Saturday, September 13, 2014

အယ်လ်ကိုင်ဒါ ၏ မြန်မာပြည်အပေါ် ကြေညာချက် အား သုံးသပ်မှု များနှင်. ရခိုင်ပြည်နယ်တွင်း အခြေအနေ ( ၁ )





သတိဆိုတာ ပိုတယ်မရှိဆိုတဲ့ စကားက ယခုလိုဖြစ်ရပ်မျိုးအတွက် အထူးရည်ရွယ်သလားဟု ထင်ရပါတယ် ။ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ အွန်လိုင်းပေါ်ရောက်ရှိ လာခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဇာဝါရီက အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှာ တပ်ဖွဲ့ဝင်အင်အား တိုးချဲ့သွား မယ်လို့ ပြောကြားသွားတာကို တွေ့ရပါတယ်။ ဒါဟာ ပါကစ္စတန်မှာ လက်ကမ်းစာစောင်ဝေပြီး လူအင်အား စုစည်းနေတဲ့ IS အဖွဲ့နဲ့အပြိုင် အင်အားတိုးချဲ့လာတဲ့ သဘောပါ။

အယ်လ်ကိုင်ဒါ ၏ ကြေညာချက်

အယ်လ်ခိုင်ဒါခေါင်းဆောင်ဇာဝါရီက တောင် အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ သူ့ရဲ့ အယ်လ်ခိုင်ဒါ လက်နက်ကိုင်အဖွဲ့ဟာ သြဇာပျံ့နှံ့ တည်ရှိရမယ်လို့ ဆိုပါတယ်။ နောက်ပြီး ယင်းနိုင်ငံဒေသ တွေမှာရှိတဲ့ မူဆလင်တွေအတွက် အယ်လ်ခိုင်ဒါဟာ သတင်းကောင်း တစ်ခုကို ဆောင်ကြဉ်းလာခြင်းဖြစ်တယ် လို့လည်း ကြိမ်းဝါးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း၊ ဥရောပ အနောက်နိုင်ငံ တွေသာမက အာရှကလူငယ်တွေကို ဆွဲဆောင်သိမ်းသွင်း အင်အားစုစည်းမှုမှာ IS က မယုံနိုင်အောင် အင်အား ကြီးထွားလာခဲ့ပါတယ်။ အခု အယ်လ်ခိုင်ဒါကလည်း အာရှတောင်ပိုင်းကို သူတို.နဲ့အပြိုင် အင်အားစုစည်း အာ ဏာဖြန့်ကြက်ဖို့ ကြိုးစားလာတာကို တွေ့မြင်ရပါတယ် လို.လည်းသုံးသပ်ကြပါတယ် ။
တကယ်တော့ မူဆလင်အင်အားစုဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများထက် ပြင်ပမှာ ပိုများ နေတာကြောင့်ပါ။ အယ်လ်ခိုင်ဒါခေါင်းဆောင် ဇာဝါရီ က တောင်အာရှမှာ ပစ်မှတ်ထားတဲ့ နိုင်ငံဒေသတွေကို ကြည့်လိုက်ရင် မူဆလင်လူမျိုးစုတွေ အဓိကတည်ရှိနေ တဲ့ နေရာဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် မူဆလင် လူမျိုး ၁၅ ရာခိုင်နှုန်းသာ ရှိတယ်ဆိုပေမယ့် လူဦးရေ အရ ၁၇၅ သန်းအထိရှိနေပြီး ကမ္ဘာမှာ တတိယမြောက် မူဆလင်လူဦးရေ အများဆုံးနိုင်ငံတစ်နိုင်ငံပါ။

အိန္ဒိယဌာနခွဲ ရှိနေပြီ ဆိုတဲ့အကြောင်း ကြေညာတာကတော့ အိုစမာဘင်လာဒင်ရဲ့နေရာကို ဆက်ခံသူ  Ayman al Zawahri ပါပဲ။ သူဟာ ဘင်လာဒင် လုပ်ကြံခံရပြီး များမကြာမီ ခေါင်းဆောင် ဖြစ်လာပါတယ်။ ဘင်လာဒင် ရှိတုန်းကတော့ သူက ဒုတိယခေါင်းဆောင်။နယူးယောက် ကုန်သွယ်ရေးအဆောက်အအုံကို လေယာဉ်နဲ့ဝင်တိုက်ပြီး ဖောက်ခွဲတဲ့ အစီအစဉ်ကို ဖန်တီးခဲ့သူအဖြစ် ယူဆခံရသူ။သူ့ရဲ့ မူလ အလုပ်အကိုင်ကတော့ မျက်စိ ဆရာဝန်။

အခုတော့ သူက အာဖဂန်နစ္စတန်က လိုင်ဂူတခုမှာ ရှိမယ် ဒါမှမဟုတ် ပါကစ္စတန်မှာလည်း ရှိနေနိုင်တယ်
လို့ အမေရိကန်အွန်လိုင်း qz.com စာမျက်နှာကရေးပါတယ်။ အယ်လ်ကိုင်းဒါးက အင်အား နည်းလာတယ်၊ အကြမ်းဖက်အုပ်စုထဲ အရှိန်အ၀ါ ကြီးလာနေတာကတော့ နိုင်ဂျီးရီးယား ဘိုကိုဟာမန်၊ ပြီးတော့ IS  အုပ်စု ဖြစ်နေပါတယ်လို့ qz.com မှာ ဆက်လက်ရေးသားထားပါတယ်။

အယ်လ်ခိုင်ဒါခေါင်းဆောင် ဇာဝါရီက အိန္ဒိယ နိုင်ငံက အက်ဆမ်၊ ဂူဂျာရက်ပြည်နယ်၊ အမမ်ဒါဘက် မြို့နဲ့ ကက်ရှ်မီးယား၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကှိှု နဲ့အပြိုင် အင်အားတိုးချဲ့ နယ်မြေဖြန့်ကျက်ဖို့ ရွေးချယ် ရခြင်းကလည်း အကြောင်းရှိပါတယ်။ ဒါကတော့ အိန္ဒိယ က ယင်းဒေသတွေမှာ မူဆလင်တွေဟာ ဒေသခံလက် နက်ကိုင်သူပုန်များရဲ့ ဘာသာရေး၊ လူမျိုးရေးအရ နှိပ် စက်ညှဉ်းပန်းခံရမှုတွေ ရှိနေတဲ့အတွက် အချိန်သင့် အခါသင့် ဖြစ်နေတဲ့အတွက်ပါ။

အိန္ဒိယမှာသာမက မြန်မာနိုင်ငံမှာလည်း ဘင်္ဂါလီလူမျိုးစုက မူဆလင်တွေမှာ လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခတွေ ကြုံတွေ့နေရသလို ဘင်္ဂလားဒေ့ရှ်မှာ လည်း အိမ်နီးချင်းနိုင်ငံမှာ ဝင်ရောက်နေထိုင် ကြီးပြင်း ပြီး နိုင်ငံပျောက်ဆုံးနေတဲ့ မူဆလင်တွေလည်း ရှိလို့နေ ပါတယ်။ ဒါကြောင့် ဇာဝါရီရဲ့ ကြေညာချက်ကို အကြမ်း ဖက်တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေက IS နဲ့အားပြိုင် ဖို့ အင်အားအပြိုင်အဆိုင် တိုးချဲ့ရန် ကြံရွယ်ခြင်းလို့ သုံး သပ်ကြခြင်း ဖြစ်ပါတယ်။

၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်ထဲမှာ ဇာဝါရီက မူဆလင်နိုင်ငံများ စည်းရုံးဖို့ကိုလည်း တိုက်တွန်းပြော ကြားခဲ့ပြီး IS အဖွဲ့ကိုလည်း ဝေဖန်သွားတာကို တွေ့ရ ပါတယ်။
ဇာဝါရီက ဂျီဟတ်လုပ်တဲ့နေရာမှာ IS ရဲ့ စည်း လွတ်ဘောင်လွတ် ရက်စက်ရမ်းကားမှုကို ဝေဖန်ခဲ့ပြီး ဂျီဟတ်လုပ်ရာမှာ တစ်ဖက်သားကို ငွေကြေး၊ ဂုဏ်သိက္ခာ အပထား စကားလုံးအမူအရာနဲ့တောင် စည်းလွတ်ဘောင် လွတ် မရမ်းကားသင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။

ထိုသတင်းအပေါ် နိုင်ငံတကာ သုံးသပ်မှုများ

အိန္ဒိယကို အဓိကထားပြီး မြန်မာနဲ့ဘင်္ဂလား ဒေ့ရှ် သုံးနိုင်ငံမှာ အင်အားတိုးချဲ့လှုပ်ရှားဖို့ ဇာဝါရီက ကြေညာလိုက်ခြင်းဟာ အိန္ဒိယဝန်ကြီးချုပ်သစ် နာရန် ဒရာမိုဒီကို ထိပ်တိုက်စိန်ခေါ်လိုက်ခြင်းလို့လည်း ဆိုနိုင် ပါတယ်။ မိုဒီဟာ ၂ဝဝ၂ ခုနှစ်တုန်းက ဂူဂျာရတ် ပြည် နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းအချိန် က ဟိန္ဒူဘာသာဝင် အကြမ်းဖက် လက်နက်ကိုင်များ ကြောင့် မူဆလင် ရာနဲ့ချီ သေဆုံးခဲ့ကြပါတယ်။ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီဟာလည်း ယင်းအရေးမှာ နှုတ်ဆိတ် နေခဲ့တဲ့အတွက် များစွာ ဝေဖန်မှု ခံခဲ့ရပါတယ်။

မိုဒီရဲ့ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူတစ် ဦးကတော့ အယ်လ်ခိုင်ဒါရဲ့ ထုတ်ပြန်ချက်ဟာ စိုးရိမ် စရာဖြစ်ပေမယ့် မိမိတို့မှာ ဖက်ဒရယ်အဆင့် ခိုင်မာတဲ့ အစိုးရအဖွဲ့တွေ တည်ရှိနေတဲ့အတွက် ပူပန်နေစရာမ လိုဘူး
လို့ အေအက်ဖ်ပီကို ဖြေကြားသွားတာကို တွေ့ရ ပါတယ်။

အကြမ်းဖက်ဆန့်ကျင်ရေး ကျွမ်းကျင်သူတွေ ကလည်း အယ်လ်ခိုင်ဒါက သက်ကြီးခေါင်းဆောင်တွေ ဟာ အရှေ့အလယ်ပိုင်းမှာ အောင်မြင်မှု ရရှိနေတဲ့ IS အဖွဲ့က ကမ္ဘာတစ်ဝန်းက လူငယ်တွေကို အင်အားစု စည်း သိမ်းသွင်းနိုင်ခဲ့တာကြောင့် အပြိုင်အဆိုင် ပြုလုပ် လာခြင်းသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ နောက်ပြီး IS အဖွဲ့က ပါကစ္စတန်မှာ အင်အားတိုးချဲ့ဖို့ စည်းရုံးရေး ဆင်းနေတာကလည်း ဒေသတွင်း အတိုက်အခံ လက်နက် ကိုင်အင်အား အားနည်းတဲ့အတွက် ဆောင်ရွက်နိုင်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

IS အဖွဲ.ဆိုတာ ၂ဝဝ၃ ခုနှစ်ကမှအယ်လ်ခိုင်ဒါက ဆီးရီးယား ကို ခွဲထွက်ခဲ့တဲ့ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ငယ် လေးတစ်ခုသာ ဖြစ်ခဲ့ပေမယ်.အခုအချိန်မှာတော့ ဆီးရီးယားနဲ့ အီရတ် နယ်မြေ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အင်အားကြီးမားလာနေပါပြီ ။
ရက်စက်ကြမ်း ကြုတ်မှုနဲ့ လူအင်အားစုစည်းမှု အားကောင်းလာတဲ့ IS အဖွဲ့အစည်းဟာ အခုဆို နိုင်ငံတကာကိုပါ ခြိမ်းခြောက် လာနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပြီဆိုတာ အမေ ရိကန်ဂျာနယ်လစ် ခေါင်းနှစ်လုံးကို သာဓကကြည့်ရင် လုံလောက်မယ် ထင်ပါတယ်။
IS အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ခေါင်း ဆောင် အဘူအဘူဘာကာအယ်ဘဂ္ဂဒါဒီ က IS အဖွဲ့ ကို အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ခြင်းရဲ့ ဥသျှောင် အဖြစ် အမည်ခံ လာတဲ့အထိ ကြွေးကြော်အား ကောင်း လာခဲ့တဲ့ အဖွဲ.အစည်းပါ
။ ဒီလိုအချိန်မျိုးမှာ အယ်လ်ခိုင်ဒါရင်းမြစ် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ကလည်း ပြန်လည် ထကြွလှုပ်ရှား လာတာဖြစ်ပါတယ် ။

ဘယ်လိုပဲယူဆယူဆ အယ်လ်ခိုင်ဒါနဲ့ IS အကြမ်းဖက် အဖွဲ့နှစ်ဖွဲ့စလုံးဟာ ကမ္ဘာကို တုန်လှုပ် ချောက်ချားစေတဲ့ အကြမ်းဖက် အဖွဲ့တွေဆိုတာ ငြင်း စရာမရှိပါဘူး။ ကွဲထွက်သွားတဲ့ အဖွဲ့နှစ်ဖွဲ့စလုံးဟာ လှုပ်ရှားမှု အသွင်မတူကြပေမယ့် အစ္စလာမ္မစ်နိုင်ငံ တော် တည်ထောင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကတော့ ဘုံတူနေပါတယ်။ ပြိုင်ဆိုင်မှုက တိုးတက်မှုကို ဖြစ်စေ တဲ့အတွက် အကြမ်းဖက်နှစ်ဖွဲ့စလုံးဟာ မကြာခင် အင် အားပိုကြီးထွားလာနိုင်တာက ဧကန်မလွဲပါလို.ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ် ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ.နှင်. RSO ဆက်စပ်မှု သတင်းတစ်ရပ်

အဲ့ဒီလိုအချိန်မျိုးမှာပဲ ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ် နဲ.BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နု၊ ဘာသာရေးခေါင်းဆောင်အချို့နဲ. RSO တာဝန်ခံ တစ်ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့တို့၂၀၁၄မတ်လအတွင်းကထိုင်းနိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့တဲ့ရုပ်သံမှတ်တမ်း
တစ်ခု Online  ပေါ်မှာ ပျံ.နှံ.လာခဲ့ပါတယ် ။ အဲ့ဒီရုပ်သံမှတ်တမ်းမှာ ဦးမောင်ကျော်နုနဲ.အဖွဲ့က ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စ်အို) ထူထောင်ပြီး အခြေစိုက်ခွင့်ပြုရန် တောင်းဆိုခဲ့တာ တွေ.ခဲ့ကြရပါတယ် ။

