Monday, March 25, 2013

တည်ငြိမ်အေးချမ်း မှုအတွက် အထောက်အကူပြုနိုင်ရန်


အယူဝါဒရေးရာများ ....လူပုဂ္ဂိုလ် ရေးရာများ ....လူမျိုး..ဘာသာ ကိစ္စရပ်များ ကိုမဝေဖန်လိုပါ
သို.သော် လက်ရှိတည်ငြိမ်အေးချမ်းမှု ထိုက်သင်.သလို ရှိနေပြီး တိုးတက်မှုလမ်းကြောင်းပေါ်သို.လည်း 
ရောက်ရှိနေပြီဖြစ်သော နိုင်ငံတော်အတွင်း မလိုလားအပ်သော ဖြစ်စဉ် ဖြစ်ရပ်အချို. ဖြစ်ပေါ်အောင် ..အရှိန်အဟုန်ကြီးထွားလာအောင် ပြုလုပ်နေသူများ ရှိနေသည်ကတော. အသေအချာဖြစ်ပါသည်
ထို.ကြောင်.မိမိ ပတ်ဝန်းကျင် တွင် မသင်္ကာဖွယ်ရာ...မလိုလားအပ်သော ပြုမူ..ပြောဆို..ဆောင်ရွက်မှုမျိုးရှိပါက သက်ဆိုင်ရာသို.အကြောင်းကြားနိုင်ရန် ဖုန်းနံပါတ် အချို. စုစည်းဖော်ပြအပ်ပါသည်



ပြည်ထဲရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရဲတပ်ဖွဲ.

ရန်ကုန်တိုင်းဒေသကြီး  ရဲစခန်းများ

၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇
၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄
၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄
၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃
၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေ ၀၁-၅၅၆၇၇၁
၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄
၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄
၂၁။ လှိုင် ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀
၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံ ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈
၃၀။ လသာ ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀
၃၄။ ဒလ ၀၁-၂၆၉၁၉၂
၃၅။ သံလျင် ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉
၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄
၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁
၄၂။ လည်းကူး ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃
၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆
၄၅။ လှော်ကား ၀၁-၇၀၈၉၃၀



မန္တလေးတိုင်း ဒေသကြီးရဲစခန်းများ



၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇
၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈
၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉
၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁
၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁
၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂
၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃
၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄
၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅
၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅
၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆
၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀
၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈
၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉
၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉
၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈
၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅
၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇
၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂
၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁
၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉
၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂
၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃
၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂
၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄
၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂
၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆
၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃
၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁
၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃
၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆
၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇
၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄
၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁
၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂
၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃
၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄
၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅
၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄
၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄
၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆
၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅
၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅
၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉
၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄
၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁
၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇
၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃
၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆
၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄
၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉
၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀
၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄
၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄
၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉
၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉
၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃
၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

