Tuesday, January 27, 2015

ရုပ်/စည်း ရွေးကောက်ပွဲ ဂယက် ( ၁ )





လူတိုင်းက လိုချင်သည်ပြောသော လွတ်လပ်ခွင်.
လူတိုင်းက နှစ်သက်သော ဒီမိုကရေစီအမူအကျင်.
လူတိုင်းက ဆန္ဒရှိသော တန်းတူရည်တူ မျှတမှု
တွင်တွင်ကြွေးကျော်နေကြသော်လည်း ကိုယ်တိုင်ကသော်လည်း ၊ ကိုယ်.အဖွဲ.အစည်းအတွင်းမှာသော်လည်းကောင်း ခြွင်းချက်မဲ့ကျင်းသုံးဖို.ကျတော. အကြောင်းပြချက်များ များပြားစွာ ရှိနေတတ်ကြသည် ။ထို.အတူ ကိုယ်.အဖွဲ.အစည်းအတွင်းတောင်မှ ပြောင်းလဲလာအောင် စည်းစနစ်တကျ မစွမ်းဆောင်နိုင်သူတို.ကလည်း သူများကို လှမ်း၍ ကြိုအပြစ်တင်နေကြသည် ။ ဒါသည်ပင် မြန်မာစတိုင် ဒီမိုကရေစီလားမသိ ။

ပြီးခဲ့သော အကယ်ဒမီ ပေးပွဲတွင် ဝေဖန်မှုပေါင်းစုံ ၊ လောကသားချင်းပင် သည်းမခံနိုင်လောက်စရာ အမှားများ .. ချို.ယွင်းချက်များ ၊  ဦးစီးခေါင်းဆောင်ကိုယ်တိုင်က နှုတ်ကိုပင် အပြည်.အ၀မစောင်.စည်းနိုင်ခဲ့သော ထိုပွဲက ပြီးလို.မှ နားတောင်မအေးသေး ခု ရုပ်/စည်း ရွေးကောက်ပွဲကလည်း ပဲ့တင်သံများ ထွက်လာခဲ့ပြန်ပါပြီ ။

ထိုကိစ္စရပ်နှင်. ပတ်သက်၍ ပြည်တွင်း Media ကြီးတစ်ခုက သာမန် NGO အဖွဲ့အစည်း တစ်ခုဖြစ်သော ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှာပင် ဒီမိုကရေစီ နည်းလမ်းမကျသော ၀ိုင်းကြီးချုပ်စနစ်က ဒီမိုကရေစီ အလေ့အကျင့်အတွက် စိုးရိမ်စရာ ဖြစ်လာ  ဟူသော ခေါင်းစဉ်ဖြင်. ရေးသားခဲ့သော ဆောင်းပါး မှထုတ်နှုတ်ဖော်ပြရလျှင် 

ရုပ်ရှင်အစည်းအရုံး၏ သက်တမ်းကို အများသဘောတူညီမှုဖြင့် သက်တမ်းနှစ်နှစ်သာ သတ်မှတ်ထားသော်လည်း သက်တမ်းကျော်လွန်ပြီးမှသာ အမှုဆောင်သစ် ရွေးကောက်ပွဲအတွက် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကြီးကြပ်ရေး ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ကော်မရှင်၏ လုပ်ဆောင်ချက် အချို့ပေါ်တွင် အငြင်းပွားဖွယ်များ ဖြစ်ပွားခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ပါ အဖွဲ့ဝင်အချို့၏ တင်ပြချက်များဖြစ်သည့် အမှုဆောင်သက်တမ်း နှစ်ကြိမ် ဆောင်ရွက်ပြီးသူများအား တစ်ကြိမ်နားစေရန်၊ ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ အရေအတွက် ၅၀ ရာခိုင်နှုန်း မကျော်ပါက ပြန်လည်စဉ်းစား သုံးသပ်ရန် စသည်တို့ကို တင်ပြခဲ့သော်လည်း ပယ်ချခဲ့ကာ မူလသတ်မှတ်ချက်များ အတိုင်းသာ ဆက်လက်ဆောင်ရွက်စေခဲ့သည်။ ရွေးကောက်ပွဲအတွက် ၀င်ရောက်ရွေးချယ်ခံမည့် အဆိုပြုလွှာများအား ဖိတ်ခေါ်ခဲ့ရာ ပါဝင်ရွေးချယ်ခံလိုသူ သိသာစွာ နည်းပါးသွားခဲ့ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင် လူမင်း အပါအ၀င် လက်ရှိအမှုဆောင်များစွာ ရွေးချယ်ခံခဲ့ကြသည်။ 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို လွတ်လပ်သော NGO အဖွဲ့အစည်း တစ်ခုအဖြစ် ၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်လောကသားများကိုယ်တိုင် မဲပေးရွေးချယ်မှုဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် ခြောက်လခန့် အကြာမှာပင် ရုပ်ရှင်လောကသားများ၏ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းသည် ကျန်းမာရေး အခြေအနေအရ ရာထူးမှ နုတ်ထွက်သွားခဲ့ကာ ဒုတိယဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် အကယ်ဒမီ လူမင်းက ဥက္ကဋ္ဌရာထူးကို တာဝန်ယူခဲ့သည်။

