Tuesday, October 22, 2013

မီးတောက်ရစ်သမ် - တာရာမင်းဝေ






(၁)

အခုလို…

လှပအေးစက်နေတဲ့ ညမှာပဲ

ငါ….ပျိုးထားတဲ့ မြနှင်းဆီဟာ

ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း

ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ

ရွှေမျက်ရည်တွေ စိုလက်လာပြီလို့

မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို

တီးတိုးပြောလိုက်ကြတယ်။

‘ချစ်ခြင်းမေတ္တာ’…..ဟာ

မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို

နောက်ဆုံးမှာ…

မီးခိုးလုံးများဖြစ်သွားရော့မလား….လို့

နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့

နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလား…..

ငါ့ရာဇ၀င် ခပ်ကျဲကျဲကို

ငရဲမီးထဲ တွန်းချလိုက်ချင်တယ်

သံယောဇဉ် ဆိုတာ

အရောဝင်လို့မကောင်းတဲ့ခွေးကလေးပါပဲ…..

လောကဓံဦးတုန်းက

အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်

ခုမှ စံပယ်ရွက်ပေါ်မူးလဲ

အသည်းကွဲတယ် ဆိုတာ

သီချင်းလေးတွေ တိုးတိုးညည်းရင်းက

ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့

နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက

ငါ့ကို စီးမိုးထားတယ်။

စက်ရုပ်ကိုဒူးထောက်ကျစေတဲ့

နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ

ငါ ဘယ်လိုမှမေ့မရတဲ့

မဟာလင်္ကာ တစ်ပိုင်းတစ်စ ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ

ငါပြန်လည် ချည်နှောင်ခဲ့ပါမယ်

ချစ်သောဖဲကြိုးဝါကလေးရယ်

(လက်နက်မပါဘဲ စစ်ဝင်္ကပါမှာ ငါ….မတိုက်ရဲဘူး)

ညံ့တယ်လို့ဘဲ

လက်ညှိုးထိုးပြီးပြောလိုက်ပါတော့။



(၂)

အရှေ့လေတွေတိုက်တုန်းက

ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ

တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။

ကျောင်းတော်ရဲ့စည်းအပြင်

နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့

ထင်ယောင်ထင်မှား

လမ်းပေါ်မှာ ငါစဉ်းစားတာ

နင့်အကြောင်းခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်….

အီဂျစ် ပြက္ခဒိန်ထဲက

မိုးတိမ်တွေရွာမယ့်နေ့

နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်

ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။

ငါကဆပ်ပြာပူဖောင်းကို ခိုစီးပြီး

မြင့်မိုရ်တောင်ကြီးနဲ့ တိုက်မိမှာ

စိုးရိမ်ရှာသူ မဟုတ်ခဲ့..

ဒါပေမဲ့

လေပွေလမ်းကြောင်းများမှ

တုန်ဝါးဖျော့အေး

‘သစ္စာ’ ကိုပဲ့တင်သံနဲ့ပဲပြန်ပေးနိုင်ခဲ့သူ..။

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကိုထိုးခွဲဖောက်လှန်ကြည့်

ငါ့လက်သီးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့

သုညတစ်လုံးပဲရှိလိမ့်မယ်…။

ဝိုင်ယာကြိုးတွေ

‘ထောင်း’ ခနဲ မီးပွင့်ပြတ်တောက်သွားပြီး

ရုတ်ချည်းမှောင်အတိကျသွားတဲ့

‘အန္ဓ’ တို့ရဲ့အိမ်အိုမှာ

တေလေပီသစွာ…ငါနေတယ်…။

တိတ်ဆိတ်…ပြာလဲ့နေတဲ့ည..

ရေတွင်းထဲ ခေါင်းငုံ့ပြီး..

‘….’ ကို ချစ်တယ်..လို့

ဘယ်ဆီဘယ်ဝယ်..ဟစ်အော်တမ်းတရတာ..

ဘာကြောင့်ပါလဲ…။

‘အုံ့ပုန်းချစ်’ သီချင်းကို

မဆိုချင်ဘဲဆိုရတာ

ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို

ကိုက်မျိုရသလိုပါပဲ..လို့

အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက

ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့..

မိုးကိုဆန့်မြှောက်ထားတဲ့

မမှီနိုင်သော ကမ်းလက်တွေဟာ

ဟိုး………..တုန်းကလိုပဲ

ငါ့ဆီမှာ မြေမှုန်တွေစွန်းထင်လျက်ပါပဲလေ…။



(၃)

‘လူ’ ဆိုတာ..

လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်

သရဲခြောက်ရာ ညတစ်ညကို ပိုသတိရတတ်တယ်…။

ငါသေသွားခဲ့လို့ရှိရင်

ငါ့ရဲ့ သင်္ချိုင်းဂူမှာ …

ကြက်ခြေခတ်တစ်ခုကိုသာ

မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။

တကယ်တော့..အဲဒါဟာ

ငါသိသမျှ လောကဓမ္မကို

အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုး..ငယ်ငယ်..ကျောင်းမပြေးတတ်ခင်တုန်းက

ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်

ငါ့အပေါ်ခုန်အုပ်ပြီး

မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ … သတ္တိကောင်းကင်မှာ….နီလွင်ထစ်ချုန်း

တစ်..နှစ်..သုံး

အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။

ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ….

ကြောက်မက်ဖွယ်ရာ လူတွေရဲ့

မဟာဘုတ် ဗေဒင်ထဲမှာမှ

ငါကလည်း ‘ အဓိပတိဘွား ‘ ဖြစ်ချက်ခဲ့တာကိုး….

အိမ်အပြန်ညများစွာမှာ

ဘယ်သူမှမပြောချင်တဲ့စကားတွေပွေ့ပိုက်

ကိုယ့်ကိုယ်ကို ‘ လူမိုက် ‘ လို့ပြန်ခေါ်ခဲ့ရတယ်…

၁၉၉၃..၁၉၉၄..

ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ

လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…

နှင်းမြှားတစ်လက်ရဲ့ အဆိပ်နဲ့

နိမိတ်မကောင်းတဲ့ပုံပြင်

မမြင်ဘူးသော နေ့များ…ညများ………

ပိတောက်ပိုင်းဖျားမှာ……၀ပ်တွားစုရုံး

ငါ့ကိုချည်ထုံးခဲ့တာ…….