Sunday, March 24, 2013

မော်တင်စွန်း ဘုရားသမိုင်းနှင်. ဘုရားပွဲ

မော်တင်စွန်း သည် ပုသိမ်မြို့ ရှိလူအများ၏ စိတ်ဘဝင်ကို ညှို့ယူ ဆွဲဆောင်နိုင်သော နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ လှည့်ခရီးသည်များ လှည့်လည်နေကျဖြစ်သော မော်တင်စွန်းဘုရားသို့ သွားရောက် လည်ပတ်ခဲ့ခြင်းမရှိလျှင် သင်၏ခရီးသွားလည်ပတ်ခြင်း သည် မပြီးပြည့်စုံဘဲရှိ နေလိမ့်မည်။ ဘုရားကျောင်းများ၏ ဗိသုကာပ ညာရပ်ကို စိတ်ဝင်စားမှု ကြီးစွာရှိလျှင် သင်သည် မော်တင်စွန်းဘုရား သို့ သွားရောက်လည် ပတ်ခြင်းမရှိဘဲ နေနိုင်မည် မဟုတ်ပေ။ တရုတ် ဂျပန် ကိုရီးယား ဗီယက်နမ် နှင့် အာရှတိုက် အတွင်းရှိ အခြားနေရာ ဒေသများ အတွင်းရှိစေတီပုထိုး များကဲ့သို့ပင် ပုသိမ်မြို့၏ တောင်ဘက်စွန်းရှိ မော်တင်စွန်း ဘုရားသည်လည်း ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်မှုရှိသော နေရာများအနက် ထင်ရှားသော နေရာတခုအဖြစ် နေရာယူလျက်ရှိသည်။ 
 ဘုရားပွဲတော်ကိုလည်း ထူးခြားထည်ဝါစွာ ကျင်းပလျက်ရှိသည်။ ပုသိမ်ခရိုင်အတွင်း မော်တင်စွန်းဘုရား တည်ရှိ နေခြင်းသည်ပင်လျှင် ပုသိမ်မြို့အတွက် ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်ပါသည်။ ဘုရားပွဲ သို့သွားရောက် ဖူးမြော် ခြင်းဖြင့် ပုသိမ်မြစ်၏ ကပ္ပလီပင်လယ်အတွင်း ပေါင်းစည်းစီးဝင်သွားပုံ ထိုမှတဆင့်မော်တင်စွန်း အငူကိုလည်း ထင်ရှားစွာတွေ့ မြင်နိုင်ပါသည်။
 မြန်မာပြက္ခဒိန်အရ တပေါင်းလတွင် ဘုရားပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း၌ ဖြစ်ပါသည်။ ပင်လယ်ကမ်းစပ်ရှိ အငူဘေး၌ဘုရားတည်ရှိ နေခြင်း သည်ပင်လျင် ကမ္ဘာလှည့်ခရီးသည်များကိုအထူးဆွဲဆောင်နေသည်ဟု ယူဆမိသည်။
စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ ဘုရားကျင်းပသည့် အချိန်မှတပါး တနှစ်ပတ်လုံး ရေဝပ်နေ ခြင်းဖြစ်သည်။ ပွဲတော်အချိန် တွင်ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်း သောနေရာသို့ ရောက်ရှိနေသည်။ ပွဲတော်အတွင်း ဘုရားပတ်ပတ် လည်တွင် ခုံတိုခုံရှည်မျိုးစုံကို ခင်းကျင်းထားပြီး ထိုခုံတိုခုံရှည်များပေါ် တွင် ဘုရားဖူးများမှ ပစ္စည်းမျိုးစုံ ပူဇော်ဆည်းကပ်ကြသည်။ ဘုရားတွင်ပူဇော်ထားသော ဒေသထွက် ပစ္စည်းမျိုးစုံ၊ ပင်လယ်စာမျိုးစုံ၊ အရောင်အသွေးစုံလင်ပြီး စွဲဆောင်မှုရှိသော ပန်းမျိုးစုံ တို့ကို တွေ့မြင်ခံစား ကြရမည် ဖြစ်ပါသည်။

    ပွဲတော်အချိန်တွင်း ဘုရားဖူးများ တည်းခိုရန် ဝါးဖြင့်သည်ဆောက်ထားသော တည်းခိုအိမ်လေးများ တည်ဆောက် လေ့ရှိသည်။ ဘုရားပွဲပြီးလျင်ပြီးခြင်း ကမ်းခြေသို့ ပင်လယ် ရေအနည်းငယ် တက်လေ့ရှိသည်။ ထို့ကြောင့် မော်တင်စွန်း ဘုရားသည် ပင်လယ်ထဲတွင် ရှိသယောင် ထင်ရသည်။ ထို့ပြင် မော်တင်စွန်းဘုရားမှ မြန်မာနိုင်ငံအတွင်းရှိ လူသိများ ထင်ရှားသောကမ်းခြေ များဖြစ်သည့် ချောင်းသာ နှင့် ငွေဆောင်ကမ်းခြေ များသို့ အချိန် (၃) နာရီခန့်ပေးရုံမျှဖြင့် တည် ငြိမ်အေးချမ်းစွာ ဆက်လက် ခရီးနှင်နိုင်ပါသည်။ 