ယင်းနောက်ပိုင်းမှ စတင်ကာ ရုပ်ရှင်လောကသားများအား ပွင့်လင်းမြင်သာသည့် တင်ပြမှုမျိုး မရှိဘဲ အမှုဆောင်များ၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်သည်ဟု ဝေဖန်မှုများစွာ ရုပ်ရှင်လောကသားများအကြား ထွက်ပေါ်လာခဲ့သည်။ 

ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ် ခံခဲ့သော်လည်း ရွေးချယ်မခံခဲ့ရသူ ဒါရိုက်တာ အကယ်ဒမီ ၀ိုင်းက “မဲပေးတဲ့သူ သိသိသာသာကို နည်းခဲ့တယ်။ အဲဒါက ဖြစ်မြောက်အောင်လုပ်တဲ့ ကော်မရှင်ကို ယုံကြည်မှုကင်းမဲ့တာ တစ်ချက်ပေါ့။ တက်ကြွမှုလည်း မရှိကြတော့ဘူး။ ရွေးကောက်ပွဲကော်မရှင်က ယုံကြည်မှုရှိအောင် မလုပ်ကြတာလည်း ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ဟိုဘက်ဒီဘက် ဆန္ဒတွေကို အကောင်အထည်ဖော်ပြီးမှ ရွေးကောက်ပွဲ ကျင်းပသင့်တယ်လို့ ထင်တယ်။ အခုက အဲဒီလို မဟုတ်တော့ အများစုက မပါတော့ဘူး။ ဒီရွေးကောက်ပွဲကို ကြည့်ပြီးတော့ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တကယ်ကို စိုးရိမ်မိပါတယ်။ ခေတ်အဆက်ဆက်မှာ လုပ်လာတဲ့ သူတွေက မဲကို ဘယ်လိုလိမ်ရမယ်၊ ညစ်ရမယ်ဆိုတာကို ကောင်းကောင်းကျွမ်းကျင်ပြီးသား၊ ရုပ်ရှင်အစည်းအရုံးလို ဘာမှမဟုတ်တဲ့ NGO မှာ တောင်အာဏာကို လုနေကြရင် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အမြင့်ဆုံးရာထူး ရွေးခံရမယ့်ပွဲဆိုရင် ဘယ်လောက်ညစ်မလဲဆိုတာ တွေးပူမိပါတယ်” ဟု သုံးသပ်သည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ်တာ ၀န်ထမ်းဆောင်နေစဉ်က ထပ်မံပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံခြင်း မပြုတော့ဟု မီဒီယာများထက်တွင် တရားဝင် ပြောကြားထားသော်လည်း ယခုပြုလုပ်သည့် ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံခဲ့ကာ ရွေးချယ်ခံခဲ့ရသည့် သရုပ်ဆောင် အကယ်ဒမီ လူမင်းက “
ပြန်လည်ရွေးချယ်ခံဖို့က စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာလေ။ မီဒီယာတွေ အပေါ်မှာ အတိအလင်း ၀င်ရောက် ရွေးချယ်မခံဘူးလို့ ပြောထားပြီးသားကို စကားကို နှစ်မျိုးပြောသလို အဖြစ်ခံပြီး၊ ကဲ့ရဲ့ဝေဖန်ခံပြီး ဘာလို့လုပ်လဲဆိုရင် ကိုယ့်ကိုယ်ကျိုးအတွက် မဟုတ်လို့ပါ။ ကိုယ်တတ်စွမ်းသလောက် အင်အားလေးနဲ့ ၀င်ရောက်အားဖြည့်ဖို့ လိုအပ်နေသေးတယ်လို့ အတိအကျ သုံးသပ်မိလို့ပါ။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ် ခံခဲ့တာပါ” ဟု ဆိုပါသည်။ 