ခု…………အချိန်တိုင်အောင်

အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။





(၄)

မြို့ပြင်လမ်းကွေ့က

တွေ့ခဲ့ဖူးသမျှ ဂျစ်ပစီတွေလို

ဖြစ်ခဲ့သမျှကို

ရယ်ကာမောကာပြန်ပြောနိုင်တဲ့ အကျင့်လေး

သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာဘဲဖြစ်ဖြစ်

ကျောက်ခေတ်၊ ကြေးခေတ်

နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်

အားလုံးအတွက်

သေချာတဲ့ ငါ့…….ကြေငြာချက်ကတော့

နင့်ကိုထာဝရချစ်နေမယ် ဆိုတာပါပဲ..။

ထိပ်ထားရယ်..

ဖြစ်နိုင်မယ်ဆိုရင်

ဂန္တ၀င် ပန်းပုရုပ်မှာ..

နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း

နင့်နာမည်လေး စာသုံးလုံးကို

စီရီသီကုံးပေးချင်တယ်..။

နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ

မိုးပေါ်ကိုဦးမော့ပြီး

ဝင်းပစွာ လင်းမြတုန်ခါနေတဲ့

ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။

ကျောင်းရှေ့ကစံပယ်ရုံမှာ

ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း

ကျောင်းခန်းတွင်းမှာ..

လမင်းကလေးသာခဲ့ဖူးတယ်..။

ချစ်သောကျောင်းသွားဖော်ရဲ့

ပန်းရုပ်လွှာကို မျှော်တွေးရင်း

ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္ထိ

မြရာပင်ကြီးသိပါတယ်။

ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)

ငယ်ကျွမ်းမျက်နှာေ၀၀ါး

ပညာရှင်ကြီးများရယ်..

ပါဠိစာလုံးတွေနဲ့

ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။

‘ချစ်သူကိုတောင်

ချစ်တယ်လို့မပြောရဲတဲ့ကောင်..

ရာစုတစ်ထောင်မှာနေရစ်ခဲ့

ထိုသို့ဖြင့် စကားမဲ့စေသတည်း…’

မြရာပင်ကြီးရဲ့

ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ

ငှက်ဆိုးအုပ်နဲ့အတူ

ရုတ်တရက်ထပြန်သွားတယ်..။

ချို့တဲ့သော ကျောင်းသားဘဝ

ဆန္ဒရဲ့ မပြေလည်မှု

အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာ

သြော်…ငါ့ကိုလေ

နားလည်ပါ…နားလည်ပါ..

နားလည်စမ်းပါ..။





(၅)

အဲဒီနေ့ရက်တွေမှာ

မာရ်နတ်ရဲ့ ဘယ်ဘက်လက်က

အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ

ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့

မြင်းကကြိုးတို့ကိုပြင်လို့ ‘ သ ‘ လို့နေခဲ့ပေါ့။

ဘာဘဲပြောပြော

ရွှေနဲ့စက်ဝယ်လို့မရတဲံ

နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ..

သံမှုန်တွေကပ်ပါနေရဲ့

ငါ………..ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောကတောက်လျှောက်

‘ ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်

ဗလာစာအုပ်ပေါ်က သုညကမြတ်တယ် ‘ တဲ့

အဲဒီအော်သံကို ငါရယ်နေခဲ့တယ်..။

‘ မင်းကကော ဘာလဲ ‘ လို့

အနန္တတွေ က ၀ိုင်းမေးတော့

၁..၂..၃..၄..၅

ငါ အကုန်စဉ်းစားတယ်

၆..၇..၈..၉..၀..

တစ်ခုမှမဟုတ်ဘူး

ငါ့အတွက် ဂဏန်းမရှိဘူး..။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို

နီလွရှင်းတောက်

ကြောက်ခမန်းလိလိ လှပတဲ့

နှလုံးသားက ဂီတသံစဉ်

နှင်းဝိဥာဉ်မှာ တင်တဲ့ကမ္ဗည်း

လကွယ်ညရောက်တိုင်း…………..ငါ

ဂစ်တာတီးနေမယ်….။

ကျဆုံးတော့မဲ့ စစ်သူရဲအိုက

ငယ်ဘ၀က ဓါးနဲ့ချစ်သူကို

ပြင်းရှစွာ သတိရလိုက်သလိုမျိုး

နင့်ကိုငါ သတိရနေတယ်။

ထိပ်ထားရေ…

ထိပ်ထားရေ…

ထိပ်ထားရေ…

သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ

ငါ…လယ်သမားဖြစ်ချင်တယ်

နင်….ဘုရင်မ……လာမလုပ်ရဘူးနော်။

တော်တော်ကြာ

တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ

သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…..

ရွာဇနပုဒ်နဲ့  မိုးရေထဲ

ငါ……..တစ်ယောက်တည်း

မျက်ရည်ဝဲနေရပါဦးမယ်…..။

ငါကလည်းခက်တယ်..

ကဗျာတစ်ပုဒ်နဲ့

နေမ၀င်အင်ပါယာ

ဘယ်ဟာယူမလဲလို့ မေးလာရင်

ဒုတိယအရာကို ငါ……….ငြင်းတယ်…။

အဲဒီလိုနဲ့ပဲ

မှောက်ထားတဲ့

ငါ့ရဲ့ ကံ့ကော်ရွက် ဖဲချပ်ကလေးတွေ

လောကကြီးကိုအမျှဝေရင်း

ကာလများစွာ……..ကြာပြီကောလေ။





(၆)

တောင်ညိုမှာပျိုတဲ့မိုးတွေ

နင့်မျက်လုံးကို တိုးသက်တဲ့အခါ

တောင်ပင်လယ်က ဗေဒါတွေဟာ

ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး………ငါပြောမယ်

…….အက်ဆစ်တိမ်ခိုး………တို့

မုတ်သုန်ကိုနှိုးပါ

ဒီလူဆိုးအတွက်လည်း

မိုးကြမ်းတို့တစ်စက်စက်ရွာပါ…….။

‘ မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါဘဲ ‘

ခွဲခွာခြင်းဟာ

ခရမ်းပြာကျည်ဖူကို

အဆိပ်ချိုတွေလိမ်းသုတ်

နှလုံးသားတည့်တည့်ဆီ

ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်။

သက်ပြင်းဝေေ၀

ခရေတို့ နှင်းစက်ဖားလျား

မျက်ရည်ကိုစားတဲ့

ချောက်ချားဖွယ် စကားမဲ့ည

ငါဟာ……..ထက်ပိုင်းချိုးခံရတဲ့

တစ်ခြမ်းပဲ့ ‘ လ ‘ ပဲ ဖြစ်တယ်။

အိပ်မက်ထဲက ကမ္ဘာစစ်လို

အရိုးပြိုင်းပြိုင်း ညနေအိုက…

မြေကိုရှိခိုး..

