ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Thursday, December 27, 2018
ဝါးခယ်မ အထက ( ၁ ) မြတ်ဆရာ ပူဇော်ပွဲ ၂၀၁၈.
ဝါးခယ်မ မြို. အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်း၏ မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို ၂၀၁၈ ဒီဇင်ဘာ ၂ ရက် မနက် ၉နာရီအချိန်က ကျောင်း၏ ဒေါ်ပိုက်မိ ခန်းမအတွင်း ကျင်းပခဲ့ပါသည် ။
မနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် ဆရာကြီး/ဆရာမကြီးများ နားနေရာ ရတနာခန်းမ မှ ပန်းဖလားပိုက်ကျောင်းသားငယ် ၊ ပန်းကြဲကျောင်းသူလေးများ ဦးဆောင်လျှက် အခမ်းအနားကျင်းပရာ ဒေါ်ပိုက်မိခန်းမသို.ကန်တော့ခံဆရာကြီး/ဆရာမကြီးများ ၀င်ရောက်ကြပါသည် ။ ထိုသို.၀င်ရောက်ရာတွင်ဧည့်ခံဆိုင်းဝိုင်းဖြင့်ကြိုဆိုပြီး သတ်မှတ်နေရာများတွင် နေရာယူစေပါသည် ။
အခမ်းအနား မစတင်မှီ ကျောင်းသီချင်းများဖြင့်ဖျော်ဖြေမှု ရှိခဲ့ပြီး အခမ်းအနား ဖွင့်လှစ်ကြောင်းကြေညာပြီး သည့်နောက်တွင်လည်း ကျောင်းအတွက် သီးခြားဖွဲ.ဆိုထားသော သီချင်းတစ်ပုဒ်ဖြင့်လှုံ.ဆော်ရေး အဖွဲ.မှ သီဆိုတင်ဆက်ပေးခဲ့ပါသည် ။ ထို.နောက် စာသင်နှစ်အလိုက် တေးသီချင်းများဖြင့် သီဆိုတင်ဆက်မှု ၂ ခုပြုလုပ်ခဲ့ပါသည် ။
ထို.နောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများကို ဆရာတစ်ဦး ၊ ဆရာမ တစ်ဦးတို.မှ မိတ်ဆက်ပေးပါသည် ။ ထို.နောက် ဆရာမဒေါ်စန်းမြ မှ အောင်ဂါထာ ၊ တေးထပ် ၊ ဆုတောင်းသီချင်းတို.ဖြင့် ကျောင်းသား/သူများ ၊ ဆရာ/ဆရာမများအားမေတ္တာပို.သပါသည် ။ ဆက်လက်၍ ၂၀၁၈ မြတ်ဆရာ ပူဇော်ပွဲကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ မှ နှုတ်ခွန်းဆက် နှင့်ကျေးဇူးတင်စကားပြောကြားပြီးနောက် အထက ( ၁ ) မြတ်ဆရာ ပူဇော်ပွဲ နှစ်စဉ်ဖြစ်မြောက်ရေး ပင်မကော်မတီ ပေါင်းစပ်ညှိုနှိုင်းရေး တာဝန်ခံ မှ ဆရာကန်တော့ပွဲကျင်းပရန် သက်ဆိုင်ရာ ကော်မတီအလိုက် စီမံမှုများ ၊ ဆရာကန်တော့ပွဲ နှစ်စဉ် ကျင်းပနိုင်ရေးကိစ္စရပ်များ ၊ ၂၀၁၉ မြတ်ဆရာ ပူဇော်ပွဲအတွက် ၂၀၁၉ ဖေဖေါ်ဝါရီတွင် ရှိနှင့်ပြီးသောနှစ် ၊ ပူးပေါင်းမည့်နှစ်များ ဆွေးနွေးရန် ကိစ္စ နှင့် ကျောင်းသားဟောင်းများ ပူးပေါင်းပါဝင် အကြံပေး လုပ်ဆောင်ရန် ကိစ္စရပ်များ တင်ပြပါသည် ။
