Sunday, November 13, 2022
အိုဆာကာ ငါးပြတိုက် - Osaka Aquarium Kaiyukan
အိုဆာကာပင်လယ်အော် အိုဆာကာစီရင်စု Minato  မှာရှိတဲ့ Osaka Kaiyauan Aquarium  ဟာ အိုဆာကာပင်လယ်အော်ဒေသ ပြန်လည်ဖွံ့ဖြိုးရေး အစီအစဥ်ထဲက တစ်ခုဖြစ်ပါတယ် ။  အဲ့ဒီ ပြတိုက်ဟာ ၁၉၈၈ မှာစတင်တည်ဆောက်ပြီး ၁၉၉၀ မေလ ကဖွင့်ခဲ့တာပါ ။ ဖွင့်ပြီးပြီးချင်း ရက် ၄၀ မှာ လေ့လာသူပေါင်း တစ်သန်းကျော် ၊ ၁၀၁ရက်အထိမှာ ၂သန်း ၊ တစ်နှစ်လုံးမှာ ၅.၆သန်း ၊ ၂၀၁၇ မှာ လေ့လာသူပေါင်း ၇၅သန်းအထိရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လာရောက်လည်ပတ်သူအများဆုံးငါးပြတိုက်ဖြစ်ပြီး  သတ္တ၀ါပေါင်း ၂၉၀၀၀ လောက်ကိုထည့်သွင်းပြသထားတာပါ ။ သူဖွင့်လှစ်ခဲ့ချိန်ကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးငါးပြတိုက်ဖြစ်ပြီး ခုအခါမှာတော့ တရုတ်နိုင်ငံက China Chimelong Ocean Kingdom ကအကြီးဆုံးဖြစ်သွားပါပြီ ။
ပြတိုက်၀င်ခွင့်လက်မှတ်က ယန်း ၂၄၀၀ ပါ ။ ပြတိုက်မှာ အထပ်လိုက်ပြခန်းလမ်းညွှန်တွေထားရှိပေးပါတယ်  ။ လက်ကမ်းစာစောင်မှာ အဂ်လိပ် ၊ တရုတ် ၊ ကိုရီးယားဘာသာအပြင် ထိုင်းဘာသာနဲ့ပါ ကြည့်လို.ရပါတယ် ။ Audio Guide Service လည်းငှားလို့ရပြီးတော့  ဂျပန် ၊ အဂ်လိပ် ၊ တရုတ် ၊ ကိုရီးယားဘာသာတွေနားဆင်နိုင်ပြီး တိရိစ္ဆာန်လေးတွေရဲ့အံ့သြဘွယ်ကောင်းတဲ့ ပုံပြင်တွေ ၊ အမူအကျင့်တွေကအစသိရနိုင်ပြီး ငှားရမ်းခက ယန်း ၆၀၀ ပါ ။
၀င်ဝင်ချင်းမှာတော့ ရေအောက်ဥမင်ထဲကဖြတ်လျှောက်သွားရသလို အရသာမျိုး ကြုံရမှာဖြစ်ပြီး ၈လွှာအထိကို စက်လှေကားနဲ့တက်ရပါတယ် ။ အပေါ်ကနေပြခန်းတစ်ခုစီကြည့်ရင်း အောက်ကိုပြန်ဆင်းလာရတာပါ ။ အဲ့ဒီ ၈လွှာမှာ ဆိုတဲ့ပြခန်းတစ်ခုရှိပြီး အဲ့ဒီပြခန်းက အများမြင်နေရတဲ့ ပြခန်းတွေကိုရှေ.ကကြည့်ရတာမျိုးမဟုတ်ပဲမြင်ရတာမျိုးဖြစ်ပြီး အထဲမှာတော့ ဓါတ်ပုံရိုက်ခွင့်မပြုပါဘူး ။ အဲ့ဒီထဲကို၀င်ရင် နောက်ထပ် ယန်း တစ်ထောင် တန်လက်မှတ်ဝယ်ရတာပါ ။
အိုဆာကာ ငါးပြတိုက်မှာ ဘာတွေပြထားလည်းဆိုတော့
အိုဆာကာငါးပြတိုက်မှာက ဒေသအလိုက်ပြခန်းတွေ ပြသထားတာဖြစ်ပြီး ၀င်၀င်ချင်းမှာ Aqua Gate ဆိုပြီးမြင်ရမှာပါ ။ ပြီးရင် ၈ လွှာက စပြီး Japan Forest , Aleutian Island , Monterey Bay , Gulf of Panama , Ecuador Rain Forest , Antarctica , Tasman Sea , Great Barrier Reef , Pacific Ocean , Seto Inland Sea ,Seasonal Exhibits , Costs of Chile , Cook Strait , Japan Deep & Jellyfish ဆိုပြီးသူ.ပြကွက်နဲ့သူ စီစဥ်ထားတာပါ ။
ဒါ့ကြောင့်လည်းအချို့ပြခန်းတွေမှာက ကုန်းနေသတ္တ၀ါ နဲ. ရေနေသတ္တ၀ါတွေ ရောပြထားတာမျိုးတွေ့ရတာပါ ။ ဥပမာ Japan Forest မှာဆိုရင် ‌အာရှဖျံငယ်တွေ ၊ မြစ်ဂဏန်းတွေ ၊ ဂျပန်ရေပုတ်သင်ကြီးမျိုးတွေ နဲ. ရေတံခွန်တွေ ၊တောအုပ်တွေ ၊ စမ်းချောင်းလေးတွေ ၊ ကျောက်တောင်တွေစသည်ဖြင့်တွေ့ရမှာပါ ။ စပက်တီကယ် အိုင်းဒါးဒတ် လို ၀မ်းဘဲအမျိုးအစားတစ်မျိုးလည်းတွေရပါတယ် ပါပဲ ။ သူတို.နဲ့အတူ ငါးလေးတွေလည်းတွဲမြင်ရမှာဖြစ်ပြီး သူတို.ကရေပေါ္မှာကူးနေသလို ငါးလေးတွေကလည်းရေအောက်မှာ ကူးနေကြပြီး  သက်ရှိတွေပူးတွဲနေထိုင်တဲ့ကမ္ဘာကြီးရဲ. သဘာ၀ဂေဟဗေဒ စနစ်ကိုလေ့လာနိုင်အောင်တင်ဆက်ထားပုံရပါတယ် ။
Aleutian Island ဆိုရင် ဦးစွန်းမွေးပါတဲ့ မြောက်အတ္တလန္တတိတ် ပင်လယ်ပျော်ငှက်တွေ ၊ Monterey Bay မှာဆို ကယ်လီဖိုးနီးယားပင်လယ်ဖျံ တွေရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကိုတွေ့နိုင်ပါတယ် ။  Gulf of Panama မှာဆိုရင် တောင်အမေရိက မျိုးရင်းဖြစ်တဲ့ Ringtailed Coati ဆိုတဲ့ချစ်ဖို့ကောင်းတဲ့အကောင်လေးတွေမြင်ရမှာပါ ။