ရွေးကောက်ပွဲတွင် ဇာတ်လမ်းဇာတ်ညွှန်း အလွှာအတွက် လာရောက်မဲပေးခဲ့သည့် ဇာတ်ညွှန်းအကယ်ဒမီ မြင့်ဦးဦးမြင့်က “ရုပ်ရှင်လောက အကျိုးကို သယ်ပိုးနိုင်မယ့် အမှုဆောင်သစ်တွေ ပေါ်ထွက်လာစေချင်လို့ မဲလာပေးခဲ့တာပါ။ အခု ပြန်ပြီး အရွေးခံရတော့လည်း ဒီလူတွေပဲဆိုတော့ ဘယ်လိုဖြစ်မှန်း မသိဘူး။ ဒါကို ကြည့်ပြီးတော့ NGO လို အဖွဲ့အစည်း တစ်ခုရဲ့ နေရာတစ်ခု အခွင့်အရေး တစ်ခုအတွက် ဒီလို ဖြစ်နေကြတယ်။ အစည်းအဝေးခေါ်ရင် မလာဘဲ ဘာမှဆောင်ရွက်ခြင်း မရှိဘဲ လုပ်ပိုင်ခွင့်အတွက် မိန်းမူးတဲ့သူတွေက ပြန်အရွေးခံခဲ့ကြတယ်။ ရုပ်ရှင်လောက ပြန်လည်ထောင်မတ်လာအောင် ပခုံးကောင်းကောင်းနဲ့ မ,တင်ပေးမယ့်သူတွေ ပါဝင်မလာတဲ့အတွက် စိတ်မကောင်းဘူး။ အရင်အမှုဆောင် အဖွဲ့တုန်းက မှားခဲ့ဖူးတဲ့အမှားတွေ ရှိတယ်။ ဒါကြောင့် ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လောကရဲ့ အနာဂတ်က မျှော်လင့်လို့ မရတော့ပါဘူး” ဟု ဆိုသည်။

ဗီဒီယိုထုတ်လုပ်သူ တစ်ဦးဖြစ်သည့် ရွှေစင်ဦး ဗီဒီယိုထုတ်လုပ်ရေးမှ ကိုကျော်လင်းထွန်းကလည်း “
ဒီနေရာတွေကို ဘာတွေ မက်မောလဲဆိုတာ စဉ်းစားလို့ မရဘူး။ မဲပေးပိုင်ခွင့်ရှိတဲ့သူ ဆိုတဲ့ နေရာမှာလည်း အငြင်းပွားစရာတွေ ရှိတယ်။ ကျွန်တော်တို့ အလွှာတစ်ခုတည်းကို အရင်ထောက်ပြရမယ်ဆိုရင် မဲပေးပိုင်ခွင့်ရှိတဲ့သူ ၆၀ ကျော်မှာ အခုမဲပေးတာ ခုနစ်ဦးပဲ ရှိတယ်။ တွက်ကြည့်ရင် ၁၁ ရာခိုင်နှုန်းပဲ။ အဲဒါကို အတည်ပြုမလား မပြုဘူးလား ဆိုတာကို အဖြေထုတ်ရမယ်” ဟု ဆိုပါသည်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကလည်း “
ရွေးကောက်ပွဲကို သွားလည်း မသွားဘူး၊ မဲလည်း မပေးဘူး။ မဲတွေကို စည်းရုံးထားပြီးသားလေ။ ဒါကြောင့် ဦးမျိုးတို့လည်း စောင့်ကြည့်နေတယ်။ အဖြေရလဒ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ပြီးရင်တော့ လုပ်သင့်တာ လုပ်ရလိမ့်မယ်” ဟု ပြောကြားသည်။ 

