Wednesday, September 4, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၃ ) - ရဲမိုး

Communist_Party_of_Burma_flag_(1939-1946)_and_(1946-1970)
ပြည်တွင်းစစ်ရဲ့  အဆိုးဝါးဆုံးကာလတွေကို ကျော်လွန်ခဲ့တာ နှစ်အတော်ကြာရှိနေပြီး ဒေသ
အသီးသီးမှာ ငြိမ်းချမ်း စပြုလာတဲ့ အချိန်မှာ လက်ရှိအစိုးရအပေါ်အဆင်မပြေမှုနဲ့ မကျေနပ်ချက်တွေ တစ်စ
တစ်စများပြားလာတဲ့  ပြည်သူလူထုဟာ ၁၉၈၆ ခုနှစ်လောက်မှာ ဗကပ တို့ ရဲ့ လူထုတိုက်ပွဲနည်းအတွက်
အကောင်း ဆုံးပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်…....။အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဟာ ၁၉၇၆၊ ၇၈၊ ၇၉၊ဂ၂ ၊၈၇ ခုနှစ်တွေမှာ အင်းဒေသ စစ်ဆင်ရေး ၊ ၀ရဇိန် ၊ စွန်ရဲ စစ်ဆင်ရေးတွေနဲ့ ဗကပ မြေအောက် ဆဲလ် ၄၀၀ကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပေမယ့် ၁၉၈၆ ခုနှစ်တည်းက မြေပေါ်လှုပ်ရှားမှု အတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်တဲ့ ဗကပ ယူဂျီ ၄၈၂၈ ဒေသ ပါတီကော်မတီရဲ့လှုပ်ရှားမှုကို ဒီတစ်ခါတော့ ကြိုတင်မထိန်းချုပ်နိုင်တော့ပါဘူး။ ပြည်တွင်းသောင်းကျန်းမှု ပေါင်းစုံကို တလကြမ်း နှိမ်နင်းရင်း သောင်းကျန်းသူအများစုကို နယ်စပ်ထိရောက်အောင် တိုက်ထုတ်နိုင်လိုက်တဲ့အတွက် အသက်ရူချောင်စ ဖြစ်လာတဲ့ တပ်မတော်ဟာ အနားယူဖို့ စဉ်းစားလို့ ရအုန်းမယ် မဟုတ်ပါဘူး။ စစ်ရေးမှာ ဆက်တိုက်အထိနာခဲ့တဲ့  သူတို့  ရန်သူတော်
ကြီးက နောက်ဆုံးပိတ် အိတ်နဲ့ လွယ် တိုက် ပွဲကြီးကို ဆင်နွှဲဖို့ အစပျိုးပြင်ဆင်စပြုနေပြီဖြစ်ပါတယ်။


၁၉၈၈ခုနှစ်၊ မတ်လ (၁၂ )ရက်နေ့ ညမှာ အင်းစိန် ကြို့ ကုန်းဘူတာအနီး လဘက်ရည်ဆိုင်တစ်ခုမှာ
အာအိုင်တီ ကျောင်းသား အချို့ နဲ့ အရပ်သားလူငယ်အချို့  ခိုက်ရန်ဖြစ်ပွားခဲ့ ပါတယ်။ ဒီဖြစ်စဉ်ဟာညတွင်းချင်းကြီးကျယ်သွားခဲ့ပြီး ကျောင်းသားများက ရပ်ကွက်သမဆိုင်ကို မီးတင်ရှို့ခဲ့ ရာက ရပ်ကွက်ကိုပါ ကူးစက်လောင်
ကျွမ်းလာတဲ့အတွက် ရဲတပ်ဖွဲ့ က ပစ်ခတ်လူစုခွဲရာမှာ ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ ပြီး ဆူပူမှုတွေ
အစပျိုးလာလို့ ကျောင်းများကို ဇွန်လထိ ခဏပိတ်ခဲ့ ရပါတယ်။ ဒါဟာ ဗကပ ယူဂျီ ဆဲလ် များအတွက်တော့
လူထုဖောက် ခွဲမှုလုပ်ဖို့  အကောင်းဆုံး စနစ်တံတစ်ချောင်းကို ရလိုက်တာ ပဲဖြစ်ပါ တယ်…..။
ဇွန်လ ကျောင်းတွေပြန်ဖွင့်တဲ့ အချိန်မှာတော့ ဆူပူမှုများဟာ တစ်နိုင်ငံ လုံးကို ကူးစက်ဖို့ တာစူ
နေပါပြီ။ အဲဒီနောက်မှာတော့ တစ်နိုင်ငံလုံးအနှံ့ ကူးစက်ပြန့် ပွားသွားတဲ့  အရေးအခင်းကြီးဟာ သုံးလ အတွင်းလောက်မှာ ထိန်းချုပ်လို့  မရနိုင်တော့ပဲ မဆလ ပါတီကို ဖျက်သိမ်းစေခဲ့ ရပြီး ရက်ပိုင်း အတွင်းမှာပဲ သမ္မတသုံးယောက် တိတိ အပြောင်းအလဲ ဖြစ်စေခဲ့ ပါတယ်……..။

