Wednesday, February 25, 2015

အောင်မြင်လာသော ဇာတိအနွယ်ဝင် ဂီတ ကြယ်စင်တစ်စင်း (သို.) ပိုပိုဟေသာ



မြို.လေးသည်  အနုပညာဘက်တွင် လည်း မည်သည်.အခါကမျှ နောက်ကျခဲ့သည်မရှိခဲ့ပေ ။

ဒေါ်မေရှင် ငယ်စဉ်ဘ၀ ၊ တက္ကသိုလ်ဖေညွန်. နှင်. ဒေါ်မေရှင် မကွယ်လွန်မှီက
ဟိုး စစ်ကြိုခောတ် အဆိုတော် ဒေါ်မေရှင်တို.နှင်. တစ်ခောတ်တည်း ပေါ်ပေါက်ခဲ့ပြီး ယနေ.တိုင် လူသိများသည်. ရွှေစံပယ်ရုံ သီချင်းကို သီဆိုခဲ့သော တက္ကသိုလ်ဖေညွန်. ၊ တက္ကသိုလ် ကျောင်းက ငွေလမင်း ၊ အမုန်းခွန်အား ပေးသနားပါ ၊ စကားပြောကောင်းတဲ့ မသဲအူ -  မောင်ခေါ်ရာ လိုက်ခဲ့ပါလား - ဆေးဆိုးပန်းရိုက်မျက်နှာ - မြန်မာနိုင်ရမည် - မြန်မာပြည်သား စသော နိုင်ငံကျော် သီိချင်းများ ရေးဖွဲ.ခဲ့သော ဂီိတစာဆို မောင်ဆွေနွယ် ၊ လှပါတယ်မေရယ် - အနားမှာနေပါကွယ် - စံပယ်လိုလို နှင်းဆီလိုလို ဟူသော နာမည်ကျော်သီချင်းများ ရေးဖွဲ.ခဲ့သည်. စန္ဒယား ငွေစိုး  ၊ ချစ်တဲ့သူရယ် - တကယ်ချစ်ရဲ.လား - ကမ္ဘာလဆန်းတစ်ရက်နေ. ဟူသော သိချင်းများဖြင်. ဂီတလောကတွင်နာမည်ကျော်သလို ကိုယ်ပိုင်တီးဝိုင်းပါထူထောင်ခဲ့ပြီး ယခုတိုင် ရုပ်ရှင်လောကတွင် တွေ.နေရသေးသော ၀ါးခယ်မရဲမောင် ၊ ရုပ်ရှင် ကားပေါင်း ၂၀၀ ကျော် တွင် သိချင်းရေးဆရာ / ရုပ်ရှင် ဂီတမှုး ဖြစ်ခဲ့သလို အကယ်ဒမီပါ ရခဲ့ပြီး အဆိုဘက်တွင်ပါ နာမည်ကျော်ခဲ့သော စန္ဒယား လှထွတ် ၊ ရုပ်ရှင်နောက်ခံ သီချင်းများရေးစပ်သီဆိုခဲ့သော ရန်ပိုင်စိုး ၊ တာဝတိံသာကျောင်းထွက်အဆိုတော် ဂျေညီညီ ၊ ဂျေမောင်မောင် ၊ ယခုခောတ် မြန်မာသံလောကတွင် ခိုင်ခိုင်မာမာရပ်တည် နေနိုင်သော စိုးစန္ဒာထွန်း တို.သည် မြို.လေး၏ ဇာတိဖွားများဖြစ်ကြသည် ။

ထို.အပြင် နိုင်ငံကျော် ဂီိတပညာရှင် နှင်.အဆိုတော်များဖြစ်ကြသော မာမာအေး ၊ အကယ်ဒမီ စန္ဒယား ဇော်မျိုးထွတ် ( စန္ဒယား လှထွတ်သား ) ၊ ကိုင်ဇာ ၊ မေရွက်ဝါ ၊ ဇော်မျိုးထွဋ် ( Emperor ) ၊ ဇော်ဝင်းထွဋ် ၊ သီရိဂျေမောင်မောင် တို.မှာ မြို.လေး၏ ဇာတိဖွားတို.မှမွေးဖွားလာကြသော သွေးသားများ ဖြစ်ကြပြီး ၀ါးခယ်မအနွယ်ဝင် ဂီတ နှင်. အဆို ပညာရှင်များ ဖြစ်ကြသည် ။
ယခု မြို.လေး ၏ မျိုးဆက်သစ် အနွယ်ဝင် တစ်ဦး ဂီတလောက အတွင်း အောင်မြင်ခြင်းများ နှင်. ၀င်ရောက်လာခဲ့ပြန်ပြီ ဖြစ်သည်  ။


