Wednesday, July 31, 2019
အင်းစိန်​ရွာမ ဆရာ​တော်​ဘုရားကြီး ဘဒ္ဒန္တတိ​လောကာဘိဝံသ
ဖွားမြင်​​တော်​မူခြင်း
၂၀၁၆ ဧပြီ ၄ ရက် က  ရွာမ ကျောင်းတိုက်သို. လာရောက်တွေ.ဆုံစဉ် ( Photo Credit to ဧရာဝတီ )
လူဝတ်​​ကြောင်​များအတွက်​ အဘိဓမ္မာသင်​တန်းများကိုလဲ အဘိဓမ္မာ စာ​မေးပွဲများ ​ဖြေဆိုနိုင်​သည်​အထိ (၁) နှစ်​လျှင်​ (၂) ကြိမ်​ ပို့ချ​တော်​မူခဲ့ပြီး၊ရွာမစာသင်​တိုက်​၌ သင်္ကြန်​တွင်း တရားစခန်းများတွင်​လဲ နှစ်​စဉ်​ သတိပပဋ္ဌာန်​တရားပြ​ပေးခြင်း၊ရဟန်းခံ၊သိမ်​သမုတ်​ စ​သော ကံကြီး၊ကံငယ်​ သံဃာ့ကိစ္စ များနှင့်​ ဆက်​စပ်​သည့်​ ​နေရာတိုင်း ဦး​ဆောင်​၊ဦးရွက်​ပြုကာ အ​လေးထား​ဆောင်​ရွက်​​တော်​မူခဲ့ပါတယ်​..
 Unicode Version
ဖွားမြင်တော်မူခြင်း
ဆရာတော်ဘုရားကို ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်၊ညောင်ပင်သာရွာမှာ ခမည်းတော် ဦးဘဖေ ၊မယ်တော် ဒေါ်စိန် တို့မှ (၁၈.၂.၁၉၃၉) ၊ ၁၃၀၀ပြည့်နှစ်၊တပေါင်းလဆန်း ၁ ရက်နေ့မှာ စတုတ္ထ မြောက်သားရတနာအဖြစ် ဖွားမြင်ခဲ့ပါတယ် ..
ရှင်၊ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း
ဆရာတော် လောင်းလျာဟာ (၆) နှစ်သားအရွယ်တွင်၁ ကြိမ် ၊ (၁၅) နှစ်သားအရွယ်တွင် ၁ ကြိမ်ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီးဘွဲ့တော်မှာ ရှင်တိလောက ဖြစ်ပါတယ် ..သက်တော် (၂၀) အရွယ်တွင်
၁၃၂၀ ခုနှစ် ၊ ကဆုန်လဆန်း ၁၀ ရက်နေ့မှာညောင်ပင်သာကျောင်း ၊ ခဏ္ဍသိမ်တော်၌မြင့်မြတ်သော ရဟန်း အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်
စာပေ၊ ပရိယတ္တိ သင်ကြားဆည်းလေ့လာခြင်း
ဆရာတော်လောင်းလျာဟာ ညောင်ပင်သာ၊ရွာဦးကျောင်းဆရာတော် နှင့် ညောင်ဦးမြို့နယ် ၊ကံကြိးကုန်း ရွာတောင်ကျောင်းဆရာတော် ဦးဝါသဝ၊ဦးတေဇနိယ တို့ထံတွင် ပဋကတ်အခြေခံကျမ်းစာများကိုသင်ယူဆည်းပူးတော်မူခဲ့ပြီး မြင်းခြံမြို့ ၊ ကိုးဆောင်တိုက်ဆရာတော်အဘိဓဇ အဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ
သဒ္ဓမ္မဇောတိကတဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တသောပိတ ထံမှ အစိုးရ ဓမ္မာစရိယပြီးသည့်တိုင်အောင် (၉) နှစ်ခန့် ပိဋကတ်ကျမ်းစာများကိုသင်ယူဆည်းပေါ်တော် မူခဲ့ပါတယ် .
ထို့နောက်မှ မန္တလေးမြို့ ၊ချမ်းသာကြီးတိုက်၊ညောင်ကန်တိုက် ၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးတိုက်တို့တွင်လှည့်လည်သတင်းသုံးလျက်စာချအကျော်၊ဆရာတော်များထံမှပရိယတ္တိစာပေများလေ့လာသင်ယူခဲ့ပါတယ်
အောင်မြင်တော်မူခဲ့သော စာမေးပွဲများ
နိုင်ငံတော်အစိုးရ ပထမငယ်၊ပထမလတ်၊ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယဘွဲ့ (တစ်နိုင်ငံလုံး ဒုတိယ)ရရှိအောင်မြင်ခဲ့ပြီး ထူးချွန်ထက်မြက်သော ၊ထိပ်တန်းပညာဝရိယရှိသူတို့သာ ရရှိနိုင်သည့် သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ ၊ မန္တလေး သကျသီဟ ဓမ္မာစရိယာ(အဘိဝံသ) ဘွဲ့ တို့ကို ရရှိ အောင်မြင်တော်မူခဲ့ပါတယ် ..
စာပေကျမ်းဂန်များ သင်ကြားပို့ချတော်မူခြင်း
ညောင်ဦးမြို့နယ်၊ ကံကြီးကုန်းရွာ၌ ၁၃၂၈-၂၉ တွင်အစိုးရမူလတန်းဆရာအဖြစ်လည်းကောင်း၊မြင်းခြံမြို့၊
ကိုးဆောင်တိုက်၌ ၁၃၂၉ ခုနှစ်တွင်စာချဂဏဝါစကအဖြစ်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ရွာမပရိယတ္တိစာသင်တိုက်၌ ၁၃၃၂ခုနှစ်မှ ယနေ့တိုင်အောင်တာဝန်ခံစာချအဖြစ် လည်းကောင်းစာပေပရိယတ္တိများကို ပို့ချတော်မူလျက်ရှိပြီး ..နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)စတင်ဖွင့်လှစ်ချိန်မှစ၍ ၄ နှစ်ခန့် အဘိဓမ္မမဟာဌာနပါမောက္ခ နှင့် ဒုတိယ ပါမောက္ခချုပ် အဖြစ် တာဝန်ယူပြီး စာပေကျမ်းဂန်များကို သင်ကြားပို့ချတော်မူခဲ့ပါတယ်.
သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း
ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့စည်း ပထမအကြိမ်မြို့နယ်နှင့်တိုင်း ဝိနည်းဓိုလ် ၊ဒုတိယအကြိမ် အင်းစိန်မြို့နယ် သံဃာ့နာယကအဖွဲ့ဒုတိယ ဥက္ကဌ ၊တတိယအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နှင့်တောင်တန်းသာသနာပြု သြဝါဒါစရိယ ၊အင်းစိန်မြို့နယ် ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ၊နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)အဘိဓမ္မ ပါမောက္ခ ၊ ဒုတိယ ပါမောက္ခချုပ်ပဉ္စမ အကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊နိုင်ငံတော် သံဃာ့မဟာနယက အဖွဲ့ဝင်၊တွဲဖက်အကျိုးတော်ဆောင်၊ဒုတိယဥက္ကဌစသည့်တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပြီး ..နိုင်ငံတော် သြဝါဒါစရိယတာဝန်၊ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယတာဝန်များကို ထမ်းဆောင်တော်မူဆဲ ဖြစ်ပါတယ် 
၎င်းတို့အပြင် နွေရာသီ အဆင့်မြင့် ဗုဒ္ဓအဘိဓိမ္မာ(ယမိုက်၊ပဋ္ဌာန်း၊ဆန်းစသော)သင်တန်းများကိုမဟာဗျူဟာအသင်း၌ (၃) နှစ် ၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၌ အနှစ် (၂၀) ၊ပဲခူး၊ မန္တလေး ၊တောင်ကြီး ၊ ကလေးမြို့တို့၌ အခါအားလျော်စွာလှည့်လည် ပို့ချတော်မူခဲ့ပါတယ် ..