မြူအိုးတို့ ပျောင်းအိညွတ်တွဲ

လူငယ်ဘ၀ရဲ့

ညရိပ်တို့မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံးမဖြစ်ခဲ့ပေမဲ့

အခင်ဆုံးတွေအကြောင်းပြောတိုင်း

သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ

ငါ…..မရောက်ရောက်အောင်သွားမယ်..။

ပြီးတော့

ခရိုးခရိုင် လက်ဖက်ရည်ဆိုင်လေးမှာ

ကဗျာအကြောင်း စာအကြောင်းပြောရင်း

ကိုယ့်ကိုယ်ကို ပြန်လည်ဖန်ဆင်းပစ်မယ် ……….ကွယ်။

အရက်သမားက

သူတစ်ပါးကိုလွမ်းဆွတ်တာ

ရယ်စရာမဟုတ်ပါဘူး

တစ်ရံတစ်ခါရဲ့

ပြန်မလာသူတို့

သိကြဖို့ကောင်းတယ်….။

လေညင်းကလေးရေ

ငါချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို

သူ့ဆံနွယ်ခက်လေးတွေ

ဖွားခနဲ လွင့်ဝဲသွားရုံ

တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ…။

လေစီးထဲမှာ

ဖွာကြဲလှပနေရှာမဲ့

သူ့ရဲ့ကေသာဆံမြကို

အဝေးကနေ ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦးနော်..။



 

(၇)

အထီးကျန်တောင်ကို အုပ်စိုးဖို့

နတ်ပြည်ကရွာချတဲ့

ငါ့အတွက်……..အညတရမိုး..ရေ

နေပါစေတော့….။

အဲဒီညဟာ

တစ်ခြမ်းပဲ့ ‘ လ ‘ က

အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့

အလံမလဲမီ ‘ ည ‘ ဖြစ်တယ်။

မြက်ရိုင်းက..

မိုးကုပ်စက်ဝိုင်းကိုနမ်းမရသလိုမျိုး

နေနဲ့လက….

တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်ကြသလိုမျိုး

ရိုးသားစွာ ..တို့ ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့

အရာရာကိုလက်ဖြန့်မိုးစောင့်ရှောက်ချင်တဲ့လူငယ်

ခု……ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။

တေလေဘ၀ရဲ့

ပထမဆုရအမှားတွေကို

လွယ်အိတ်ညိုထဲထည့်ပြီး

မီးအိမ်လက်ဆွဲ..

ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိပ်ထားရေ……….

ကချေသည်တို့ရဲ့ တေးတွေနဲ့

ငြိမ်းအေးပျော်ရွှင် ထာဝစဉ် ချမ်းမြေ့စေသား..

ကောင်းသောမိုးသောက်ချိန်၌လည်း

ငြိမ်သက်တည်ကြည်ပါစေ..

ငါ…ဆုတောင်းပေးနေမယ်..။

ပန်းခူးရင်း

သူငယ်ချင်းတွေနဲ့နေရင်း

စကားပြောရင်း

သီချင်းလေးတွေ ဆိုရင်း

မင်း…….ငါ့ကို……..မေ့သွားမှာပါ။

ခုတော့….သွားတော့နော်

ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို

‘ ဘ၀ ‘ ဆိုတဲ့ မာယာနိုင်ငံအိုက…

စောင့်ကြိုလို့နေရော့မယ်..

သာမညလမ်းခွဲမှာ..

ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်

မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ

မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ

မနက်ဖြန်ခါတိုင်းမှာ…အောင်မြင်ပါစေ……..

ထိပ်ထားရေ



တာရာမင်းဝေ

ယခု ကဗျာ မှာ တာရာမင်းဝေ၏ မူရင်း ကဗျာ ဖြစ်ပါသည် ။ ယခင်က ထိုကဗျာကို တစ်ပိုင်းတစ်စ ခံစားရေားသားခဲ့သော်လည်း မူရင်းကို ဖတ်ရှုနိုင်ရန် ဖော်ပြအပ်ပါသည် ။ 


ဆက်စပ်ဖတ်ရှုရန် ..မီးတောက်ရစ်သမ်အပိုင်းအစ -

နှလုံးသားမှတ်တမ်း




လက်ချင်း ခိုင်ခိုင်တွဲလို့
မျက်လုံးချင်းက မခွဲနိင်တဲ့ အကြည့်နဲ့
တွယ်ငြိနေကြတယ်....

ဒီလိုနဲ့ပဲ
ကိုယ်တို့ နှလုံးသားမှတ်တမ်း
စခဲ့ကြတယ် ....

ဒီဇင်ဘာရဲ့ ညဥ့်တညဥ့်မှာပေါ့
လေထဲမှာ
ဒန်းပန်းရနံ့တွေ မွှေးပျံနေတယ်
ကိုယ့်တယောကလေးက
မြေကြီးပေါ်မှာ
ဘာသိဘာသာ လျောင်းနေရှာတယ်......



မင့်ပန်းကုံးကလည်း
သီလက်စနဲ့
မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.......

မင်းရဲ့ လိမ္မော်ရောင် ဇာမျက်နှာဖုံးက
ကိုယ့်မျက်လုံးတွေကို
ယစ်ဝေစေတယ်......

မင်းသီပေးတဲ့ စံပယ်ကုံးက
အဆောင်အယောင် တစ်ခုလို
ကိုယ့်ရင်မှာ အလှိုင်းတကြီး ဖြစ်ရတယ်.....

ပေးလိုက် ပြန်ယူလိုက်
ခုထုတ်ပြလိုက် တော်ကြာ ၀ှက်ထားလိုက်
လုပ်တမ်း ကစားကြတယ်......

အပြုံးအရယ်တွေ တချို့
ရှက်သွေးကြွယ်တာလေးတွေ တချို့
နောက် ချိုနွဲ့ပြီး အားမပါတဲ့
အရုန်းအဖယ် တချို့နဲ့လေ........

မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.......



လက်ရှိအနေအထားကို ကျော်ပြီး
အသိခက် လျှို့ဝှက်တာလည်း မရှိဘူး
မဖြစ်နိင်တာကို
အဖြစ်ဖြစ်အောင် လုပ်တာလည်း မရှိဘူး
ကြည်နူးမှုရဲ့ နောက်မှာ
အရိပ်လည်း မထိုးဘူး
အမှောင် ပိန်းပိန်းမှာ
မျက်ရမ်း မှန်းဆ နေစရာလည်း မလိုဘူး.....

မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်....