တစ်ခု သေချာသည်က လူစိတ်ဝင်စားမှုနည်းခဲ့သော ရွေးကောက်ပွဲ တစ်ခုဖြစ်ခဲ့သည် ။ အလွှာဆယ်လွှာမှ ကိုယ်စားပြုသူများကို မဲပေးရွေးချယ်ရာ မဲပေးခွင့်ရှိသူ ၁,၅၀၀ ကျော်ရှိသော်လည်း လာရောက်မဲပေးသူ ၆၄၀ သာရှိခဲ.ခြင်းက သက်သေပြနေသည် ။


Ref ; Eleven Media Group , Democracy Today , 7Day Daily


ဆက်စပ်ဖတ်ရှုရန် 


Monday, January 26, 2015

ဦးဝီရသူ - ယန်ဟီးလီ နှင်. နိုင်ငံတကာသတင်းဋ္ဌာနများ

Photo from shwemyanmar
 ဆရာတော် ဦးဝီရသူက လွန်ခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးနှိမ်စော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအပေါ် ပြတ်ပြတ်သားသားရှုတ်ချကြဖို့ ကုလသမဂ္ဂက မြန်မာ့ဘာသာရေး၊ နိုင်ငံရေးနဲ့ လူမှုအဖွဲ့ ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားခြင်းအား ဖော်ပြလိုက်ပါတယ်

မစ္စစ် ယန်းဟီးလီ (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်) ကို ဘုန်းဘုန်း ဝေဖန်မိန့်ကြားတာနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေက ကန့်ကွက်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းတယ်။ အဲဒါနဲ့ ပတ်သက်လို့ သဘောထား ပြောပြပါဘုရား။

ဘုန်းဘုန်းလည်း နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာကတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို လာပြီး အချုပ်အခြာအာဏာကို ထိပါးရင် ၀ိုင်းဝန်းပြီးတော့ တွန်းလှန်ကြပါလို့။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို တစိမ်းတွေလာရောက် ဖန်တီးတာကို လုံးဝလက်မခံကြပါနဲ့လို့ပဲ သူတို့ကို ပြန်တိုက်တွန်းပါတယ်။”

ဗွီဒီယိုဖိုင်ထဲမှာ တပည့်တော်တို့ တွေ့တာက မစ္စယန်ဟီးလီနဲ့ ပတ်သက်တဲ့ မိန့်ကြားချက်က ဒေါပါသွားသလို ဖြစ်တယ်လို့ နားထောင်မိတယ်ဘုရား။ ဒီအပေါ်မှာ နောင်တ ရမိသလား ဒီ မိန့်ကြား ခဲ့တဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့။ (စကားချပ်- “-သည်မ” ဟု သုံးနှုန်းမိန့်ကြားခဲ့ခြင်း)

“နောင်တရတယ်ဆိုတာကတော့ မဟုတ်တာပြောမှ၊ မမှန်တာပြောမှ၊ မဟုတ်တာလုပ်မှ၊ မမှန်တာ လုပ်မှလေ။ ဦးဇင်းတို့ကျတော့ ဘာသာ၊ သာသနာကို ကာကွယ်တာဆိုတော့ ဒီစကားတခွန်းနဲ့ ကာကွယ်လိုက်နိုင်တယ်၊ ဒီစကားတခွန်းအတွက် အကျိုးရှိတယ်ဆိုလို့ရှိရင် ဦးဇင်းတို့တွေက ဂုဏ်တောင် ယူရဦးမှာလေ။ ဒကာကြီး ဦးဇင်းအနေနဲ့ ၀မ်းမြောက်ဝမ်းသာကို ဂုဏ်ယူပါတယ်။