ဝါးခယ်မမြို.နယ် ပြည်သူ.လွတ်တော်ကိုယ်စားလှယ် ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ မှ ပညာရေး အရေးကြီးပုံ ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတ အတွေးအခေါ် ပိုင်းဆိုင်ရာမျာျးနှင့်အတူ ယခုဆရာကန်တော့ပွဲ၏ ပြည့်စုံ ခမ်းနားမှု ၊ ပူးပေါင်းလုပ်ဆောင်ကြသူများ၏ ညီညွတ်မှုကိုချီးကျုးရင်း မုဒိတာစကား စကားပြောကြားခဲ့ပါသည် ။ ထို.နောက် ကျောင်းသားဟောင်းတစ်ဦး မှ လက်ရှိကျောင်းဆောင်များ ယိုယွင်းမှု အခြေအနေများ နှင့် ဦးစားပေးပြင်ဆင်မည့် အထက ( ၁ ) ၏ မူလဘူတဖြစ်သော သက်တမ်း ၁၁၂ နှစ်ရှိ ဇဗ္မူရစ်ကျောင်းဆောင်ပြင်ဆင်ရေး ပူးပေါင်း လုပ်ဆောင် လှုဒါန်းပေးရန် အသိပေးရှင်းလင်းမှု ပြုလုပ်ခဲ့ပါသည် ။ ထို.နောက် ရတုတစ်ပုဒ်ဖြင့်ပူဇော်မှု ပြုခဲ့ပြီး ကန်တော့ချိုးဖြင့် ဆရာကြီး ဆရာမကြီးများအား လက်အုပ်ချီမိုး ရှိခိုးကန်တော့ကြပါသည် ။ ကန်တော့ပြီးနောက် ဆရာကြီး /ဆရာမကြီးများကို ကန်တော့ပစ္စည်းများ လက်ရောက်ပူဇော်ပြီး ဆရာကြီး တစ်ဦး ၊ ဆရာမကြီး တစ်ဦး တို. မှ ဆုံးမသြ၀ါဒနှင့် ပီတိစကား ပြောကြားပေးခဲ့ပြီး ဆရာကန်တော့ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည် ။
အခမ်းအနား ကျင်းပနေစဉ်တွင်လည်းကောင်း ၊ အခမ်းအနားအပြီးတွင်လည်းကောင်း လှုဒါန်းမှုများပြုလုပ်ခဲ့ကြရာ လက်ဝယ်ငွေသား နှင့်စာရင်း အပါအ၀င် သိန်း ငါးဆယ်ကျော်ခန်.ရရှိပြီး အဆောက်အဦးအား ရှေးမူမပျက် ပြင်ဆင်ရန် ခန်.မှန်းကုန်ကျစရိတ်မှာ သိန်းငါးရာ ခန်.ဖြစ်ပါသည် ။
ယခုကျင်းပသော ဆရာကန်တော့ပွဲ တွင် ကန်တော့ခံ ဆရာကြီး / ဆရာမကြီးများ စုစုပေါင်း ၁၄၉ ယောက်ရှိခဲ့ပြီး ၁၁၇ ယောက်တက်ရောက်ကန်တော့ခံခဲ့ကာ တစ်ဦးလျှင် ငွေသား ၅၈၀,၀၀၀ ကန်တော့နိုင်ခဲ့ပါသည် ။ ယခုနှစ်ဆရာကန်တော့ပွဲကို ၁၉၈၁/၂/၃ ကျောင်းသားများက ဦးဆောင်ခဲ့ပြီး ကျန်နှစ်များက ၀န်းရံပံ့ပိုးကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၉ တွင်လည်း ၁၉၈၃/၄ အပါအ၀င် စာသင်နှစ်အချို.ပေါင်း၍ ၂၀၁၉ ဒီဇင်ဘာ ပထမ တနင်္ဂနွေ တွင် ဆရာကန်တော့ပွဲ ဖြစ်မြောက်ရေး စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ပါသည် ။