လူဝတ်ကြောင်များအတွက် အဘိဓမ္မာသင်တန်းများကိူလဲ အဘိဓမ္မာ စာမေးပွဲများ ဖြေဆိုနိုင်သည်အထိ (၁) နှစ်လျှင် (၂) ကြိမ် ပို့ချတော်မူခဲ့ပြီး၊ရွာမစာသင်တိုက်၌ သြင်္ကန်တွင်း တရားစခန်းများတွင်လဲ နှစ်စဉ် သတိပပဋ္ဌာန်တရားပြပေးခြင်း၊ရဟန်းခံ၊သိမ်သမုတ် စသော ကံကြီး၊ကံငယ် သံဃာ့ကိစ္စ များနှင့် ဆက်စပ်သည့် နေရာတိုင်း ဦးဆောင်၊ဦးရွက်ပြုကာ အလေးထားဆောင်ရွက်တော်မူခဲ့ပါတယ်..
ထို့အပြင် ဆရာတော်ကြီးဟာ
၁.ဗုဒ္ဓစာပေ ပရိယတ္တိ သုတေသီများအတွက် အလွယ်တကူလေ့လာဖြေဆိုနိုင်စေရန် ခေတ်မှီ ပုစ္ဆာ အဖြေစုံကျမ်းများရေးသားပြုစုတော် မူခဲ့ပြီး ဗုဒ္ဓစာပေတွင် အခက်ခဲ၊အနက်နဲဆုံးဖြစ်တဲ့ (ဓမ္မသင်္ဂဏီ ၊ ဓာတုကထာ ၊ ယမက၊ ပဋ္ဌာနစသော) အဘိဓမ္မာ ပိဋကတ် (၇)ကျမ်းကို (၆) လ မှ(၁) နှစ်အတွင်း ပါရဂူမြောက် ကျွမ်းကျင်အောင်လေ့လာသင်ယူနိုင်သည့် သင်ကြားနည်းစနစ် အသစ်များကို ပေါက်ရောက်အောင်မြင်အောင် ကျမ်းပြုတီထွင်နိုင်ခဲ့ပါတယ် ..၎င်းအပြင် (၇)ရက်ခန့်ဖြင့် ပါဠိဂါထာရေးသားစီကုံးနိုင်သော နည်းစနစ်ကိုလဲ ကျမ်းပြုတီထွင်နိုင်ခဲ့ပြီးပါဠိ ဘာသာကို အရေး၊အဖတ်၊အပြော၊နားထောင်4 skills တတ်မြောက် ကျွမ်းကျင်စေနိုင်သည့်ပါဠိ ဘာသာ လေ့လာနည်းကျမ်းများစွာကိုရေးသားပြုစုနိုင်ခဲ့ပါတယ် ..
၂.မြန်မာဘာသာဖြင့် ရေးသားပြုစုခဲ့သော ကျမ်းပေါင်း(၃၀)၊ကျော်မက ပါဠိ ဘာသာဖြင့်ရေးသားပြုစုခဲ့သော
ကျမ်း (၃)ဆူ ရှိပြီး လက်ရှိမြန်မာနိုင်ငံ၏ပရိယတ္တိပညာရေးနှင့် အဆင့်မြင့် အဘိဓမ္မာသင်ကြားနည်း ယန္တရားကို ရာနှူန်းပြည့် လည်ပတ်နေသော စနစ်မှာ ဆရာတော်ဘုရားကြီး ရဲ့ နည်းစနစ်များပဲဖြစ်ပါတယ် ..
၃.မြန်မာနိုင်ငံ၌ သံဃာထု (၄) သိန်းကျော်နှင့် သီလရှင်ပေါင်း (၆)သောင်း ကျော် ရှိသည့်အနက် ဆရာတော်ထံအဆင့်မြင့် အဘိဓမ္မာ ပဋကတ် မလေ့လာမသင်ကြားဖူးသော သံဃာ နှင့် သီလရှင် မရှိသလောက်ရှားပါးပြီးမြန်မာနိုင်ငံ ဗုဒ္ဓသာသနာ၌ တိပိဋကဓရ တိပိဋကကောဝိဒဓမ္မဘဏ္ဍာဂါရိကဘွဲ့ရ (၁၄) ပါး ပေါ်ထွန်းခဲ့တဲ့အနက်အဘိဓမ္မာ အရာ၌ ဒိသာ ပါမောက္ခ ပါရဂူအဆင့်တတ်မြောက်ကျွမ်းကျင်သည့် တပိဋကဆရာတော်တပည့်ကြီး (၂) ပါး ပေါ်ထွန်းခဲ့ပါတယ် ..မြန်မာပြည်တွင်သာမက နိုင်ငံတကာမှာပါ သွားရောက်
ပညာသင်ကြားနေသော BA,MA,Ph.D ဘွဲ့ရတပည့်ပေါင်းများစွာရှိပြီး မြန်မာပြည်ရှိ အောင်မြင်ကျော်ကြားနေသော Ph.D ဘွဲ့ရဆရာတော်အများစုမှာလည်း ဆရာတော်ဘုရားကြီး၏ တပည့်များပင်ဖြစ်ပါတယ် ..
