ ဖြစ်၍ နှစ် ၁ဝဝ ကျော်သက်တမ်းရှိသောမြို့ဟုလည်း  ဆိုနိုင်ပါသည်။

ဝါးခယ်မမြို့ မြို့အမည်တွင်ခဲ့ပုံသည်  ဧရာဝတီတိုင်းဒေသကြီးသည်  မွန်သွေးမကင်းသော မွန်လူမျိုး ၃၂ မျိုး မြို့စာရင်း ဝင်ဖြစ်ခဲ့ပြီး   ရှေးအခါက   ခေါ်ခဲ့သည်ဆိုသော မှတ်တမ်းနှင့်အတူ ရှေးသာသနာပြု  စာပေ မှတ်တမ်း များတွင်   ဝါးခယ်မမြို့သည်  မြို့ဦး၊   မြို့လယ်၊   မြို့စွန်တို့၌ ဘုရား၊ စေတီများ ကိန်းဝပ်နေသောကြောင့် ကမ္ဘာစစ်ဖြစ်ခဲ့စဉ် အခါက စစ်ဘက်အရေး အခင်းဘေးမှ ကင်းဝေးခဲ့သည်ဟုဆိုနိုင်ပါသည်။ ဂုဏ်ယူစရာအဖြစ် မှတ်တမ်းတင် ကြရမည်ဖြစ်ပါသည်။

Photo by Ywar Thar

ဝါးခယ်မမြို့နယ်သည် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင်၌  ပါဝင်ပြီး မြို့ပေါ် ၁ဝ ရပ်ကွက်၊  မြစ်တစ်ဖက်ကမ်း လေးရပ်ကွက် ပေါင်း ၁၄ ရပ်ကွက်အတွက် ကျေးရွာအုပ်စု ၁၂၆ အုပ်စုဖြင့် ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည်။
  
ပထဝီအနေအထားအရ  မြို့တည်ရှိမှု သည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၆ မိနစ်မှ ၁၆ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ဝ၁ မိနစ်မှ ၉၅ ဒီဂရီ ၃ဝ မိနစ်နှင့်ပင်လယ်ရေမျက်နှာပြင်အထက်  ၅ ပေ အမြင့်တွင်  တည်ရှိနေ၏။  နယ်မြေထိစပ်မှု အဖြစ် အရှေ့ဘက်၌  မအူပင်မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်၊ တောင်ဘက်၌ မော် လမြိုင်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်၊ အနောက်ဘက်၌  မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်၊ မြောက်ဘက်၌ ပန်းတနော် မြို့နယ်တို့တည်ရှိသည်။

ရှေးယခင်က ဝါးတောများထူထပ်သည့် ဒေသဟု  သိရသော်လည်း  စာရေးသူနေထိုင်ခဲ့သောအခါက ဝါးထူ ထပ်သော အရပ်ကို ကျေးရွာများ၌သာ တွေ့ရသည်။

မြစ်ချောင်းပေါများပြီး စွတ်စိုရာသီ ကိုရရှိသော   ဒေသဖြစ်ခြင်း၊  နုန်းတင် မြေနုများပေါများခြင်းတို့ကြောင့် စိုက်ပျိုး သီးနှံ များအလွန်ကောင်းမွန်စွာ ထွက်ရှိရာမြို့လည်းဖြစ်သည်။   ဝါးခယ်မငရုတ်သည်  ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့တိုင် စီးပွားဖြစ်တင်ပို့ရောင်းချနိုင်ခြင်း၊ ငရုတ်သား အရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် အိမ်ရှင်မများ အကြိုက်ဖြစ်ကြောင်း သိရသည်။



ဝါးခယ်မမြို့သည်    မြေဆီမြေသား ကောင်းမွန်သဖြင့် ဆန်စပါးအထွက်ကောင်းခြင်း၊ ဆန်လုံးကောင်းမွန်ခြင်း တို့ကြောင့်  ပြည်ပသို့   ဆန်တင်ပို့မှုအတွက်  များစွာအထောက်အကူပြုသည်။ ဆီထွက် သီးနှံများနှင့် ပဲမျိုးစုံတို့ပါ စိုက်ပျိုးဖြစ်ထွန်း သောကြောင့် လူမှုစီးပွားအခြေပြုလုပ်ငန်းများနှင့် စီးပွားရေးကောင်းမွန်သည့်မြို့ဟုလည်း ခေါ်နိုင်ပါသည်။

ယခုအခါ ရန်ကုန်မြို့မှ ဝါးခယ်မသို့ ကားစီး၍ သွားမည်ဆိုပါက   သုံးနာရီခရီးသာရှိပြီး ယခင် ရေလမ်းခရီးဖြင့်  သွားလာစဉ် သင်္ဘောစီး၍ ညအိပ်ခရီးသွားခဲ့ ရပုံများသည် ပုံပြင်အလား ဖြစ်ခဲ့ရပါပြီ။ ကားအလွန်များပြီး ကားကျပ်နေသော ရန်ကုန်မြို့မှ နှုတ်ခွန်းဆက်ကမ္ပည်းအလွန် ဧရာဝတီတိုင်းဒေသကြီးမှ နှုတ်ခွန်းဆက်ကြိုဆိုပြီး

မကြာမီ မဲဇလီရေထိန်းတံခါးကိုလွန်သော အခါ စိမ်းစိုစိုလယ်တောကွင်းပြင်က ကြိုနေသကဲ့သို့ ကားလမ်းဘေး ဘယ်ညာမြင်ကွင်း များကိုကြည့်ရင်း  ဗိုလ်မြတ်ထွန်းတံတားကြီးပေါ်ရောက်သောအခါ   အပေါ်စီးမှ  တွေ့မြင်ရ သည်က နုန်းတင်မြေနုကမ်းခြေပေါ်မှ စိုက်ခင်းများပင်ဖြစ်ပါသည်။

