Friday, January 16, 2015

သင်္ဂဟ မေတ္တာ အလှု ဒါန - ၀ါးခယ်မ စတင်ဖွဲ.တည်ခြင်း


2014 - 8 - 28 ရက်နေ.တွင်ပထမဆုံးအကြိမ် ကျင်းပသော အဖွဲ.  ဖွဲ.စည်းနိုင်ရေး ညှို နှိုင်း ပွဲ


( ၁ ) မြို.နယ် လူမှုဖွံ.ဖြိုးရေးလိုအပ်ချက်များအား ပါဝင်ဖြည်.ဆည်းရန် ( ၂ ) လှုဒါန်းငွေအားလုံး ရည်မှန်းသော အသိုက်အ၀န်းထံအတိအကျရောက်ရှိစေရန် ( ၃ ) လစဉ်လှုဒါန်းခြင်းဖြင်. ရေရှည်တွင် မြို.နယ် အတွင်းလူမှုဖွံ.ဖြိုးရေးများ ပြည်.စုံလာစေ၇န် ( ၄ ) ပမာဏနည်းပါးသော်လည်း စုစည်းမှုအားနည်းသော ရွာများအဖို.ငှာ ယခုလှုဒါန်းမှုကြောင်. လူမှုအထောက်အကူအပြင် ကျေးရွာသားတို.စိတ်ဓါတ်ခွန်အား မြင်.မားလာစေ၇န် ( ၅ ) ပွင်းလင်းမြင်သာသော လစဉ်အလှုများကြောင်. ၀ါးခယ်မသားတို.၏ အစဉ်အလာကောင်းကိုပြနိုင်မည်.အပြင် အများပြည်သူတို.၏ ပါဝင်လှုဒါန်းလိုစိတ် နှင်. အကျိုးပြုလိုစိတ်များ ပွားများလာရေးအထောက်အကူပြု နိုင်စေရန်

ဟူသောရည်ရွယ်ချက်ဖြင်. သင်္ဂဟ မေတ္တာ အလှု ဒါန - ၀ါးခယ်မ အား မူလ တည်ထောင်သူ ( ၂၀ ) ဦး ၊ထပ်မံ အဆိုပြု ပူးပေါင်းသူ ( ၃ ) ဦး စုစုပေါင်း ၂၃ ဦး ဖြင်. ၂၀၁၄ ဒီဇင်ဘာ ၂၁ ရက်နေ. မနက် တွင် စတင်ဖွဲ.တည်ခဲ့ပါသည် ။ 
ထို ၂၃ ဦးမှာ


1.   ဦးအံ.ကျော်

2.   ဦးအောင်သန်း

3.   ဦးသန်းဋ္ဌေး

4.   ဦးရဲမောင်

5.   ဦးလှမော်

6.   ဦးဘစီ

7.   ဒေါက်တာ ခင်မောင်ကြိုင်

8.   ကိုကြည်ဇင်

9.   ကိုအောင်ဆွေမြင်.

10.        ကိုအောင်ကြီး

11.        ကိုမင်းထွဋ်အောင်

12.        ကိုဇော်မင်းလွင်

13.        ဒေါ်ဝင်းတင်.

14.        ဒေါ်ခင်ဆွေရီ

15.        ဒေါ်ခင်မိမိ

16.        ဒေါ်ခင်အေးမူ

17.        ဒေါ်ဋ္ဌေးယုမေ

18.        ဒေါ်သန္တာအေး

19.        ဒေါက်တာအေးအေးမြင်.

20.        ဒေါ်ဆွေဆွေသင်း

21.        ဒေါ်ဖြူနွယ်ဝင်း

22.        ဒေါ်ခင်ငြိမ်းရီ

23.        ဒေါ်နီလာတင် တို.ဖြစ်ပါသည် ။

ဦးနု စာကြည်.တိုက် က Mini - E Library ( သို. ) Public Digital Library Service - PDLS






ဝါးခယ်မ မြို. တွင် Digital Communication စနစ်များ အဆင်.မှီသုံးစွဲနိုင်ရေးအတွက် IT Group ( Ygn / WKA ) များမှစီစဉ်လျှက်ရှိရာ Digital E - Library တစ်ခုဖွင်.လှစ်နိုင်ရေးအထိ ရည်ရွယ်ထားပါသည် ။