 မော်တင်စွန်းဘုရားသည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ မော်တင်စွန်းတွင် တည်ရှိသည်။ မော်တင်စွန်းကို တစ်နည်း အားဖြင့် နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင် ဟုခေါ်ဆိုကြသည်။ 
ဆံတော် ရှင် စေတီတော်မှာ မြတ်စွာဘုရား ပွင့်တော် မူစဉ်က ဥက္ကလာပ တိုင်းသားများ ဖြစ်ကြသော တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် မြတ်စွာ ဘုရားရှင် ထံတော်မှ ပထမဦးစွာ ဆံတော်ရှစ်ဆူ ပင့်ဆောင် ပူဇော်ခွင့် ရရှိခဲ့ကြ သည်။ ကုန်သည် ညီနောင်တို့လည်း ရေလမ်းခရီးဖြင့် မြန်မာနိုင်ငံ တော်သို့ ပြန်ခဲ့ကြရာ ဇေယျသေန နဂါးမင်း ပိုင်စိုး သော နဂရအငူသို့ ဖြတ်သန်း ခဲ့ရာတွင် ဇေယျသေန နဂါးမင်းက ဆံတော်နှစ်ဆူ ပင့်ဆောင် ယူတော်မူပြီး မော်တင် တောင်ထိပ်၌ ဌာပနာ တင်သွင်း၍ စိုင်တမော.အရွယ်ရှိ စေတီတစ်ဆူ ပူဇော်ထားခဲ့သည်။
 ယခင်ကဘွဲ့နာမအားဖြင့် “မဟာမကုဋရံသီ” ဟုတွင်ခဲ့ပါသည်။ တတိယသံဃာယနာတင် သီရိဓမ္မာသောကမင်း ကြီးက ပြန်လည်ပြုပြင်ခဲ့ပါသည်။ သာသနာတော် သက္ကရာဇ် ၂၃၆ တွင် အရှင်မဟာမောဂလ္လိ တိသဿ မထေရ် နှင်. အရှင်ဥတ္တရ မထေရ်မြတ်တို.၏ တန်ခိုးတော် နှင်. မင်းကြီးနှင်.တကွ မိဘုရား..မောင်းမမိဿံ အခြွေအရံတို.ကြွရောက်ပြီး မွမ်းမံခဲ့ကြသည် ။ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင်  အလောင်းစည်သူ မင်းကြီးသည် ပင်လယ်ရပ်ခြား တိုင်းနိုင်ငံများသို့ ရေလမ်း ခရီးဖြင့် လှည့်လည်ရာတွင် မော်တင် တောင်ထိပ်၌ ရှိသော ဆံတော်ရှင် စေတီမှ ရောင်တော် ကွန့်မြူးသည်ကို အံ့သြဖွယ် မြင်တွေ့ ခဲ့ရသဖြင့် ဖောင်တော်ဆိုက်၍ ဆံတော် ရှင် စေတီတော်ကို တက်ရောက် ဖူးမြော်ခဲ့သည်။ ထိုစေ တီတော်ကို လည်းငုံ၍ အမြင့်သံတောင် ၄ဝ ရှိ စေတီကြီး အဖြစ် ပြုပြင်တော် မူခဲ့သည်။ “ဖောင်တော်ဦး”ဘုရားဟု ဘွဲ့တော်ကို တွင်စေခဲ့ပြန်ပါသည်။စတင်တည်ထားသည်မှ ယခုထိ ဆိုလျှင် နှစ်ပေါင်း ၁၂၇၁ နှစ်ရှိပြီဟု သိရပါသည် ။
ဖောင်တော်ဆိုက် စေတီကို ဖောင်တော်ဦး စေတီအဖြစ် ပြုပြင်တော် မူခဲ့ပြီး တပေါင်းလပြည့် နေ့တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ပြုလုပ် ခဲ့သည်။ ထိုအစဉ် အလာမှ အစပြု၍ ယနေ့ထိတိုင် တပေါင်းလတွင် ဆံတော်ရှင် စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့ခြင်း ဖြစ် သည်။ ပွဲတော်ရက်တွင် ထူးခြားသည်မှာ ဘုရားဖူး အချို့က ပင်လယ်တွင် ရှိသော နတ်နဂါးတို့အား အစာကျွေးကြပြီး မိမိတို့ အလိုရှိရာ ဆုများ တောင်းကြသည်။ အချို့က ကျောက်ဆောင် ကျောက်တန်းများတွင် အပန်းဖြေ ကြသည်။ ကမ်းစပ်ဆီသို့ ပြေးလွှား ရိုက်ခတ် နေသော လှိုင်းလုံးကြီးများကို စီးခို ဆော့ကစား ကြသည်။ ဘေးဥပါဒ် အန္တရာယ်မရှိ၊ နတ်နဂါး တို့က စောင့်ရှောက် ကြသည်ဟု အဆိုရှိ၏။
 
 ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့  က မော်တင်စွန်း ဘုရားနှင့် အတန်ငယ်ဝေးကွာသော မြွေတောင်
ဘုရားတွင် ရောင်ခြည်လွှတ်၍ နဂါးမင်းလာရောက်ဖူးမြော်သည် ဟူ သည့် သတင်းကြောင့် လူများ
စိတ်ဝင်စားခဲ့သည်။
ပုသိမ် တက္ကသိုလ် မှ ကျောင်းသားတစ်ဦးက မူ ဘုရားပွဲတော်ရောက်ရင် ဒီလို ထူးခြားမှု လေးတွေရှိတာနှစ်တိုင်းပဲ
ဒီနှစ် ဘုရားပွဲ အချိန်မှာ ပင်လယ်ရေစီးကြောင်းပြောင်းတာနဲ့ 
ရာသီဥတု ကြောင့် ပင်လယ် သတ္တ၀ါတွေ ဒီမော်တင်ဆိပ်ဘက် လာကြတော့ လူတွေက
တအံတသြဖြစ်နေတာ ပါဟု ပြောသည်။
ထိုစသ်က ပွဲတော် လာ တစ်ဦးဖြစ်သော ၇၄ နှစ် အရွယ်ရှိ မော်တင်စွန်း အနီး ခမောက်မော်မှ အဘွားတစ်ဦးကမူ အဘွား
တို့ ငယ်ငယ်က ဆို ၀ိဇ္ဇာတွေ ၊နဂါး ၊ဂလုန် တွေ ပါ လာဖူးတယ် ဒီနေရာကဇေယျသေန နဂါးမင်း
ရဲ့ အစောင့်အရှောက် အောက်မှာ ရှိတဲ့ နေရာပဲ ဟု ဆိုသည်။
 ထိုနှစ်ဘုရားပွဲတစ်ရက်တွင် ရှားပါးငှက် အချို့ နှင့် ကျက်တူရွေး၊ကျီးကန်းစသည့် ငှက်အချို့ မှာ စေတီအနီး
အုပ်ဖွဲ့ ပျံသန်းပြီးနောက် ပျောက်ကွယ်သွားသည် ဟု ဘုရားဖူးများက ပြောကြသည်။
ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင်ကျင်းပပြီး လဆန်း (၁)ရက် နေ့မှ (၁၅)ရက်ထိ ကြာမြင့်သည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ သည် သင်္ဘောများ၊ ကားများဖြင့်လာရောက် ကြည်ညိုကြပါသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ဘုရားပွဲကျင်းပသည့် အချိန်မှ တပါးတနှစ်ပတ်လုံး ရေဝပ်နေခြင်းဖြစ်သည်။
ပွဲတော်အချိန်တွင် ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်းသော နေရာသို့ရောက် ရှိနေသည်။

 ယခုနှစ်ပွဲတော်ကို ၂၀၁၃ မတ်လ ၁၂ ရက် မှ မတ်လ ၂၆ ရက်ထိ ကျင်းပမည်ဖြစ်သည်။ ယခုနှစ် ပွဲတော်ရက်အတွင်း  တောင်ပေါ်၌ ဇာတ်ပွဲ ၊ရုပ်ရှင် နှင်.ဆိုင်ခန်းပေါင်း ၈၀၀ ကျော်နေရာချပေးထားသည်ဟုသိရသည် ။
အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ ချမ်းမြေ့ သာယာစွာ ကောင်းမှုကုသိုလ် ပြုလုပ်နိုင်ရန် ပုသိမ် ဆိပ်ကမ်းမှနေ.စဉ် ရွှေစင်ကြယ် ၁၊ရွှေစင်ကြယ် ၂၊ပိုလှိုင်ကြီး၊ကမ်းရိုးတန်းအမြန် ၊ပုသိမ်သူ ၊ဝေလမင်း   ရှပ်ပြေးအမြန်ရေယာဉ် များဖြင့် လည်းကောင်း၊ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်းအတိုင်း  ကားများဖြင်.လည်းကောင်း မြတ်မော်တင် တောင်ခြေ အရောက်ပို့ဆောင် ပေး လေ.ရှိသည်။ ပွဲတော်ရက်များတွင် ပျော်ပွဲ ရွှင်ပွဲများ၊ ပင်လယ်ထွက်ကုန် ဈေးတန်းများ၊ ကျန်းမာရေး ဆေးခန်းများ၊ နားနေ ဆောင်တည်း ခိုဆောင်များ၊ လုံခြုံရေးစခန်း ပြည့်စုံစွာ စီမံ ထား ကြပါသည် ဟုသိရပါသည် ။
ယခုနှစ်ဘုရားပွဲတော်ရက်ဖြစ်သော တပေါင်းလဆန်း ၃ရက် (၂၀၁၃-မတ်လ-၁၄) ညနေ ၆နာရီတွင် ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးအမှတ်မထင် ရိုက်ခဲ့သော ဒီဂျစ်တယ် ကင်မရာ တစ်လုံးတွင် ဘုရားလာရောက်ဖူးသော နဂါးအုပ်စု တစ်စု ၏ ပုံများပေါ်လာသည်ကို ထူးဆန်းစွာတွေ.ရသဖြင်. ပွဲတော်ကျင်းပရေး ကော်မတီက နာယကဖြစ်သော တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ပေးပို.ထားသည်ဟုလည်းသိရပါသည်
Source ; Ayeyarwaddy Travel , http://patheinculture.blogspot.com ,
Freedom News Group ,23-မတ်-2013 မြန်မာ.အလင်းသတင်းစာ ပါ ခရမ်းစိုးမြင်. ဆောင်းပါးနှင်.
PatheinCity News | မြို့တော်ပုသိမ်သတင်းစဉ် , 

