Monday, May 19, 2014

ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ဒန္တသုခ သွားဆေးခန်းဖွင်.ပွဲ နှင်.အောက်ဆီဂျင်အိုးများ လှုဒါန်းပွဲ

မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း တွဲဖက် အတွင်းရေးမှုး ဒေါက်တာ ခင်ဇော်

ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ ဒန္တသုခ သွားဆေးခန်းဖွင်.ပွဲကို ဆေးခန်းတည်ရှိရာ ၀ါးခယ်မအသင်းရုံးခွဲ တွင် ၁၅ ရက် ၅လ ၂၀၁၄ နေ. မနက် ၁၀း၃၀ က ကျင်းပခဲ့ပါသည် ။ 

အခမ်းအနား အစီအစဉ်အရ ၀ါးခယ်မ အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး မှ အသင်း လုပ်ငန်းစဉ်များ ၊ သွား/ခံတွင်း ဗဟို ၏ အကူအညီဖြင်. ၀ါးခယ်မမြို.နယ် သွားဘက်ဆိုင်ရာဆရာဝန်များအသင်းပြန်လည်ဖွဲ.စည်းနိုင်ခဲ့ခြင်းနှင်. ဆေးခန်းတည်ထောင်ဖွင်.လှစ်ခြင်းဆိုင်ရာများပြောကြားပြီး မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း တွဲဖက် အတွင်းရေးမှုး ဒေါက်တာ ခင်ဇော်က ဖွင်.ပွဲဆိုင်ရာ ပိတိစကားပြောကြားခဲ့ပြီး ၀ါးခယ်မမြို.နယ်အတွင်း ဗဟို၏ Mobile Unit မှ သွား/ခ့တွင်း ကုသပေးနိုင်ခဲ့မှုများ ကိုလည်းရှင်းလင်းပြောကြားခဲ့သည် ။ ထို.နောက် စီမံခန်.ခွဲရေး ကော်မတီ ကိုယ်စား အကျိုးဆောင် တစ်ဦးမှ ဆေးခန်းနှင်.ပတ်သက်သော ကုသမည်.အစီအစဉ် ၊ ဆရာဝန်များတာဝန်ခွဲဝေမှု ၊ နှုန်းထားဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါသည် ။


ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) မှ မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း Mobile Unit သို. Gas အိုးတစ်လုံးလည်း လှုဒါန်းပေးခဲ့ပါသည် ။

ထို.နောက် ဆေးခန်းဖွင်.လှစ်ခြင်းကို ထိုဆေးခန်းရှေ.တွင်ပြုလုပ်ရာ ၀ါးခယ်မ အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင်. မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း တွဲဖက် အတွင်းရေးမှုး ဒေါက်တာ ခင်ဇော် တို.က ဖဲကြိုးဖြတ် ဖွင်.လှစ်ပေးခဲ့ပါသည် ။

ဖွင်.ပွဲအပြီး ဆေးခန်းအတွင်း လှည်.လည် ကြည်.ရှုကြပြီး ဖွင်.ပွဲအထိမ်းအမှတ် အဖြစ် လူနာများအားအခမဲ့ စစ်ဆေးကုသ မှုများဆက်လက်ပြုလုပ်ခဲ့ပါသည် ။

ထို.နောက် မေတ္တာ ကရုဏာ မြို.နယ် နာမှု ကူညီရေး အသင်းသို. လိုအပ်နေသော အောက်ဆီဂျင်အိုးများ ထပ်မံလှုဒါန်းခြင်းအခမ်းအနားကို အသင်းတိုက်ရှေ.တွင်ဆက်လက် ပြုလုပ်ခဲ့ပါသည် ။ အလှုရှင်များလှုဒါန်းသော အောက်ဆီဂျင်အိုးအသေး ၈ လုံးအား အလှုရှင်များကိုယ်စား  ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) အမှုဆောင်များ မှ နာမှုကူညီရေး အသင်းအမှုဆောင်များထံ လှုဒါန်းခဲ့ပြီး နာမှုကူညီရေးအသင်းမှ ဂုဏ်ပြု လက်မှတ်များ ပြန်လည်ချီးမြှင်. ခဲ့ပါသည် ။ အောက်ဆီဂျင်အိုး ၈ လုံး၏ အလှုရှင်များမှာ မြို.နယ် အသင်း ဂုဏ်ထူးဆောင်နာယကကြီး ဦးအံ.ကျော်မိသားစု မှ ၂အိုး ၊ ဒေါက်တာခင်မောင်ကြိုင် + ဒေါ်သီသီမြင်. မိသားစု ၂အိုး ၊ ၀ါးခယ်မ အသင်း   ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး + ဒေါ်ဖြူဖြူ မိသားစု ၁ အိုး ၊ ဦးအုန်းသိန်း + ဒေါ်ခင်ဆွေရီ မိသားစု ၁အိုး ၊ ဦးဇေယျာမောင်  + ဒေါ်ခင်ဆွေရီ သမီး ရီသဲမောင် မိသားစုက ၁အိုး တို.ဖြစ်ပါသည် ။



အောက်ဆီဂျင်အိုးများ လိုအပ်ပါက မည်သူမဆို ၀ါးခယ်မမြို. မေတ္တာ ကရုဏာ မြို.နယ် နာမှု ကူညီရေး အသင်း ဖုန်း ၀၉ ၃၆၁၃၃၅၉၆၉ သို.ဆက်သွယ်၍ အခမဲ့ ငှားရမ်းနိုင်ကြောင်း သိရသည် ။

ဓါတ်ပုံများကိုအောက်ပါ Link တွင်ကြည်.ရှုနိုင်ပါသည် ။

Sunday, May 18, 2014

လင်းဇာနည်ဇော်ရဲ. အိမ်ထောင်ရေး

သူမ နှင်. သူမ၏ သမီး ( Photo by Popular news )
တစ်ချိန်က နာမည်ကျော် မင်းသမီး တစ်ဦးဖြစ်တဲ့ လင်းဇာနည်ဖော်ရဲ. အိမ်ထောင်ရေး သတင်းက နာမည်ကျော်တို.ရဲ. အိမ်ထောင်ရေးတွေ လှုပ်ခတ်နေတဲ့ ၂၀၁၄ မှာ မှ ပြန်လည်ဆန်းသစ်လို.လာပြန်ပါတယ် ။

ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ ၂၀၁၃ ခုနှစ် တရားမကြီးမှုအမှတ် ၇၈ အရ ကွာရှင်းခွင့်
တောင်းဆိုခဲ့တာကို အစိုးရ သတင်းစာတစောင်ဖြစ်တဲ့ ဧပြီလ ၂၉ ရက်နေ့က ကြေးမုံသတင်းစာမှာ တရားလို လင်းဇာနည်ဇော်က တရားပြိုင် ရဲကိုကိုအား ရှေ့နေကတဆင့်  ငြင်းချက်ထုတ် သမ္မာန်စာ ဆင့်ခေါ်ထားခဲ့ပါတယ်။ 

ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ခင်သန့်ဇင် လက်မှတ်ရေး ထိုးထားတဲ့ သမ္မန်စာအရ လာမယ့် မေလ ၂၃ ရက်နေ့မှာ တရားရုံးမှာ ရဲကိုကို ကိုယ်တိုင် ဒါမှ မဟုတ် ကိုယ်စားထုချေ မယ့်သူအနေနဲ့ မပျက်မကွက်လာရောက်ဖို့ ရေးထားပါတယ်။ လင်းဇာနည်ဇော်ဟာ ဦးရဲမျိုးသွင် ခေါ် ဦးရဲကိုကို နဲ့ ပေါင်းသင်းနေထိုင်လာ ခဲ့တာ မြူလင်းကိုကို ဆိုတဲ့ သမီးတဦး ထွန်းကားခဲ့ပါတယ်။ 



ဒါနဲ.ပတ်သက်လို. လင်းဇာနည်ဇော်က   “အစ်မတို့က တရားဝင် ကွာရှင်းတာ မဟုတ်ဘဲနဲ့ ခွဲနေတာက ဆယ့်လေးနှစ်ခွဲကျော် လောက်ရှိပြီ။ သူကလည်း သူ့ မိဘအိမ်မှာ နေသလို အစ်မ ကလည်း အစ်မမိဘ အိမ်မှာနေ တယ်။ ရှေ့လျှောက်လည်း ဆက်ပေါင်းဖို့ အစီအစဉ် မရှိတော့ဘူး။ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အနှောင်အဖွဲ့တွေ မဖြစ်စေချင် တာကြောင့် အတိ အလင်း လုပ်လိုက်တာပါ။ အခုလို လုပ်လိုက်ပေမယ့်လည်း အစ်မတို့က တစ်ယောက်နဲ့ တစ်ယောက် ရန်သူလို မဟုတ်ဘဲနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်စွာ နဲ့ပဲ နှစ်ဦး သဘောတူ လုပ်လိုက်တာပါ။ ဘာဖြစ်လို့ တရားရုံးမှာ လုပ်ရလဲ ဆိုတော့ သူကလည်း ဂျပန်မှာ ရောက်နေတော့ လက်မှတ်က နှစ်ယောက် အတူထိုးမှ တရားဝင် မှာလေ။ သူက ဒီမှာ မထိုးပေးနိုင်ဘူး။ အဲဒီအတွက်ကြောင့် ရုံးမှာ လုပ်မှ တရားဝင် ဖြစ်မှာဆိုတော့ အခုလို လုပ်ဖြစ်တာပါ။ သမီးတော့ သူ့အဖေနဲ့ အဆက်အသွယ် ရှိမှာပါ။ အမြဲတမ်း လည်း ဒီလိုပါပဲ။ အရင်ကရော၊ နောင်ရော သမီးက အရင်လိုပဲ သူ့အဖေ နဲ့အဆက်အသွယ် ရှိမှာပါ။ လူကြီးချင်းဖြစ်တာ တစ်ကဏ္ဍ၊ ကလေး ကတော့ ဒီအမေ၊ ဒီအဖေ နဲ့ မွေးထားတာ ဖြစ်တဲ့ အတွက်ကြောင့် အရင်တုန်းကလိုပဲ အဖေက အဖေပါပဲ။ သမီး အတွက် ကကောင်း ပါတယ်။ သူက အဖေကို တစ်လှည့် ဆိုးလိုက်၊ အမေကို တစ်လှည့်ဆိုးလိုက် နဲ့ အဖေ နဲ့အမေ အတူ မနေရတာ တစ်ခုကလွဲလို့ သူ့အတွက်က ကျန်တာပြောင်းလဲမှု မရှိပါဘူး။ အစ်မတို့က သမီးမှ မဟုတ်ပါဘူး။ သူတို့ မိသားစု နဲ့ အစ်မတို့ မိသားစုက အရင်လိုပါပဲ။ လင်မယားလို မဟုတ်တော့ပေမယ့် မိသားစုလို၊ မောင်နှမလို၊ မိတ်ဆွေ လိုကတော့ အမြဲတမ်း ဒီလိုပဲ ရှိနေမှာပါ။ ဧပြီလ၂၉ ရက်နေ့က သတင်းစာ မှာပါတာပါ။ ရုံးကဒီလိုမျိုး လုပ်မှ အတည်ဖြစ်မှာဖြစ် တာကြောင့် အခုလို လုပ်တာပါ။ အစ်မတို့ ဒီကိစ္စက အခုမှဖြစ်တဲ့ ပူပူနွေးနွေး ကိစ္စလည်း မဟုတ်ပါဘူး။ ပရိသတ်ကို လည်း အစ်မက ဘာလုပ်လုပ် ဘာမှညာစရာလည်း မလိုပါဘူး။ အစ်မ လုပ်တာ မှန်သမျှကို ပရိသတ်ကြီးကို ဖြူစင်စွာ နဲ့အမြဲတမ်း အသိပေး မှာပါ။ အစ်မ အခုလို လုပ်တာကလည်း တခြားအကြောင်းတွေ ရှိလို့ လုပ်တာ မဟုတ်ပါဘူး။ အခုလို နေနိုင်လို့လည်း ၁၄နှစ် ကျော်လောက် ထိနေလာတာ အခု အချိန်ထိ ပါပဲ။ အဲဒါကြောင့် တခြား သို့လောသို့ လောတွေလည်း မတွေးကြပါနဲ့လို့ ပြောချင်ပါတယ်။ အစ်မတို့က အခုယူပြီး အခု ကွဲတာ မျိုးလည်း မဟုတ်ဘူး။ ဘယ်သူ့ရဲ့ အိမ်ထောင်ရေး ကိုမှပုတ်ခတ်ပြီးတော့ လည်း အပြစ်မတင်ချင်ဘူး။ ဒါတွေက ကံတရား နဲ့ဆိုင်တဲ့ အရာတွေပါ။ အစ်မကိုယ်တိုင် လည်း ကိုရဲကို ချစ်လို့ ပေါင်းသင်းခဲ့တာပါ။ ဘာကိုမှမက်ပြီး ပေါင်းခဲ့တာ မဟုတ်ပါဘူး။ ချစ်တာ တစ်ခုတည်း နဲ့ ပေါင်းခဲ့တာပါ။ အစ်မတို့ မိသားစု Life ကိုက အိမ်ထောင်ရေးကွဲမှာ၊ ပျက်မှာကို လုံးဝ မလိုလားပါ ဘူး။ ဒါပေမဲ့ ဖြစ်လာတဲ့ ကံတရားကို မလွန်ဆန်နိုင် တာကြောင့် တစ်ယောက် နဲ့ တစ်ယောက် ဝေးကွာ သွားရတာပါ။ အခုယူ အခုကွဲတဲ့ အထဲမှာတော့ မပါပါဘူး။ ကံ တရားကြောင့် သာ အခုလိုမျိုးတွေ ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