ထိုစနစ်အတွက် ရှေ.ပြေးအဖြစ် လတ်တလော တပ်ဆင်ရန်လည်း လွယ်ကူပြီး User များ အလွယ်တကူအသုံးပြုနိုင်မည်. Public Digital Library Service ကို တပ်ဆင်ခဲ့ပါသည် ။ ဦးနုစာကြည်.တိုက်အတွင်း ထိုစနစ်တပ်ဆင်ထားပြီး အတားအဆီး မရှိပါက i Pad , Tablet , Android Phone , Net Book , Note Book , Laptop စသည်တို.ဖြင်. မီတာ ၆၅၀ ပတ်လည်အတွင်း ဖမ်းယူဖတ်ရှုနိုင်မည်ဖြစ်ပါသည် ။

ထို PDLS စနစ်အတွင်း စာအုပ်ပေါင်း ၆၁၀၀ ခန်.ထည်.သွင်းထားပြီး ဖတ်ရှုရုံသာ ခွင်.ပြုသော စာအုပ် ၊ Download လုပ်ခွင်.ပါပေးသော စာအုပ်ဟူ၍ပါရှိပြီး အတတ်ပညာ / သုတ / ရသ စာပေပေါင်းစုံ ပါဝင်ကာ ၂၀၀၅ ဒီဇင်ဘာမတိုင်ခင် ထုတ်ဝေသော စာအုပ်များဖြစ်သည်ဟု သိရပါသည် ။ ဦးနုစာကြည်.တိုက်တွင် ထိုစနစ်ကို ၂၀၁၄ အောက်တိုဘာ ပထမပတ်ကပင်လျှင် စတင်တပ်ဆင်ထားခဲ့ပြီးဖြစ်ပါသည် ။ နောက်ပိုင်းတွင် စာကြည်.တိုက်အောက်ထပ် စာဖတ်ရာနေရာတွင်ပါ ကွန်ပြူတာ အချို.တပ်ဆင်ပြီး လာရောက်သူများ ဖတ်ရှုနိုင်ရန် စီစဉ်နေသည်ဟု သိရပါသည် ။ ထို PDLS စနစ်ကိုပြန်ကြားရေးဝန်ကြီးဌာန မှ ပြန် / ဆက် စာကြည်.တိုက်များတွင် တပ်ဆင်ရန် အတွက်အဓိကရည်ရွယ်ပြီး ပြင်ပစာကြည်.တိုက်များ ၊ တက္ကသိုလ်များ ၊ Public Area များအတွက်လည်း စီမံရောင်းချပေးနေခြင်းဖြစ်သည် ။ ၀ါးခယ်မအတွက်ကိုမူ IT Group ၏ Leader ဦးသန်းဌေး ၏ ကြိုးပမ်းစီစဉ်မှုဖြင်. ၂၀၁၄ စက်တင်ဘာ ၁၇ ရက် နေ.တွင် တရားဝင် ၀ယ်ယူခွင်.ရရှိခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန သို. ၂၆၀ ၀၀၀ ကျပ်ပေးသွင်းခဲ့ရသည်ဟု သိရပါသည် ။
 အသုံးပြုပုံအနေဖြင်. မိမိ၏ ( i Pad , Tablet , Android Phone , Net Book , Note Book , Laptop မဆို ) မည်သည်. Divice ဖြစ်စေ Wi- Fi ဖွင်.ပါ ။ ထို Wi – Fi ဖွင်.ပြီး ရလာသော Hotspot များအနက် moi – pdls.net ဟူသော hotspot နှင်. ချိတ်ဆက်ပါ ။ Browser address bar တွင် http://moi-pdls.net/ ကိုရိုက်ပါ ။ Chrome နှင့် firefox browser များပိုမိုသင့်တော်ပြီး Library Pageပွင့်လာပါမည်။ထိုအခါMenuတွင်အလိုရှိသောစာအုပ်ကိုရွေးချယ်ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

