Wednesday, June 28, 2017

Mi Account ပြုလုပ်နည်းနှင့် အသုံးပြုပုံ







Xiaomi သုံးစွဲသူတွေ အတွက် Mi Account ရဲ့ အသုံးဝင်ပုံနှင့် အသုံးပြုပုံနည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

ကျနော်တို့ရဲ့ Xiaomi ဖုန်း အသုံးပြုသူ Mi Fans များအားလုံးတွင် မရှိ/မဖြစ် ရှိထားသင့်တာတော့ Mi Account ပဲ ဖြစ်ပါတယ်ခင်ဗျ.. ဒါဆိုရင် ဒီ Mi Account ရဲ့ အသုံးဝင်ပုံလေးကို ရှင်းပြပေးပါမည်။ Mi Account ဆိုတာကတော့ ကျနော်တို့ Xiaomi မှာ Mi ဖုန်းအသုံးပြုများအတွက် ရည်ရွယ်ပြီး ဖန်တီးပြုလုပ်ပေးထားတဲ့ အွန်လိုင်း Account ပဲ ဖြစ်ပါတယ်ခင်ဗျ.. အဆိုပါ Mi Account ကို ကျနော်တို့ရဲ့ Mi Smart Phone တွေထဲမှာ Login ဝင်ပေးထားမည့်ဆိုရင် Xiaomi ရဲ့ အွန်လိုင်းနှင့်ချိတ်ဆက်တဲ့ Cloud Storge ဝန်ဆောင်မှုတွေ နှင့် မိမိရဲ့ ဖုန်းတည်နေရာ ပြန်ရှာလို့ရတဲ့ Find Device Feature ဝန်ဆောင်မှု တွေအပြင် Mi Fit နှင့် Mi Home လိုမျိုး Application တွေကို အသုံးပြုပြီးတော့ Mi Band, Mi Smart Scale, စတဲ့ Mi Eco Product တွေနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျ.. နောက်ပြီးတော့ Mi Account Login ဝင်ထားရင် Themes Store ကနေ Fonts တွေ Download ဆွဲတာအပြင် မိမိဖုန်းရဲ့ Themes ကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Mi Designer Account ရရှိဖို့လည်း Mi Account ရှိဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်ခင်ဗျာ

Mi Account ပြုလုပ်ခြင်း
အခုတစ်ခါမှာတော့ Mi အကောင့်ဖွင့်ပုံ ဖွင့်နည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အရင်ဦးဆုံး https://account.xiaomi.com ဆိုတဲ့ ဝက်ဘ်ဆိုက် လင့်လေးကို ဝင်ပေးပါ။ ပြီးလျှင် ပုံအတိုင်း Sing in to your Mi Account ဆိုတဲ့ window လေးကို တွေ့ရမှာ ဖြစ်ပါတယ်။
၁။ Create Mi Account ကိုနှိပ်ပေးလိုက်ပါ
၂။ ဒီနေရာမှာ Account ဖွင့်ဖို့အတွက် နည်းလမ်း (၂) ခု ရှိပါတယ်။ ပထမနည်းကတော့ ကိုယ့်ရဲ့ အီးမေလ်အကောင့်နဲ့ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ဒုတိယနည်းကတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
၃။ မိမိကောင့်ကို ဖွင့်ဖို့အတွက် လိုအပ်တဲ့ ဖုန်းနံပါတ် (သို့) အီးမေးလ် လိပ်စာတို့ကို ဖြည့်စွက်ပေးလိုက်ပါ။ ထို့နောက် မွေးသက္ကရာဇ်၊ Country Code တို့ကို ဖြည့်စွက်ပေးလိုက်ပါ။
၎။ အားလုံးပြီးသွားရင်တော့ မိမိ register လုပ်ထားတဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် Email ထဲကို Code နံပါတ်ပို့ထားပါမယ်။ အဲ့ဒီ code နံပါတ်ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
၅။ အားလုံးပြီးသွားရင်တော့ password ထည့်ခိုင်းပါလိမ့်မယ် မိမိ စိတ်ကြိုက် password ကိုသတ်မှတ်ပေးလိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ Account တည်ဆောက်ခြင်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဘာကြောင့် Mi Account ပြုလုပ်ဖို့ လိုအပ်တာလဲ
ဟုတ်ကဲ့ပါ ဒီမေးခွန်းလေးကတော့ အရမ်းကောင်းတဲ့မေးခွန်းလေးတစ်ခုပါ။ ကျွန်တော်တို့ Mi Account မရှိပဲ ဖုန်းသုံးလို့ရလားဆိုရင် ရပါတယ် ခင်ဗျ၊ ဖုန်းကို သာမန်အသုံးပြုသူအနေနဲ့ Mi Account က အထူးမလိုအပ်ပါဘူး။ ဒါပေမဲ့ ဒီထက် ပိုပြီး လုံခြုံစိတ်ချဖို့အတွက်ဆိုရင်တော့ Mi Account ဟာ မဖြစ်မနေ အရေးပါလာပါပြီ။ ဒါဆို ဘာတွေကအရေးပါနေလို့လဲ ? ဟုတ်ကဲ့ပါ Mi Account တစ်ခုရှိရင် မိမိအတွက် များစွာအထောက်အကူပြုပါတယ်။ ဒါတွေကတော့ မိမိရဲ့ လိုအပ်တဲ့ ဖုန်းနံပါတ်တွေ၊ Message တွေ၊ ကိုယ်ရေးကိုယ်တာ ဖိုင်တွေ၊ မီဒီယာဖိုင်တွေကို သိမ်းဆည်းနိုင်ခြင်း။ ကိုယ့်ရဲ့ဖုန်း လုံခြုံစိတ်ချစေဖို့အတွက် မိမိဖုန်း ပျောက်သွားခဲလျှင် ရှာဖွေဖို့ Find Device Mode ဖြင်လုပ်ဆောင်နိုင်ခြင်း။ ဒါ့အပြင် ဖုန်းပျောက်သွားခဲ့ပါက မိမိဖုန်းထဲရှိဖိုင်များကို သူတစ်ပါး မသိစေအောင် ဖုန်းမှာ သိမ်းဆည်းထားတဲ့ အရေးကြီးတဲ့ ဖိုင်များကို internet ကနေတစ်ဆင့် ခလုတ်တစ်ချက်တည်းဖြင့် ဖျက်စီးပစ်နိုင်ခြင်း။ Mi Account ရှိရင် အွန်းလိုင်းကနေ ဈေးဝယ်နိုင်ခြင်း။ Mi Accountဖြင့် theme များဝယ်ယူနိုင်ခြင်း။ ဒါ့အပြင် Mi Accountရှိရင် Mi Forum မှာ ဝင်ရောက်ဆွေးနွေးနိုင်ခြင်းအပြင် အခြားသော လုပ်ဆောင်ချက်တွေအတွက် အများကြီးကို အသုံးပြုလို့ရပါတယ်။

Mi Account ကို ဘယ်လိုပြန်ပြင်ဆင်မလဲ
Mi Account ထဲမှာရှိတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘယ်လိုပြန်ပြီး ပြင်ဆင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အရင်ဦးဆုံး account.xiaomi.com ထဲကိုဝင်ပေးပါ။ အဲ့ဒီမှာ ကိုယ်သတ်မှတ်ထားခဲ့တဲ့ username, password တို့ကိုဖြည့်ပေးလိုက်ပါ။ ပြီးလျှင် Verification code နံပါတ်ကို ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် အီးမေးလ်ထဲကို ပို့ပေးပါလိမ့်မယ်။ ရလာတဲ့ ကုဒ်ကို ဖြည့်ပြီး log in လုပ်ပေးလိုက်ပါ။ Account setting ထဲကိုရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ့်ရဲ့ information တွေကို ဖြည့်စွက်လို့ရသလို၊ ပြင်ဆင်လို့လည်း ရပါတယ်။

Mi Account password မေ့သွားလျှင် ပြန်လုပ်နည်း
Mi Account password မေ့သွားခဲ့ရင် အလွယ်ကူဆုံး ပြန်လုပ်လို့ရပါတယ်။ အဲ့ဒီလိုပြန်လုပ်ဖို့အတွက် အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်Accountကို register လုပ်ထားတဲ့ ဖုန်းနံပါတ် (သို့) အီးမေးလ် လိပ်စာ သိဖို့လိုပါတယ်။ ဒါမှသာ account recovery လုပ်ဖို့အဆင်ပြေတာ ဖြစ်ပါတယ်။ အရင်ဦးဆုံး account.xiaomi.com ထဲကိုဝင်ပေးပါ။ အဲ့ဒီမှာ login in လုပ်ဖို့ form ဖြည့်ခိုင်းတာကိုတွေ့ပါလိမ့်မယ်။ အောက်ဆုံးမှာ forget password ကိုနှိပ်ပေးလိုက်ပါ။ Link တစ်ခု ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာဆိုရင် recovery လုပ်ဖို့အတွက် email (သို့) phone နံပါတ်တို့ကို ဖြည့်ခိုင်းပါလိမ့်။ ကိုယ်အကောင့်လုပ်ခဲ့တုန်းက သုံးခဲ့တဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်လိပ်စာတို့ အားလုံးကို ဖြည့်ပေးလိုက်ပါ။ ပြီးနောက် ကိုယ့်ရဲ့ ဖုန်း ဒါ့မဟုတ် အီးမေးလ် လိပ်စာထဲကို verify code ပို့ပေးပါလိမ့်။ ရလာတဲ့ code ကို ထည့်သွင်းပေးလိုက်ပါ။ အဲ့ဒီနောက်မှာတော့ password အသစ်ရိုက်ခိုင်းပါလိမ့်မယ်။ ကိုယ်မှတ်မိနိုင်မယ့် password အသစ်ကိုရိုက်ပေးလိုက်ပေးပြီးပါက recovery လုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီ။

ဒီလောက်ဆိုရင်တော့ Mi ဖုန်းသုံးစွဲသူ Mi Fans တွေအနေဖြင့် Mi Account ရဲ့ အကြောင်းလေးတွေ ပြည့်ပြည့်စုံစုံသိရလို ကျေနပ်ကြလိမ့်မည်လို မျော်လင့်မိပါတယ်ခင်ဗျာ.. အားလုံးပဲ သာယာပျော်ရွယ်ဖွယ် နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ.. ကျေးဇူးတင်ပါတယ်ခင်ဗျ..