ပြတိုက်မှာ ပြထားတဲ့ သတ္တ၀ါတွေထဲမှာ Capybara လို့ခေါ်တဲ့အကောင်လေးလည်းရှိပါတယ် ။တောင်အမေရိကမျိုးရင်းပါ ၊ သာမာန်ခွေးတစ်ကောင်စာနီးပါးလောက်ရှိပြီး ကြွက်မျိုးရင်းလို.သိရပါတယ် ။ တိုကျို မှာ Capy Neko Cafe  ဆိုတဲ့ဆိုင်တစ်ဆိုင်ရှိပြီး ကြောင်တွေမွေးထားတဲ့ အဲ့ဒီဆိုင်မှာ   လာရောက်စားသောက်သူတွေက ကြောင်တွေနဲ့အတူ  ဓါတ်ပုံရိုက်လေ့ရှိပြီး ဒီအကောင်လေးတစ်ကောင်မွေးထားတယ် ။ ဓါတ်ပုံလည်းရိုက်လို.ရတယ်လို.သိရပါတယ် ။
အမြဲတမ်းချစ်စရာကောင်းတဲ့ ပင်ဂွင်းလေးတွေကိုလည်း ပျော်ပျော်ပါးပါးတွေ့ရမှာဖြစ်ပြီး ငါးပူတင်းမျိုးငါး အချို့ကိုလည်းတွေ့ရပါတယ် ။ မြစ်ချောင်းတွေထဲမှာနေတဲ့ ငါးပူတင်းထက်ကြီးပြီး ပင်လယ်ငါးပူတင်းတွေလောက်ရှိပါတယ် ။ ဒါပေမယ့် မြန်မာပြည်မှာမြင်နေကျ အ၀ါရောင်သမ်းသော အပြောက်အကွက်များပါသော ပုံစံမဟုတ်ပဲ အဆူးတွေပါပြီးရောင်စုံအကွက်တွေနဲ. ပါ ။ သူ.ကိုတော့ ကျောရိုးရှည်ဖြူးငါး ( Long – Spine Porcupine Fish ) လို့ခေါ်ပါတယ် ။
ဒါ့အပြင် ကြည်လင်နေတဲ့ရေပြင်ကျယ်အောက်က ရောင်စုံငါးလေးတွေ အများကြီး အပူအပင်မဲ့ ကူးလူးသွားလာနေကြတာလေးတွေက အရာအားလုံးကိုမေ့ စိတ်ကိုနှစ်ပြီးကြည့်နေရင်းက ကိုယ်တိုင်ပါ အေးချမ်းသွားသလို ခံစားရစေတယ့် မြင်ကွင်းမျိုးတွေလည်း ရှိနေပါတယ် ။  
အိုဆာကာငါး ပြတိုက်မှာပြထားတဲ့ပြကွက်တွေအနက်က Pacific Ocean ပြကွက် မှာတော့ ငါးလိပ်ကျောက်နဲ.ငါးမန်းနဲ့တွဲ ပြီး ပြသထားတာပါ ။ ဒါ့အပြင် အုပ်ဖွဲ့လိုက်နေတတ်တဲ့ ငါးငယ်တွေနဲ. သီးခြားစီနေတတ်တဲ့ ငါးတွေလည်း  အတူတူ ပြသထားပါတယ် ။
သမုဒ္ဒရေ ရေနက်ပိုင်းပြကွက်မို့ အလင်းရောင်ကအစ ရေနက်ပိုင်းအနေအထားဖန်တီးထားပါတယ်  ။ ငါးလိပ်ကျောက် ( ဘဲလိပ် ) မှာ လိပ်ကျောက်တံခွန် ၊ လိပ်ကျောက်စွန် ၊ လိပ်ကျောက်နှာမောင်း ၊ လိပ်ကျောက်ထမနဲ ၊  လိပ်ကျောက်စွန်မောင်ရှင် ၊ လိပ်ကျောက်စွန်မီးသောက် စသည်ဖြင့် အမျိုးအစားတွေအများကြီးရှိပါတယ် ။ 
လိပ်ကျောက်တံခွန်ဆိုရင် သူ.အမြီးမှာ လိပ်ကျောက်ဆူးရိုး တစ်ချောင်းကနေ သုံးချောင်းအထိပါပြီး တစ်ချောင်းဆို တစ်ပင်တိုင် ၊ နှစ်ချောင်းဆို ၂ပင်တိုင် လို့ခေါ်ပါတယ် ။ သုံးပင်တိုင် ငါးလိပ်ကျောက်ဆိုရင် အဆိပ်အပြင်းဆုံးဖြစ်ပြီး  ဆူးမိရင်အကြောတွေသေသွားတဲ့အထိခံစားရနိုင်ပါတယ် ။
လိပ်ကျောက်မြီးကိုတိုင်းရင်းဆေးဖော်တဲ့နေရာမှာလည်းသုံးပါတယ် ။ လျှပ်စစ်လိပ်ကျောက်ဆိုတာသီးခြားတစ်မျိုးရှိပြီး သူ.ဆီကထုတ်လွှတ်တဲ့ဓါတ်အားဟာ လူတစ်ယောက်သေစေနိုင်ပါတယ် ။ လိပ်ကျောက်မြီးကို ကြာပွတ်အဖြစ်လည်းသုံးကြပါတယ် ။ သူတို.ကူးနေတာအတော်လေးလှပြီး ငါးတွေရေကူးနေတာထက် ငှက်တွေပျံနေတာနဲ. တူပြီး အချို့ ငါးလိပ်ကျောက် ၊ ငါးလိပ်စွန်တွေ ကူးခတ်နေတာက Stealth ဗုံးကြဲလေယာဥ်တွေနဲ.တောင်တူနေပါသေးတယ် ။
အဲ့ဒီ Pacific Ocean ပြကွက် မှာ ငါးလိပ်ကျောက်တွေနဲ.အတူ တွဲပြသထားတာက ငါးမန်းတွေဖြစ်ပြီး အဓိက ကငါးမန်းတွေထဲမှာအကြီးဆုံးမျိုးဖြစ်တဲ့ ဝေလငါးမန်းပါ ။ ပြီးတော့ ကျွဲငါးမန်းအကောင်ငယ်လေးတွေလည်းတွေ့ရပါတယ် ။ ငါးမန်းတွေက ၂ပေလောက်ကနေ ပေ၄၀ ကနေ ၆၀ လောက်အထိရှည်ပါတယ် ။ ငါးမန်းကလည်းမျိုးကွဲပေါင်းအများအပြားရှိပါတယ် ။ ငါးမန်းခေါင်း၀ိုင်း ၊ ငါးမန်းတောင်မဲ ၊ ငါးမန်းငှက်ပျံ ၊ ငါးမန်းနီ ၊ ကျွဲငါးမန်း ၊ လွှငါးမန်း ၊ တိုက်ငါးမန်း ၊ ငါးမန်းပြောက် ဆိုပြီးအများကြီးရှိပါတယ် ။ ငါးမန်း နဲ. ငါးလိပ်ကျောက်ဟာ မူလမျိုးရင်းတူကြပြီး မြန်မာနိုင်ငံမှာတော့ ငါးမန်း နဲ့ ငါးလိပ်ကျောက် မျိုးကွဲ ၂၇ မျိုးလောက်ကို ထိမ်းသိမ်းစောင့်ရှောက်တဲ့စာရင်းထဲထည့်ထားတယ်လို့သိရပါတယ် ။
အုပ်လိုက်စု‌ဝေးသွားလာနေတဲ့ ငါးတွေနဲ့ သူတို.အုပ်စုလိုက်ရွေ့လျားကူးခတ် နေကြတာလေးတွေကိုကြည့်ရတာကလည်း စိတ်အပန်းပြေစေပါတယ် ။ သူတို.တွေရဲ. အပြင်ဘက်ခြမ်းမှာတော့ တစ်ကောင်စီ နေထိုင်လေ့ရှိတဲ့ ငါးတွေက ဘေးမှာ ပတ်ပြီးသွားလာနေကြတာတွေလည်းတွေ့ရပါတယ် ။
ဒါ့အပြင်ကျောက်ငါးတွေလည်းတွေ့ရပါတယ် ။ ကျောက်ငါး မျိုးရင်းတွေအများအပြားအနက်က ငါး၀က်မလည်း အဲ့ဒီမှာရှိနေပါတယ် ။