ရှစ်လပိုင်း အရောက်မှာတော့ တိုင်းပြည်တစ်ခုလုံးရဲ့  အုပ်ချုပ်ရေး ယန္တရား ဟာ တော်လှန်ရေး
သမားတွေရဲ လက်ထဲကျရောက်သွားခဲ့ပါပြီ။ အကြမ်းဖက်မှုများကို လူထုခေါင်းဆောင်များကိုယ်တိုင်ထိန်းချုပ်လို့ မရတော့ တဲ့ အခြေအနေကို ဆိုက်ရောက်လာပါတော့တယ်။ ၆.၉.၈၈ ရက်နေ့ မှာ ဗကပ ယူဂျီ များဟာရန်ကုန်မြို့ မှာ အထွေထွေသပိတ်ကော်မတီ (GSC) ကို ဖွဲ့ စည်းနိုင် ခဲ့ ပြီး GSC အတွင်းမှာ သပိတ်အဖွဲ့ ပေါင်း
၅၀ ကျော်ပါဝင်ခဲ့ပါတယ်။ ဗကပ ဆဲလ်များဟာ GSC အ တွင်း အရေးပါတဲ့ နေရာ ၁၃ နေရာထိစိမ့်ဝင်ထားနိုင်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံးက သပိတ်ကော် မတီတွေနဲ့ ချိတ်ဆက်ကာ လူထုတိုက်ပွဲကြီး ကို အရှိန်မြှင့် ဆွဲတင်ရင်း လိုသလို ထိန်းကျောင်း လာနိုင်ခဲ့ ပါ တယ်…..။



တစ်ပြည်လုံးမှာ တစ်လအတွင်း အကြမ်းဖက်စီးနင်းခံရတဲ့  ကောင်စီနဲ့ ပါတီယူနစ် ရုံးပေါင်း (၇၃) ရုံး
ရှိခဲ့ ပြီး ပြည်နယ် ရဲမှူးကြီး တစ်ဦးအပါအ၀င် ရဲတပ်ဖွဲ့ ဝင် (၃၇) ဦး သေဆုံးကာ (၈၃) ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ရန်ကုန်တိုင်း တစ်ခုတည်းမှာတင် စက်ရုံ အလုပ်ရုံ (၄၅) ခု ၊ ဂိုဒေါင် (၆၁) ခု ၊ အစိုးရ အဆောက်အအုံ (၇၅)ခု ၊ယာဉ် (၃၇) စီး … မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ တစ်နိုင်ငံလုံးက ထောင်တွေမှာ အုပ်စုလိုက် ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် ထောင်တာဝန်ကျများ မှ ပစ်ခတ်နှိမ်နှင်းခဲ့ ရာမှာ အကျဉ်းသား (၈၄) ယောက်သေဆုံးပြီး(၂၀၁ )ယောက်ဒဏ်ရာ ရခဲ့ပါတယ်……။

ဒေါက်တာမောင်မောင်
သြဂုတ်လ (၃) ရက်နေ့  မှာ အစိုးရ အဖွဲ့ က စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ လို့  လမ်းတွေပေါ်ကို
လုံခြုံရေး တာဝန် ထမ်းဆောင်ဖို့ ၀င်ရောက်လာတဲ့ တပ်မတော်သားတွေဟာ သဘောထားပျော့ပျောင်းတဲ့ 
သမ္မတ အသစ် ဒေါက်တာမောင်မောင်ရဲ့ သြဂုတ် (၂၄) ရက်နေ့ မှာ စစ်အုပ်ချုပ်ရေး ကို ပြန်ရုပ်သိမ်းလိုက်တဲ့ အမိန့် ကြောင့် လမ်းတွေပေါ်က ပြန်ထွက်ခွာသွားရပါတော့တယ်။ ဒါပေမယ့် အခြေအနေဟာ အရမ်းနောက်
ကျနေ ခဲ့ ပါပြီ။ စစ်ကား တန်းကြီးတွေ ပြန်ထွက်သွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဆူပူသူတွေဟာ တောင်ဥက္ကလာပမှာ တစ်ရက်တည်း ယောင်္ကျား/မိန်းမ (၂၃) ယောက် တိတိကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ခေါင်းဖြတ် မီးရှို့သတ်ပြစ်ခဲ့ပါတယ်……..။







သြဂုတ်လ အကုန်ပိုင်း မှာ မြန်မာတစ်ပြည်လုံးက မြို့ တစ်မြို့ နဲ့ တစ်မြို့ ကြား လမ်းတွေဟာ
ဒေသလိုက် သပိတ်ခေါင်းဆောင်တွေရဲ့ခွင့်ပြုချက်မပါရင် ဖြတ်သန်းလို့ မရတော့တဲ့ ကင်းစခန်းတွေနဲ့ ပြည့်နေပါတယ်။အစိုးရဌာန အားလုံး သပိတ်ထဲပါဝင်နေပြီဖြစ်လို့  အုပ်ချုပ်ရေးဟာ လုံးဝရပ်ဆိုင်းသွားပြီး အရပ်သားဝန်ထမ်း တွေလစာမရတာလဲ သုံးလနီးပါးရှိနေပါပြီ။ ရေဒီယို ရုပ်မြင်သံကြားနဲ့ သတင်းစာ အားလုံးဟာလဲသပိတ်မှောက်သမားများရဲ့ လက်ကိုကျရောက်သွားခဲ့ပြီး တော်လှန်ရေး သတင်းတွေကိုပဲ အချိန်ပြည့်ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့  စိတ်အပူပန်ဆုံး ကိစ္စ ဟာလဲ အရိပ်အယောင်တော့ စနေ ပါပြီ။ သပိတ်စစ်ကြောင်းတွေရဲ့ရှေ့မှာ တပ်မတော်ယူနီဖောင်း ၀တ်ဆင်ထားသူအချို့ကို စပြီးတွေ့မြင်နေ ရပြီဖြစ်ပါတယ်..….။