Ayeyawady United FC Vs Yangon United FC ပွဲကစားပုံများနှင်. နည်းပြတို.၏ အမြင်


Red Waves နှင်. ပရိသတ်များ၏ အားပေးမှု
 ယမန်နေ. ညနေက အောင်ဆန်းကွင်းတွင် ကျင်းပသွားခဲ့သော Ayeyawady United နှင်. Yangon United တို.ပွဲကတော. မထင်မှတ်ထားသော ဂိုးပြတ်ရလဒ်ဖြင်. ဧရာဝတီ တို. အောင်နိုင်ခဲ့ကြသည်
ပွဲကြိုသုံးသပ်ချက်...ပကတိ အခြေအနေ တို.က တစ်ဖတ်သတ်ညွှန်ပြနေသော်လည်း စိတ်ဓါတ်နှင်. ညီညွတ်မှုတို.က ထိုရလဒ်ကို ရရှိစေခဲ့သည်
ပြောရလျှင် ရန်ကုန်နည်းပြချုပ် စိုးရိမ်ခဲ့သကဲ့သို. ဖြစ်ခဲ့ခြင်းပင်...
အုပ်ချုပ်သူအဖွဲ.သစ်....ကစားသမား..ပရိသတ်တို.၏ စုစည်းဖေါက်ခွဲမှုက ထိုရလဒ်ကို ရရှိစေခဲ့ကြခြင်းပင်


ထိုပွဲစဉ်ကို Soccer Myanmar က ဧရာဝတီကို ရှုံးနိမ့်ကာ ဇယားထိပ်မှ ဆင်းပေးခဲ့ရသည့် ရန်ကုန် ဟူသောခေါင်းစဉ်ဖြင်.ဤ သို.ရေးသားခဲ့သည်


 အမှတ်ပေးဇယား ဦးဆောင်သူ ရန်ကုန် ယူနိုက်တက်သည် ယနေ့ညနေက ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆)တွင် ရလဒ်များ ဆိုးရွားနေသည့် ဧရာဝတီ အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသောကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဒုတိယနေရာမှ ဇေယျာရွှေမြေ အသင်းကို လွှဲပေးလိုက်ရပြီ ဖြစ်သည်။ ရန်ကုန်သည် ယခုပွဲတွင် ပွဲချိန် ပထမပိုင်း၌ ကစားပုံပျက်ယွင်းနေခဲ့ သောကြောင့် ဧရာဝတီ၏ ဦးဆောင်မှုကို ခံခဲ့ရပြီး ဒုတိယပိုင်းတွင် ပြန်လည် ဖိအားပေးနိုင်ခဲ့သော်လည်း ဧရာဝတီ ကစားသမားများ၏ နည်းဗျူဟာကျကျ တုံပြန်မှုများကြောင့် ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
ပွဲအစ (၃)မိနစ်မှာပင် ရန်ကုန်၏ ဘယ်နောက်ခံလူ ပြည့်ဖြိုးအောင် ဒဏ်ရာရသွားခဲ့သောကြောင့် လူငယ်ကစားသမား ဇာနည်ထက်နှင့် လူစားလဲခဲ့ရသည်။ ယခုပွဲတွင် ရန်ကုန်၏ နောက်ခံအစွန်လူများသည် တိုက်စစ်လိုက်ပါရာတွင် အားနည်းချက်များ ရှိခဲ့ပြီး တိုက်စစ်ကို ထိရောက်စွာ ပံ့ပိုးနိုင်ခြင်း မရှိခဲ့ပေ။ ဧရာဝတီကမူ ယခုပွဲတွင် အခြားပွဲများနှင့် ကွဲပြားစွာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ရန်ကုန်၏ ဟာကွက်များကို စနစ်တကျ အခွင့်ကောင်း ယူနိုင်ခဲ့သည်။ အစောပိုင်း ပွဲချိန်များတွင် (၂)သင်းစလုံး အပြန်အလှန် ထိန်းချုပ်ရန် ကြိုးပမ်းနေကြသောကြောင့် ထိထိရောက်ရောက် ဂိုးပေါက်ခြိမ်းခြောက် နိုင်ခြင်း မရှိခဲ့ပေ။ ဂိုးရရန် ကြိုးပမ်းနေခဲ့သည့် ရန်ကုန်သည် ပွဲချိန် (၃၂)မိနစ်တွင် အမှတ်မထင် ဂိုးပေးလိုက်ရသည်။ ကောင်တာမှ နန္ဒလင်းကျော်ချစ် လွတ်ထွက်သွားပြီး ရှေ့ထွက်နေသည့် ဂိုးသမား နိုင်ဇေယျာထွန်းကို ကျော်ကာ လှလှပပ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုဂိုးမှ လွဲ၍ ပထမပိုင်းအတွင်း ထိရောက်သည့် ထိုးဖောက်မှုများကို နှစ်သင်းစလုံး ထပ်မံပြုလုပ်နိုင်ခြင်း မရှိတော့ပေ။