အဲ့ဒီ ငါးပြတိုက်မှာ ငါးတွေအစားကျွေးချိန်ကို ဇယားလေးနဲ့ဖော်ပြပေးထားပါတယ် ။ အစာကျွေးတာကိုပါကြည့်ချင်ရင် အဲ့ဒီအချိန် ရွေးသွားလို့ရပါတယ် ။ အစာကြွေးချိန် ကြည့်ရတော့လည်း ထူးထူးဆန်းဆန်းလေးမြင်ရတာပေါ့ ။ အချို့ ငါးလိပ်ကျောက်ဆို အစာကျွေးတဲ့သူကခွံကျွေးနေသလို အခြားငါးတွေကလည်း သူ.ဆီအစာလိုက်တောင်းနေတာမျိုးမြင်ရပါတယ် ။
ငါးကြင်းမျိုးနွယ်စုထဲက ရေငန်နေငါးကြင်းနီမျိုးကိုလည်း တွေ့ရပြီးအကောင်တော်တော်ကြီးပါတယ် ။
 Seto Inland Sea ပြကွက်မှာတော့ ကျောက်ပုဇွန် တွေ ၊ Japan Spider Crab တွေမြင်ရပါတယ် ။
ဒါကတော့ ရေခူလို့လည်းခေါ် ၊ ရေထီးလို့လည်းခေါ်တဲ့ သတ္တ၀ါတွေပြထားတဲ့ပြကွက်ကတော့ တကယ့်ကို ပန်းချီဆန်လွန်းပါတယ်  ။ မြင်ရတာ လှပေမယ့် သူတို.ရဲ.အမြီးကတော့ ထိလိုက်ရင် အတော်ခံရခက်အောင်ကို အဆိပ်ပြင်းပါတယ် ။ ထိလိုက်ရင် ကြာပွတ်နဲ့ရိုက်ခံရသလို အစင်းကြောင်းတွေပါ ပေါ်လာတတ်တာပါ ။ ပြည်ကြီးငါးတွေလည်း မြင်နိုင်ပါတယ် ။ ဒါ့အပြင်    Ringed Seal ဆိုတဲ့ ရေခဲပြင်ဖျံမျိုးကိုလည်းတွေ့ရပါတယ် ။  သူတို့လည်း ခြေချင်းချိတ်ပြီး ဇိမ်ခံတတ်ပါတယ် ။ 
အိုဆာကာ ငါးပြတိုက် သို့ သွားရောက် လေ့လာခြင်း - ၁ Video ကြည့်ရန် နှိပ်ပါ
အိုဆာကာ ငါးပြတိုက် သို့ သွားရောက် လေ့လာခြင်း - ၂ Video ကြည့်ရန် နှိပ်ပါ
မွေတော်ကက္ကူ စေတီတော် သို.တစ်ခေါက်
မွေတော်ကက္ကူ ဟာကျောက်တစ်လုံးကြီး မြို့နယ်ခွဲ ၊ နောင်ခိုင်ကျေးရွာအုပ်စု ၊  မွေတော်ကျေးရွာအနီးမှာ တည်ရှိနေတာပါ ။
တောင်ကြီးကနေ မွေတော်ကက္ကူ အထိကို ၄၄ ကီလို မိုင်အားဖြင့် ၂၈မိုင်ကျော်ကျော်လေးဝေးပါတယ် ။
ရန်ကုန်ကနေဆိုရင်တော့ မိုင်ပေါင်း ၃၆၀ ခန့်အကွာမှာတည်ရှိနေပါတယ် ။
တောင်ကြီးကနေသွားတဲ့ လမ်းတစ်လျှောက်မှာတော့ ပအို့ဝ်ရွာလေးတွေ ဖြတ်သန်း ၊ တောတောင်ရှုခင်းလေးတွေကြည့်ရင်းသွားရမှာပါ ။
စတင်တည်ထားချိန်ကနေ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိနေပြီဖြစ်တဲ့ရှေးဟောင်းသာသနာ့နယ်မြေတစ်ခုပါ ။
မြန်မာမှာတော့ လှည်းဝင်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း လို့ အမှတ်အသားပြုခဲ့ကြသလို
သဇင်ပန်းခိုင် တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်းဆိုပြီးတော့လည်း ရခိုင်တိုင်းရင်းသားတွေဟာ မြောက်ဦးက ပုထိုးတော် စေတီတော်တွေကို အမှတ်အသားထားကြပါတယ် ။
အဲ့ဒီလိုပဲ ရှမ်း ပအိုဝ်အပါအဝင်တိုင်းရင်းသားတွေကလည်း တောင်သူကွမ်းညှပ် တဖျတ်ဖျတ် ကက္ကူဘုရားပေါင်းလို့ မှတ်သားထားကြောင်းသိရပါတယ် ။
ရှေးတည်းက အကွက်အကွင်းချတည်ထားခဲ့တာကို ခုလို အံ့သြဘွယ်ရာ တွေ့မြင်ရပါတယ် ။
ရှေးဟောင်းယဥ်ကျေးမှုအမွေ အနှစ်တစ်ခုအနေနဲ့ တန်ဘိုးထားရမယ့် အရာတစ်ခုဖြစ်သလို ဘာသာရေးဆိုင်ရာ အဘိုးမဖြတ်နိုင်တဲ့ ဘာသာရေးအမွေအနှစ်တစ်ခုလည်းဖြစ်ပါတယ် ။
ဒီမှာ သီရိဓမ္မာ အသောက မင်းကြီးတည်ထားခဲ့တဲ့ ဆုတောင်းပြည့်စေတီတော်ကိုလည်း ရှေးမူမပျက် ဖူးတွေ့ရမှာဖြစ်ပါတယ် ။
အလောင်းစည်သူမင်း ( နရပတိစည်သူမင်း ) တည်ထားခဲ့တဲ့ဖောင်တော်ဆိုက်စေတီတော် နဲ.ရှေးဟောင်းဘုရားဆင်းတုတော်များကိုလည်း ဖူးမျှော်ရမှာပါ ။
စေတီအရေအတွက်ကိုတော့ တောင်သူကွန်းညှပ်ဆိုတဲ့ အဆိုအရ ၇၆၂၃ ဆူ လို့ဆိုရပါတယ် ။ နောင်ခဲဘုန်းတော်ကြီး ဦးသောဏ ရဲ့ မှတ်တမ်းတွေအရတော့ ၁၉၁၀ ပြည့်မှာ ၂၄၀၂ ဆူပဲရှိတော့တယ်လို့သိရပြီး ၁၉၂၈ မှာတော့ ၂၅၄၈ ဆူဖြစ်လာတယ်လို့ဆိုကာ နောက်ဆုံး အရတော့ ၂၄၇၈ ဆူလို့သိရပါတယ် ။ အရံစတေီတွေထဲမှာ အင်းဝခောတ် ၊ ညောင်ရမ်းခောတ် ၊ ကုန်းဘောင်ခောတ် ၊ ရတနာပုံခောတ် ၊ ကိုလိုနီခောတ် ၊ လွတ်လပ်ရေးရပြီးခောတ် ခောတ်အဆက်ဆက် ပန်းတော့ ၊ ပန်းရံ လက်ရာစုံကို တွေ့မြင်နိုင်ပါတယ် ။