ပန်းတနော်မြို့   လမ်းဆုံ၌ ရောင်းသူ  ဝယ်သူ၊ ခရီးသွားကြသူများနှင့် ကားကြီးကားငယ်အသွယ်သွယ်တို့သည် ဒေသထွက်  ပန်းတနော်  သင်ဖြူးဖျာများကိုဝယ်ယူနေ ကြသည်မှာ အလကားဝေပေးနေသကဲ့သို့ မြင်နေရသည့်အတွက်    စိုက်ပျိုးရေးကို  အားထားခဲ့ရသည့် ဧရာဝတီတိုင်း ဒေသကြီး၏ အသွေးအသားမြို့နယ် များ၏ စီးပွားရေး လူမှုအကျိုးပြုလုပ်ငန်းများ တစ်ပိုင်တစ်နိုင် သာမက ဝင်ငွေတိုးကာ စီးပွားရေးဖွံ့ဖြိုး လာမှုများကို ကြည်နူးမိခဲ့ရသည်။

ဝါးခယ်မမြို့နှင့်နီးလာလေ ရွာစဉ်တန်း မှ ရွာကြီးရွာငယ်များကိုတွေ့ရပြီး ရွာထဲတွင် တိုးတက်စည်ပင်လာသော လူနေမှုများ၊ အိမ်ခြံမြေများ၊ တိုက်တာအဆောက်အအုံများနှင့် အတူ လယ်ယာလုပ်ငန်းအတွက် စိုက်ပျိုး ရိတ်သိမ်းခြွေလှေ့ရာတွင် အလွယ်တကူလုပ်ကိုင် နိုင်သော စက်ကိရိယာများ၊ စာသင်ကျောင်းများ၊ ရွာဦး ဘုရားစေတီများကိုလည်း ကြည်နူး မဆုံးတွေ့မြင်ခဲ့ရသည်။ ဝါးခယ်မမြစ်ကူးတံတားကြီးကို ကျော်ပြီးသောအခါ ရောက် ခဲ့ပါပြီ ရွှေခယ်မြေဆီဟု ဆိုချင်ပါသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ဖြင့် မြစ်ပြင်ကိုဖြတ်၍ တည်ဆောက်ထားသော ရန်ကုန်မှသည် ဝါးခယ်မမြို့သို့အသွား  ဗိုလ်မြတ်ထွန်းတံတားကြီး၊ ရွှေလောင်းမြစ်ကို ဖြတ်ကျော်ရမည့် ရွှေလောင်းကြိုးတံတား၊

လမ်းသမိုင်းတံတားနှင့်ဝါးခယ်မကြိုးတံတား များကို ဖြတ်ကျော်ခဲ့ရပါသည်။ ဝါးခယ်မမြို့သို့ရောက်သောအခါ   မြင်ကွင်းများက  လွန်ခဲ့သောနှစ်ပေါင်းများစွာကနှင့်  အကွာကြီးကွာနေပါသည်။  လမ်းများမှာ  သန့်ရှင်း သပ်ရပ်ကျယ်ဝန်းနေပြီး ကားကြီး၊ ကားငယ်များ   ဖြတ်သန်းနေသောမြို့ရှောင်လမ်း၊ မြို့တွင်းလမ်းများကို ငေးမော

ကြည့်ရင်း ယနေ့ ဝါးခယ်မမြို့အကြောင်း ဒေသခံများကို မေးမြန်းမိခဲ့ပါသည်။

ရှေးယခင်  ဝါးခယ်မမြို့၌    မြို့ဦး၊  မြို့လယ်၊ မြို့စွန်မှ ဘုရားစေတီများသည် တန်ခိုးကြီး၊   သမိုင်းဝင်ဖြစ်ခဲ့ သော်လည်း  ထိုဘုရားစေတီများ၏သမိုင်းနှင့် ဘုရားတည်သက်တမ်းသိရန် မကြိုးစားခဲ့မိသော ကျွန်မ ယခုမှ အပြေးအလွှား မှတ်သားရပါသည်။

 
သကျမဟာသီရိ ဘုရားကြီး - ၀ါးခယ်မ

ဝါးခယ်မမြို့ဦး မြို့ထိပ်မှ မြသိန်းတန် စေတီတော်သည် ရှေးဟောင်းအမွေအနှစ်ဖြစ်ပြီး သက္ကရာဇ် ၁၂၅၃ ခုနှစ်က ဥာဏ်တော်အမြင့် ၁ဝ၉ ပေနှင့် မြေစိုက်စေတီ ဖြစ်သော်လည်း လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် မြစ်ကမ်းနံဘေး တင့်တယ်စွာ စံပယ်နေပြီး   မြို့ကျက်သရေဆောင်  ကြေးသွန်းရုပ်ပွားတော်ကြီးကလည်း  ( မြို.လည်တွင် )  ကိန်းဝပ်နေပါ သည်။    တင်ပျဉ်ခွေအထိုင်  ဘူမိဖဿ မုဒြာဟန်နှင့်   ဥာဏ်တော်ကိုးတောင်ရှိ ကြေးသွန်းရုပ်ပွားတော်ကြီးကို ကြေးပိဿာချိန် ၉၉၉၉ ပိဿာ ၉၉ ကျပ် ကိုးမူးသားဖြင့်  သက္ကရာဇ် ၁၂၅၂ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်တွင် စတင်တည်ထားခဲ့ပြီး  ၁၈၉၁  ခုနှစ် မတ် ၂၃ ရက်တွင် ပြီးဆုံးတော်မူခဲ့သော ကြေးသွန်းဘုရားကြီးကို  သကျမဟာ
သီရိဘုရားကြီးဟု ဘွဲ့အမည်တင်လှူခဲ့၏။ 
ဘုရားကြီးနှင့် ပတ်သက်၍ နဝင်းငါးလီကျ နေသည်ကို တွေ့ရ၍  ဧရာဝတီတိုင်းဒေသကြီး၌ ရှားရှားပါးပါး ထင်ရှားခဲ့ပါသည်။

မြို့အစွန်တစ်ဖက်ကမ်းမှ ရှေးဟောင်း စေတီမှာ  ပြည်လုံးချမ်းသာသော်ကစေတီတော်ဟု ဘွဲ့အမည်ရပြီး မူလဒါယကာ မွန်မျိုးနွယ်ဖြစ်သော သမုဒ္ဒဃော သမင်းနှင့် မိဖုရားဥမ္မာ ဒန္တီ မင်းသမီးတို့ကောင်းမှုဖြင့် တည်ထား ခဲ့သော ရှေးဟောင်းစေတီဖြစ်ပါသည်။