သူတို.တွေအနေနဲ. မြန်မာ့မြေပေါ်မှာ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့
စနစ်တကျစီစဉ်နေကြတာ အချိန်တော်တော်ကြာခဲ့ပြီ။ ပထမဦးဆုံးအနေနဲ့ ၀ တပ်ဖွဲ့ရှိတဲ့
ပန်ဆန်းတို့ နောက်ပြီး RCSS/SSA ရှိတဲ့ ၀မ်ဟိုင်းတို့အထိသွားတယ်။ သူတို့နယ်မြေတွေမှာ
အခြေချနေထိုင်ခွင့်ပြုဖို့ လက်နက်တပ်ဆင်ပြီး ရိုဟင်ဂျာတပ်မတော်ထူထောင်မယ်ဆိုပြီး
လိုက်ပြောတယ်။ ဒါပေမယ့် တစ်ခုကောင်းတာက ၀တပ်ဖွဲ့နဲ့ SSA တပ်ဖွဲ့တွေက လုံးဝ လက်မခံပဲ
မောင်းထုတ်ခဲ့တာပဲ။ပြီးရင် အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ အလှမ်းဝေးကွာတဲ့ ဒေသတွေမှာ အာရဗီဘာသာစကားတွေ အတင်းသင်ပေးတယ်၊ ၀ါဒဖြန့်တာတွေလုပ်တယ်။ပြည်တွင်းမှာရှိတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေဆီ ချဉ်းကပ်ပြီး၊ လက်နက်တွေရအောင်လုပ်တယ်၊ မလေးဘက်ကနေ ရေလမ်းကြောင်းကတဆင့် လက်နက်တွေ ခိုးသွင်းဖို့ကြိုးစားတယ်၊ မြ၀တီ ကော့ကရိတ်လမ်းကြောင်းကနေတစ်ဆင့်မောင်းတောကိုလက်နက်တွေသယ်
ဖို့လုပ်တယ်လို.သတင်းအချို.အရ သိရပါတယ် ။


 DVB သတင်းဌာနမှာ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော်က ဒီအကြောင်းနဲ့ ပတ်သတ်လို့ တရားဝင်ဆွေးနွေးတာ မရှိပါဘူး ၊ ကေအိုင်အေ မှာ လဲ ဒီလို ခေါ်ယူစစ်သင်တန်း
ပေးတာတွေ မရှိပါဘူး ၊ ဒါဟာ ကချင် အချင်းချင်း သွေးကွဲအောင် လုပ်ကြံမှု တစ်ခု ပါလို့ ဖြေကြားသွားခဲ့ပါတယ် ။ ဒါပေမယ်.လည်း လက်ခံတွေ့ဆုံဆွေးနွေးသူဟာ ကေအိုင်အေ
တပ်ဖွဲ့မှာ ဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ကေအိုင်အေ တပ်ဖွဲ့မှာ နိုင်ငံခြားရေးနှင့်
ပညာရေးဝန်ကြီးအဖြစ်တာဝန်ယူထားသူ တစ်ယောက်ဖြစ်ပါတယ်။ ခွင့်ပြုခြင်း ရှိသည်/မရှိသည်ကို ရည်ညွှန်းလိုတာမဟုတ် ပဲ ကေအိုင်အေ နဲ့ ဘင်္ဂလီတွေ ပတ်သတ်ဆက်နွယ်မှု ဟာ သက်မှတ်တဲ့ အဆင့်တစ်ခု ရှိနေပြီဆိုတာကို ရည်ညွှန်းလိုတာဖြစ်ပါတယ်။ဒီမတိုင်ခင်သတင်းတွေ အရလည်း ကေအိုင်အေတပ်ဖွဲ့မှာဘင်္ဂလီတပ်ဖွဲ့တစ်ဖွဲ့ကိုအင်အား၇၀လောက်နဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့
သတင်းတွေကြားခဲ့ရတာလဲရှိပါတယ် ။ ကေအိုင်အေ က ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ ဘင်္ဂလီတွေနဲ့ ဆွေးနွေးတာ မရှိပါဘူး ၊ ခေါ်ယူစစ်သင်တန်းပေးတာတွေ မရှိပါဘူးဆိုတာ ပြောင်ပြောင်တင်းတင်းလိမ်လည်လိုက်တာပဲ ဖြစ်ပါတယ်။အပေါ်က ဖော်ပြထားတဲ့ ပုံကို ကြည့်ပါ ကေအိုင်အေက စစ်သင်တန်းပေးနေတဲ့ပုံပါ ။ သူက ကချင်ရုပ်မျိုးများ ပေါက်ပါသလား  လို. သတင်းတစ်ရပ်က ဆိုပါတယ် ။

အဲ့ဒီသတင်းကဆက်လက်တင်ပြရာမှာ နောက်တစ်ခု ဗိုလ်ချုပ်ဂွမ်မော်က ဒါဟာ ကချင် အချင်းချင်းကို သွေးကွဲအောင်လုပ်ကြံတာပါ လို့ ပြောဆိုတာကိုတွေ့ရပါတယ်။ဒါဆို ဒီ ရုပ်သံဖိုင်ကို ဘယ်သူက ရိုက်ကူုးပြီး ဘယ်သူက ဖြန့်လိုက်တာလဲ ဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်သံဖိုင်ပုံစံဟာ သေချာမှတ်တမ်းတင်ထားတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီရုပ်သံဖိုင်ကို Youtube ကနေ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ မောင်ကျော်နုမှာ တင်ထားတာကို ဖော်ပြပါပုံအတိုင်းတွေ့ရပါတယ်။ ဒါကို အစိုးရက ပဲ ကချင် အချင်းချင်း သွေကွဲအောင်လုပ်ကြံတာပါ လို့ စွပ်စွဲတာလည်း ဆင်ဝှေ့ရန်ရှောင် နည်းနဲ့ဗိုလ်ချုပ် ဂွမ်မော် ဗြောင်လိမ်လိုက်တာပဲ လို. ဆိုထားပါတယ် ။


 ဒီလိုအခြေအနေတွေနဲ. ပတ်သက်လို. မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့ကတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဒေသအ ချို့မှာ မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ နေကြောင်းနဲ. ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းလည်း ပြောကြား ထားတယ်လို. သိရပါတယ် ။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO) နဲ.ရိုဟင် ဂျာလွတ်မြောက်ရေးအဖွဲ့(RLO)တို.
ဦးဆောင်တဲ့ ဘင်္ဂါလီလူမျိုး တွေဟာ ၁၉၈၈ခုနှစ် ၁၉၉၄ ခုနှစ်နဲ. ၁၉၉၈ ခုနှစ်များမှာ မောင်
တောဒေသကို သိမ်းပိုက်ရန်ဝင် ရောက်အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မ
တော်နှင့်လုံခြုံရေးတပ်ဖွဲ့များက ကာကွယ်နိုင်ခဲ့ကြောင်းရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ မှာလည်း ထည်.သွင်းဖော်ပြခဲ့ပြီးသားပါ ။


Ref ; The Flower News , OE , Irrawaddy , The Standard Time Daily & Nawtujar
 
ဆက်စပ်ဖတ်ရှုရန်




Sunday, September 7, 2014

စောင်.ကြည်.ရမည်. မေမြတ်နိုး နှင်. ကိုရီးယား Miss Aisa Pacific World 2014 သရဖူ ပြဿ နာ ( ၂ )