Original Uploader အမည်ရှာမရပါ
တကယ်တော. အဲဒီသမ္မန်စာကြော်ငြာက ရုံးစာဆန်လွန်းပါတယ်။ ဆိုလိုရင်းကတော့ ဒီလ ၂၃ ရက်နေ့ တရားရုံးကို ရဲကိုကို ရောက်မလာရင် တရားဝင် ကွာရှင်းခွင့် အတည်ပြုပေးလိုက်မယ့်သဘော ဖြစ်ပါလိမ့်မယ်။

ရဲကိုကို ကိုယ်တိုင်က ကွာရှင်း ပြတ်စဲဖို့ ဘယ်လို အကူအညီပေးရမလဲ လို့ ဆိုလာတာကြောင့် သူလည်း ဂျပန်ကနေ ပြန်လာဖို့  မလိုအပ်တဲ့နည်းက ဒီတနည်းပဲ ရှိတော့တာကြောင့် သတင်းစာထဲကနေ ကြေညာလိုက်ရတာပါလို့ မင်းသမီးက ဆိုပါတယ်။
ဒီတော့ ဒီလ ၂၃ ရက်နေ့က အစပြုပြီး တရားဝင် ကွာရှင်းပြတ်စဲကြပြီလို့ ယူဆရပါမယ်။

ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း သူတို့ လမ်းခွဲကြတာကို ပရိသတ်က မသိတာကြောင့် သူ့ကို တွေ့တဲ့အခါ ရဲကိုကို မပါဘူးလားလို့ မေးတိုင်း -
ဟုတ်ကဲ့၊ ကျန်ရစ်တယ် လို့သာ အလွယ်တကူ ဖြေခဲ့တယ်လို့ မင်းသမီးက ပြောပါတယ်။

အမျိုးသမီးသရုပ်ဆောင်တွေ အိမ်ထောင်ပြုလွယ်၊ ကွဲလွယ်တယ်လို့ မြင်နေကြချိန်မှာ ဒီလိုကြေညာချက်မျိုး ထည့်ရတာ စိတ်မကောင်းပါဘူး၊ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ တသက်မှာ တစ်မင်္ဂလာပဲ ဖြစ်ချင်တယ်
မလွဲသာ မရှောင်သာလို့သာ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်
လို့ မင်းသမီးက ပြောပါတယ်။



Ref ; Popular News & Irrawaddy .

Wednesday, May 14, 2014

ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ပဉ္စမအကြိမ် အခမဲ့ဆေးကုသရေးခရီးစဉ်နှင်. ဒေသဖွံ.ဖြိုးဆိုင်ရာ ဆွေးနွေးမှုများ


ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ပဉ္စမအကြိမ် အခမဲ့ဆေးကုသခြင်းခရီးစဉ် ( မျက်စိအတွက် စတုတ္ထအကြိမ် ) ကို ၂၀၁၄ မေလ ၂ရက်နေ.မှ ၅ရက်နေ.အထိ သွားရောက်ခဲ့ပါသည် ။
ထိုသို.သွားရောက်ရာတွင် ဂုဏ်ထူးဆောင်နာယက ဦးအံ.ကျော်ဦးဆောင်သော အမှုဆောင် များနှင်. ကုသရေးအဖွဲ.များပါဝင်ခဲ့သည် ။ ၀ါးခယ်မသို.ရောက်ရှိသည်နှင်. ၀ါးခယ်မမြို. မြို.နယ်အသင်းရုံးခွဲတွင် စမ်းသပ် / စစ်ဆေး / ခွဲစိပ် / ကုသ မှုများပြုလုပ်ခဲ့သည် ။

မေလ ၃ ရက်နေ. မနက် ဈေးဦးကျောင်းတွင် နာယကကြီး၏ ရေစက်ချ အလှု တစ်ခုပြုလုပ်ခဲ့ပြီး တံတားတည်ဆောက်ရေးနှင်. လမ်းပိုင်းဆိုင်ရာ တိုးချဲ.လုပ်ကိုင်မှုများအတွက်သရွတ်မြိုက်ကျေးရွာသို. ထွက်ခွာခဲ့ပါသည် ။ ရှေးဦးစွာ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာ သို.၀င်ရောက်ပြီး ၀ါးခယ်မ GTI ဘက်မှ ကားများဖြင်.ထွက်ခွာလာခဲ့ပါသည် ။ ပြန်လည်ပြုပြင်တည်ဆောက်ရမည်.မောင်းဒီးရေကျော် တံတားသို.ရောက်သောအခါ ပါလာသော ကားများထားခဲ့ပြီး ထိုချောင်းတစ်ဖက်ကမ်းသို.ကြိုတင်ပို.ဆောင်ထားသော ကားများဖြင်.ခရီးဆက်ခဲ့ကြပါသည် ။ အချို.နေရာများတွင် လမ်းအခြေအနေ ၊ တံတားအခြေအနေများကြောင်. ကားသပ်သပ်၊ လူသပ်သပ်ဖြတ်သန်းကြရပါသည် ။ သရွတ်မြိုက်ကျေးရွာ အိမ်အမှတ် ၁ သို.ရောက်ရှိပြီး  သက်ဆိုင်ရာ ကျေးလက်တာဝန်ရှိသူများနှင်.တွေ.ဆုံ၍ လမ်းတိုးချဲ.ရေး ၊ တံတားပြန်လည်တည်ဆောက်ရေး ဆိုင်ရာများဆွေးနွေးကြပါသည် ။