မြန်မာနိုင်ငံ၏  ပထမဆုံးဝန်ကြီးချုပ် ဝါးခယ်မမြို့သား ဦးနုကို ဂုဏ်ပြုသောအားဖြင့် ဦးနု စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေး စင်တာကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင်လည်းကောင်း၊ မူကြိုကလေးများကို စောင့် ရှောက်ပေးသော မေတ္တာကြယ်စင် မူကြို ကျောင်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင်လည်းကောင်း၊ ထို့ပြင် ဝါးခယ်မမြို့နယ် စာပေချစ်လူငယ်များအဖွဲ့ကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ စက္ခုပါလ မျက်စိကုဌာနနှင့် ဒန္တသုခသွားနှင့် ခံတွင်းဆေးကုခန်းကို ၂ဝ၁၄  ခုနှစ် မေ၂ ရက်တွင်လည်းကောင်း၊ အားမန်သစ်မသန်စွမ်းသူများအသင်း (ဝါးခယ်မ)ကို  ၂ဝ၁၄ ခုနှစ် ဧပြီ ၁၈ ရက်တွင်လည်းကောင်း၊ သက်ကြီးရွယ်အိုဘိုးဘွား များ ခိုနားနိုင်မည့် ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာကို ၂ဝ၁၅ ခုနှစ် မတ် ၂၅ ရက်တွင်လည်းကောင်း ထူထောင် ခဲ့ပါသည်။

 

ဝါးခယ်မမြို့သည်      ဆန်ရေစပါး  ပေါများစွာထွက်ရှိခြင်း၊     ဒေသထွက် မြန်မာမှု အစားအစာများ ပေါများခြင်း၊ ရာသီ အခါမလပ် စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်ခြင်း၊ ရေချိုအရပ်ဖြစ်၍ ရေချိုသယံ ဇာတဖြစ်သော ငါး၊ ပုစွန်ပေါ များခြင်း၊ မွေးမြူရေးအတွက်  ရေခံမြေခံကောင်းများရှိခြင်း၊ ကုန်ရောင်းကုန်ဝယ်လွယ်ကူချောမွေ့စည်ပင်ခြင်း စသည့် မြို့ရွာစည်ပင်ဖွံ့ဖြိုးစေသောအချက်များနှင့် ညီညွတ်နေသောကြောင့် ထာဝရစည်ပင် နေသော မြို့နယ်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   

မြမဉ္ဇူဝေ (ကျုံမငေး)  

Tuesday, March 19, 2019

ကားလိပ်ကြားမှ တရားကျခြင်း - အောင်သူထွန်း




"ဦးရှင်ကြီးပွဲ" လို့ အရပ်က ခေါ်လေ့ရှိတဲ့ "မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်း အရှင်နှစ်ပါး ပူဇော်ပသပွဲ" ဟာ ကျွန်တော်တို့ ဝါးခယ်မမြို့လေးရဲ့ အစည်ကားဆုံး ပွဲတော်တစ်ခုပါ။ နေဝင်မီးငြိမ်း ခေတ်ပျက်ကာလ တွေမှာတောင် အစဉ်အလာ အပျက်မခံဘဲ နှစ်စဉ်နှစ်တိုင်း ဇန္နဝါရီ လထဲမှာ ကျင်းပလာခဲ့တာ အခုဆိုရင် နှစ် ၁၃၀ ကျော်ခဲ့ပါပြီ။

ပွဲကျင်းပရာ "ဦးရှင်ကြီးကွင်း" ဟာ ကျွန်တော်တို့ အိမ်နဲ့ မလှမ်းမကမ်း ဆေးရုံရှေ့မှာ ရှိပါတယ်။ ကလေးတွေ ဆော့ကစားရာ၊ လူကြီးများ ပိုက်ဆံကြေး ဘော်လီဘော ပုတ်ရာ၊ ခြင်းခတ်ရာ နေရာလည်း ဖြစ်ပါတယ်။

ပွဲမစခင် ရက်တွေမှာ လမုနတ်နဲ့ ကျားနှစ်ကောင် မြို့ထဲလှည့်ပြီး အလှူခံတဲ့ အချိန်ကတည်းက ကျွန်တော်တို့ ကလေးတစ်သိုက် တစ်ကောက်ကောက် နောက်ကလိုက်လို့ ဝိုင်းအုံကြည့်ခဲ့ ရတာပါ။ ကန်တော့ပွဲက နတ်အုန်းသီးကို ကျားတွေ ပါးစပ်နဲ့ခဲပြီး ဆွဲခါလိုက်ရင် အုန်းခွံတွေ တဖွားဖွား ကွာကျသွားတာ ကြည့်ပြီး အံဩဘနန်း ဖြစ်ခဲ့ရတာပေါ့။



ပွဲတော်ရက် စပြီဆိုတာနဲ့ ဆယ့်နှစ်ပွဲ ဈေးသည်တွေ၊ ချားရဟတ်တွေ၊ ရုပ်ရှင်ကား အတိုလေးတွေ ဟိုတစ်စ ဒီတစ်စ ပြတဲ့ ကြည့်ချင်ပွဲ ရုံလေးတွေ ရောက်လာကြပါပြီ။ ရုံမကာပဲ ဖျာနေရာပဲ ရောင်းတဲ့ ဗလာပွဲခင်းဆိုတော့ ကျွန်တော်တို့လို အနီးအနားက အိမ်တွေကတော့ ဖျာလွတ်ရာ ကွင်းအစပ် နေရာလွတ်တွေမှာ ဂုန်နီအိပ်ခွံတွေ၊ ဖျာစုတ်တွေ၊ ကုလားထိုင် အကျိုးတွေခင်းလို့ နေရာဦးကြပါတယ်။

ပွဲက အစ၊ အလည်၊ အဆုံး သုံးရက် ကျင်းပပါတယ်။ ညနေခင်း ကတည်းက အရှင်နှစ်ပါးကို ဆက်တဲ့ ဒေါနပန်းတွေဟာ ကျောင်းဆောင် ပြည့်ရုံတင်မက လျှံကျလို့ နေပါတယ်။ အရှင်နှစ်ပါး ဆိုတာက ကိုးမြို့ရှင်နဲ့ ဦးရှင်ကြီးပါ။ ပွဲဦးစတာနဲ့ အရှင်နှစ်ပါးကို ဦးစွာ ပင့်ဖိတ် ပူးကပ်လို့ ပူဇော်ပသ ကြပါတယ်။ ပြီးမှ ၃၇ မင်းနတ်တွေ တစ်ပါးပြီး တစ်ပါး လာရောက်ကြပါတယ်။ ပူဇော်ပွဲ ပြီးတာနဲ့ မိုးအလင်း ဇာတ်ပွဲ စပါပြီ။