ပုံများကြည့်ရန်
ကျောင်းဆရာကန်တော့ပွဲသတင်း၊ ဓါတ်ပုံ ၊ ဗွီဒီယို များအသေးစိပ်ကြည့်ရန်
အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ ၂၀၁၈ ပညာရေး ဆိုင်ရာ ထောက်ပံ့ လှုဒါန်းမှု
![]() |
| အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ ၂၀၁၈ ပညာရေး ဆိုင်ရာ ထောက်ပံ့ လှုဒါန်းမှု |
အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ ၂၀၁၈ ပညာရေး ဆိုင်ရာ ထောက်ပံ့ လှုဒါန်းမှုကို ၂၀၁၈ နိုဝင်ဘာ ၂၅ နေ.က ၀ါးခယ်မမြို.တွင် ပြုလုပ်ခဲ့ပါသည် ။
![]() |
| အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ မျိုးဆက်သစ် လူငယ်ဖွံ.ဖြိုးရေး စင်တာ သို.လှုဒါန်းမှု |
နေ.လည် ၁၂နာရီ အချိန်တွင် ၀ါးခယ်မမြို. သံကြိုးတိုင် တိုးချဲ.ရပ်ကွက် ရှိ ဓမ္မရက္ခိတကျောင်း တွင် ယခုနှစ်မှ စတင်တည်ထောင်သော မျိုးဆက်သစ် လူငယ်ဖွံ.ဖြိုးရေး စင်တာ သို. သွားရောက်၍ ထိုစင်တာရှိ မိဘမဲ့ နှင့် ချို.တဲ့ အထက်တန်းကျောင်းသူ/သားများ အတွက် ဗလာစာအုပ် ဒါဇင် ၄၀ ၊ အေဖိုးစာရွက် ၅ထုပ် ၊ ဘောပင် ၊ ခဲတံ နှင့် ပညာသင်ကြားရေးစရိတ်အဖြစ် အလှုငွေ သုံးသိန်းကျပ်တို.ကိုသွားရောက်လှုဒါန်းခဲ့ပါသည် ။
ထို.နောက် ၀ါးခယ်မမြို.ရှိ အားမာန်သစ်မသန်စွမ်း အဖွဲ. နှင့်တွေ.ဆုံ၍ အဖွဲ.၀င်များထဲမှ ပညာသင်ကြားနေသော ကျောင်းသား/သူများ လာမည့်နှစ်ပညာသင်နှစ်တွင် အသုံးပြုနိုင်ရန် ကျောင်းသုံး ကွန်ပါဘူးများ ၊ ဗလာစာအုပ် ဒါဇင် ၂၀ ၊ ခဲတံ ၊ ဘောပင်များ နှင့် ကျောင်းဝတ်စုံစရိတ်အဖြစ် ငွေကျပ်တစ်သိန်းတို.ကို ပေးအပ်လှုဒါန်းခဲ့ပါသည် ။
![]() |
| အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ အားမာန်သစ် မသန်စွမ်းအဖွဲ. သို.လှုဒါန်းမှု |
ဆက်လက်၍ အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် မှ ပညာသင်စရိတ်ထောက်ပံ့ပေးနေသော အရှေ.ပိုင်း ပရဟိတကျောင်းမှ နည်းပညာတက္ကသိုလ်သို.တက်ရောက်နေသည့် ကျောင်းသားအတွက် ၆လစာထောက်ပံ့ငွေကို တာဝန်ခံမှတစ်ဆင့် ပေးအပ်လှုဒါန်းခဲ့ပါသည် ။ ထို.နေ.လှုဒါန်းမှု စုစုပေါင်းတန်ဘိုးမှာ ကိုးသိန်းကျပ်ခန်.ဖြစ်ပါသည် ။
