Monday, June 24, 2013

ဆေးဖက်ဝင် သတ္တ၀ါ အပင် - ရှီးပဒီး

Image Hosted by PicturePush - Photo Sharing
ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့  ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing

 
ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေ သားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း    ကပ်ပါမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၄င်း  ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။  ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ  နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့  သိခဲ့ကြတာကြောင့်လည်း ၄င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းလည်း အလွန် ရပါတယ်လို့ သိရပါတယ် ။ ကျွန်မဖတ်မိတဲ့ စာလေးတစ်ခုမှာဆိုရင် အဲဒီ အကောင်လေး တစ်ကောင်ကို မြန်မာငွေ တစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့ ပိုးကောင်လေးတွေက ပိုပြီး ဈေးကောင်းရတယ်လို့သိရပါတယ်။ 



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ ပေါ်လာချိန်မှာ လူစုလူဝေးတွေ ရောက်လာပြီး ရှီးပဒီးပိုးနွယ်လေးများကို ရှာဖွေကြစဉ်


ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။
  • အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း
  • ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း
  • ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊
  • ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း
  • ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း
  • သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း
  • အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း
  • ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း
  • အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း 
စသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက်  ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။  တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ယခုအခါ ကုန်တိုက်အချို.တွင် ၀ယ်ယူရရှိနိုင်သော ဆေးဖက်ဝင် ကြက်မည်း နှင်. ရှီးပဒီး စွပ်ပြုတ် 


 

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်ရှင်။

Image Hosted by PicturePush - Photo Sharing
ယခု ပိုးကောင်လေးများအကြောင်းကို ယခက်တင်ထားဖူးသော်လည်း ပိုမိုပြည်.စုံစွာဖြင်. ချော (အစိမ်းရောင်လွင်ပြင်)က http://www.missgreenlady.com/ တွင်ရေးသားထားသည်ကို ဖတ်ရသောကြောင်.ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်

မူရင်း Post Link ;http://www.missgreenlady.com/2012/09/blog-post_12.html

ကမ္ဘာ.ဈေးအကြီးဆုံး ကော်ဖီ


ကော်ဖီတခွက် ဒေါ်လာ ၉ဝ တဲ့။

အင်္ဂါနေ့ထုတ် ရာဟူး သတင်းတပုဒ်မှာာ ဖော်ပြထားတာပါ။

ကုန်ကြမ်းကော်ဖီစေ့ ဘယ်က လာတာကြောင့် ဒီလောက်တောင် ဈေးကြီးနေရတာလဲ။
Paradoxurus ဆိုတဲ့ တောကြောင်လိုမျိုးအကောင်ရဲ့ မစင်ကနေ ထွက်လာတဲ့ ကော်ဖီစေ့ပါ။

ကြောင်လိုလို ဒီအကောင်က ကော်ဖီစေ့ စားလိုက်ပေမယ့် ကြေမသွားဘူး၊ သို့သော်လည်း သူ စွန့်ပစ်လိုက်တဲ့အခါမှာတော့ ကော်ဖီစေ့က အာနိသင် အပြောင်းအလဲ ဖြစ်သွားပါတယ် တဲ့။

သောက်ဖူးတဲ့သူများရဲ့ မှတ်ချက်တွေအရ ဆိုရင် သောက်လို့ သိပ် .................................... ကောင်း ဆိုပဲ။

ကြံကြံဖန်ဖန် လုပ်ရောင်း၊ ကြံကြံဖန်ဖန် ဝယ်သောက်တဲ့သူတွေလို့ ဆိုရမယ်။
ငွေရှိတော့ ကြံကြံဖန်ဖန် လိုက်ဝယ်စားသောက် အားပေးကြသူတွေကို နိုင်ငံတကာမှာ အနှံ့အပြား တွေ့ရမှာပါ။

ဒီအကောင်တွေက မြန်မာပြည်မှာလည်း ရှိတာကြောင့် သူတို့ကို မွေးမြူရေးလုပ်၊ ကော်ဖီစေ့ နင်းကန်ကျွေးပြီး ဈေးကြီးတဲ့ကော်ဖီ ဘိဇနက်  လုပ်မယ် ဆိုရင် ဟန်ကျမှာပဲ။


အင်ဒိုနီးရှား ဘာသာ နဲ့ Luwak လို့ ခေါ်တဲ့ Civet Cat  သတ္တ၀ါငယ်လေး များ ဟာ ကော်ဖီစိုက် တောင်သူတွေ ရဲ့ ကော်ဖီသီး တွေ ကို လာရောက် စားသောက် (ဖျက်ဆီး) ကြတယ် ဆိုပါတယ်။ ကော်ဖီသီးတွေ ကို စား ပြီး စွန့်လိုက်တဲ့ Civet တောကြောင် တွေရဲ့ နောက်ဖေးတွေ အသုံးကျ တန်ဘိုးရှိ မှန်း မသိမှီ အချိန်တွေ တုန်းက ဆိုရင် ကော်ဖီစိုက် တောင်သူ တွေဟာ ..အဲဒီ တောကြောင် တွေ ကို လိုက်လံ သတ်ဖြတ်(စား) ခဲ့ကြ ပါသတဲ့ .. ညဘက် တွေ မှာ အစာရှာ ထွက်တတ် တဲ့ ဆာလောင်နေ တတ်သော ဤ ညထွက် သတ္တ၀ါငယ် လေး များ ဟာ ..ယခု အခါ မှာတော့ ကော်ဖီစိုက် တောင်သူ တွေ အတွက် ရွှေဥ ဥ ပေးသော ငန်း များ သဖွယ် တန်ဖိုး ရှိ နေပြီ ဖြစ်တာမို့ ကော်ဖီသီး များ တမင် ကြွေးကာ  မွေးမြူ ၍ပင် နေကြ ပါပြီ တဲ့ ။