ခရစ်တော်မပေါ်မီ ဘီစီ(၃၀၇)ခုနှစ်တွင် အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၊ မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာ သောကမင်းကြီးကို အမှီပြု၍ ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်ကြီးမှူးသော ရဟန်းတစ်ထောင်တို့က တတိယအကြိမ် သင်္ဂါယနာတင်ပွဲကို ပြုလုပ်ကျင်းပကြလေသည်။ သင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခြင်းနှင့် စေတီပေါင်း (၈၄၀ဝ၀) တည်ထားကိုးကွယ်ခြင်းတို့ ပါဝင်သည်။
ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် သုဝဏ္ဏဘူမိတိုင်း (မြန်မာနိုင်ငံ) သည်လည်း ပါဝင်ခဲ့သည်။ သာသနာပြုအဖွဲ့မှာ ရှင်သောနနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော အဖွဲ့ဖြစ်သည်။ သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့က အိန္ဒိယပြည်၊ မဇ္ဈိမဒေသမှ ဓာတ်တော်များကို ပင့်ဆောင်၍ စေတီဘုရားများကို တည်ထားကိုးကွယ်ကြသည့်အခါ ကက္ကူဒေသသို့ ဓာတ်တော်များ ပင့်ဆောင်ပူဇော်ပြီး မွေတော်ကက္ကူ ဆုတောင်းပြည့် အသောကစေတီကို တည်ထားကိုးကွယ်ခဲ့သည်။  
မွေတော်ကက္ကူသည် စေတီပေါင်းများစွာ တစ်နေရာတည်းတွင် စု၍ တည်ထားခြင်း ဖြစ်သည်။ အသောကမင်းကြီးရဲ့ ဆုတောင်းပြည့်စေတီ နဲ. အလောင်းစည်သူမင်းရဲ့ ဖောင်တော်ဆိုက်စေတီ ၂ဆူကို အရံစေတီပေါင်း ၂၄၇၈ က ဝန်းရံနေတာကို ဖူးတွေ့ရမှာပါ ။   မြန်မာပြည်ရှိ စေတီများနှင့် အချိုးအစား ပုံသဏ္ဌာန် အနည်းငယ် ကွဲပြားသည်။ စေတီတွေက ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ပဲရှိတယ်။ ဘုရားတွေမှာ နတ်ရုပ်တွေပါတော့ အရုပ်အနေအထားကို ကြည့်ပြီး ဒီလက်ရာတွေဟာ ၁၈၀ဝ ဝန်းကျင်ကပဲ ဖြစ်ဖို့များတယ်လို့ တွက်ဆကြပါတယ်။  ဘုရားမှာ မြန်မာသက္ကရာဇ် ၁၁၅၅ ၊ ခရစ်နှစ် ၁၇၉၃ မှာ ညောင်ရွှေစော်ဘွား လှုဒါန်းခဲ့တဲ့ ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံးလည်း ရှိပါတယ် ။ ဒါ့အပြင် ကက္ကူဘုရားတွေက ထီးတွေက ခေါင်းလောင်းစာ ၊  ရှမ်းဘာသာနဲ့စာတွေကို ၂၀၀၃ မတ်လ ၁၂ ရက်မှာ စိုင်းအောင်ထွန်း နဲ့ ဖိလစ်စောတောက်တို့ ဘာသာပြန်ကြရာမှာ ဘုန်းကြီးလူထွက် ဦးနွိုက်သွန်းလောင်းထားသည် ၊ လူထွက်ဦးစိုင်းက သွန်းလုပ်ပူဇော်ပြီးစီးပါကြောင်း စတာတွေတွေ့ရသလို  ဆင်ခံဘုရားတဆူမှာ - တြိသုခအလို့ငှာ ခင်ကြီးအရိယဝန်သ ကောင်းမှု ဆိုတဲ့အရေးအသားမျိုးတွေ့ရပြီး ၁၁၅၈ တပေါင်းလဆန်း ၂ရက်သွန်းသည်။ (ခရစ်ရက် ၂၇ ဖေဖော်ဝါရီ ၁၇၉၇) ဆိုတဲ့တိကျတဲ့ရက်စွဲမျိုးပါတွေ့ကြရတယ်လို့ဆိုပါတယ် ။ ဒါဟာ ဒီစေတီတွေရဲ့ သက်တမ်းအတွက်ခိုင်မာတဲ့ သက်သေတွေပါပဲ ။
(   )
ဘွဲ့တော်အမည်နဲ့ပတ်သက်လို့ ပအိုဝ်ဘာသာ နဲ. ကက္ကူဆိုတာ နယ်ခြားလို့ အဓိပ္ပါယ်ရကြောင်း သိရပါတယ် ။ အဲ့ဒီနေရာဟာ ဆီဆိုင် စော်ဘွား နဲ့ ညောင်ရွှေစော်ဘွားတို.ရဲ့ ပိုင်နက်နယ်ခြားမျဥ်းလို့ ဆိုကြတာကြောင့် ဘုရားရဲ့ ဘွဲ့တော်ဟာ အဲ့ဒီကနေ လာတာလို့အချို့ကဆိုကြပါတယ် ။
နောက်တစ်ခုက ဂေါတမ မြတ်စွာဘုရားနဲ့ ဓါတ်တော်မွေတော်တွေကို ဌာပနာထားပေမယ့်လည်း ဘဒ္ဒကမ္ဘာမှာ ပထမဆုံးပွင့်တော်မူတဲ့ နောင်တော် ကကုသန်ဘုရားရှင်ကို ဂုဏ်ပြုပူဇော်တဲ့အနေနဲ့ ကက္ကူဘုရားလို့ မှည့်ခေါ်ခဲ့ကြတယ်လို့လည်းဆိုပါတယ် ။
ဒါ့ပြင် ပုဂံခေတ်၊ (အေဒီ၁၁၇၄-၁၂၁၁) အတွင်းနန်းတက်ခဲ့တဲ့ အလောင်းစည်သူမင်း ( နရပတိစည်သူမင်း ) သည် ဖောင်စကြာဖြင့် ခရီးလှည့်လည်ကာ စေတီဘုရားများစွာကို တည်ထားကိုးကွယ်ခဲ့ပါတယ် ။ ကက္ကူဒေသတွင် ဓာတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာပြီး ဖောင်တော်ဆိုက်စေတီကို တည်ထား ကိုးကွယ်ခဲ့ပါတယ် ။ အဲ့ဒီလို တည်ထားတဲ့နေရာမှာ ဌာပနာတိုက်အတွက် ၄၅တောင်အနက် တူးဖော် ပြီး ဘုရားရှင် ရဲ့ ဓါတ်တော် ၊ မွေတော် တွေနဲ့အတူ ရတနာမျိုးစုံ ၃၆ ပြည် ကိုပါ ထည့်သွင်း ၊ အပေါ်က ၁၂တောင်အမြင့်ရှိတဲ့ ကျောက်ဖျာချပ်ကိုပိတ် ပြီးတော့ မှ ဥာဏ်တော် ၆တောင် တမိုက် ၂သစ် ရှိတဲ့စေတီတော်ကို တည်ထားခဲ့တာလို့ဆိုပါတယ် ။  အလောင်းစည်သူမင်း လက်ထက်မှာ ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ဘူးတယ်လို့လည်းသိရပါတယ် ။ အဲ့ဒီလိုတည်ထားပြီး  ၁၇ နှစ်အကြာမှာ ရောင်ခြည်တော်တွေ ကွန့်မြူးတာကြောင့် အနားပတ်ဝန်းကျင်က တိုင်းရင်းသားတွေ လာရောက်ဖူးမျှော်ရာက  အလောင်းစည်သူမင်းကြီးပါ ထပ်မံလာရောက်ဖူးမျှော်ပြီးစေတီတော်တွေ ထပ်တည်ခဲ့တယ်လို့လည်းဆိုပါတယ် ။ သူ.