Saturday, October 20, 2018

တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ( ၅၄ ) သမိုင်း





ယနေ့တွင်နာမည်ကြီးနေသောတက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာကျွန်မ၏ အဘွား ဒေါ်အေးခင် ကိုယ်တိုင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်.။ အင်းယား ကန်စပ်မှာမြေ ၂ ဧကကို တန်ဖိုး ၈၀၀၀၀ ကျပ် နှင့်ဝယ်ယူပြီးEnglandမှarchitectကိုဒီဇိုင်းအပ်နှံပြီးဆောက်လုပ်ခဲ့ရာကျပ်ငွေ၁၅၀၀၀၀ခန့်ကုန်ကျခဲ့ပါသည်.။ 

အဖိုးနဲ့အဖွား ခြံအမှတ် ၅၄ အိမ်မှာပဲ
မင်္ဂလာဆောင်စဉ်

အိမ်ပိုင်ရှင်အဘွား ဒေါ်အေးခင် (ရန်ကုန် ဇာတိ) နဲ့အဘိုးဦးကံမြင့် ( သုံးခွ ဇာတိ) တို့မှာ ကျွန်မ အဖွား ဒေါ်အုန်းကြည်အပါအဝင်သားသမီး ၆ ဦးထွန်းကားခဲ့ပါသည် ။အဘိုးဦးကံမြင့်ဟာ ငယ်ရွယ်စဉ်မှာပဲ ရောဂါနဲ့ဆုံးပါးသွားရလို့ သားသမီးများနဲ့ ကျန်ခဲ့တဲ့ အဘွားကိုအဘိုးရဲ့ ညီအရင်းဖြစ်သူဦး သိန်းမောင်နဲ့ လက်ထပ်စေခဲ့ပါသည်.။ ဦး သိန်းမောင်နဲ့ သားတစ်ဦး ထပ်မံထွန်းကားခဲ့ပါသည်.

အဖိုး ဦးကျင်သောင်း

 စစ်ကြီးပြီးသွားချိန်မှာဦးသိန်းမောင်ဟာစစ်တွင်းလက်ကျန်ပစ္စည်းများလေလံတင်ရာမှာစီးပွားရေးလုပ်လို သဖြင့်အဘွား ဒေါ်အေးခင်နှင့်ပြောဆိုကြရာသဘောတူညီမှုမရသဖြင့် အိမ်ဂရံကို ပေါင်၍ လုပ်ကိုင်ရန်ကြိုးစားခဲ့ပါသည်.

 
အဖွားဒေါ်အုံးကြည်

ဒေါ်အေးခင် မကျန်းမာနေခိုက် ဘဏ်တွင်လူစားထိုး လက်မှတ်ထိုး၍ ပေါင်ခဲ့ပါသည်.။ ထိုအတော အတွင်းမှာပဲဒေါ်အေးခင်မှာ အသက် ၅၀ မပြည့်မှီတွင်ပဲနာမကျန်းဖြစ်ကာဆုံးပါးခဲ့ပါသည်.။အဘိုးရော အဘွားမှာ ၎င်းတို့ကိုယ်တိုင်ဆောက်ခဲ့ပြီးမြတ်နိုးလှသော အိမ်ကြီးတွင်ပင်သက်တမ်းစေ့မနေရပဲ ခေါင်းချခဲ့ကြသည်.

အဖွား ခြံအမှတ် ၅၄ တွင် အိမ်နောက်ခံနှင့်

ထိုအချိန်တွင်ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ကျန်ရစ်သူဒေါ်ခင်ကြည်အားနိုင်ငံတော်မှစောင့်ရှောက်ရန်မေးမြန်း
ရာကန်စပ်နှင့် အိမ်အမျိုးအစားကို နှစ်ခြိုက်ကြောင်းပြောကြားခဲ့ပါသည်.

ထိုအချိန်က ရန်ကုန်တွင်အင်းယားကံစပ်၌ဆောက်ထားသောအိမ်သုံးလုံးတိတိသာရှိပါသည်.။တစ်ခုမှာ သတင်းစာ သမားတစ်ဦး၏အိမ်၊ တစ်ခု မှာ မျက်နှာဖြူစာသင်ကျောင်းဖွင့်ထားသောအိမ်နှင့် တစ်ခုမှာ ကျွန်မတို့ အဘွား၏အိမ်ဖြစ်ပါသည်.

