Thursday, May 31, 2018
ဦးနု နေအိမ် ပြခန်း ဖွင့်လှစ်ခြင်း
မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်
နေအိမ်ပြခန်းဖွင့်လှစ်ခြင်း
မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးသောအောင်ဆန်းအက်တလီစာချုပ်၏ နောက်ဆက်တွဲ နု- အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သူ
သူဝန်ကြီးချုပ်ဘ၀က ထွက်တဲ့အခါ ၀န်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်တစ်ပြား ပိုပါသွားရင် သူခိုးလို.၀ိုင်းခေါ်ကြစမ်းပါလို.ကြွေးကျော်ရဲခဲ့သူ
မြန်မာနိုင်ငံရဲ. ပထမဆုံး ၀န်ကြီးချုပ်
၁၉၀၇ မေလ ၂၅ ရက်နေ.မှာ အဖဦးစံထွန်း အမိဒေါ်စောခင်တို.က ၀ါးခယ်မမြို.မှာမွေးဖွားပေးခဲ့ပြီး ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ်ကို ၀ါးခယ်မ အစိုးရကျောင်းကနေ ၅တန်းကျောင်းသားဘ၀နဲ. ပါဝင်ခဲ့တဲ့
၁၉၂၅ မှာ မြို.မအထက်တန်းကျောင်းကနေ ဒသမတန်းအောင်
၁၉၂၉ မှာ ရန်ကုန်တက္ကသိုလ်ကနေ BA ( Art ) နဲ.ဘွဲ.ရပြီး
၁၉၉၅ ဖေဖေါ်ဝါရီ ၁၄ ရက်မှာ ကွယ်လွန်ခဲ့တဲ့
ဝါးခယ်မဇာတိဖွား ဦးနုရဲ. နေအိမ်ပြခန်း ဖွင့်ပွဲကို ၂၀၁၈ မေလ ၂၅ ရက်နေ.မနက် ၁၀နာရီက အိမ်တည်ရှိရာ အမှတ် ၄၂ ပြည်ထောင်စုလမ်းသွယ် ဆရာစံလမ်းမကြီး ဗဟန်းမြို.နယ်တွင် ပြုလုပ်ခဲ့တယ်လို.သိရပါတယ်
အဲ့ဒီအခမ်းအနားကို.ရန်ကုန်တိုင်းဝန်ကြီးချုပ် နဲ. ဇနီး တို.တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများ ဦးနုထာဝရဖောင်ဒေးရှင်း အဖွဲ.၀င်များ ၀ါးခယ်မမြို.နယ်အသင်းအမှုဆောင်များ စာပေ နှင့် နိုင်ငံရေးနယ်ပယ်မှ လေးစားသူများ တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်
နောင်မျိုးဆက်တွေအနေနဲ. ရှေးက နိုင်ငံရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးများရဲ. သမိုင်းကို သိရှိနိုင်ရန် ၄င်းတို.ဖြတ်သန်းခဲ့တဲ့ နေထိုင်မှု ဘ၀တွေကို သိဖို.လိုပါတယ် လွတ်လပ်ရေးကြိုးပမ်းဆဲကာလ တစ်နှစ်အတွင်းလွတ်လပ်ရေးရဖို. အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုပြီးကာလ မှာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့တဲ့အတွက် ဒုတိယခေါင်းဆောင်အနေနဲ. နု-အက်တလီ စာချုပ်ဆက်လက်ချုပ်ဆိုပြီး လွတ်လပ်ရေးရစေခဲ့တာဖြစ်ပါတယ် ယခုအိမ်ကို လာရောက်လေ့လာခြင်းဖြင့် ဘဘဦးနု ရဲ. သမိုင်းဖြတ်သန်းမှုကို မြင်နိုင်မှာဖြစ်ပါတယ် ...... လို. ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သလို