၁၉၈၈ ခုနှစ် စက်တင်ဘာလရဲ့  နံနက်ခင်းတစ်ခုမှာ မြန်မာ့ ကြယ်ငါးပွင့် ကော်ပိုရေးရှင်းပိုင် " အင်းဝ
" သင်္ဘော ဟာ ရန်ကုန်ကို ဦးတည်ခုတ်မောင်းရင်း အရေးကြီး ကြေးနန်းတစ်စောင်ကို အမြန်ဆုံးပေးပို့ နေပါတယ်။ ရန်ကုန်မြစ်ဝက ရေမိုင် ၁၉၀ အကွာ မြန်မာ့ရေပိုင်နက်အတွင်းမှာ လေယာဉ်တင် စစ်သင်္ဘော အုပ်စုကြီးတစ်ခုကို တွေ့ ရတဲ့ အကြောင်းပါ……။ အဲဒီထဲက သင်္ဘောအမှတ် ၄၃ ဟာ ကမ်းတက်ရေ ယာဉ်တွေနဲ့ လေ့ကျင့်နေ တယ်ဆိုတဲ့ သတင်း နဲ့ တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ ကတင်ပြလာတဲ့  တရုတ် နယ်စပ်မှာရောက်လာတဲ့ သံချပ်ကာတပ်မကြီး ရဲ့ သတင်းဟာ တပ်မတော်ကို တစ်ကယ်ပဲ မျက်စိ မျက်နှာ ပျက်အောင်ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့ ပါတယ်…….။

တစ်ဆက်တည်း တက်လာတဲ့ သတင်းတစ်ခုကတော့ ကုန်သွယ်ရေးဝန်ကြီးဌာနမှာ လုံခြုံရေး တာဝန်
ထမ်းဆောင်နေတဲ့  ဗိုလ်ကြီး ခင်မောင်ချို ဦးစီး တိုက်ခိုက်ရေးတပ်ခွဲ တစ်ခဲကို လူအုပ်ကြီးက ၀ိုင်းဝန်း ပိတ်ဆို့ ပြီးလက်နက်အပ်ခိုင်းနေတာပါပဲ။ နာရီအတော်ကြာ စောင့်ဆိုင်းနေပြီး ပစ်မိန့် မရခဲ့တဲ့ တပ်ခွဲမှူးဟာ နောက်ဆုံးမှာတော့ လူအုပ်ကြီး လက်ကို လက်နက်အပ်လိုက်ရပါတော့တယ်။ ဗကပ နဲ့  အနှစ်လေးဆယ်ကျော် တိုက်လာတဲ့  တပ်မတော် တစ်ခု အနေနဲ့ တော့ ဗကပရဲ့  လူထုတိုက်ပွဲ စစ်နည်းဗျုဟာတွေကို အတော်များများခန့် မှန်းလို့ ရနေပါပြီ……..။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဟာ နောက်ဆုံးအခြေအနေတွေ အားလုံးကို သုံးသပ်ပြီး
စက်တင်ဘာလ ထဲမှာပဲ ထိပ်တန်းလျို့ ဝှက် အဆင့်ရှိတဲ့  တပ်လှဲလှယ်ရွေ့ ပြောင်းမှု အစီအစဉ် တစ်ခုကို စတင်လိုက်ပါတယ်။ အဲဒီ အစီအစဉ် အရ ဒေါနတောင်တန်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်ခြမ်းမှာ ရန်သူနဲ့ ရင်ဆိုင်နေရာ ယူထားတဲ့  ခြေမြန် တိုက်ခိုက်ရေး တပ်မ နှစ်ခုထဲကနေ တစ်ခုကို ပြန်ရုပ်သိမ်းနေပြီ ဖြစ်ပါ တယ်။ရှေ့ တန်းမှာ တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ အဲဒီ တပ်မက စစ်သည်တွေဟာ အတော်ပျော်ရွှင်နေကြ ပါတယ်။ ဒါပေမယ့်

သူတို့ မသိတာက သူတို့ ဟာ အိမ်ပြန်ကြရမယ် မဟုတ်ပါဘူး။ ဘယ်သူမှ မထိန်းသိန်းနိုင်တော့တဲ့

မြို့ လယ်ခေါင်တွေက အိပ်မက်ဆိုးကြီးကို ၀င်ပြီး ထိန်းသိမ်းရတော့မှာပါ……..။

ဆက်စပ်ဖတ်ရှု၇န်....တပ်မတော် ဘာလဲ ဘယ်လဲ ( ၂ ) - ရဲမိုး

Monday, September 2, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၂ ) - ရဲမိုး

Photo from  myanmarnewshub.


၁၉၆၂ တော်လှန်ရေးအစိုးရရဲ့ အဖွဲ့ ဝင်အများစုဟာ တပ်မတော်သားတွေ ဖြစ်တဲ့အတိုင်း သူတို့ လက်
ထက်မှာ ပြည်တွင်းသောင်းကျန်းမူ အမြစ်ပြတ်ချေမှုန်းရေးကို ဦးစားပေးခဲ့ပါတယ်။ ငြိမ်းချမ်ရေး ဆွေးနွေး ပွဲတွေအဆင်မပြေတဲ့ နောက် အစိုးရရဲ့ မူဝါဒအတိုင်း တပ်မတော်ဟာ ၁၉၆၄ ဒီဇင်ဘာမှာ ကေအိုင်အေကို စ တင်ပြီးထိုးစစ်တွေဆင်နွဲပါတော့တယ်။ ၁၉၆၆ အရောက်မှာ ကေအိုင်အေဟာ နယ်စပ်ကိုထက်ွပြေးခဲ့ရတဲ့ အဆင့်ထိဖြစ်လာခဲ့ပြီး ၁၉၈၇ မေလမှာတော့ ကေအိုင်အေရဲ့ ဗဟိုဌာနချုပ် ပါဂျိုနားဖော့စခန်းကြီးနဲ့ဂျာပူ ၊ နမ့်ဆန်ယန်၊ကဇူး စခန်းတွေကို တပ်မတော်က သိမ်းပိုက်ချေမှုန်းပစ်လိုက်ပါတယ်။

