Saturday, November 3, 2012
မြို.လေးက နိုင်ငံဂုဏ်ရည် ဘွဲ.ရှင်များ
ဝါးခယ်မမြို.နှင်. နိုင်ငံ.ဂုဏ်ရည်ဘွဲ.
နိုင်ငံ.ဂုဏ်ရည်ဘွဲ. နဲ. ပတ်သက်လို. အသေးစိပ်အချက်အလက်တွေတော. ရှာလို.မရနိုင်သေးပါဘူး..ဒါပေမယ်.လည်းမြန်မာနိုင်ငံ လွတ်လပ်ရေးမှာ ခေါင်းဆောင်ပိုင်းကနေ ထူးထူးချွန်ချွန် ပါဝင်လှုပ်ရှားခဲ့သူတွေကို ချီးမြှင်.တာလို. ယူဆရပါတယ်...၀ါးခယ်မကနေ ဒီဆု ရရှိခဲ့သူတွေကတော.
၁ ၊ သခင်သိန်းဖေ နိုင်ငံ.ဂုဏ်ရည် ပထမအဆင်. ၁၉၈၀ ခုနှစ်
၂ ၊ ဗိုလ်ကြီးအုန်းကျော် ။ ပထမအဆင်. ၁၉၈၀ ခုနှစ်
၃ ၊ ဦးနု ။ ပထမအဆင်. ၁၉၈၁ ခုနှစ်
၎ ၊ ဦးမန်းစံမြတ်ရွှေ ။ ပထမအဆင်. ၁၉၈၄ ခုနှစ်
၅ ၊ သခင်ချစ်ကျော် ။ ဒုတိယအဆင်.၁၉၈၀ ခုနှစ်
အထက်တွင်ဖော်ပြထားသောပုံမှာ နိုင်ငံ.ဂုဏ်ရည် ဆုတံဆိပ်နှင်. အတူတွေ.ရသော သခင်သိန်းဖေ ၏ ပုံဖြစ်ပါသည်........
သခင်သိန်းဖေ (၀ါးခယ်မ)
သခင်သိန်းဖေ (၀ါးခယ်မ )
ရဲညွန်.) အဖွဲ.ကို တည်ထောင်ခဲ့ပါသည်...
. ၁၉၃၄ ခုနှစ်တွင် လူငယ်များကြီးပွားရေး အသင်းအတွင်းရေးမှုးအဖြစ် ဆောင်ရွက် ခဲ့ပါသည်... ၁၉၃၆ ခုနှစ်တွင် မြောင်းမြခရိုင် တို.ဗမာ အစည်းအရုံး ညီလာခံအတွင်းရေးမှုးနှင်. မြန်မာနိုင်ငံလုံးဆိုင်ရာ တို.ဗမာ အစည်းအရုံး အလုပ်အမှုဆောင် ....၁၉၃၈ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုတောင်သူလယ်သမားအမှုဆောင် .....နယ်ချဲ.ဗြိတိသျှ တော်လှန်ရေးတွင် မြစ်ဝကျွန်းပေါ်နိုင်ငံရေး တာဝန်ခံ....ဖ-ဆ-ပ-လ အဖွဲ့ချုပ်၏ လွတ်လပ်ရေးတိုက်ပွဲတွင် မြစ်ဝကျွန်းပေါ် ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်ခဲ့သည်.
.လက်ရှိ Political Flow တွင်လည်း Limited Position တစ်ခုဖြင်.ပါဝင်နေခဲ့သည်ဝါရင့် နိုင်ငံရေးသမားတဦး ဖြစ်သူ သခင်သိန်းဖေသည် မြန်မာနိုင်ငံရေး နှင့်ပတ်သက်၍ အကြံပေးပုဂ္ဂိုလ် တဦး ဖြစ်သည့်အပြင် ၂ဝဝ၇ ခုနှစ် နှစ်ဆန်းပိုင်းက ဝါရင့်နိုင်ငံရေး သမားကြီးများမှ လက်ဆင့်ကမ်းပေးခဲ့သော သမိုင်းဝင် တော်လှန်ရေး အလံ (၂) ခုအား ၈၈-မျိုးဆက် ကျောင်းသားများအား ဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခဲ့ရာ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ လက်ခံ ရယူခဲ့သည်။
 မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် တပ်မတော်အစိုးရ၊ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) နှင့် တိုင်းရင်းသားများ အကြား သုံးပွင့်ဆိုင် တွေ့ဆုံရေး ဖော်ဆောင်ရာတွင် အကြံပေး ပုဂ္ဂိုလ် တဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်...၂၀၀၈ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ.ကအပေါ်သွေး ၁၇၀ အောက်သွေး၁၀၀ ခန်.တက်လာပြီး လေဖြတ်သလိုသွားခဲ့ကာအာရှတော်ဝင်ဆေးခန်းတွင်တက်ရောက်ကုသခဲ့ရသေးသည်..ထိုအချိန်က အသက် ၉၂ နှစ်ဖြစ်သည်...ထိုမတိုင်ခင် ၂၀၀၇ နှစ်ဆန်းပိုင်းက ရန်ကုန်မြို.တွင် သခင်သိန်းဖေ ကွယ်လွန်ကြောင်း နာရေးကြော်ငြာကို အမည်မသိလူတစ်စုက ဖြန်.ဝေခဲ့သေးသည်...၉၅နှစ်ပြည်.