၂၀ ရာစုနှောင်းပိုင်း ၂၁ ရာစုအတွင်းဗုဒ္ဓစာပေအဘိဓမ္မာ ပိဋကတ်ကိုအအောင်မြင်ဆုံး၊အကောင်းဆုံးလေ့လာနိုင်တဲ့နည်းစနစ်ကို တီထွင်နိုင်ခဲ့တဲ့ဗုဒ္ဓစာပေ ပရိယတ္တိ သာသနာအတွက် နေမင်းကြီးတစ်ဆူဖြစ်သလို ၊ ဗုဒ္ဓသာသနာအတွက် လမင်းကြီးတစ်ဆူလဲဖြစ်တဲ့ ဆိုခဲ့ပြီးသော အရည်အချင်း ဂုဏ်ရည်များစွာပိုင်ဆိုင်တဲ့ သာသနာ့ အာဇာနည် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်
မူရင်းရေးသားပူဇော်သူ - အေးချမ်းမင်း Aye Chan Min
Friday, July 26, 2019
ဝါးခယ်မ က ကြိုးကြာခေါင်းနီ နှင့် SST Tourism ၏ ငှက်ကြည့်ခရီးစဉ်
ထိုအထဲတွင် ၀ါးခယ်မမြို.လေး၏ အားသာချက်တစ်ခုက ကမ္ဘာပေါ် ရှိ ရှားပါးငှက်မျိုးစိတ် တစ်ခုဖြစ်သော ကြိုးကြာခေါင်းနီ ငှက်မျိုးများကို မြို.နယ်အတွင်း၇ှိ ကျေး၇ွာများတွင် တွေ.ရှိလာရခြင်းဖြစ်သည် ။
ယခုလတ်တလော ၀ါးခယ်မသို.ငှက်ကြည့်ခရီးစဉ် စီစဉ်နေသော အဖွဲ.တစ်ခုမှာ SST Tourism ဟုသိရပြီး ၄င်းတို. ဖော်ပြချက်အရ ယမန်နှစ်က စတင်စီစဉ်ခဲ့ကြောင်းတွေ.ရပါသည် ။ ယခုလည်း မနက်ဖြန်တွင်သူတို.၏ ဒုတိယမြောက် ခရီးစဉ် စီစဉ်ထားကြောင်း ၄င်းတို. Page ၏ဖော်ပြချက်အရ သိရပြီး ဆက်သွယ်မေးမြန်းမှုအရ လိုက်ပါနိုင်သေးကြောင်းပါ သိရပါသည် ။ ၄င်းတို.၏ဖော်ပြမှုအားလည်း ကူးယူဖော်ပြအပ်ပါသည် ။
Photo by SST Tourism
Photo by SST Tourism
(၁) ကြိုးကြာငှက်သည် ငှက်များထဲတွင် အရပ်အမြင့်ဆုံး ငှက်ဖြစ်ပြီး ၄င်း၏ လှပပြေပြစ်သည့် ကိုယ်ခန္ဓာနှင့် နွဲ့နွဲနှောင်းနှောင်း လမ်းလျှောက်နေပုံများကို တွေ့မြင်ရမည်။
Photo bySST Tourism
၁) သောက်ရေဘူး
၂) Binocular
၃) ထီး နှင့် မိုးကာ
၎) ဘောပင် နှင့် မှတ်စုစာအုပ်
၅) ဘွတ်ဖိနပ် ယူလာရန်
ဆက်သွယ်ရန်
ဦးဌေးငွေ (၀၉- ၄၄၂ ၁၆၃ ၀၁၉)
Unicode Version
ယခုအခါ ခရီးသွားလုပ်ငန်းစဉ်တွင် အများစိတ်ဝင်စားလာသော ခေါင်းစဉ်တစ်ခုမှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဖြစ်သည် ။ ထိုသို.ရပ်ရွာအခြေပြုလုပ်ငန်းစဉ်များတွင် မိမိတို.ဒေသ၏ အားသာမှုအရ ယဉ်ကျေးမှု လေ့လာရေး ၊ လူမျိုးစု လေ့လာရေး ၊ စွန်.စားခရီးသွား ၊ ဆင်စခန်းကဲ့သို. ခရီးစဉ်များအပြင် ငှက်ကြည့် ခရီးစဉ်များသည်ဖြင့် မိမိတို.နီးစပ်ပတ်သက်ရာ ခေါင်းစဉ်ကို ဦးစားပေးဖော်ဆောင်လာကြသည် ။
ထိုအထဲတွင် ဝါးခယ်မမြို.လေး၏ အားသာချက်တစ်ခုက ကမ္ဘာပေါ် ရှိ ရှားပါးငှက်မျိုးစိတ် တစ်ခုဖြစ်သော ကြိုးကြာခေါင်းနီ ငှက်မျိုးများကို မြို.နယ်အတွင်း၇ှိ ကျေးရွာများတွင် တွေ.ရှိလာရခြင်းဖြစ်သည် ။
 ကြိုးကြာခေါင်းနီ ဟူသော ငှက်မျိုးစိတ်သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ မျိုးသုန်းအန္တရာယ် ကျရောက်နေသော ငှက်မျိုးစိတ်တစ်ခုဖြစ်သည် ။ ထို.ကြောင့်လည်းမြန်မာနိုင်ငံတွင် ၁၉၉၄ ခု တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိမ်းသိမ်းရေးဥပဒေအရ လုံးဝကာကွယ်ထားသော မျိုးစိတ်တစ်ခုလည်းဖြစ်သည် ။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀၁၆ သုတေသနပြုလုပ်ချက်များအရ အသိုက်ပေါင်း ၃၇ သိုက်တွေ.ရှိထိမ်းသိမ်းနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် အကောင်ရေ ၅၀၀ ခန်.သာကျန်ရှိတော.သည့်အနက် ယင်းဒေသတွင် အကောင်ရေ ၂၀၀ မှ ၄၀၀ အတွင်းရှိသည်ဟု သိရသည် ။
သစ်တောဦးစီးဋ္ဌာန နှင့် မအူပင်တက္ကသိုလ် သားငှက်ထိမ်းသိမ်းရေး အဖွဲ.( မြန်မာနိုင်ငံအစိအစဉ် တို.ပူးပေါင်း၍ ဇီဝမျိုးစုံ မျိုးကွဲများထိမ်းသိမ်းရေး ဆောင်ရွက်လျှက်ရှိရာ မြစ်ဝကျွန်းပေါ် လေးမြို.နယ် ဖြစ်သော မအူပင် ၊ ပန်းတနော် ၊ အိမ်မဲ ၊ ဝါးခယ်မ တို.တွင် ကြိုးကြာခေါင်းနီ ငှက်သိုက်ပေါင်း ၅၀ တွေ.ရှိသည့်အနက် ဝါးခယ်မမြို.နယ်တွင် အများဆုံးတွေ.ရှိရပြီး စုစုပေါင်း ၃၁ သိုက်တွေ.ရှိကြောင်းသိရပါသည် ။ထိုသို.တွေ.ရှိရာတွင် ဒေသခံ လယ်သမားတို.၏ သတင်းပေးကူညီမှုများက အရေးပါခဲ့ပြီး အတည်မပြုနိုင်သေးသော ကြိုးကြာသိုက်များလည်း ရှိနိုင်သေးကြောင်းသိရပါသည် ။ သားငှက်ထိမ်းသိမ်းရေးအဖွဲ. ( မြန်မာနိုင်ငံအစိအစဉ် ) မှ ငှက်ပညာရှင် ဥိးသက်ဇော်နိုင် ကလည်း ကြိုးကြာထိမ်းသိမ်းရေး လုပ်ငန်းများအတွက် ဒေသခံလူထုနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း ပြောကြားခဲ့ကြောင်းလည်းသိရပါသည် ။ ။ ထို ကြိုးကြာခေါင်းနီအသိုက်များကို ဝါးခယ်မမြို.နယ်တွင် ၃၁ သိုက် ၊ မအူပင်မြို.နယ်တွင် ၁၅သိုက် ၊ ပန်းတနော် နှင့်.အိမ်မဲမြို.နယ်တို.တွင် ၂သိုက်စီတွေ.ရှိခဲ့ကြကြောင်း သိရသည် ။