အင်ဒိုနီးရှား ဆူမားတြားကျွန်း မှ Civet မွေးမြူရေးခြံ တခု



  


Civet cat များ ကော်ဖီသီး စားရာ မှာ ကော်ဖီသီး ၏ အပြင်အခွံသား ကိုသာ စားတာ ဖြစ်ပြီး အတွင်းမှ ကော်ဖီ အစေ့ ကို တော့ တပါတည်း မြိုချ လိုက်ပါသတဲ့၊ သူ့ ၀မ်း ပြန်စွန့် ထုတ် လိုက် ချိန် မှာတော့ ကော်ဖီအစေ့ ဟာ ပုံစံ မပျက် ပြန်ထွက် လာတယ် ဆိုပါတယ်။
အစာခြေဖျက်အား ကောင်းသော Civet cats တို့၏ အစာအိမ် တွင်း မှ အင်ဇိုင်းဓါတ် ၊ အက်စစ်ဓါတ် တို့ ဓါတ်ပြု အချဉ်ဖောက်ခါ Civet coffee ဖြစ်လာမည့် ၄င်း ကော်ဖီစေ့ ကို လေးလေး ပင်ပင် အရသာ နှင့် ထူးခြားသော (distinctive fruity aroma) သစ်သီး ရနံ့ ပေးစေ သည်ဟု လည်းဆိုထားပါသည်။
အသေးစိတ် အချက်လက်တွေ ကိုတော့ Google ထဲမှာ Wikipedia ထဲ တွေမှာ ဖတ်ကြည့် စေလိုပါသည်... တခွက် USD 50 လောက် အထိရှိတယ် ဆိုတဲ့ ဒီ ကော်ဖီ ကို... ပြီးခဲ့တဲ့ လထဲ တုန်းက အောချတ် ကော်ဖီဆိုင် တဆိုင် မှာ စင်္ကာပူ ဒေါ်လာ 26.50 လို့ကြော်ငြာ ထား ပြီး ယခုတော. ဒေါ်လာ ၉၀ ပါတဲ့

Civet Cats ဆိုတာ အုတ်ချား လို့  အောင်ပန်း ကလော သားတွေ ခေါ် တဲ့ အကောင်ဖြစ်မယ် လို့ ယူဆ လို့ကိုမင်းခွန်စိုး ဟာ အင်တာနက် ထဲက ပုံတွေ ကူးပြီး ဒီတခေါက် အိမ်အပြန်မှာ လိုက်ပြ ကြည့် တာ “ အဲဒီ အကောင်မျိုးဘဲ လို့ ပြောပါတယ်” မျိုးစိတ် ကွဲတွေ လည်း ရှိဦးမှာပါ  လို. သူ. Blog မှာရေးထားပါတယ်..သူဆက်ရေးထားတာက.....



အောင်ပန်း ..ညောင်ပင်ထောင် ရပ်ကွက် မှ ပုလိုင်းကြီး ကို ခေါင်းမှာ သိုင်း၍ အမေ့ ဆီ ပိန္နဲသီး လာလာ ရောင်းတတ် သော ဒေါ်သိန်းရင် ဆီက ကြားဘူးတဲ့ .........
“.. အိမ် က အပင်က ဒီ နှစ် ပိန္နဲသီး နည်းတယ် .. သီးတာတွေ ကလည်း အုတ်ချား လာလာ စားတာမို့ အသီးကောင်း မရဘူး” ....
အုတ်ချား ဆိုတာ ဘယ်လို အကောင်မျိုးလဲ လို့ မိခင်ကို မေးကြည့် ဘူး သည် ..

“ နူတ်သီး( နှာတန်) ချွန်ချွန် နဲ့ ကြောင်လိုလို အကောင်မျိုးဘဲ .. ညဘက် တွေမှာ ထွက်ပြီး အပင်တွေ ပေါ် တက် အသီးတွေ စားတတ်တယ် အရှေ့အိမ် က ဘဘကြီး သကြားသီးပင် ကို အရင်တုန်းက လာလာ စားတယ်လေ”...

ကျနော့် ယောက်ဖ ဖြစ်သူ ကလည်း ကလော ကုန်းပေါ်က အိမ် က တောစပ် မို့ အုတ်ချား တွေ အစာ ရှာ လာတာ မကြာခဏ တွေ့ဘူးကြောင်း ကော်ဖီသီးတွေ စားပြီး ကော်ဖီစေ့တွေ ၀မ်းသွား စွန့်ထားတာ မှတ်မိ သလို ရှိကြောင်း ပြောပြသည် …

ဘေးအိမ်မှ ကိုတင်အေး ကိုမေးကြည့် တော့လည်း    “ ရှိတယ် လေကွာ ကြောင်လိုလို မြွေပါလိုလို အကောင်မျိုး .. အိမ်ကြို ကြား လျှောက်သွားနေတာ တခါတခါ တွေ့တယ် .. မြောက်ဘက်အိမ် က မြေအောက်ခန်း ထဲမှာ လည်း အုတ်ခြား တွေ နေတယ်" ..

 
ဒါကြောင်. ဒီအကောင်တွေကျွန်တော်တို.နိုင်ငံမှာ ရှိနေတယ်လို. ယူဆရတာကြောင်. ဒီလိုကော်ဖီများ ထုတ်မယ်ဆိုရင်.............

Ref ; ဧရာဝတီ Blog & minkhunsoe.blogspot.com/