ထို.အပြင် ဒီဇင်ဘာလအတွင်းတွင်ဝါးခယ်မ ဂျီတီအိုင် မှ နည်းပညာတက္ကသိုလ်သို. ရောက်ရှိသွားသော မိမိတို. တာဝန်ယူနေကျဖြစ်သော ကျောင်းသူတစ်ဦး၏ ကျောင်းအပ်နှံစရိတ်အားလည်း တာဝန်ယူ လှုဒါန်းပေးခဲ့ပါသည် ။
အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ.အနေဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ပညာသင်ထောက်ပံ့ လှုဒါန်းမှု အစီအစဉ်များပြုလုပ်ရာတွင် ချို.တဲ့အခြေခံကျောင်းသား/သူများအား ထီး ၊ ဖိနပ် ၊ မိုးကာ ၊ ကျောပိုးအိတ် ၊ စာရေးကိရိယာများ လှုဒါန်းခြင်း ၊ ကျောင်းအသုံးအဆောင်များ လှုဒါန်းခြင်း ၊ ပညာရေးဆိုင်ရာ လုပ်ဆောင်နေသော အဖွဲ.များသို. တစ်ဆင့်လှုဒါန်းခြင်း ၊ ပရဟိတကျောင်းများသို. ပညာသင်စရိတ်အပါအ၀င် လိုအပ်သည်များ လှုဒါန်းခြင်း များ ပြုလုပ်နေပြီး ၀ါးခယ်မမြို.မှ အဝေးရောက်နေသော ဇာတိဖွားများ နှင့် သူတို.၏ မိတ်ဆွေများ လှုဒါန်းမှုဖြင့် ဤ အစီအစဉ်များကို လုပ်ဆောင်နေခြင်းဖြစ်ပါသည် ။
ယခုနှစ် လှုဒါန်းမှု များသို. ၀ါးခယ်မမြို.နယ် လူငယ်အဖွဲ.တစ်ခု မှ မှ လာရောက် လေ့လာ ကူညီပေးခဲ့ပါသည် ။
ပုံများကြည့်ရှုရန်
မျိုးဆက်သစ် လူငယ်ဖွံ.ဖြိုးရေး စင်တာ - ၀ါးခယ်မ.
လူတစ်ယောက်၏ ဘ၀ ကိုမြှင့်တင်ပေးလိုလျှင် ၊
မိမိတို. တိုင်းရင်းသူ/သား များ
ဘ၀နောင်ရေး စိတ်အေးရအောင် စောင့်ရှောက်ချင်လျှင် အကောင်းဆုံးနည်းတစ်ခု က ပညာသင်ကြားတတ်မြောက်စေခြင်းပင်ဖြစ်သည် ။ အထူးအားဖြင့် ဘ၀အခြေအနေအရ ပညာသင်ကြားရန် ခက်ခဲနေသူများကို စောင့်ရှောက်သင်ကြားပေးခြင်း က အဖိုးမဖြတ်နိုင်အောင် တန်ဘိုးရှိလှပေသည် ။
ထိုတာဝန်ကို တတ်စွမ်းနိုင်သလောက် ၊ ကိုယ်စွမ်းရှိသလောက် ထမ်းဆောင်နေသော သံဃာတော် တစ်ပါး၏ ဘွဲ.အမည်က
ဦးဥာဏ၀ရ ။ သက်တော် က ၄၀ ၀န်းကျင်သာရှိသေးသည် ။ ဆရာတော်သည် မော်လမြိုင်ကျွန်း ဇာတိဖွားဖြစ်ပြီး ကိုရင်ဘ၀ကပင် ၀ါးခယ်မ တွင်
နေထိုင်ခဲ့ပြီး ရာပြည့်ကျောင်း ၊ အသောကရာမကျောင်းသည်တို.တွင်
သီတင်းသုံးခဲ့ဖူး၏