ကျွန်တော်တို့ ကလေးတွေကတော့ ပွဲဈေး လျှောက်လိုက်၊ ဆေးသုံးလုံး ထိုးတာနဲ့ လူစင်စစ်ကနေ မြွေဖြစ်သွားတဲ့ ရုပ်ရှင် ကားပိုင်းလေး ဝင်ကြည့်လိုက်၊ နတ်က ပြန်စွန့်တဲ့ နတ်ပန်းတွေ ဝိုင်းလုလိုက်၊ ပွဲစတော့လည်း ပွဲခင်းအစပ် ရရာနေရာက ကြည့်မောလိုက်၊၊ အိပ်ချင်ရင် အိမ်ပြန်အိပ်ပြီး တရေးနိုး ပြဇာတ် ကနေချိန်ကျ တစ်ခေါက် ပြန်လာကြည့်လိုက်နဲ့ ပျော်နေကြတာပါပဲ။ အဲဒီလိုနဲ့ တစ်ကြိမ်မှာတော့ လူကြီးတစ်ယောက်နဲ့ ကပ်လိုက်သွားပြီး ဇာတ်ခုံပေါ်ကနေ ရှားရှားပါးပါး ကြည့်ခွင့်ရခဲ့ ပါတယ်။

ကားဆွဲရဲ့ နောက်ဘက် ဇာတ်ခုံအစွန်း ကနေ ပွဲကြည့်ရတာ ကျွန်တော့်အဖို့တော့ လောကအငယ်စားလေး တစ်ခုကို စီးမိုး ကြည့်နေရသလို ခံစားရပါတယ်။ ဇာတ်စင်နောက်က တစ်သုတ်ပြီး တစ်သုတ် ကျရာ ကဏ္ဍကို ဖျော်ဖြေဖို့ အလှည့်ကျ တက်လာသူ ဆင်းသွားသူတွေ၊ ကန့်လန့်ကာအဖွင့်မှာ ဇာတ်ဆရာ အလိုကျ ကကြ ဆိုကြ ပျော်ကြ ငိုပြကြသူတွေ၊ ဇာတ်ခေါ်ရာ လိုက်ပါပြီး ပျော်လိုက် မောလိုက် ဝမ်းသာလိုက် ဝမ်းနည်းလိုက်နဲ့ စီးမျောနေတဲ့ ရွှေပွဲလာ ပရိသတ်တွေ၊ သူဖွင့်သလောက်ပြ သူပိတ်တော့ဆင်း၊ လိုသလို စေစားနိုင်တဲ့ ကားဆွဲရဲ့ ပဉ္စလက်တွေ၊ အားလုံးကို မျက်တော်မခတ် ကြည့်မော နေရပါတော့တယ်။

တဖြည်းဖြည်းနဲ့ ပြဇာတ်ကလည်း ဇာတ်ရှိန်မြင့်သထက် မြင့်လာပါပြီ။ ကူကယ်သူမဲ့ ကလေးကိုချီပြီး ထမင်းခွံနေတဲ့ မိန်းမငယ် တစ်ယောက်ကို လူကြမ်း ခေါင်းဆောင်က နှိပ်စက်နေတဲ့ အခန်း ရောက်လာပါပြီ။ မိုက်ချက် ရမ်းချက် ကြမ်းချက် ကတော့ လက်ကုန်ပါပဲ။ တွန်း ထိုး ကန်ကျောက်ပြီးတာတောင် အားမရသေးတဲ့ ပုံနဲ့ ထမင်းခွံ့နေတဲ့ ပန်းကန်ကို ဖြတ်ကန် ပစ်လိုက်တာ ကျွန်တော်တို့ မျက်နှာတွေကိုတောင် ငါးပိရည်နံ သင်းနေတဲ့ ထမင်းလုံးတွေ လာစင်ပါသေးတယ်။

စင်အောက်ကလည်း ပြောင်းဖူးရိုးတွေ၊ မြေစိုင်ခဲတွေ အပြုံလိုက် တက်လာပါတယ်။ ခဲမိုးတွေ ကြားမှာတောင် မြို့မေတ္တာ ခံယူမယ့် သားကတော့ မဖြုံရေးချ မဖြုံ အသားကုန် ဆက်တင် နေပါတယ်။ ဒီလိုနဲ့ ကယ်တင်ရှင် ဇာတ်လိုက် မင်းသား ရောက်လာပါပြီ။ သူတစ်ပြန် ကိုယ်တစ်ပြန် ထွေးလုံး သတ်ပုတ်လို့ ခဏအကြာ လူရမ်းကားကြီး မရှု့မလှ ခံလိုက်ရပြီး နောက်ကောက် ကျသွားပါတော့တယ်။ ပရိသတ်ရဲ့ ဝမ်းသာအားရ ဩဘာသံ တဝေါဝေါ နဲ့အတူ ဇာတ်သိမ်း ပြည့်ဖုံးကားကြီးလည်း ကျလာ ပါတော့တယ်။



ကားလိပ်နောက်မှာ သရုပ်ဆောင်တွေ အလျှိုအလျှို ဆင်းသွားကြပေမယ့် လူကြမ်းကြီးကတော့ ရုတ်တရက် မထနိုင်ပါဘူး။ ခဏကြာမှ ကစဥ့်ကရဲနဲ့ ကုန်းကျုံးထပြီး ကျွန်တော်တို့ ဘေးနားကနေ ဇာတ်စင်အောက် ဆင်းသွားပါတယ်။ မောဟိုက်တဲ့ လေသံနဲ့ "အငယ်တွေနဲ့ အမှီလိုက် ရုန်းရတာ မလွယ်ပါဘူးကွာ" လို့ ရေရွတ် သွားတာလည်း ကြားလိုက် ရပါတယ်။ စောစောက ဇာတ်ကွက်ထဲကလို ထန်တွေ မာန်တွေ အရိပ်အယောင်တောင် မမြင်ရဘဲ ညိုးငယ် နွမ်းဟိုက် ခေါင်းငိုက်စိုက် ချလို့ တရွေ့ရွေ့ဆင်းသွားတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း ကျွန်တော်တို့လည်း ငြိမ်သက်စွာနဲ့ ထပြန်ခဲ့ပါ တော့တယ်။