မွေးနေ.ကို၉.၆.၂၀၁၁ နေ.က ချော်တွင်းကုန်း(ပါရမီ)နေအိမ်တွင်ကျင်းပခဲ့ သည်..အဆိုပါမွေးနေ့ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးတင်ဦး၊ အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၆၂-၇၄-၈၈ မျိုးဆက်အင်အားစုများ ဦးသုဝေ..ဒေါ်သန်းသန်းနု..နေရီဗဆွေနှင့် အခြားဒီမိုကရေစီအင်အားစုများ တက်ကြွလှုပ်ရှားသူများ ၁၀၀ ကျော်ခန့် တက်ရောက် ကြောင်းသိရှိရသည်။
မွေးနေ့ပွဲတွင် မွေးနေ့ရှင် သခင်သိန်းဖေက နှုတ်ခွန်းဆက်အမှာစကားပြောကြား ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများ ကိုယ်စား ဦးခင်မောင်ကြည်က ဂုဏ်ပြုသ၀ဏ်လွှာ ဖတ်ကြားကာ တက်ရောက်လာသူများထဲမှ ဦးတင်ဦးနှင့် ဦးသန်းတင်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရှိ ရသည်။ မိမိအနေနှင်. ကိုနု နှင်.သခင်ဗသောင်းသာရှိနေခဲ့သေးလျှင် လိုချင်အုံးဟဲ့လွတ်လပ်ရေး ဟူသော ပြဇာတ် တစ်ပုဒ်ရေးခိုင်းချင်ပါကြောင်းမွေးနေ.ပွဲ တက်ရောက်လာသူများကိုပြောကြညးခဲ့သေးသည်...ထို.ပြင် ၂၀၁၂ ခုနှစ် ၆၄ နှစ်မြောက်လွတ်လပ်ရေးနေ.ကိုလည်းပါရမီလမ်းမှာ ရှိသည့် ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး သခင်သိန်းဖေ (ဝါးခယ်မ) ၏ နေအိမ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ နံနက် ၉း၀၀ နာရီကနေ ၁၀း၀၀ နာရီအထိ ကျင်းပသော
ထို အခမ်းအနားတွင် ဝါရင့် နိုင်ငံရေးသမားများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေး နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းစကား ပြောကြားခဲ့ပါသည်။.သခင်သိန်းမောင်သည်.၀ါးခယ်မမြို.နယ်အသင်းရန်ကုန်၏ ပဉ္စမမြောက် ဥက္ကဌ အဖြစ် ၁၉၇၀ မှ ၁၉၈၈ အထိထမ်းဆောင်ပေးခဲ့သည်.....
၁၉၈၀ ပြည်.နှစ်တွင် နိုင်ငံတော်မှ နိုင်ငံ.ဂုဏ်ရည် (ပထမအဆင်.) ချီးမြှင်.ခံခဲ့ရသည်.....အသင်း၏ ဂုဏ်ထူးဆောင် နာယကလည်းဖြစ်သည်..ကိုယ်မြို.ကို မည်မျှမြတ်နိုးသည်ဆိုသည်ကတော.နာမည်နောက်က ၀ါးခယ်မကိုကြည်.ရုံနှင်.သိနိုင်ပါလိမ်.မည်..အပေါ်ဆုံးမှ ပုံမှာ ၉၅ နှစ်ပြည်.မွေးနေ.ကပေးဝေသောအမှတ်တရ လက်ဆောင်ပို.စကဒ် ဖြစ်ပါသည်...
Wednesday, October 31, 2012
ရန်ကုန်က ၀ါးခယ်မ နဲ.ရွှေလောင်း
ရန်ကုန်က မြို.လေးရဲ. အငွေ.အသက်အချို. 
  စမ်းချောင်းက ၀ါးခယ်မ လမ်း နဲ. ရွှေလောင်းလမ်း
မြို.လေးကို တကယ်မြတ်နိုးကြသူတွေ...အထူးသဖြင်. အဝေးရောက်နေကြရသူတွေ...ဒီ.ထက်ပိုပြီး အဝေးလည်းရောက် မပြန်ရတာလည်းကြာ အသက်ကလည်းကြီးလာကြသူတွေအဖို. သတင်းစာထဲမှာ.. ဂျာနယ်ထဲမှာ ..၀တ္ထု ဇာတ်လမ်းတွေထဲမှာ ..နောက်ဆုံးးရုပ်ပြ ကာတွန်းတွေထဲမှာ ၀ါးခယ်မ ဆိုတဲ. စာသားလေး မြင်လိုက်ရရင် ...ဒါမှမဟုတ် မြို.နဲ. ပတ်သက်တာလေးတွေ.လိုက်ရင် ရင်ကို လှိုက်ကနဲ ဖြစ်သွားတတ်ကြပါတယ်..ဘာအကြောင်းလည်း..ဘာတွေရေးထားတာလည်း ကိုယ်သိတဲ့နေရာ ကိုယ်သိတဲ့သူ ကိုယ်နဲ.ပတ်သက်တာလေးတွေဆို အနားက လူတွေ ကို ဆက်စပ်ရာလေးတွေပြောပြရင်း စိတ်ကူးနဲ. မြို.ကို ခဏပြန်ရောက်သွားတတ်ကြစမြဲပါ.....