ဒုတိယပိုင်း ပြန်စချိန်တွင် ရန်ကုန်က ကျော်ကိုကို ကို လူစားလဲကာ တိုက်စစ်မြှင့်ခဲ့သည်။ သို့သော်လည်း ဂိုးရခဲ့သည်မှာ ဧရာဝတီသာ ဖြစ်ခဲ့သည်။ ဧရာဝတီသည် ဒုတိယဂိုးကို တန်ပြန်တိုက်စစ်မှပင် ရရှိခဲ့သည်။ ထိုဂိုးကို ယခုပွဲတွင် ခြေစွမ်းပြနေသည့် နန္ဒလင်းကျော်ချစ်ကပင် ဖန်တီးပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန် ကစားသမားဟောင်း နေလင်းထွန်းက ရန်ကုန်နောက်ခံလူများနှင့် အပြိုင်ပြေးကာ ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယဂိုး ပေးလိုက်ရသည့် ရန်ကုန်သည် ချေပဂိုး ပြန်သွင်းနိုင်ရေးအတွက် အပြင်းအထန် ဖိအားပေးလာခဲ့သည်။ မိနစ် (၆၀)တွင် ရန်အောင်ကျော် ဧရိယာ အစပ်မှ အပိုင်ကန်ခွင့် ရသော်လည်း ဂိုးသမား တည့်တည့် ရောက်သွားခဲ့သည်။ ပွဲချိန် (၇၄)မိနစ်တွင်လည်း ကိုနေး ဂိုးသမားနှင့် တစ်ဦးခြင်း အပိုင်ကန်ရသော်လည်း ဂိုးဘေးကပ်ထွက် သွားခဲ့သောကြောင့် ရန်ကုန်တို့ နစ်နာခဲ့ပြန်သည်။ ပွဲချိန် (၇၇)မိနစ်တွင်မူ ရန်ကုန်တို့ ချေပဂိုး ရခဲ့သည်။ ထိုဂိုးကို ဧရိယာ အစပ်မှ ရရှိသည့် ပြစ်ဒဏ်ဘောကို ဆီဇာက တိုက်ရိုက်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ချေပဂိုး ရခဲ့သည့် အတွက် ရန်ကုန်တို့ စိတ်ဓါတ်တက်ကာ အပြင်းအထန် တိုက်စစ်ဆင်ခဲ့သောကြောင့် ဧရာဝတီ တစ်သင်းလုံး အသည်းအသန် ခုခံနေခဲ့ရသည်။ သို့သော်လည်း တစ်ကယ်တမ်းတွင် ဧရာဝတီသာ တန်ပြန်တိုက်စစ်မှ အနိုင်သေချာစေမည့် တတိယဂိုးကို ရရှိခဲ့သည်။ ထိုဂိုးကို ကောင်တာမှပင် ရရှိခဲ့ခြင်း ဖြစ်ပြီး လီအန်ဒရို လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးလာပြီး အပိုင်ကန်သွင်းခဲ့ရာ နိုင်ဇေယျာထွန်း ပုတ်ထုတ်ခဲ့သော်လည်း အဆင်သင့်ရှိနေသည့် နန္ဒလင်းကျော်ချစ်က အပိုင်ပိတ်သွင်း ခဲ့ခြင်း ဖြစ်သည်။


 သာမာန် ပွဲကစားချိန် မိနစ်(၉၀) ပြည့်ပြီးနောက် နာကျင်အချိန်ပို (၆)မိနစ်  သတ်မှတ်ပေးခဲ့သော်လည်း နှစ်သင်းလုံး ဂိုးထပ်မသွင်း နိုင်တော့ သောကြောင့် (၃-၁)နှင့်ပင် ပွဲပြီးဆုံးခဲ့သည်။ ရန်ကုန်သည် ယခုပွဲ ရှုံးနိမ့်ခဲ့သောကြောင့် တစ်ပြိုင်တည်း ကစားသည့် ပွဲတွင် ရခိုင်ကို ဂိုးပြတ် အနိုင်ရခဲ့သည့် ရမှတ်တူ ပြိုင်ဘက် ဇေယျာရွှေမြေ၏ ကျော်တက်ခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။

Ayeyawady United FC ၏ တရားဝင် Website တွင်မူ 
 ရန်ကုန်ယူနိုက်တက်အား ဂိုးပြတ်အနိုင်ယူခဲ့သည့် ကစားသမားများအား နည်းပြချုပ် ဂုဏ်ပြုစကားဆို ဟူသော ခေါင်းစဉ်တပ်ကာ