MI Myanmar

Saturday, June 24, 2017

ဝါးခယ်မ သူဋ္ဌေးကုန်း ရေကျော် ရွာလေးက ဖြစ်ရပ်မှန် - စုန်းတကယ် ရှိ မရျိ ( မောင်မြေသစ် - ၀ါးခယ်မ )




(၁)
မြန်မာမှုတွင် ‘စုန်း ဟူသောအမည်ကို အားလုံးသိပြီးဖြစ်နေကြ၏၊မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ၊အလယ် ပိုင်း မြေလတ်ဒေသ၊အထက်ပိုင်အညာမြေနှင့် တောင်တန်းဒေသများ အထိ ‘စုန်း’ ‘စုန်းပညာ’ ‘စုန်းမ’စသည့်အမည်နာမများကို လူကြီးသူမတို့ပြောပြမှုများကြောင့် ကလေး အရွယ်ကပင်နားယဉ်နေပေပြီ။ နားယဉ်ရုံမျှမက အချို့လည်း ကိုယ်တွေ့ကြုံခဲ့ရသူများရှိ၏။’စုန်း’ ဟု ဆိုသည်နှင့် ပြုစားသည်ဟုမှတ်ချက်ပြုပြီးဖြစ်သည်။ ပြုစားသည်ဆိုရာတွင် အကောင်းမရှိ အဆိုသာ ရှိ၏။စုန်းပြုစားခြင်းခံရသူသည် ငိုခြင်း၊ရယ်ခြင်း၊ကြောက်လန့်ခြင်း စသည်များခံစားရသည့်ပြင် လူမမာ တယောက်ကဲ့သို့ပင် အမြဲတမ်းငြိုးငယ်နေတတ်၏။

စုန်းပြုစားပုံကလည်း နေရာဒေသအလျှောက် လူမျိုးများ၏ ဓလေ့စရိုက်များအပေါ်မူတည်ကာ တနေရာနှင့်တနေရာကွဲပြားလျှက်ရှိ၏။ သည့်အပြင်မုန်းလို့ပြုစားသည်၊ချစ်လို့ပြုစားသည်လည်း ဆိုကြ ပြန်သည်။

ယခုစာရေးသူဖော်ပြမည့်အကြောင်းအရာမှာ စာရေးသူ၏ဖခင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ဖခင်ပြောပြခဲ့သဖြင့် မှတ်မိနေသောအကြောင်းအရာကို ပြန်လည်ရေးသားဖော်ပြ ခြင်းသာဖြစ်ပါသည်။ယခုစာပါအကြောင်းအရာထဲတွင်ဖော်ပြထားသော နံမည်များမှာ မူလအမည်များ မဟုတ်ပဲ စာရေးသူ၏စိတ်ကူးနှင့်ပေးထားသောအမည်များဖြစ်ပါသည်။ အကြောင်းအရာကသာအမှန် ဖြစ်ပါ၏။အဘယ်ကြောင့်ဟူမူ စုန်း ပြုစားခြင်းခံရသူများ၏ အဆက်အနွယ်မိသားစုများအား တစုံတရာ ထိခိုက်မည်စိုးသောကြောင့်ပင်ဖြစ်ပါ၏။

(၂)
သူဌေးကုန်းရေကျော်ရွာကလေးသည် မြစ်ဝကျွန်းပေါ်ဒေသ ၀ါးခယ်မမြို့နယ်အပိုင် ဧရာဝတီ မြစ်လက်တက်မြစ်ကြီးတစင်း၏ မြစ်ကမ်းနဘေးတွင်တည်ရှိသောရွာတရွာဖြစ်ပြီး မြန်မာဗုဒ္ဓဘာသာဝင် များနေထိုင်ရာဖြစ်ပါ၏။ သည်နေရာတွင် မြစ်ဝကျွန်းပေါ်သားတို့ တဦးနှင့်တဦး တရွာနှင့်တရွာ နောက် ပြောင်ကစားကြသောစကားရှိပါသည်။ `ဟေ့ကောင် ငါတို့က မြစ်ကြီးဘိုးသားကွ၊ မင်းတို့က ချောင်း တွင်းမြောင်းတွင်းသားတွေ´ဟုပင်ဖြစ်ပါသည်။ မြစ်ကြီးဘိုးဆိုသည်မှာ ယခု သူဌေးကုန်းရေကျော်ရွာ ကဲ့သို့ မြစ်ပြင်ကျယ်ကြီး၏ကမ်းနဖူးပေါ်တွင်တည်ရှိခြင်းဖြစ်ပြီး။ချောင်းတွင်းမြောင်းတွင်းဆိုသည်မှာ မြစ်လက်တက် ချောင်းငယ်၏ဘေးကမ်းနဖူးပေါ်တွင်တည်ရှိသောရွာပင်ဖြစ်ပါသည်။ ကြွားရခြင်း၏ အကြောင်းရင်းမှာ မြစ်ကြီးဘိုးရှိရွာများတွင် ဧရာဝတီသင်္ဘောကြီးများဆိုက်ကပ်ကြပြီး ရန်ကုန်အစရှိ သောမြို့ကြီးများသို့သွားလာ ကုန်ရောင်းဝယ်ပြုနိုင်ကြသော်လည်း။ချောင်းတွင်းရွာကလေးများတွင်မူ သင်္ဘောကြီးများမ၀င်ရောက်နိုင်ပဲ လှေငယ်ဖြစ်မြစ်ကြီးဘိုးသို့ထွက်ကာ မြစ်ကြီးဘိုးရှိ၇ွာမှတဆင့်သာ သင်္ဘောစီးနိုင်ကြသည်ကို အနိုင်ယူနောက်ပြောင်ကြခြင်းဖြစ်ပေ၏။

သူဌေးကုန်းရေကျော်ရွာကလေး၏သက်တမ်းကို ခန့်မှန်းရန်ခက်သောအနေအထားပင်ဖြစ်ပါ ၏။အကြမ်းဖျဉ်းအားဖြင့် သာယာဝတီမင်းလက်ထက်တွင် သာယာဝတီမင်းစီးသော လှေတော်၏ ပဲ့နင်း ကြီးမှာ ရွှေလောင်းသား ဦးပျံ့ပင်ဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီလက်ထက် မြို့ပြတခုတည်ထောင်ရန် အင်္ဂလိပ်အာဏာပိုင်တို့ကစီမံရာတွင် ရွှေလောင်းရွာကြီးကို မြို့အဖြစ်ထူထောင်ရန် စီမံဖို့ဆုံးဖြတ်ကြ၏။ ဦးပျံ့ကြီးနှင့်ရွာသားအားလုံးက အင်္ဂလိပ်နယ်ချဲ့စီမံမှုကို သဘောမတူပဲကန့်ကွက်ကြပြီး အခြားနေရာ တနေရာကိုရှာပေးမည်ဟုတင်ပြသည်ကို အာဏာပိုင်တို့ကလက်ခံသဖြင့် ကျယ်ပျံ့သောမြေပြင်ရှိရာ ၀ါးတော်ကြီးတခုကို ရှာဖွေပေးကြသဖြင့် ထိုနေရာကို မြို့အဖြစ်စီမံကာ ၀ါးခယ်မ ဟုအမည်ပေးခဲ့ကြ၏။ ထို့ကြောင့်ဝါးခယ်မမြို့သည် အင်္ဂလိပ်ခေတ်ဦးတွင်တည်ထောင်ခဲ့သည်ဟု မှတ်သားမိ၏။ ၀ါးခယ်မမြို ၏ပထမသူကြီးကို မသိပါ။ပထမသူကြီး၏သားများဖြစ်ကြသော ဦးအရာကြီး၊သူ့ညီ ဦးလူကလေးတို့ စဉ်ဆက်အုပ်ချုပ်ခဲ့။ ဦးလူကလေးသည် သူဌေးကုန်း ရေကျော်ရွာသူကြီးဦးမောင်သင်၏သမီး ဒေါ်ညွန့် နှင့်အိမ် ထောင်ပြုခဲ့သည်။ ဦးအရာကြီးနှင့် ဦးလူကလေး မိသားစုသည် ၀ါးခယ်မမြို့စာရေးကုန်း လမ်း တွင် နေထိုင်ခဲ့ပြီး ယခုတိုင် ဦးအရာကြီး၊ဦးလူလေးမျိုးဆက်နှင့် ဦးမောင်သင် မျိုးဆက်များ နေထိုင် လျှက်ရှိသည်။ (မင်္ဂလာဦးအောင်မောင်းဇာတ်သဘင်ကို ဦးအရာကြီး၏ဖခင် ကူထောင်ပေး ခဲ့ခြင်း ဖြစ်ပါသည်)။

မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏၀မ်းစာတိုက်ကြီးအဖြစ်လည်းကောင်း စပါးကျည် အဖြစ်လည်းကောင်းတင်စားခေါ်ဝေါ်ကြသည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်းစပါးကောင်း စပါး သန့်များအများဆုံးထွက်ရာဖြစ်သောကြောင့်ပင်ဖြစ်ပါ။ထိုမျှမက ရေချို၊ရေငံထွက်ကုန်များလည်း အလွန်ပင်ပေများလှပါ၏။အနောက်ရိုးမတောင်တန်းကြီးက မြန်မာနိုင်ငံ။တံတိုင်းကြီးသဖွယ်တည်ရှိ နေပြီး သစ်တောများကလည်း အဖိုးတန်သဘာဝသယံဇာတပေါများရာလည်းဖြစ်ပေသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မြန်မာလူမျိုးများအပြင် ကရင်လူမျိုးများ ကုလားလူမျိုးများသည် ရှင်ဘုရင်ခေတ်ကပင် ရွာချင်းဆက်အတူနေထိုင်ခဲ့ပြီး အင်္ဂလိပ်ကိုလိုနီခေတ်တွင် ပိုမိုများပြားလာသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် အခြေချနေထိုင်ကြသော လူမျိုးအသီးသီးတို့သည် ဘိုးဘွား စဉ်ဆက်လုပ်ကိုင်ခဲ့သော လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေထူထောင်သောလုပ်ငန်းများ အပြင်သားငါးရှာဖွေသောလုပ်ငန်းများဖြင့် အသက်မွေးဝမ်းမှုပြုကြ။၏။အဓိကလုပ်ငန်းမှာမူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းပင်ဖြစ်သည်။ ဓားမဦးချအလုပ်ဟုခေါ်ဆိုကြ၏။

သူဌေးကုန်းရေကျော်ရွာဟုခေါ်ဆိုခြင်းမှာလည်း အကြောင်းရှိပါ၏။ ဂျပန်ခေတ်မှသည် ဖဆပလ ခေတ်အထိ သက်တမ်းကြာရှည်အုပ်ချုပ်ခဲ့သော သူကြီးဦးမောင်သင်သည် ရေကျော်ရွာကို အုပ်ချုပ်ထူထောင်ခဲ့သူဖြစ်သည်။ဦးမောင်သင်။ ဘိုးစဉ်ဘောင်ဆက် မျိုးရိုးမှာ မန္တလေးမှပင်ဖြစ်ပါ၏။ ဦးမောင်သင်၏ဖခင်လက်ထက်ကပင်လျှင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်များကို ကိုယ်ပိုင်နှစ်ထပ် သင်္ဘောကြီးများဖြင့် လာရောက်ဝယ်ယူကာ မြန်မာပြည်အနှံ့အပြားသာမက အိန္ဒိယနိုင်ငံသို့ပါတင်ပို့ ပြီးအပြန်တွင် အမွှေးအကြိုင်များ၊ဘယဆေးများ၊ အထည်အလိပ်များကိုပြန်လည်တင်ဆောင်ကာ ပြည်တွင်းတွင်ရောင်းချ၏။ အပြန်တွင်အထက်ပါပစ္စည်းများအပြင် မြတ်စွာဘုရားရုပ်ပွားဆင်းတုတော် များပါ ပူဇော်ယူဆောင်လာပြီး မိမိ၏သားသမီးများ ဆွေမျိုးများကိုပေးကာ ကိုးကွယ်စေ၏။

ထို့ကြောင့်ပင် သူကြီးဦးမောင်သင်။အဆက်အနွယ်ဖြစ်သော မြေးမြစ်များထံတွင် အစဉ်အ ဆက်ကိုးကွယ်ခဲ့သော ရှေးဟောင်းဆင်းတုတော်များ ယခုတိုင်ရှိနေရုံမျှမက သူဌေးကုန်းရေကျော်ရွာ တွင် သူကြီးဦးမောင်သင်ပင့်ဆောင်ခဲ့သော Óဏ်တော် ၆ ပေမှအထက်ရှိ သစ်သားရုပ်ပွားတော်၊ကြေး ဆင်းတုတော်နှင့် ကျောက်ဆင်းတုတော်ကြီးများကို ယခုတိုင်ပင် သူဌေးကုန်းရေကျော်ရွာ ဘုန်းတော် ကြီးကျောင်းမှ သိမ်တော်ကြီးအတွင်းတွင်ဖူးမျှော်နိုင်ကြပါသည်။(၁၉၇၀ ခုနှစ်တွင် ရန်ကုန်မှလူအချို့ ရေကျော်ရွာသို့ရောက်လာပြီး သစ်သားရုပ်ပွားတော်တဆူကို သူတို့ကပြင်ပေးမည်။ကျန် ရုပ်ပွားတော် များကိုလည်း ရောင်တော်ဖွင့်ပေးမည်။ သစ်သားရုပ်ပွားတော်တဆူကို သူတို့ကိုပေးပါ ဟုပြောသဖြင့် ဦးမောင်သင်၏မြေးဖြစ်သူ ဒေါ်ပုကြိုင်က သူ၏မောင်တော်သူ ရန်ကုန်ရှိ ဦးအေးသိန်းထံအကြောင်း ကြားရာ ဦးအေးသိန်းက ရုပ်ပွားတော်တွေကို ဘာမှမုလုပ်နှင့် သူတို့ကိုလည်းမပေးပါနှင့်ဟုပြောသဖြင့် ထိုလူများပြန်သွားကြ၏။)

စုန်းအကြောင်းပြန်ဆက်ကြပါဦးစို့ –

ဦးလှမောင်သည် သူကြီးဦးမောင်သင်ပြီးနောက် သူဌေးကုန်းရေကျော်ရွာ၏ သူကြီးပင်ဖြစ်ပါ သည်။ဦးလှမောင်လက်ထက်တွင်ပင် ခေတ်ပြောင်းကာ ပြည်သူ့ကောင်စီခေတ်ရောက်လာသဖြင့် ရွာတွင်သူကြီးခေတ်မဟုတ်ပဲ ကျေးရွာကောင်စီဥက္ကဌကခေတ်ပင်ဖြစ်ပါသည်။ ဦးလှမောင်အနေဖြင့် ကျေးရွာတရားသူကြီးအဖြစ်ဆောင်ရွက်၏။သူသည်လယ်ယာလုပ်ငန်းကို ဦးစီးစီမံသည့်အပြင် ယခင် ကလုပ်လက်စလုပ်ငန်းဖြစ်သော သင်္ဘောဖြင့်လှည့်လည်ရောင်းဝယ်သောလုပ်ငန်းကိုလည်းဆောင် ရွက်နေပေရာ ဦးလှမောင်တို့အဖွဲ့က ၀ါးခယ်မမြို့နယ်အတွင်းသို့ပြန်လည်ရောက်ရှိချိန်တွင် သရက် တောရွာရှိ ဦးမြစိန်တို့နေအိမ်တွင် ၀င်ရောက်တည်းခိုလေ့ရှိ၏။ ဦးမြစိန်ကလည်း လယ်ယာလုပ်ငန်း အပြင် သားသမီးများက ကုန်စုံဆိုင်များဖွင့်လှစ်ထား၏။ ဦးမြစိန်မိသားစုကလည်း ဦးလှမောင်တို့အဖွဲ့ အပေါ်အလွန်ဖော်ရွေပြီး ဧည့်ပျူ ငှာရှိကြပေသည်။ဦးလှမောင်နှင့် ဆွေရင်းမျိုးချာများကဲ့သို့ဖြစ်နေပေပြီ ဦးလှမောင်ကလည်း ဦးမြစိန်မှာသောကုန်များအပေါ် အမြတ်မယူပဲ ဈေးရင်းအတိုင်းပင်ပြန်လည်ကာ ရောင်းချပေး၏။ အဘယ်ကြောင့်ဆိုသော ဦးလှမောင်တို့အဖွဲ့က ဦးမြစိန်တို့အိမ်တွင် အကြိမ်ကြိမ်ပင် တည်းခိုကာ စားသောက်ကြရသဖြင့် ကျေးဇူးကိုသိတတ်စွာ ဆပ်ရာရောက်သောကြောင့်ပါပင်။

ဦးမြစိန်ထံတွင် သားသမီးများစွာရှိသည့်အနက် သူ့အိမ်နှင့်သူဖြစ်နေကြပေရာ ဦးမြစိန်နှင့်အတူ နေသူ သမီးတယောက်ရှိ၏ အမည်မှာ မခင်ဆင့်ဖြစ်ပြီး ချောလှယုံမျှမက ယဉ်ကျေးသိမ်မွေ့သူလည်း ဖြစ်ပါ၏။ ဦးလှမောင်တို့အဖွဲ့အပေါ် ကျွေးမွေးဧည့်ခံရာတွင် တာဝန်ကျေလွန်းသဖြင့် ဦးလှမောင်တို့က ပင်အားနာနေရပေသည်။

