Saturday, November 2, 2013

မြို.လေးဆီက ပညာဒါန အခမဲ့ သင်တန်းကျောင်း




 တကယ်ကတော. မြို.လေးသည် ဟိုးယခင်ကတည်းက ပညာရေးကို အလေးပေးခဲ့သည်.မြို.ဟုပြော၍ရသည် ။ ၄တန်း နှင်. ၈တန်း အစိုးရစစ်ကာလကတည်းကစေတနာဖြင်. အချိန်ပို သင်ကြားမှုများက နေ.ရော ညပါ ပိတ်ရက်မကျန် သင်ကြားပြသပေးခဲ့ကြသည် ။ နောက်ပိုင်း ဆယ်တန်း ညကျောင်းများ ထို.နောက် အချိန်ပို ညနေပိုင်းသင်တန်းများ ဖြင်. ပညာေ၇းခရီးဆက်ခဲ့ကြသည် ။ ထို.နောက်ပြီးခဲ့သည်.နှစ်အချို.က ဈေးကျောင်းတွင် ညပိုင်း စခန်းသွင်း လေ.ကျင်. သင်ကြားမှုများ စသည်ဖြင်. ..ယခုနောက်ဆုံး ထပ်မံပေါ်ပေါက်လာသည်က ပညာဒါန အခမဲ့ သင်တန်း တစ်ခု ……..

ဒုတိုင်းပညာရေးမှုး တက်ရောက်စဉ် Photo by ကော်မတီ

 ထိုသင်တန်း ကို ၀ါးခယ်မမြို. မင်းပိုင်းရပ်ကွက် ကမ်းနားလမ်းရှိ မင်းပိုင်း-မူလတန်းကျောင်းတွင် ဖွင်.လှစ်ထားပါသည် ။ သင်တန်းကို ယမန်နှစ်က စတင်ဖွင်.လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင်.ပွဲအခမ်းအနားသို. တိုင်း - ဒုတိယ ပညာရေးမှုး( ယခု တိုင်း ပညာရေးမှုး) ပါ တက်ရောက်ခဲ့သည်ဟုသိရပါသည် ။ ထိုသင်တန်းပေါ်ပေါက်လာစေရန် နှင်. ဆက်လက်တည်.တံ.နေရန် ကော်မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း ၊ဦးဝင်းတင် ၊ ဦးထွန်းရီ ၊ ဦးဇော်ဝင်း ၊ဦးသောင်.ညွန်.၊ ဦးအေးသိန်း ၊ ကိုဖိုးထောင် ၊ ကိုစိုင်းညွန်.ရွှေ ၊ ကိုဝင်းဇော်ဦး ၊ ကိုသိန်းစိုး ၊ ကိုမြင်.ဦး ၊ ကိုပေါတာ တို.က အဓိက တာဝန်ယူ ပေးနေသည်ဟု သိရပါသည် ။


ယမန်နှစ်က သင်တန်းသို. တက္ကသိုလ် ၀င်ကျောင်းသား ၁၇၄ ယောက်အထိ သင်တန်းအစပိုင်းတွင် တက်ရောက်ခဲ့သည်ဟု ဆိုသည် ။ သို.သော် တက္ကသိုလ် ၀င်တန်း တို.၏ ထုံးစံအရ ပညာရေးကိုအမှန်တကယ်လိုလားသူတို.သာ စာမေးပွဲနီးချိန်တွင် ကျန်ခဲ့တတ်သော သဘောအရ  ပညာဒါန သင်တန်းမှ စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့သူ ၃၀ ခန်.ရှိခဲ့သည်. အနက် ၁၅ယောက်အောင်မြင်ခဲ့သည်ဆိုတော. မနည်းလှသော အောင်ချက်ဟုပြောရမည်.အပြင် အောင်မြင်သူများထဲတွင် ဂုဏ်ထူး ၂ ဘာသာ ၁ဘာသာ တို.ပါ ပါဝင်ခဲ့သောကြောင်. အဆုံးသတ် မဆိုးလှဟု ပြောရမည် ဖြစ်သည် ။