တကယ်က ဇာတိမြို.ဆိုတာလေးတွေဟာ များသောအားဖြင်. မိစုံဖစုံ သူငယ်ချင်းစုံ နဲ. ရင်ခုန်တတ်စ အရွယ်တွေအထိ အချိန်တော်တော်များများကို ကျေနပ်..ကြည်နူး ..ပျော်ရွှင်စွာ ဖြတ်သန်းခွင်. ရစေခဲ့တဲ့ အတိတ်က နိဗ္ဗာန်ဘုံ...သုခရပ်ဝန်း အဖြစ် သတိရတမ်းတမိတတ်ကြတာမျိုးပါ..အချို.တွေအတွက်တော.လည်း ခါးသက်တဲ. နာရီတစ်ချို.ရှိကောင်းရှိခဲ့ကြမှာပါ...ဘယ်လိုပဲဖြစ်ဖြစ် အတောင်အလက်စုံလို. တော်ရာဆိုတဲ့ခေါင်းစဉ်အောက် ဘ၀တွေရောက်နေကြရပေမယ်. အနည်းဆုံး ၀ါးခယ်မ ဆိုတဲ.စာလုံးလေးတွေ.ရင် ..မြင်ရင်..ကြားလိုက်ရရင်တော. စိတ်ကူးရထားက ၅နှစ်သား ဘူတာစဉ်လောက်အထိ တစ်ရှိန်ထိုးမောင်းသွားတတ်ကြတာပါပဲ...ကြည်နူးချမ်းမြေ.ဖွယ် ဘူတာများမှာတော. ခေတ္တ မိန်းမော...ခပ်စပ်စပ် ဘူတာတွေကိုတော. မျက်လုံးမှိတ်ကျော်..ပျော်စရာတွေများတဲ. ငယ်ဘ၀ရဲ. အချိန်တွေဆီ ဆိတ်ငြိမ်ချမ်းမြေ.စွာ ပြန်ရောက်သွားမိတတ်ကြတာပါပဲ....တကယ်တော. ဘ၀တွေကြီးရင်.သွားချိန်မှာ မြို.လေးမှာ ကျန်ခဲ့တတ်ကြတာက မိအို..ဖအို..အိမ်အို..တံတားဆွေး..ကိုယ်တွေကတော. ဟိုးးးးးးးးးးးး အဝေးမှာ ပျော်တဲ့အခါလည်းပျော် ကျရှုံးတဲ.အခါလည်း ကျရှုံး ..အမုန်း..အချစ်..ဘ၀အာမခံချက်..အနာဂတ်တစ္ဆေ တွေရဲ. မောင်းနှင်မှုအောက် လမ်းပျောက်တာလား..လမ်းဖောက်တာလားတောင် မသိလောက်အောင်ဖြစ်နေတတ်ပါတယ်.....
ဒီင်္လမ်းလေးနဲ. ပတ်သက်လို.ကတော. ဘာမင်ဂန် ဆရာတော်ကြိး ဒေါက်တာ ရေ၀တဓမ္မ က ..... မိမိတို. ကိုရင် ဘ၀ က ရှမ်းလမ်းပေါ်ရှိ အောင်မင်္ဂလာ သိဒ္ဓိ ကျောင်းတိုက်၌ စာပေသင်ကြားစဉ် ဆွမ်းကွမ်း ရှားပါး၍ ကျောင်းရှိသံဃာ အားလုံး ဆွမ်းခံထွက်ရာ အပါး တစ်ရာကျော်မျှ ရှိသော သံဃာတန်းကြီးကို ကြည်ညိုသဒ္ဓါပေါက်လွန်း၍ ပုသိမ်လမ်း ဖျာပုံလမ်း ညောင်တုန်းလမ်း ၀ါးခယ်မလမ်း ..တို.မှထွက်လောင်းရာ တစ်နေ.ဆွမ်းခံရုံမျှဖြင်. တစ်နှစ်စာပတ်လုံး စားလောက်အောင်ရရှိခဲ့ကြောင်း........မိန်.တော်မူဖူးသည်ကို သိရသောအခါ ထိုလမ်းလေးအတွက် ကြည်နူးပီတိ ဖြစ်ရပါသည်...
မြို.လေးရဲ. အတိတ်က ဇာတ်လိုက်ကျော်ကြီးများ
မြို.လေးရဲ. အတိတ်က ဇာတ်လိုက်ကျော်ကြီးများ (သို.) ကြားသင်္ဘော
တကယ်တမ်းတော. ဒီနာမည်က တစ်မျိုးကြီးဖြစ်နေသည်.... ကြားသင်္ဘောတဲ့ ..ဗမာ စကားတွင် ဘန်းစကားအဖြစ်သုံးသော စကားလုံး တစ်ခုဖြစ်သည်. ကြားကားဆိုက်သည် ဆိုသော စကား နှင်.သွားဆင်နေတော. အဓိပ္ပါယ်က ဘာလိုလို....သိ
ု.သော် သူတို.သည် မြို.လေးမှ အခြားမြို.များသို.သွားရာတွင် အဓိက ဇာတ်ကောင်အဖြစ် နှစ်များစွာကပင် ပါဝင်ပံ.ပိုးပေးခဲ့ကြသူများ ဖြစ်သည်....ယခုအချိန်တွင် အကြောင်းကြောင်းကြောင်. သူတို.၏ အခန်းကဏ္ဍ မှေးမှိန် သွားခဲ့ကြရသော်လည်း တစ်ချိန်ကတော. တကယ်.ဇာတ်လိုက်ကျော်ကြီးများပင်......
ရေလမ်းကိုသာ အဓိက အားထားသွားလာနေရသည်. ဟိုးးးးးးးးးးးးး နှစ်များစွာမှ လွန်ခဲ့သော ဆယ်စုနှစ် နှစ် ၂ခု ကျော်ကျော် ခန်.ထိကတော. နွေ..မိုး..ဆောင်း သင်္ဘောကိုသာ အားကိုးကြရသည်....မြို.လေး၏ တည်နေပုံကိုက ပုသိမ် နှင်. ရန်ကုန် ရေလမ်း၏ အလည် တည်.တည်. ကြားမြို.ပုံစံဖြစ်နေသည်. အလျှောက် ပုသိမ်မှ ဧရာဝတီသင်္ဘော ဆိုက်ချိန်က အိပ်ရာဝင်ဖို.ကောင်းသောအချိန်ဖြစ်နေတတ်သလို ရန်ကုန်မှ ဧရာဝတီသင်္ဘောဝင်ချိန်က အိပ်လို.အကောင်းဆုံးအချိန်များ.....ပိုဆိုးသည်က ရန်ကုန်သွားမည်ဆိုလျှင် ကြားမြို.ဖြစ်သောကြောင်.ပုသိမ်မှ မိတ်ဆွေများက တစ်ကူးတစ်က လက်မှတ်ကြိုတင် မစီစဉ်ပေးလျှင် အဆင်ပြေမည်.နေရာမှ လိုက်ရလေ.ရှိပြီး ရန်ကုန်မှ ပြန်လျှင်တော. 