 ၂၀-၂-၂၀၁၅ နေ. က ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ကျင်းပခဲ့သော မြန်မာ.ဂိတထူးချွန်ဆုပေးပွဲ ( Myanmar Music Award – 2014 ) တွင်  ဆောင်းရာသီ အကောင်းဆုံး Rock သီိချင်းဆု ၊ People Choice ဆု ၊ ဆောင်းရာသီအကောင်းဆုံး Pop သိချင်း ဆု ၊ ပရိသတ်အားပေးမှု နှင်.အချစ်ဆုံး ဆု ၊ စာနယ်ဇင်း ပညာရှင်များကရွေးချယ်ပေးသော ဆု ၊ စာပေပညာရှင်များကရွေးချယ်ပေးသော ဆု ၊ ရွှေရောင် သိချင်းများ ပိုင်ရှင် ဆု ၊အောင်မြင်မှုကို ရေရှည်ထိမ်းသိမ်းနိုင်သော လူငယ်ဂိတဆု ၊

တစ်နှစ်တာလုံး အကောင်းဆုံး သီချင်းရေးဆရာ ဆု ၊ တစ်နှစ်တာ အကောင်းဆုံး Rock Album ၊ တစ်သက်တာ ဂီိတထူးချွန်ဆု စသည်ဖြင်. ဆုအမျိုးအစားများစွာ ချီးမြှင်. ခဲ့သည် ။

ထိုဆုများအနက် ၀ါးခယ်မနွယ်ဖွား အဆိုတော်များဖြစ်သော မာမာအေးကမောင်.အချစ်မြှားဆူး သိချင်းဖြင်. စာပေပညာရှင်များ ရွေးချယ်ပေးသော ဆု ၊  အဆိုတော် ကိုင်ဇာက ရွှေရောင် ပိုင်ရှင်သိချင်းများဆု တို.ရရှိခဲ့သည် ။ထို ၀ါးခယ် နွယ်ဖွား ၀ါရင်.အဆိုတော်ကြီး ၂ ဦး နှင်. အတူ မျိုးဆက်သစ် ၀ါးခယ်မနွယ်ဖွား အဆိုရှင် ပိုပိုဟေသာ က ချစ်တဲ့စိတ်ဆိုတာ ဟူသော သီချင်းဖြင်. နွေရာသီ အကောင်းဆုံး Pop သိချင်းဆု ရရှိခဲ့သည် ။

ထို.ကြောင်. ထိုနေ.ည ကျင်းပခဲ့သော Myanmar Music Award – 2014 သည် ဇာတိအနွယ်ဝင်တို.အတွက် အောင်မြေဖြစ်ခဲ့သည်ဟု ပြောရမည်ဖြစ်သည် ။



အသက် ၁၇ နှစ်သာရှိသေးသော အဆိုတော် ပိုပိုဟေသာ မှာ ဖခင် တေးရေးဆရာ ဇ၀ါ နှင်. မိခင် ( ၀ါးခယ်မဇာတိဖွား ) မြင်.မြင်.၀င်း တို.၏ သမီးကြီးဖြစ်ပြီး၂၀၁၃- ၂၀၁၄ ပညာသင်နှစ် က တက္ကသိုလ်ဝင်တန်းကို ဗိုလ်တစ်ထောင် အ-ထ-က ၅ မှ ၄ဘာသာ ဂုဏ် ထူးဖြင်. အောင်မြင်ခဲ့ကာ လက်ရှိ နိုင်ငံခြား ဘာသာ တက္ကသိုလ် ( UFL ) တွင် Korea ဘာသာဖြင်. ပထမနှစ် တက်ရောက်နေသူဖြစ်ပါသည် 

ဖခင်က ဂီိတလောကသားဖြစ်သလို မိခင်က နာမည်ကျော် ဂီတလောကသားတို.ဇာတိဖွားမို.ထင်. ။ သူမက ငယ်စဉ်ကပင် ဂီတကိုစိတ်ဝင်စားခဲ့သည် ။ ဖခင်ကိုယ်တိုင်က သီချင်းများရေးဖွဲ.နေသူမို. ဂိတလောက / သီိချင်းများ နှင့် အထူးနီးစပ်ခဲ့သည် ။ ယခုဆုရရှိခဲ့သော သီချင်းမှာ ၂၀၁၄ ဖေဖော်ဝါရီလ ၈ ရက်နေ.  ကထုတ်ဝေဖြန်.ချီခဲ့သော 9 Night  ၏ Tri တွင်ပါဝင်သီဆိုခဲ့သော သီိချင်းဖြစ်သည် ။ 