တချိန်ထဲ မှာပဲ တဖက်တွင်ဂရံပေါင်ထားကြောင်းသိရှိ၍ငွေကြေးအလုံအလောက်နှင့်ရွေးရန်ကြိုးစားရာ( ဒေါ်ခင်ကြည်၏ပယောဂတစ်စုံတရာမပါပါ)အခက်အခဲများကြောင့်မရွေးနိုင်ခဲ့ပဲဦးနုမှတဆင့်ဒေါ်ခင်ကြည် လက်ထဲရောက်ခဲ့သည်ဟုသာပြောလိုပါသည်

ဒေါ်အေးခင်၏သမီးရင်းကျွန်မ၏အဖွားဒေါ်အုန်းကြည်မှာအဖိုးဦးကျင်သောင်းနဲ့လက်ဆက်ခဲ့ပြီးသားသမီး ၇ ယောက် အဖတ်တင်ခဲ့ပါသည် ။ ဒေးဒရဲသား အဖိုးနှင့်အဖွား၏ပထမသားသမီး ၅ ယောက်မြောက်ထိခြံအမှတ် ၅၄ မှာ ပဲမွေးဖွားနေထိုင်ကြီးပြင်းခဲ့ရပြီးထို ၅ ဦးထဲက ၄ ဦးမှာယခုထိ သက်ရှိထင်ရှားရှိနေပါတယ်. တစ်ဦးကတော့ ကွယ်လွန်သွားပါပြီ.။

အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ကျွန်မ အမေနဲ့ အဒေါ်ကိုတော့ အမှတ် ၅၄ကနေရွှေ့ပြောင်းခဲ့ရပြီးမှ ဆရာစံလမ်းကအိမ်အသစ်တွင်မွေးဖွားခဲ့ပါသည် ။

အဖိုးနဲ့ အဖွား ခြံအမှတ် ၅၄ တွင် အင်ယားကန် နောက်ခံနှင့်
  
ဤ အကြောင်းများဖော်ပြရာတွင်
Ø  *သမိုင်းရေးရာတွင်ဖယ်ချန်ခဲ့၍မရသောအမွေအနှစ်တစ်ခုအကြောင်းပိုမိုသိရှိစေချင်ခြင်း
Ø  *မိမိ အဘိုး အဘွား များဆောက်ခဲ့၍ ဂုဏ်ယူမိခြင်း
Ø  *ထိုအိမ်ကြီးသည်နိုင်ငံတွင်အလွန်အရေးပါသောအခန်းကဏ္ဍများစွာတွင်အထောက်အပံ့ဖြစ်ခဲ့ခြင်းကြောင့် မိမိဘဝတွင် အမှတ်တရဖြစ်ခဲ့ရခြင်းတို့သာ စိတ်ထဲရှိပါသည်.

မည်သည့် လူမှုရေး စီးပွားရေး နိုင်ငံရေး ကျော်ကြားရေးအကျိုးအမြတ် တစုံတရာမျှပါဝင်ပတ်သတ်လိုမှု တစိုးတစဉ်းမျှ မရှိပါကြောင်း ပြတ်သားစွာအသိပေးအပ်ပါတယ်ရှင်.

ကန်စပ်


**ယခုကဲ့သို့ဖော်ပြရာတွင်မိမိတို့အမျိုးသာခြံပိုင်ရှင်အစစ်အမှန်ဖြစ်သည်ဟုပြောလိုခြင်းလုံးဝမပါဝင်ပါ.
"မူလပိုင်ရှင်"သာဖြစ်ပါသည်.။SocialMediaပေါ်
တွင်အဓိပ္ပါယ်သွေလဲသွားစေသောအရေးအသားများအားတွေ့ရသဖြင့်ထပ်မံဖြည့်စွက်လိုက်ပါသည်.။
မည်သည့် interview ကိုမျှလဲ ဖြေကြားရန် အစီအစဉ်မရှိပါ. ။ကျေးဇူးတင်ပါသည်ရှင်




Friday, October 19, 2018

တိုက်လေယာဉ် မတော်တဆ မှု မှတ်တမ်းအချို.


 
၂၀၁၆ ဖေဖေါ်ဝါရီ ၁၀ ရက် နေပြည်တော် လေဆိပ်အနီး Beech Craft 1900D ပျက်ကျမှု


 မြန်မာလေတပ်မှ တရုတ်လုပ်တိုက်လေယာဉ်များ ပျက်စီးမှုဖြစ်စဉ်အချို့ ဆိုပြီး မှတ်တမ်း တစ်ခုတွေ.ရပြီး အဲ့ဒီမှတ်တမ်းဟာ ၁၉၉၉ ကနေ ၂၀၀၉ အထိ မှတ်တမ်းတွေကိုတွေ.ရပါတယ် ။အဲ့ဒီမှာဖော်ပြထားတာကတော့