ကိုယ်တို့နှစ်ယောက်ဟာ
ထာဝစဉ် ဆိတ်ငြိမ်ရာမှာ
စကားတွေ
တောင်စဉ် ရေမရ မပြောကြဘူး.....

မျှော်လင့်ချက်ရဲ့
အဆုံးစွန်က အရာတွေကို
တမ်းတမ်းတတ လက်တပြပြလည်း
မလုပ်ဘူး.......



ကိုယ်တို့အပေးနဲ့အရ
မျှတပါတယ်....

အပျော်ကို မဖျက်ဆီးဘူး
အပျော်ထဲကနေ
ဝေဒနာ အရက်ချိုထွက်လာအောင်
အဖုံးကို အတင်းလှည့်ပြီး
သွန်မငှဲ့ခဲ့ကြဘူး.....

မင်းနဲ့ကိုယ် နှစ်ဦးသားကြားမှာ
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.....။ ။


ရာဘန္ဒြာနတ်(သ်)တဂိုး

Monday, October 21, 2013

သီတင်းကျွတ် နိဗ္မာန်ဈေးပွဲတော်




















သီတင်းကျွတ် လပြည်.ကျော် တစ်ရက် ( ၂၀ - ၁၀ -၂၀၁၃ ) နေ. ညနေ ၄နာရီ ကနေ ၅နာရီအထိ ၀ါးခယ်မမြို. ဆေးရုံရပ်ကွက် မြူရုံးလမ်းတွင် ကျင်းပခဲ့သော  နိဗ`ာန်ဈေးပွဲတော် ပုံများ စုစည်းတင်ဆက်ခြင်းဖြစ်ပါသည် ။ ယခုနှစ်ပိုင်းများတွင် ယခုကဲ့သို. ဒါနပြုမှုမျိုးကို မြို.လေးတွင် အကြိမ်ကြိမ် ကျင်းပဖြစ်ခဲ့ပြီး ကျင်းပတိုင်းလည်း စည်ကားခဲ့ ပါသည်။

ယခုပုံများကို ရိုက်ကူးပေးခဲ့ကြသော Aung Myo Thant ,Tint Wai Moe , Phyo Wai , Aye Thida တို.အားလည်း wakhama.blogspot.com အနေဖြင်. အထူးကျေးဇူးတင်ရှိပါသည် ။



Seagame ဘောလုံးပွဲ ရလဒ် နဲ. နောက်ဆက်တွဲ အကျိုးဆက်..( မိုးပြိုမှာ စိုးတာ ထင်ပါရဲ. )

ဒီကိစ္စကို ကျွန်တော် တစ်ယောက်တည်းကပဲ မိုးပြိုမှာကြောက်တဲ့ တစ်တီတူး ဖြစ်နေတာလား ၊ တကယ်ကို ပဲတွေးထား၇မယ်.ကိစ္စလားဆိုတာတော. ဖတ်ပြိးမှသာ စဉ်းစားကြည်.ကြပါဗျာ ။(ကျွန်တော.်အရင် စိတ်ပူနေခဲ့ကြသူတွေအချို.လည်း ရှိနေခဲ့တဲ့ကိစ္စပါ )
အားလုံးမျှော်လင်.ကြတဲ့ Seagame အဲဒီမှာမှ ပွဲအပြီး နဲ.ပွဲမတိုင်ခင် ဘယ်လောက် မကျေနပ်နပ် ဘယ်လောက်ဒေါသထွက်ထွက် ဘယ်လောက်စိတ်တွေပျက်ပျက် အချိန်တန်တော.လည်း ကွင်းထဲရောက် ၊ TV ရှေ.ရောက် ဘ.ယ်လောက်အသင်းလိုမျိုးကြီးနဲ.ကန်ကန် နိုင်မှာဆိုတဲ့ စိတ်တွေနဲ.အမျိုးသမီးတွေ ကလေးငယ်တွေပါမကျန် ရေကုန်ရေခမ်းအားပေး ကြရတဲ့ ဘောလုံးပွဲ ၊ ဘာပဲပြောနေနေ အားလုံးရဲ.စိတ်ထဲမှာ ဘောလုံးကနေသာရွှေရ Seagame လုပ်ရတာ တန်ပြီ ဆိုတဲ့စိတ် ရှိနေကြပြီးသားပါ ။
သို.ပေမယ်.လည်းပေါ.ဗျာ
ခုလက်ရှိ ခြေစမ်းပြီးသမျှ အနေအထားအရတော. မမြတ်တဲ့အပြင် အရင်းတောင်ရှုံးလေမလား စိုးရိမ်နေမိပါတယ် ။
Seagame ပြိုင်ပွဲဝင်မယ်. မြန်မာဘောလုံးအသင်းဟာ မေလ ကတည်.က စတင်ပြင်ဆင်နေခဲ့တာမို. အရင်ပြိုင်ပွဲဝင် အသင်းတွေထက်တော.လေ.ကျင်.ချိန် ပိုရခဲ့တယ်လို.တော.ပြောရမှာပါ။ တောင်ကြိး MNL Allstar အသင်းနဲ. ခြေစမ်းခဲ့တဲ့ မြန်မာအသင်းဟာ ပြည်တွင်း League ပြိုင်ပွဲဝင် အသင်းတွေ ၊ V-League အသင်းဖြစ်တဲ့  ဒေါင်နိုင်းအသင်း ၊ ဗီယက်နမ် U-23 အသင်း စတဲ့ခြေစမ်းမှု စတာတွေရဲ. ရလဒ်ကတော. နှစ်သက်နိုင်လောက်တဲ့ အဖြေတော. မဟုတ်ပါဘူး ။ အခုတော. ကိုရီးယားနဲ.ဂျပန်ကိုလေ.ကျင်.ရန် နဲ ခြေစမ်းပွဲ အတွက် ထွက်ခွာသွားခဲ့ပြန်ပါပြီ ။