ဒါပေမယ့်သူတို့ကိုမဆုံးနိုင်တဲ့နောက်ထပ်တာဝန်ကြီးတစ်ခုကအသင့်စောင့်ကြိုနေပါပြီ၊ ထောင့်တစ်ည
ပုံပြင် ဇာတ်လမ်းတွေထဲကလို လွတ်လပ်ရေးရတဲ့  အချိန်ကနေ ၁၉၈၉ ထိအနှစ်လေးဆယ်ကျော်ဆက်တိုက်ထမ်းဆောင်ရတော့မယ့် တာဝန်ကြီးလဲဖြစ်ပါတယ်။ အဲဒါကတော့ သူတို့ ရဲ့ မဟာရန်သူတော်ကြီး ဗမာပြည်ကွန်မြူနစ်ပါတီပါပဲ……။ဗကပ ကိုအမြစ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့  တပ်မတော်ဟာ ၁၉၆၆ နှစ်ဦးပိုင်း မှာ လက်ရှိတပ်မတော်ရဲ့  အဓိက တိုက်ခိုက်ရေး အင်အားစုတွေဖြစ်တဲ့ ခြေမြန်တိုက်ခိုက်ရေး တပ်မတွေကို စတင်ဖွဲ့ စည်းခဲ့ပါတယ်။
သခင်သန်းထွန်း

 ၁၉၆၈ စက်တင်ဘာ မှာ တပ်မ ၇၇ ဟာ ဗကပ ဗဟိုဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး သခင်သန်းထွန်း
ကိုပါ အသေ ဖမ်းဆီး ရမိခဲ့တဲ့အတွက် ကာလရှည် တိုက်ပွဲကြီးမှာ တပ်မတော်က အသာစီးရလာတယ် ဆိုနိုင်
ပေမယ့် ကိုယ်ကိုယ်တိုင် မကြာခဏ အထိနာခဲ့ရတဲ့ ဖြစ်စဉ်တွေဟာလဲ မနည်းမနောပါ….။

၁၉၇၀-၇၁ တစ်ဝိုက်မှာ စဖြစ်ခဲ့ တဲ့  ဗကပ အရှေ့ မြောက် စစ်ဒေသရဲ့ နာမည်ကျော် ကြူကုတ်
ပန်ဆိုင်း တိုက်ပွဲ၊ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ တွေအပြီး ၁၉၇၅ ပဲခူးရိုးမ တိုက်ပွဲစဉ်တွေမှာ သခင်ဇင် ၊ သခင်ချစ်
ကျဆုံးပြီး ဗကပ (ဗဟို) ပြိုလဲသွားတဲ့ အတွက် အထိနာသွားတဲ့ ဗကပဟာ ၁၉၇၇ မှာ ခြူးရွှေပန်ကောက်
တိုက်ပွဲ၊ ၁၉၇၈ မှာ နောင်လိုင် ပါဖန် တိုက်ပွဲ နဲ့  ၁၉၈၆ မှာ စီစီဝန် တာပန် တိုက်ပွဲကို ဆက်ဆင်နွဲခဲ့ပါတယ်။
အဲတိုက် ပွဲတွေ အပြီးမှာ တပ်မတော်က ဗကပ ခြေကုပ်စခန်းကြီးတွေဖြစ်တဲ့ ကြူကုတ် ပန်ဆိုင်း ၊ကွန်ဟိုင်း၊
နောင်မ၊ မာန်ဟီးရိုး စခန်းတွေကိုပါ ဆက်တိုက် သိမ်းပစ်ခဲ့ လို့ ဗကပ ဟာ အကြီးအကျယ် အထိနာ သွားခဲ့
တယ် ဆိုပေမယ့် တပ်မတော်ဘက်က အကျအဆုံးလဲ နည်းလှ တယ်တော့ မဟုတ်ပါဘူး …..။

အထူးသဖြင့် အရှေ့မြောက်ဒေသ တိုက်ပွဲတွေမှာ ရင်ဆိုင်ရတဲ့  ရန်သူဟာ ပြောက်ကျားစစ် ၊
တောတွင်း တိုက်ပွဲစတာတွေမဟုတ်တော့ပဲ နိုင်ငံနှစ်ခုက စစ်တပ်တွေ တိုက်ကြသလို သမားရိုးကျ စစ်ဆင်
တိုက်ခိုက် နည်းတွေ နဲ့ တိုက်လာပြီး လူလက်နက် ခဲယမ်း စတာတွေဟာ ပြည်တွင်း သောင်းကျန်းသူအဆင့်ကို
ကျော် လွန်နေပြီဖြစ် တဲ့ အတွက် တပ်မတော်ဘက်ကလဲ အတော်အကျအဆုံးများခဲ့ ရပါတယ်…။ ရှိစုမဲ့စု တပ်မ၇၇ ၊ ၈၈ ၊ ၉၉ သုံးခုထဲက နှစ်ခုကို အရှေ့ မြောက်ဒေသမှာ အမြဲလိုလို တပ်ဆွဲထားခဲ့ရပြီး သူတို့ ရဲ့ ရန်သူတော်ကြီးကို ရင်ဆိုင်ခဲ့ ရပါတယ်။ ဒါဟာ အနာဂတ်မှာ ပြည်ပ အထောက်အပံ့ရတဲ့ ရန်သူနဲ့ ရင်ဆိုင်တိုက် ဖို့ ၊ဒါမှ မဟုတ်လဲ အိမ်နီးချင်း နိုင်ငံတွေ ရဲ့ တပ်မတော်တွေနဲ့  ယှဉ်ပြိုင်နိုင်ဖို့ အတွက် တပ်မတော်ရဲ့ ဖွဲ့ စည်းပုံ ကိုတိုးချဲ့ပြင်ဆင်ဖို့ လိုလာမယ်ဆိုတာကို တပ်မတော်ရဲ့  ဒုတိယ မျိုးဆက်ခေါင်းဆောင်တွေကိုသတိပြုမိစေခဲ့ပါတယ်…..။