လောက ဇာတ်ဆရာ ချပေးတဲ့ ဇာတ်ရုပ်တွေထဲမှာ လက်ခုပ်သံတွေကြား ပျော်ရ မော်ရသူတွေ ရှိသလို၊ ခဲမိုးတွေ ကြားမှာ ရမ်းရ ကြမ်းပြပါမှ ဝမ်းဝခါးလှ သူတွေလည်း ရှိကြ ပါလိမ့်မယ်။ ပြည့်ဖုံးကား မချမခြင်း ဘဝကြမ်းနဲ့ ရုန်းကန်နေရခြင်းတွေ ကင်းရလိုပါကြောင်း ကိုယ့်ကိုကိုယ်ရော အများအတွက်ပါ ဆုတောင်း မိပါတော့တယ်။

အောင်သူထွန်း

Thursday, March 7, 2019

ဝါးခယ်မ ရဲ. ကြက်ခြေနီ သားကောင်း ( သို. ) ဦးကျော်မြင့်




မြို.လေးတွင် သူ.သက်ဆိုင်ရာ နယ်ပယ်အလိုက် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ကြသူများ ရှိသည် ။
အချို. အသိအမှတ်ပြုခံရသည် ။
အချို.တိုးတိတ်စွာဆောင်ရွက်ခဲ့ကြသည် ။
အချို.တိုက်ရိုက်သက်ဆိုင်သူများသာသိပြီး အများကျယ်ကျယ်ပြန်.ပြန်. မသိသူများ ရှိသည် ။
ယခုဖော်ပြမည့် ဝါးခယ်မမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့် သည် သူ.နယ်ပယ်ဝယ် ကောင်းစွာ အသိအမှတ် ပြုခံရသော ၊ လေးစားချစ်ခင်ကြသော ၊ မြို.လေးတွင်လည်း ထိုက်သင့်သလို လူသိများသော သူတစ်ဦးဖြစ်ခဲ့သည် ။
သူသည် ၂၈.၂.၂၀၁၉ ရက်နေ့ နံနက် (၀၇:၅၀) နာရီတွင်ကွယ်လွန်သွားခဲ့ပါသည် ။
သူ.၀န်းကျင်မှ သူ.အပေါ် အလေးထားဆောင်ရွက်မှုများ ၊ ရင်တွင်းခံစားချက်များ ၊ အမှတ်တရ အရေးအသားများက သူ၏ ပုံကြမ်းကို အများမြင်အောင် လှစ်ဟပြနိုင်ပါလိမ့်မည် ။

ပထမဆုံးအနေဖြင့်သူ၏သူငယ်ချင်းတစ်ဦးဖြစ်သူကိုမျိုးနိုင်၏ဝါးခယ်မရဲ့ကြက်ခြေနီသားကောင်းတစ်ယောက်
( သို့မဟုတ်)တစ်ဘဝစာ ပရဟိတဆောင်ရွက်ခဲ့သူ
ဟူသည့် အမှတ်တရ ရေးသားမှု မှ ဦးကျော်မြင့် ကို မြင်အောင်ကြည့်နိုင်ပါလိမ့်မည်



ကျွန်တော်တို့သိခဲ့ ပတ်သက်ခဲ့တုန်းက ဟိုးလွန်လေပြီးခဲ့ပါသော ၁၉၈၁ /၈၂ ဆယ်တန်းကျောင်းသားဘဝ ဆေးရုံရပ်ကွက်သီရိမင်္ဂလာလမ်းနှင့်အောင်ဇေယျလမ်းထောင့်အိမ်သူ့အဖေကဆန်စက်ရှိသည်။
အညာသားစစ်စစ်။
ထော်ကနွတ်ညောင်ဝိုင်းတွင်ဝဇီရာဆန်စက်ဆိုလျင်မသိသူမရှိ။သူတို့ကအမွှာညီအကို ။အကြီးက
ဖိုးကိုကြီး (ခ)ဝင်းမြင့် ။သူကအငယ် ဖိုးကိုလေး (ခ)ကျော်မြင့် ။ အမွှာဖြစ်သလိုသူတို့နှစ်ယောက်ကစိတ်တူကိုယ်တူ။
ကျော်တို့အတူတူစာစုကျက်ကြသည်။သူတို့ညီအကိုရယ် l ယ္ခု ကျောင်းဆရာဖြစ်နေသူလှသိန်းရယ် ကျော်ရယ်။ သူတို့အိမ်အရှေ့မှာဈေးဆိုင်ခန်းလိုအခန်းလွတ်တစ်ခန်းရှိသည်။ ကျော်တို့ညဆိုအဲဒီအခန်းမှာ
စာစုကျက်ကြ l စာလုပ်ကြ l အဲဒီအခန်းမှာပဲအိပ်ကြ။ညီအကိုတွေလိုသူငယ်ချင်းတွေ l တစ်နှစ်လုံးမခွဲအတူ
နေလာကြသူတွေ။ ဆယ်တန်းအောင်တော့ သူကပုသိမ်မှာမြန်မာစာအဓိကယူသည်။ ကျော်နဲ့လှသိန်း
( နှောင်းသစ်)ကကဗျာရေးစာရေး သမိုင်းမေဂျာ။ဒီလိုနဲ့ဝေးလိုက်နီးလိုက် ။ နောက်တော့သူ ရန်ကုန်
မြန်မာစာဋ္ဌာနမှာ အလုပ်ဝင်သွားတော့ ဝေးသွားကြပြန်သည်။

နှစ်အနည်းငယ်အကြာသူအလုပ်ထွက်ပြီးမြို့လေးမှာပြန်အခြေချသည်။ သို့သော်ဖခင်လက်ငုတ်လက်ရင်း
ဆန်စက်အလုပ်ကိုသူမပျော်ဝင် ။ ကြက်ခြေနီတပ်ဖွဲ့တွင်သာသူအမြဲရှိနေတတ်သည်။ သင်တန်းများl
ပရဟိတအလုပ္မ် ား ။ အဖွဲ့အစည်းအသင်းအဖွဲ့များlလူမှုရေးလုပ်ငန်းများတွင်တက်ကြွစွာပေးဆပ်နေတတ်
သူ။ လူပျို ဖြစ်သောကြောင့် ဖြစ်သောကြောင့်စိတ်သွားတိုင်းကိုယ်ပါသည်။
ဒီလိုနှင့်ဧရာဝတီတိုင်းမှာ နာဂစ်ဝင်မွှေသွားခဲ့သည်။