သူများတွေအိပ်ချိန် ကမန်းကတန်းထ တိုးခွေ.ဆင်းကြရခြင်းပင်....အဲဒီတော. ကိုယ်.မြို.က နေ.လည် စထွက်..(ယခင်ကတော. ရွှေလောင်း ကိုဝင်ကပ်လေ.ရှိပြီး ယခုနောက်ပိုင်းတော. ၀င်မကပ်တော.တာအတော်ကြာပေါ.) ရန်ကုန်ကို မိုး မလင်းတလင်းလေးရောက်....ရန်ကုန်က ညနေထွက် ၀ါးခယ်မကို မနက်ပိုင်းလေးရောက်...ဘယ်သူ.မှ ထဖယ်ပေးစရာ မလိုသလို ဘယ်သူ.မှကျော်ခွ ဆင်းစရာလည်း မလို...အိပ်ပျော်နေလို. ကျော်ပြီးပါသွားမှာလည်း မစိုးရိမ်ရ...တစ်စင်းလုံးကလည်း ကိုယ်.မြို.က လူတွေချည်းဆိုတော. အပျော်ခရီးသွားရသလိုလို အလိုလို relax ဖြစ်ပြီးသား.....ဒါကြောင်.လည်း သူတို. ခေါင်းဆောင်မင်းသားအဖြစ် နှစ်အတော်များများ ကပြနိုင်ခဲ့ကြခြင်းပင်....နောက်ပိုင်းတော. ရန်ကုန်ထွက်ချိန်က ၄နာရီဝန်းကျင်ဖြစ်ပေမယ်. ၀ါးခယ်မ ထွက်ချိန်က .အတိအကျ မသိ(..ကာလ တစ်ခုကဆိုကြုံဖူးကြသည်..သင်္ဘောပေါ် မနက်တည်းက တက် တကယ်ထွက်တော. မွန်းလွဲ...ညနေ ...ဆိုတာမျိုးတွေ...)
လက်လှမ်းမှီသလောက် အရင်ကတော.ချမ်းသာကြီး..ဒဂုံမေ စသော သင်္ဘောများ...ဒီ.နောက် မင်းဆန်း..နေလင်းထွန်း..ရွှေချမ်းမြေ. ..ထို.နောက် ရွှေဧရာ..ရွှေစန္ဒာလင်း..ရွှေစန္ဒာထွန်း ...ခုတော. ရွှေဝင်းကြည်..ရတနာသိင်္ဃ..စသည်ဖြင်. အမည်အမျိုးမျိုးပုံစံအထွေထွေ.များသောအားဖြင်.တော. အလျှား ပေ ၁၀၀ အထက်သင်္ဘောများသာ...ယခင်ကတော. ထိုကြားသင်္ဘောများတွင် နှစ်ထပ်သင်္ဘော များသာ သုံးလေ.ရှိပြီး ၁၉၉၀/၂၀၀၀ လောက်ကစလို. တစ်ထပ်သင်္ဘောများလည်း ၀င်ရောက်ပြေးဆွဲကြသည်.စကြားဖူးတာက ၀ါးခယ်မ ရန်ကုန် ၄ကျပ် ခုတော. ၁၅၀၀ နဲ. ၂၀၀၀ ကြားလောက်ရှိ ထင်ပါရဲ..ယခင်က သင်္ဘောစီးလျှင် စောင်..ခြင်ထောင်..ခေါင်းအုံး...ကွမ်းအစ်..လဘက်အုပ်...ကြွေရည်သုတ် ထမင်းချိုင်.ကြီးများ နှင်. ကိုယ်.အိမ်ကိုယ်.ရာအလား စားကြ..သောက်ကြ..စကားပြောကြ ထိုအခွင်.အရေးက ထိုသင်္ဘောများပေါ်တွင်သာ ရတတ်သော အခြေအနေ...လူရော စိတ်ပါ သက်တောင်.သက်သာ ရှိလှသည်..
. ..မှတ်မိသမျှ နှစ် ၄၀/၅၀ လောက်အတွင်းတစ်ကြိမ်သာ သင်္ဘော တစ်စီးနစ် ဖူးပြီး ပစ္စည်းများဆုံးရှုံးကြသော်လည်း လူအသေအပျောက်ကား မရှိ....