ရဲ့ အသက်နဲ့ထပ်တူ ရိုကျိုးပူဇော်ကြဖို. ထပ်တူစေတီလို့ စေတီစတည်စဥ်ကပင်မိန့်တယ်လို့ဆိုပါတယ် ။ ဒီလိုနဲ့ ကုန်းဘောင်ခောတ်ဦး ဘိုးတော်ဘုရားလက်ထက်မှာ ညောင်ရွှေ ၊ မိုင်းပွန် ၊  ၊ ဆီဆိုင် ၊ မိုးဗြဲ က ရှမ်း ၊ ဗမာ ၊ ပအိုဝ် ၊ တောင်ရိုး ၊ ကယန်း ၊ အင်းသား စတဲ့တိုင်းရင်းသားတွေက ကက္ကူမွေတော်ဓါတ်မြတ်ကျော် လို့ ဘွဲ့တော်အသစ် မှည့်ခေါ်ခဲ့ကြတယ်လို့ဆိုပါတယ် ။
ဒီစေတီတွေဟာ နှစ်ကာလကြာလို့ မြေအောက်မှာနစ်မြုပ်နေချိန် ဒီဘုရားရဲ့  မနီးမဝေးမှာနေထိုင်ကြတဲ့ တောဝက်အုပ်ထဲက ရွှေရောင်အဆင်းရှိတဲံတောဝက်တစ်ကောင်ဟာ စေတီတွေပေါ်က ခြတောင်ပို့တွေ ၊ မြေကြီးတွေကို ထိုးကော်ပက်ထုတ်ရင်းက စေတီတော်တွေ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ် ။ ဒါ့ကြောင့် ကက္ကူမွေတော် ရဲ. အမည်နာမဟာ ရွှေဂူကြီးဘုရား ၊ သက်တူဘုရား ၊ ရွှေဝက်ဂူဘုရား ၊ ရွှေဝက်ကူးဘုရား ၊ ကက္ကူမွေတော်ဘုရားရယ်လို့အမည်ငါးမျိုးတွင်ခဲ့တာလို့လည်း ဆိုပါတယ် ။
ဘုရားဝင်းအပြင်တွင် ညောင်ပင်ကြီးများ ရှိသည်။ ဘုရားများ၏ နောက်တွင် နောင်မွန်အင်း ရှိသည်။ နောင်မွန်အင်းသည် အမြဲတမ်း ရေမရှိပေ။ ဒေသခံများက ကုန်းခြောက်လ ရေခြောက်လ ဟုဆိုသည်။မဲနယ်တောင်တန်း ၊ လွယ်မောတောင်တန်း တွေရှိပါတယ် ။
ဘုရားပွဲတော်ကို တော်သလင်းလမှာတစ်ကြိမ် ၊  တန်ဆောင်မုန်းလပြည့်မှာတစ်ကြိမ် ၊ တပေါင်းလပြည့်မှာ တစ်ကြိမ် ၊ ကျင်းပတယ်ိလု့ သိရပါတယ် ။
မွေတော်ကက္ကူ စေတီတော် သို.သွားရောက်ဖူးမျှော် ခြင်း Video ကြည့်ရန် နှိပ်ပါ
Monday, November 7, 2022
ရေပူစမ်း ၊ ပင်လယ်ကဗွီးပင် တန်း နဲ့မောင်းမကန် ကမ်းခြေ
မောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်တွင် တည်ရှိသည်။ ထားဝယ်မြို့မှ အနောက်ဘက် (၆) မိုင်ကျော်ခန့်အကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားသည်။ ထားဝယ်မြို့မှ ကမျောကင်းတံတားအား ဖြတ်ကျော်ပြီး သွားရမည် ဖြစ်သည်။ မောင်းမကန်ကမ်းခြေမရောက်မီ သုံးထပ်လမ်းမကြီးတည်ရှိသော တောင်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။
မောင်းမကန်ဟု အမည်နာမ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာ ရှေးအခါမြန်မာမင်းများ (အလောင်းစည်သူမင်း) မောင်းမကန်ကမ်းခြေ ကို ဖောင်တော်ဆိုက်ကပ်သော အခါ ကမ်းခြေမှာ အနားယူသည် ဆိုသည်။ ထိုအချိန်တွင် မောင်းမခြွေရံများက ရေကူးကစားပြီးသောအခါ ဆားငန်ရေများအား ရေချိုဖြင့်ပြန်ချိုးရန် ရေမရှိသည့်အတွင် ရေကန်တူးပေးရာ မှ ထိုနေရာကို မောင်းမ ကန် တဆင့် မောင်းမကန် ဟု ခေါ်တွင်ရခြင်း ဖြစ်၏။
နောက်အဆိုတစ်ခုတွင်   နဂါးရစ်မော်ရှိ   နတ်နဂါးတို့ ကိုးကွယ်ထားသော  ဆံတော်   (၂)ဆူသည်   အလောင်းစည်သူဘုရင်   ဖောင်စင်္ကြာြ ဖင့်လှည့်လည်လာစဉ်၊  သိကြားမင်းက  ညွှန်ကြားသဖြင့်   သိရှိ၍  တက်ရောက်ဖူးမျှော်လျက်   ဆံတော်ဌာပနာတိုက်အပေါ်၌စေတီတစ်ဆူတည်ခဲ့လေသည်။  ၎င်းနေရာ၌  ဘုရင့်နောက်ပါအချို့  တို င်းပြည်ကို   လွမ်းဆွတ်   ညည်းညူးသံကိုဘုရင်ကြားလျှင်၊  ထိုသူတို့ အား  ရာဇဒဏ်ချထားပြီး၊  ဖောင်စကြာထွက်သွား၍  ငေးမျှော်လျက်   ကျန်ရစ်ကြသောကြောင့်မျှော်ရစ်ဟု   တွင်ပြန်လေသည်။  ယခုအခါတွင်မူကား  ဤနေရာကို   တံငါလှေများကို   ရစ်ပတ်သွားလာနေသောမော်အငူကလေးဖြစ်၍  မော်ရစ်ဟုခေါ်တွင်ပြန် သည်။  (စကားချပ်   -  မော်ရစ်နှင့်   မလှမ်းမကမ်းရှိ   မောင်းမကန်   ရေချိုးဆိပ်သည်အလောင်းစည်သူမင်း  ဖောင်စင်္ကြာဆိုက်ရောက်ခိုက်   မောင်းမိမဿံများ  သွားရောက်   ရေကစားသည်ကို   အစွဲပြု၍မောင်းမကန်ဟု  တွင်ခဲ့လေသည်။)