အချို.တွေကလည်း သုံးသပ်နေတာက လက်ရှိခြေစွမ်းနဲ.သာဆို အုပ်စုတက်လာလို.Semi မှာ အသင်းကြိးနဲ.တွေ.ရင် Final တောင်မရောက်နိုင်ဘူးလို. ဆိုကြပါတယ.် ။တစ်ခုရှိတာကလည်း မြန်မာဟာ Semi မှာပြုတ်ရင် တတိယတောင် မရတတ်တာကြောင်. ဒီစိုး၇ိမ်စိတ်ဖြစ်လာတာပါ။
တကယ်လို.များ Seagame မှာ မြန်မာအသင်းများ ဆုမရခဲ့ရင် (ဖွဟဲ့ လွဲပါစေ ) အဲ့ဒီ.အကျိုးဆက်ကို တိုက်ရိုက်ခံရမှာကတော. Myanmar National League ပါပဲဗျာ။ For the league , For the nation ဆိုတဲ့ ဆောင်ပုဒ်နဲ. ကျင်းပနေတဲ့ Myanmar National League ဟာ ဒီဒါဏ်ကို ခံရနိုင်တဲ့ ပထမဦးစားပေးသားကောင်ပါ ။ ပွဲစတင်ကျင်းပစဉ်ကထက် တစ်ဖြေးဖြေး ကနေ သိသိသာသာကိုလျော.ကျလာနေတဲ့ ၇န်ကုန်ကွင်းထဲရောက်ပရိသတ်အရေအတွက် ( နယ်အိမ်ကွင်းတွေမှာတော. ပရိသတ်ပြည်.တတ်နေပေမယ်. အိမ်ကွင်းအရေအတွက်က ဒီဘက်နှစ်တွေမှာ သိသိသာသာ တက်မလာသေးပါဘူး) ၊ တစ်နှစ်ကို ကုန်ကျစရိတ် သိန်းထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ သုံးရင်း ခြေကုန်လမ်းပန်း ကျလာသလိုဖြစ်နေတဲ့ အသင်းပိုင်ရှင်အချို. အပါအ၀င် စိတ်ဝင်စားမှု တစ်ဖြေးဖြေး လျှော.ကျခံနေရတဲ့ MNL အနေနဲ. ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားနိုင်ပါသလဲ ။ နဂိုတည်းကကစားသမားတွေရဲ. မြင်.မားတဲ့လစာ (မြန်မာနိုင်ငံအနေအထားနဲ.) အပေါ် ဝေဖန်နေမှုတွေ ၊ ထင်သလောက်အောင်မြင်မှုရမလာတဲ့အပေါ် ပရိသတ်ရဲ. တုန်.ပြန်မှုတွေ ဘယ်လောက်အထိဖြစ်လာနိုင်ပါသလဲ ။ကိုယ်ဥာဏ်မမှီတဲ့ ကိစ္စမို. ဘာတွေကြုံလာရနိုင်တယ် ၊ ဘယ်လိုဖြေရှင်းရင် ရတယ် ဆိုတာတွေကတော. သက်ဆိုင်ရာ ပညာရှင်တွေဆီမှာ အဖြေတွေ ရှိကောင်း ရှိနေနိုင်ပါတယ် ။ကျွန်တော်.ကတော. စိုးရိမ်မှုသက်သက်ကိုသာ ဖော်ပြခြင်းဖြစ်ပါတယ် ။

တစ်ခုတော.လည်းရှိပါတယ် ။ခု အောက်တိုဘာလအတွက် ဖီဖာက ထုတ်ပြန်တဲ့ ကမ္ဘာ..အဆင်.သတ်မှတ်ချက်မှာတော. မလေးရှား အဆင်. ၁၆၀ ၊ စင်ကာပူ က ၁၅၅ ၊ ဗီယက်နမ်က ၁၅၁ ရှိနေပြီး မြန်မာဘောလုံးအဆင်.ကတော. ၁၄၉ ပါတဲ့ဗျာ ။ ဒါကိုကြည်.မိတော. မဆိုးဘူးဟ လို.ဂုဏ်ယူလိုက်မိပေမယ်.လို. ဖိလစ်ပိုင်က ၁၃၇ ဆိုတော. အင်းးးးးးးးးးးးးးးးးးးးး

Sunday, October 20, 2013

ဆရာဝန် တစ်ဦးနဲ. ၀ိဥာဏ် အတွေ.အကြုံ


ဒီလောကတွင် သူရဲ ရှိတာ ယုံသလားလို. တယောက်ယောက်မှ မေးလာခဲ့လျှင် ကျမမှာ တိကျသော အဖြေ မရှိပါ။ ကိုယ်တွေ. အခြောက်ခံရဖူးလား ဆိုလျှင်တော့လဲ မသေချာပါဘူး။

ကျမ ငယ်စဉ်ကတော့ အင်မတန် အကြောက်တရား မရှိ၊ ပေါက်တတ်ကရလဲ အလွန် လုပ်တတ်ပါသည်။ အသက် ၅ နှစ်လောက် အရွယ်က ဆေးရုံဝင်း ထဲမှ နေအိမ်မှာ နေတုန်းက ငယ်သူငယ်ချင်းများနှင့် အလောင်းအစားလုပ်ပြီး ရင်ခွဲဆောင်တံခါးကို တယောက်ထဲ လူကြီးတွေ မသိရအောင် သွား ခိုးဖွင့်ခဲ့ဖူးပါသည်။ နောက်အနည်းငယ် ကြီးလာတော့၊ အသက် ၁၀နှစ်လောက် အရွယ်မှာ အရင်က “သူရဲမွေးထားပါသည်၊ သူရဲ အလွန်ခြောက်တတ်သည်” ဟု နာမည်ကြီးသော အိမ်ကြီးကို ပြောင်းရသည်။ ကျမ အိပ်ရာက နှစ်ထပ် အိမ်ကြီးရဲ. အပေါ်ထပ်မှာ၊ တယောက်ထဲ။ သူငယ်ချင်းတချို.မှ “မကြောက်ဘူးလား” ဟု ဝိုင်းမေး တာလဲ မကြာခဏ ခံခဲ့ရပါသေးသည်။ အခြောက်ခံ ခဲရဖူးလား ဆိုရင်တော့ ကြားသမျှ ချွတ်ချွတ် ချက်ချက် အသံများ အားလုံး သစ်ပင်မှ သစ်ရွက်လေတိုက်သံများ ဟုပဲ သတ်မှတ်ထားပြစ်လိုက်သည်။ မှတ်မှတ်ရရ တနေ.မှာတော့ သူငယ်ချင်း တသိုက် အိမ်မှာ လာဆော့ကြတုန်း သူငယ်ချင်း တယောက် အိမ်သာသွားတုန်း အိမ်သာတံခါးကြီးက အုန်းခနဲ စောင့်ပိတ်သံ ကြားရသည်တဲ့။