ယခုနှစ် တက်ရောက်သင်ကြားနေသော စာသင်ခန်း တစ်ခု

 ယမန်နှစ်ကတော. သင်တန်းကို စက်တင်ဘာ လမှသာ စဖွင်.ခဲ့သော်လည်း ယခုနှစ်သင်တန်းများကိုတော. သြဂုတ်လ တွင်ပင် စတင် ဖွင်.လှစ်ခဲ့သည် ။ယခုလက်ရှိအချိန်ထိ ကျောင်းသား ၁၂၀ ကျော်ရှိနေပြီး မိုးလေကင်းလွတ်သွားချိန်တွင်တော. ယခုထက်ပိုတိုးလာမည်ဟု ခန်.မှန်းထားကြသည် ။ ကျောင်းတွင် လာရောက်သင်ယူကြသူတို.မှာ များသောအားဖြင်. ပြင်ပကျောင်းသားများဖြစ်နေတတ်ပြီး ကျေးလက်ဒေသများမှပါ လာရောက်သဖြင်. ယခုလို မိုးရာသိတွင် သွားရေး လာရေးပါ ထည်.တွက်နေရပြီး မိုးလုံးဝ လွတ်သွားလျှင် တံတားကြီး ၊ကြံခင်းစု ၊ကွမ်းခြံကုန်း ၊ ခမောက်စု စသည်ရွာများမှပါ လာရောက်သင်ယူရန်ပြောကြားထားမှုများ ရှိနေသည်ဟု သိရပါသည် ။

ယခုနှစ် ပညာဒါန သင်တန်းကျောင်းတွင် ဆရာ / ဆရာမ ၁၃ ဦးစေတနာဖြင်. လာရောက်သင်ကြား ပြသပေးနေပါသည် ။ အငြိမ်းစား ဆရာ/ဆရာမကြီးများ ပါဝင်သင်ကြားပေးနေသည်.အပြင် ပြင်ပ ဆရာ/ဆရာမများလည်း ပါဝင်သင်ကြားပေးနေပါသည် ။ ထိုဆရာ/ဆရာမ တို.မှာ

1.    ဆရာ ဦးရဲမြင်.
2.    ဆရာ ဦးကောင်းမြတ်
3.    ဆရာ ဇော်သီဟ
4.    ဆရာမ ဒေါ်အုံးမြိုင်
5.    ဆရာမ ဒေါ်ခင်ခင်ဥ
6.    ဆရာမ ဒေါ်ကျင်အုံး ( မြသိန်းတန် )
7.    ဆရာမ ဒေါ်ကျင်အုံး ( ရုံဟောင်းလမ်း)
8.    ဆရာမ ဒေါ်ခင်ဌေးရီ
9.    ဆရာမ ဒေါ်စိုးစိုးအေး
10.  ဆရာမ ဒေါ်စန်းညွန်.
11.  ဆရာမ ဒေါ်ကြည်ကြည်မာ
12.  ဆရာမ ဒေါ်ခင်ချိုဦး
13.  ဆရာမ ဒေါ်နှင်းနှင်းလွင်  တို.ဖြစ်သည်ဟု သိရပါသည် ။
 