နာမည်ကျော်ကြားသော မောင်းမကန်ကမ်းခြေစခန်းသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက်ရှိ ပင်လယ်ကမ်းခြေတွင်တည်ရှိသည်။ ထိုစခန်းသို့ ထားsဝယ်မှနေ၍ မြစ်တစ်ဘက် သို့ကူးပြီးလျှင် ရှစ်မိုင်ခန့် မော်တော်ကားဖြင့်သွားရသည်။ မောင်းမကန်ကမ်းခြေမှ မိနစ်အနည်းငယ်မျှလမ်းလျှောက်ရုံဖြင့် ပန်းတင်အင်း ရေပူစမ်းသို့ရောက်နိင်ပါသည်။ မောင်းမကန် အနီးတွင် သုံးထပ်လမ်းမကြီးရှိသည်။ မောင်းမကန် ကမ်းခြေသည် မြန်မာနိင်ငံတွင် အရှည်ဆုံးသော အဖြောင့်တန်းဆုံးကမ်းခြေ ဖြစ်သည်။ အ​ခြားထင်ရှားသောကမ်းခြေများမှာ ဖိုးဖိုးကျောက်၊ဆင်ထောင့်၊မြင်းခွာအော်၊ပညစ်၊myanmar paradise အစရှိသော ကမ်းခြေများဖြစ်ကြသည်။ အပူချိန်မြင့်မားသောရေပူစမ်းအဖြစ် ပလောက်မြို့နယ်ရှိ ပဲရေပူစမ်းမှာထင်ရှားလေသည်။
မောင်းမကန်ကမ်းခြေသည် အနားယူအပန်းဖြေရန်အတွက် နေရာကောင်းအဖြင့် သတ်မှတ်နိုင်သည့် အရည်အသွေးများကိုပိုင်ဆိုင်ထားပါသည်။ ကမ်းခြေအနေအထားကို ကြည့်လိုက်လျှင် တောင်နှင့် မြောက် အလျားလိုက်(၃)မိုင်ခန့် ရှည်လျားပါသည်။ ပင်လယ်ကမ်းစပ်သည်လည်း ပြေပြစ်ပြီး ကျောက်ဆောင်များလည်းမရှိပါ။ ချောက်တွေလည်း ကင်းပြီး ရေကျသွားတဲ့အခါသောင်ပြင်ကကျယ်လှသည်။ သဲပြင်ကလဲမာနေသောကြောင့် လမ်းလျှောက်သွားရန် အလွန်ကောင်းပါသည်။ စက်ဘီး-ဆိုင်ကယ်စီး၍လည်း ရသည်။ သက်တမ်းနှစ်(၇၀)ခန့်ရှိသော ပင်လယ်ကဗွီးပင်တန်းများကိုလည်းတွေရပါမည်။ ၎င်းအပင်သည် ထင်းရူးပင်နှင့်တူသောကြောင့် ပင်လယ်ထင်းရူးဟုလည်းခေါ်ကြသည်
မောင်းမကန်သွား ဗွီဒီယို 
Tradition in Thadingyut Festival at Southern Shan State
 Some traditions in Southern Shan State during the Thadingyut Festival  
Ethnic people such as Pa'O , Taungyo, Danu people from regions like Kalaw, Aung Pan, He Ho and Taunggyi in Southern Shan State usually visit the monasteries and pay homage to the Buddhist monks that were traditionally worshiped by their parents during the Thadingyut period.  Starting from the full-moon day of Thadingyut, ethnic people offer rice, cooking oil, vegetables, snacks, money etc. to the monks in deep respect, Listen to the Dhamma (respectfully take the advice) from them and keep sabath. The monks usually feed the people with snacks or rice and curry or local food. Paying homage like this is generally done starting from the full-moon day of Thadingyut, till five to ten days onwards.  They usually go to the monasteries in groups together with friends, relatives, and other villagers.  All people also Youth use to wear same traditional costumes. Some visit and pay homage even up to seven monasteries on a single day. Similarly, a monastery also has to prepare food for fifty to seven hundreds guests per day. This period takes about ten days from the full-moon day of Thadingyut.  Monks prepare the meals by using the rice, oil, and vegetables brought by the people who come to pay homage. They also add those curries they've got during going out an alms rounds in the village and prepare special curry called or "hin-boung" (the mixed curry), which is traditionally the main dish at many monasteries. Sometimes they need to buy the meat from market.  