တပ်မတော် လေ မှ F 7 တိုက်လေယာဉ် တစ်စီး

    ၁။         ၁၉၉၉ – ရှမ်းပြည်တောင်ပိုင် (အင်းလေးအိုင်အနီး) လေယာဉ်ပျက်ကျ – လေယာဉ်မှူး ၂ ဦး သေဆုံး

    ၂။         ၂၀၀၂ – မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အမောင်းသင်ရင်း ပျံတက်ရန်ကြိုးစားစဉ် လေယာဉ်မီးလောင်၊ သေဆုံးမှုမရှိ

    ၃။         ၂၀၀၂ – မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) – လေ့ကျင့်ပျံသန်းစဉ် မိတ္ထီလာမြို့နယ် ရေဝေရွာနှင့် မလှိုင်မြို့နယ် ထန်းတပင်ရွာကြား လေယာဉ်ပျက်ကျ – လေယာဉ်မှူး ဗိုလ်ဝေဟင်ထွန်း သေဆုံး

    ၄။         ၂၀၀၂ – မှော်ဘီ (၅၀၁) လေတပ်စခန်း – လေ့ကျင့်ပျံသန်းစဉ် ရန်ကုန်တိုင်း တွံတေးမြို့နယ် ညောင်ပင်သာရွာအနီး လေယာဉ်ပျက်ကျ – လေယာဉ်မှူး ဗိုလ်ဖြိုးဝေကျော်လှိုင် သေဆုံး

    ၅။         ၂၀၀၃ – မန္တလေးတိုင်း တံတားဦးလေဆိပ်အနီး လေယာဉ်ပျက်ကျ – လေယာဉ်မှူး ခုန်ထွက်နိုင် သေဆုံးမှုမရှိ

    ၆။         ၂၀၀၄ မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) – လေ့ကျင်ပျံသန်းစဉ် လေယာဉ် ပေါက်ကွဲမီးလောင် ပျက်ကျ – လေယာဉ်မှူး ဗိုလ်ကြီးမျိုးထွဋ်အောင်နှင့်  မြေပြင်ရှိလယ်တဲပိုင်ရှင် ဦးအောင်မောင်း ဒဏ်ရာရ၊ လေယာဉ့်တပ်ဆင်ထားသည့် ဒုံးကျည်နှင့် လက်နက်များ ပေါက်ကွဲအနီးရှိ အဆောက်အဦအချို့ ပျက်စီး

    ၇။         ၂၀၀၆ – မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) – စက်ရှိန်မြင့်ဖြင့် ပျံသန်းစဉ် လေယာဉ်မီးလောင်ပျက်ကျ –  လေယာဉ်မှူး ဗိုလ်မှူးသန်းဇော်လင်း သေဆုံး

    ၈။         ၂၀၀၇ – မြစ်ကြီးနားမြို့  ၅၀၃ လေတပ်စခန်း – လေ့ကျင့်ပျံသန်းစဉ် ဆားမှော်အနီး လေယာဉ်ပျက်ကျ – လေယာဉ်မှူး သေဆုံး

    ၉။         ၂၀၀၇ – မန္တလေး တံတားဦးလေဆိပ် – လေ့ကျင့်ပျံသန်းစဉ် လေယာဉ်ပျက်ကျ – လေယာဉ်မှူး  ဗိုလ်ကြီးစိုင်းစံလျှန်း သေဆုံး

    ၁၀။       ၂၀၀၉ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ် – ဆင်းသက်စဉ် မီးလောင်မှုဖြစ်  ၅၀၂ လေတပ်စခန်း  လေယာဉ်မှူး ဗိုလ်ကြီးပြည့်ဖြိုးမျိုး သေဆုံး

၂၀၁၈ ဧပြီ လအတွင်း တောင်ငူလေတပ်စခန်း မှ F7 တိုက်လေယာဉ် ပျက်ကျမှု

အဲ့ဒီ ၂၀၀၉ မတော်တဆ မှု နဲ.ပတ်သက်လို. သတင်းဋ္ဌာနကတော့ ( အဲ့ဒီတုန်းက )  ဒီလိုဖော်ပြရေးသားထားခဲ့ပါတယ် ။