ထို.နောက်သမိုင်းဝင် ရှေးဟောင်း စေတီတော်များဖြစ်သော သော်ကစေတီတော်နှင်. အလှုရှင်အတူတူဖြစ်သည်. ဥမ္မာဒန္တီ   မိဘုရား ဦးစွာတည်ထားခဲ့သော ရွှေစာရံ / ရွှေစာပျံ စေတီတော်များသို. သွားရောက်လေ.လာခဲ့ကြပြီး ကျေးရွာအတွင်းကြည်.ရှုခဲ့ကြပါသည် ။ထို.နောက် ထပ်မံရောက်ရှိလာသော တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင် တို.နှင်. မြို.နယ်အဆင်.သက်ဆိုင်ရာ အရာရှိများ နှင်. တွေ.ဆုံ၍ အသေးစိပ် ထပ်မံညှိုနှိုင်းခဲ့ပါသည် ။ ထို ၈၅ ပေခန်.ရှိ ပြီး ခံနိုင်ဝန် ၁၈ တန်ခန်. ထားတည်ဆောက်မည်.တံတားအတွက် ခန်.မှန်း ကုန်ကျစရိတ် သိန်း ၁၅၀ အတွက် မူလတံတား အလှုရှင် ဒေါ်စန်းကြည် ထံမှ သိန်း ၅၀ လှုဒါန်းရန် နှုတ်ကတိ ရရှိထားပြီး လိုအပ်ငွေ သိန်း ၁၀၀ ခန်.ကို အသင်း၏ ဂုဏ်ထူးဆောင်နာယက ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) မှ တာဝန်ယူ လှုဒါန်းမည်ဖြစ်ပါသည်

  ထို.နောက် ၀ါးခယ်မသို.ပြန်လည်ထွက်ခွာလာခဲ့ပြီး ၀ါးခယ်မမြို.နယ်အသင်းရုံးခွဲတွင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တို.နှင်.အလွတ်သဘော ပြောဆိုဆွေးနွေးကြပါသည် ။ နေ.လည်ပိုင်းတွင် မေတ္တာကရုဏာ မြို.နယ်နာမှု ကူညီရေး အသင်း အမှုဆောင်အဖွဲ.၀င်များနှင်.တွေ.ဆုံပြီး ရှေ.လုပ်ငန်းဆိုင်ရာများ ၊ လိုအပ်ချက်များ ၊ လှုဒါန်းရရှိထားပြီးသောWheel Chair များ ၊ အောက်ဆီဂျင် အိုးများ စီမံခန်.ခွဲမှုဆိုင်ရာများ ၊ အခက်အခဲများ ၊ မြို.နယ်ပြည်သူ.ဆေးရုံနှင်. ချိတ်ဆက် လုပ်ကိုင်မှုများ ၊လိုအပ်မှုများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည် ။

ထိုဆွေးနွေးပွဲအပြီး တွင်မြို.ခံ အဖွဲ.တစ်ခုဖြစ်သော U-45 Group နှင်.တွေ.ဆုံဆွေးနွေးကြရာတွင်  ထိုအဖွဲ.အစည်း ရပ်တည်ပုံ ၊ လုပ်ငန်းများ ၊ ဘဏ္ဍာရေးအခြေအနေ စသည်ဖြင်. သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများကပြန်လည်ဖြေကြားခဲ့သည် ။ ထို.နောက် လူနာတင်ယာဉ် နှင်. ပတ်သက်သော ကိစ္စရပ်များ ကိုဆွေးနွေးရာ U-45 ဘက်မှ ကူညီနိုင်မည်. ကိစ္စရပ်များ ( စေတနာဖြင်.မောင်းနှင် ကုသိုလ်ယူပေးခြင်းစသည်ဖြင်. ) ကိုနှစ်ဖက် ညှိုနှိုင်း တိုင်ပင်ခဲ့ကြပါသည် ။ ၀ါးခယ်မမြို.နယ်အတွက် လူနာတင်ယာဉ် တစ်စီးကို အသင်း နာယက ဗိုလ်မှုးကြီး အံ.ကျော်( ငြိမ်း )မှ ၀ယ်ယူပေးထားပြီး လိုအပ်သည်များကို တပ်ဆင်မွမ်းမံလျှက်ရှိကာ ၀ါးခယ်မမြို. အကျိုးဆောင်များ သို.လွှဲပြောင်း ရယူစေရန် စီမံခြင်းဖြစ်ပါသည် ။

ထိုညနေပိုင်းတွင် အသင်းဥက္ကဋ္ဌ နှင်. ၀ါးခယ်မအကျိုးဆောင် ဥက္ကဋ္ဌတို. ရှေ.လုပ်ငန်းဆိုင်ရာများ၊ အကျိုးဆောင်အဖွဲ.ဆိုင်ရာ ကိစ္စရပ်များ ၊ ၄ ရက်နေ.ကျင်းပမည်. ဆရာကန်တော.ပွဲ ဆိုင်ရာ ကိစ္စရပ်များ ကိုအလွတ်သဘော ဆွေးနွေးခဲ့ပါသည်။