In addition, the  Pa'O ethnic people from Taunggyi region usually celebrate the fire-lotus parade on the full moon night of Thadingyut. This is also said to be the ritual that originates in Yaw region.
The bamboo cup, made in the shape of a lotus flower, is covered with coloured paper or oiled paper. Then it is lighted by a candle flame in the center of the cup. People carrying lighted colourful lotus flowers in their hands ceremonially parade the village and then offer those to the near Buddha images or pagodas or temples and pay respects for the prayers. They may need nearly one month for preparing for this ceremony.
 Tradition in Thadingyut Festival at Southern Shan State Video
Sunday, January 16, 2022
"ငါတက်ချင်တဲ့ ကျောင်းကြီးတက်ခွင့်ရပြီ ပျော်လိုက်တာ"
မေမေ ကျောင်းဝန်းတံခါးမှာ ကျနော့်ကိုထားခဲ့ပြီး လှည့်ပြန်သွားသည်။
မိခင်ကျောင်းတော်က မားမတ်စွာ။
မေမေက မိခင်သို့ အပ်ခဲ့သည့်ပမာ။
ပုခုံးထက်မှ ချည်လွယ်အိတ်ကို လက်ဖြင့်တင်းတင်းဆုပ်ရင်း ကျောင်းကြီးထဲသို့ အထက်တန်းကျောင်းသားအဖြစ် ဝင့်ကြွား ကြောက်ရွံ့စွာဝင်ခဲ့တော့သည်။
ငါ ကျောင်းကြီးကျောင်းသား...။
 ကျောင်းသားတွေအများကြီး။အားလုံးလိုလိုလုံချည်အသစ်၊အင်္ကျီအသစ်၊လွယ်အိတ်အသစ်။အပြုံးအသစ်။ပျားပန်းခတ်မျှ။
"ငါးတန်းတွေက အနောက် အုတ်ကြွတ်မိုး နှစ်ထပ်ဆောင်မှာ"
ဆရာတစ်ဦးက ရှပ်ဖြူကို လက်မောင်းထိခေါက်၍ လက်ကောက်ဝတ်တွင် ပုတီးကုံးအတိုလေးဝတ်လျက် ခေါင်းလေး‌စောင်းကာ အော်ပြောနေသည်။နောက် အတန်းဝင်မှ သိရသည် လေးစားရသည့် ဆရာဦးစိန်ရှန်။
အောက်ထပ်မှာ ကိုယ့်နာမည်မပါ။အပေါ်ထပ်မှာမှ လှေကားထိပ် ပဉ္စမတန်း(D)။ ဆရာမဒေါ်မူမူက ကျနော့်နာမည်ကိုမေး၍ နေရာပေးလေပြီ။အတော်စုံနေကြပြီ။
အားလုံး သစ်လွင်တောက်ပစွာ။မျက်နှာအသစ်များ၊ သင်ကြားမှုအသစ်များ၊အတွေ့အကြုံအသစ်များ။
နေ့ခင်းမုန့်စားကျောင်းဆင်းချိန် ကျနော်မုန့်မစားဖြစ်။
ကျောင်းကြီးကို လှည့်ကြည့်ချင်သည်။‌
 အရင်ဆုံး ရှေ့နှစ်ထပ်E ပုံကျောင်းဆောင်၏ အလယ်တောင်ပံနောက်ဖက်အ‌ပေါက်မှ မှန်နှစ်ရွက်ဖွင့်တံခါးလေးကို အသာတွန်းဝင်သွားရာ စုဝေးခန်းမကျယ်သို့ ရောက်လေပြီ။ကောင်းလိုက်တာ။
စင်မြင့်၏တိုင်ဖုံးနှင့် နဖူးစည်းတို့ကို အစိမ်းရင့်ရောင်ခြယ်ထား၍ နဖူးစီးထိပ်တွင် အဖြူရောင် အနက်ရှိတ်ဖြင့် "နိုင်ငံတော်တန်းမြင့်ကျောင်း"ဟု လှပခန့်ညားသည့်စာလုံးဖြင့် ရေးထားလေသည်။ နဖူးစည်း၏အောက်ထောင့်တွင်မူ လက်ရေးသေးသေးဖြင့် ကိုရီ ဟုကဗျည်းတင်ထားလေသည်။ ပန်းချီဆရာဦးကိုရီ၏ လက်ရာပင်။သဘောကျ။
 ထိုမှ အပေါ်ထပ်သို့ လှေကားတစ်ဆစ်ချိုးမှ မရဲတရဲတက်ခဲ့ရာ အပေါ်ထပ်ညာဖက်မှ ကြည်လင်ပြတ်သား၍ ဩဇာနှင့်ပြည့်စုံသော အသံတစ်သံကြားရသည်။