ASIAPANDITS.COM

 တကယ်တော.လည်း ၄ နှစ်ပြည့်လာပြီဖြစ်တဲ့ Miss Asia Pacific World ပြိုင်ပွဲဟာ အငြင်းပွားဖွယ်ကိစ္စတွေနဲ့ သတင်းထွက်လာခဲ့တာ အခုတကြိမ် ပထမဆုံး မဟုတ်ပဲ ၂၀၁၁ ခုနှစ် ပြိုင်ပွဲတုန်းကလည်း ပြိုင်ပွဲမစသေးခင် ကတည်းက ဗင်နီဇွဲလား အလှမယ်ကို ရွေးဖို့ လုပ်ခဲ့တယ်ဆိုပြီး ပြိုင်ပွဲဝင် Wales အလှမယ် Amy Willerton နဲ့ အလှမယ်တွေက စွပ်စွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ် ။  အဲဒီကာလ အငြင်းပွားမှု အခြေအနေကို ရိုက်ကူးထားတဲ့ ရုပ်သံကို Confessions of a Beauty Queenဆိုတဲ့ ခေါင်းစဉ်နဲ့ ရှာရင် Youtube မှာ တွေ့နိုင်သေးတယ်လို. ဆိုပါတယ် ။
အဲ့ဒီမှာ  ပြိုင်ပွဲမှာ ဆုတွေရချင်ရင် သူတို့နဲ့လိင်ဆက်ဆံဖို့ ပြိုင်ပွဲကော်မတီဝင်တချို့က ကမ်းလှမ်းတယ်ဆိုပြီး တချို့ အလှမယ်တွေက စွပ်စွဲကြပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ မီဒီယာညွှန်ကြားရေးမှူး  David Kim က ငြင်းဆိုခဲ့ပါတယ်။

အလှမယ်တွေက ပြိုင်ပွဲကော်မတီဝင်တွေနဲ့ရော ဒါရိုက်တာတွေနဲ့ရော အိပ်တယ် ဆိုတာ မဟုတ်ပါဘူး၊ ရဲတပ်ဖွဲ့ကလည်း အဲဒါကို ကောလာဟလသက်သက်ဖြစ်တယ်ဆိုတာ ကြေညာပြီးပါပြီ။ အားလုံးကို စစ်ဆေးပြီးပါပြီ၊ ဟိုတယ် လုံခြုံရေးကင်မရာကိုလည်း စစ်ပြီးပါပြီ၊ အဲဒါ ကောလာဟလ သက်သက်ပါ လို့ သူက အဲ့ဒီတုန်းက ရှင်းဆိုခဲ့ပါတယ်။


ဒါပေမယ်. မေမြတ်နိုး ပြောခဲ့တာတွေထဲက တစ်ခုဖြစ်တဲ့   ရင်သားအစားထိုး ဖို့ အတင်းဖိအားပေးခံခဲ့ရပေမယ်. ရင်သားခွဲစိတ်မှု မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားမှုတွေကို စဉ်းစားစရာဖြစ်သွားနိုင်မယ့် ဓာတ်ပုံ အချို. On Line ပေါ်မှာတွေ.လာရပြန်ပါတယ် ။ အဲဒီ ခွဲစိတ်ခန်းလိုလို၊ ကျန်းမာရေးဝန်ဆောင်မှုတခုခုပေးတဲ့အခန်းလိုလိုမှာ တွေ့ရတဲ့ အမျိုးသမီးက မေမြတ်နိုးနဲ့ ဆင်တူပါတယ်။ သူလည်း ဖြစ်နိုင်သလို တခြားတယောက်လည်း ဖြစ်နိုင်ပါတယ်။ 

ကိုရီးယားမယ်ပြိုင်ပွဲအဖွဲ့ကတော့ မေမြတ်နိုးရဲ့အလှအပအတွက် ခွဲစိတ်ပြုပြင်ရေးကျွမ်းကျင်သူ ဆယ်ဦးကို အပ်ထားခဲ့တယ်လို့ ပြောထားတာ ရှိပြီး ပုံထဲကအရာဟာ ခွဲစိပ်ခန်း တစ်ခုဟုတ်ချင်မှလည်း ဟုတ်ပါလိမ်.မယ်လို. ဧရာဝတီ သတင်းတစ်ပုဒ်မှာဖော်ပြထားတာတွေ.ရပါတယ် ။
မေမြတ်နိုးရဲ. သတင်းစာ ရှင်းလင်းပွဲအပြီးမှာတော. ကိုရီးယား သတင်းစာ တစ်စောင်မှာ ခုလိုရေးသားလာခဲ့ပါတယ် ။

နိုင်ငံတကာ Media များမှဖော်ပြမှု


 သရဖူ အသိမ်းခံရသည့် မြန်မာအလှမယ် အား ပြန်လည်တောင်းပန်ရန် Miss AsiaPacific World 2014 ပြိုင်ပွဲ စီစဉ်သူများက ဗုဒ္ဓဟူးနေ့တွင် ငြင်း ဆန်ခဲ့ပြီး မြန်မာအလှမယ်အား ခိုးမှု ဖြင့်အမှုဖွင့်ရန် စီစဉ်နေသည်ဟု လည်းပြောကြားခဲ့ကြောင်းကိုရီး ယားတိုင်းမ်သတင်းစာမှ သိရသည်။

ထို့အပြင် မြန်မာအလှမယ် မေမြတ်နိုး ခိုးယူသွားသည့် ၄င်းတို့ သရဖူအား ပြန်လည်ရရှိရန် တရား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူများက ထပ်မံပြောကြားခဲ့သည်။

အသက် ၁၆နှစ်အရွယ် မြန်မာ အလှမယ် မေမြတ်နိုးသည် ကိုရီးယား တွင်ကျင်းပခဲ့သည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲအပြီးနောက်တစ်နေ့တွင် ဒေါ်လာ ၉၇၉၅၂၇တန်ကြေးရှိ သရဖူနှင့် အတူ မြန်မာနိုင်ငံသို့ပြန်သွားခဲ့ သည်။

သို့သော် မြန်မာအလှမယ် လေးသည် ''ရိုးသားမှုမရှိသော ရိုင်း စိုင်းသူတစ်ဦး'' ဟုဆိုကာ ကိုရီးယား ပွဲစီစဉ်သူများက သြဂုတ်၂၆ရက်တွင် သူမထံမှ သရဖူအားပြန်သိမ်းကြောင်း ကြေညာခဲ့သည်။

 သို့သော် Miss Asia Pacific World ပြိုင်ပွဲကို တည်ထောင်သူ ယောင်ချိုင်က ''ဒီကိစ္စတွေအတွက် ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီနေ့ပဲ ရဲတပ် ဖွဲ့ကို အကြောင်းကြားသွားမှာပါ''ဟု ပြောကာ ''မေမြတ်နိုးဟာ နတ်သမီး ဝတ်စုံနဲ့ မကောင်းဆိုးဝါးပါပဲ''ဟု လည်း ကိုရီးယားတိုင်းမ်သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းအပြင် မေမြတ်နိုး၏ သ တင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သောရင်သားခွဲစိတ်ခြင်းနှင့်ပတ်သက် ၍လည်း ချိုင်ကမေမြတ်နိုးသည်ခွဲစိတ်မှုပြုလုပ်ခဲ့သည်ဆိုသောဓာတ်ပုံအထောက်အထားများရှိသည်ဟု ဆိုသည်။''မေမြတ်နိုးပြောသမျှတွေဟာ အလိမ်အညာတွေချည်းပါပဲ။ သူမ ဟာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး အဲဒီကုန် ကျစရိတ်ကို ကျွန်တော်တို့ဘက်က ပေးချေခဲ့ရပါတယ်။ သူမ ခွဲစိတ်မှုခံ ယူနေတဲ့ ဓာတ်ပုံ
အထောက်အထား တွေကို ပြသော်လဲ မေမြတ်နိုးက ဓာတ်ပုံထဲလူက သူမဟုတ်ပါဘူးလို့ ငြင်းဆန်နေကြောင်း'' ချိုင်က ပြော သည်။