စေတနာ အပြည်.ဖြင်. လာရောက်သင်ကြားပေးသော ဆရာကြီး / ဆရာမကြီး ၏ကျေးဇူးကိုသိတတ်သောအားဖြင်. ကော်မတီအနေနှင်.အလှုရှင်တို.၏ ထောက်ပံ.မှုဖြင်. တစ်လလျှင် ဆန်တစ်အိတ် ဆီ ၆၀ သား ပြန်လည် ကန်တော.ခြင်းကို ယမန်နှစ်မှ ယခုအထိ ပြုလုပ်ပေးနိုင်ခဲ့ပါသည် ။ သို.သော် ရံဖန်ရံခါ ဆိုသလို ( ဥပမာ ပြီးခဲ့သည်စာသင်.နှစ် နောက်ဆုံးလ ) တွင်တော. ထိုသို.ထောက်ပံ.လှုဒါန်းမှုအတွက် အခက်အခဲကြုံခဲ့ရသည်မျိုးလည်း ရှိပါသည် ။သို.သော် စေတနာကို အဓိကထား သင်ကြားပေးနေကြသူများမို. တစ်စုံတစ်ရာ လစ်ဟာမှုမရှိပဲ ယခုတိုင် တက်ကြွစွာ သင်ကြားပေးနေကြဆဲဖြစ်ပါသည် ။

ဗိုလ်မှုးကြီး (ငြိမ်း) အံ.ကျော် နှင်.အဖွဲ
Photo by ကော်မတီ
 လှုဒါန်းထောက်ပံ.မှုများအနေဖြင်. မြို.နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ၊ တစ်ဦးချင်း လှုဒါန်းမှု များ ကို အားထားနေရသည်မျိုးဖြစ်သည် ။ ယမန်နှစ်က ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဗိုလ်မှုးကြီး (ငြိမ်း) အံ.ကျော် နှင်.အဖွဲ.သင်တန်းကို လာရောက်ကြည်.ရှု လေ.လာကာ အလှုငွေ ၃၀၀ , ၀၀၀ ကျပ် လှုဒါန်းခဲ့ပြီး ကျောင်းသားများနှင်.ပါ အခြေအနေများကို တွေ.ဆုံမေးမြန်းသွားခဲ့ပါသည် ။ ထို.အပြင် ယမန်နှစ်ကပင် ပန်းရဲ.လမ်းအဖွဲ.မှ ၀ါးခယ်မသို.လာရောက်ပြီး ပညာဒါန အခမဲ့သင်တန်း အတွက် ဂိတဖြင်. လာရောက်ဖျော်ဖြေအလှုခံပေးခဲ့သည် ။ ကုန်ကျစရိတ် များအပြီး ကျန်ငွေ ၅၇၀,၀၀၀ ကိုလှုဒါန်းထားခဲ့ခြင်းဖြစ်သည် ။ယခုနှစ်တွင်မူ NLD ( ဗဟို )  ပညာရေးကွန်ယက်မှ အလှုငွေ ၅၀၀,၀၀၀ ကျပ်နှင်. ဗလာစာအုပ်များလှုဒါန်းခဲ့ပြီး Bridge အဖွဲ.မှလည်း စာရေးကိရိယာများ လှုဒါန်းခဲပြီး ကျောင်းသား/ကျောင်းသူများကို ဗလာစာအုပ်များ ပထမအသုတ် ဝေငှပေးထားပြီးဖြစ့်သည်ဟု သိရပါသည် ။ ထို.အပြင် လက်ရှိ ဆရာကြီး/ဆ၇ာမကြီး အတွက်လစဉ် ကန်တော.ရန် လိုအပ်သော ဆန်နှင်.ဆီအတွက်လည်း အလှုရှင်များက လှုဒါန်းပေးနေသည်ဟုသိရပါသည် ။ထို.အပြင် ကော်မတီမှ မီးအားမြှင်.စက် တစ်လုံး ၀ယ်ထားပြီး အင်ဗာတာ နှင်. ဘက်တ္ထရီ ကိုတော. ရန်ကုန်မှု အလှုရှင် တစ်ဦးက လှုဒါန်းပေးထားသည် ။