--- လေတပ်က တိုက်လေယာဉ်တစင်း ရန်ကုန်မှာ ဒီမနက် ပျက်ကျသွားပြီး လေယာဉ်မှူးလည်း သေဆုံးသွားပါတယ်။ တရုတ်လုပ် အက်ဖ်-ဆဲဗင်း တိုက်လေယာဉ်ဟာ ဒီမနက် လေ့ကျင့်ပျံသန်းပြီး မင်္ဂလာဒုံလေယာဉ်ကွင်းကိုအဆင်း မနက် ၁၀ နာရီကျော်မှာ မီးလောင်ပျက်စီးသွားတာကို မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဒီမနက်လေယာဉ်နဲ့ ထိုင်းနိုင်ငံကိုထွက်ခွာမယ့် ခရီးသည်တချို့လည်း မြင်တွေ့လိုက်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်အပေါ်ထပ် ခရီးသည်နားနေ ဆောင်ကနေ မြင်တွေ့ရပုံကို ခရီးသည်တဦးက ပြောပြပါတယ်။

“လေယာဉ်ပြေးလမ်းပေါ်မှာ ဖိုက်တာတစင်းက အင်ဂျင်ကြီးကလည်း တအားညံပြီးတော့ တောက်လျှောက် အဆောင်ကြီးအတိုင်း ဒီတိုင်းပဲ ၁၀ မိုင်ဘက်ကို ဒီပြေးလမ်းအတိုင်း ကျနော်တို့ရှေ့က ဖြတ်သွားတာ၊ ဂျက်အင်ဂျင်ဆိုတော့ ဒီတိုက်လေယာဉ်ရဲ့နောက်မှာ မီးကလည်း ပေ ၂၀ လောက်ထိ အတန်းလိုက်ကြီး ထွက်နေတာလေ။ မျက်စိရှေ့မှာ လေယာဉ်ကို မှန်အကျယ်ကြီးကနေ ကြည့်ပြီး စောင့်နေတယ် ဆိုတော့ အဲဒါကြီးရုတ်တရက်ဝင်လာတော့ လူတွေအကုန်လုံးလည်း ကြောင်ကုန်တာပေါ့။ ခဏနေတော့ သူ့နောက်ကနေပြီးတော့ မီးသတ်ကားတွေ၊ စစ်ကားတွေ အကုန်လုံး တောက်လျှောက်လိုက်သွားတာ၊ ကျနော်တို့ ထွက်ကြည့်လို့ မရတော့ဘူးလေ။”

ပျက်ကျသွားတဲ့ တိုက်လေယာဉ်ကို မောင်းနှင်လာတဲ့ လေယာဉ်မှူးက ဗိုလ်ကြီးပြည့်ဖြိုးမျိုး ဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ သေဆုံးသွားတယ်လို့ လေတပ်နဲ့ နီးစပ် သူတဦးက ပြောပါတယ်။ တိုက်လေယာဉ်ဟာ ကွင်းကိုအဆင်းမှာ လေယာဉ်ဘီးမထွက်တာကြောင့် ဒီလိုဖြစ်ရတာလို့လည်း ပြောပါတယ်။ အက်ဖ်-ဆဲဗင်း တူးကေ တိုက်လေယာဉ်တွေကို   ၁၉၉၁ ခုနှစ် မေလလောက်ကစလို့ တရုတ်နိုင်ငံကနေ စတင်ဝယ်ယူ ခဲ့တာဖြစ်ပြီး စုစုပေါင်း အစင်း ၃၀ လောက်ရှိတယ်လို့ စစ်ဘက်ရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စတင်ဝယ်ယူပြီး မကြာခင် ၁၉၉၉ ခုနှစ်လောက်ကစလို့ ဒီလေယာဉ်တွေထဲက စက်ချွတ်ယွင်း ပျက်ကျမှုတွေ မကြာခဏဖြစ်ပွားခဲ့တယ်လို့ ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု (သုတေသနနှင့် မှတ်တမ်းတင်ဌာန) က စစ်ရေးအကဲခတ် ဦးဌေးအောင်က ပြောပါတယ်။ ဒီတိုက်လေယာဉ်တွေရဲ့ အားနည်းချက်တွေနဲ့ ပတ်သက်လို့လည်း ဦးဌေးအောင်က ပြောပြပါတယ်
“အဲဒီလေယာဉ်တွေရဲ့ အဓိကအားနည်းချက်ကတော့ အခုခောတ်အနေအထားနဲ့ ဆိုရင်တော့ သိပ်ပြီးတော့ ခေတ်မမီတော့ဘူး၊ နောက်တခုက ဆီစားနှုန်းကလည်း အရမ်းများတယ်လို့ ကျနော်တို့ သိရတာရှိတယ်။ နောက်တခုက လေယာဉ်အရှိန်ထိန်းတဲ့ အတောင်ပံဖလက်ပြားတွေကလည်း မကြာခဏ ပြုတ်ထွက်လေ့ရှိတယ် ဆိုပြီးတော့ လေတပ်ကလာတဲ့ သတင်းတွေအရ ကျနော်တို့သိရတယ်။  ၁၉၉၉ ခုနှစ်လောက်ကစပြီးတော့ တရုတ်လုပ် ဂျက်တိုက်လေယာဉ်တွေက လေ့ကျင့်ပျံသန်းနေရင်းနဲ့ ပျက်ကျတာတွေ စရှိခဲ့တယ်။ နောက်တခုက မြေပြင်ကနေပျံတက်ဖို့ ကြိုးစားရင်းနဲ့ ပျက်ကျတာတွေရှိတယ်။ နောက်ဆုံးပျက်ကျတဲ့ လေယာဉ်ပျံနဲ့ ဆိုရင်တော့ ကျနော်တို့ ရရှိထားတဲ့ စာရင်းဇယားတွေအရ ၁၀ စင်းလောက်ရှိ သွားပြီ။”