အိမ်သာတံခါး ဆွဲဖွင့်ဖို.ကြိုးစားတော့ မရ။ သူငယ်ချင်းတသိုက် အာပြဲကြီးနှင့် အော်ခေါ်သံကြောင့် ကျမ မေမေ နဲ. စကားပြောနေရာမှ အပြေးသွားတော့ အိမ်သာ တံခါးက သူ.အလိုလို ပြန်ပွင့်လာသည်။ အဲဒီ အချိန်မှစလို. အဲဒီ သူငယ်ချင်းများကို အိမ်ခေါ်ဆော့လို.ကို မရတော့ပါ။ ကျမကို အဲဒါ သူရဲလားမေးရင်တော့ မသိပါ။ အိမ်သာတံခါးက တခါမှ မကျပ်ဖူးပေမယ့် တခါတလေတော့ ဒါမျိုး ဖြစ်တတ်သည် မဟုတ်လား။

ဒီလိုနှင့် ဆေးကျောင်းရောက်တော့ သူရဲ တစေ အခြောက်ခံရတဲ့ ပုံပြင်တွေ မကြာခဏ ကြားလာရသည်။ ဆေးရုံဆိုတာ လူသေများတဲ့ နေရာ မဟုတ်ပါလား။ နောက်ဆုံးနှစ် အပိုင်း(က) လူထုကျန်းမာရေး နယ်ခရီးထွက်ရတော့ ကျမတို.သူငယ်ချင်း တသိုက် သံဃာဆောင် အဟောင်းမှာ တည်းရသည်။ အဲဒီ အဆောင်ကလဲ သရဲ အလွန်ခြောက်သည်ဟူ နာမည်ကြီးပါသည်။ သူရဲအလွန် ကြောက်တတ်သူ သူငယ်ချင်းတွေ ခမျာ မှာတော့ ညည အိပ်မပျော်နို်င်။ ညညခုတင်ကို လာလာလှုပ်သည် သူတိုကပြောတော့ အတူပါလာသော ကောင်လေးသူငယ်ချင်း ၂ယောက်ကိုပဲ “ ကြောက်တတ်သူကို ဖြဲခြောက်နေရလား” ဟု အပြစ်တင် ဆူဆဲ ဖို.ကျိုးစားခဲ့ ဖူးပါသည်။ ဒါပေမယ့် ဖြစ်ချင်တော့ မျက်တွင်းဟောက်ပက် သူငယ်ချင်း ကောင်လေးတွေက သူတို.တောင် အခြောက်ခံရပြီး အိပ်မရလို.ဆိုတော့ ပိုဆိုးတော့သည်။



မှတ်မှတ်ရရ အလုပ်သင် ဆင်းတုန်းကလဲ ပြူတင်းပေါက်က လူနာတယောက် ခုန်ချသေပြီး မကျွတ်နိုင်ပဲ မကြာခဏ လာခြောက်တတ်သည် ဟု အဆိုရှိဖူးပါသည်။ တခါမှတော့ ကိုယ်တွေ.မကြုံခဲ့။ အရိုးဆောင်မှာ တာဝန်ကျချိန်မှာ ကျမတို.နဲ. တတန်းထဲ အတန်းဖော် သူငယ်ချင်း တယောက် အလွန် မကျန်းမမာ ဖြစ်ခါ ဆေးရုံတင်ထားရသည်။ တညတော့ ဘာအလုပ်မှ မရှိသည်နှင့် တာဝန် အတူတူကျသော ကျမတို. သူငယ်ချင်း ၃ ယောက် ဆရာဝန် အခန်းထဲမှာ နားနေကြတုန်း တံခါး ဒုန်းဒုန်း လာခေါက်သံ ကြားမိသည်။ လူနာအသစ်လာတာပဲ ဖြစ်မည်ဟု ကျမတို. ၃ ယောက် တံခါးဖွင့် ထွက်လိုက်တော့ ကျမတို. အခန်း ရှေ.တဲ့တဲ့ သူနာပြုစားပွဲမှာ ထိုင်နားနေတဲ့ သူနာပြု ဆရာမလေးက “ဘာတုန်း” ဆိုတော့ အကြည့်နှင့် လှမ်းကြည့်လာသည်။ ကျမ က “ဆရာမ တံခါး လာခေါက်တာ မဟုတ်ဘူးလား” လို.မေးတော့ ဆရာမလေးက အူကြောင်ကြောင် မျက်နှာနှင့် “ဘယ်သူမှ မခေါက်ဘူး။ ဒီရှေကလဲ ဘယ်သူမှ ဖြတ်သွားတာ မတွေ.ပါဘူး” တဲ့။ ကျမတို. ၃ ယောက်လဲ အူကြောင်ကြောင် အခန်းထဲ ပြန်ဝင် နားနေလိုက်တော့သည်။ နောက်နေ. မနက်ကျမှ သိရသည်က ကျမတို.ရဲ. ချစ်လှစွာသော သူငယ်ချင်း ဆေးရုံမှာပဲ အဲဒီညက ဆုံးသွားသည်တဲ့။ ဆုံးသွားတဲ့ အချိန်ကလဲ တို်က်တိုက် ဆိုင်ဆိုင် ကျမတို. အဖြေမရှိတဲ့ တံခါးခေါက်သံ ကြားမိတဲ့ အချိန် ..။ “သူငယ်ချင်းများ လာနှုတ်ဆက် သွားတာလား” ဟုတော့ စဉ်းစားမိပါသည်။ ဒါပေမယ့်  ဘယ်သူ.ကို သွားမေး၊ ဘယ်လို သက်သေပြ ရမည်လဲလေ။

အခုချိန် ကျမကို တယောက်ယောက်က သူရဲရှိတာ ယုံသလား မေးလာလျှင် “အများကြီး ဖြစ်နိုင် ပါသည်။” လို.ပဲ မရေမရာ ပြန်ဖြေမိမည် ထင်ပါသည်။ တကယ်တွေးကြည့်လျှင်တော့ ဒီ ကမ္ဘာရွာကြီး မဖြစ်ခင် ဟိုး ရှေး ပဝေသဏီ အချိန်ကပင် အင်္ဂလိပ် မြန်မာ တရုတ် ကလား .. ကမ္ဘာ အရပ်ရပ်တွင် သူရဲ တစ္စေ ဝိဥာဉ်နဲ. ပက်သက်သော ရာဇဝင် ဒဏ္ဍာရီတွေ ရှိသည်မဟုတ်ပါလား။ ဘုရားဟော တရားတွင်လဲ မကျွတ်သော နာနာဘဝ ဆိုတာတွေရှိမှတော့ ကျမအနေနှင့် ဒါတွေ မယုံပါဟု ဘယ်လို ခံငြင်းနိုင်ပါ့မလဲ။ ဒီလောကတွင် သိပ္မံပညာဖြင့် ရှင်းပြ မရနိုင်သော အရာ မြောက်များစွာလဲ ရှိသည်မဟုတ်ပါလား။ ဒါပေမယ် သူတို.တွေ ကိုယ့်ကို လာခြောက်နေမလား ဆိုပြီးတော့ တွေး ကြောက်နေမည့်အစား သူတို.အတွက် လုပ်ပေးနိုင်တာက ကျမတို. ဘုရားရှိခိုး ကောင်းမှုကုသိုလ်ပြုတိုင်း သူတိုအတွက် မေတ္တာပို. အမျှဝေပေးခြင်းသာလျှင် အမှန်အကန်ဆုံး အလုပ်ဟု ကျမတော့ ကျမ ယုံကြည်မိပါသည်။ 