ပန်းရဲ.လမ်းအဖွဲ.ဖျော်ဖြေအလှုခံပေးစဉ်
Photo by ကော်မတီ



ယခင်က တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်များဝယ်ယူရာတွင် တစ်အုပ်လျှင် ၃၀၀၀ ၊ ၄၀၀၀ နှုန်းဖြင်.  ကျောင်းသား ၁၀၀ ခန်.ဆိုလျှင် ကုန်ကျစရိတ်ကိုမသေးသဖြင်. ယခုရှိသောရန်ပုံငွေဖြင်. မိတ္တူ ကူးစက် တစ်လုံးဝယ်ယူကာ လိုအပ်သည်များကို ကူးပေးနေသဖြင်. ဆေးဖိုးသာကုန်ကျတော. ကြောင်း သိရသည် ။ဆရာမများအတွက် ဆော.ပင် မှင်အိုး စာရွက်စာတမ်း စသည်တို.၀ယ်ယူရသော ကုန်ကျစရိတ် ၊ သင်တန်းအတွက် ၃၅,၀၀၀ ဖြင်. အလုပ်သမား ၂ဦးငှားထားသော စရိတ် ၊လိုအပ်လျှင် မီးစက်မောင်းရန် ဆီဖိုးစသည်. ကုန်ကျစရိတ်တို.တော. ရှိသည်ဟုသိရသည် ။
ကိုယ်ပိုင်အစိအစဉ်ဖြင်. မလာရောက်နိုင်သော ဆရာ/ဆရာမများ အတွက် ကော်မတီမှ ဆိုက်ကား တစ်စီးဝယ်ထားပြီး လုပ်သားတစ်ဦးမှ ထိုဆိုက်ကားဖြင်. အကြိုအပို.တာဝန်ယူပေးနေပြီး ၂နှစ်ပြည်.လျှင် ထို လုပ်သားကို ဆိုက်ကားအပိုင်ပေးရန် စီစဉ်ထားသည်ဟုလည်း သိရပါသည် ။


 ယမန်နှစ်က သင်တန်းမှ ဆရာ/ဆရာမများ ၊ ကော်မတီဝင်များ ၊ကျောင်းသားကျောင်းသူ များအနေဖြင်. စုပေါင်းကထိန်အလှုဒါန တစ်ခုလည်း ပြုဖြစ်ခဲ့ကြပါသည် ။

သင်တန်းမှ တာဝန်ရှိသူ တစ်ဦး ၏ အပြောအရ သင်တန်းသည် မည်သည်.အဖွဲ.အစည်း မှဖွင်.လှစ်ထားသည်မျိုး မဟုတ်ပဲ လူငယ်တို.၏ ပညာရေးအတွက် လိုအပ်သည်ကို တတ်နိုင်သည်.ဘက်မှ ၀င်ရောက်ကူညိဖေးမ ခြင်းမျိုးသာဖြစ်ပြီး မည်သည်. အဖွဲ. အစည်း၏ ကူညီမှု ပူးပေါင်းမှု လှုဒါန်းမှု တို.ကိုမဆို ကြိုဆိုပါကြောင်း ယ.ခုနှစ်အတွက်မူ လတ်လောအချိန်ထိအဖွဲ.အစည်းအနေဖြင်. NLD ပညာရေးကွန်ယက်၏ ထောက်ပံ.လှုဒါန်းမှု သာ လက်ခံရရှိထားကြောင်း သိရပါသည် ။ သင်တန်း နှင်. ပတ်သက်၍    ကိုဇော်ဝင်း - ဖုန်း ၀၉- ၄၂၂၅၂၄၃၄၆ သို.ဆက်သွယ် မေးမြန်းလှုဒါန်းနိုင်ပါသည် ။

လိုအပ်သော အချက်အလက်များ ရရှိရန် ပံ.ပိုးကူညီဖြေကြားပေးခဲ့ကြသော ကိုဇော်ဝင်း ၊ ကိုထွန်းရီ နှင်. ကိုစိုင်းညွန်.ရွှေ တို.အား wakhama.blogspot.com အနေဖြင်. အထူးကျေးဇူးတင်ရှိပါကြောင်း

