Thursday, January 10, 2019

အိတ်​ဖွင့်​​ပေးစာ - ကျော်စိုး


အိတ်​ဖွင့်​​ပေးစာ

  
မှ


…………………


သို့


အကိုကြီး ကို​ဗောယာ​​ရေ-



 ကြိုးတံတားကြီး​ပေါ်က

ခရီးသည်​တင်​ကား​ပေါင်းစုံရဲ့

လှောင်​ပြ​နေတဲ့ဒဏ်

ဆယ်​စုနှစ်​စွန်း​အောင်​ခံစား

ဒါတင်​မက

အထီးကျန်​အ​ဖော်​မဲ့

အကို့ရဲ့ခံစားချက်

အခံရခက်​လွန်းမယ်​ဆိုတာ

ရေ​ပေါ်​နေဘဝတူ​တွေမို့

ကိုယ်​ချင်းစာအသိ

ကျွန်​​တော့်​မှာရှိ​ပေမဲ့

ဖေးမနှစ်​သိမ့်​စကား

ပြောကြားဖို့ရာ

ကျွန်​​တော့်​မှာမရှိခဲ့ပါအကို



 ကြိုးတံတားအားကိုးနဲ့

ရွှေခယ်​မြစ်​ကိုဖြတ်​ကူး

မြင်​ကွင်းထူး​လေးနဲ့အဆင်​​ပြေ

ရေပြင်​​ပေါ်ကခရီးသည်​ဘဝ

သတိမရကြ​တော့သလို

အံဝင်​ဂွင်​ကျ​လောကဟာ

တစ်​ခါတစ်​​လေက​မောက်​ကမ

ဖြစ်​တတ်​တယ်​ဆိုတာ

သူတို့​မေ့​နေကြတယ်​​လေ



တကယ်​​တော့ဗုဒ္ဓအဆုံးအမ

သင်္ခါရ​လောက

အစိုးမရတတ်​​တော့

ဖြစ်​ပျက်​​ပြောင်းလဲမှုသ​ဘောအရ

ဗုံလုံတစ်​လှည့်​ ငါးဖျံ တစ်​လှည့်​ဆိုတာ

ရှိတတ်​စမြဲပါအကို



 ခုချိန်​မှာ​တော့

ကျွန်​​တော့်​ရင်​ခွင်​ထက်

ဆင်းသက်​ပြီးမှ

လိုရာခရီးကိုဆက်

ကျွန်​​တော်​ဖျားနာမှာကိုစိုးရိမ်

နေမ​ကောင်းမဖြစ်​​အောင်​ဆု​တောင်းကြ

ဒါ​ပေမဲ့

ကျွန်​​တော်​မာန်​မာနမတက်

ရေကျ ကျ တက်​တက်

မေတ္တာမပျက်

အ​ကြောက်​တရားမဖက်​​အောင်

ရေပြင်​ထက်​မှာတည်​ငြိမ်​စွာ​ရွေ့လျား

အန္တရာယ်​မများ​စေဘဲ

သယ်​ယူပို့​ဆောင်

တာဝန်​​တွေ​​ကျေ​အောင်

ထမ်းလို့​ဆောင်​လျှက်

ရှိ​နေပါပြီ အကို​ရေ့



သတိရစွာဖြင့်



ညီ​မောင်

ဇက်​ကူတို့


ထော်​ကနွတ်​ကူတို့ဆိပ်

ဝါးခယ်​မမြို့ 



PS

အော်​...တာဂန်​ပြီးဆုံးချိန်​အတိအကျ
မသိရ​သေးပါ
သို့​ပေမဲ့လည်း
ကျွန်​​တော်​မြန်​မြန်​အနားရ​စေ​ကြောင်း
တစ်​မြို့လုံးက
ဆု​တောင်း​ပေး​နေကြပါတယ်​အကို