ထို.အတွက် ငှက်နှင့်ပတ်သက်၍ စိတ်ဝင်စားသူများ ၊ မြတ်နိုးသူများ ၊ လေ့လာလိုသူများ လာရောက်လေ့လာကြသည်မှာ နှစ်အနည်းငယ်ရှိသွားပြီဖြစ်ပြီး ယခုအခါ ခရီးစဉ်တစ်ခုအဖြစ်ပါ စီစဉ်လာကြောင်းတွေ.ရှိရပါသည် ။
ယခုလတ်တလော ဝါးခယ်မသို.ငှက်ကြည့်ခရီးစဉ် စီစဉ်နေသော အဖွဲ.တစ်ခုမှာ SST Tourism ဟုသိရပြီး ၎င်းတို. ဖော်ပြချက်အရ ယမန်နှစ်က စတင်စီစဉ်ခဲ့ကြောင်းတွေ.ရပါသည် ။ ယခုလည်း မနက်ဖြန်တွင်သူတို.၏ ဒုတိယမြောက် ခရီးစဉ် စီစဉ်ထားကြောင်း ၎င်းတို. Page ၏ဖော်ပြချက်အရ သိရပြီး ဆက်သွယ်မေးမြန်းမှုအရ လိုက်ပါနိုင်သေးကြောင်းပါ သိရပါသည် ။ ၎င်းတို.၏ဖော်ပြမှုအားလည်း ကူးယူဖော်ပြအပ်ပါသည် ။
၎င်းတို.၏ ပထမ ခရီးစဉ်ကို ၂၉ / ၉ / ၂၀၁၈ က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကငှက်ကြည့်ရာတွင်ရှောင်ရှားရမည့်အချက်များ ကိုပါ အောက်ပါအတိုင်း ထည့်သွင်း သတ်မှတ်ထားခဲ့ကြောင်း တွေ.ရပါသည် ။
- (၁) အရောင်တောက်သည့် အဝတ်အစားများ (အဝါရောင်၊ အနီရောင်၊ အဖြူရောင်၊ အမဲရောင် စသည့်)။
- (၂) ငှက်ကြည့်သွားရာတွင် စကားဆူညံစွာပြောဆိုခြင်း မပြုရ။
- (၃) အသံမြည်စေမည့် မိုးကာအဝတ်အထည်များအသုံးမပြုရန်၊
- (၄) ငှက်ကြည့်ရာတွင် သတ်မှတ်စည်းကမ်းများကိုလိုက်နာရန်၊
- (၅) ခရီးစဉ်တွင် လိုက်ပါသည့် သူအချင်းချင်းစိတ်အနှောက်အယှက် မဖြစ်စေရန်၊
ထို.အြ့ပင် သတိပြုရန် အချက် တစ်ခုအနေဖြင့် ဝါသနာအရစူးစမ်းလိုသည့် စိတ်ဖြင့် လိုက်ပါလာသည့်သူများ ဖြစ်သည်။ လိုက်ပါလာသူများကိုအလေးထားကူညီဆောင်ရွက်ရပါမည်။ အပြောအဆို၊ ကိုယ်ဟန် အမူအရာသတိပြုရပါမည် ဟု၍ထည့်သွင်းထားကြောင်းတွေ.ရပါသည် ။
ယခုဒုတိယခရီးစဉ်တွင် ပထမအကြိမ် နှင့်မတူသော တစ်ချက်မှာ ပထမခရီး စီစဉ်စဉ်က အပြန်ခရီး  နေ.လည်စာ ကို ဒေသခံလူထုမှ ချက်ပြုတ်စီစဉ်ထားသော ဒေသထွက်ဟင်းများဖြင့် ကျွေးမွေးခဲ့ခြင်းဖြစ်ပါသည် ။
ကြိုးကြာငှက်တို့ ပျော်စံရာခရီးစဉ်
ဧရာဝတီတိုင်းဒေသကြီးသို့ ငှက်ကြည့်ခြင်းနှင့် တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်း ခရီးစဉ် - ၂ ( 27 July 2019 )
ဤခရီးစဉ်အား S.S.Tခရီးသွားလုပ်ငန်းနှင့် မြန်မာငှက်ဝါသနာရှင်အသင်း (MBNS) တို့မှ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်ပါသည်။
ခရီးစဉ်တွင် ပါဝင်လိုက်ပါခြင်းအားဖြင့် ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ
(၁) ကြိုးကြာငှက်သည် ငှက်များထဲတွင် အရပ်အမြင့်ဆုံး ငှက်ဖြစ်ပြီး ၎င်း၏ လှပပြေပြစ်သည့် ကိုယ်ခန္ဓာနှင့် နွဲ့နွဲနှောင်းနှောင်း လမ်းလျှောက်နေပုံများကို တွေ့မြင်ရမည်။
(၂) ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ကျယ်ပြန့်သောလယ်ကွင်းပြင်ကြီး ထဲတွင် တောင်သူဦးကြီးများနှင့် ခင်မင်ရင်းနှီးစွာ ရှင်သန်ကျက်စားနေထိုင်သော ကြိုးကြာငှက်များကို လေ့လာကြည့်ရူရမည်။
(၃) Endangered species ဖြစ်သော Jerdon’s Babbler နှင့်တကွ စာဘူးတောင်းမျိုးစိပ်များ ဖြစ်သော Baya Weaver, Asian Golden Weaver, Streaked Weaver များကိုလည်းမြင်တွေ့ရမည် ဖြစ်သည်။
ခရီးစဉ်ဖော်ဆောင်ခြင်း၏ရည်ရွယ်ချက်
• ငှက်ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ငှက်များကိုချစ်မြတ်နိုးပြီး ထိန်းသိမ်း စောင့် ရှောက် တတ်စေရန်။
• စုပေါင်းငှက်ကြည့်ခြင်းအားဖြင့် တစ်ဦး နှင့် တစ်ဦးခင်မင်ရင်နှီးပြီး
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊အသိပညာ ဗဟုသုတများ နှီးနှောဖလှယ် နိုင်စေရန်။
• လူငယ်များ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင် ထိန်းသိမ်းလိုသော
စိတ်ဓါတ် များ ပိုမိုမြင့်မားလာစေရန်။
ခရီးစဉ်အသေးစိတ်ဖော်ပြချက်
နံနက် ၀၆း၃၀(နာရီ)တွင် မြေနီကုန်း ဒဂုံစင်တာ( 1 ) ရှေ့တွင် စုရပ်အနေဖြင့်သတ်မှတ် ထားပါသည်။ ထိုနောက် Light truck ကားဖြင့် လှိုင်သာယာမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး သို့ မောင်းနှင်းပါမည်။ နေ့လည်စာကို လမ်းတွင် စားသုံးပါမည်။ ၎င်းနောက် ကြိုးကြာများ ကျက်စားသော နေရာသို့သွားရောက် ကြည့်ရူလေ့လာပါမည်။ ညနေပိုင်းတွင် ဝါးခယ်မမြို့သို့ သွားရောက် ၍ အောင်ကုဋေဟိုတယ်သို့ check in ဝင်ပါမည်။ ညစာ ကို ဟိုတယ်တွင် စားသုံးနိုင်ပါသည်။