Friday, November 1, 2013

သစ်ထူးလွင် ဆိုတာ ဘယ်သူလဲ ဘာလဲ



အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊
ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။
သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

ဧရာဝတီ - အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။
သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန





ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။

ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။

ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။

Post from ဧရာဝတီ

ဖုန်းတွေ အသစ်ထပ်ရမယ်. ၀န်ဆောင်မှု ၄ /၂ .. ၁၅၀၀ တန် မပါ



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံတိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင်ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ Call Waiting Service (ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံဖြေကြားနေစဉ် အခြားဖုန်းတစ်ခု ဝင်လာပါက လက်ခံပေးခြင်း) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service (မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်း) ကို တစ်လလျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert (မိမိဖုန်း စက်ပိတ်ထားသော်ငြားလည်း Miss Call များ လက်ခံထားပေးခြင်း) ကို တစ်လလျှင် ၁၀၀၀ ကျပ် နှုန်းများဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
“ဝန်ဆောင်မှု အသစ်လေးခု ထပ်တိုးချဲ့မှာပါ။ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အားလုံးရတယ်။ ဒါပေမဲ့ အခုချထားတဲ့ ၁၅၀၀ တန်တွေတော့ မရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၁၅၀၀ တန် ဖုန်းများအတွက် ဝန်ဆောင်မှု အသစ်များ ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြန်ကြားရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော ၁၈၇၆ Call Center က ပြောကြားသည်။
“ဒီဝန်ဆောင်မှုတွေက နိုင်ငံတကာမှာဆိုရင် SIM Card ဝယ်တာနဲ့ တွဲလျက် ဝယ်ယူလို့ ရတာတွေ။ အခုဒီမှာက မြေစမ်းခရမ်းပျိုးရုံပဲ ရှိသေးတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ဝင်လာရင် ဒီလိုပုံစံနဲ့ဆိုရင် ကျန်ခဲ့လိမ့်မယ်။ ၁၅၀၀ တန်ဖုန်းတွေ အဓိက ချထားပေးနေတဲ့ အချိန်မှာ ၁၅၀၀ တန် ဖုန်းတွေမှာ သုံးလို့မရတာက ဟာသပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦသန်းဦးက မှတ်ချက်ပေးသည်။





အဆိုပါ ဝန်ဆောင်မှုများကို ရယူလိုသူများသည် အသုံးပြုလိုသော ဝန်ဆောင်မှုအပေါ် မူတည်၍ Call Waiting Service အသုံးပြုလိုသူများအတွက် Orderdata CW, Call Forward Service အတွက် Orderdata CF, Voice Mail Service အတွက် Orderdata VMS နှင့် Miss Call Alert ဝန်ဆောင်မှု အတွက် Orderdata MCA ဟု ၁၃၃၁ နံပါတ်သို့ SMS ရိုက်၍ ပေးပို့ရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

ဖုန်းကိုင်ဆောင်သူများသည် အဆိုပါ ဝန်ဆောင်မှုများ အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ဘဲ ဖုန်းလိုင်းတစ်ခုလျှင် Call Waiting Service နှင့် Call Forward Service ထဲမှ တစ်ခုနှင့် Voice Mail Service နှင့် Miss Call Aler တို့ထဲမှ တစ်ခုစီကိုသာ ရွေးချယ် သုံးစွဲနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ခြောက်သန်းခန့်သာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ ယင်းဖုန်းသုံးစွဲသူများ၏ သုံးပုံတစ်ပုံခန့် ပမာဏဖြစ်သော နှစ်သန်းခန့်မှာ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများ အသုံးပြုခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


Post from The Voice Weekely .
ဆက်စပ်ဖတ်ရှု၇န် ...  ဖုန်းထဲကို ငွေလှမ်းထည်.ပေးခြင်း နှင်. ဖုန်းဖြင်. အင်တာနက် လျှောက်နည်း