ဆက်စပ်ဖတ်ရှု ရန်

 IT Group ( Ygn ) & IT Group ( WKA ) ဖွဲ.တည်ခြင်းနှင်. ရည်ရွယ် လုပ်ဆောင်မှုများ

Wednesday, January 14, 2015

ထူးအယ်လင်း ရဲ. နောက်ဆုံးချစ်သူ



ရင်ခုန်မှုဖြင့် အချစ်များ စွာရှိနေသည့် အဆိုတော် ထူးအယ်လင်းက အွန်လိုင်းပေါ်တွင် ပရိသတ်များ စိတ်ဝင် စားနေသည့် အချစ်ရေးနှင့် ပတ်သက်ပြီးဖြေ ကြားခဲ့ရာ၌ ၎င်းသည် နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၇ ရက်က မဇ္ဈိမကို ပွင့်လင်းစွာပြောသည်။

“ကျွန်တော် အခုနောက် ဆုံးအချစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ကျွန်တော့်ကောင် မလေးက ဘုရားကျောင်းမှာ သူ့မိသားစုနဲ့ အတူနေ ပါတယ်။ အရမ်းအေးဆေး  ပြီးဘာသာတရား ကိုင်းရှိုင်းတဲ့ မိန်းကလေးပါ။ သူ့လိုမျိုး မိန်းကလေးက ကျွန်တော့်လို လူမျိုး နဲ့တွေ့တာ အရမ်းကံဆိုး တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အတွက်  ကတော့နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။

ထူးအယ်လင်း၏ လက်ရှိချစ်သူသည် ချင်းတိုင်းရင်းသူ နူးနူးမန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော် အချစ်စစ်ကိုရှာဖွေ မတွေ့ရှိသေးလို့ အချစ်ကိုတစ် ကနေပြန်ပြန်စနေ တာပါ။ အခုတော့ တစ်ကနေ ဂဏန်း ဆုံးအောင် ရေတွက်နိုင်တော့ မယ်ထင် ပါတယ်။ ကျွန်တော် တို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာ တစ်နှစ်ကျော် ပါပြီ”ဟု ၎င်း ကပြောသည်။

ထူးအယ်လင်းသည် မီးမီးခဲနှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီးနောက်တွင် စိတ်သဘောထားချင်း မတိုက်ဆိုင် ခြင်းကြောင့် ကွာရှင်းခဲ့ကြပြီး အဆိုတော်မော်ဒယ် လ် အဖြစ်ရပ် တည်နေသည့် ကယားတိုင်း ရင်းသူ ကယ်ရို လိုင်းနှင့် ချစ်ကြိုက် ခဲ့ကြသည်။ ယင်းနောက်တွင် ၂၀၁၄ ခုနှစ် အတွင်း၌ အဆင် မပြေဖြစ် ခဲ့ကြ ပြီးနောက် လက်တွဲဖြုတ်ခဲ့ကာ ချင်းတိုင်းရင်းသူ နူးနူးမန်နှင့် ချစ်ကြိုက်ခဲ့သည်ဟု ထူးအယ်လင်းက ဆိုသည်။

ထူးအယ်လင်းသည် အိန်ဂျယ်တယော တစ်ကိုယ်တော်စီးရီးကို ၂၀၀၃ ခုနှစ်က ထုတ်ဝေဖြန့်ချိရာတွင် ပရိ သတ်အားပေးမှုရရှိပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လအတွင်း၌  Myanmar Music Store မှ ၎င်း၏ညီ ကိုယ်တိုင်ရေးသားထားသည့် “မညာနဲ့” သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖြန့် ချိခဲ့သည်။

ယင်းအပြင် တေးရေး ဖိုးတုရေးသားသည့် “အချစ်လို့ခေါ်သလား” သီချင်းသည်လည်း အောင်မြင်ခဲ့ကာ ယနေ့အချိန်ထိ ပရိသတ်များ အားပေးဆဲဖြစ်သည်။

Written by  မြင့်မြင့်စိုး  @ Mizzima Daily
Original Link ; http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/36569-2015-01-08-06-41-28

ဆက်စပ်ဖတ်ရှု ရန်

 *  မီးမီးခဲ ထူးအယ်လင်း ကယ်ရိုလင်း တို.ရဲ.သုံးပွင်.ဆိုင် 

Tuesday, January 6, 2015

မောင်ချောနွယ် ထုဆစ်တဲ့ ရေထဲမြို. - ၀ါးခယ်မ

ရေထဲမြို.