နောက်တစ်နေ့ နံနက်စောစော ဟိုတယ်တွင် မနက်စာစားသုံးပြီး ဟိုတယ်မှ check out လုပ်ပါမည်။ ထိုနောက် ကိုင်းတောများနှင့် လယ်ကွင်းများထဲတွင် နံနက် (၁၁) နာရီအထိ ငှက်ဆက်လက်ကြည့်ရူပါမည်။ ၎င်းနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို ဗိုလ်မြတ်ထွန်းတံတားထိပ်ရှိ Classic စားသောက်ဆိုင်တွင် စားသုံးပါမည်။
မိမိနှင့်တပါးတည်းယူဆောင်လာရမည့်အရာများ
၁) သောက်ရေဘူး
၂) Binocular
၃) ထီး နှင့် မိုးကာ
၄) ဘောပင် နှင့် မှတ်စုစာအုပ်
၅) ဘွတ်ဖိနပ် ယူလာရန်
ခရီးစဉ် ကားစရိတ်အတွက် တစ်ဦးလျှင် (၁၂,၀၀၀) ကျပ်သာ ကုန်ကျပါပြီး အခြားကုန်ကျစရိတ် များကို မိမိဘာသာ ကျခံရပါမည်။( ဤခရီးစရိတ်မှာ လူဦးရေ ၁၅ ယောက်ကို အခြေခံ တွက်တာခြင်းဖြစ်ပါသည်။ အကယ်၍ လူဦးရေ ၁၅ ယောက်မပြည့်ပါက မျှဝေခြင်းစနစ်ဖြင့် ကားစရိတ်ကို ကျခံရမည်။)
ဆက်သွယ်ရန်
S.S.T Tourism Office Phone: 01 -255536, 393094
ဦးဌေးငွေ (၀၉- ၄၄၂ ၁၆၃ ၀၁၉)
ဦးမင်္ဂလာလေး (၀၉- ၇၉၂ ၆၇၈ ၈၅၇)
( ဤနေရာတွင် ကြိုတင်အသိပေးလိုသည်မှာ မိမိတို.နှင့် ဤ ခရီးစဉ် စီစဉ်သော လုပ်ငန်းနှင့်ပတ်သက်မှု မရှိပဲ မိမိတို.မြို.လေးနှင့်ပတ်သက်သော သတင်းတစ်ရပ်ကိုသာ ဖော်ပြခြင်းဖြစ်ပါသည် )
ကြို့ပင်ကောက်မြို့မှ နတ်လေချွန် သို့ လေချွန်နတ် - သက်နိုင်စိုး
နောက်တယောက်အလှည့် ပါ သေ သူမခင်ခင် အသက် ၃၅ ရန်ကုန်ကြံတော မှာမြုပ်ထားတာ ၃ နှစ် သူရဲက ရွှီးဆို ထွက်သွားပါတယ် ၊ရွှီးဆို ပြန်ဝင်လာပါတယ် လေချွန်သံကစပြောပါတယ် မဟုတ်ဘူး ၊သူတို့ကို ငါမသိဘူး၊ ငါ့အမျိုးတွေမဟုတ်ဘူးတဲ့၊ မေးရမယ့်သူတွေကမမေးရသေးဘူး ။ ပါလာတဲ့ မခင်ခင်ဆိုသူဝိဥာဏ်က စပြီး သူမသိကြောင်းငြင်းဆိုပါတယ်။
လို့မေးလိုက်ပါတယ်။
Unicode Version
အချိန်က ၁၉၈၅ ကပါ ကျနော် ၁၀ နှစ်သားအရွယ်မှာပေါ့ ။ ကျနော့်အမေဟာ ကျနော် ၆ နှစ်သားမှာကွယ်လွန်သွားခဲ့ပါတယ် ။ကျနော့်ဦးကြီးက ဦးဆောင်ပြီးကျနော့်အမေဘယ်ဘဝ ရောက်သလဲ နတ်လေချွန်သွားမေးမယ်ဆိုပြီးသွားကြပါတယ် ။
နတ်လေချွန် ကသေဆုံးသွားသူတွေဘယ်ဘဝမှာရောက်နေလဲသိရတယ်ဆိုလို့ပါ ။မေးရတဲ့အချိန်ကလဲ မှောင်ရီပျိုးပြီးချိန်ည ၇ နာရီက စမေးရပါတယ် ။
ကျနော်တို့မေးစမ်းသွားရပါတယ် ညပိုင်းမှောင်ရီပျိုးစမှာပါ ရုပ်ရှင်သရဲကားတွေထဲမြင်ရတဲ့ နှစ်ဆောင်ပြိုင်အိမ်အမဲကြီးပါ မီးမှိန်မှိန်လေးထွန်းထားတော့ စိတ်ထဲစိုးတထိတ်ထိတ်ပါ ။အိမ်ပေါ်တက်လိုက်တော့ ဆံရစ်ဝိုင်းနဲ့မောင်နှမလေး ၂ ယောက်ကို တွေ့ရပါတယ် လေချွန်နတ် ခေါ်ပေးတဲ့အဖွားရဲ့မြေး ၂ ယောက်တဲ့ လေ
လာမေးသူတွေကအများသားပါ အလှည့်ကျ မေးရပါတယ် အိမ်ထဲက အခန်းကျယ်မှာ အမေကြီးတယောက်ပက်လက်ကုလားထိုင်နဲ့ထိုင်နေပါတယ် ။သူ့ရှေ့ ၂ ပေလောက်မှာ ကြိုးတန်းထားပါတယ် အထဲကိုမဝင်လာကြပါနဲ့တဲ့ ။မေးတဲ့သူတွေကကြိုးတားထားတဲ့အပြင်ဘက်မှာ နေရပါတယ် ။မေးချင်သူက သူ့ရှေ့သွားရပါတယ် အဲဒီအချိန်မှာ မီးမှတ်လိုက်ပါတယ် ။ရွှီ ဆိုတဲ့ အသံနဲ့ အခန်းထဲကို လေချွန်နတ်ဝင်လာပါတယ်ကျနော်တို့အရင်ရောက်သူနံပါတ်၁ မေးသူက အမျိုးသားပါ သူ့အမျိုးသမီးဆုံးတာ ရက်မလည်သေးဘူး ဘယ်မှာရှိလဲသိချင်ပါတယ်တဲ့ အဖွားက ဘယ်မြို့က သချိုင်းမှာ မြေမြုတ်ထားလဲမေးပါတယ် ကာယကံရှင်က ဘယ်မြို့မှာမြုတ်ထားတာ ဘယ်လောက်ကြာပြီပြောရပါတယိ ။အဖွားက သရဲကို ဘယ်မြို့ ကဘယ်သချိုင်း မှာ မြုတိထားတာ ဘယ်လောက်ကြာကြောင်း သရဲကို ထပ်ပြောပါတယ် ။
ရွှီကနဲအသံဝေးဝေးသွားပါတယ် သဘောက သရဲကသွားခေါ်တယ်ပေါ့ ။သရဲထွက်သွားချိန် မီးပြန်ဖွင့်ပါတယိ စကားတွေဘာတွေပြောကြပေါ့ ။ခဏအကြာ အဝေးကလေချွန်သံသဲ့သဲ့လေးကြားရပါတယ် အဲဒီအချိန်မီးကိုမှိတ်လိုက်ပါတယ် လာပြီပေါ့ လေချွန်သံဟာနီးလာပြီး ပိုကျယ်လာပါတယ် စပါပြီ သရဲက လေချွန်သံနဲ့စကားပြောပါတယ် ။ကိုမြင့်သိန်းရေ ရှင့်ကိုကျမ လွမ်းလိုက်ရတာလေ ရှင်လဲ ကျမကိုသတိရလို့ငိုနေတာမြင်နေရတယ် ကလေးကိုလဲ ဂရုစိုက်ပါနော် ရှင်ငေးနေလို့မနေ့ကကလေးပုခက်ထဲကပြုတ်ကျတော့မလို့ ဟု လေချွန်သံဖြင့် ပြောပါတယ် ။