ကျော်စိုး

Wednesday, January 9, 2019

ကြယ်ရောင်အောက်က ဝါးခယ်မ - သွေးအေး

* ကြယ်ရောင်အောက်က ဝါးခယ်မ *




အဖေါ်တသိုက်ရယ် စုံပြီဆို
လမ်းထိပ်က အုတ်ခုံအိုထက်
ဂီတာတလက်ကို တီးခတ်ရင်း
စည်းလွတ်ဝါးလွတ် သီချင်းတွေဟစ်ကြ
ဝါးခယ်မ ညလေးတစ်ည ၊


တပေါင်းရယ် လပြည့်ရက်
မြို့တဖက်ကမ်း လွမ်းစေတီ
ဥမ္မာဒန္တီ သော်ကဘုရားပွဲ
ဖုန်သောသောထဲ နွားလှည်းစီးရ
ဝါးခယ်မ ညလေးတစ်ည ၊


မြစ်ကြောင်းစုံဆန် အမြန်သင်္ဘော
ဆိပ်ခံနောက်ကျော ဆိုက်ကပ်ချိန်
မီးရောင်မှိန်မှိန် အိမ်အပြန်လမ်း
ခြေလှမ်းမှန်မှန် တိတ်တဆိတ်ချ
ဝါးခယ်မ ညလေးတစ်ည ၊


 မောင်ဗမာ စက်ဘီးစီးပြီး
စိတ်ကြီးရယ် ဝင်ချင်နေတဲ့
အိပ်မက်တွေနဲ့ ကုန်သွယ်နေဆဲ
သမဆိုင်မှာ မဲမပေါက်တော့မှ
အိပ်မက်ထဲက လန့်လန့်နိုးထ
ဝါးခယ်မ ညလေးတစ်ည ၊


သန်းခေါင်လွန် ပုဇွန်မျှားဖို့
တမှေးထလို့ လှော်တက်ငင်
မြစ်ပြင်ကျယ်မှာ မိုးပေါက်ကျ
မီးအိမ်ငယ်ရဲ့ အလင်းတစ
ဝါးခယ်မ ညလေးတစ်ည ၊


နက္ခတ်ရယ် ကြတ္တိကာ
ဗြိစ္ဆာရာသီ ပွင့်ပွင့်လင်း
ကထိန်ခင်းမဲ့ ကျောင်းကြီးမှာ
ပဒေသာပင်တွေ အလှပြ
ဝါးခယ်မ ညလေးတစ်ည ၊


သီတင်းကျွတ် တန်ဆောင်မုန်း
ကာတွန်းမီးပုံး အလှဆင်
မြင်သူငေးအောင် ပြင်
စာရေးကုန်းအဝင် မြေလမ်းမ
ဝါးခယ်မ ညလေးတစ်ည ၊


လက်ပြန်ကြိုးတုပ် ရေအောက်နစ်
ပေါ်တဲ့ရွာမှာ သူကြီးဖြစ်
ငခူနှစ် များများ မုန့်ဟင်းခါး
အလေးပြားနဲ့ ချိန်ရောင်းတဲ့ဒေသ
တဆယ်သားလောက် ဝယ်စားမှ
ဝါးခယ်မ ညလေးတစ်ည ။

သွေးအေး

( မူရင်းရေးသားသူက ကဗျာ ကို သီချင်းပုံစံ ရေးဖွဲ.ထားသည်ဟုဆိုပါသည် ။ အောက်ဆုံး အပိုဒ်မှာ Chorus အပိုဒ်ဟု ဆိုပါသည် )

Friday, January 4, 2019

ယောဂီဝတ် ဒေါ်နန္ဒမာလာ ဘာတွေလုပ် ဘယ်တွေရောက် ဘာတွေဖြစ်

ယောဂီဝတ် ဒေါ်နန္ဒမာလာ


ငွေကြေးလိမ်လည်မှုများဖြင့် အတိုင်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် ယောဂီနန္ဒမာလာကို သီးကုန်းအမြန်လမ်းရဲစခန်းမှ ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး မန္တလေး CID တွင် ထိမ်းသိမ်းထားကြောင်း သတင်းရသည်။

ယောဂီနန္ဒမာလာသည် လူအချို့ထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၁ သောင်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရပြီး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းတခု၌ ဖမ်းဝရမ်းထုတ်၍ တရားခံပြေးအဖြစ်ကြေညာခြင်းခံထားရသူဖြစ်သည်။