ဟောဒီမှာ မြို.လေးတစ်မြို.လေ
ကဗျာဆရာ မာလာမေ မြင်မသွားဘူးတဲ့မြို.
မြို.လေးတစ်မြို.လေ …..


 သူ.လယ်ကွင်းရင်ဘတ်ထဲမှာက သော်ကဘုရားရယ်
သူ.နှလုံးသားရင်ဘတ်ထဲ…
ဝင်ဝင်ခွေ.တတ်တဲ့ မြောက်ပြန်လေရယ်
အဲ့ဒီမြောက်ပြန်လေက ပွေ.ပွေ.လာတဲ့
စပါးပင်ပျိုးကလေးရဲ. ကိုယ်နံ.လေးရယ်
လမုပင်အုပ်ကလေးနဲ. ချစ်ကြိုးသွယ်နေသူ
သရွတ်သွပ်ချောင်းကလေးရယ်
အရက်မမူးသူ အရက်ချက်စက်ရုံကလေးရယ်
ဇာတ်ပွဲကသလို ကပြနေသူ ဆန်စက်ကလေးတွေရယ်
ဘ၀၀မ်းစာ ဖွေရှာမောသူ  လှေမျောလေးတွေရယ်
မွှေးရနံ. ကန်ထရိုက်တာ သနပ်ခါးစက်ရုံကလေးရယ်
ဟော… ကြာဆန်စက်ရုံကလေးကလည်း ရပ်ရှိလို.
စပါးရယ် ၊ ရွှေရယ် ၊ ငါးရယ် ၊ ကြာဆန်ရယ်
သနပ်ခါးရယ် ၊ ရေရယ်
မကြေပါစေလင်.လို. ဆုတောင်းရင်း
အတွတ်နဲ.မွှေးရေ
ရေထဲမြို.ကလေးဟာ ရင်ထဲမြို.ဖြစ်ခဲ့ပေါ.

အတွတ်နဲ.မွှေးရေ
ကြည်.ကွယ်…
မြို.ညကောင်းကင်ထဲ
နှစ်သစ်ကြိုတေးတွေ သီကာထွန်းလင်းလို.
ပြီး နှစ်သစ်တေးတွေ ကော်ဖိလာသောက်ကြ
ခရစ္စမတ် အကြိုညလို ဝေဆာလှပလို.
ဘယ်လိုမှ မထင်မှတ်ပဲ
ဗင်းနစ်မြို. အရသာမျိုး ရခဲ့ရ
ရေနဲ. ပဋိသန္ဒေပြုသော မြို.လေး
ချောင်းပေါက်ကလေးက
ချောင်းပေါက်ကလေးထဲဝင်ကာ
မြို.အလှကို မြို.က ချောင်းကြည်.နေရသော ရေထဲမြို.ပါလား

မောင်ချောနွယ်

မြန်မာကျူးးပစ် စာစဉ် - ချစ်တဲ့ကဗျာ ၁ အဖြစ် PDF File ဖြင်. ၂၀၀၈ သြဂုတ်လ တွင် ဖန်တီးတင်ဆက်သော မောင်ချောနွယ် ကဗျာပြပွဲ မှ ကူးယူဖော်ပြပါသည် ။

Sunday, January 4, 2015

ဧရာဝတီကို နိုင်ဖို.ကို .....................