သို့ဖြင့် ရင်းနှီးပွင့်လင်းသောဆက်ဆံရေးကြောင့် သွေးသားတော်စပ်သူများသဖွယ် ခင်မင်တွယ် တာနေကြပေသည်။ မခင်မြင့်သည် စုန်းပြုစားခြင်းခံထားရသူတယောက်ဖြစ်သဖြင့် ကောင်းနေချိန်တွင် ဦးလှမောင်တို့အဖွဲ့ နေထိုင်စားသောက်ရေးအတွက် သွက်သွက်လက်လက်ဖြင့် လိုသည်မရှိအောင် ဆောင်ရွက်ပေးနိုင်သော်လည်း စုန်း ၀င်ပူးသောအချိန်တွင်မူ ငိုလိုက် ရယ်လိုက် ကြောက်ပါပြီ ဟုအော် လိုက်ဖြစ်နေတတ်၏။တခါတရံစုန်းမဆိုသူက´ငါ့ကိုဘာမှတ်လို့လဲ သတ်ပစ်မယ်´ စသည်ဖြင့်ကြိမ်း မောင်းတတ်ပြန်၏။ထိုသို့ စုန်းဝင်ပြီးထွက်သွားပြီးနောက်တွင် မခင်ဆင့်မှာ ရက်အနည်းငယ်အထိ လူမ မာတယောက်ကဲ့သို့ အိပ်ယာထဲတွင် လဲနေကာ အစားပျက် အသောက်ပျက် အအိပ်ပျက် ခံစားနေရ တတ်၏။ဦးလှမောင်က ထိုအဖြစ်အပျက်ကို သုံးကြိမ်ထက်မနည်း ကြုံတွေ့ရသဖြင့် စိတ်မကောင်းဖြစ် ရ၏။ မခင်ဆင့်၏ စုန်းပြုစားခံနေရသည်ကို အထက်လမ်းဆရာဆိုသူတယောက်က ကုစားနေသည်ကို ဦးလှမောင် မြင်တွေ့နေရသော်လည်း မခင်ဆင့်ရောဂါက သက်သာထူးခြားခြင်းမရှိသည်ကိုလည်း ဦး လှမောင်ကိုယ်တိုင်မြင်နေရ၏။

တနေ့တွင် ဦးမြစိန်တို့အိမ်သို့ ဦးလှမောင်တို့ရောက်နေခိုက် မခင်ဆင့် စုန်းပူးချိန်နှင့်ကြုံနေ၏။ ထုံးစံအတိုင်းပင် မခင်ဆင့်က ကြောက်ပါပြီဟု အော်ကာ ငိုနေ၏။မခင်ဆင့်၏လက်နှစ်ဖက်ကလည်း ကြိုးနှင့်တုတ်ချည်ခြင်းခံထားရသလို ပူးကပ်နေကာ ခန္တာကိုယ် လဲကျမယောင်ဖြစ်လိုက် တယောက် ယောက်က ဆံပင်ဆွဲပြီးထူလိုက်သလိုဖြစ်ပြီး ပြန်လည်မတ်လိုက်နှင့် မသက်မသာခံစာနေရ၏။ ဦးလှမောင်သည် ထိုအဖြစ်ကိုကြည့်ကာ အတော်ပင်စိတ်ထိခိုက်မိ၏။မခင်ဆင့် မည်သို့မည်မျှ ခံစားနေရမည်ကို ကိုယ်ချင်းစာမိ၏။ ဦးလှမောင်က ထိုစုန်းမဆိုသူကို ပြောလိုက်၏။´ ကျွန်တော် တောင်းပန်ပါတယ် ဒီအိမ်ဟာကျွန်တော်တို့တည်းခိုရာ စားသောက်ရာ ကျေးဇူးရှင်အိမ်ဖြစ်ပါတယ်။ မခင်ဆင့်ကလည်း ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တယောက်ဖြစ်ပါတယ်။ မခင်ဆင့်ကိုယ်စားလည်း ကျွန်တော်က အနူးအညွတ်တောင်းပန်ပါတယ်။မခင်ဆင့်မှာအပြစ်ရှိရင် ခွင့်လွှတ်ပါ ခင်ဗျား’ ။
ဦးလှမောင်စကားဆုံးသည်နှင့် မခင်ဆင့်နှုတ်မှ စကားသံထွက်လာသည်။’ကောင်းပြီ ငါ့ မောင်တောင်းပန်လို့ အမပြန်ရုတ်သိမ်းလိုက်ပါ့မယ်’။ ထိုအခါ အနီးတွင်ရှိနေသော အထက်လမ်း ဆရာက သူလက်မှဆေးကြိမ်လုံးကိုမြှောက်ကာ ‘ဟဲ့ စုန်းမ၊ ငါဆရာအမိန့်ပေးတာကိုတော့ နင်က မနာခံဘူး ဧည့်သည်စကားကိုတော့ နားထောင်တယ် ငါ့ကိုမလေးစားဘူးလား’ ဟုပြောလိုက်ရာ စုန်းမဆိုသူက ‘ ဟဲ့ ဆရာ နင်ကဆရာလုပ်ပြီး သီလလည်းမရှိဘူး ဒီဧည့်သည်မောင်လေးက ကုန် သည်ဖြစ်ပေမယ့် သီလလုံခြုံတယ် ဒါကြောင့်သီလရှိတဲ့သူတဲ့စကားကို လေးစားနားထောင်တာ’ ဆရာဆိုသူငြိမ်သွား၏။

ဦးလှမောင်က ‘ကျေးဇူးတင်ပါတယ်ဗျာ ခုလိုကူညီတာကို သာဓုလည်းခေါ်ပါတယ်’ဟုပြော လိုက်ရာ စုန်းမဆိုသူက ‘ ငါ့မောင် မမတို့စုန်းပညာဆိုတာ သားစဉ်မြေးဆက်ခံယူ ကြတယ်။ မမ နံမည်က မမြခင် ပါငါ့မောင်အကြောင်းရှိတဲ့အခါ မမနံမည်ကို တ ပြီးခေါ်လိုက်ပါ။ မမရောက်အောင် လာခဲ့ပါ့မယ်’ စကားဆုံးသည်နှင့် မခင်ဆင့်လည်း ပကတိလူကောင်းတယောက်လို ရွှင်ရွှင်လန်းလန်း ဖြင့်စကားပြောတော့သည်။

(၃)

ဦးလှမောင်တို့အနေဖြင့် အထက်အညာဆီခရီးဆက်နေရသဖြင့် ဦးမြစိန်တို့ထံမရောက်သည်မှာ နှစ်လခန့်ရှိပေပြီ။ယခုမူ အညာကပြန်လာပြီးနောက် ဆန်များဝယ်ယူရန် မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာ မြို့မှတဆင့် ၀ါးခယ်မရှိ အမျိုးဖြစ်သူအိမ်သို့ရောက်နေ၏။ ညစာစားပြီးနားနေချိန်တွင် ဦးလှမောင်၏ တပည့်ဖြစ်သူ ကိုလှကျော်က အစ်ကို ဟိုစုန်းမဆိုတာ တကယ်မှန်လားမမှန်လား ခေါ်ကြည့်ပါလားဗျ ဟုပြောသဖြင့် ဦးလှမောင်က ခဏစဉ်းစားပြီ အေးဟုတ်တယ်ကွ ငါလည်းမေ့နေတယ်ဟုဆိုလက်၏။ အခြားသူများကပါ ပြောသဖြင့် ဦးလှမောင်က ‘မမြခင် ခင်ဗျား ကျွန်တော့်အနေနဲ့တွေ့ချင်ပါသဖြင့် လာရောက်ရန် ဖိတ်ကြားပါတယ်’ဟုဆိုလိုက်၏။

မကြာမီပင် ဦးလှမောင်တို့တည်းခိုရာ အိမ်ရှင် ဦးဘ၀မ်း၏သမီးဖြစ်သူမစောမေ သည် ဦးလှမောင် တို့နှင့်စကားပြောရာမှ မျက်နှာအမူအယာပြောင်းကာ ကိုယ်က အနည်းငယ်တုန် လာပြီးနောက် ‘ ကဲ ငါ့မောင် မမ ရောက်ပြီ ဘာအကြောင်းရှိလို့လဲ’ ဟုပြောလိုက်ရာ ဦးလှမောင်တို့ အံ့အားသင့်နေကြပြီး နောက်မှ ‘ကျနော့်ညီတွေက ဟုတ်မဟုတ် စမ်းတဲ့အနေနဲ့ခေါ်ခိုင်းလိုက်တာပါ ကျနော်ယုံကြည်ပါပြီ’ ဟုပြောလိုက်၏။ ထိုအခါ စုန်းမဖြစ်သူက ‘ ငါ့မောင်မယုံမရှိပါနဲ့ စုန်းဆိုတာ တကယ်ရှိပါတယ်။ မဟုတ်ပဲ စုန်းယောင်ဆောင်နေသူလည်းရှိတယ်။အစစ်နဲ့တော့ကွာပါတယ်။ မမတို့က သီလလည်းစောင့်ပါတယ် သီလရှိသူတွေကိုလည်း လေးစားပါတယ်’ ဟုပြောလိုက်၏။ ဦးလှမောင်က ‘မမကို ကျွန်တော်လေးစား ယုံကြည်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ’ ဟုပြောလိုက်ရာ ‘ဒါဖြင့်မမ သွားမယ်’ဟုဆိုလျှက်ထွက်သွား တော့၏။