မေလ ၄ ရက်နေ.မနက် ပိုင်းတွင် မျက်စိခွဲစိပ်ပြီး လူနာအချို.ပတ်တီးဖြေပြီး ဆေးဝါးများအခမဲ့ထောက်ပံ.ခြင်းသို. သွားရောက်ကူညီကြပြီး မြို.နယ်အသင်းမှ ကြီးမှုးကျင်းပသော ၀ါးခယ်မ အထက ၁/၂  အလက ၁ / ၂ တို.မှ သက်ပြည်.အငြိမ်းစားယူပြီး ဆရာကြီး / ဆရာမကြီးများအား ပူဇော်ကန်တော.ပွဲအခမ်းအနားသို.တက်ရောက်ကြပါသည် ။ ထိုအခမ်းအနားတွင် ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာသန်းဌေး မှ ထူးချွန် ကျောင်းသား / သူ များအား သီးခြားဆု ချီးမြှင်.ခဲ့ပါသည် ။ ထိုနေ.အခမ်းအနားတွင် အကန်တော.ခံ ဆရာ / ဆရာမ ကြီးများ စုစုပေါင်း ၁၂၀ ရှိခဲ့ပါသည် ။

ထိုအခမ်းအနားအပြီးတွင် ကွမ်းခြံကုန်းကျောင်းတိုက် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲသို.သွားရောက်ခဲ့ကြပြီး အလင်းရောင်ကျောင်းတိုက်သို. ဆက်လက်သွားရောက်ကာ ပြင်ဆင်နေမှုများကို သွားရောက်ကြည်.ရှုခဲ့ကြပါသည် ။
ထို.နောက် ၀ါးခယ်မအသင်းရုံးခွဲသို.ပြန်လည်ရောက်ရှိပြီး မြို.နယ်ဆရာဝန်ကြီးနှင်. RHC ဆိုင်ရာ သိရှိလိုသည်များ ၊ လိုအပ်ချက်များအတွက်မေးမြန်းစုံစမ်းကာ အကြံဥာဏ်များ ရယူခဲ့ပါသည် ။ 

တစ်ဆက်တည်း ၀ါးခယ်မမြို.နယ် မီးသတ် ၀င်းအတွင်းအသစ်ထပ်မံရောက်ရှိသော မီးသတ်ကားထား၇န် အဆောက်အဦး အတွက် လိုအပ်ချက်များ ဆိုင်ရာအတွင် သက်ဆိုင်ရာ တာဝန်ခံ နှင်. ဆွေးနွေးပါသည် ။ မီးသတ်အဆောက်အဦးနှင်. ပတ်သက်၍ အခြေခံအုတ်မြစ်ဆိုင်ရာ တည်ဆောက်မှုကို ဦးဝင်းတင်နှင်.အဖွဲ.က တည်ဆောက်ပေးနိုင်ခဲ့ပြီး လိုအပ်သော အပေါ်ထည် အဆောက်အဦးအတွက် ခန်.မှန်း ကုန်ကျစရိတ် ၉၅ သိန်းကို ၀ါးခယ်မမြို.နယ်အသင်း ဂုဏ်ထူးဆောင်  နာယက ဗိုလ်မှုးကြီး အံ.ကျော်( ငြိမ်း ) ကတာဝန်ယူလှုဒါန်းမည်ဖြစ်ပါသည် ။



ထိုနေ.နေ.လည်ပိုင်းတွင် မေတ္တာကြယ်စင်မူကြိုကျောင်း အကျိုးဆောင်အဖွဲ. နှင်.တွေ.ဆုံပြီး လုပ်ငန်းဆိုင်ရာများ ၊ လိုအပ်ချက်များ မေးမြန်းကာ ကလေးငယ်များကျောင်းကို ပိုမိုခင်တွယ်လာရန် ၊ မိဘများအနေဖြင်. ကျောင်းကိုပိုမိုယုံကြည်လာစေ၇န် အကျိုးတော်ဆောင်များ ၊ ဆရာမများ အနေဖြင်. ကြိုးစားကြ၇န် ညှိုနှိုင်း တိုင်ပင်ခဲ့ကြသည် ။

ထို.နောက် ဦးနု စာကြည်.တိုက် အကျိုးဆောင်အဖွဲ.များ ၊ ၀န်ထမ်းများ နှင်. ဆက်လက်တွေ.ဆုံဆွေးနွေးခဲ့ပါသည် ။ ထိုသို.ဆွေးနွေးရာတွင် စာကြည်.တိုက် ဖွင်.ချိန် / ပိတ်ချိန်များ ၊ စာအုပ်များ များပြားလာမှုကြောင်. နေရာထိုင်ခင်းကိစ္စဆိုင်ရာများ ဆွေးနွေးတိုင်ပင်ကြပါသည် ။အထွေထွေ အနေဖြင်. ၀ါးခယ်မမြို. တွင် အင်္ဂလိပ်စာ စွမ်းဆောင်ရည်မြင်.မားလာစေရေး ဆိုင်ရာများ ၊အားကစားဆိုင်ရာ များဆွေးနွေးပြီး သက်ဆိုင်ရာအလိုက်အ ကြံပြုချက်များ မှတ်သားခဲ့ပါသည် ။

တဆက်တည်း IT ဆိုင်ရာ ၀ါသနာရှင် အချို.နှင်. တွေ.ဆုံဆွေးနွေးမှု များဆက်လက်ပြုလုပ်ခဲ့ပါသည် ။ထိုဆွေးနွေးမှုတွင် မြို.နယ်အသင်း ဥက္ကဋ္ဌ မှ  သက်ဆိုင်ရာ ပညာရပ် အလိုက် ၊ ၀ါသနာအလိုက် ဆိုင်ရာအစုအဖွဲ.များ စုဖွဲ.ထားပြီး နောင်လိုအပ်လျှင် လိုအပ်သလို တွေ..ဆုံညှိုနှိုင်းမှုများ ၊ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ၊ ယခု IT နယ်ပယ်မှ ၀ါသနာရှင်များ ၊သက်ဆိုင်သူ များနှင်. ပထမဆုံးတွေ.ဆုံခြင်းဖြစ်ပြီး နောင်တွင်ပြုလုပ်မည်.လုပ်ငန်းဆိုင်ရာ များ ၊ လက်ရှိဖွင်.လှစ်နေသော ကွန်ပြူတာ သင်တန်းများ ၊ ကွန်ပြူတာများ ထောက်ပံ.လှုဒါန်းထားမှုများ ကိုဆွေးနွေးရှင်းလင်းပြီး လက်ရှိ ၀ါးခယ်မ Page နှင်. Wakhama.blogspot.com တို.ကို Create လုပ်ထားသော လူငယ် အမှုဆောင် တစ်ဦးမှ စတင် Create လုပ်ဖြစ်သည်.အကြောင်းနှင်. ပူးပေါင်းဆောင်ရွက်လိုမှုများ ၊ ဦးနုစာကြည်.တိုက်တွင် E-Library တိုးမြှင်. ဖွင်.လှစ်နိုင်ရေး လိုအပ်သည်များကြိုတင်ပြင်ဆင်ထားနိုင်ရေးနှင်. အကြံပြုဆွေးနွေးရေးဆိုင်ရာ များ တိုင်ပင်ခဲ့ကြပါသည် ။ ထိုအချိန် အသင်းရုံးခွဲအပေါ်ထပ်တွင် တစ်ဆက်တည်း အခြေခံ ဂီတ သင်္ကေတ နှင်. အဆိုသင်တန်းဆင်းပွဲ အပတ်စဉ် ၃ ကို တစ်ပြိုင်တည်းပြုလုပ်ခဲ့ပါသည် ။