နေ.ရက် - ၂၀၁၅ ဇန်န၀ါရီလ ၃ ရက်
နေရာ - အောင်ဆန်းအားကစားပြိုင်ကွင်း
အချိန် - ညနေ ၄း၀၀ နာရီ
အခြေအနေ - လာအားပေးသော ပရိသတ်များ တွင် မန္တလေး ပ၇ိသတ်က ဧရာဝတီ ပ၇ိသတ်ထက် များပြားနေပြီး ကစားသမားအင်အားအနေအထားအရ ရတာနာပုံ အသင်း က ဧရာဝတီထက် သာနေသယောင်ရှိသည် ။

ရတနာပုံကို တစ်ကျော.ပြန် အမှတ်ပေးချန်ပီယံဖြစ်စေခဲ့သူ ဦးခင်မောင်တင်.က ကိုင်တွယ်ခဲ့ပြီး ဧရာဝတီကိုမူ ပထမ ကြံ.ခိုင်ရေးနည်းပြ ၊ ထိုမှ နည်းပြချုပ် ၊ ထို.နောက် ပြည်တော်ပြန် မာဂျန်က တစ်ဖန်ပြန်လည် ကိုင်တွယ်ခဲ့သည် ။

ရတနာပုံတွင် နောက်ခံလူ ဟက်ပီးနက်စ် ၊ ကွင်းလယ်လူ မက်ဆီမင် တို.ကိုသက်တမ်းတိုးထားပြီး တိုက်စစ်မှုး ဖိုဒေး ၊ သြစတေးလျ ကွင်းလယ်လူ ဂျိမ်းမေယာ တို.ကို အသစ်ခေါ်ထားပြီး ဧရာဝတီကစားသမား နန္ဒလင်းကျော်ချစ်ကိုပါ ခေါ်ယူထားခဲ့သလို တင်ဝင်းအောင် ၊ နေမျိုးအောင် ၊ ဇော်လင်းထွန်းတို.ကိုခေါ်ယူထားနိုင်ခဲ့သည် ။ 

ဧရာဝတီ ပ၇ိသတ်များ


ဧရာဝတီကမူ နိုင်ငံခြားကစားသမား ၄ ဦး စလုံးအသစ်ခေါ်ယူထားပြီး ပြည်တွင်းမှ ဗန်လားဟရွယ် ၊ အောင်ကျော်နိုင် ၊ ပြည်.ဖြိုးဦး ၊ ချစ်စမ်းမောင် ၊ သက်လွင်ဝင်း ၊ ထူးကျော် နှင်. ဇင်မျိုးအောင်တို.အသစ်ခေါ်ယူထားသဖြင်. အသင်းသစ် တစ်ခုနီးပါးဖြစ်နေသည် ။ထိုပွဲတွင် ပြည်ပကစားသမားများအနက် ဆစ်ဝမ်းဆက် ၊ အန်ဒါဆမ် ၊ နာမိုဗ်ရစ် တို.ထည်.သွင်းကစားခဲ့သည် ။

ချာရတီဖလားပြိုင်ပွဲ ဆိုသည်မှာ ပြီးခဲ့သော ဘောလုံးရာသီ တွင် အမှတ်ပေးချန်ပီယံဖြစ်ခဲ့သော အသင်းနှင်. ရှုံးထွက်ဖလားချန်ပီယံဖြစ်ခဲ့သော အသင်းတို.ကဘောလုံးရာသီသစ်တွင် ကွင်းဖွင်.ဖလားအဖြစ် ယှဉ်ပြိုင်စေပြီး ရရှိလာသော ကွင်းဝင်ကြေးများကို လှုဒါန်းသော ပွဲဖြစ်သည် ။

ဧရာဝတီ ပ၇ိသတ်များ
ထိုနေ.ကစားပွဲတွင် ဧရာဝတိထက် ရတနာပုံက ပ၇ိသတ်အင်အားပိုများသလို ကစားကွက်ပိုင်းတွင်လည်း သာသည်ဟုပြော၍ရသည် ။ ဧရာဝတီထက် အချိတ်အဆက် ပိုမိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ဂိုးကိုခြိမ်းခြောက်မှု အကြိမ်အရေအတွက် အတော်များများလုပ်နိုင်ခဲ့သော်လည်းရတနာပုံမှ ခေါ်ယူထားသော ဧရာဝတီဂိုးသမားအသစ် ဗန်လားဟရွယ်၏ လက်စွမ်းပြ ကာကွယ်မှုများကြောင်. ထင်တိုင်းမပေါက်ခဲ့ခြင်းဖြစ်သည် ။ နောက်ခံကစားသမား ဆစ်ဝမ်းဆက် ကလည်း  တစ်ဖက်တိုက်စစ်များကို ချေမှုန်းပစ်နိုင်သူတစ်ဦးဖြစ်သည် ။ထို.အတူ ရတနာပုံနောက်တန်းကစားသမား မက်ဆီမင်၏ စွမ်းဆောင်ရည်များကလည်း နဂိုကမှ တောင်.တောင်.တင်းတင်း မရှိလှသေးသော ဧရာဝတီတိုက်စစ်ကို ကောင်းကောင်းဟန်.တား ထားနိုင်ခဲ့သည် ။