ဆိုးရွားရက်စက်လွန်းလှပါသောနာဂစ်မုန်တိုင်းကြောင့်လူပေါင်းသိန်းချီသန်းချီသေကြေပျက်စီးအတိဒုက္ခရောက်
ကြရချိန်သူပါဝင်သောကြက်ခြေနီတပ်ဖွဲ့ဝင်များကပင်လယ်ဒေသနေရာစုံကိုအလောင်းရှာဖွေရေး lလူပျောက်ရှာဖွေပေးရေး lအပျက်အစည်းများရှင်းလင်းရေး l ကွဲကွာနေသူများပြန်လည်ဆုံစည်းရေး lအရေးပေါ်ပြုစုကုသနိုင်ရေး lပြန်လည်တည်ဆောက်ရေး စသောလုပ်ငန်းများစွာ
အတွက် နေ့မအား ညမအား စွန့်စွန့်စားစား အများအကျိုးအတွက် ညီအကိုနှစ်ယောက် ပါဝင်ပေးဆပ်
ကူညီဆောင်ရွက်ခဲ့ကြသည်။

 ချွေးတစ်လုံးလုံးညှီစော်နံနေလည်း အပြုံးမပျ က်သူတို့တာဝန်တွေကိုမနားမနေပေးဆပ်ကူညီခဲ့ကြသည်။
ဘဝကို ကြက်ခြေနီအသင်းထဲ ပရဟိတလုပ်ငန်းစဉ်ထဲချေ ပစ်လက်ပစ် လွှတ်ချ ထားသူတစ်ယောက်၏
နေဝင်ချိ န် ။ ကိုယ်ပိုင်မိသားစုမရှိ l တစ်ကိုယ်တည်းဖြစ်သော်လည်း စဆေးရုံတက်ချိန်မှစ၍ ဝိုင်းဝန်းဝန်းရံ
ပေးကြသော မိခင်ကြက်ခြေနီများ l နီးစပ်ဆက်နွယ်ရာအသင်းအဖွဲ့များ l နောက်ဆုံးဈာပန ခရီးအတွက်
ဧရာဝတီတိုင်းမြို့နယ်ပေါင်းစုံမှ လာရောက်ပို့ဆောင်ပေးကြပါသော ရဲဘော်ရဲဖက်ချ စ်သောကြက်ခြေနီများ
ပရဟိတသမား အများအတွက်ပေးဆပ်ခဲ့သူတစ်ဦး၏နောက်ဆုံးခရီးကပြည့်စုံလှပါသည်။

သွားနှင့်တော့ သူငယ်ချ င်းရေ ။
မင်းရဲ့ပေးဆပ်မှု တွေအတွက် မြင့်၍ မြတ်သောနေရာတစ်ခုရှိနေမှာပါ ။
ကောင်းသောဘဝကိုကူးသွားနိုင်မည်ဟုယုံကြည်ရင်း
နောက်ဘဝများမှာယ္ခု ထက်အများအကျိုးသယ်ပိုးနိုင်ပါစေသားလို့ဆုတောင်းပေးလိုက်ပါတယ်။
ချစ်သောသူငယ်ချ င်း ချစ်သောညီနှင့်ပြန်လည်ဆုံတွေ့
နိုင်ပါစေ ။ 



ဝါးခယ်မမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့် သည် ၂၈.၂.၂၀၁၉ ရက်နေ့ နံနက် (၀၇:၅၀) နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့ရာတွင် လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူပီပီ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီ အဖွဲ.မှ အောက်ပါအတိုင်း မှတ်တမ်းတင်ဂုဏ်ပြုခဲ့ပါသည် ။

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့် သည် ယနေ့ (၂၈.၂.၂၀၁၉) ရက်နေ့ နံနက် (၀၇:၅၀) နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီ၏ ကြီးစွာသော ဆုံးရှုံးမှုဖြစ်ပါသည်။
ကောင်းရာသုဂတိလားပါစေ ……
ကျန်ရစ်သောရုပ်ကလာပ်ကို ဝါးခယ်မမြို့သို့ ပြန်လည်သယ်ဆောင်ကာ (၂.၃.၂၀၁၉) စနေနေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တပ်ဖွဲ့အခမ်းအနားဖြင့် သင်္ဂြိင်္ုလ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေး မိတ်ဆွေသင်္ဂဟများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်အပေါင်းအား အသိပေးအပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီ

ထို.အပြင် မြေချသဂြိုဟ် မည့် ကိစ္စရပ်ကိုလည်း ယခုကဲ့သို. နှိုးဆော်ထားခဲ့ကြောင်း တွေ.ရပါသည် ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်တပ်ဖွဲ့မှူးများ
အခြားမြို့နယ်မှမြို့နယ်တပ်ဖွဲ့မှူးများခရိုင်မှူးများအားလုံးသိစေရန်
ဦးကျော်မြင့်
ဝါခယ်မမြို့နယ်တပ်ဖွဲ့မှူး
သည်၂.၃.၂၀၁၉နေ့နေ့လည်(၁၂း၀၀ )အချိန်တွင်မြေချမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ဝါခယ်မတံတာမှာဖျက်ထား၍စောစောအရောက်လာနိုင်စေရန်ဖိတ်ကြားအပ်ပါသည်။

ထို.အပြင် နောက်ဆုံးခရီးပို့ဆောင်ခြင်းနှင့် တာဝန်ထမ်းဆောင်ခဲ့မှုများအား မှတ်တမ်းတင်ခြင်း ကိုလည်း ယခုကဲ့သို. ပြုလုပ်ဂုဏ်ပြုခဲ့ကြပါသည် ။