စဉ်းစားစရာ ရှိတာကတော.အဘယ်ကြောင်.ကြားသင်္ဘောဟု အမည်တွင်သည်မသိ...ပုဂ္ဂလိက ခရီးသည်တင် သင်္ဘော များကို ထိုသို.သာခေါ်ကြသည်..တစ်ခုရှိသည်ကလည်း ထိုသင်္ဘောအားလုံး ၀ါးခယ်မ - ရန်ကုန် တစ်လိုင်းတည်းသာပြေးဆွဲကြသည်...အခြားသို.ပြေးဆွဲခြင်းမရှိ...ထိုသင်္ဘောတို.၏ အဓိက ဆိပ်မှာ ဦးစောမောင်တံတား (ယခု ဦးအာဝါးမိသားစု ပြန်လည်ပြုပြင် လှုဒါန်းထားသော ရေကျော်ရပ်ကွက် ကမ်းနားလမ်း သင်္ဘောဆိပ်) ဖြစ်ပြီး ဦးချမ်းအေးဆိပ် တွင်လည်း ဆိုက်ကပ်ရပ်နားလေ.ရှိသည်..၇န်ကုန်တွင်တော. လမ်းမတော် စဉ်.အိုးတန်း ဆိပ်ကမ်း ကထွက်သည်..ယခင်က လူရော ကုန်ပါ သွားလာသယ်ပို.ကြသော်လည်း ယခုတော. ကားလိုင်းများ... ရှပ်ပြေး သင်္ဘောများ အပါအ၀င် ပိုမိုမြန်ဆန်သော သယ်ယူပို.ဆောင်ရေးစနစ်တို. က လူတို.အတွက် အဓိက ဖြစ်နေပြီး ထို ဇာတ်လိုက်ဟောင်းကြီးများကတော. အသွားဆန်..ပဲ..ငြုပ်....အပြန် လျှပ်စစ်ပစ္စည်း..အိမ်ဆောက်ပစ္စည်း..စားသောက်ကုန် စသည်ဖြင်. ကန်.သတ် နှစ်ပါးသွားကကွက်တို. ကိုသာ အေးချမ်းစွာ ကပြနေဆဲ...တစ်ခါတစ်လေတော. ကျေးရွာများက ခရီးသည်တို.က ပါဝင်ဇာတ်ဖြည်.လျှက်.........
နာမည်လွဲသွားတဲ.ခန်းမဆောင်က တံလျှပ်ရောင်မျှော်လင်.ခြင်း
တံလျှပ်ရောင်မျှော်လင်.ခြင်း
လေယာဉ်ပျံ ကို တီထွင်ခဲ့တဲ.
သူတွေကိုလဲမုန်းတယ်
မင်္ဂလာဒုံ လေဆိပ်က
ထိုင်ခုံတွေလည်းမုန်းတယ်........ဆိုတဲ.သီချင်း
ပူပြင်းတဲ.နေရောင်အောက်
ငါ.ကို ဟုန်းဟုန်းတောက်စေခဲ့ပြီ
ပိုးသားလေးကြောင်းနဲ.
ဟိုး အဝေးကိုနင်ထွက်သွား
အဲဒီစာသားလည်း
ငါ.ရင်ကိုကြွမ်းမြိုက်
မီးတိုက် လိုက်သလိုပါပဲ
ငါကကော
Departure ဆိုတဲ.ခန်းမ
ဖြိုချ လိုက်ရင်ေ ကာင်းမလား
ပဉ္စရူပ အရုပ်
ကြိုးနဲ.တုပ်ထားရင် ကောင်းမလား
ဥယျဉ်တော်ရေ.....
Poem Of Pre-Missing
ဒါလေညင်းမဟုတ်ဘူး
ထာဝရအတွက်နိဒါန်း
ဒါပန်းလည်း မဟုတ်ဘူး
ချောင်းတစ်ခုခြားသူတွေလို
ရက်ပေါင်း ၇၀၀ ဆွေးခွင်.မသာပေမယ်.
နာရီပေါင်း ၇၀၀ ခွဲခွာသွားခြင်း
(ငါ.မှာတော.)
နေအစင်းစင်းနဲ.ကျန်ခဲ့ပြီ........
ပြန်လာမယ်အသေချာသိပေမယ်.
အဲဒီရက်တွေမှာ
ငါ......ဘယ်လေနဲ. အသက်ဆက်ရမလဲ
ငါ.ရဲ. ဥ..ယျာဉ်...တော်....ရေ.....................
ဆံနွယ်ညိုတို.ညည်းချင်း
သီဆိုရင်း တမ်းတပါရစေ......
နူးညံ.သော စကားလုံးတို.၏ အရိပ်ကပွဲ
တိုးတိတ်စွာဆင်နွဲခွင်.ပြုပါ
အသံမဲ. စကားလုံးတစ်ချို.
ဖွဖွ တို.ထိပါရစေ
လေပြည်ငယ်ရနံ.
(ဒီဘက်ကို ) ခြေဆန်.ပျံသန်းပါစေ
ကြယ်တွေဆီ အိမ်မက်တစ်ချို.
ငြင်သာစွာ ပို.လွှတ်ပေးပါ............................................
နာမည် လွဲ သွားတဲ. ခန်းမဆောင်
ခွဲခွာခြင်း ခန်းမကျယ်
မဟူရာခြယ် နံရံထက်က ကိန္နရာ ရုပ်ထွင်း
မြင်မြင်ချင်းတော.
သူတို.ကရက် ၇၀၀ ငါက နာရီ ၇၀၀
ဖြေသာပါတယ်လို.
ပို.ဆောင်ခြင်း ခရီးရဲ. အဆုံးတုန်းက
ယဲ့ယဲ့ တော. ငါပြုံးလို.ရခဲ့သေးတယ်
တကယ်က
ငါပူပန်ခဲ့သလိုပဲ
ဒါဟာ ပျက်သုဉ်းခြင်းရဲ.အစ
ပုံပြင် ဆန်ဆန် ဘ၀တွေရဲ. နိဂုံး
ခုတော. အစိုးရွံ.ဆုံးနာရိ Alarm ထမြည်ပြီပေါ.
လာခဲ့ရတဲ.
ကြိုဆိုခြင်း ခန်းမဆောင်
ငါ.အိမ်မက်တွေ အမှောင်ကျစေခဲ့ပြီ
နာရီ ၇၀၀ အတွင်း
ဇာတ်ညွှန်း တစ်ခုလုံးပြောင်းသွားတဲ. ဇာတ်ကွက်
သွေးပျက်လောက်တယ် ဥယျဉ်တော်ရေ
လူကတော. ပြန်ရောက်လာတော.မှာပေမယ်. ...............................