ထို.နောက် မြောင်းမြ ၊ ရန်ကုန်တို.တွင် လှည့်လည် သီတင်းသုံးနေထိုင်ပြီးနောက် ဆရာသမား ပျံလွန်တော်မူပြီးသည်တွင် ၀ါးခယ်မမြို.နယ် သံကြိုးတိုင် တိုးချဲ့ ရပ်ကွက် ရှိ ဓမ္မရက္ခိတ ကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေထိုင်ရင်းမှ မိဘမဲ့ နှင့်ချို.တဲ့ ကျောင်းသား/သူ ပေါင်း ၁၅ ဦးခန်.ကို တာဝန်ယူ ကျွေးမွေး စောင့်ရှောက် လျှက် ပညာသင်ကြားရေးကိုပါတာဝန်ယူပေးလျှက် ရှိပါသည် ။ ထို ၁၅ ယောက်အနက် ၉တန်းကျောင်းသား/သူအားလုံး နှင့် ၁၀တန်းကျောင်းသား/သူ ၄ ဦးမှာ အထက ၁တွင်
တက်ရောက်ပညာသင်ကြားနေကြပြီး ကျန်ကျောင်းသူ/သားများကို ကျောင်းတွင်ပင် မိမိအစီအစဉ် နှင့်မိမိ သင်ကြားရေးဆိုင်ရာ အတွေ.အကြုံ
ရှိသူများ၏ အကူအညီ ကို ရယူလျှက် စောင့်ရှောက်လျှက်ရှိပါသည် ။ ထိုသို.ကျောင်းတိုက်တွင် တာဝန်ယူစောင့်ရှောက်သင်ကြားပေးနေမှုများအပြင် အနီးဝန်းကျင် မှ ချို.တဲ့ ကျောင်းသား/သူများကလည်း ကျောင်း၏ သင်ကြားမှု အစီအစဉ်များတွင် လာရောက်၍ သင်ယူနေမှုများလည်းရှိသည် ။
![]() |
| ညပိုင်းတရားထိုင်ချိန် |
ဆရာတော်က မိန်.ကြားရာတွင် မိမိအနေဖြင့် ကိုယ်.တိုင်းရင်းသား မိန်းကလေးငယ်များ သဖြင့် ယခုကဲ့သို. တာဝန်ယူစောင့်ရှောက်နေခြင်းဖြစ်ကြောင်း ၊ ၊ မျိုးဆက်သစ် လူငယ်ဖွံ.ဖြိုးရေး စင်တာ
ဟု အမည်ပေးထားပြီး မိမိတတ်စွမ်းသမျှ စောင့်ရှောက်နေခြင်းဖြစ်ကြောင်း ၊ ယခုထက် စည်ပင် ဖွံ.ဖြိုး
ခိုင်မာအောင် တည်ထောင်ရန် ရည်ရွယ်ထားကြောင်း မိန်.ကြားခဲ့သည် ။
စားသောက်ရေးအတွက်မူ မနက်ပိုင်း ဆွမ်းခံရာ မှ ပိုသော ဆွမ်းများကို ချန်ထားပြီး ဟင်းအပိုများကိုမူ ဟင်းပေါင်အဖြစ် တည်ထားလျှက် အကယ်၍ မနက်ကချန်ထားသော ဆွမ်းများ သိုးသွားလျှင်တော့ ထိုညစာကား………..
သင်ကြားရေးပိုင်းအနေဖြင့်မူ ပြင်ပမှ သင်ကြားရေးပိုင်းဆိုင်ရာ ဆရာအချို.ကို အကူအညီတောင်းလျှက် သဒ္ဓါကြေးဖြင့် စီစဥိထားရသည်ဟုသိရပါသည် ။ ယခုနှစ် မှ စတင်ခြင်းဖြစ်သဖြင့် အုပ်ချုပ် /စီမံ မှုပိုင်းဆိုင်ရာများတွင် အတွေ.အကြုံ
နည်းပါးမှုကြောင့် လိုအပ်ချက်များ ရှိနေသေးခြင်း ၊ ယခုကျောင်းလေးကို အများသူငှာ ကျယ်ကျယ်ပြန်.ပြန်. မသိရှိသေးခြင်းတို.ကြောင့် အဘက်ဘက် မှ လိုအပ်ချက်များစွာ ရှိနေသေးသော ကျောင်းလေးဖြစ်ပါသည် ။
Subscribe to:
Posts (Atom)