Photo from moemakha
 ၁၉၆၂ တော်လှန်ရေးအစိုးရဟာ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နေတဲ့ တိုင်းပြည်ကို အုပ်ချုပ်
တဲ့ နေရာမှာ အထောက် အကူပြုဖို့ ရည်ရွယ်ပြီး လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကော်မတီတွေကို ဗဟို ၊တိုင်း၊ခရိုင်နဲ့မြို့ နယ် အထိ အဆင့်လိုက် စတင်ဖွဲ့ စည်းခဲ့ ပါတယ်။ ကော်မတီအဖွဲ့ ဝင်တွေဟာသက်ဆိုင်ရာနယ်မြေတွေမှာ
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့  တပ်မတော်သားတွေ ဖြစ်ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နဲ့  ပါတီ ကိုအထောက်အကူပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ တပ်မတော် အနေနဲ့ မြို့ ပြအုပ်ချုပ်ရေး ဘက်မှာတရားဝင်စပြီး ပါဝင်လာတယ်လို့ ပြောရင်လဲ မမှားပါဘူး…..။

ဒီနေ့ ခေတ် အခြေအနေနဲ့ စဉ်းစားရင် ဒါဟာ အင်မတန်နားလည်ရခက်ခဲတဲ့ ကိစ္စ ဖြစ်ပေမယ့်
လို့ အဲဒီခေတ် အနေအထား ကတော့ ကျေးလက်ဒေသတွေ အတော်များများမှာ သောင်းကျန်းသူ အမာခံတွေစိမ့်ဝင်ချုပ် ကိုင်နေတဲ့ ကာလမို့  အုပ်ချုပ်ရေး ယန္တရား ကို အမှန်တကယ်ပဲ အထောက်အကူပြုနိုင်ခဲ့ ပါတယ်။တစ်ခါ ၁၉၄၈ ကနေ ၆၂ ခုနှစ် အတွင်း သူရင်ဆိုင်ခဲ့ ရတဲ့ ခရီးကြမ်းအတွေ့ အကြုံ တွေအရ တပ်မတော်ဟာအရပ်သားနိုင်ငံရေးသမား အများစု အပေါ် မယုံကြည်ရဘူးလို့ ပဲ ကောက်ချက်ချခဲ့ပြီး အုပ်ချုပ်ရေးအာဏာ
တစ်စိတ် တစ်ပိုင်းထဲမှာ ပါတီရဲ့ အမာခံကေဒါတွေ အနေနဲ့  နေရာဝင်ရောက်ရယူခဲ့တာလဲ တစ်ချက်ပါ ၀င်နိုင်ပါတယ်…။
From  healburma
တပ်မတော်အနေနဲ့မြို့ပြအုပ်ချုပ်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်လာပြီဖြစ်ပြီး တပ်မတော်
ခေါင်းဆောင် အတော် များများဟာလဲ တော်လှန်ရေးကောင်စီဝင်တွေ ဖြစ်နေတဲ့ အတွက် ဘေးပယောဂ ပါ မပါဒီနေ့ ထိ အငြင်း ပွားနေရတဲ့  လူထုအရေးအခင်းတွေမှာ လူထုနဲ့ ထိပ်တိုက်ရင်ဆိုင်မူတွေကိုလဲ ရှောင်လွဲလို့
မရနိုင်ခဲ့ ပါဘူး…..။ဝါဒရေးရာ အားကောင်းလွန်းပြီး မြန်မာပြည်ရဲ့ ရေခံမြေခံ နဲ့ အင်မတန် ကြီးထွားလွယ်တဲ့ ၊တပ်မတော်ရဲ့ အင် အား သုံးပုံတစ်ပုံလောက်ကို တောခိုသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့  အရှေ့ တောင်အာရှမှာတိုက်ရည်ခိုက်ရည် အကောင်းဆုံး တပ်မတော်တစ်ခုတောင် အနှစ်လေးဆယ်လောက် တိုက်ခဲ့ ရတဲ့  ဗကပ
အန္တရာယ် ကို တပ်မတော်ဟာ အင်မတန်ပဲ စိုးရိမ်စိတ် ကြီးခဲ့ ပါတယ်။ လူထု အရေးအခင်း အတော်များများ ကိုလဲပြီးခဲ့ တဲ့  ဆယ့်လေး ငါးနှစ် အတွေ့ အကြုံတွေအရ လူထုတိုက်ပွဲနည်းနဲ့ တိုက်ခိုက်လာတဲ့ ဗကပ ယူဂျီတွေရဲ့လှုံ့ဆော်မှု အဖြစ်ပဲ ရှူမြင်ခဲ့ ပါတယ်။ ဒီစိုးရိမ်စိတ်ဟာ ဒီကနေ့ စတုတ္ထ မျိုးဆက် တပ်မတော် အရာရှိတွေ အထိကူးစက်ခဲ့ တယ်ဆိုရင်လဲ မမှားဘူးလို့ ဆိုနိုင်ပါတယ်………။

တော်လှန်ရေး အစိုးရဟာ ၁၉၆၂ နောက်ပိုင်းမှာ ၂နှစ်လောက်စောင့်ဆိုင်းပြီး လက်နက်ကိုင်အဖွဲ့
တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်တဲ့ ဖြစ်ရပ်၊ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ၀ိဓူရ သခင်ချစ်မောင် စတဲ့  နိုင်ငံရေး သမားကြီး (၃၃) ဦးကို ဖိတ်ခေါ်ပြီး (၃၃) ဦး ကော်မရှင်ဖွဲ့ ကာ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မလဲ ဆွေးနွေးပေမယ့် အချင်းချင်းသာ အငြင်းပွားပြီး အဖြေမထွက်ခဲ့တဲ့ ဖြစ်ရပ်၊ ဆိုရှယ်လစ်လမ်းစဉ် ပါတီကို တည်ထောင်ခဲ့ပြီး ကျန်ပါတီများ ကိုပါ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ သော်လည်း မအောင်မြင်တဲ့ ဖြစ်ရပ်တွေကြောင့် ၁၉၆၄ မတ် (၂၈ ) မှာ တစ်ပါတီ စနစ်နဲ့ သွားဖို့ပဲ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်……။