ခွဲခွာခြင်း ခန်းမကျယ်က
ငါ.အိမ်မက်တွေ အရောင်မပြယ်စေခဲ့ပေမယ်.
ကြိုဆိုခြင်း ခန်းမဆောင် ထာဝရဝေးကွာအောင် ဖြစ်ခဲ့ရပြီ......
ကိုယ်တော်တိုင် အပ်နှံတော.မယ်.သတင်း
ကြား ကြား ချင်း ငါ လေ ..
သိမ်ငယ်လိုက်တာ...........................
ဒါငါ.ဘ၀ကြောင်. ရတဲ့အဖြေ
လွင်. ကြွေ ကုန်တဲ. မျှော်လင်.ခြင်း နှင်းဆီ
လမင်းက မရှိ
ကြယ်စင်တွေကပျောက်
ခုမှ (ငါ.ဘ၀ )
သန်းခေါင်ယံ ရောက်ပြီ.........
ဒါပေမယ်.လည်း
ထာဝရ အရှင်တော်ထံ
သူကိုယ်တိုင် မအပ်နှံ့သေးခိုက်
ပွေ.ပိုက် ကာကွယ်ရင်း
ခြောက်ပစ်ကင်း နေစေရပါမယ်လေ......
တစ်ခုပဲ သံသယရှိတယ်
ဥယျဉ်တော်ရေ............
ငါ.ရဲ. ခံနိုင်ရီ (ရည်)
ဘယ်မျှော်လင်.ခြင်းပေါ် တည်ရပါ. .......................................
ဘုရားကြီး သံတန်ဆောင်း
သကျမဟာသီရိ ဘုရားကြီး သံတန်ဆောင်း
းဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်)မငြိမ်သက်ဖြစ်ပြီးဒေီနေရာလေးကမြို.မှာရှိတဲ့ လူတိုင်း လိုလိုသိကြပါတယ်..ခောတ်အဆက်ဆက်မှာလဲ ကျရာဇာတ်ကွက် မျိုးစုံကနေ အသုံးတော်ခံခဲ.ပါတယ်...ဟိုးအရင် ဆောက်လက်စမပြီးခင်ကတော. အထီးကျန်ပေါ. ဆောက်ပြီးလို.သိပ်မကြာခင်မှာပဲ (၁၉၄၀နဲ. ၅၀ ကြာ
တာရွာတွေမှာ မနေရဲလို.မြို.ပေါ်တက်ပြေးလာတဲ. သူတွေကိုလဲ သူလက်ခံပေးခဲ့တာပဲ နောက်ပိုင်းအိုးအိမ်မဲ. ရွေ.လျှား သွားလာ ရှာဖွေ စားသောက်သူတွေအတွက်လဲ သူရင်ငွေ.ကိုလှုံခွင်.ပေးခဲ.သေးတယ် ပိုက်ကျော်ခြင်းတွေပေါ်ကာစက ဆို တကယ်.အကြိတ်အနယ်
ပွဲကြီးပွဲကောင်းတွေ ဆို တာ နေ.ည မပြတ်လောက်အောင်ကို ပါ အရင်ကတော.၀ိုင်းခြင်းတွေလောက်ပါပဲ ဘုရားကြီးနဲ. ပတ်သက်တဲ. ပွဲတွေဆိုလဲ သူ.ကို အလုံကာပြီး ဇာတ်ပွဲ ဆိုတာတွေ ကကြ တော.တာပဲ သူကလဲ ကျေနပ်ပြုံးတွေနဲ.လေ တစ်ခါတော.သူစိတ်မကောင်းဖြစ်ခဲ.ဖူးတယ်.. ဇာတ်အဖွဲ. တစ်ခု သူ.ရင်ခွင် မှာကအပြီး ဇာတ်ခေါင်းကွဲလို. အဲဒီမှာတင်သောင်တင်ကြ အဖွဲ.သားတွေက အပြန်လမ်းစရိတ်ရဖို.အလုပ်ကြမ်းတွေ လုပ်ပြီးရှာကြရ တာတွေမြင်တော.လဲ ၇င်ထဲဘယ်ကောင်းရှာမလဲလေ သူ.ကိုအလုံပိတ် ကပြ ဖြေဖျော် ကြချိန်ကဆို ဘုရားကြီးစောင်းတန်း တစ်လျှောက် စည်လိုက်တာ ဆိုင်တွေ လူတွေ ပြည်.နှက်လို. အဲလိုပွဲရှိမှ စားရတဲ. မန္တလေးမုန်.တီနဲ. နန်းကြီးသုပ် ဆိုင်မျိုးတွေ ...လက်မှုဖြစ်အရုပ်လေးတွေ... ရာသီပေါ် စားစရာတွေ အစုံပါပဲ
 အဲဒီင်္သံတန်ဆောင်းကြီးကို ဦးသန်းကြွယ် ဦးစိန် တို.ကဦးဆောင်ပြီး အလျှား ၁၀၅ ပေ အနံ ၅၀ ပေ အမြင်. ၃၅ ပေ နဲ. ၁၂၉၀ ခန်. (၁၉၂၈ ခုနှစ်ခန်.)မှာစတင်တည်ဆောက်ခဲ.တာပါ.ဒါပေမယ်.လို. သံတိုင်ကြီးတွေ သံဟင်္ဂလန် ထုပ်ကြီးတွေ တင်ပြီးတဲ. အနေအထား ထိပဲ ဆောက်လုပ်နိုင်ခဲ့တာပါ သက္ကရာဇ် ၁၃၀၀ လောက် (၁၉၄၀ ခန်.) မှာဦးဖိုးမောင် ဒေါ်သာလိတို.က တာဝန်ယူပြီးတော. ပွတ်လုံး ရင်တား ပတ်လည်ကာ သွပ်မိုး တွေအပြီး တည်ဆောက်လှုဒါန်းခဲ့ပါတယ်ဗိသုကာဆရာကြီးတွေကတော. ဆရာသက်နဲ. သား ဦးစစ်ရွှေတို.ပါ ဂေါပက အဆက်ဆက် ပြုပြင် ထိ မ်းသိမ်းခဲ.ပြီး ပွတ်လုံး ရင်တား အားအုတ်ဖြင်. ကာရံခြင်းလုပ်ငန်းကသက္က ရာဇ် ၁၃၅၈ (၁၉၉၆ခန်.)မှာ