ဧရာဝတီယူနိုက်တက်သည် မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ၏ (၆) ပွဲမြောက် ပွဲစဉ်အဖြစ် အမှတ်ပေး ဇယားအား ဦးဆောင်နေသည့် ရန်ကုန်ယူနိုက်တက်နှင့် အောင်ဆန်းကွင်းတွင် (၂၃.၃.၂၀၁၃)နေ့ ညနေ (၄း၀၀) နာရီ အချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၃ - ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ဤနိုင်ပွဲနှင့် ပတ်သက်၍ နည်းပြချုပ် မစ္စတာမာယန်းက မိမိအသင်းအနေဖြင့် ဒဏ်ရာရ၊ ပွဲပယ် ပြဿနာများကြောင့် အသင်းခေါင်းဆောင် ဇော်ဇော်ဦး၊ နေလင်းအောင်၊ စိုးကျော်ကျော် စသည့် အဓိက ကစားသမား အတော်များများ မပါဝင်နိုင်သော်လည်း ယနေ့ပါဝင်ကစားကြသည့် ကစားသမားများအား မိမိတို့၏ အကောင်းဆုံးပုံစံကို ထုတ်ဖော်ပြသနိုင်သည့်အတွက် ဂုဏ်ပြုစကားဆိုခဲ့သည်။ လေ့ကျင့်ရေး အစီအစဉ်များ တွင် မိမိမှာကြားခဲ့သည်များကိုလည်း လိုက်နာကြသည့်အတွက် မိမိအနေဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိ ကြောင်းဆိုသည်။
ရှေ့တွင် ကစားခဲ့သော ပြည်တွင်းပွဲစဉ်များ အပါအ၀င်၊ AFC ပွဲစဉ်များတွင် ရလာဒ်များ မကောင်းခဲ့သော်လည်း ယုံကြည်မှု ပျောက်ဆုံးသွားခြင်းမရှိဘဲ မိမိတို့လုပ်ရမည့်အလုပ်ကို အာရုံစူးစိုက် ထားနိုင်သည့်အတွက် ယခု ရလာဒ်မျိုး ရရှိခဲ့ခြင်းဖြစ်ကြောင်းဆိုခဲ့သည်။
မိမိအသင်း၏ ကစားသမားများအနေဖြင့် အဖျက်ကြမ်းလွန်းခြင်း၊ ရန်လိုခြင်းအမူအရာများ မပြုလုပ်ခဲ့ဘဲ ဘောလုံးကိုသာ ကောင်းစွာကစားသွားသည်ကို အားလုံးမြင်တွေ့ခဲ့ကြရမှာ ဖြစ်တဲ့အတွက် ကစားသမားများအား ဂုဏ်ပြုစကားဆိုချင်သလို ရလာဒ်အတွက် ၀မ်းသာပီတိဖြစ်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။

ဟု ရေးသားထားခဲ့သည်


Yangon United ၏ တရားဝင် Website တွင်မူ  
ရန်ကုန် ယူနိုက်တက် အသင်း မမျှော်လင့်ဘဲ ဧရာဝတီ ယူနိုက်တက်ကို ရှုံးနိမ့် ဟုဆိုကာ ယခုလိုရေးသားထားခဲ့ပါသည်

Yangon United Football Club's Photos
 မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက အောင်ဆန်းကွင်း တွင် ယှဉ်ပြိုင် ခဲ့သော ဧရာဝတီ ယူနိုက်တက် နှင့် ရန်ကုန် ယူနိုက်တက်တို့ ပွဲစဉ်တွင် ရန်ကုန် အသင်း မမျှော်လင့်ဘဲ ၃-၁ ဖြင့် ရှုံးနိမ့် ခဲ့သည်။ ရန်ကုန် အတွက် တစ်လုံး တည်းသော ချေပဂိုးကို ဆီဇာက အလွတ် တည်ကန်ဘောမှ တစ်ဆင့် သွင်းယူခဲ့ ခြင်းဖြစ်ပြီး ဧရာဝတီ အတွက် ဂိုးများကို နန္ဒလင်းကျော်ချစ် နှင့် နေလင်းထွန်း တို့က သွင်းယူခဲ့သည်။