ညနေပိုင်းတွင် သော်က တံတားကြီးကျေးရွာတွင် ၀ါးခယ်မမြို.နယ်အသင်း၏ ချိတ်ဆက် ညှိုနှိုင်းမှုဖြင်. ဆောက်လုပ်လှုဒါန်းနေသော 100 Schools Project ၏ စဦးစီမံကိန်းဖြစ်သည်. တံတားကြီး အမက ကျောင်းပြန်လည်တည်ဆောက်မှု လုပ်ငန်းခွင်သို. စက်လှေဖြင်. ခက်ခက်ခဲခဲ သွားရောက်ခဲ့ကြပါသည် ။ ထိုရွာအရောက်တွင် ကျေးရွာသူ / သားများ ၊ ကျောင်းအုပ်ကြီး နှင်. ဆရာမများ ၊ President of 100 Schools project – Mr John နှင်.အဖွဲ.သားများက ကြို ဆိုခဲ့ပြီး လုပ်ငန်းခွင်သို. သွားရောက်ခဲ့ကြပါသည် ။ လုပ်ငန်းခွင်တွင်  President of 100 Schools project – Mr John က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးကလည်း လိုအပ်သည်များထပ်မံ ရှင်းလင်းပြောကြားခဲ့သည် ။  ထို.နောက် Mr John က ထိုကျေးရွာမှ ၉တန်းကိုထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးကို တက္ကသိုလ်ဝင်တန်း အတွက် ပညာသင်ထောက်ပံ.ကြေးဆု ပေးအပ်ချီးမြှင်.ခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည် ။ ၀ါးခယ်မမြို.နယ်အသင်းမှ Mr-John နှင်. 100 Schools project ၏မြန်မာပြည်တာဝန်ခံ ကိုမောင်မောင်ကြီးတို.အား အသင်း၏ ရင်ထိုးတံဆိပ်များ ဂုဏ်ပြုပေးအပ်ခဲ့ပါသည် ။

မေလ ၄ ရက်နေ.ညတွင် ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ကျန်းမာရေး ၊ ပညာရေး ၊ ရပ်ရွာဖွံ.ဖြိုးရေး လုပ်ငန်းများတွင် ကူညီပေးကြသော အကျိုးဆောင်အဖွဲ.များ ၊ စေတနာရှင်များအား ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ဧည်.ခံခဲ့ပါသည် ။ ထိုညစာစားပွဲတွင် မြန်မာသံတေးဂိတဖြင်. ဧည်.ခံခဲ့ကြပါသည် ။ထိုညစာစားပွဲအပြီးတွင် အသင်းတာဝန်ရှိသူအချို.နှင်. မေတ္တာကြယ်စင်မူကြိျုေကာင်းမှ အကျိုးဆောင် များနှင်.ဆရာမများအား သီးခြားထပ်မံတွေ.ဆုံ၍ လိုအပ်သည်များ ထပ်မံအကြံပြုခဲ့ပါသည် ။




မေလ ၅ ရက်နေ.မနက် အဖွဲ.များရန်ကုန်သို.ပြန်လည်မထွက်ခွာမှီ ခွဲစိပ်ကုသမှုပြီး၍ ပတ်တီးဖြေကြသည်. လူနာများအား ကူညီခြင်း ၊ ဆေးဝါးများ အခမဲ့ထောက်ပံ.ခြင်း တို.ကိုပြုလုပ်ခဲ့ပါသည် ။ ယခုတစ်ခေါက် အခမဲ့ကုသရေးအစိအစဉ်တွင် မျက်စိဝေဒနာရှင် ၁၄၂ ဦးတို.၏ မျက်လုံး ၁၄၅ လုံးအား အခမဲ့ ခွဲစိပ် ကုသပေးနိုင်ခဲ့သည်.အပြင် ထိုလူနာများ တည်းခို စားသောက်ရေးအတွက်ပါ စီစဉ်ပေးနိုင်ခဲ့ပါသည် ။ထို.နောက် ၀ါးခယ်မအကျိုးဆောင်အချို.နှင်. အလွတ်သဘော တွေ.ဆုံမှုပြုလုပ်ခဲ့ပြီး မြို.နယ်ပညာရေးမှုးနှင်. 100 Schools project မှထပ်မံလှုဒါန်းမည်.ကျောင်းဆိုင်ရာ ကိစ္စရပ်များ ကိုတိုင်ပင်ညှိုနှိုင်းအပြီး ရန်ကုန်မြို.သို.ပြန်လည်ထွက်ခွာခဲ့ကြပါသည် ။

ဓါတ်ပုံအပြည်.အစုံ ကြည်.ရှုလိုပါလျှင် အောက်ပါ Link များမှတစ်ဆင်.သွားရောက်ကြည်.ရှုနိုင်ပါသည် ။
ဝါးခယ်မမြို.နယ်အသင်း၏ ပဉ္စမအကြိမ် အခမဲ့ဆေးကုသရေးခရီးစဉ်ဓါတ်ပုံများ
မောင်းဒီးရေကျော်တံတားပြန်လည်တည်ဆောက်ရေး နှင်.လမ်းတိုးချဲ. ရေးဓါတ်ပုံများ
မျက်စိ အခမဲ့ စမ်းသပ် ခွဲစိပ် ကုသမှု ဓါတ်ပုံများ
ဝါးခယ်မမြို.နယ်အသင်း ၏ဆရာကန်တော.ပွဲ နှင်.ထူးချွန်ဆု ချီးမြှင်.ပွဲဓါတ်ပုံများ
Study to 100 Schools Project & Scholarship Program ဆိုင်ရာဓါတ်ပုံများ
တိုင်ပင်ညီညာ ရှေ.လမ်းသာဖို. ( အစည်းအဝေးမှတ်တမ်း ဓါတ်ပုံများ )
ဂုဏ်ပြု ညစာ စားပွဲ