''ကျွန်တော့်အထင်တော့ မေမြတ်နိုးအမေက အမှန်တရားကို သူမတို့အတွက်အကျိုးအမြတ်ဖြစ်အောင် ပြောင်းလဲရာမှာ သူမကို ကူညီနေပါ တယ်။ တကယ်တော့ဒီကိစ္စလေး ကို သံတမန်ပြဿ နာတစ်ရပ်ဖြစ် အောင် ပြုလုပ်နေတာပါ။ ဒီလိုတော့ဖြစ်လာမှာ မဟုတ်ပါဘူး။ ကြီးထွားနေပါပြီ''ဟု ချိုင်က ထပ်မံပြောကြား ခဲ့သည်။

မေမြတ်နိုးသည် မေ ၃၁ရက် တွင် Miss Asia Pacific World 2014 ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီး ထိုသို့ အနိုင်ရရှိမှုကြောင့် စာချုပ်ပါအချက် အလက်များအတိုင်း K- popစတား တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရ သည်။ ထို့အပြင် ပွဲစီစဉ်သူများက ၄င်းတို့သည် မေမြတ်နိုးနှင့် သူမ၏မိခင်ဖြစ်သူတို့ကို မေမြတ်နိုး၏ တောင်း ဆိုချက်အရ ခွဲစိတ်ကုသမှုခံယူရန် ဘူဆန်မြို့မှ ဆေးရုံတစ်ရုံသို့ ပို့ပေး ခဲ့ကြောင်း ပြောသည်။သို့သော် ထို အချက်ကို မေမြတ်နိုးတို့သားအမိ က ငြင်းဆိုထားသည်။

မေမြတ်နိုး၏ ဖြေရှင်းချက်တွင် သူမသည် ''ခေါင်းအစခြေ အဆုံး'' အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူရန် အတင်းအကြပ်ခိုင်းစေခြင်း ခံခဲ့ရ ကြောင်းနှင့် သူမသည်မည်သည့် ခွဲစိတ်မှုကိုမှ မပြုလုပ်ခဲ့ပါဟု ပြောခဲ့သည်။

''ကျွန်မက ဒီသရဖူအတွက် ဂုဏ်ယူနေတာမဟုတ်ပါဘူး။ ပြီး တော့ ဒီလိုမျိုးဂုဏ်သိက္ခာမရှိတဲ့ အဖွဲ့ အစည်းတစ်ခုဆီက သရဖူကိုလဲ မ လိုချင်ပါဘူး''ဟု မြန်မာအလှမယ်လေးက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

၂ဝ၁၄ခုနှစ် Miss Asia Pacific World ပြိုင်ပွဲသည် လေးကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး ထိုပြိုင်ပွဲသည် မကြာ ခဏဆိုသလို အငြင်းပွားမှုများ ပေါ် ပေါက်ရာ ပြိုင်ပွဲတစ်ခုလည်း ဖြစ် သည်။ ၂ဝ၁၁ခုနှစ်ပြိုင်ပွဲတွင်လည်း အလှမယ်ရွေးချယ်ရာတွင် ရှုပ်ထွေး မှုများ ပေါ်ပေါက်ခဲ့သည်ဟု သိရ သည်။ယင်းအပြင် ပြိုင်ပွဲတာဝန်ရှိ သူများက ပြိုင်ပွဲဝင်အမျိုးသမီးလေး များကို ပြိုင်ပွဲတွင် အောင်မြင်မှုရရှိ ရေးအတွက် လိင်ပိုင်းဆိုင်ရာကိုအသုံးချရန် ကမ်းလှမ်းမှုများရှိသည်ဟုလည်း ပြိုင်ပွဲဝင်အချို့က စွပ်စွဲထား သည်။

သို့သော် ထိုစွပ်စွဲမှုများသည် ကောလာဟလများဟု ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြောကြားကာ ချိုင်က စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

(ဒီမိုကရေစီ တူဒေး သတင်းစာတွင်ဖော်ပြထားသော  ၃-၉-၂ဝ၁၄ထုတ် ကိုရီးယား တိုင်းမ်သတင်းစာမှ Jung Min-ho ရေးသား
သည့် Police may investigate Myanmar beauty queen ကို ထားခြင်းအား ကူးယူဖော်ပြပါသည်)


 
 ကိုရီးယားအဖွဲ.အစည်းရဲ.ထုတ်ပြန်မှု နဲ. ပတ်သက်လို. Miss Asia Pacific World Organization နဲ. မေမြတ်နိုးရဲ. မိခင်ဖြစ်တို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်ရန် စီစဉ်ထားတယ်လို.ဆိုပါတယ် ။

Miss Asia Pacific World Organization အနေနဲ.မေမြတ်နိုးအား ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ သရဖူပြန်လည်ရယူလိုခြင်းထက် မေမြတ်နိုး၏ လိမ်ညာခဲ့မှုများအတွက်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ Founder တစ်ဦးဖြစ်သူ Lawrence Choi ထုတ်ဖော်ပြောကြားခဲ့တာပါ ။

မေမြတ်နိုး မိခင်က ယင်းအဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့လိမ်ညာမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမယ်လို.ပြောပါတယ် ။ကိုရီးယား ဘက်ကတော. စက်တင်ဘာ ၂ ရက်မှာပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမှုမှာ ပြောဆိုခဲ့တဲ့ စကားတွေမှာ လိမ်ညာမှုတွေ ပါဝင်နေပါတယ်။ ဒါကြောင့် မေမြတ်နိုးကို တရားစွဲဆိုသွားမှာပါ။ အခုကိစ္စက အာရှနိုင်ငံအသီးသီးမှာ ဖော်ပြနေကြတဲ့ကိစ္စပါ။ ဒီအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာက အရေးကြီးပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ကိုရီးယားလူမျိုးတွေအတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် သူလိမ်ညာခဲ့တာတွေအတွက် တရားစွဲဆိုသွားမှာပါ။ မနေ့ကပဲ ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုလည်း သွားခဲ့ပြီးပါပြီ။ ကျွန်တော်တို့လက်ထဲမှာ အထောက်အထားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ကိုရီးယားမှာရှိတဲ့ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ကိုလည်း တင်ပြသွားမှာပါ။ အဓိကတော့ နှစ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံရေး၊ ဂုဏ်သိက္ခာနဲ့ တခြားနိုင်ငံအသီးသီးရဲ့အလယ်က ကိုရီးယားနိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ”လို.Lawrence Choi က ပြောကြားခဲ့ကြောင်း သတင်းတွေမှာဖော်ပြထားပါတယ် ။



 မေမြတ်နိုး၏ မိခင်ဖြစ်သူကတော. “မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာပြောခဲ့သလိုပါပဲ။ တောင်းပန်စာပေးပို့မယ်ဆိုရင်တော့ သရဖူကိုပြန်ပေးသွားမှာပါ။ အဲဒီလိုမှမဟုတ်ဘဲ ထပ်ပြီး မဟုတ်မှန်တာတွေပြောဆိုနေတဲ့ Lawrence Choi နဲ့ လှနုထွန်းတို့ကို အန်တီ့အနေနဲ့ ဥပဒေအတိုင်းပဲ ရင်ဆိုင်သွားပါမယ်။ သမီးကတော့ အသက်မပြည့်သေးတဲ့အတွက် သူဘာမှဆောင်ရွက်မှာ မဟုတ်ပါဘူး။ အန်တီ့အနေနဲ့တော့ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားပါမယ်။ သူတို့ပြောနေတဲ့ ခွဲစိတ်မှုနဲ့ပတ်သက်လို့ သက်သေရှိတယ်ဆိုရင်လည်း တင်ပြလိုက်ပါလို့ပဲပြောချင်တယ်” လို.ရှင်းလင်းပြောကြားခဲ့ကြောင်း ဆိုပါတယ် ။