အချိန်အတော်များများ ရတနာပုံအသင်း၏ တိုက်စစ်ဖိအားအောက် ဧရာဝတီရောက်နေရသော်လည်း ၅၈မိနစ်တွင် ရရှိလာသော အခွင်.အရေးကိုအထိရောက်ဆုံးအသုံးချခိုက် တစ်ဖက်အသင်းဂိုးသမားကြောင်. ဧရာဝတီအသင်း ပင်နတီကန်ခွင်.ရခဲ့သည် ။ ထိုပင်နတီကို ရစ္စတီက ဂိုးအဖြစ် အောင်မြင်စွာပြောင်းလဲပေးနိုင်ခဲ့ပြီး ထိုဂိုးသည်ပင် ဧရာဝတီင်္အတွက်ကွင်းဖွင်.ဖလားပိုင်ရှင်အဖြစ် ဒုတိယအကြိမ်ရောက်ရှိစေခဲ့ပြန်သည် ။

ဖလားရစေခဲ့သော ၅၈ မိနစ်
 ထိုသွင်းဂိုးနောက်ပိုင်း ၀ယ်ဧရာဝင်္တီပ၇ိသတ်များအတွက် အသည်းတယားယား ရင်တစ်ဖိုဖို ဟူသော စကားလုံးဆိုလိုရင်းကို ကောင်းကောင်းသဘောပေါက်စေခဲ့ကြသည် ။ နာကျင်အချိန်ပို ၆မိနစ်ကလည်း ဧရာဝတီပ၇ိသတ်အတွက် အလွန်ရှည်ကြာလှသော အချိန်များ ဖြစ်ခဲ့သည် ။

မည်သို.ပင်ဆိုစေ အဆုံးသတ်တွင်တော. ဧရာဝတီ ပ၇ိသတ်တို. တစ်ခဲနက်ကြွေးကျော်အော်ဟစ်ခဲ့ကြသော ဧရာဝတီကို နိုင်ဖို.ကို ၁၀ နှစ် ၁၀မိုး ကြိုးစားလိုက်အုံး ဟူသော အသံများဖြင်. ၇တနာပုံကို အနိုင်ယူပြီး ကွင်းဖွင်.ဖလားပိုင်ရှင်အဖြစ် သို.ရောက်ရှိခဲ့သည် ။


 ပွဲအပြီးတွင် ရရှိသော ကွင်းဝင်ကြေးများနှင်. MNL အသင်းများ၏ စုပေါင်းလှုဒါန်းငွေ များကို ကျိုက်ဝိုင်း မိဘမဲ့ကလေးကျောင်း ၊ မေတ္တာဝါဒီပရဟိတကျောင်း ၊ သာကေတမဟာဂန္ဒာရုံ မူလတန်းလွန်ကျောင်း၊ ၀ါးရုံပင်ဖောင်ဒေးရှင်းကျောင်း တို.အတွက် ၂၅ သိန်းစီလှုဒါန်းခဲ့ပြီး နေပြည်တော်အသင်းပိုင်ရှင် ဒေါက်တာဖြိုးကိုကိုတင်.ဆန်း မှ ဧရာဝတီအသင်းကို ဆုဖလားချီးမြှင်.ခဲ့ပါသည် ။


Redwave နှင်. ဧရာဝတီ ပ၇ိသတ်တို.၏ အပျော်

ဧရာဝတီကို နိုင်ဖို.ကို ……………………
ဆယ်နှစ်ဆယ်မိုးကြိုးစားလိုက်…….အုံး