Friday, May 9, 2014

မီးမီးခဲ ထူးအယ်လင်း ကယ်ရိုလင်း တို.ရဲ.သုံးပွင်.ဆိုင်



အခုတရားဝင် ဖြစ်သွားပြီဖြစ်တဲ့ မီးမီးခဲ နဲ. ထူးအယ်လင်းတို.ရဲ. အိမ်ထောင်ရေး ဆုံးခန်းသတ်မှု  ဟာ ပြီးခဲ့တဲ့ နှစ်တည်းက စနေခဲ့တာပါ ။ဒါနဲ.ပတ်သက်လို. မီးမီးခဲက သူ.ရဲ. အသက်၃၀ပြည်.မွေးနေ.ဆုတောင်းပေးခဲ့ကြသူ တွေကိုကျေးဇူးတင်စကားပြန်ပြောရာမှာ  Single Mom တယောက် အဖြစ် ဖြတ်သန်းနေရပေမယ့် ပြန်ကြိုး စားသွားမယ်  လို.ထည်.ရေးသားခဲ့ပါတယ် ။

အဲ့ဒီအချိန်က မီးမီးခဲဟာ သမီးနဲ့အတူ သူ့မိခင်အိမ်ရှိရာ အင်းစိန်မှာ နေထိုင်ပါတယ်။ ထူးအယ်လင်းနဲ့ သူ့ကလေးကိုတော့ တရား ရုံးက ချမှတ်ထားတဲ့ ဥပဒေအတိုင်း စည်းမျဉ်းအရ ပေးတွေ့နေခဲ့ပါတယ်။မီးမီးခဲ ဟာ Single mother တယောက်အနေနဲ့ ရပ်တည်နေရပေမယ့် သူ့ဘဝကို အားမငယ်ဘူး၊ သူ့ကိုယ်သူ မိန်းမကြီး တယောက်လိုလည်း သဘောမထားဘူးလို့ ဆိုခဲ့ပါတယ်။
“အိမ်ထောင် ကွဲသွားလို့ အားမငယ်ပါဘူး။ ကျမ ဘဝကိုလည်း ကျမ အဆုံးရှုံး မခံနိုင်ပါဘူး။ အနု ပညာနဲ့ အသက်ရှင်နေတဲ့ သူအနေနဲ့ မိန်းမကြီး သဘောမျိုးလည်း မသတ်မှတ်ဘူး။ မိန်းကလေး လူငယ်တယောက်လို့ပဲ သတ်မှတ်ပါတယ်။ ကျမ အတွက်က အနုပညာနဲ့ဘဝ၊ ကျမ လန်းဆန်းနေမှ ဘဝက ပြည့်စုံမှာ။ စီးပွားရေးလည်း ဝါသနာမပါတော့ အနုပညာနဲ့ပတ်သတ်ပြီးအမြဲUpdate  ဖြစ်ဖို့ပဲ ကြိုးစားပါတယ်။ ကလေး ကျောင်းစရိတ်နဲ့ ရှိသမျှအရာရာ အကောင်းဆုံးဖြစ်ဖို့ သူ့အတွက်ပဲပေါ့။ အစစ အရာရာကောင်းဖို့ ကြိုးစား လုပ်ကိုင်ပါတယ်။ နာမည် ကြီးဖို့ထက် ကလေး ကိစ္စအဝဝမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ကလေးတယောက် အတွက် အစစအရာရာ တာဝန်ယူ ရတော့ စိတ်ဆင်းရဲရတာတွေ ရှိတာပေါ့။
ကိုယ်လုပ်ချင်တဲ့ အနုပညာကို မချပြရတာလည်း ရှိတာပေါ့။ အခွေလုပ်ချင်တယ်။ ထုတ်ချင်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ဒါဖြစ်ရမယ် ပါလာတော့ မတတ်နိုင်ဘူး၊ ဖြစ်ရတာပေါ့။ ဒါပေမယ့် အားတော့ မငယ်ပါဘူး။ ပရိသတ်ကို ယုံပါတယ်။ ကျမကို စောင့်နေမယ် ထင်ပါတယ်”
လို့ ပြောခဲ့ပါ တယ်။
ဂစ်တာ စုတာ ဝါသနာပါတဲ့ မီးမီးခဲဟာ  ဂစ်တာတလက်ပဲ ပိုင်ဆိုင်ပြီး အဲဒီ ဂစ်တာလေးနဲ့ပဲ သီချင်းရေး၊ သီချင်းဆို လုပ်နေရတယ်လို့ ဆိုခဲ့ပါတယ်။


တစ်ချိန်က ( Photo by Delodelo .Com )
 “ကျမ အိမ်ထောင်ရေးကလည်း အဆင်မပြေ၊ ကလေးနဲ့ကျမ နှစ်ယောက်တည်း ဆိုတော့ အစ်ကို ပို့ပေးတဲ့ဂီတာ တလက်ပဲ ကျမမှာ ရှိတယ်။ အဲဒီတလက်တည်းနဲ့ပဲ သီချင်းတွေရေးတယ်၊ သီချင်းတွေ ဆိုပါတယ်၊ အဆင်ပြေအောင် ရုန်းကန်ပါတယ်။ ပရိသတ်ကို ပြောချင်တာကတော့ အခုလက်ရှိ နာမည်ကြီး အဆိုတော်တွေ၊ တေးရေးတွေရဲ့ အခွေတွေ ထွက်ပါတယ်။ အဲဒီသီချင်းတွေ နားထောင်ပေးသလို ကျမ သီချင်းတွေကိုလည်း နားထောင်ပေးပါလို့ ပြောချင်ပါတယ်” လို့ မီးမီးခဲ ပြောခဲ့တာပါ ။