ဖမ်းမိတာ ဟုတ်ပါတယ်။ သူက လောလောဆယ် ဝရမ်း ၃ ခု အထုတ်ခံထားရတယ်။ မင်္ဂလာဒုံရယ်၊ မန္တလေးရယ်၊ နောက်တခုကတော့ လှိုင်ရယ်ပေါ့။ အဲဒီဝရမ်း ၃ ခုအထုတ်ခံထားရတယ်။ အဲဒါ လောလောဆယ် ဝရမ်းပေါ့။ ပြီးတော့ ကျန်တဲ့အမှုအခင်းတွေကလည်း အများကြီးရှိသေးတယ်။ ရဲစခန်းက ဦးဆောင်ဖမ်းတာမျိုးမဟုတ်ဘူး။ အထက်ကနေ ရဲတပ်ဖွဲ့ကို ဖမ်းခိုင်းတာပေါ့။ အမြန်လမ်းရဲကတော့ မော်တော်ယာဉ်ကိစ္စလောက်ပဲ တာဝန်ယူတာပါ။ ဖမ်းတာက အထက်က ညွန်ကြားချက်ပေါ့ ဘယ်မော်တော်ကား ဘယ်နံပါတ် ဘယ်ကားကိုဖမ်းပါဆိုတဲ့ အဲလိုသဘောမျိုးပေါ့။ သူ့ကို နီးစပ်ရာ မန္တလေး CID ကို ပို့ထားတယ်ကြားတယ်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဒေါ်နန္ဒမာလာ(၄၆)နှစ် ဒိုက်ဦးမြို့နယ် သံတံတားရပ် ခေမာသီရိကျောင်းနေသူနှင့် တောင်ကြီးမြို့ အေးသာယာရပ်ကွက်နေ နီလာမြတ်(၃၈)နှစ်တို့လိုက်ပါလာပြီး ယာဉ်မောင်းအဖြစ် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်နေ ကျော်သူရ(၄၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN/ 7F/==== TOYOTA CROWN အမျိုးအစား အနက်ရောင်မော်တော်ယာဉ်အား သီးကုန်း အမြန်လမ်းရဲစခန်းမှ ဒုရဲအုပ် မိုးညွှန့်ဦးနှင့်အဖွဲ့ က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၈၄ တွင် ပိတ်ဆို့ရှာဖွေနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓာတ်ရိုက်ဓာတ်ဆင်၊ အကြားအမြင်ဖြင့် နာမည်ကြီးနေသော ယောဂီနန္ဒမာလာသည် ၎င်း၏ သားတပည့်ဖြစ်သူများက အခြားလူများကို စွဲဆိုထားသည့်အမှုများလည်းရှိကြောင်း သိရသည်။

ယောဂီဝတ် ဒေါ်နန္ဒမာလာအား သာမာန်လူအများအပြားသတိထားမိစေခဲ့သောပုံ
ယောဂီဒေါ်နန္ဒမာလာအနေဖြင့် ငွေကြေးများလိမ်လည်ထားခြင်း၊ သေနတ်ကိုင်ဆောင်ရိုက်ကူးထားသည့် ဓာတ်ပုံများ အစရှိသည့် ကိစ္စရပ်များအပေါ် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ဒေါ်နန္ဒမာလာ၏သားတပည့်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သေးသည်။

ဒေါ်နန္ဒမာလာသည် မန္တလေးတိုင်းဒေသကြီးတွင် ပုဒ်မ ၄၂၀၊ ၄၀၆၊ ၅၇ တို့ဖြင့် ထောင်သုံးချိန်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်လာသည့်ဆိုသည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ သာသနာဘောင်ထဲမဝင်မီ လူဘဝတွင်ဖြစ်ခဲ့သည့်အကြောင်းအရာများကို မဖြေလိုကြောင်းနှင့် သာသနာဂုဏ်သိက္ခာထိခိုက်နစ်နာမည်စိုးကြောင်း သားတပည့်ဖြစ်သူ ဦးနေဝင်းနိုင်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဦးနေ၀င်းနိုင်နှင့်မယ်တော်ကြီးနန္ဒမာလာတို့မှာ အကြင်လင်မယားဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် မယ်တော်ကြီးသာသနာဘောင်စဝင်ချိန်မှစ၍ တရားဝင်ကွားရှင်းထားပြီးဖြစ်ကြောင်း၊ သာသနာဝင်အသိ အမှတ်ပြုလက်မှတ်ရှိကြောင်းနှင့် လက်ရှိအချိန်အထိ ပစ္စည်းလေးပါးဒါယိကာအဖြစ်သာ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောသည်။

ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ဒီပြဿနာစတာကတော့ ဦးနေမျိုးနိုင်ရဲ့ ရွှေကိန္နရီခရီးသွားလုပ်ငန်းနဲ့ မယ်တော်ကြီးက ဘုရားဖူးချင်သူတွေကို အခမဲ့ပို့ပေးတယ်။ နောက်တော့ ဦးနေမျိုးနိုင်နဲ့ မပို့တော့တဲ့အတွက် မယ်တော်ကြီးကိုမကျေနပ်လို ဒီလိုပြဿ နာတွေဖြစ်အောင်ဖန်တီလာတာဟု ဒေါ်နန္ဒမာလာ၏ သားတပည့်ဖြစ်သူ ကိုစွမ်းအောင်ဆိုသူက ပြောကြားခဲ့သည်။

ထို့ပြင် ငွေကြေးလိမ်လည်မှု စွပ်စွဲချက်များနှင့်ပတ်သက်၍ သိလိုသမျှကို ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျရောက်သော ဒေါ်နန္ဒမာလာ၏မွေးနေ့တွင် ကိုယ်တိုင်ကိုယ်ကျ ဖြေကြားပေးမည်ဖြစ်ကြောင်းလည်း ယင်းသတင်းစာရှင်းလင်းပွဲတွင် သားတပည့်တဦးက ပြောကြားခဲ့သည်။

များမကြာမှီ ကာလအတွင်းက ယောဂီဝတ်နန္ဒမာလာ ၏ သေနတ်ကိုင်ထားသည့်ဓာတ်ပုံ
လူမှုကွန်ယက်တွင် ပျံနှံ့လာပြီးနောက် ဝေဖန်မှုများမြင့်တက်လာခဲ့သေးသည်။ သေနတ်ကိုင်ထားသော မယ်တော်ကြီးဟူ၍ လူမှုကွန်ယက်တွင် ခေါ်ဝေါ်ခဲ့ကြသည်။

ယင်းသေနတ်မှာ အတုသာဖြစ်ကြောင်း ယောဂီနန္ဒမာလာ၏ မန်နေဂျာ ဖြစ်သူ ကိုစွမ်းထက် က The Fifth WaveNews နှင့် နိုဝင်ဘာ ၂၈ ရက်က တွေ့ဆုံမေးမြန်းမှုတွင်ဖြေကြားထားခဲ့ကြောင်းသိရှိရပါသည်။

ဒေါ်နန္ဒမာလာအား မန္တလေး မဟာအောင်မြေတရားရုံးတွင် ဇန်နဝါရီ တွင်ရုံးထုတ်လာစဉ် (ခင်နှင်းဝေ/Myanmar Now)
ယခုဖမ်းမိသော သတင်းမှာ မှားယွင်းကြောင်းနှင့် အတည်ပြုပြီးပြန်လည်ဖြေဆိုမည်ဖြစ်ကြောင်း သတင်းအတည်ပြုချက်နှင့်ပတ်သက်ပြီး ကိုစွမ်းထက်က ပြန်လည်ဖြေကြားခဲ့သော်လည်း

ငွေကြေးလိမ်လည်မှုများဖြင့် အမှုဖွင့်ခံထားရသောယောဂီဝတ်နန္ဒမာလာအား တရုတ်နိုင်ငံတွင် အဓိဌာန်
ဝင်နေသယောင် သတင်းများလွှင့်ထားပြီး မြန်မာနိုင်ငံတွင် ရှောင်ပုန်းနေသည်ကို သတင်းရရှိပြီး ယခုကဲ့သို့
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း၏ ဖေ့စ်ဘုတ်တွင်
ရေးသားထားကြောင်းတွေ.ရှိရပါသည်။