"ဟဲ့ စိုးမောင် နင့်ကို မနက်က မတွေ့ပါလား" အသားဖြူဖြူ၊အရပ်ရှည်ရှည်၊လူရည်သန့်ပြန့်၊ပညာတတ်အမျိုးသမီးကြီးကို ရုံးခန်းရှေ့ လူသွားစင်္ကြန်မှာတွေ့ရလေသည်။သူမ၏ရှေ့တွင်မူ ရိုသေစွာ လက်ပိုက်လျက် ရယ်ကျဲကျဲရပ် နေသည့် သူ့တပည့်ဖြစ်ခဲ့ဖူးသည့် ဆရာငယ်တစ်ဦးနှင့်အတူ တွေ့ရသည်။
ဆရာမကြီး ဒေါ်ပိုက်မိ ဆိုတာပဲ။ ငါ့ဖေဖေတို့ခေတ်ကတည်းက ဆရာမကြီးပဲ။ ဟိုဆရာ‌က ငါတို့ကို မြန်မာစာသင်တဲ့ဆရာပဲ။ ဆူနေပြီ။ပြန်ဆင်းမှ။
ဒီနေ့အဖို့ ကျောင်းကြီးလေ့လာရေး ကျေနပ်ပြီ။
(မှတ်ချက်။ ။"ကျောင်းကြီး"ဆိုသည်မှာ ယခင် ဝါးခယ်မမြို့ပေါ်တွင် အထက တစ်ကျောင်းထဲရှိစဉ်က မြို့သူမြို့သားများ၏ ယခု အထက(၁)ဝါးခယ်မ ကိုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။)
နောက်တစ်နေ. နေ့ခင်းမုန့်စားကျောင်းဆင်းသည်နှင့် ကျောင်းကြီးရောက်မှ ကိုင်ခွင့်ရသည့် ကွန်ပါဘူးအသစ်လေးထဲမှ မေမေပေးလိုက်သည့် ပိုက်ဆံ တစ်မတ်ကိုယူ၍ အခြားကျောင်းသားများနည်းတူ မုန့်စားရန် လှေကားမှတိုးဝှေ့ဆင်းခဲ့သည်။
တစ်ချို့က ခဏဆင်းသည်ကို လွယ်အိတ်နှင့်မို့ နားမလည်။နောက်မှ ကျောင်းနှင့်အိမ် နီးသူများ ထမင်းပြန်စားကြသည်ဟု သိရသည်။ကျနော်တို့ မနက်ထဲက စားလာသူများသာ မုန့်စားတန်းရှာရလေသည်။
ထိုသူတို့နှင့်ရော၍ လိုက်ခဲ့ရာ ကျောင်းအပြင်ဘက်လမ်းတွင် မုန့်ဆိုင်တစ်ခုနှစ်ခုနှင့် ကျန်မုန့်သည်များက ထင်းရူးပုံးလေးပေါ်တင်လျက် ရောင်းချနေသည်ကို‌တွေ့ရလေသည်။
မဝယ်ရဲသေး။ခဏ အကဲခတ်ပြီးမှ။
မူလတန်းတုန်းက မုန့်ကျွဲသဲ၊ကောက်ညှင်းပေါင်း၊မုန့်ဖက်ထုတ်၊ကောက်ညှင်းထုတ်၊မုန့်လုံးကြီးအုန်းနို့ဆမ်း၊ကြံ စသည့်အသည်များတွေ့ရသလို ဆိုင်ငယ်လေးများတွင်မူ ဇီးငံစေ့၊မရမ်းပြား၊သရက်ပြား၊သကြားလုံး၊ကပ်စေးနဲဒုတ်ထိုး၊ပဲနီလေးထုတ် စသည်တို့ကို ချိတ်ဆွဲလျက် ခင်းကျင်းထားသည်ကိုတွေ့ရလေသည်။
ကျနော် ခပ်လှမ်းလှမ်း လမ်းတစ်ဖက်တွင်ရောင်းနေသည့် မုန့်လုံးကြီးအုန်းနို့ဆမ်း ဆယ်ပြားဖိုးဝယ်လိုက်သည်။မုန့်သည်က ဗာဒံရွက်တွင်ထဲ့ပေးလိုက်သည်။ပြန်အမ်းငွေ ဆယ့်ငါးပြားကိုယူ၍ ဗာဒံရွက်ကို လေးဘက်ခေါက်၍ယူလာရသည်။ဘယ်မှာစားရမည် မသိသေး။
မူလတန်းတုန်းကလို ဈေးသည်၏မုန့်ဗန်းပါတ်လည်တွင် ထိုင်စားနေကြသည်ကို မတွေ့ရ။မြို့ကျောင်းက တစ်မျိုး။
 မဝယ်ရဲသေး။ခဏ အကဲခတ်ပြီးမှ။
မုန့်ထုတ်ကိုယူ၍ အားကစားရုံ(ယခု ဒေါ်ပိုက်မိခန်းမ)သို့ ဝင်လိုက်သည်နှင့် ကျနော်နှင့်ဘဝတူများကို တွေ့ရလေပြီ။
အားကစားရုံ၏အတွင်းပါတ်လည် နံရံနှင့်တွဲလျက် ထိုင်ခုံတန်းလေးများပေါ်တွင် ထိုင်စားရင်း ကျောင်းသားများကိုကြည့်လိုက် စားလိုက် ကစားနေသူများကို ရယ်လိုက်နှင့် အပန်းဖြေရသည်။
ဆယ်တန်းအောင်သည်အထိ အားကစားရုံသည် ကျနော့် စားရိပ်သာ၊အပန်းဖြေရိပ်သာ သာလျင်ဖြစ်တော့သည်။
ကျောင်းတက်ခေါင်းလောင်း ပြန်ထိုးခါနီးမှ ပြန်ခဲ့လေသည်။
အပြန်လမ်းတွင် အောက်ထပ် ဓါတုဗေဒ လက်တွေ့ခန်းနှင့် စက်မှုလက်မှု ခန်း၊အပေါ်ထပ်တွင်မူ စာကြည့်တိုက်တို့ကို ဖြတ်လမ်းမှသာ ငေးကြည့်ခဲ့ရသည်။
‌တစ်နေ့နေ့တော့ ဒီအခန်းတွေမှာ လေ့လာခွင့်၊သင်ယူခွင့် ရဦးမည်ဟု တွေးလျက်နှင့် ပျော်နေမိပါတော့သည်။
 ( ရနိုင်သမျှ ပုံအဟောင်းများသာအသုံးပြုထားပါသည် )
ချစ်ခြင်းဖြင့်
ဦးအေးစိုးဝင်းဘော်ဒါ၂၀၂၁