မောင်မြေသစ်(၀ါးခယ်မ) @ World Myanmar(world-myanmar.com)

စစ်မြေစခန်းဆီက လွမ်းမရတဲ့ လမင်းရေ - ဖေယျာမြင့်




ကုန်းဆင်းက ခပ်​​ပြေ​ပြေ​လေးမို့ ခပ်​သွက်​သွက်​လှမ်းလိုက်​သည်​။
ရေစီးသံတ​ဝေါ​ဝေါကြားရပြီးမကြာခင်​ အမှတ်​(၉)တံတားကြီးကိုလှမ်း​တွေ့လိုက်​ရသည်​။ရင်​ထဲမှအပူတို့အထိုက်​အ​လျောက်​​တော့​လျော့သွားခဲ့ရ၊ ဒါ​ပေမယ့်​ သတိ...သတိဆိုတာလွတ်​ကင်းလို့မရ။ တံတားတစ်​ဘက်​​ရောက်​​တော့ ​ချောင်းစပ်​ကိုဆင်းတဲ့လမ်း​လေးကိုဂရုတစိုက်​​လေ့လာရင်း ​ရေစပ်​က​ကျောက်​တုံး​လေး​ပေါ်မှာ ပယ်​ပယ်​နယ်​နယ်​ထိုင်​လို့ ဖိနပ်​ကြိုး​တွေဖြည်​လိုက်​သည်​။
တစ်​ညလုံးမမြင်​မကန်းနဲ့ ဗွက်​တန်း​တွေ​လျောက်​ခဲ့​တော့ ​ခြေအိပ်​ထဲမှာ ရွံ့​တွေ သဲ​တွေနဲ့ ​ခြေဖ၀ါး​တွေကနူးအိ​ပေါက်​ပြဲ​နေပြီ​လေ...
နောက်​ပိတ်​တပ်​စိတ်​မှူး တံတားဖြတ်​ပြီ...
"စုံပြီလား​ဟေ့"
"စုံပြီခင်​ဗျ"....
"အို​ကေ..ခဏနား ပြီးရင်​ဆက်​ထွက်​မယ်​..​ရှေ့မှာရွာဝင်​ပြီ။"
 ငါးမိနစ်​​လောက်​ဆက်​​လျောက်​လိုက်​​တော့ လမ်း​ဘေးဝဲယာတစ်​​လျောက်​ စစ်​သည်​​တွေ အသင့်​​နေရာယူထားရင်းနား​နေကြသည်​။ ခလရ....က 2Ic ​ခေတ္တရင်းမှူးနဲ့ ခလရ.....က ယာယီရင်းမှူးတို့နှစ်​​ယောက်​ ပြုံးစိစိဖြင့်​လှမ်း​ခေါ်သည်​...
"လာ..အ​မြောက်​ကြီး​ရေ..ဘယ့်​နှယ်​လဲ..​ရှေ့မှာကားစီးလို့ရပါပြီဗျား...စိတ်​ချရပါပြီ..ဟားဟား"
"နာ့အလှည့်​ကြ နာညိုးချည်းဘဲ ဆိုတာလို​ပေါ့..
ခင်ဗျားတို့နဲ့တွေမှဘဲအကွက်ဆန်းချည်ဘဲ..ခင်ဗျားစစ်ကြောင်းနဲ့အကြုံလိုက်မိတာကိုကမှားတာဘဲ...ဘယ့်​နှယ်​..ည တစ်​နာရီထဲကဆွဲလိုက်တာခု မနက်​ကိုးနာရီဗျ...ရဲ​ဘော်​​တွေဒရွတ်​ဆွဲချင်​​နေပြီ"
"​အေးဗျာ ခုလိုမလုပ်​ရင်​ ပိုပင်​ပမ်းမယ်​..အ​လျော်​အစားပါရှိသွားနိုင်​လို့ဗျို့...ဒါလည်းတို့သုံး​ယောက်​တိုင်​ပင်​ပြီး သ​ဘောတူလို့လုပ်​တာ​နော်​..ဘူ့မှပြန်​မ​ပြော​ကြေး..ဟီးဟီး.." စစ်​​ကြောင်းမှူးတာဝန်​ယူထားတဲ့ 2Ic က ရီ​ပြော​ပြော၏။
ကဲ..ပွိုင့်​တပ်​စု ရွာထဲ ရှင်းပြီ​ပြောတယ်​ လစ်​ကြရ​အောင်​..ရွာ​ရောက်​မှနား​တော့ဗျို့........

သူကြီးအိမ်​က ကုန်​စုံဆိုင်​နဲ့လက်​ဘက်​ရည်​ဆိုင်​​လေးတွဲဖွင့်​ထာသည်​၊ သူကြီးက​တော့ စစ်​​ကြောင်းကို​နေရာထိုင်​ခင်းလုပ်​​ပေး​နေလို့ပြန်​မ​ရောက်​​သေး..အိမ်​​ရှေ့မှာ​တော့ဘယ်​သူမှမရှိ..​နောက်​မှာထင်​သည်​။
"ဧည့်​သည်​လာတယ်​...ဧည့်​သည်​လာတယ်​ "
...အဲ ​မော့ကြည့်​​တော့ ချိတ်​ထားတဲ့​လှောင်​အိမ်​ထဲမှာ...သာလိကာ​လေး....အ​တော်​ပီသည်​..
မ​တွေ့ရင်​လူ​ပြောတယ်​ဘဲထင်​မှာဘဲ။
"​ကော်​ဖီ​သောက်​အုံးမလား.."....
ဟ..အ​တော်​လာတဲ့​ကောင်​ဘဲ..အားလုံးဝိုင်းကြည့်​​နေတုန်း သူကြီးက​တော်​ထွက်​လာ၏..
"သား​ရေ..ဘသိန်းဘယ်​သွားလဲ"...သူကြီးနံမယ်​က ကိုဘသိန်း။
" ဘသိန်းအရက်​သွား​သောက်​တယ်​"...၀ါးကနဲ
အားလုံးဝိုင်းရီမိ​တော့ ဘသိန်းအရက်​သွား​သောက်​တယ်​ဘဲ ထပ်​ခါထပ်​ခါ....သူကြီးက​တော်​က ထပ်​ပြီး......နားညည်းလိုက်​တာသားရယ်​..သူချင်းဆိုပြအုံး....ဆို​တော...အသံဩ ကြီးနဲ့..
"ချစ်​ခြင်းကိုမခွဲပါနဲ့..." ဆိုပြီးလုပ်​​ရော။
...အသံ​ကောင်း​ကောင်းဆိုပါသားရဲ..ဆို​တော့မှ
အသံစူးစူး​လေးနဲ့ ချစ်​ခြင်းကိုမခွဲပါနဲ့ လုပ်​တယ်​..
အံ့​ရော...မခိုင်​သာကြားရင်​ဘယ်​လို​နေမယ်​မသိ

ဝိုင်းရီ​နေတုန်း လမ်း​ပေါ်ဖြတ်​​လျောက်​သွားတဲ့က​လေးမ​လေး​တွေလည်း​တွေ့​ရော..
"​ဆော်​​တွေရမ်း​ချောတယ်​..."​ပြော​နေတာမပြီး​တော့ဘူး..
တကယ်​..တခါမှဒီ​လောက်​တတ်​တာမ​တွေ့ဘူးပါ........
 .
ခဏ​နေတော့ သူကြီး​ရောက်​လာ...လိုအပ်​တဲ့စကား​လေးဘာ​လေး​ပြောဆိုပြီး အိမ်​ရှင်​အလိုက်​တသိခင်း​ပေးထားတဲ့အိပ်​ယာ​ပေါ် ​ကျောဆန့်​လိုက်​သည်​...အိပ်​လို့ကားမရ..မျက်​စိ​ကြောင်​​နေပြီ
အင်း..အ​တော်​အသုံးတဲ့တဲ့​ဆေးဘဲ..တညလုံးမမြင်​မကန်းနဲ့ စစ်​​ကြောင်းတစ်​​ကြောင်းလုံး တစ်​​ယောက်​​ကျောပိုးအိပ်​တစ်​​ယောက်​စမ်းပြီးဗွက်​​တောထဲမှာ night move ဆွဲတာ..ရဲ​ဘော်​​တွေ တဖုန်းဖုန်းလဲလို့ရယ်​.....ပွဲဒီ​လောက်​ပျက်​​နေတာ တပ်​မှူးသုံး​ယောက်​ကစူပါမန်း​တွေကြ​နေ​ရော..​ရှေ့ ​နောက်​ အလယ်​ပတ်​ပြီးထိန်း​နေရတာ..တချက်​မှမလဲဘူး.......​မှောင်​တာမှ ကိုယ့်​လက်​၀ါး​တောင်​မမြင်​ရ...
 တွေးရင်းပြုံးလိုက်​မိသည်​...ဟို​ကောင်​(တစ်​ဘက်​ရန်​သူ)​တွေ ​ဒေါကန်​လို့ ​ဆွေ့​ဆွေ့ခုန်​​နေမှာ
မြင်​​ယောင်​​သေး၏။ ဒီလိုပါဘဲ..စစ်​တို့၏သ​ဘော...ဥာဏ်​သာတဲ့သူက လှည့်​စားနိုင်​သူက တစ်​ကွက်​သာစမြဲ​လေ...