မဆလ ပါတီ လုပ်ဆောင်ခဲ့ တဲ့  အမှားတွေ အများကြီးရှိခဲ့တဲ့ အထဲက လုပ်ငန်းတွေကို ပြည်သူပိုင်
သိမ်းဆည်းခဲ့ ခြင်း၊ တာဝန်ကျေ စပါးရောင်းချရခြင်းနဲ့ ငွေစက္ကူ တရားမ၀င်ကြေငြာခြင်း တို့ဟာ လူထုကို
တိုက်ရိုက် အကြီးအကျယ် ထိခိုက်ခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်လို့  အုပ်ချုပ်သူ အစိုးရကို မကျေနပ်ချက်များလာတဲ့ ပြည်သူဟာ အစိုးရအပေါ် အယုံ အကြည်လျော့နည်းလာပြီး တပ်မတော်အပေါ်လဲ မကျေမနပ်ဖြစ်စ ပြုလာခဲ့ပါတယ်……။ တပ်မတော်အနေနဲ့ကတော့ ၁၉၆၂ နှောင်းပိုင်း မြို့ပြ အုပ်ချုပ်ရေးမှာ တပ်မတော် ခေါင်းဆောင်ပိုင်း နဲ့  ဦးစီးအရာရှိ တစ်ချို့ သာပါဝင်ခဲ့ တာဖြစ်ပြီး တပ်မတော်ရဲ့ ၉၀ ရာခိုင်နူန်းကတော့ မြန်မာပြည်အနှံ့အပြားက တောနက်တွေထဲမှာ မရပ်မနား တိုက်ပွဲဝင်နေရတာဖြစ်ပေမယ့် မြေပေါ်/မြေအောက် နိုင်ငံရေး
ပါတီတွေ ရှုပ်ပွ နေတဲ့  မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် အာဏာရယူခဲ့ တာကို မှန်ကန်တဲ့ လုပ်ရပ်အဖြစ် ဒီကနေ့ ထိတပ်မတော် တစ်ခုလုံးက ရှုမြင်ခဲ့ ပါတယ်…….။

ဆက်စပ်ဖတ်ရှုရန် ....  တပ်မတော် ဘာလဲ ဘယ်လဲ ( ရဲမိုး )


Sunday, September 1, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ရဲမိုး )



 
လွတ်လပ်ရေး ရကာစ ရန်ကုန်အစိုးရ ဟုခေါ်ဝေါ်ခံနေရချိန်ကနိုင်ငံအတွက် ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသော တပ်မတော်သားတို.၏ ဈာပန ( Photo by mmteashop )
( ဆောင်းပါးရှင် ရဲမိုး ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် အပိုင်းခွဲ၍တင်ထားသော ဆောင်းပါးအား စိတ်ဝင်စားသူများ…သိရှိလေ.လာလိုသူများတစုတစည်း တည်း
ဖတ်စေရန်ရည်ရွယ်ချက်ဖြင့် ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။စာသား ၊ အသုံးအနှုံး အားလုံးမူရင်းအတိုင်းဖြစ်ပြီး အချို.အဆက်အစပ်ရှိသော စာပိုဒ်များကို နေရာပြောင်း တွဲဆက် ခြင်း၊ သင်.တော်မည် ထင်သော ပုံများ ရှာဖွေထည်.သွင်းခြင်း ၊ကူးယူဖော်ပြခြင်း နှင်.  ဖော်ပြနိုင်ရန် အဆင်ပြေသလို ဖြတ်တောက်ခြင်း ခြင်းတို.သာပြုလုပ်ခဲ့ ပါသည် ။ မူရင်းဆောင်းပါးရှင် အနေဖြင်.လည်း ထို.အတွက် နားလည်ခွင်.ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ယခုဆောင်းပါးသည်မြန်မာ.ခောတ်သစ်သမိုင်းဆိုင်ရာ လေ.လာလိုသူများ ၊ အနာဂတ် နိုင်ငံတော် အရေး မျှော်တွေး တွက်ချက်လိုသူများအတွက်တော. အထောက်ပံ.ကောင်း တစ်ခု ဖြစ်ပါလိမ်.မည် )


ကျွန်တော် အခုရေးတဲ့ ဆောင်းပါးဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ချီတက်တဲ့

လမ်းခရီးမှာစစ်တပ်ရဲ့ သဘောထားအမြင်ကို စစ်သားဟောင်းတစ်ယောက်အနေနဲ့သုံးသပ်ကြည့်တာဖြစ်

ပါတယ်…။ တပ်မတော် ရဲ့  မူဝါဒ လို့ အတိအကျ မဆိုနိုင်ပေမယ့် အပြင် အရပ်သားတစ်ယောက်ထက်တော့

တပ်ရဲ့  အနေ အ ထားနဲ့ စဉ်းစားပုံကို နီးစပ်အောင် ချဉ်းကပ်နိုင်မယ်လို့ယူဆပြီးရေးမိတာဖြစ်ပါတယ်…..။အပိုင်း

သုံးလေးပိုင်း ခွဲရေးရမယ်ထင်ပြီး ဖက်ဒရယ်စနစ်၊တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့  တပ် မတော် ရဲ့

့ရပ်တည်မူ အနေအထားအထိ ရေးမယ်လို့ ရည်ရွယ်ပါတယ်။ စစ်သားဟောင်း လို့ စကားခံခဲ့ တဲ့ အ တိုင်း

ပညာရှင်မဟုတ်တဲ့ အတွက် လိုအပ်ချက်တွေ အများကြီးရှိနေမှာပါ…..။ ဒါပေမယ့် စစ်တပ်နဲ့ ပြည် သူကြား