---လေတပ်မှာ တရုတ်လုပ် အက်ဖ်-ဆဲဗင်းတူးကေ လေယာဉ်တွေနဲ့အတူ အေဖိုက်တူးကေ လေယာဉ်တွေကို အများဆုံးဝယ်ယူခဲ့ပြီး ဒီလေယာဉ်တွေကို မောင်းနှင်ဖို့အတွက် လေတပ်အရာရှိအချို့ကို တရုတ်စစ်တပ်က သင်တန်းပို့ချခဲ့တယ်လို့လည်း ဦးဌေးအောင်က ဆိုပါတယ်။ ဒါ့အပြင် ယူဂိုဆလပ်နိုင်ငံလုပ် ဂျီ-ဖိုး လေယာဉ်တွေနဲ့ ရုရှားနိုင်ငံက ၀ယ်ယူခဲ့တဲ့ အမ်အိုင်ဂျီ-၂၉ လေယာဉ်တွေလည်းရှိပါတယ်။ --- လေတပ်မှာ လေတပ်စခန်းဌာနချုပ် ၉ ခုရှိပြီး ၁၀ ခုမြောက် လေတပ်စခန်းဌာနချုပ်သစ်တခုကို ရခိုင်ပြည်နယ်ဘက်မှာ ဆောက်လုပ်နေသလို မြေပြင်မှ ဝေဟင်ပစ် လေကြောင်းကာကွယ်ရေး လက်နက်တပ်ဆင်မှုတွေလည်း ရှိနေပြီလို့ လည်း သိရကြောင်း ဦးဌေးအောင်က ပြောပါတယ်။


ဒါ့အပြင် လေယာဉ်ရော လေယာဉ်မှုး ပါ ထိခိုက်မှု မရှိပေမယ့် တိုက်လေယာဉ် လေ့ကျင့်နေစဉ် ဗုံး ၂ လုံး မတော်တဆ ပြုတ်ကျ မှု တစ်ခုလည်း ၂၀၁၇ မေလ ၂၂ ရက်နေ.က ဖြစ်ခဲ့ပါသေးတယ် ။ အဲ့ဒီသတင်းကို  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက F-7 တိုက်လေယာဉ် ဝေဟင်-မြေပြင် လေ့ကျင့် ပစ်ခတ်စဉ်မှာ လေ့ကျင့်ရေးဗုံး ၂ လုံး မတော်တဆ ပြုတ်ကျမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ် ။

မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအနီး ဇရပ်ကုန်း စက်ပစ်ကွင်းမှာ လေတပ်မတော်က F-7 ကြားဖြတ် တိုက်လေယာဉ်ဟာ မေလ ၂၂ ရက်နေ့မှာ ပစ်မှတ်နေရာ အချိန်မတိုင်မီ နှမ်းခင်းထဲကို မတော်တဆ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ လေယာဉ်ရဲ့ လက်နက်ပိုင်းဆိုင်ရာ လျှပ်စီးပတ်လမ်း ချွတ်ယွင်းမှုကြောင့်လို့ ဖော်ပြထားပြီး လူနဲ့ တိရစ္ဆာန် ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ လေတပ်က ကျွမ်းကျင်ပညာရှင်တွေ စုံစမ်းစစ်ဆေးနေကြောင်း (  အဲ့ဒီတုန်းက )  ရေးသားထားခဲ့ပါတယ်။

Ref ; MCN News and Some Media

ဆက်စပ်ဖတ်ရှုရန်

 F-7 တိုက်လေယာဉ် ၂စီး ပျက်ကျခြင်း သတင်းစုစည်းမှု



F- 7 ပျက်ကျမှု နှင့် နောက်ဆက်တွဲ တင်ပြ ရေးသားမှုများ