လေချွန်ပြောနေသော်လည်း ကြားရသူတွေနားလည်ပါတယ် ။ မရှင်းပါက အဖွားမှစကားပြန်လုပ်ပေးပါသည် လာမေးသော သူမှာ ကိုမြင့်သိန်းဖြစ်ကြောင် လေချွန်သူရဲပြောမှသိကြပါတယ် ။ ကိုမြင့်သိန်းဆိုသူ က တစ်ရှုံ့ရှုံ့ ငိုနေပါတယ် ။ အဖွားမှ ဘာမေးမလဲဟုမေးရာ ငိုနေရင်းက မိန်းမရေ မင်းဘာလို့သေတာတုန်းလို့မေးရာ သူရဲမှလေချွန်ရငိး ဆေးထိုးမှားလို့ လို.ပြန်ပြောပါတယ် ။ြ ပန်မယ်ကိုမြင့်သိန်းရေ သားလေးကိုသေချာဂရုစိုက်နော်ဟုပြောပြီး ရွှီးဟုအသံဝေးဝေး သွားပါတယ် ။ မီးဖွင့်လိုက်ပြီးအဖွားမှ နောက်တယောက်ဟု ပြောလိုက်ရာ ကိုမြင့်သိန်းဆိုသူမှာ မျက်ရည်များတရွဲရွဲဖြငိ့တွေ့မြင်ရပါတယ်။
မေးရမည့်အလှည့်ရောက်သူ က အဖွားရှေ့တည့်တည့်သို့သွားထိုင် ရပါတယ် ။အဖွားက မီးမှိတ်လိုက်ပြီး ဘယ်သူ့မေးမလဲ ဟု ပြောရာ မေးမြန်းသူမှ သူ့အကိုနာမည် ၄၈ နှစ် မြစ်ကြီးနားသုသန် တွင် မြုတ်ထားတာ ၈ နှစ်ရှိပါ ကြောင်းပြောရာ အဖွားမှသူ့တပည့်သရဲကို ကိုမောင်အေး သေချိန်အသက် ၄၈ မြစ်ကြီးနားသုသန် သေတာ ၈ နှစ်ရှိပြီဟုပြောလိုက်ပါတယ် ။
အဲဒီအချိန်မေးသူက မှားသွားလို့ပါ ၁၀ နှစ်ရှိပါပြီလို့လှမ်းထောက်လိုက်ပါတယ် ။သရဲက စတင်ထွက်ခွာမလို့ ရွှီးလို့စအထွက်တပြိုင်ထဲအချိန်ပါ ။အဖွားက ဟဲ့ကောင်နေအုံး သေတာ ၁၀ နှစ်ခန့်ရှိပြီတဲ့ ဟုထပ်ပြောလိုက်ပါတယ် ။ရွှီ လေချွန်သံ ခေတ္တရပ်သွားလို့အစပြုထွက်ခွာမယ့်သရဲကရပ်သွားတယ် ၊သဘောက သူပြေးပြီးသေ သူကိုခေါ်မယ့်အချိန် သူ့သခင်က နေအုံးလို့ဆိုပြီး အမိန့်ထပ်ပေးတာ ကို စောင့်ပြီးနာခံတဲ့သဘောပါဘဲ ။ ပြီးတော့မှရွှီးဆိုပြီးလေချွန်သံဟာအဝေးကို ပြေးထွက်သွားပါတယ် ။
သရဲက သွားခေါ်နေချိန် မီးပြန်ဖွင့်ပါတယ် အဖွားက ကုလားထိုင်လေးပေါ် ထိုင်နေလျက်ပါဘဲ မေးမြန်းသူက သူ့အရှေ့ တားထားတဲ့ ကြိုးရဲ့အပြင်ဘက်မှာ သူနဲ့ပါတဲ့အဖော်တွေနဲ့စကားပြောနေပါတယ် ။ ကျန်သူတွေလဲ ကိုယ့်အလှည့်ကျဘာမေးရမလဲဆွေးနွေးနေကြပါတယ်။
ရွှီ ရွှီ လေချွန်သံသဲ့သဲ့လေးကြားရပါတယ် ၊လာပြီလာပြီ မီးပိတ်မီးပိတ် ဟုအဖွားမှပြောပါတယ် ။မီးမှိတ်လို့မှောင်သွားတော့ ရွှီးဆိုအသံပိုကျယ်လာကာ သရဲအခန်းထဲရောက်ရှိလာကြောင်း သိလိုက်ရပါတယ် ။ခေါ်ယူလာသည့်ဝိဉာဏ်မှ ညီလေးရေ မင်းတို့အဆင်ပြေကြလား ငါသေလို့သေမှန်းမသိဘဲလျောက်သွားနေတာနှစ်တွေအကြာကြီး မင်းတို့ ဆွမ်းသွပ်အမျှပေးတာလဲလငါမသိဘူး ခုတော့ ငါအိမ်နောက်ကမန်ကျဉ်းပင်ပေါ်မှာနေနေရတယ် ၊ငါမသေခင် ငါ့ရွှေတွေ မန်ကျဉ်းပင်ရဲ့ အောက် အိမ်ရဲ့မြောက်ဘက် မှာတူးပြီးမြုတ်ထားတာ မင်းတို့ဖော်ယူပြီး ငါ့အတွက်လဲအမျှပေးပါ မင်းတို့လဲသုံးစွဲပါ ငါလဲကျွတ်ချင်ပြီကွာလို့ ပြောပါတယ်။
အဲလိုပြောနေတာက လေချွန်ပြီးပြောနေတာပါ သို့ပေမယ့်သရဲကပြောနေတာကိုနားလည်နေပါတယ်၊ညီဖြစ်သူမှလည်းဝမ်းနည်းပူဆွေးကာ စိတ်ချအကိုကြီးကျနော်အကိုကြီးအတွက် ကုသိုလ်လုပ်ပေးပါ့မယ် လို့ကြွေကွဲစွာပြောပါတယ်၊အေးအေးကောင်းပြီ ငါသွားတော့မယ် ဆိုကာ ရွှီးဆိုပြီးထွက်သွားပါတယ် ။
နောက်တယောက်အလှည့် ပါ သေ သူမခင်ခင် အသက် ၃၅ ရန်ကုန်ကြံတော မှာမြုတ်ထားတာ ၃ နှစ် သူရဲက ရွှီးဆို ထွက်သွားပါတယ် ၊ရွှီးဆို ပြန်ဝင်လာပါတယ် လေချွန်သံကစပြောပါတယ် မဟုတ်ဘူး ၊သူတို့ကို ငါမသိဘူး၊ ငါ့အမျိုးတွေမဟုတ်ဘူးတဲ့၊ မေးရမယ့်သူတွေကမမေးရသေးဘူး ။ ပါလာတဲ့ မခင်ခင်ဆိုသူဝိဉာဏ်က စပြီး သူမသိကြောင်းငြင်းဆိုပါတယ်။
အဖွားက ဒါဆိုနာမည်တူ ပြီးမှားလာပြီ နောက်ထပ်အဲဒီနှစ်ကသေတဲ့ မခင်ခင် ကိုသွားပြန်ခေါ်ခဲ့ လို့အမိန့်ပေးလိုက်ရာ လေချွန်သံရွှီးဆို ပြန်ထွက်သွားပါတယ် ။
ခဏအကြာရွှီးဆိုပြီး ဟဲ့ မောင်ထွန်းဦး ငါ့တူမလေးကို ဘာလို့မခေါ်လာသလဲ အိမကို ငါအရမ်းပြောချင်နေတာ သူ့နဲ့ကြိုက်နေတဲ့ငရဲကို အကျင့်မကောင်းလို့ မဖြစ်စေချင်ဘူးလို့ပြောလိုက်နော် ။ ငါမရှိပေမယ့် သန်လျှင်က ဘုန်းကြီးကျောင်းမှာ ပဌာန်းပွဲ ဝတ်မပျက်စေနဲ့နော် စတာတွေပြောကြမေးကြ နဲ့ပေါ့။
ကျနော်သတိထားမိတာက သေ သူကို သွားခေါ်တဲ့သရဲဟာ သေ ဆုံးသူမြုတ်ထားတဲ့ဒေသ နီးရင်နီးသလို ဝေးရင်လဲဝေးသလို အချိန်အနည်းငယ်ကြာပါသည် ။ သေဆုံး သူကိုသွားခေါ်တဲ့သူရဲမှာလဲ သက်ဆိုင်ရာ သချိၤင်းရဲ့အုပ်ချုပ်ရေးမှူးဆီမှာ စာရင်းပြုထားသူထဲကရွေးချယ်ခေါ်ယူရပုံပေါ်ပါတယ်။သေဆုံးသူ နာမည်တူ နှစ်တူ မို့ လူမှားခေါ်လာမိတာတွေ့ရပါတယ်။( သေချာတာကတော့ သချိၤုင်းများတွင်လဲ သေ သူ မကျွတ်လွတ်၊ အနိမ့်ဘုံ ခံစား ၊ကျွတ်လွတ်၊လူဝင်စားစာရင်းရှိကြပါလိမ့်မည်။စကားချပ်)
နောက်တယောက် ဟုအဖွားက ခေါ်လိုက်ပါတယ် ။