ဖြစ်​ပုံကဒီလိုပါ....
လွန်​ခဲ့တဲ့ငါးရက်​က တပ်​မဋ္ဌာနချုပ်​ကညွှန်​ကြားချက်​....​မော​တောင်​ သို့ ခလရ....စစ်​​ကြောင်းကြုံရှိသည်​။ ၎င်းစစ်​​ကြောင်းဖြင့်​အကြုံဖြင့်​ ​မော​တောင်​အ​မြောက်​စခန်းအားလိုက်​ပါစစ်​​ဆေးရန် ဒီ​တော့လည်း..ပြင်​ရပြီ​ပေါ့..​ပေါ့​ပေါ့ပါးပါးဘဲ..လုံခြုံ​ရေးနဲ့အကူအတွက်​ စစ်​သည်​၄​ယောက်​ပဲ​ခေါ်သွားမယ်​..ရန်​သူ့သတင်းလည်း​ပေါ်​နေတယ်​..လမ်းသုံးလို့မရဘူး..ပြီးခဲ့တဲ့ရက်​ကဘဲ ဆွဲမိုင်းဖြစ်​စဉ်​​ကြောင့်​အနုတ်​-၂ ဖြစ်​ထားတယ်​​လေ....တောချည်းတိုးရမှာသ​ဘော​ပေါက်​ပြီးသား.....ထင်​တဲ့အတိုင်းပါ...လမ်းလုံးဝမသုံးဘဲ ​တောသက်​သက်​ကိုတိုးလိုက်​တာ ပထမည..​တောထဲဘဲ ပုခက်​ဆွဲပြီးဖြုတ်​​တောထဲ...မိုး​ရေထဲမိုးလင်းခဲ။ ဒုတိယည...တစ်နေကုန်ဝါးတောထဲတိုးလိုက်တာ..ညကိုးနာရီထိုးတဲ့အထိ halt ဘို့​နေရာ
မရ..တစ်​စု​တောင်​ ဖြန့်​မရလို့ တိုးရင်းတိုးရင်းနဲ့ပွိုင့်​တပ်​စုက သိန်​ခွန်း​ချောင်းကြီးကို ​မှောင်​ထဲမှာ
ပြန့်​ ထင်​ပြီးကပ်​သွား​တော့ ဂန့်​ပြီ​ပေါ့..တစ်​ညလုံး ​ချောင်​ကမ်းပါးယံမှာ ​မျောက်​​တွေလိုတွယ်​ကပ်​ အိပ်​လိုက်​ရတယ်​ ထမင်းကလည်းချက်​ဘို့မီး​မွှေးရအုံးမှာ...မီး​ရောင်​ကို ဟိုဘက်​ကမ်းကသာ လှမ်းအုပ်​ရင်​...အင်း မသာဘယ်​​ဈေးလဲဘဲနောက်​ဆုံး​တော့ တပည့်​​တွေလမ်းမှာစွန့်​စွန့်​စားစားခူးလာတဲ့ ခရမ်းကြွပ်​သီးကြီး​တွေကိုငါးပိနဲ့​ရောဝါးလိုက်​ရတယ်​...ချိုလိုက်​တာ.....

ကိုယ့်​မစ်​ရှင်​က စခန်းစစ်​ဘို့...​ခြေလျင်​ကလည်းခလရ....ရင်းမှူးနှစ်​​ယောက်​တာဝန်​ချိန်းတာကို
လုံခြုံ​ရေးလုပ်​ပြီးလိုက်​ပို့တာ​လေ...အဓိကကဘာမှမဖြစ်​ဘဲ​ရောက်​သွားဘို့ပါဘဲ...ရန်​သူကလည်းသတင်းရထား​တော့ သဲကြီးမဲကြီးကို လိုက်​​နေတာ..ကိုယ်​​တွေလဲသတင်းမ​ပေါက်​​အောင်​လို့တောထဲမှာဘယ်​သူ​တွေ့​တွေ့ အပါ​ခေါ်ရတာဘဲထားခဲ့လို့ အဲ့ဒီရွာသား ရွာထဲ​ရောက်​တာနဲ့ ကိုယ့်​သွား​နေတဲ့လမ်း​ကြောင်းက​ပေါ်ပြီ​လေ......စောင့်​တွယ်​ခံရပြီဘဲ...ဒီ​တော့ အနဲဆုံးခရီးတစ်​​ထောက်​​လောက်​ထိ​ခေါ်သွားပြီးမှပြန်​လွှတ်​ရတယ်​...မတတ်​နိုင်​ပါပြီ..ရန်​သူဆိုတာ ဂျိုမပါ....

နောက်​​နေ့မနက်​​ကြည့်​လိုက်​တော့ ၀ါးလုံးထိုးစီး​နေတဲ့သိန်​ခွန်း​ချောင်းကြီးက ကိုယ့်​ဖင်​နဲ့ကပ်​​နေပြီ....စိတ်​​လေတယ်​...​ဖောင်​နဲ့ကူးမှရမှာ​လေ..တစ်​လမ်းလုံးတိုးခဲ့တဲ့ ​သောက်​၀ါးပင်​ကလည်းခုကြမှ အနားမှာတစ်​ပင်​မှမရှိ...အံမယ်​..ဟိုဘက်​ကမ်းမှာချည့်​အခန့်​သားဗျား...တတ်​နိုင်​ဘူး...လူချည်းလက်​ပစ်​ကူး...ဟိုဘက်​မှာ​ဖောင်​ဖွဲ့ ဒီဘက်​ပြန်​ထိုး..ကြိုးသွယ်​...ကူးရသ​ပေါ့..​ချောင်းကူးတာတစ်​​နေ့ကုန်​ကြာ၏ ။ကြိမ်​​ချောင်း..သဲဖြူ ​ရောက်​​တော့မိုးချုပ်​ပြီ.....

သဲဖြူဘုန်းကြီး​ကျောင်းမှာဘဲ ပတ်​လည်​လုံခြုံ​ရေးယူပြီး စခန်းချခဲ့ရတယ်​..ဘုန်းဘုန်း​တော့မရှိပါ ခရီးသွား​နေတယ်​သိရသည်​။ မနက်​ကျ​တော​တွေ့ရပြီ..... ဘုန်းဘုန်းနဲ့​တွေ့​တော့....အင်း..ဒါကာကြီးတို့ အံ့ဩစရာဘဲ..ဘုန်းကြီးသတင်းလုံးဝမရဘူး....တဲ့ဗျာ....ဘုန်းကြီးဆီမှာဘဲ တစ်​ရက်​နှစ်​ရက်​ နားကြပါအုံး​လေ...တဲ့..တစ်​​ယောက်​နဲ့တ​ယောက်​ မျက်​စပစ်​မိတယ်​..ဘုန်းကြီးက​တော့ တား​နေပြီ...​သေခြာတယ်​ရှေ့ ​မော​တောင်​ငယ်​ မှာထူး​နေပြီ.....အလိုက်​သင့်​ဘဲ ....
တင့်​ပါ့ဘုရား..ဒီညဒီမှာဘဲအိပ်​ပါမည်​ဟု.....

တပ်​မှူးသုံး​ယောက်​ ​ခေါင်းချင်းဆိုင်​ရပြီ...တိုင်းကလည်း မနက်​ဖြန်​မနက်​ ​မော​တောင်​ငယ်​ကိုကွင်း​ရှောင်​ပြီး​တောတိုးသွားဘို့ညွှန်​ကြားနေပြီ...​တောတိုးရရင်​လည်း လုံးဝမ​ချောင်​...တစ်​ဘက်​မှာ သိန်​ခွန်း​ချောင်းကြီးနဲ့ကြိမ်​​တောကြီး တစ်​ဘက်​မှာ​တောင်​ကပါး​စောက်​နဲ့ဝါး​တောကြီး....တ​နေကုန်​တိုး​တောင်​ ဂရစ်​ကွက်​တစ်​ကွက်​ (ကိုက်တစ်​​ထောင်​) ပေါက်​မည်​မဟုတ်​မော​တောင်​ငယ်​​တောင်​ကြားသာလမ်းရှိသည်​။
ခြုံခိုဘို့​နေရာ​ကောင်း....ဒါ့​ကြောင့်​ဒီ​ကောင်​​တွေအပိုင်​​စောင့်​တာ။
ကဲ...တိုင်​ပင်​လိုက်​​တော့ "လမ်းအတိုင်းဘဲသွားမယ်​...ဒါ​ပေမယ့်​....ညသန်း​ခေါင်​မှသွားမယ်"။.......
ဒီသတင်း ဒီသုံး​ယောက်​ဘဲသိသည်​။ စစ်​သည်​အားလုံကိုလည်း မနက်​ဖြန်​မနက်​ ၇နာရီထွက်​မည်​...ဟု။ လမ်းပြကိုလည်းဒီတိုင်း​ပြော။ ရွာထဲကဆိုင်​မှာ​တောင်​ တပ်​မှူး​တွေအတွက်​breakfastကြိုမှာထားပြီးပြီ...
အဲ့ဒီညက ကျ​နော်​တို့သုံး​ယောက်​လုံးဝမအိပ်​လိုက်​...စစ်​သည်​​တွေကို​စော​စောစားခိုင်းပြီးအိပ်​ခိုင်းလိုက်​သည်​...ကျ​နော်​တို့သုံး​ယောက်​က​တော့ခေါင်းခြင်းဆိုင်​လို့....​ရေသန့်​ဘူးတစ်​ဘူးနဲ့ အလုပ်​ရှုပ်​​နေ​ရော။ည၁၂နာရီထိုးမှ ရဲ​ဘော်​​တွေအသာနိုး..မီးလုံးဝမထွန်း အသံလုံးဝမထွက်​ဘဲပစ္စည်းသိမ်းပြီး တစ်​​ယောက်​ခါးတစ်​​ယောက်​ကိုင်​...ငါ့​ရှေ့ကဘယ်​သူ...ငါ့​နောက်​ကဘယ်​သူလဲမှတ်​....အ​မှောင်​ထဲမှာတစ်​​ရွေ့​ရွေ.......​မော​တောင်​ငယ်​ရောက်​မှ အ​ရေးထဲ ​ချေးပါခွင့်​​တောင်းတဲ့​ကောင်​ကရှိ​သေး....လမ်း​ဘေးမှာငြိမ်​ကုတ်​ထိုင်​ပြီး ​ချေးပါတဲ့​ကောင်​ကို​မေတ္တာပို့ရတယ်​။