ဝါးခယ်မမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်၏ နောက်ဆုံးခရီးပို့ဆောင်ခြင်းနှင့် တာဝန်ထမ်းဆောင်ခဲ့မှုများအား မှတ်တမ်းတင်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့် (အသက် ၅၃ နှစ်)သည် (၂၈.၂.၂၀၁၉)ရက်နေ့ နံနက် (၀၇:၅၀)နာရီတွင် ကွယ်လွန်သွားခဲ့ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို ဝါးခယ်မမြို့သုဿန်သို့ ပို့ဆောင်သင်္ဂြိင်္ုလ်ခြင်းအား ယနေ့ (၂.၃.၂၀၁၉)ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် တပ်ဖွဲ့ဆိုင်ရာအခမ်းအနားဖြင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်၊ ဒုတိုင်းတပ်ဖွဲ့မှူး ဦးမန်းကြည်ရွှင်နှင့် ခရိုင်တပ်ဖွဲ့မှူးများ၊ မြို့နယ်တပ်ဖွဲ့မှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့မှ ကြက်ခြေနီဦးစီးမှူး(ဒုတိယတန်း) ဦးအုန်းသွင်၊ ဒေါ်စန်းစန်းမော် နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အသီးသီးမှ တပ်ဖွဲ့အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်ဟောင်းများ၊ ဝါးခယ်မမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မိတ်ဆွေသင်္ဂဟများ၊ မိသားစုဆွေမျိုးများ၊ ချစ်ခင်လေးစားသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
တပ်ဖွဲ့ဆိုင်ရာအခမ်းအနားအရ ဂုဏ်ပြုတပ်ဖွဲ့မှ ပို့ဆောင်နေရာယူခြင်း၊ တပ်ဖွဲ့အလံ လွှမ်းခြုံပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ပြန်တမ်းအား ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစန်းဝင်း က ဖတ်ကြားခြင်း၊ တပ်ဖွဲ့ဝင်အပေါင်းမှ နောက်ဆုံးနှုတ်ဆက် အလေးပြုခြင်း၊ ဂါရဝပြုခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး ကျန်ရစ်သူမိသားစုနှင့် တပည့်များက နောက်ဆုံးအနေဖြင့် ကန်တော့ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။
ဝါးခယ်မမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့် သည် ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်ရှိပြီဖြစ်ကာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် လုပ်သက်နှစ်ပေါင်း ၄၀ နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ ၁၉၇၉ ခုနှစ်တွင် တပ်သားအဖြစ် ဝါးခယ်မမြို့နယ်မှ စတင်ဝင်ရောက်ခဲ့ပြီး ကွယ်လွန်ချိန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဖြစ်သည်အထိ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။
ထို့အပြင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့်ကော်မတီများတွင် ဥက္ကဋ္ဌ/အတွင်းရေးမှူး/အဖွဲ့ဝင် တို့အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း၊ သဘာဝဘေးတုန့်ပြန်ခြင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးခြင်း၊ ရေပြင်သက်ကယ်နှင့် ကြက်ခြေနီအသိပညာပြန့်ပွားရေး စသည်တို့တွင် နည်းပြဆရာအဖြစ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပါသည်။
တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သည့်အတွက် ကြက်ခြေနီဆိုင်ရာ ဆုတံဆိပ်များအဖြစ် ဂုဏ်ထူးဆောင်(တပ်ဖွဲ့ဝင်) ၁၅ နှစ်၊ ထူးချွန်ကြက်ခြေနီ ဆုတံဆိပ်နှင့် ကြက်ခြေနီနှင့် အခြားအဖွဲ့အစည်းများမှ ဂုဏ်ပြုခြင်းများကိုလည်း ခံယူရရှိခဲ့သူတစ်ဦးဖြစ်ပါကြောင်း မှတ်တမ်းတင်ရင်း လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီ



ကွယ်လွန်သွားခဲ့ရသော ဦးကျော်မြင့် နှင့်ပတ်သက်၍ အမှတ်တရ ရေးသားကြသော စာသားများအနက် အချို.ကို စုစည်းဖော်ပြပါမည်

နာဂစ်မုန်တိုင်းကျရောက်စဉ်က မုန်တိုင်းအားလျှော့သွားချိန်နာရီပိုင်းအတွင်း မော်လမြိုင်ကျွန်းမြို့နယ်သို့ ဝါးခယ်မမြို့နယ် ကြက်ခြေနီများကိုဦးဆောင်ကာ ရောက်ရှိလာပြီး မော်ကျွန်းကြက်ခြေနီနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို နေ့မအားညမနားဆောင်ရွက်ပေးခဲ့ပြီး မော်ကျွန်းမြို့ ကန္နားကျောင်းကယ်ဆယ်ရေးစခန်းနှင့်ပုညဝသုဒ္ဓိဗိမာန်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများရှိ မုန်တိုင်းဘေးသင့်ပြည်သူ ၁၅၀၀ခန့်အား အစားအစာ ဆေးဝါး သောက်သုံးရေရရှိရေး ကျန်းမာရေး လူနာပို့ဆောင်ရေးမှ အစပြု၍ အညစ်အကြေးစွန့်ခြင်းကိစ္စများအထိ အဆင်ပြေအောင်ပင်ပန်းကြီးစွာ ဆောင်ရွက်ကူညီခဲ့ခြင်းအား မော်ကျွန်းကြက်ခြေနီမှ အမြဲသတိတယ ကျေးဇူးတင်နေမည်ဖြစ်ပါကြောင်း ကြေကွဲခြင်းများစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။ စီနီယာအစ်ကိုကြီးတစ်ယောက်အနေဖြင့်လည်း လက်ဆယ်ဖြာမိုး၍ ကန်တော့နှူတ်ဆက်ပါသည်။ ဆရာဦးကျော်မြင့် ကောင်းရာဘုံ သို့ ရောက်ပါစေ 
ကောင်းမြတ် တပ်ခွဲမှူး မော်ကျွန်းကြက်ခြေနီ 

 ဦးကျော်မြင့်အတွက် မိသားစုနှင့်ထပ်တူကြေကွဲဝမ်းနည်းရပါတယ်! ဂုဏ်ထူဆောင်တပ်ဖွဲ့ဝင် ဂုဏ်ထူးဆောင်အမှုဆောင်တစ်ဦးအနေနဲ့လည်း နှမြောတသမိပါတယ်။ဦးကျော်မြင့် ကောင်းရာသုဂတိလားပါစေ! 
ခင်မောင်ရီ ဥက္ကဌ ဟင်္သာတခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ။ 

Win Naing 
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်အာလုံးက ဧရာဝတီတိုင်းဒေသကြီးမှဆရာကျော်မြင့်(မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး)ကောင်ရာမွန်ရာရောက်ပါစေ
မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်ရပါတယ် .ကြက်ခြေနီတပ်ဖွဲ့ 