စောင့်ကြည့်သူတွေ၊ သုံးသပ်သူတွေ ပြောတာက အရှင်ဝီရသူက မွတ်စလင်ဆန့်ကျင်ရေးကို လုပ်တယ်ပေါ့နော်။ ဟောတယ်၊ အမုန်းတရားတွေ ဖြန့်ချိနေတယ်ဆိုပြီးတော့ စွပ်စွဲ ပြောဆို ရေးသားတာတွေ ရှိတယ်။ ဘုန်းဘုန်းအနေနဲ့ ရိုဟင်ဂျာအစ်ရှူးကို ကိုင်တာလား၊ မွတ်စလင်အစ်ရှူးကို ကိုင်တာလား ဘုရား။ ဘယ်လိုမျိုးလဲ။ သဲသဲကွဲကွဲ မိန့်ကြားပေးပါ ဘုရား။

ဦးဇင်းကတော့ ဂျီဟတ်ဝါဒီတွေ အကုန်လုံးကို ရည်ရွယ်တာပါ။ မွတ်စလင်အကုန်လုံးကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ အစ္စလာမ် အစွန်းရောက်တွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ နောက် ဦးဇင်းတို့နိုင်ငံကို ၇၈၆ ဆိုင်းဘုတ် ထောင်ပြီးတော့ ၀ါးမြိုဖို့ စီမံကိန်းတွေ ရေးဆွဲနေတဲ့သူတွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ အဲဒီအတွက်ပဲ ရည်ရွယ်တာပါ။ ဦးဇင်းတို့က လူကောင်း သူကောင်းတွေ၊ အေးအေးဆေးဆေးနေတဲ့သူတွေကို မရည်ရွယ်ပါဘူး။

မန္တလေးတိုင်းသာသနာရေးပုဂ္ဂိုလ်တွေ မစိုးရိမ်တိုက်သစ်ကို မနေ့က လာကြပြီး ဆရာတော်ကြီးကို လျှောက်တာ ဘုန်းဘုန်းကို ပုဒ်မ ၂ ခုနဲ့ စွဲဖို့ လာလျှောက်ကြတာဆိုတဲ့ အကြောင်းအရာ အွန်လိုင်းမှာ တက်လာလို့။ ဟုတ်လားဘုရား။

မန္တလေးတိုင်းက သာသနာရေးအရာရှိတွေ လာသွားတာတော့ ဟုတ်ပါတယ်။ မနေ့က နေ့ဆွမ်းစားပြီးချိန် ၁၁ နာရီခွဲလောက် လာသွားတယ်။ အဲဒီအကြောင်းအရာတော့ ဦးဇင်းလည်း ဆရာတော်နဲ့ မတွေ့သေးဘူး။ ဆရာတော်လည်း ဦးဇင်းကို ခေါ်ပြောတာတွေ မရှိဘူး။”

သာသနာရေးဦးစီးဌာနက လာတဲ့အရာရှိကြီးတွေက ဘာလာလုပ်တာလို့ ခန့်မှန်း တွက်ချက်မိလဲ။ နိုင်ငံတကာက ဖိအားကြောင့် လာရောက်မေးမြန်း လျှောက်ထားတာကော မဖြစ်နိုင် ဘူးလား။

အခု အဲလို ယူဆနေကြတာပေါ့နော်။ ဦးဇင်းကလည်း ဆရာတော်ကို မလျှောက်ရဲဘူး။ ဆရာတော်နဲ့ လည်း အခန်းထဲမှာ တွေ့တာဆိုတော့လေ ဘာတွေ ပြောတယ်ဆိုတာ ဦးဇင်းမသိဘူး။”

ဘုန်းဘုန်းတို့ရဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကနေပြီးတော့ သီတဂူဆရာတော်ဘုရားကြီးက မပတ်သက်ဘူးဆိုပြီးတော့ အထူးကြေညာချက် ထုတ်ပါတယ် ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘုန်းဘုန်းတို့ရဲ့ မဘသ အဖွဲ့မှာ အားမယုတ်သွားဘူးလား။ ဘယ်လို မိန့်ကြားချင်လဲဘုရား။