တကယ်တော. ထိုသီချင်း ကိုက သူမကိုအောင်မြင်စေရန် ဖြစ်တည်လာခဲ့သည်ဟုပြောရမည် ။ထိုသီချင်းမှာ သူမ ၇ နှစ် သမီးအရွယ်ခန်.ကပင် သူမဖခင် က သီဖွဲ.ခဲ့ပြီး Producer တစ်ဦး က၀ယ်ယူသွားခဲ့သည် ။ သူမ ၁၀ နှစ် သမီးအရွယ်ခန်.တွင် ထိုသီချင်းကို အထူးနှစ်ခြိုက်ပြီး ဖခင်နှင်.အတူ သီဆိုလေ.ရှိခဲ့သည် ။ ထိုသိချင်းမှာလည်း နှစ်များစွာ စီစဉ်ထားသူများ နှင်. မဆိုဖြစ်ပဲ လွန်ခဲ့သော နှစ်ပိုင်းဆီကမှ သူမအိမ်တွင်သီိဆိုသည်ကို တွေ.သွားပြီး စီစဉ်သူကိုယ်တိုင်က သူမကိုသာ သီဆိုရန် စီစဉ်စေခဲ့ခြင်းဖြစ်သည် ။ ဆယ်နှစ် နီးပါး ပိုင်ရှင်စောင့်နေခဲ့သော ထိုသီိချင်းက ထိုက်တန်သော ပိုင်ရှင် တွေ.ခဲ့ပြီးနောက် ၂၀၁၃ ဧပြီ ၄ ရက်နေ.တွင် စတင်အသံသွင်း ဖြစ်ခဲ့သည် ။သို.သော် ပိုမိုပြည်.စုံစေရန် ဇူလိုင် ၄ ရက်နေ.တွင် ထပ်မံ အသံသွင်းယူခဲ့သည် ။ ၂၀၁၄ ဖေဖော်ဝါရီ ၈ ရက်နေ့.တွင် ထိုသီချင်းပါသော အခွေ စတင်ဖြန်.ချီခဲ့သည် ။

သူမအနေဖြင်. နီတာ ၏ အချိန်မရွေး အခွေတွင် စုံတွဲ တစ်ပုဒ်ဝင်ရောက်သီဆိုခဲ့ဖူးပြီး Cherry FM ၏ 5th Anniversary အခွေတွင် သီိဆိုခဲ့သော အသဲစကား ဟူသည်. သိချင်း တစ်ပုဒ် အပါအ၀င်မှ ၃ပုဒ်သာ သိဆိုခဲ့ဖူးသေးသော်လည်း ဗီဇ - ၀ါသနာ - မျိုးရိုး - စိတ်ဝင်စားမှု - ကြိုစားခြင်း - ဇာတာစန်းလဂ်တို. ပေါင်းလိုက်သော အခါ အောင်မြင်မှုက စောစီးစွာ သီးပွင်.လာခဲ့တော.သည် ။

ပိုပိုဟေသာတို. မိသားစု ၄ ဦး

  ယခုကဲ့သို.မိမိတို. ဇာတိအနွယ်ဝင် တစ်ဦး ၏ အောင်မြင်မှုကို ဂုဏ်ပြုသော အားဖြင်. ဖော်ပြခြင်းဖြစ်ပါသည်  ။ ဆက်လက်၍ လျှောက်လှမ်းရာ ဂီိတလမ်းကြောင်း / အနုပညာလမ်းကြောင်း တစ်လျှောက် ပိုမိုကြီးမားသော / ပိုမို ခိုင်မာသော အောင်မြင်မှုများ    ဆထက်တန်ဘိုးတိုး၍ ရရှိပါစေကြောင်း ဇာတိဖွားများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ။

သူမ၏ သီိချင်းများကို အောက်ပါ Link တွင်သွားရောက်နားဆင်နိုင်ပါသည် ။

 
 

ဆက်စပ်လေ.လာလိုပါလျှင် 


No comments:

Post a Comment