အဲ့ဒီ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်ကတည်းက လင်မယား ကွာရှင်းခွင့်ကို တရားရုံး မှာ ဦးတိုက်လျှောက် ထားခဲ့တာကို ပြီးခဲ့တဲ့ ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက ဧပြီလ ၃၀ ရက်နေ့မှာ တရားဝင် ကွာရှင်း ခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။
 
မီးမီးခဲနဲ့ ထူးအယ်လင်းတို့ ပေါင်းသင်းနေထိုင်ခဲ့ကြစဉ်မှာ သမီး တဦးထွန်းကားခဲ့ပါတယ်။ အခုတော့ သမီးဖြစ်သူ ဘာဘီဟာ မီးမီးခဲနဲ့ အတူရှိနေပါတယ်။ 
အခုလို အဆိုတော် မီးမီးခဲနဲ့ အဆိုတော် ထူးအယ်လင်းတို့ရဲ့ တရားဝင်ကွာရှင်းခွင့် ရပြီဆိုတော့ လူတွေက ဘာ ကြောင့်၊ ဘယ်လိုဖြစ်ကြတာလဲလို့ မေးမြန်းသူတွေလည်း ရှိကြသလို အားပေးနှစ်သိမ့်သူတွေလည်း ရှိတာဖြစ်လို့ မီးမီးခဲကတော့သူ့ဖေ့စ်ဘုတ် ကနေ




“လူတွေက ဖုန်းနဲ့ တမျိုး online နဲ့ရော အမျိုးမျိုး အားပေးနှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်! စိတ်ပူပေးကြတာကို လဲ ကျေးဇူးတင်ပါတယ်! 
မီး ဘဝက ဘားဘီ ရှိရင် အသက်ရှင်နိုင်ပါပြီ. 
မီဒီယာတွေက မေးကြတယ် 
ဘာကြောင့်ကွဲသွားရတာလဲတဲ့ 
သမီးလေး မျက်နှာငယ်မှာစိုးလို့  
သူကို သနားတဲ့စိတ်နဲ့!! 
နှုတ်ဆိတ်နေခဲ့ပါတယ် 
အချိန်က စကားပြော ပါလိမ့်မယ် 
ဘယ်လောက် နာကျင်အောင် လုပ်ရက်ခဲ့လဲဆိုတာ ပရိတ်သတ်တွေ သိလာပါလိမ့်မယ်!!
 အေးဆေးငြိမ်းချမ်းနေတယ် 
စိတ်ချမ်းသာပြီး ပျော်ရွှင်နေပါပြီ 
အားလုံးကိုကျေးဇူးတင်ပါတယ်နော်!! 
Thank You All 
God Bless You All!! 
with love ! 
MMK & Barbie 

 


အဲ့ဒီလိုမျိုးကွာရှင်းကြ၇တဲ့ ကိစ္စကို တရားဝင်မပြောခဲ့ဖူးတဲ့ မီးမီးခဲဟာ

အခု မေလ ၄ ရက်နေ့က တော့ မီးမီးခဲ ဂီတဖျော်ဖြေပွဲတခုမှာ ပြုံးပြုံးရွှင်ရွှင် သီချင်း သီဆိုဖျော်
ဖြေတာကို ပရိသတ်တွေက မေးလို့ သူ့ဖေ့စ်ဘုတ်က တဆင့် အခုလို ထုတ်ပြောလာခဲ့ပါတယ် ။
ဒီနေ့  အလုပ်တွေလုပ်ပြီးသီချင်းဆိုတော့ 
လူတွေက အစ်မတအား ပြုံးနေနိုင်တယ်နော်တဲ့
ဘယ်လောက်ပူပူ!! 
အမှန်တိုင်းပြောမယ် ထူးအယ်လင်းကို မီးမီးခဲ စိတ်ကုန်ခဲ့တာကြာပြီ 
၂ နှစ်ခွဲကျော်ပြီ 
အားနာတတ်ရင် သူ အခုယူထားတဲ့ ကယားတိုင်းရင်းသူ ကို
ဖြောင်းဖြပေးသင့်တယ် အပါး စောဘွဲ့မှုးလဲ အားနာပါတယ် 
ရွေးချယ်ခဲ့တဲ့အတိတ်ကြောင့် ငါပင်ပန်းနေတုန်း 
နင်တို့ တွေ ငါတို့ သားအမိကို ဘာမှမပေးတော့နဲ့ 
ငါကိုယ်တိုင်ရွေးပြီး ငါကိုယ်တိုင်ဖမ်းပေးခဲ့တဲ့ အချစ်လို့ ခေါ်သလား 
သီချင်းနဲ့ ဟန်ဆောင်ပြီး ပရိတ်သတ်ဆီက အားပေးမှုကို သနားခံပြီးယူမနေ နဲ့တော့ နင် ကျေးဇူးတရားနားလည်ရင် 
ငါ့နဲ့ ငါ့သမီးလေးအိမ်ပေါ်ကဆင်းပေးပါ 


ဒုတိယမြောက် လက်တွဲဖော်ဖြစ်သော ကယ်ရိုလိုင်း မိသားစု နှင်.အတူတွေ.ရသော ထူးအယ်လင်း

 ဒီမှာပဲ သတင်းမီဒီယာတွေက အပြိုင်အဆိုင်ဖော်ပြမှုတွေ ဖြစ်လာတော့ မီးမီးခဲကို မိခင်ဖြစ်သူက သူ့
ဖေ့စ်ဘုတ် ကို ပိတ်ပစ် ဖို့ ပြောတဲ့အကြောင်း၊ သူ့မှာလည်း ရင်ဖွင့်စရာက ဖေ့စ်ဘုတ် စာမျက်နှာသာဖြစ် တဲ့ အကြောင်း ထပ်ရေးပြီး နောက် တရက် မှာပဲ   မီးမီးခဲရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပိတ်ပစ်လိုက် တယ်လို.သိရပါတယ် ။

ကယ်ရိုလင်း လို.ခေါ်တဲ့ ကယန်းတိုင်းရင်းသူရဲ. Facebook Account ကတော. https://www.facebook.com/lu.zaing?fref=ts (Calroline Calroline)  ပါတဲ့ ။

Ref ; Irrawaddy Blog , Myanmar Information Zone , True Story Blog & MeeMee Khel Facebook