ဆောက်ရွက်ခဲ့တာပါသူ.လက်ရှိအခြေအနေကတော. ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရေး အဖွဲ. ပေါ်လာပြီးတာကနေ စတယ်ပြောရမှာပေါ. သက္ကရာဇ်၁၃၆၃(၂၀၀၁ ခန်.)အဲဒီတုန်းက ဘုရားကြီးမှာ ဂေါပက အဖွဲ. သတ်သတ်ရှိသလို ဘက်စုံအဖွဲ. လဲထပ်ပေါ်လာပါတယ် အဲဒီအဖွဲ.ရဲ. ဥက္ကဌ က ဦးကျော်စိုး (ပညာရေးမှုးအငြိမ်းစားထင်ပါတယ်) ပါ. ၀ါးခယ်မအသင်းနဲ.ချိတ်ဆက်ပြီး တော်တော် လေး သွက်သွက်လက်လက် လုပ်နိုင်စွမ်းရှိခဲ့ကြပါတယ်.. နောက်တော. ဘုရားကြီးမှာပဲ အဖွဲ. ၂ ခုဖြစ်နေတာ မဖြစ်သင်.ဘူးယူဆပြီး အဲဒီအဖွဲ. က သူ.ဘာသာ break down လုပ်ပေးလိုက်ပါတယ် .အ၀င်သံပန်း တံခါးကို ၁၃၆၃ ခုနှစ် ( သက္ကရာဇ် ၂၀၀၀ ပြည်.မှာ ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်)က လှုဒါန်းခဲ့တာဖြစ်ပါတယ်....လက်ရှိအနေအထားကတော. သက်ဆိုင်တဲ.လူတွေရဲ.ကြိုးပမ်းမှု သဒ္ဓါထက်သန်တဲ. အလှုရှင်တွေရဲ. ပံ.ပိုးမှုနဲ. အတော်ကိုခန်.ထည်နေပါပြီ ...
သံတန်ဆောင်းအတွင်း အလယ်ကျောင်းဆောင်မှာ နောင်တော်ကြီး ကြေးဆင်းတုတော် တစ်ဆူရှိပါတယ်....၁၂၅၃ တပို.တွဲ လဆန်း ၁ ရက် (၁၈၉၁ ခုနှစ်ခန်.) နေ.မှာ သွန်းလောင်းခဲ့တဲ့ ဆင်းတုတော်ဖြစ်တာကြောင်. သကျမဟာသီရိ ဘုရားကြီးထက် ၂လကျော် သက်တမ်းပိုစောတဲ့
ဆင်းတုတော်ပါ....အလှုရှင်တွေကတော. တောင်အူရွာနေ ဘုရားတကာ ဦးထွန်းကြော်..ဘုရားအမ
 မလွန်း..သမီး မအိမ်ညိန်း..သားမောင်ရွှေဒိုင်..သမီး ဘွေးဓုတ် (ဆင်းတုတော်အခြေရှိ မူရင်း စာလုံးပေါင်းများအတိုင်းဖြစ်ပါသည်) တို.ဖြစ်ပါတယ်....ဘေးတစ်ဘက်တစ်ချက်ဆီမှာတော. မြဘုရား..ပုလဲဘုရား..ပတ္တမြား ဘုရား..နီလာ ဘုရားတို. သီတင်းသုံးလျှက်ရှိပါတယ်..
အမိုးတွေကို ခောတ်နဲ.အညီ လှပ သပ်ရပ် ခိုင်ခန်.တဲ့ အလူဇင်. သွပ်မိုးခြင်းနဲ. ရေရှည် ကြံ.ခိုင်မှုအတွက် အမိုးသံမြှားတန်း ထည်.ခြင်းလုပ်ငန်းကို ၁၃၇၄ ကဆုန်လပြည်.နေ. (၂၀၁၂ မေ ၅ )မှာ ၀ါးခယ်မအသင်း (ရန်ကုန်) ဥက္ကဌ ရဲ.မတည်မှု ဘုရားကြီးဂေါပကအဖွဲ.နဲ. Dr မောင်မောင်ကြိုင်တို.ရဲ. Organize နဲ. လုပ်ဆောင်ခဲ့တာ ပြီးစီးသွားပြီဖြစ်ပါတယ်....၀ါးခယ်မအသင်း(ရန်ကုန်) ဥက္ကဌ ရဲ.မတည်ငွေ ၄၅သိန်း အပါအ၀င် အလှုရှင် ၃၃ ဦးတို.က
လှုဒါန်းငွေစုစုပေါင်း ၁၀၄ သိန်း ၄သောင်း ထည်.၀င်လှုဒါန်းခဲ့တာပါ...လှုဒါန်းကြသူတွေဟာ အနည်းဆုံး ၁၀၀,၀၀၀ လှုဒါန်းခဲ့ကြတာဖြစ်ပါတယ်.