ငွေကြေးလိမ်လည်မှုများဖြင့် အလိုရှိနေသော သီလရှင်(ယောဂီ) နန္ဒမာလာ(ခ) ထန်နီဝင်းပြည့်၊ နှမ်းခါးရွာ၊ဂန့်ဂေါ မြို့နယ်ကို မန္တလေးတွင် အာဏာပိုင်များ ဖမ်းဆီးပြီး လူဝတ်လဲခိုင်းရာ ငါး ပါးသီလပင်ဖြောင့်မှန်အောင် မဆိုနိုင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သာသနာတော်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးတိုင်းဒေသကြီးမှ ဆရာတော် အရှင်က၀ိန်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားချက် အရ သိရှိရသည်။

ထိုနေ့ နေ့လယ် ၁၂ နာရီတွင် နန္ဒမာလာကို လူဝတ်လဲလိုက်ခြင်းဖြစ်ပြီး ၉ ပါး သီလ ဆိုခိုင်းရာ ၅ ပါးသီလ
ပင် မဆိုနိုင်ကြောင်း ဆရာတော် အရှင်က၀ိန်ကဆိုသည်။

ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က နန္ဒမာလာ
ကို "ဘယ်နှစ်ပါးသီလ စောင့်ထိန်းနေသလဲ" မေးမြန်းရာ(၉)ပါးသီလ စောင့်ထိန်းပါကြောင်း လျှောက်ထား၍
(၉)ပါးသီလ အဆိုခိုင်းကြည့်ရာ (၉)ပါး မပြောနှင့်(၅)ပါးသီလပင် အစဉ်တကျဖြစ်အောင် မဆိုနိုင်၊
မည်သို့ပင် သာသနာပြုနေသည်ဟု ပြောစေကာမူ ၊မည်သို့ပင် ဟိတ်ဟန် ဟိတ်လုံးများ ထုတ်စေကာမူ
ယခုအခါ စွဲဆိုထားတဲ့ အမှုများကို ဖြေရှင်းရန် တရားရုံးတွင် တရားရင်ဆိုင် ဖြေရှင်းရတော့မည်ဖြစ်ကြောင်း
အရှင်က၀ိန်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယောဂီဝတ် နန္ဒမာလာ လိမ်လည်ထားသည့် ငွေကြေးပမာဏသည် ငွေကျပ် သိန်း ၁ သိန်းကျော်ရှိသည်ကို
အာဏာပိုင်များထံသို့ သတင်းအချက်အလက်များပေးပို့ထားပြီးဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက ရန်ကုန်ခေတ်သစ် သတင်းင်္ဌာနသို့ ပြောကြားသည် ဟုလည်းသတင်းများအရ သိရပါသည် ။

ဒ်ါနန္ဒမာလာကို ၂၀၁၉ ဇန်​နဝါရီ ၃ ရက်​​နေ့ ​မွန်းလွဲပိုင်းက မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်
တရားရုံး၌ ရုံးထုတ်​ စဉ်တွင် သတင်းမီဒီယာများအား ၎င်းတွင်​အပြစ်​မရှိ​ကြောင်း ​ပြောဆိုခဲ့ပြီး
ဒေါ်နန္ဒမာလာက သူဖမ်းဆီးခံရတာ နိုင်ငံရေးကိစ္စတွေအများကြီးပါတယ်လို့ တရားရုံးမှာ အော်ဟစ်ပြောဆို
ခဲ့ကြောင်းသိရပြီး  မန္တလေးမြို့ မဟာအောင်မြေတရားရုံ၌ ဦးတိုက်လျှောက်ထားသည့်အမှုနှင့် ပတ်သက်၍ လူဝတ်လဲကာ စစ်ဆေးမှုများပြုလုပ်ပြီး အာမခံလျှောက်ထားမှုအား လက်ခံလိုက်ကြောင်း သိရသည်။