ခုလို နှစ်ဘက်စလုံးက အပိုင်ပြောနေကြတာကြောင်. စိတ်ဝင်စားဖွယ် စောင်.ကြည်.ရမယ်. သတင်းတစ်ခုဖြစ်ပါကြောင်း

 
Ref ; Irrawaddy , Eleven Media Group , Democracy Today & DVB

ဆက်စပ်ဖတ်ရှုရန် 

*   စောင်.ကြည်.ရမည်. မေမြတ်နိုး နှင်. ကိုရီးယား Miss Aisa Pacific World 2014 သရဖူ ပြသာနာ ( ၁ )



စောင်.ကြည်.ရမည်. မေမြတ်နိုး နှင်. ကိုရီးယား Miss Aisa Pacific World 2014 သရဖူ ပြသာနာ ( ၁ )

angharaya.wordpress.com


အရင်ကတော.ပြည်တွင်း လှယဉ်ကျေးမယ်ပြိုင်ပွဲ တွေ လောက်ကနေ နောက်တော. ကာယအလှမယ် ပြိုင်ပွဲ ၊ အဲ့ဒီကနေ ပြည်ပ ပြိုင်ပွဲတွေဆီ အချိန်တိုအတွင်း ခြေလှမ်းကျဲခဲ့ကြသလို ထိုက်သင်.သလိုလည်း အောင်မြင်မှုတွေ ရနေကြတာမို. ကျေနပ်နေကြချိန်မှာပဲ ခုကြားလာရတာကတော. ပထမဆုံးရင်ဆိုင်လာရသော ပြသာနာ လို.ပဲ ဆိုရမယ်ထင်ပါတယ် ။

ဖြစ်တာကတော. Miss Aisa Pacific World 2014 သရဖူပိုင်ရှင် မေမြတ်နိုး ကို သရဖူပြန်အပ်ပါ ဆိုတာကနေ ပြင်ပက လူတွေမသိနိုင်တဲ့ တစ်ဖက် နဲ.တစ်ဖက် အတွင်းကျကျဖော်ထုတ်မှုတွေ ၊ စွပ်စွဲမှုတွေ ၊ ဖြေရှင်းချက်တွေ နဲ. စောင်.ကြည်.ရမယ်.အခြေအနေဖြစ်လာပါတယ် ။ ဖြစ်စဉ်အစမှာ
အဲ့ဒီ ကိုရီးယား အခြေစိုက် အဖွဲ.အစည်း ရဲ.မြန်မာပြည်ဒါရိုက်တာ နဲ. သရဖူပိုင်ရှင်ကြား အခြေအတင်တွေကနေ နောက်တော. ကိုရီးယားအဖွဲ.အစည်း နောက်တော. နိုင်ငံတကာ မီဒီယာ အထိပါ တက်လာတဲ့ ကိစ္စဖြစ်လာရပါတော.တယ် ။

သရဖူ အသိမ်းခံရတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ လှနုထွန်းက  မူလ သရဖူ ပေးတဲ့အဖွဲ့အစည်း ကို အသေးစိပ် သတင်းပို့လို့ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ် ။ နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းကတော့ မေမြတ်နိုးဟာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် မိခင်ဖြစ်သူက ကိုရီးယား အဖွဲ့အစည်းနဲ့ တိုက်ရိုက် စကားပြောပြီး တိုက်ရိုက်အုပ်ချုပ်ခွင့် တောင်းလိုက်တာကြောင့် ဇွန်လ ၁၅ ရက်နေ့ ကတည်းက အဆက်အသွယ် မရှိတော့ပါဘူးလို့ ဧရာဝတီကို ပြောခဲ့ပါတယ်။

 “သူ့အမေကလည်း သူ့သမီးလေးက ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် တိုက်ရိုက် အုပ်ချုပ်ခွင့် တောင်းတယ်။ အဲဒီနောက်ပိုင်း မေမြတ်နိုးနဲ့ အဆက်အသွယ် မရှိတော့ပါဘူး။ သူ ကိုရီးယား သွားတာ ကြားတယ်။ အခုအချိန်ထိ ကျမနဲ့ သူတို့အဆက်အသွယ် မရှိပါဘူး။ အခု သရဖူ သိမ်းတဲ့ ကိစ္စမှာလည်း ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ကျမ မသိဘူး။ ကျမက အလယ်လူလေ။ သူ့အုပ်ထိန်းသူ သူ့မေမေနဲ့ အတူ ကိုရီးယားကို သွားခဲ့ကြတယ်။ ဟိုဘက်အဖွဲ့အစည်း ကနေ ၂၇
ရက်နေ့မှာ စာထုတ်လိုက်ပြီး မြန်မာပြည်မှာ ကျမကိုပဲ သူတို့က သိတာကြောင့် သရဖူကို ကျမကို အပ်လိုက်ပါဆိုပြီး ပြောတာပါ
” လို့ နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းက ပြောခဲ့တယ်လို.သိရပါတယ် ။

ဒါပေမယ်. မလှနုထွန်းအနေနဲ. အောက်ပါစာတစ်စောင်ကိုတော. ထုတ်ပြန်ခဲ့ပါတယ် ။
ကမ္ဘာတ၀ှမ်းမှာ နေထိုင်ကြပါသော မြန်မာနိုင်ငံသားဟောင်းများနှင့် ၄င်းတို့မှ မွေးဖွားလာပါသော မျိုးဆက်သစ်များ၊ မျိုးချစ်မြန်မာနိုင်ငံသားမိဘပြည်သူများ၊ရှင့်။ 

 လတ်တလောဖြစ်ပျက်နေသော သရဖူနှင့် စလွယ်ပြန်မအပ်သော သားအမိနှစ်ဦးကြောင် မြန်မာတို့ အား သဘောရိုးဖြင့်မေးမြန်းခြင်း၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသည့် စကားအတိုင်း လှောင်ပြောင် ပြော ဆိုခြင်းကို ခံရနိုင်ပါသည်။ 

ဒါကြောင့် အလုပ်လည်းမပျက် ကျောင်းလည်းမပျက် မျက်နှာလည်းမပျက်ပဲ ပုံမှန်အတိုင်းလေးသာ နေပြီး မေးမြန်းသူများ၊ လှောင်ပြောင်သူများကို သည်းခံခွင့်လွတ်ပေးရန် အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင့်။မြန်မာတွေဟာ ဒီလို မဟုတ်ပါဘူးဆိုတာကို ယဉ်ကျေးခြင်း ရိုးသားခြင်း ကြိုးစာခြင်း အလုပ်ဖြင့်သာ သက်သေပြပေးစေလိုပါသည်။ 

ကိုရီးယားဘက်ကို အမှန်တရားတွေ အတင်းဖေါ်ထုတ်ရန်ဖိအားပေးခဲ့ရင် မြန်မာ တို့ ယခုထက်ပို အရှက်ရစေနိုင်ပါသည်။...သူတို့ ဘက်က အသေးစိတ်ဖြစ်စဉ်ကို မပြောဘဲ တော်တော်လေးကာထားပေးတာကို နားလည်ပေးစေချင်ပါတယ်ရှင့်....