Mahn David 
နာဂစ် မှာ တာဝန် အတူထမ်းဆောင် ဘူးပါတယ်။ မိသားစု မြို့နယ် တပ်ဖွဲ့ နှင့်ထပ်တူ ဝမ်းနည်းပါကြောင်း တပ်ဖွဲ့မှူး ကောင်းရာသုကတိ လားပါစေ။ 
တပ်ဖွဲ့ မှူးကိုယ်စား မရမ်းကုန်းမြို့နယ် ကြက်ခြေနီသူနာပြု့တပ်ဖွဲ့။ ရန်ကုန်တိုင်းဒေသကြီး။

Minn Zi Wa 
ဧရာဝတီတိုင်းကြက်ခြေနီ၏လက်ရုံးတစ်ဖက်ပြုတ်သွားသလိုခံစားရတယ်။ ကောင်းရာသုဂတိလားပါစေ။ ကျန်ရစ်သူမိသားစုများနှင့်အတူထပ်တူထပ်မျှဝမ်းနည်းပါတယ် 

သူငယ်ချင်းကျော်မြင့် မနက်ဖြန်ဆိုငါတို့ကိုမင်းထာဝရခွဲရတော့မယ်ကွာ မင်းငါ့ကိုဆေးရုံကနေဖုန်းဆက်ပြီးပြောတယ်အလုပ်တွေဆက်လုပ်ဖို့ငါကျန်းမာရေးကောင်းအောင်
လုပ်လိုက်အုံမယ်ဆိုငါမင်းရှိရာရန်ကုန်ဆေးရုံကိုလာကြည့်တဲ့အခါအခြေအနေကိုငါသိခဲ့ပါတယ်'**
မင်းငါ့ကိုပြုံပြအုံလေ ငါ့ဆီကကွမ်းအမြဲတောင်တဲ့သူဆေးရုံပေါ်ကုတင်ထက်ဝယ်လဲလျောင်နေရာငါကွမ်းကျွေးတော့မင်းပြောတယ်
မစားတော့ဘူးတဲ့-- ငါသိလိုက်ပြီ ********မင်းအားလျော့လိုက်ပြီဆိုတာ-- ဝင်းမြင့်ကိုစံချိန်နာရီဝယ်ခိုင်တာခဏခဏပဲ ဆေးရုံပေါ်အထိ ရေပြင်သက်ကယ်မင်းတပည့်များ အတွက်စံချိန်တင်နာရီလေးကိုသတိရသေတယ်နော်'---အခုတော့ငါတို့ကိုထားခဲ့ပြီပေါ့**** မင်းတာဝန်ကျေခဲ့ပြီကွာ ညီလေးမောင်မောင်ကျော်(မအူပင်ခရိုင်တပ်ဖွဲ့မှူး) ရဲ့ဂုဏ်ပြုVDOလေတင်ပေးလိုက်သလို သူငယ်ချင်းရေး ငါတို့ပြုကြအလှူဒါနတွေကိုအမျှပေးပါတယ်ကွာ မင်းရောက်ရာအရပ်ကသာဓုခေါ်ပါကွာ 
မောင်မောင်မြင့် လပွတ္တာ  


U Kyi Nyunt ---- နာဂစ်မှာနယ်မြေ(13) တခုလုံးအတွက်အထောက်ပန့်ရအောင်ဖေါက်ထွက်ကယ်တင်ခဲ့တဲ့လူမူ့ထူးချွန်ပုဂ္ဂီုလ်တစ်ဦးပေ
မို့နှစ်မြေားတသမိ့ပါတယ်ကောင်းရာသုဂတိရောက်ပါစေ 

Daw TinTin Soe 
ပရဟိတအလုပ်ကို စိတ်ရောကိုယ်ပါ နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ သူငယ်ချ င်း နောက်ဆုံးချိ န်ဆေးလာကုတော့ လက်ပတန်းကျောင်းမှာတွေ့လိုက်ရပါသေးတယ်..ကျ န်းမာရေးကို ဂရုမစိုက်မိလို့ အချိန်စောထွက်သွားရတာ ကို စိတ်မကောင်းဖြစ်ရပါတယ် .။ 

Than Htay 
ဝမ်းနည်းကြေကွဲဖြစ်မိပါသည်၊ ပရဟိတလုပ်ငန်းတွေကို ထဲထဲဝင်ဝင်စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်နေသူတွေအတွက် တစ်ကိုယ်ရေ/မှီခိုသူတွေအဆင်ပြေစေဖို့ စီမံခန့်ခွဲသူတွေက ဂရုပြုဆောင်ရွက်ပေးကြရပါတယ်၊ သူ့အတွက်လည်း ရေရှည်အဆင်ပြေစေဘို့စီမံပေးခါမှ ဒီတောင်ကိုမကျော်နိုင်တဲ့အတွက် ပို၍ယူကြုံးမရဖြစ်ရပါသည်၊ ကောင်းရာသုဂတိလားပါစေ။ 

Myo Naing 
ဆယ်တန်းမင်းတို့အိမ်ရှေ့ကဆိုင်ခန်းလေးထဲမှာ မင်းတို့အမွှာရယ်ငါရယ် ကျောင်းဆရာဖြစ်နေသူလှသိန်းရယ် စာစုကျက်ကြခဲ့တာပြန်လွမ်းမိသလို မင်းတို့ညီအကို ပရဟိတအလုပ်တွေ ကြက်ခြေနီတာဝန်တွေစိတိတူကိုယ်တူလုပ်နေတာမြင်တိုင်းကြည်နူးပီတိ ဖြစ်ရတယ်။ ပိုကြေကွဲရတာက ဒီနေ့လိုမျိုးစာပေ ဟောပြောပွဲည လွန်ခဲ့သော ၂၀၁၂ လောက်က စာပေဟောပြောပွဲညမှာ ငါရယ်ဝင်းမြင့်ရယ်မင်းရယ် ဆရာ ဆောင်းဝင်းလတ်ရယ် အကင်စုမှာ စကားတွေပြောကြ စာပေအကြောင်း တွေဆွေးနွေးခဲ့ကြတာပြန်သတိရနေတယ်သူငယ်ချင်းရယ် အများအကျိုးသယ်ပိုးတဲ့သူငယ်ချင်း ကောင်းရာနေရာရောက်မှာပါ