  
ယောဂီနန္ဒမာလာသည် လူအချို့ထံမှ ငွေကြေး ကျပ်သိန်းပေါင်းတသောင်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရပြီး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းနှင့် မန္တလေးမြို့မဟာအောင်မြေ တရားရုံ၌ ၂၀၁၅ ခုနှစ်တွင် ဦးတိုက်လျှောက်ထားကာ အမှုဖွင့်ခဲ့ရာ လာရောက် အမှုရင်ဆိုင်ခြင်းမရှိသဖြင့် ဖမ်းဝရမ်းထုတ်ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက် ညနေက အမြန်လမ်းပေါ်တွင် ဖမ်းဆီးခေါ်ဆောင်လာကာ မန္တလေးတွင် လူဝတ်လဲကာ စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည် ။

ဓာတ်ရိုက်ဓာတ်ဆင်နှင့် အကြားအမြင်ဖြင့် နာမည်ကြီးနေသော ယောဂီနန္ဒမာလာသည် ၄င်း၏ သားတပည့်များကလည်း အခြားလူများကို တရားစွဲဆိုထားမှုများရှိကြောင်း၊ နန္ဒမာလာ ကိုလည်း တရားစွဲဆို ထားမှုများကြောင့် ယခုလို ဖမ်းဆီးတာပါ ဒီအမှုနဲ့ပါတ်သက်ပြီး ရန်ကုန်မြို့မှလည်း အမှုဖွင့်ထားတွေရှိတာကြောင်း ရန်ကုန်မြို့ကိုလည်း လွဲပြောင်းပေးရန်အတွက် မန္တလေး CIDက ဆက်လက်ခေါ်ဆောင်သွားကာ ဇန်နဝါရီလ ၉ ရက်နေ့ ထပ်မံရုံချိန်ထားကြောင်းသိရသည်။

အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိကျခံရနိုင်သည့်ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုအတွက် ထိုနေ.က အာမခံရခဲ့ သော်လည်း ကျန်အမှုများကို စစ်ဆေးရန် CID ကအကြားအမြင်ဆရာမဆိုသူကို ဆက်လက်ထိန်းသိမ်းထားသည် ဟု Myanmar Now ကဆိုပါသည် ။
ဒေါ်နန္ဒမာလာသည် ​​ဒေါ်​နေဇင်​မြင့်​ဆိုသူ အမျိုးသမီးထံမှ ​ငွေ​ကြေးလိမ်​လည်​သည်​ဟုဆိုကာ ၂၀၁၃ ခုနှစ်​အတွင်းကတရားရုံး ဦးတိုက်​​လျောက်​ထားခံရပြီး အမှုရင်​ဆိုင်​​နေခဲ့ရခြင်းဖြစ်​​ကာ တရားရုံးလာ​ရောက်​ရန်​ပျက်​ကွက်​မှုများ​ကြောင့်​ ဖမ်းဝရမ်းထုတ်​ခံထားရသည့်အတွက် ရဲတပ်​ဖွဲ့ကဖမ်းဆီးလူဝတ်​လဲလှယ်​ခဲ့ခြင်းဖြစ်သည်။

 

အခုဟာ အကစ(အကျဉ်းဦးစီး)ညွှန်ချုပ်ကသေသွားတဲ့မြဟင်္သာရဲ့ပစ္စည်းတွေအလွဲသုံးစားမှုနဲ့ရောက်နေတဲ့
ရဲမြင့်ဝင်းပါနှစ်ယောက်ကိုရဲဘက်ကိုတိတ်တိတ်လေးထုတ်သွားတယ်။အဲ့ဟာကိုမယ်တော်ကြီးကသိနေတော့
သူတို့ကနေပြီး ခုလိုလုပ်တာ ” ဟု ဒေါ်နန္ဒမာလာ ကပြောကြောင်းလည်း ဆိုပြန်ပါသည်။
 


Ref ;  The Fifth Wave News , News Watch , Khit Thit News  ,Irrawaddy & Myanmar Now 

တရားရုံးထုတ်လာသော ဒေါ်နန္ဒမာလာ ၏ ပြောဆိုမှု ဗွီဒီယို