အင်း.......ခုချိန်​ဆို မနက်​မိုးလင်း တစ်​​ယောက်​မှမရှိ​တော့တာ​တွေ့ပြီး​ခေါင်းစား​နေ​လောက်​​ရော​ပေါ့......ဆိုင်​ကလည်း ​​ငွေ ရှင်းပြီးသားထမင်း​ကြော်​ပွဲ​တွေနဲ့ .....အဲ.......ထမင်း​ကြော်​.....ဆို​တော့ ရင်​ထဲမှာ ​နွေးကနဲ....တစ်​မျိုး​လေးဖြစ်​သွားတယ်​..................စားချင်​လို့မဟုတ်​ပါ..ခုထိ​တောင်​ဗိုက်​မဆာ​သေး.."၀ါးရုံပင်​ကြားက ​ငွေလမင်း"......အဲ့ဒီကိစ္စပါ....ထမင်း​ကြော်​နဲ့ ၀ါးရုံပင်​ကြားက လနဲ့ ဘာဆိုင်​လို့တုန်းလို့ထင်​လိမ့်​မယ်​....ဆိုင်​ပါတယ်

လမ်းမှာအအိပ်​ပျက်​၊အစားပျက်​လာလို့ ထမင်းစားပြီး​တော့တစ်​​ရေးအိပ်​လိုက်​တာ ည​နေ​စောင်းမှဘဲနိုး​တော့သည်​။အိပ်​​ရေးဝသွား​တော့ လူကလည်း လန်းဆန်းလာသည်​..​ကောင်းတယ်​ ဒါမှ ညကြလမ်း​လျောက်​ရင်​အဆင်​​ပြေမှာ.....ရေချိုး အ၀တ်​အစားလဲပြီး​တော့ ​ကျောင်း​ပေါ်ကဆင်းခဲ့တယ်​...​ကျောင်းဝင်းကအ​တော်​ကျယ်​သည်​။သီးပင်​စားပင်​​တွေနဲ့....



ကားလမ်းမှာ​တော့ ဆိုင်​ကယ်​​တွေအုပ်​စုဖွဲ့ပြီးပန်းစည်းကြီး​တွေတင်​လို့....တနင်္သာရီမြို့အထိ
မောင်းမယ်​ထင်​သည်​....အ​ဝေးမှာ​တော့ စိမ်းညို့​နေသည့်​​တောင်​တန်းအထပ်​ထပ်​နဲ့သစ်​​တောကြီး....သဘာဝအတိုင်းမပျက်​စီး​သေးသည့်​တော​တောင်​​ရေ​မြေ​တွေနဲ့"အပျိုစင်​​တော".(virgin forest).....ဘုန်းကြီး​ကျောင်းဝင်းထဲမှာဘဲ စာသင်​​ကျောင်း​လေး ​ဆောက်​ထားသည်​...
"အ​ခြေခံပညာမူလတန်း​ကျောင်း၊ သဲဖြူ​ကျေးရွာ"
ဆိုင်းဘုတ်​​လေးဖတ်​ရင်း စပ်​စုချင်​လာလို့ ​ကျောင်းထဲဝင်​ခဲ့မိသည်​....သပ်​သပ်​ရပ်​ရပ်​ဘဲ...စာသင်​ခုံ​တွေလည်းစံနစ်​ကျတယ်​..​ကျောင်းသား၅၀​လောက်​ဆန့်​မယ်​ထင်​တယ်​...အတန်းတစ်​ခုနဲ့တစ်​ခုကို​တော့ သုံးထပ်​သား ပါ​တေးရှင်း​လေးနဲ့ကာထားတယ်​....ဆရာစာရင်းကိုကြည့်​​တော့၎​ယောက်​...မဆိုးပါဘူး..ဆရာ​တော်​​ပြောတာ​တော့ ဆရာ​တွေလစာရိက္ခာ ကိုဆရာ​တော်​စီစဉ်​​ပေးထားတာလို့သိရတယ်​...အင်း..ဒီလို​ဒေသမျိုးက က​လေးငယ်​​တွေသနားစရာ...လာပြီးသင်​​ပေးတဲ့ဆရာဆရာမ​တွေလည်း ​လေးစားစရာပါဘဲ...blackboard ​ရှေ့ရပ်​ရင်း ဟို​တွေးဒီ​တွေးနဲ့​မြေဖြူခဲ​လေးတစ်​ခဲ​တွေ့တာနဲ့ အမှတ်​မထင်​ ကဗျာ​လေးတစ်​ပုဒ်​​ကောက်​​ရေးမိတယ်​....

"ပန်းက​လေးများပွင့်​​တော့မည်
ဖူးတံဝင့်​လို့ချီ
နေခြည်​မှာ​ရွှေရည်​​လောင်း
ငါတို့စာသင်​​ကျောင်း"
ကိုယ်​ဘာသာပြန်​ဖတ်​ရင်းပြုံးမိသည်​...
အဲ..စိတ်​ထဲမှာ...အလိုလိုသိလိုက်​တယ်​..ကိုယ့်​​နောက်​မှာ တစ်​​ယောက်​​ယောက်​ ​ရောက်​​နေပြီ....
ဆဋ္ဌမအာရုံ​ခေါ်မလား..ဘာလား...ဖြတ်​ကနဲလှည့်​ကြည့်​မိ​တော့.......................

အ​လေ့အကျင့်​အရ တစ်​ခုခုကိုကြည့်​လိုက်​တာနဲ့သရုပ်​ခွဲပြီးပြီ...သုံးသပ်​ချက်​ပါ ပါပြီးသား.....
အရပ်​မနိမ့်​မမြင့်​..ကိုယ်​​နေဟန်​သွယ်​လျသည်​ရင်​​စေ့အဖြူ လက်​ပြတ်​နှင့်​​ရေညှိစိမ်း​ရောင်​​ပြောင်​လုံချည်​ကိုဝတ်​ဆင်​ထားသည်​ဖြန့်​ချထားသည့်​ဆံနွယ်​တို့က ဒူး​ခေါက်​ခွက်​နားထိ၊ဖြူသည်​ဆိုတာထက်​ ၀င်းဝါ​သောအသားအရည်​ အလွန်​ကြည်​လင်​သည့်​အသားအရည်​မျက်​နှာမှာဘာမှမလိမ်းချယ်​ထား...သို့​သော်​ နက်​​မှောင်​သည့်​ဆံနွယ်​များကြားမှ ၀င်းဝါ​နေ သည့်​မျက်​နှာကျက သွယ်​သည့်​ဘက်​ကိုပါသည်​အထူးခြားဆုံးက ​တောက်​ပသည့်​မျက်​၀န်းတစ်​စုံ၊ ​မေး​စေ့​ထောင့်​က ထင်း​နေသည့်​မှဲ့နက်​​လေး။ပြန်​စုစည်းလိုက်​​တော့....အရိုင်းဆန်​ဆန်​ဖြန့်​ချထား​သောဆံနွယ်​များကြားက ​ပြေပြစ်​တဲ့​ကောက်​​ကြောင်းများနဲ့​ဘောင်​ခတ်​ထားတဲ့မျက်​နှာဝါ​လေးသည်​...