သူတို့ လည်းဒီလောက်ငွေ၊ လူ၊ အချိန်အကုန်ခံပြီး ရွေးထားတဲ့မယ် တစ်ယောက်ကို ဘယ်စွန့် လွတ်ချင်ပါ့ မလဲရှင်....ထိုသားအမိကို မြှောက်ပင့်ပေးမှုများကိုလည်း နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ရပ်တန့် ပေးစေချင်ပါတယ်ရှင့်....လှနု ကနေ ကိုရီးယားနိုင်ငံကိုလှမ်းပြီး သရဖူသိမ်းဖို့ ပြောရလောက်အောင် လှနု တစ်ယောက် ကိုရီးယား အပေါ်မှာ ပါဝါအာဏာပေါက်ရောက်လွမ်းမိုးမှုမရှိပါဘူးရှင်....သရဖူနှင့်ပတ်သက်ပြီး လှနုကို အထင် အရမ်းကြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်....

သူတိုသားအမိကိုသွေးနားထင်ရောက်အောင်ကြောင်တောင်တောင်အတွေးအခေါ်တွေထဲ့ပေးခဲ့သူများ
ကြောင့် ဒီလို ဖြစ်ခဲ့ရတာကို လှနုတို့ ကနေ ထိုသားအမိနှစ်ယောက်ကိုယ်စား အားပေးကူညီခဲ့သူ မိဘပြည်သူများအားလုံးကို အစစအရာရာအတွက် တောင်းပန်ပါသည်ရှင့်...

 လေးစားစွာဖြင့် 

 လှနုထွန်း 


ဒီဖြစ်စဉ် နဲ.ပတ်သက်လို.မေမြတ်နိုးက စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က House of Memory စားသောက်ဆိုင်မှာ တသင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ခဲ့ပါတယ် ။
မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲမှာ “ မြန်မာအမျိုးသမီး တယောက်ရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးပြီး မြန်မာနိုင်ငံကို စော်ကားတဲ့ Organization က ပေးတဲ့ သရဖူကို မလိုလားပါဘူး၊ တန်ဖိုးလည်း မထားပါဘူး။ ကျမ အရှေ့မှာ ရှိနေတဲ့ ဒီသရဖူကို ဖြစ်နိုင်ရင် အခုချက်ချင်းတောင် ပြန်သွားပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ စာထဲမှာ နေရှင်နယ် ဒါရိုက်တာကို သွားပေးလိုက်ပါဆိုပြီး ရေးထားပါတယ်။ ဒါကို ကျမ လုံးဝ လက်မခံပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံကလူ ဖြစ်ပြီး မြန်မာနိုင်ငံ မကောင်းဘူးဆိုတာ နိုင်ငံတကာကို လိုက်ပြောတယ်။ ကိုရီးယားနိုင်ငံက အဖွဲ့အစည်းကိုလည်း မြန်မာနိုင်ငံက မကောင်းဘူး ပြောတယ်၊ ကျမရဲ့ မကောင်းကြောင်းကို တချိန်လုံး လိုက်ပြောနေတဲ့ နေရှင်နယ် ဒါရိုက်တာ၊ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ မယ်တွေကို တယောက်မက၊ နှစ်ယောက်မက သရဖူ လိုက်သိမ်းနေတဲ့ စိတ်ဓာတ်မျိုးကိုလည်း မကြိုက်တဲ့အတွက် သူတို့ကို ဘယ်လိုနည်းနဲ့မှ ကျမက သရဖူ ပြန်မအပ်ချင်ပါဘူး” လို့  ပြောပါတယ်။
ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းဟာ အလှသရဖူဆုရှင် မေမြတ်နိုးကို အဖွဲ့ဝင် ၄ ဦးပါတဲ့ MAPI ဆိုတဲ့ Girl Band ထောင်ပေးဖို့ ကိုရီးယားနိုင်ငံကို ခေါ်ယူခဲ့ကြောင်း၊ ဒါပေမယ့် ကိုရီးယားနိုင်ငံ ရောက်တဲ့ အခါမှာ အဲဒီ Band မထောင်ပေးတော့ဘဲ အစီအစဉ် ပြောင်းသွားပြီး အလှမယ်တဦး အနေနဲ့ အနုပညာ အလုပ်တွေလုပ်ဖို့ ခေါင်းအစ ခြေအဆုံး အလှပြုပြင်ပေးဖို့ ကိုရီးယားနိုင်ငံရဲ့ ဘူဆန်မြို့ကို ခေါ်သွားခဲ့ကြောင်း၊ ဘူဆန်မြို့မှာ ပလတ်စတစ် ဆာဂျရီ လုပ်ပေးပြီးရင် ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အတူနေပြီး စပွန်ဆာ ရှာရမှာ ဖြစ်ကြောင်း၊ အဲဒါမှ အဆင်မပြေရင် ဂျပန်ကိုပို့ပြီး စပွန်ဆာ ရှာခိုင်းမှာဖြစ်ကြောင်း အဖွဲ့အစည်းက ပြောလာတဲ့အတွက် မေမြတ်နိုးက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တယ်လို့ ယူဆပြီး သူတို့ပြောတာ လက်မခံဘဲ မြန်မာပြည်ကို ပြန်လာတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောခဲ့ပါတယ်။

အလှမယ် မေမြတ်နိုး ရရှိခဲ့တဲ့ သရဖူကို ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်နေ့ ညပိုင်းမှာ ကိုရီးယားနိုင်ငံရဲ့ မူလ အဖွဲ့အစည်းဖြစ်တဲ့ Miss Asia Pacific World Organization က တရားဝင် စာထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ မေမြတ်နိုးဟာ အမေရိကန် ဒေါ်လာ ၁ သိန်းတန်တဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်လို့ အဆိုပါ အဖွဲ့အစည်းက ဆက်လက် သတင်းထုတ်ပြန်ခဲ့ပါတယ်။
မေမြတ်နိုးဟာ ကိုရီးယားအဖွဲ့အစည်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းတွေကို လိုက်နာမှု မရှိခြင်း၊ စည်းကမ်းများ ဖောက်ဖျက်ခြင်း၊ သတင်း မီဒီယာများအပေါ် လိမ်လည်ခြင်း အစရှိတာတွေအပြင် မေမြတ်နိုးရဲ့ အမေဖြစ်သူက ကိုရီးယားကို တရားမဝင် ဗီဇာအတု လုပ်ကိုင် ဝင်ရောက်မှုတွေ ရှိတာကြောင့် သရဖူ ပြန်သိမ်းရခြင်း ဖြစ်တယ်လို့ ကိုရီးယားအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားခဲ့တာပါ ။ Asia Pacific 2014 ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးဟာ အမေရိကန်ဒေါ်လာ ၁ သိန်း တန်ဖိုး ရှိတဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်ဆိုပြီး   Miss Asia Pacific World Organization က သတင်းတွေ ဆက်တိုက် ထုတ်ပြန်ခဲ့တာပါ ။



ဒါနဲ.ပတ်သက်လို. မလှနုထွန်းက “မေမြတ်နိုး သရဖူကို ကျမက သိမ်းတာ မဟုတ်ပါဘူး။ ဟိုဘက်က သိမ်းမယ်ဆိုတော့တောင် ကျမက မသိမ်းဖို့ တောင်းပန်ခဲ့ ပါသေးတယ်။ ဂျူးစံသာ (Miss Global Myanmar 2014 သရဖူ ရရှိထားသူ  ) ကိုတော့ ကျမတို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို သူက မလိုက်နာ တာကြောင့် ကျမတို့က
ပြန်သိမ်းလိုက်တာပါ” လို့ ရှင်းပြပါတယ်။