ဦးနုထာဝရဖောင်ဒေးရှင်းကို ၁၉၉၅ တည်းကဖွဲ.စည်းခဲ့တာဖြစ်ပြီး ဘဘနု ရဲ. စာပေ နိုင်ငံရေး နဲ.ပတ်သက်ပြီးတော့ ဘဘနုရဲ.သမီး ဒေါ်စန်းစန်းနု နဲ.မောင်နှမတွေလို ဆောင်ရွက်ခဲ့တာပါ အဲ့ဒီခောတ်က ၀န်ကြီးချုပ်တွေရဲ. နေထိုင်မှု အပြုအမူ ဘယ်လောက်ရိုးသားတယ်ဆိုတာ အများမြင်စေချင်လို. ဒီပြခန်းဖွင်.တာပါ ။ဒီနေ.ဟာ ဘဘနုရဲ. ၁၁၁ နှစ်ပြည့်မွေးနေ.ပါ ဒါက်ုအကြောင်းပြုပြီး သမိုငးဆိုင်ရာ ဓါတ်ပုံ အထောက်အထားတွေ သူ.လက်ရေးမူ ကိုယ်ပိုင်သုံးသွားတဲ့ ပစ္စည်းအသုံးအဆောင် တွေရှိနေတာကြောင့် သူရှိနေသလိုမျိုး ကျွန်တော်တို.က ပြခန်းလေးပြုလုပ်တာပါ ...... လို. ဦးနုထာဝရဖောင်ဒေးရှင်း အဖွဲ.၀င် စာရေးဆရာမောင်သွေးသစ်ကပြောခဲ့ပြီး
သူကရိုးရိုးကြီးနေသွားတာ အာဏာရခဲ့သူဖြစ်ပေမယ့် အခြားသူတွေနဲ.မတူဘဲ သာမာန်လူတစ်ယောက်လို အချို.နေရာတွေဆို သာမာန်ပြည်သူထက်တောင် ရိုးရိုးစင်းစင်းနေခဲ့တယ် ။အဲ့ဒါလေးကိုပြချင်တာလည်းပါတယ် ။သူ.ကို သမိုင်းမှာရော လက်တွေ.ဖြစ်စဉ်တွေမှာပါ ဘေးဖယ်ထားတဲ့သူကတော်တော်များတယ် ။လက်ရှိအချိန်မှာ ပြခန်းအဖြစ် ဖွင့်လှစ်ထားပြီး အခမဲ့ဝင်ရောက်နိုင်တဲ့ ပြတိုက်အဆင့်အထိ ဆောင်ရွက်ဖို.စီစဉ်ထားတယ် ပြတိုက်ကလည်း အစိုးရမပါရင် တော်တော်ခက်မယ်လို.ထင်တယ် ။ကြိုးစားပါတယ် ဖြစ်တာ မဖြစ်တာကတော့ တစ်ပိုင်းပေါ့ အာသီသတော့ ရှိပါတယ်  ...... လို. သမီးဖြစ်သူ ဒေါ်သန်းသန်းနု ကပြောခဲ့သလို 
ပထမအနေနဲ့ သိပ်ပျော်တာပဲ။ ဖေဖေ့ကိုသိပ်သတိရတာပဲ။ လွန်ခဲ့တဲ့သုံးနှစ်လောက်မှာ အန်တီ လေဖြတ်သွားတယ်။ လေဖြတ်တဲ့ ကြားကနေ အခုလိုပြခန်းလေးဖွင့်နိုင် အောင်ကြိုးပမ်းခဲ့တာပါ။ အားလုံးကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ ပြခန်းလေးမှာ လိုအပ်ချက်တွေရှိနိုင်ပါတယ်။ ဖြည်းဖြည်းချင်းဖြည့်ဆည်းသွားပါ့မယ်..............လိုသမီးတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းနု ကပြောခဲ့တယ်လို.သိရပါတယ်။
''ဘဘနုနဲ့ပတ်သက်လို့တော့ ပြောစရာတွေကအများကြီးပဲ။ နိုင်ငံ ရေးလောကမှာ တစ်ဦးနဲ့တစ်ဦး ထိုးနှက်ကြ၊ တိုက်ခိုက်ကြတာတွေရှိတယ်။ ဘဘနုကိုမကြိုက်တဲ့ ဆန့်ကျင်တဲ့သူတွေကိုယ်နှိုက်က ဘဘနုနဲ့ပတ်သက်လို့၊ သူ့ကိုယ်ကျင့်တရားနဲ့ပတ်သက်လို့ ဘာမှတိုက်ခိုက်လို့ မရအောင်ကို ရိုးဖြောင့်တယ်။ ရိုးသားတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်တယ်……….လို. ၈၈ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောခဲ့ပါတယ် ။
သူသေဆုံးသည်အထိ နေထိုင်ခဲ့တဲ့ အဲ့ဒီအိမ်ပြခန်းမှာ ဘုရားခန်း ဧည့်ခန်း စာကြည့်ခန်း ထမင်းစားခန်း အိပ်ခန်း နဲ. ဦးနုရေးခဲ့တဲ့ စာအုပ်တွေ လက်ရေးမူတွေ နဲ. ဓါတ်ပုံ အသုံးအဆောင်တွေ ကိုပြသွားမှာဖြစ်ပြီး ဦးနုရဲ. လုပ်ဖော်ကိုင်ဖက်များ စာရေးဆရာများ ဦးနုထာဝရဖောင်ဒေးရှင်း အဖွဲ.၀င်တွေက ၀ိုင်းဝန်းကူညီ ပံ့ပိုးခဲ့ကြတယ်လို.သိရပါတယ်
Ref ; The Mirror , Democracy Today & PyiMyanmar
Photo by Kyaw Zawl & Ko Thant 
No comments:
Post a Comment