နားလည်မူ တည်ဆောက်တဲ့ နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်မလားလို့ ဒီစာကို ကျွန်တော်ရေး

ပါတယ်…….။

အင်းစိန် တိုက်ပွဲ ကာလ ရန်ကုန်မြို.လည် အတွင်းဝန်များရုံး ( Photo by mmteashop )


 မြန်မာ့နိုင်ငံရေးခရီးမှာ တပ်မတော်ရဲ့ ရည်ရွယ်ချက်ကို အရပ်စကားနဲ့ နားလည်အောင်ပြောပြပါလို့ 
ကျွန်တော့်ကို လာမေးရင်တော့ ဘယ်အစိုးရတက်တက် ဘယ်ဝါဒကို ကျင့်သုံးကျင့်သုံး တိုက်စရာ ရှိရင် သူပဲ
တိုက်ရမှာပဲလို့ စဉ်းစားပြီး တပ်မတော်ရဲ့  ရပ်တည်မှုကို မခြိမ်းခြောက်နိုင်အောင် ဖြိုခွဲလို့ မရအောင် အင်အား
တည်ဆောက် ထားရမယ်လို့  ယူဆတဲ့ အတွေးအခေါ်လို့  ကျွန်တော်ပြောရမှာပါ.....…။တပ်မတော်ဟာ
လွတ်လပ်ရေးမရခင်ကတည်းက စခဲ့တဲ့ လူမျိုးရေး ၀ါဒရေးရာမှိုင်းများအောက်မှာ ပြိုကွဲ လု နီးပါး ဖြစ်ခဲ့တဲ့ 
အတွေ့ အကြုံကို အခြေခံပြီး ဒီအတွေးအခေါ် ပေါ်ထွက်လာတာလို့ ပြောရင်လဲ မှား မယ် မထင်ပါဘူး……။
၁၉၄၈ လွတ်လပ်ရေးရပြီးခါစမှာ တပ်မတော်ရဲ့ ရှိစုမ့စဲု တပ်ရင်း ၁၀ရင်းထဲက တပ်ရင်းတစ်ချို့ ဟာ
တော ခိုသွား ခဲ့ပါတယ်။ တစ်ဖက်မှာလဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ရင်းတွေ အတော်များများက တစ်ပြိုင်
တည်း ပုန်ကန်ခဲ့တဲ့ဖြစ်ရပ်အတွက် တပ်မတော်ဟာ အတော်အထိနာသွားခဲ့ပြီး ရန်သူက မန္တလေးအပါအ၀င်
မြန်မာပြည် တစ်ပြည်လုံးနီးပါးနဲ့  ရန်ကုန်မြို့ အင်းစိန်ထိ ထိုးစစ်ဆင်သိမ်းပိုက်လိုက်တဲ့ ဖြစ်ရပ်၊ တပ်ရင်းတွေဟာတပ်ရင်း လိုက်တောင်တိုက်ပွဲမ၀င်နိုင်တော့ပဲ တပ်ခွဲ လိုက် မြန်မာပြည် အနှံ.အပြားပြန့် ကျဲ ခံစစ် ဆင်ခဲ့ရတဲ့
ဖြစ်ရပ်၊ လက်တစ်ဆုပ်စာလောက် တပ်တွေဟာ မြန်မာပြည် အရှေ့ အနောက် တောင်မြောက် အရူးမီးဝိုင်း
အပြေးအလွှား ချီတက်တိုက်ခိုက်ရင်း ကိုယ့်ထက် အင်အား ငါးဆလောက်များတဲ့ရန်သူကို အသေခံ
ကာကွယ်ခဲ့ရတဲ့ အဖြစ် အပျက်တွေဟာ သက်တမ်းနုနယ်လှသေးတဲ့ အမြဲတန်း တပ်မတော် တစ်ခု ရဲ့ စိတ်ကိုအင်မတန် အနာတရ ဖြစ်စေခဲ့ပါတယ်……။

အင်းစိန် တိုက်ပွဲကာလ အင်းစိန်မြို.တွင်း တစ်နေရာ ( Photo by mmteashop)


အဲဒီနောက် ထပ်ပြီးခါးသီးစရာ ဖြစ်ခဲ့ရတာကတော့ ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ ရထားတဲ့ 
ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ ရင်ဆိုင်ရတဲ့ ကာလရှည်စစ်ပွဲကြီးရယ်၊ ဗူးလေးရာ ဖရုံဆင့်ဆိုသလို နောက် ထပ်စစ်မျက်နှာ အသစ်တစ်ခု ဖွင့်လိုက်ရတဲ့  တရုတ်ဖြူကျူးကျော်မှုရယ်၊ အဲဒါနဲ့ အတူ တစ်ပြိုင်တည်းပေါ်လာတဲ့ရခိုင်မြောက်ပိုင်းနယ်စပ်က မူဂျာဟစ်လှုပ်ရှားမှုရယ်ပါ …။