ကျနော်တို့မေးရန်အလှည့်ပါ ၊ကျနော့်ဦးလေးမှ မင်းအမေ မင်းမေးလို့ ကျနော့်ကိုမေးခိုင်းပါတယ် ၊ခြေဖျားလက်ဖျားများအေးစက်လာပါတယ် ငါ့အမေနဲ့စကားပြောရတော့မှာပါလား အမေနဲ့ပြောရင် ငါရော ငိုမိမှာလား အတင်းပြေးဖက်လိုက်ရမလား ဇဝေဇဝါနဲ့ပါ ၊ 
သေ သူ ဒေါ်တင်ကြည် အသက် ၄၈ နှစ် ပျဉ်းမနားအောင်မင်္ဂလာသချိုင်းမှာ မြုတ်ထားတာ ၄ နှစ်ရှိပါပြီ
လို့မေးလိုက်ပါတယ်။
သရဲက ကိုယ့်နားလာနားထောင်နေတယ်လို့ စိတ်က ထင်နေမိပါတယ် ၊ရွှီးကနဲ့ထွက်ခွာသွားတာက ဘေးနားကဖြတ်သွားလိုက်သလိုပါဘဲ။ကြောက်လဲကြောက်ဇောချွေးတွေလဲပြန်လာပါတယ် ၊ရွှီးဆို ပြီးသူရဲကပြန်ဝင်လာပါတယ် ကိုယ့်ဘေးနားလာရပ်သလိုလို ပြန်ဝင်လာပြီး ကိုယ့်နားမှာအရှိန်သတ်ရပ်လိုက်လို့ လေတိုးဝှေ့သလိုခံစားလိုက်ရပါတယ်။အမေငါ့ကိုဘာပြောမလဲပေါ့ ပါးစပ်ကပိတ်စိနေပြီး ဘာပြောရမယ်မသိတော့ပါ ကိုယ့်အလှည့် နဖူးတွေ့ဒူးတွေ့. ရင်ဆိုင်ရပါပြီ။
ဒေါ်တင်ကြည် မရှိတော့ပါဘူး လူဝင်စားဖြစ်သွားပါပြီ
လို့ပြောပါတယ် ။ ဘယ်မှာလဲ ဘယ်သူ့ဆီမှာလဲ ဘေးက ကျနော့်ဦးလေးမှ မေးပါတယ် ၊ရန်ကုန်က ကိုဇော်မင်း (ကျနော့်အကို ဝမ်းကွဲ ဦးလေးရဲ့သား) ဆီမှာသရဲက လေချွန်ဖြေပါတယ် ၊ဘာလေးလဲ ၊မိန်းကလေး ၊နာမည်ဘယ်လိုခေါ်လဲ ဇွန်ပွင့် ဇွန်ပွင့် ရွှီး ဆို ပြန်ထွက်သွားပါတယ်။
ကျနော်တို့အလှည့်ပြီးတော့နောက်လူတွေဆက်မေးကြပါတယ်။ ကျနော်တို့အပြန်မှာ အံသြခြင်းတွေနဲ့ပါ အကိုဝမ်းကွဲဆီမှာ ကျနော့်အမေလူဝင်စားတယ်လေ ၊
အကိုကလည်း သူ့ကြီးကြီးကသူနဲ့လာနေမယ် လို့ အိမ်မက်ပေးကြောင်း လာနေပါကြီးကြီးလို့ခေါ်လိုက်တာ သူ့မိန်းမမှာ ကိုယ်ဝန်ရှိလာကြောင်း သမီးလေးဘဲမွေးဖွားလာပြီး နာမည်ကို ချစ်စနိုး ဇွန်ပွင့် လို့ပေးထားတာပါ၊
နတ်လေချွန်က အဲဒါတွေ ဘယ်လိုသိသလဲပေါ့ ၊ ကျနော်တို့အမျိုးတွေ ပြောစရာစကားပေါင်းများစွာနဲ့ အကို့ဆီမှာ လူဝင်စားတာကျနော့်အမေဖြစ်တာ မှန်ကြောင်းပြောရင်းပြန်ခဲ့ကြပါတယ်။
ဒီလောက်လေးတိုက်ဆိုင်တာနဲ့ယုံသလားမေးစရာရှိပါတယ် ။ကျနော့်ဦးလေးကအယုံအကြည်မရှိသူပါ
၈၈၈၈ အရေးအခင်းအပြီး ကျနော့်ဦးလေးက AE ရာထူးနှင့် ဝန်ထမ်းများအပြောင်းအရွှေ့လုပ်ကြရပါတယ်၊ပေါင်းတည်မြို့ဆောက်လုပ်ရေးရုံးကိုဝါးခယ်မမြို့ကပြောင်းလာခဲ့ရပါတယ်။ကျနော်တို့ပေါင်းတည်ရောက်ပြီး ၁ နှစ်လောက်အကြာ ၁၉၉၀ မှာ နောက်တကြိမ် မကြေပွဲ သွားမေးကြပါတယ် ။
၅ နှစ်ကြာပြီး အမေ့ကိုသွားမေးကြတာပါ၊ သရဲက ရွှီးလို့ အသံပေးပြီးဝင်လာပါတယ် မရှိတော့ဘူး လူဝင်စားဖြစ်သွားပြီ၊ ဘယ်မှာလဲ ဘယ်သူ့ဆီမှာလဲ ၊ကိုဇော်မင်းဆီမှာ ၊ဘာလေးလဲ ၊မိန်းကလေး ၊ နာမည်က ဘယ်သူလဲ ၊ဇွန်ပွင့် ဇွန်ပွင့်။
နောက် ၅ နှစ်ကြာပြီးလဲ နတ်လေချွန်ရဲ့ဖြေကြားမှူက ယခင်အတိုင်းပါဘဲ ။အထူးခြားဆုံးက ပထမတကြိမ်တုန်းကလို တူတဲ့အပြင် ကလေးနာမည်ကို ဇွန်ပွင့် ဇွန်ပွင့်လို့ ၂ ကြိမ်ထပ်ဖြေပေးတာလဲ မေးတဲ့ ၂ ခေါက်လုံး တူနေတာပါ။
ကျနော့်အမေလူဝင်စားတဲ့ ဇွန်ပွင့်လေးဟာ ခုအသက်၃၀ ကျော် ရှိနေပါပြီ။ သူကတော့ အရင်ဘဝကိုမမှတ်မိပါဘူး ၊ကျနော်တို့ရဲ့ နတ်လေချွန်သွားရောက်မေးမြန်းမှုက သိလာရတာပါ။
ေရးသားသူ - သက္နိုင္စိုး
Sunday, July 7, 2019
Myanmar’s temple city Bagan awarded UNESCO World Heritage status & Bagan History
Myanmar’s temple city Bagan awarded UNESCO World Heritage status
By Simon Lewis
YANGON (Reuters) - UNESCO inscribed Myanmar’s ancient capital of Bagan as a World Heritage Site on Saturday, nearly a quarter of a century after the complex of Buddhist temples was first nominated for listing.
The decision recognizes the importance of the central Myanmar site – which includes more than 3,500 stupas, temples, monasteries and other structures built between the 11th and 13th centuries – and will likely be a boon to Myanmar’s tourist industry.
The Myanmar proposal to list the site was approved at a meeting of the U.N.’s cultural body in Baku, Azerbaijan.
The International Council on Monuments and Sites recommended the listing, noting that Myanmar had adopted a new heritage law and had formed plans to reduce the impact of hotels and tourism developments around the temple.