ဆရာတော်ဘုရားကြီးက သူကိုယ်တိုင် မိန့်ပါတယ်။ ခရီးကပြန်လာတဲ့အခါကျတော့ နုတ်ထွက်တာ မှန်သော်လည်းပဲ လုံးဝပတ်သက်မှု မရှိဘူးဆိုတာကတော့ မဟုတ်ပါဘူးတဲ့။ ဆရာတော်ကတော့ ဦးဇင်းတို့နဲ့ တစိတ်တည်း၊ တ၀မ်းတည်း၊ တသွေးတည်း၊ တသားတည်း ရှိပါတယ်။ အဲဒီအတွက်တော့ ဦးဇင်းတို့က လုံးဝ အားမနည်းပါဘူး။”

ကုလသမဂ္ဂက ထုတ်ပြန်ကြေညာတိုက်တွန်းတာနဲ့ ပတ်သက်လို့ အထူးတလည် မိန့်ကြားစရာ ရှိပါသေးသလားဘုရား။

“ပြောလိုက်ပါ။ ရိုဟင်ဂျာအစ်ရှူးဟာ အစိုးရတခုတည်းရဲ့ သဘောထား မဟုတ်ဘူး။ တနိုင်ငံလုံး၊ တမျိုးသားလုံးရဲ့ သဘောထား ဖြစ်ပါတယ်။ အဲဒီတော့ နောက်နောင် ငြိမ်းချမ်း စေချင်တယ်ဆိုရင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာ မြင်ချင်တယ်ဆိုရင် ရိုဟင်ဂျာဆိုတဲ့ အလိမ်အညာ လူမျိုးတမျိုးရဲ့ စကားလုံးကို လုံးဝ မသုံးစွဲမိပါစေနဲ့လို့။”


မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အပေါ် ရိုင်းပြကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်မယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူလို့တော့ ရနိုင်ဖွယ်မရှိကြောင်း အရိပ်အမြွက်ပြောဆိုကြောင်း ဆိုပြီး AFP သတင်းက ဖော်ပြခဲ့ပါတယ်။

သမ္မတရုံးပြောခွင့်ရ သူဦးဇော်ဌေးက ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့ သာသနာရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စအပေါ် တရားဝင်တိုင်တန်းချက် မရရှိသေးပါဘူး၊ ပြီးတော့ ဒီကိစ္စဟာ သံဃာ့ကိစ္စဖြစ်နေတာမို့၊ မိမိတို့အနေနဲ့ တိုက်ရိုက်ကိုင်တွယ်လို့ မရပါဘူးလို့ပြောကြားခဲ့ကြောင်း AFP သတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို ဦးဝီရသူက လိင်ပိုင်းဆိုင်ရာ ဝေါဟာရတွေသုံးစွဲ တိုက်ခိုက်ခဲ့ပါတယ်။
ဦးဝီရသူကို AFP က မေးမြန်းခဲ့ရာမှာ ဦးဝီရသူက ဒီ့ထက်ပြင်းထန်တဲ့ ဝေါဟာရ စကားလုံးရှာတွေ့ရင်၊ အဲဒီအတိုင်းပြောလိုက်မှာဖြစ်ကြောင်း၊ မြန်မာပြည်အပေါ် မစ္စယန်ဟီးလီ လုပ်ခဲ့တာတွေနဲ့ ညီမျှတဲ့စကားလုံးမရှိကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

Ref ; RFA Burmese & DVB

Saturday, January 24, 2015

သင်္ဂဟမေတ္တာ အလှုဒါန - ၀ါးခယ်မ အဖွဲ.၏ မူဝါဒ နှင်. စီမံချက်များ



 အလှုရှင်များ ၊ ပူးပေါင်းပါဝင်ဆောင်၇ွက်လိုသူများ ၊ စိတ်ဝင်စား၍ လေ.လာလိုသူများ သိမှတ်နိုင်ရန် အတွက် သင်္ဂဟမေတ္တာ  အလှုဒါန ( ၀ါးခယ်မ ) အဖွဲ.၏ လုပ်ငန်းစီမံချက်များအနက်  သိမှတ်ဖွယ်ရာ အချက်အလက်အချို.ကို ထုတ်နှုတ် ၍ အကျဉ်းချုပ် တင်ပြပါမည် ။