တပ်မတော်ဟာ လွတ်လပ်ရေးရခါစတိုင်းပြည်မှာ အရပ်ဆယ်မျက်နှာကို လှည့်ပတ်စစ်တိုက်နေရတဲ့
ဘ၀ ကနေ သတိပြုမိလာတာကတော့ အစိုးရ အဖွဲ့ ရဲ့ ဆောင်ရွက်ချက်အားလုံးဟာ တပ်မတော်ရဲ့ အနာဂတ်ကိုဖန်တီးပေးနေ တယ်ဆိုတာပါ…။ အစိုးရအဖွဲ့ ထဲက နိုင်ငံရေးသမားများရဲ့  နိုင်ငံရေးကစားကွက်တွေဟာ တပ်ထဲက စစ်သည်အတော် များများရဲ့ အသက်ကို ချွေပစ်နိုင်တယ်ဆိုတာ ၁၉၆၁ သြဂုတ် (၂၆) ရက်နေ့ မှာ ဦးနု က
ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာလို့  ကြေငြာလိုက်ပြီး တစ်လအတွင်း ဒီရေလိုတိုးလာတဲ့ KIA သောင်း
ကျန်းသူ အရေအတွက်ကို ကြည့်ပြီး ကောင်းကောင်း သဘောပေါက်လာခဲ့ပါတယ်.။
ဒါဟာ မြန်မာ့တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ပါကိုပါရမယ်၊ ဒါမှ နိုင်ငံရေးသမား
တွေ မဲရဖို့  တပ်ကိုထိုးကျွေးတဲ့ ကိစ္စမျိုးကို တားဆီးနိုင်မယ်ဆိုတဲ့  အယူအဆ တစ်ခုကို ထွက်ပေါ်စေ ခဲ့ပါ
တယ်…….။
၁၉၆၂ ခုနှစ၊် မတ်လ (၂) ရက်နေ့ မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေ၀င်း ဟာနိုင်ငံရေးအာဏာကိုရယူခဲ့ပါတယ်။ တော်လှန်ရေးအစိုးရဟာ ဇူလိုင် (၄) ရက်နေ့ မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုဖွဲ့ စည်းခဲ့ ပြီး ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ခုတ်မောင်းဖို့ ပြင်ဆင်ခဲ့ တဲ့ အတွက် တပ်မတော်ဟာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီရဲ့  ဦးဆောင်မှုအောက်ကနေ ဆက်လက်ချီတက်ရပါတော့တယ်….။
ဒီကာလမှာ တပ်မတော်အနေနဲ့အမြတ်ထွက်ခဲ့တာကတော့ အရင်က နောက်ကျောဓါးနဲ့ ထောက်
သလိုဖြစ်နေ တဲ့  နိုင်ငံရေးပါတီတွေက ကျောထောက်နောက်ခံပြုထားတဲ့  ပြူစောထီးတပ်တေ၊ွ စစ်ဝန်ထမ်း
တပ်တေ၊ွ ပြည်ထောင်စုစစ်ရဲတပ်တွေ အားလုံးကို တပ်မတော်တပ်ရင်းတွေ အဖြစ် အသွင်ပြောင်း ဖွဲ့စည်း
လိုက်နိုင် တာပါပဲ။ ကျန်တာကတော့ ဘာမှသိပ်မထူးလှပါဘူး…..။

တပ်မတော်သားအများစုဟာ ဆိုရှယ်လစ်စနစ်ဆိုတာကို သိပ်မသိသလို ဒီမိုကရေစီဆိုတာကိုလဲ
သိပ်တော့နားမလည်လှပါဘူး။ သူတို့ဟာ တစ်နှစ်မှာ ရက်သုံးရာလောက် ရှေ့တန်းမှာ တိုက်ပွဲဝင် နေကြရတာပါ။
သူ တို့ သိတာက တစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့  ရဲဘော်ရဲဘက်စိတ်ပါ၊ စစ်သား မဖြစ်ဘူးတဲ့ သူတစ်ဦး ဘယ်
လိုမှ နားမလည်နိုင်တဲ့စိတ်ပါ။ အပြင်လူ နားလည်အောင် အနီးစပ် ဆုံးပြောရရင်တော့ အမြောက်ဗုံးဆံတွေ
တဂျိမ်း ဂျိမ်း ပစ်နေတဲ့ကြားထဲ ဒဏ်ရာနဲ့ လဲနေတဲ့ သူငယ်ချင်းကို ပြန်တက်ဆွဲတာဟာ ဒီစိတ်က
မောင်းနှင်ပေးတဲ့ ခွန်အား တစ်ခုပေါ့…..…။

ဒါပေမယ့် ဘယ်လိုပဲ ပဲ့ကိုင်သူတွေပြောင်းပြောင်း တပ်မတော် အနေနဲ့ ဆက်ရင်ဆိုင်ရတာကတော့
မဆုံးနိုင်တဲ့ တိုက်ပွဲခရီးကြမ်း အထပ်ထပ်ပါပဲ၊ အရေအတွက် လေးငါးဆယ်နီးပါးရှိတဲ့ လက်နက်ကိုင်တွေနဲ့  ငြိမ်း
ချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်၊ သူ့ ဖက် ကိုယ့်ဖက် အပြန်အလှန် အပြစ်ဖို့ ၊ နောက်ဆုံးတော့
ဒုံရင်းဒုံရင်း ကျောပိုးအိတ်လွယ်ပြီး အမြဲတန်းပဲ သေနတ်ပဲ ပြန်ကိုင်ရနေကျမို့ အသစ်ဝင်ရောက်လာတဲ့
တပ်မတော် ရဲ့ ဒုတိယမျိုးဆက် ခေါင်းဆောင်ငယ်တွေဟာ အမှန်ပြောရရင်တော့ ဘယ်သူ့ ကိုမှ သိပ်မယုံ ကြည်
လှတော့ပါဘူး…..။

Photo from Oppsiteye

 အချိန်တန်ရင် အိမ်ပြန်ရတာ မဟုတ်ပဲ တောတွင်းတစ်နေရာမှာ သူ့ သူငယ်ချင်းကို ကျင်းတူး
မြုပ်နှံရတာပဲ ဖြစ်နေတော့ ဘယ်သူတွေ ဘယ်လိုပြောပြော မြန်မာပြည်လို တိုင်းပြည်မျိုးမှာ "သူတို့ အင်အားရှိမှ
သူတို့ အသက် ရှင်မယ်" ဆိုတဲ့ သင်ခန်းစာကို အတော်များများဟာ အရိုးထဲစွဲ သွားခဲ့ပါတယ်

ဆက်ရန် ..........................