သတင်းစာရှင်းလင်းပွဲမှာ မေမြတ်နိုးက “နိုင်ငံတကာက ဒိုင်တွေ ခေါ်ပြီး သေသေချာချာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရွေးထားပြီး ရခဲ့တဲ့ သရဖူကို ကိုရီးယား Organization ကိုပဲ ပြန်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ သို့ပေမယ့်လည်း ကိုရီးယား Organization က ကျမကို ဒီလို အသရေဖျက်မှုတွေ၊ မြန်မာနိုင်ငံ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေ၊ စွပ်စွဲမှုတွေနဲ့ မေမြတ်နိုးက သရဖူကို ခိုးပြီး ပြန်သွားပါတယ်ဆိုပြီး ရေးထားတယ်။ မေမြတ်နိုးကို ရေးထားတာ မဟုတ်ဘဲ Myanmar Beauty Queen လို့ ရေးထားတဲ့အတွက် ဒါမြန်မာနိုင်ငံကို စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေ သူတို့အမှားကို ကျမ အမှားပါလို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာ လိုချင်ပါတယ်” လို့   ပြောပါတယ်။
ဘီဘီစီနဲ့ မေးမြန်းခန်းမှာ တုန်းကလည်း သရဖူ ဟာ နိုင်ငံကိုယ်စားပြု ရခဲ့တာဖြစ်လို့ ပြည်သူလူထုက ပြန်အပ်စေ ချင်မှသာ သရဖူကို ပြန်အပ်မှာဖြစ်တယ် လို့ မေမြတ်နိုးက ပြောဆိုထားတယ်လို့ သိရပါတယ်။ 

သတင်းစာရှင်းလင်းပွဲမတိုင်ခင်မှာ ကိုရီးယားအဖွဲ.အစည်းကနေ သရဖူရုပ်သိမ်းကြောင်းကို နိုင်ငံတကာ သတင်းဋ္ဌာန တွေမှာ ရေးသားဖော်ပြခဲ့ကြရာမှာ
အလှမယ်ဆု ရုပ်သိမ်းခံရသော မေမြတ်နိုးသည် ဒေါ်လာ ၁ဝဝ,ဝဝဝ တန် အလှမယ်သရဖူကို ခိုးယူထွက်ပြေးနေသည်ဟု စွပ်စွဲခံနေရကြောင်း ဆိုပြီးအေပီက  ဖော်ပြခဲ့ပါတယ် ။ “သရဖူကို ပိုင်ဆိုင်နေမယ်ဆိုရင် အလှမယ်အဖြစ် ဆက်ရှိနေဦးမယ်လို့ သူကထင်ထားပါတယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်ပါဘူး” ဟု ကိုရီးယားအခြေစိုက် အလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုက်တာ ဒေးဗစ်ကင်က ပြောကြားခဲ့သည်။ မေမြတ်နိုးသည် လိမ်လည်ခဲ့ပြီး ယုံကြည်စိတ်ချ၍ မရကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြားခဲ့ပြီး အသေးစိတ်ကို မပြောကြားခဲ့ပေ လို.ဆိုထားပါတယ် ။
မေလက အလှမယ်ဆုရရှိခဲ့သော အသက် ၁၈ နှစ်အရွယ် မေမြတ်နိုးနှင့် သူ၏မိခင်ကို ဆိုးလ်သို့ ၁ဝ ရက် လာရောက်ရန် အဖွဲ့က ထောက်ပံ့ပေးခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့နှစ်ဦးသည် သုံးလနေထိုင်ရေးအတွက် ဗီဇာရရှိရန် တရားမဝင် ကြိုးပမ်းခဲ့သည်ဟု အာရှပစိဖိတ် အလှမယ်ပြိုင်ပွဲက ဆိုသည်။မေမြတ်နိုးသည် အလှမယ်ဆု ရုပ်သိမ်းခံရပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ နေဖွယ်ရှိကြောင်း ဘီဘီစီက ဖော်ပြခဲ့ပါတယ် ။

ကေပေါ့ပ်စတား တစ်ယောက်ဖြစ်လာရန် ပြင်ဆင်ရေးအတွက် တောင်ကိုရီးယားသို့ ရောက်ရှိနေသော မေမြတ်နိုးသည် ရိုးသားမှု မရှိသည့်အပြင် ဆိုးရွားသည့် အပြုအမူကြောင့် အလှမယ်သရဖူကို ရုပ်သိမ်းခဲ့ကြောင်း ဒေးဗစ်ကင်က ဆိုးလ်တွင် ပြောကြားခဲ့သည်။“သူက ကျွန်တော်တို့ကို အများကြီး လိမ်ခဲ့ပါတယ်။ သူ့ကြောင့် ဂုဏ်သတင်း ထိခိုက်လိမ့်မယ်လို့ ယခင်အလှမယ် တွေကလည်း တိုင်ကြားခဲ့ပါတယ်” ဟု ကင်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။“ကျွန်တော်တို့သူ့ကို အုပ်ထိန်းလို့ မရပါဘူး။ ကျွန်တော်တို့ အရမ်းစိတ်ဆိုး ဒေါသထွက်ကြပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ကိုရီးယား ပြည်သူတွေကြား ဆက်ဆံရေးထိခိုက်မှာကို ကျွန်တော်တို့ မလိုလားပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။


မေမြတ်နိုးကို ကေပေါ့ပ်စတားဖြစ်လာရန် အထောက်အကူဖြစ်စေမည့် ရင်သားခွဲစိတ် ပြုပြင်ရန်အတွက် အဖွဲ့က ဒေါ်လာ ၁ဝ,ဝဝဝ ပေးခဲ့ကြောင်း ကင်က ပြောကြားခဲ့သည်။ ထို့ပြင် အလှမယ်မေမြတ်နိုးအား ကေပေါ့ပ်စတားဖြစ်လာစေရန် နှစ်ရှည် လေ့ကျင့်မှုအစီအစဉ်နှင့် ရင်းနှီးမြုပ်နှံမှုအဖြစ် ကကွက်စီစဉ်ဖန်တီးသူများ၊ နေထိုင်ရန်နေရာတို့ စီစဉ်ပေးခဲ့ကြောင်း၊ ထို့ပြင် အသံသွင်းရန် အယ်ဘမ်နှစ်ခုကို ပြင်ဆင်ခဲ့ကြောင်း ကင်ကပြောကြားခဲ့သည်   လို.အဲ့ဒီမှာ ဖော်ပြထားခဲ့ပြန်ပါတယ် ။

အခုမေမြတ်နိုးကိစ္စမှာ ပြောစရာတခုက အသက်မပြည့်တာပါ။ မေမြတ်နိုးဟာ ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၁၆ နှစ်သာ ရှိသေးသူ ဖြစ်ပါတယ်။ မယ်တယောက်အနေနဲ့ ဝင်ပြိုင်မယ်ဆိုရင် အသက် ၁၈ နှစ် ပြည့်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Passport မှာ အသက်အမှန်ကို ဖော်ပြထားပေမယ့် မယ်ပြိုင်ပွဲဝင်မယ့် လျှောက်လွှာမှာတော့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်တယ်လို့ ဖြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖြည့်တာကို မြန်မာပြည်က Organization ကော၊ ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းကပါ သိပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်။

အခုလို သရဖူပြန်သိမ်းတယ်ဆိုတဲ့ သတင်း ထုတ်ပြန်ချက်ဟာ မေမြတ်နိုး မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်ပေါ် တက်ပြီးမှ ထုတ်ပြန်လိုက်တာ ဖြစ်တဲ့အတွက် သူမြန်မာနိုင်ငံ ပြန်ရောက်မှသာ သူ့သရဖူ ပြန်လည် သိမ်းကြောင်း သိရှိရတာဖြစ်ပါတယ်လို.ဆိုပါတယ် ။



Ref ; Irrawaddy , Eleven Media Group , Democracy Today