 ဒီသံတန်ဆောင်းနဲ. ပတ်သက်လို. စိတ်ဝင်စားစရာ အကောင်းဆုံး သမိုင်းဖြစ်ရပ်လေး တစ်ခုရှိပါတယ်....အိန္ဒိယ ခေါင်းဆောင် ပန်ဒစ်ဂျဟာဝါလာနေရူး ဟာ ၁၉၃၇ ဧပြိ လမှာ ၀ါးခယ်မကို ရောက်ခဲ့ ပါတယ်.. သူနဲ.အတူ သူ.ရဲ.သမိး မစ္စ အင်ဒီရာဂန္ဓီ လဲ ပါလာပါတယ်တဲ့ အဲဒီတရားပွဲကို ဒီ ဘုရားကြီးသံတန်ဆောင်းထဲမှာကျင်းပခဲ့တာဖြစ်ပြီး အိန္ဒိယ အမျိုးသားတွေအပါအ၀င် လူ ၁၀၀၀၀ လောက် တက်ရောက်ခဲ့ပါတယ် သဘာပတိအဖြစ် သခင်အုံးဖေ က တာဝန်ယူပြီး ၀တ်လုံတော်ရ ဦးကျော်မြင်.က စကားပြန်ပါ..အဲဒီတုန်းက သခင်အုံးဖေက တို.ဗမာ သီချင်းဆိုတဲ.အခါ ၇ နှစ် ၈ နှစ် ကလေးတွေ အဘိုးကြီး အဘွားကြီးတွေ ဟိန္ဒု လူမျိုး သခင်ဘာဘူလေး ..သခင်ရှန်ကာ အပါအ၀င်
အကုန်လုံးလက်သီးလက်မောင်းတမ်းပြီး စိတ်ပါလက်ပါ ၀ိုင်းဆိုကြတော. မစ္စတာ နေရူးက သခင်ကျော်မြင်.ကို ပြောပါတယ် " ကျော်မြင်. ငါလဲ သူတို. လို လိုက်ပြီး ဆိုချင်တယ်တဲ. " အဲဒီဟောပြောပွဲ မှာ နေရူးဟာ စကားတစ်ခွန်းပြောခဲ့ပါတယ်.."မင်းတို.ရဲ. တက်ကြွလှုပ်ရှားနေတဲ. စိတ်ဓါတ်တွေကြောင်. အလွန်လျှင်မြန်စွာ လွတ်လပ်ရေး ရပါလိမ်.မယ် "တဲ့........On Your altitude , I assure You. You will get Independent very soon.....(အဲဒီတုန်းက လွတ်လပ်ရေး ရဖို. ၁၀ နှစ်ကျော်ကျော် လိုသေးတဲ့အချိန်ပါ ).... မြန်မာနိုင်ငံသားတို.ရဲ. လွတ်လပ်ရေး လိုချင်စိတ်ကို အခြားနိုင်ငံအကြီးအကဲ တစ်ဦး တရားဝင်အသိအမှတ်ပြုပြီး သမိုင်းဝင် စကား ပြောကြားခဲ့ ရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်
                                  ဒီပုံလေးက သူတို.တွေမြို.ရောက်ခိုက်ရိုက်ထားတဲ့ပုံလေးပါ
နေစရာမရှိတဲ.သူတွေကို ခိုလှုံခွင်..(ဒါကြောင်.၀ါးခယ်ကလူတွေသုံးတဲ.စကားထဲမှာရှိပါတယ် ဒီကောင်က သံတန်ဆောင်းထဲမှာနေတာလေတို. နေစရာမရှိ သံတန်ဆောင်းထဲသွားနေတို.ဆိုပြီးအရင်ကသုံးခဲ့ကြဘူးပါတယ်)ပေးခဲ့သလို ...နိုင်ငံဂုဏ်လည်း တက်စေခဲ့ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ.လဲ ဖြေဖျော်ပေးခဲ့ပြီးပါပြီ အားကစား တွေလဲ စိတ်တိုင်းကျ ခွင်.ပြုပေးခဲ့ပြီးပါပြီ ခုလိုသက်တမ်း ၇၀ /၈၀ လောက်ရောက်ပြီဆိုတော. နိဗ္ဗာန် ရောက်ရာရောက်ကြောင်းတွေပဲ အထောက်အကူ ပေးရတော.မှာပေါ.လေ တည်ဆောက်လို.မပြီးခင်ထဲက သူလဲ လောကဓံကိုခံခဲ့ရတယ် ပျော်စရာ စိတ်မကောင်းစရာတွေလဲ ကြုံခဲ.ရတယ် ခုတော. အကောင်းဆုံး ရပ်တည်မှုတွေနဲ. ............
 အချက်အလက်ကူညီရှာဖွေပေးခဲ့သောကိုလင်းထိုက်နှင်. ကူညီဖြေဆိုပေးခဲ့သော ဘုရားကြီးဂေါပက အပါအ၀င် သမိုင်းဆိုင်ရာအချက်အလက်အတွက်မှီငြမ်းခဲ့ရသော ရွှေရတု မဂ္ဂဇင်းမှ ဆောင်းပါးရှင် (ဦး) အောင်တိုး .ဘုရားကြီးသမိုင်းအခွေ..မှရိုက်ကူးသော .၀ါးခယ်မအသင်း(၇န်ကုန်) အားလုံးတို.အား ကျေးဇူးတင်ရှိပါသည်...
Sunday, October 28, 2012
မင်းကွန်း ဆရာတော်ကြီး
မင်းကွန်းဆရာတော် ဘုရားကြီးနှင်. ဂင်းနစ်မှတ်တမ်း
 ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ 
ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို
နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။  
ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
By သန်းမင်းထွဋ်
  @ Myanmar Express