Post from http://blog.moe-kai.com


The Thadingyut Festival



The Thadingyut Festival (Burmese: သီတင်းကျွတ်ပွဲတော်), the Lighting Festival of Myanmar, is held on the full moon day of the Burmese Lunar month of Thadingyut. As a custom, it is held at the end of the Buddhist lent (Vassa) and is the second most popular festival in Myanmar after Thingyan Festival (New Year Water Festival). Thadingyut festival is the celebration to welcome the Buddha’s descent from the heaven after he preached the Abhidhamma to his mother, Maya, who was reborn in the heaven.

Thadingyut, the seventh month of the Myanmar calendar, is the end of the Buddhist lent or Vassa. Thadingyut festival last for three days: the day before the full moon day, the full moon day and the day after the full moon day. Buddha descends from heaven on the full moon day itself. Buddha’s mother, Maya, died seven days after the Buddha was born and then she was reborn in the Trayastrimsa Heaven.[2] In order to pay back the gratitude to his mother, Buddha preached Abhidhamma to his mother for three Lenten months. When he was descending back to the mortal world, Sakra-devanam-indra, the ruler of the Trayastrimsa Heaven, ordered all the saints and evils to make three precious stairways.[3] Those stairways were made of gold, silver and ruby. The Buddha took the middle one with the ruby. The Nats (Deva) came along by the right golden stairways and the Brahmas from the left silver stairways. Buddhists celebrate Thadingyut to welcome the Buddha and his disciples by enlightening and festooning the streets, houses and public buildings with colored electric bulbs or candles, which represent those three stairways.[

During Thadingyut Festival, there are Zat Pwes (Myanmar musical plays), free movie shows and stage shows on most of the streets around the country. There are also a lot of food-stalls, which sell a variety of Myanmar traditional foods and shops, which sell toys, kitchen utensils and other useful stuffs on most of the streets. Sometime people just walk around in those streets just for sightseeing and have fun. Some people like to play with fire crackers and fire balloons. During the festival days, Buddhists usually go to pagodas and monasteries to pay respect to the monks and offer foods. And some Buddhists usually fast on the full moon day. Young people usually pay respect to their parents, teachers and elderly relative and offer them some fruits and other gifts. In return, the elder ones wish good luck for them and give them some pocket money.
By  Wikipedia



“Tak Bat Devo” comes from the word Devorohana, which means the day the Buddha returned from his visit to his mother in Tavatimsa Heaven. As the legend goes, the villagers of Sung Gus Nakorn were very delighted when the Buddha returned so they came to give food offerings to him. This event was called Tak Bat Devo Rohana and later named Tak Bat Devo. The ceremony is done at the end of the Buddhist Lent.



ตักบาตรเทโว หมายถึงการทำบุญตักบาตร ในวันแรม 1 ค่ำ เดือน 11 เนื่องในโอกาสที่พระพุทธเจ้าเสด็จลงจากเทวโลก คำว่า เทโว เรียกกร่อนมาจากคำว่า เทโวโรหณะ (เทว+โอโรหณ) ซึ่งแปลว่า การเสด็จลงจากเทวโลก

ความเดิมมีว่า ในพรรษาที่ 7 นับแต่วันตรัสรู้ พระพุทธเจ้าเสด็จไปจำพรรษาอยู่บนสวรรค์ชั้นดาวดึงส์เพื่อเทศน์โปรดพระพุทธมารดา ที่ได้กำเนิดเป็นเทพบุตรอยู่ในชั้นดุสิต จนบรรลุโสดาปัตติผล ครั้นออกพรรษาในวันขึ้น 15 ค่ำ เดือน 11 แล้ว จึงเสด็จลงจากเทวโลกที่เมืองสังกัสสนคร ในกาลที่เสด็จลงจากเทวโลก ได้มีเนินเป็นอันเดียวกันจนถึงพรหมโลก เมื่อทรงแลดูข้างล่าง สถานที่นั้นก็มีเนินอันเดียวกันจนถึงอเวจีมหานรก ทรงแลดูทิศใหญ่และทิศเฉียง จักรวาลหลายแสนก็มีเนินเป็นอันเดียวกัน เทวดาก็เห็นพวกมนุษย์ แม้พวกมนุษย์ก็เห็นเทวดา สัตว์นรกก็เห็นมนุษย์และเทวดา ต่างก็เห็นกันเฉพาะหน้าทีเดียว ลำดับนั้น พระผู้มีพระภาคเจ้าจึงทรงเปล่งฉัพพรรณรังสี ขณะที่พระองค์เสด็จลงมาจากสวรรค์ชั้นดาวดึงส์

รุ่งขึ้นวันแรม 1 ค่ำ เดือน 11 ชาวเมืองจึงพากันทำบุญตักบาตรเป็นการใหญ่ เพราะไม่ได้เห็นพระพุทธเจ้ามาถึง 3 เดือน การทำบุญตักบาตรในวันนั้นจึงได้ชื่อว่า ตักบาตรเทโวโรหณะ ต่อมามีการเรียกกร่อนไปเหลือเพียง ตักบาตรเทโว

เพื่อระลึกถึงเหตุการณ์ในวันนั้น จึงนิยม ตักบาตรเทโว กันจนเป็นประเพณีสืบมาตราบเท่าทุกวันนี้

မြို.လေးဆီက ၀ါတွင်း ၀တ်အသင်း လေးများ


အခြားမြို.များတွင်လည်းရှိနိုင်သော ( မြို.တိုင်းတွင်တော.မရှိနိုင်ပါ ) မြို.လေးတွင်လည်း ရှိသော ၀တ်အသင်းလေးများ ၊ ၀ါတွင်းကာလ ၏အဖိတ်နေ. ၊ဥပုသ်နေ.တို. ၏ ညနေပိုင်းများတွင်သာ ကြားရ တွေ.ရ မြင်ရတတ်သော မြင်ကွင်းများ