ထို လုပ်ငန်း စီမံချက်တွင် နိဒါန်း ၊ ရည်မှန်းချက် ၊ လုပ်ငန်းစဉ်အဆင်.ဆင်. ၊ လုပ်ငန်းဆိုင်ရာ အခြေခံ မူများ ၊ လုပ်ဆောင်ချက် ၊ အထွေထွေဆောင်ရွက်ချက် ၊ နိဂုံးချုပ် ဟူ၍ အခန်း ၇ ခန်းပါဝင်ပါသည် ။

ရည်မှန်းချက် အခန်း တွင်ရည်မှန်းချက် ၅ ရပ်ရှိပြီး အကျဉ်းအားဖြင်. ( ၁ ) မြို.နယ် လူမှုဖွံ.ဖြိုးရေးလိုအပ်ချက်များအား ပါဝင်ဖြည်.ဆည်းရန် ( ၂ ) လှုဒါန်းငွေအားလုံး ရည်မှန်းသော အသိုက်အ၀န်းထံအတိအကျရောက်ရှိစေရန် ( ၃ ) လစဉ်လှုဒါန်းခြင်းဖြင်. ရေရှည်တွင် မြို.နယ် အတွင်းလူမှုဖွံ.ဖြိုးရေးများ ပြည်.စုံလာစေ၇န် ( ၄ ) ပမာဏနည်းပါးသော်လည်း စုစည်းမှုအားနည်းသော ရွာများအဖို.ငှာ ယခုလှုဒါန်းမှုကြောင်. လူမှုအထောက်အကူအပြင် ကျေးရွာသားတို.စိတ်ဓါတ်ခွန်အား မြင်.မားလာစေ၇န် ( ၅ ) ပွင်းလင်းမြင်သာသော လစဉ်အလှုများကြောင်. ၀ါးခယ်မသားတို.၏ အစဉ်အလာကောင်းကိုပြနိုင်မည်.အပြင် အများပြည်သူတို.၏ ပါဝင်လှုဒါန်းလိုစိတ် နှင်. အကျိုးပြုလိုစိတ်များ ပွားများလာရေးအထောက်အကူပြု နိုင်စေရန် တို.ဖြစ်သည် ။

လုပ်ငန်းဆိုင်ရာ အခြေခံမူများ  အခန်း 

အပိုဒ် ၄  - အပိုဒ် ခွဲ 
( က ) ဒေသခံများ - ဇာတိဖွားများ - အနွယ်ဝင်များ နှင်. ဆက်စပ်သူမည်သူမဆို လှုဒါန်းနိုင်မည် ။
 ( ခ ) ဇာတိမြို.နယ်၏ လူမှုဖွံ.ဖြိုးရေး လုပ်ငန်းများ ၊ အထူးအနေဖြင်. ပြည်တွင်းမည်သည်.နေရာတွင်မဆို သဘာဝဘေးအန္တရာယ် ကျရောက်၍ ဒုက္ခခံစားနေရသူများ အား လှုဒါန်းသွားမည် ။
 ( ဂ ) လုပ်ငန်းအားလုံးကို ပင်မ စီမံခန်.ခွဲရေးအဖွဲ. က တာဝန်ယူမည်ဖြစ်ပြီး အဖွဲ.၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည် ။
 ( ဃ ) ကောက်ခံမည်.ငွေကို လစဉ် ၁၀၀၀ ကျပ်သာသတ်မှတ်သည် ။
 ( င ) တစ်လချင်းအလိုက် လစဉ်ကောက်ခံရရှိငွေအားလုံးအား လှုဒါန်းသွားမည်ဖြစ်ပြီး ခြွင်းချက် အနေဖြင်. ပမာဏကြီးမားသော လုပ်ငန်းများအတွက်မူလစဉ်ကောက်ခံရရှိငွေ၏ ၂၀ % ထက်မပိုသော ငွေကိုချန်လှပ်စုဆောင်းထားနိင်ပြီး အလှုရှင်များက ၆လစာ ၊ တစ်နှစ်စာကြိုတင်လှုဒါန်းမှုကိုလည်း လက်ခံသွားမည် ။
( စ ) အလှုတော်ငွေအားလုံးကို ပင်မအဖွဲ.၏ တာဝန်ပေးခြင်းခံထားရသော ( ရန်ကုန် / ၀ါးခယ်မ )အဖွဲ.၀င် ၃ ဦးစီ ပါဘဏ္ဍာရေးအဖွဲ.တို.မှ သင်.တော်ရာ ဘဏ်တစ်ခုစီတွင် Joint Account ဖွင်.၍ လွှဲပြောင်း ၊ စုဆောင် ၊ ထုတ်ယူ မှု ပြုသွားပါမည် ။
( ဆ ) အဆိုပြုလွှာများကို ကွင်းဆင်း စစိစစ်ပြီး အဖွဲ.၏ လစဉ်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည် ။
( ဇ )  အလှုငွေများကို အစည်းအဝေး ဆုံးဖြတ်ချက်အရ လှုဒါန်းခြင်းမှအပ အခြား ( လုံးဝ ) အသုံးမပြုရ ။