"၀ါးပင်​ပျို​တွေကြားက လှမ်း​တွေ့လိုက်​ရတဲ့...​ပေါ်ထွက်​ကာစ ​ငွေလမင်း"

စက္ကန့်​ပိုင်း​လေးအတွင်း သုံးသပ်​အ​ဖြေထုတ်​တာမြန်​လှချည့်​ရဲ့လို့မထင်​ပါနဲ့...ကျ​နော်​​တော်​လို့မဟုတ်​...သူ့အလှကသာထူးခြား​လေးနက်​​နေတာပါလေ......တစ်​​ယောက်​နဲ့တစ်​​ယောက်​ ဘာ​ပြောရမယ်​မသိကြောင်​အမ်းအမ်းဖြစ်​​နေတဲ့အ​ခြေအ​နေကို..ထိန်းမှရမယ်​​လေ.....ဟို..ကျ​နော်​ ဗိုလ်​မှူးမျိုးသန့်​ဦးပါခင်​ဗျ...အမှတ်​မထင်​ ​ကျောင်းထဲဝင်​ကြည့်​မိတာ စိတ်​မရှိပါနဲ့​နော်​....စာ​ရေးမိတာ​ရော​ပေါ့...
...ဟုတ်​..ရပါတယ်​ဗိုလ်​မှူး..ကျမက ဒီကမူလတန်းပြဆရာမပါ..Ivy လို့​ခေါ်ပါတယ်​ရှင်​....
အသံကတိုး​ပေမယ့်​ ကြည်​လင်​ပါသည်​..မသိမသာ ရှတတ​လေး ...
အော်​..ထိုင်​ပါအုံးရှင့်​ ကျမဘာအကူညီ​ပေးရမလဲရှင့်​...ကျမက တံခါးပွင့်​​နေလို့ လာပိတ်​တာ
ဗိုလ်​မှူးစာ​ရေး​နေတာ​တွေ့​တော့ ဘာ​ပြောရမယ်​မသိဘဲ ရပ်​ကြည့်​​နေမိတာ..​ဆောရီးပါ​နော်​...
ရတယ်​ဆရာမ လမ်း​လျောက်​ရင်းဝင်​ကြည့်​မိတာပါ..သွားလိုက်​အုံးမယ်​..ခွင့်​ပြုပါအုံး....
ပြုံးပြနုတ်​ဆက်​ပြီထွက်​ခဲ့ပါသည်​...အ​တွေး​တွေလည်းတန်းလန်းတန်းလန်းနဲ့​ပေါ့....ဒီ​လောက်​လှတဲ့မိန်းက​လေး......​တောထဲ​တောင်​ထဲမှာ....။ဘုန်းကြီး​ကျောင်းဝင်းအ၀နဲ့ဒါးလွယ်​ခုတ်​မှာဘဲစား​သောက်​ဆိုင်​​လေးတစ်​ဆိုင်​​တွေ့​တော့ဝင်​ထိုင်​လိုက်​သည်​၊ စစ်​သည်​အချို့ထိုင်​​နေရာက ထပြီး..... ဗိုလ်​မှူး ဒီမှာထိုင်​ပါခင်​ဗျ.......​နေ​နေ..ထိုင်​ကြပါ...ရပြီ ဒီအပြင်​ခုံဘဲထိုင်​​တော့မယ်​.....ဆိုင်​ရှင်​​ရောက်​လာပြီး...ဘာမှာမလဲ​မေး​တော့
SINGHA ရရင်​တစ်​ဗူး​လောက်​ဗျာ.....ဆို​တော့

ပုလင်းရတယ်​ဗျ...ပို​သောက်​​ကောင်းတယ်​ဆိုတာနဲ့ တစ်​ပုလင်းမှာလိုက်​သည်​...အားပါးအေးစက်​​နေတာဘဲ...​တောထဲမှာလည်း​ရေခဲမပြတ်​ရပုံဘဲ....ဒါနဲ့ဆိုင်​​ဘေးမှာ ကမ်း​ဇော်​​စေ့​တွေကို လက်​ဆုံကြီးနဲ့​ထောင်း​နေတာ​တွေ့​တော့..ဆိုင်​ရှင်​နဲ့စပ်​စု ရင်း ​လေ​ဖောရင်းနဲ့ဆင်းဂါး၂ပုလင်းကုန်​တဲ့အချိန်​မှာ...ကမ်း​ဇော်​ဆီစစ်​စစ်​ တစိပုလင်း..လက်​​ဆောင်​ရလိုက်​ပါပြီ.....တက္ကသိုလ်​​ကျောင်းသားဘ၀ထဲက ​ဖောတဲ့​နေရာမှာ ​လေးနှစ်​ဆက်​ချန်​ပီယံဘွဲ့ရထားတာ...​အေး​ဆေးဘဲ။ဟော..လာ​နေပြီ...လမင်းကိုကြယ်​နှစ်​ပွင့်​ခြံရံလို့ရယ်​..လမ်း​လျောက်​ထွက်​လာတယ်​ထင့်​။မသိသလိုနဲ့ ကန်း​ဇော်​ဆီပုလင်းကြီးကိုကသိုဏ်းရှု​နေတုန်း...ဆိုင်​​ရှေ့​ရောက်​​တော့ရပ်​သွားတယ်​ထိုင်​ဘို့​နေရာ.....မဖြစ်​​ချေ​တော့ဘူး....​မော့ကြည့်​ ခုမှ​တွေ့တဲ့ပုံနဲ့...​အော်​..ဆရာမတို့..လာထိုင်​ပါလားခဗျ ဒီမှာ​နေရာလွတ်​ပါတယ်​.......ခဏစဉ်းစားသလိုလုပ်​ပြီး...
.ဟုတ်​ကဲ့ဒါဆိုဒီမှာဘဲထိုင်​မယ်​​နော်​...
အိုင်​....အဲ..ဆရာမတို့တခုခုသုံး​ဆောင်​ကြပါအုံး
 ဒါက ​ဖော်​မြူလာကွက်​။ အိုင်​ဗီ လို့ရင်းရင်းနှီးနှီး​ခေါ်မယ်​လုပ်​ပြီးမှ အားနာလို့ ဆရာမဆိုပြီး​ပြောင်း​ခေါ်တယ်​​ပေါ့​နော.....
လှစ်​ကနဲ ပြုံးလိုက်​တယ်
ရပါတယ်​ရှင့်​ အိုင်​ဗီလို့လည်း​ခေါ်လို့ရပါတယ်​...
ပြောပုံက ငြိမ်​တယ်​...ရှက်​ကိုးရှက်​ကန်းနဲ့အိုဗာလည်းဖြစ်​မ​နေဘူး...
အဲ့ဒါနဲ့​ပေါ့​လေ...အချိန်​တိုအတွင်း ရင်းနှီးသွားခဲ့တယ်​...သူက သိန်​ခွန်းရွာသူ..အပျို​ချော​ပေါတယ်​လို့နံမယ်​ကြီးတဲ့ရွာကဘဲ...​မော​တောင်​နယ်​စပ်​ထိုင်းရွာကလည်းသိန်​ခွန်းဘဲ...ရှမ်းသိန်​ခွန်းလို့​ခေါ်ကြတယ်​...​သွေး​နှောကြလို့ထင်​တယ်​..အသားအရည်​က ထိုင်းမ​လေး​တွေနဲ့ဆင်​တာ..စကား​ဖောင်​ဖွဲ့ကြ​တော့လည်း..စစ်​သားတို့ထုံးစံအတိုင်း ကိုယ့်​အ​ကြောင်းကြ လိမ်​သင့်​တန်​လိမ်​ညာသင့်​တန်​ညာ.....သူအ​ကြောင်းကြ​တော့ အရည်​ညှစ်​ယူရတာ​ပေါ့....ဒါနဲ့ ဘယ်​​နေ့ခရီးဆက်​မလဲ​မေး​တော့...သတိ..သတိ.....ဟန်​မပျက်​ဘဲ မနက်​ဖြန်​မနက်​ breakfast စားပြီးထွက်​မယ်​​ပေါ့။ ၀ိုင်းရှင်း​တော့ ကျ​နော်​လုရှင်းလိုက်​တယ်​...ဒီ​တော့...မနက်​ကျရင်​ သူတို့အလှည့်​ဖြစ်​ရဘို့သ​ဘောတူရပြန်​တာ​ပေါ့.......တနင်္သာရီမြို့ကိုလည်းတစ်​လ တစ်​​ခေါက်​ဆင်းဖြစ်​ပါတယ်​ ဆိုတဲ့အပိုင်းလည်း​ရောက်​​ရော...ဘီယာနဲနဲသီးသွားတယ်​...

ဒါ​ပေသည့်​ စစ်​​ရေးသတိအမြဲရှိသူမို့..ambushed မမိလိုက်​ပါဘူး.......နုတ်​ဆက်​လမ်းခွဲကြတယ်​...မနက်​၇နာရီbreakfast စားမည်​နဲ့နိဂုံးချုပ်​လိုက်​တယ်​။
 ဒီလိုနဲ့....ဒီလိုနဲ့​ပေါ့​လေ...ခုချိန်​ဆို ​ငွေလမင်း
တစ်​​ယောက်​...သူဂရုစိုက်​ပြင်​ဆင်​ထားတဲ့စားစရာ​တွေကြည့်​ပြီး...ဘာ​တွေများ​တွေး​နေမလဲ?????




တကယ်​​တော့ကွယ်​ စစ်​သားဆိုတာ စိတ်​ကိုအလိုလိုက်​လို့မရပါဘူး.....
အထူးသဖြင့်​ အဲ့ဒီစစ်​သားဟာ အိမ်​​ထောင်​ရှင်​တစ်​​ယောက်​ဆိုရင်​​ပေါ့................အ​တွေး​ကောင်း​နေတုန်း....ကား​တွေဝင်​လာသံကြာရတယ်​...​မော​တောင်​ ဆီအုံးခြံကကား​တွေ​လေ.......အိပ်​ယာကထပြီး equipment ပတ်​လိုက်​တယ်
ခရီးဆက်​ရဦးမယ်​​လေ....