Myanmar had reversed some “inappropriate conservation interventions,” the body said, noting that Bagan was important for its historical significance and as a place of continuing Buddhist worship.
Bagan was first nominated as a World Heritage Site in 1995, but the military junta that ruled the country at the time was accused of ignoring experts’ advice on restoration efforts and the nomination was rejected.
Earthquakes have also damaged the ancient structures, most recently in 2016 when nearly 200 temples were damaged by a 6.8 magnitude quake.
Myanmar has renewed efforts to list the site since a transition from military rule began in 2011.
“Bagan is living heritage, having endured all forms of challenges for more than a thousand years,” said Myanmar diplomat Kyaw Zeya, speaking on behalf of the Myanmar delegation at the Baku meeting.
“Today we are celebrating the joyous moment of the successful inscription of Bagan in the World Heritage List. Afterwards we will continue our efforts on conservation and management of Bagan so that this treasured heritage will remain for another thousand years.”
History of Bagan
Bagan (Burmese: ပုဂံ; MLCTS: pu.gam, IPA: [bəɡàɴ]; formerly Pagan) is a UNESCO World-Heritage-Listed ancient city located in the Mandalay Region of Myanmar. From the 9th to 13th centuries, the city was the capital of the Pagan Kingdom, the first kingdom that unified the regions that would later constitute modern Myanmar. During the kingdom's height between the 11th and 13th centuries, over 10,000 Buddhist temples, pagodas and monasteries were constructed in the Bagan plains alone, of which the remains of over 2,200 temples and pagodas still survive to the present day.
The Bagan Archaeological Zone is a main attraction for the country's nascent tourism industry. It is seen by many as equal in attraction to Angkor Wat in Cambodia.
Bagan is the present-day standard Burmese pronunciation of the Burmese word Pugan (ပုဂံ), derived from Old Burmese Pukam (ပုကမ်). Its classical Pali name is Arimaddanapura (အရိမဒ္ဒနာပူရ, lit. "the City that Tramples on Enemies"). Its other names in Pali are in reference to its extreme dry zone climate: Tattadesa (တတ္တဒေသ, "parched land"), and Tampadīpa (တမ္ပဒီပ, "bronzed country").[2] The Burmese chronicles also report other classical names of Thiri Pyissaya (သီရိပစ္စယာ; Pali: Siripaccaya) and Tampawaddy (တမ္ပဝတီ; Pali: Tampavatī)
9th to 13th centuries
According to the Burmese chronicles, Bagan was founded in the second century AD, and fortified in 849 AD by King Pyinbya, 34th successor of the founder of early Bagan. Mainstream scholarship however holds that Bagan was founded in the mid-to-late 9th century by the Mranma (Burmans), who had recently entered the Irrawaddy valley from the Nanzhao Kingdom. It was among several competing Pyu city-states until the late 10th century when the Burman settlement grew in authority and grandeur.
From 1044 to 1287, Bagan was the capital as well as the political, economic and cultural nerve center of the Pagan Empire. Over the course of 250 years, Bagan's rulers and their wealthy subjects constructed over 10,000 religious monuments (approximately 1000 stupas, 10,000 small temples and 3000 monasteries)[6] in an area of 104 square kilometres (40 sq mi) in the Bagan plains. The prosperous city grew in size and grandeur, and became a cosmopolitan center for religious and secular studies, specializing in Pali scholarship in grammar and philosophical-psychological (abhidhamma) studies as well as works in a variety of languages on prosody, phonology, grammar, astrology, alchemy, medicine, and legal studies. The city attracted monks and students from as far as India, Sri Lanka and the Khmer Empire.
The culture of Bagan was dominated by religion. The religion of Bagan was fluid, syncretic and by later standards, unorthodox. It was largely a continuation of religious trends in the Pyu era where Theravada Buddhism co-existed with Mahayana Buddhism, Tantric Buddhism, various Hindu (Saivite, and Vaishana) schools as well as native animist (nat) traditions. While the royal patronage of Theravada Buddhism since the mid-11th century had enabled the Buddhist school to gradually gain primacy, other traditions continued to thrive throughout the Pagan period to degrees later unseen.
The Pagan Empire collapsed in 1287 due to repeated Mongol invasions (1277–1301). Recent research shows that Mongol armies may not have reached Bagan itself, and that even if they did, the damage they inflicted was probably minimal. However, the damage had already been done. The city, once home to some 50,000 to 200,000 people, had been reduced to a small town, never to regain its preeminence. The city formally ceased to be the capital of Burma in December 1297 when the Myinsaing Kingdom became the new power in Upper Burma.
14th to 19th centuries
Bagan survived into the 15th century as a human settlement, and as a pilgrimage destination throughout the imperial period. A smaller number of "new and impressive" religious monuments still went up to the mid-15th century but afterward, new temple constructions slowed to a trickle with fewer than 200 temples built between the 15th and 20th centuries.[6] The old capital remained a pilgrimage destination but pilgrimage was focused only on "a score or so" most prominent temples out of the thousands such as the Ananda, the Shwezigon, the Sulamani, the Htilominlo, the Dhammayazika, and a few other temples along an ancient road. The rest—thousands of less famous, out-of-the-way temples—fell into disrepair, and most did not survive the test of time.
For the few dozen temples that were regularly patronized, the continued patronage meant regular upkeep as well as architectural additions donated by the devotees. Many temples were repainted with new frescoes on top of their original Pagan era ones, or fitted with new Buddha statutes. Then came a series of state-sponsored "systematic" renovations in the Konbaung period (1752–1885), which by and large were not true to the original designs—some finished with "a rude plastered surface, scratched without taste, art or result". The interiors of some temples were also whitewashed, such as the Thatbyinnyu and the Ananda. Many painted inscriptions and even murals were added in this period.
20th century to present
Bagan, located in an active earthquake zone, had suffered from many earthquakes over the ages, with over 400 recorded earthquakes between 1904 and 1975. A major earthquake occurred on 8 July 1975, reaching 8 MM in Bagan and Myinkaba, and 7 MM in Nyaung-U. The quake damaged many temples, in many cases, such as the Bupaya, severely and irreparably. Today, 2229 temples and pagodas remain.
Many of these damaged pagodas underwent restorations in the 1990s by the military government, which sought to make Bagan an international tourist destination. However, the restoration efforts instead drew widespread condemnation from art historians and preservationists worldwide. Critics are aghast that the restorations paid little attention to original architectural styles, and used modern materials, and that the government has also established a golf course, a paved highway, and built a 61-meter (200-foot) watchtower. Although the government believed that the ancient capital's hundreds of (unrestored) temples and large corpus of stone inscriptions were more than sufficient to win the designation of UNESCO World Heritage Site,[16] the city has not been so designated, allegedly mainly on account of the restorations.
Bagan today is a main tourist destination in the country's nascent tourism industry, which has long been the target of various boycott campaigns. The majority of over 300,000 international tourists to the country in 2011 are believed to have also visited Bagan.[citation needed] Several Burmese publications note that the city's small tourism infrastructure will have to expand rapidly even to meet a modest pickup in tourism in the following years.
On 24 August 2016, a major earthquake hit central Burma and again did major damage in Bagan; this time almost 400 temples were destroyed. The Sulamani and Myauk Guni (North Guni) were severely damaged. The Bagan Archaeological Department has started a survey and reconstruction effort with the help of UNESCO experts. Visitors are prohibited from entering 33 damaged temples.
News Original Link ; https://www.reuters.com/…/myanmars-temple-city-bagan-awarde…
History by Wikipedia
Photo from Aye Thaung FB