လုပ်ဆောင်ချက်များ အခန်း

အပိုဒ် ၅ အပိုဒ်ခွဲ  ( ဂ ) ပထမဆင်. အလှုငွေ ကောက်ခံရေး ကိုယ်စားလှယ်အဖြစ် ပင်မအဖွဲ. အဖွဲ.၀င်များ နှင်.ပင်မအဖွဲ.မှ တာဝန်ခံ ရွေးချယ်သူများ ကတာဝန်ယူမည်ဖြစ်ပြီး ဒုတိယဆင်.ကိုယ်စားလှယ်များကိုမူ ပထမဆင်.ကိုယ်စားလှယ်များ၏ တာဝန်ခံမှုဖြင်. ထပ်ဆင်.ရွေးချယ်တာဝန်ပေးမည်ဖြစ်ပြီး လိုအပ်သလို ထပ်မံတိုးချဲ.သွားမည် ။
အပိုဒ်ခွဲ ( ဇ ) ကိုယ်စားလှယ်များမှ ကောက်ခံရရှိငွေများကို နောက်လ ၅ ရက်နေ.အရောက် ဘဏ္ဍာငွေထိန်း အဖွဲ.ထံ အပ်နှံပေးပို.ရမည်ဖြစ်ပြီး ပင်မအဖွဲ.က ၁၀ ရက်နေ.အပြီး စာရင်းချုပ်ကာ လလည်နှင်.အနီးဆုံးတနင်္ဂနွေနေ.ပြုလုပ်မည်.ပင်မအဖွဲ.အစည်းအဝေးတွင်ဆုံးဖြတ် ပြီး လှုဒါန်းမှု နှင်. စာရင်းရှင်း လက်ကမ်းစာစောင်ဝေငှခြင်းအား ကျန်လ၀က်တွင် အပြီး လုပ်ဆောင်မည် ။


အထွေထွေ ဆောင်ရွက်ချက်များအခန်း 

အပိုဒ် ( ၆ )  လှုဒါန်းခြင်းမှအပ ( စာရွက်စာတမ်း - ဧည်.ခံစရိတ်- ကွင်းဆင်းခြင်း - လှုဒါန်းမှု ခရီးစရိတ်အပါအ၀င် ) အထွေထွေ ကုန်ကျစရိတ်အားလုံးကို လစဉ်ကောက်ခံငွေမှမသုံးပဲ သီးခြားအလှုရှင်များ၏ အလှုငွေမှသုံးစွဲမည် ။ ဤလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်နေသူတိုင်းသည် ပြည်သူ.ဆက်ဆံရေး အထူးကောင်းမွန်ရန် ဂရုပြုရမည် ။

ဆက်စပ်လေ.လာရန်
 
သင်္ဂဟမေတ္တာ - ၀ါးခယ်မ တာဝန်ခံအဖွဲ.
သင်္ဂဟ မေတ္တာ အလှု ဒါန - ၀ါးခယ်မ စတင်ဖွဲ.တည်ခြင်း