ဟိုးအရင်က( ခန်.မှန်းနှစ် ၅၀ခန်.) တော.ဓမ္မရက္ခိတ ၀တ်အသင်းရယ် ဈေးဦးဝတ်အသင်းရယ်လဲ လှည်.တယ်ပြောတယ်..ဓမ္မရက္ခိတ ၀တ်အသင်းက သူတို.တန်ဆောင်းသတ်သတ်ရှိပါတယ်..ခုဘုရားကြီးပိဋကတ်တိုက်နေရာမှာ အဲ့ဒီအဆောက်အဦးအဟောင်းကြိး ရှိခဲ့တာတော. မှတ်မိပါတယ် ။သစ်သားတန်ဆောင်းအကြီးကြီးပါ....ဈေးဦးဝတ်အသင်းကတော. ဈေးဦးကျောင်းက လုပ်တာလို.သိရပြီး အာရုဏ်ခံ ၀တ်အသင်းနဲ. မဟာပုညကောသလ္လ အသင်းတို.ရှိပါတယ် ။ နောက်ပိုင်းတော.မြသိန်းတန် ကလဲ ၀တ်လှည်.ပါတယ် ။ 





မဟာပုည အသင်းကတော.လှည်.ရင် အကျီင်္အဖြူ ယောဂီပုဆိုးနဲ.လှည်.ကြပါတယ် ။ မဟာပုညအသင်းမှာ ထူးခြားတာက ပိုက်ဆံ အလှုခံတဲ့ နတ်ရုပ်သေးသေးလေးတွေဖြစ်ပြီး ၀တ်လှည်.ရင် အဲဒီနတ်ရုပ်လေးတွေ ပိုက်ပြီး အလှုခံကြပါတယ် ၊တစ်တောင်ခန်.သာ အမြင်.ရှိပြီး ပါးစပ်ပေါက်ထဲ ပိုက်ဆံ ထည်.ရတာပါ ။ အရင်ကတော.အကြွေဆိုတော. ပို အဆင်ပြေပြီးနောက်ပိုင်းတော. ကလေးတွေက သဘောကျနေဆဲပါပဲ .. အဘိုး အဘွား အဖေ အမေ တွေ ချီထားတဲ့ လက်ပေါ်ကနေ အရုပ်ပါးစပ်ထဲ ကြောက်ြောက်နဲ. ပိုက်ဆံထည်.ဖို.စိတ်ဝင်စားကြတဲ့ ကလေးတွေရဲ. မြင်ကွင်းကလည်း ၀ါတွင်း စုတ်ချက် တစ်ခုပါ ။ သဒ္ဒါ အဟုန်ကြွ မဟာပုည ဆိုတဲ့ သီချင်း၊ တီးလိုက်ပါတဲ့ ...ဗုံကြီးသံဆိုတဲ့သီချင်း ၊လှည်းလမ်းကြောင်းတစ်လျှောက်ဖုန်လုံးကြီးတွေ ဆိုတဲ့စာသား ၊ ယသော်မေခင် ရွှေစင်အိရယ် ကြာရင်သိမယ် ရိပ်မိမယ် ရိပ်မိမယ် ဆိုတဲ့ သီချင်းတွေ ဟာ မဟာပုည အသင်းလှည်.လာတိုင်းကြားရတဲ့သိချင်းတွေပါ ။ နောက်ဆုံး အဖိတ် ( သီတင်းကျွတ် လဆန်း ၁၄ ရက် ) နေ.မှာတော. ဘုရားလှည်.ပွဲ ပါ ကျင်းပါပါတယ် ။ဒီအသင်းတည်ထောင်ခဲ့တာ ရာစုနှစ် ထက်ဝက်မကတော.ပေမယ်လို. ယခုတော. ဦးစီးဦးဆောင်မယ်.သူတွေ လိုအပ်နေတာကြောင်. ရပ်နားထားခဲ့တာ ၂ နှစ်လောက်ရှိနေပါပြီ ။ 






အာရုဏ်ခံ အသင်းကတော. အဖြူအစိမ်းနဲ.လှည်.ပါတယ် ။ အာရုဏ်တော် ခင်ဗျ အာရုဏ်တော် ဆိုတဲ့ သီချင်းဟာ သူတို.ရဲ. Trademark ပါ ။ ၀ါတွင်း အဖိတ်နေ. ညနေတိုင်းမှာ မဟာပုည အရင်ဘုရားထဲကနေစလှည်.ပြီးတာနဲ. အာရုဏ်ခံကလှည်.ပါတယ် ။ နောက်ဆုံးအဖိတ် ( သီတင်းကျွတ် လဆန်း ၁၄ ရက် )နေ. မှာတော. မလှည်.ပဲ သီတင်းကျွတ်လပြည်.နေ.မှာတော. ဘုရားလှည်.ပွဲကျင်းပါပါတယ် ။ ဟိုးးးအရင်တုန်းက မြို.မှာလုပ်ငန်းသုံးမဟုတ်တဲ့ တစ်စင်းတည်းသော ကားက အာရုဏ်ခံ အသင်းမှာရှိပြီး ပုဂံလုံး ဦးအေးမောင်ကလှုထားတာပါ။ ဘုရားလှည်.ရင် အဲဒီကားနဲ. လှည်.တာ ၊ အဲ့ဒီကားရဲ. စက်ဆီနံ.လေး ကလည်း ဟိုတုန်းက မြို.ကကလေးတွေအတွက်အမှတ်တရပါပဲ 





မြသိန်းတန် ဘုရားကတော. ခုနောက်ပိုင်း တိုးတက်လာတဲ့ ၀တ်အသင်းတစ်ခုပါ ။ ၀တ်လှည်.တာကအစ သီတင်းကျွတ် ဘုရားလှည်.တာအထိ စည်စည်ကားကား ရှိလာနေတဲ့ ၀တ်အသင်းတစ်ခုပါ




တစ်ခုပဲရှိတာက အခြားမြို.တွေမှာ ၀တ်အသင်းတွေကို လူလတ်ပိုင်း လူကြီးပိုင်းတွေ အားပြု လှည်.လည်နေကြချိန်မှာ မြို.လေးမှာတော. ကလေးငယ်တွေ ဗဟိုပြု လည်ပတ်နေရတာပါ။ ဒါပေမယ်.လည်း လက်ရှိအချိန်ထိ မြို.လေးမှာ ၀တ်အသင်း ၃ခုအထိ တည်ရှိနေနိုင်သေးတာကိုက ဂုဏ်ယူစရာပါ ။


ဆက်စပ်ဖတ်ရှုရန် -  သကျမဟာသီ၇ိ ဘုရားကြီး တွင်းမှ မဟာပုည