ကိုယ်ရောက်သောခါ
ငယ်စဉ်ဘဝ
၊ တစ်စစီကောက်
အရောက်ချင်ဆုံး
၊ သီကုံးဆိုက
ဝါးခယ်မ။
မွေးဖချစ်ထူး
၊ သမီးဦးမို.
တပူးတွဲတွဲ
၊ မခွဲထားဘူး
သူသွားလေ.ရာ
၊ သူ.ကမ္ဘာကား
ဝါးခယ်မသာ
၊ ဖြစ်ခဲ့ပါ၏။
မွေးဖသမီး
၊ ချစ်မငြီးလည်း
မငြီးမကွေ
၊ အခြေအလိုက်
နှလုံးပိုက်၍
၊ စဉ်စိုက်ချစ်ကြည်
ဦးလည်မသုန်
၊ မြို.ဂုဏ်တက်ရာ
စေတနာဝေ
၊ သံသာခြွေလျှက်
မြို.နေမြို.ဝေး
၊ ကိုယ်.သွေးကိုယ်.သား
တစ်စိတ်ထားခဲ့။
မြို.များရောက်လျှင်
ကယောက်ကယက်
၊ လက်တပြပြ
ခုန်ဆွဆွဖြစ်
၊ ရင်နစ်သည်းရွှင်
ဂုဏ်အင်ဘေးချ
၊ ပြုးံစစ၀င်
ပျော်ချင်မက်မက်
၊ အသက်မေ.သွား
ဟေ.ဟားပေါက်ကွဲ
၊ ခင်အူဝဲ ။
မြို.ထဲဘုရား
၊ သော်ကသွားနှင်.
ဆွေများမျိုးများ
၊ ရှိသေးလားနှင်.
စကားမကုန်
၊ စားလက်ဆုံနှင်. ။
သည်ပုံသည်နည်း
၊ ဖြတ်ချည်းလာရ
မွေးဖတစ်သက်
၊ ပျောက်ချက်ကမ်းကုန်
ရှိခဲ့တုံလည်း
။
ကံကုန်ဖ,
ဝေး ၊ အနေဆွေးမြ
ရောက်ရသည်.ခါ
၊ ရင်တွင်နာလျှင်
သည်းချာတစ်ဝိုက်
၊ တစ်လှိုက်လှိုက်ဆူ
အပူတရှိ
၊ လူမသိလေ
ဖ,
နေခဲ့ရာ ၊ ကမ်းသာတစ်ဖက်
ရွာသစ်တက်၍
၊ စိတ်လက်ပြေကြောင်း
ရွာဦးကျောင်းဝင်
၊ ရှိရင်ဦးချ
မြတ်ဒါနပြု
၊ သာဓုခေါ်စေ
ပေးဝေအမျှ
၊ မျက်ရည်စနှင်.
မွေးဖ,ရကြောင်း
၊ ဆုတောင်းသည်သာ
ကိုယ်.မှာတတ်နိုင်တော.သည်
တကား ။
မာမာအေး
(တေးသံရှင်)
၁၉၉၇ မေလ က ထုတ်ဝေခဲ့သော ၀ါးခယ်မမြို.နယ်အသင်း ရွှေ၇တု အထိမ်းအမှတ် မဂ္ဂဇင်းမှ နိုင်ငံကျော် အဆိုတော် (ဒေါ်) မာမာအေး၏ ဖခင်မြို.လေးနှင်. ဖခင်အား လွမ်းဆွတ်သတိရ ရေးဖွဲ.ထားသော ကဗျာကို ကူးယူဖော်ပြအပ်ပါသည်။
ဆက်စပ်ဖတ်ရှုရန် - ၀ါးခယ်မ အနွယ်ဝင် တစ်ဦးဖြစ်သော( ဒေါ်)မာမာအေး၏ စာတစ်ပုဒ်