ရန်ကုန် အသင်းသည် ခြေကျင်းဝတ် ဒဏ်ရာ ရနေသော ခင်မောင်လွင် မှအပ အဓိက ကစားသမား အစုံအလင် ပါဝင်ခဲ့ပြီး ဧရာဝတီ အသင်းတွင်လည်း ထူးကျော်၊ နန္ဒလင်းကျော်ချစ်၊ နိုင်လင်းဦး၊ ဖြိုးကိုကိုသိန်း တို့ဖြင့် လူစုံခဲ့ သည်။ ယနေ့ ပွဲတွင် ရန်ကုန် အသင်းမှာ ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ဖိကစား နိုင်သော်လည်း တိုက်စစ်မှူး များ၏ နေရာယူ အားနည်းမှုနှင့် ဂိုးကံခေ မှုများကြောင့် ယခုလို ဂိုးပြတ် ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်သည်။

ပထမပိုင်း ပွဲအစ ၃ မိနစ်တွင် ရန်ကုန် ဘယ်နောက်ခံလူ ပြည့်ဖြိုးအောင် ဒဏ်ရာ ရခဲ့ပြီး ဇာနည်ထက် နှင့် လူစား လဲခဲ့ရသည်။ ဒဏ်ရာ ရခဲ့သည့် ပြည့်ဖြိုးအောင် မှာ ဘယ်ဘက် ခြေသလုံး ရိုးတွင် ဒဏ်ရာ ရခဲ့ပြီး (၃)ပတ်ခန့် အနားယူရမည် ဖြစ်သည်။ ပထမပိုင်း ၇ မိနစ်တွင် ဧရာဝတီ ဂိုးသမား ပြည့်ဖြိုးဦး နှင့်အပြိုင် ဆီဇာ ခေါင်းတိုက်ခဲ့ ရာ ဂိုးတိုင်ထိ ထွက်ခဲ့သဖြင့် ရန်ကုန် အသင်း နစ်နာခဲ့သည်။ ရန်ကုန် အသင်းသည် ယနေ့ပွဲ တွင် နောက်ခံ အစွန် ကစားသမားများ ကစားပုံ အားနည်းချက် ရှိခဲ့ပြီး ပထမပိုင်း ၃၂ မိနစ်တွင် ဧရာဝတီ တောင်ပံ ကစားသ မား နန္ဒလင်းကျော်ချစ်က ဂိုးဧရိယာ အစပ်မှ နေပြီး အနည်းငယ် ရှေ့ထွက် နေသည့် ရန်ကုန် ဂိုးသမား နိုင်ဇေယျာထွန်း ကို ကျော်ကာ ဂိုး သွင်းနိုင်ခဲ့ပြီး ပထမပိုင်းတွင် ဧရာဝတီ တို့ ၁-၀ ဖြင့် ဦးဆောင် နိုင်ခဲ့သည်။



ဒုတိယပိုင်း အစတွင် သက်လွင်ဝင်း အစား ကျော်ကိုကို ၀င်ရောက် ကစားခဲ့ပြီး ရန်ကုန် အသင်း ပိုမို ဖိကစားနိုင် သော်လည်း အချိတ်အဆက် လွဲနေဆဲ ဖြစ်သည်။ ၅၁ မိနစ်တွင် တောင်ပံမှ ဖြတ်တင်သော ဘောလုံးကို ဧရာဝ တီ အလယ်တန်းလူ နေလင်းထွန်း ရန်ကုန် နောက်ခံလူ များနှင့် အပြိုင် ပိတ်သွင်းခဲ့ပြီး ဧရာဝတီ အသင်း ဒုတိ ယဂိုး ရခဲ့သည်။ ၅၄ မိနစ်တွင် ရန်ကုန် အသင်းခေါင်းဆောင် ရာဇာဝင်းသိန်း ကို ဧရာဝတီ နောက်ခံလူများက ပင်နယ်တီ ဧရိယာအတွင်း ဥပဒေပ ကစား ခဲ့သော်လည်း ဒိုင်လူကြီး ဦးဝင်းချိုက ပင်နယ်တီ ပေးရန် ငြင်းဆန်ခဲ့ သည်။

ယခုပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး နှစ်ဖက် ဘောလုံး သမားများ အကြား ထိပ်တိုက် တွေ့မှုများ ရှိခဲ့ပြီး ဧရာဝတီ ဂိုးသမား ပြည့်ဖြိုးဦးမှာလည်း မကြာခဏ ဆိုသလို ဆေးကုသမှု ခံယူခဲ့ရသည်။ ဧရာဝတီ ကစားသမားများ သည် ရန်ကုန် အသင်းကို နည်းဗျူဟာ မြောက်စွာ ကစားနိုင်ခဲ့ပြီး ရန်ကုန် အသင်း၏ ပွဲအရှိန်ကို မကြာခဏ ဆိုသလို ရပ်တန့် စေခဲ့သည်။ ၇၄ မိနစ်တွင် ရန်ကုန် တိုက်စစ်မှူး ကိုနေးက ဧရာဝတီ ဂိုးသမားကို ကျော်ပြီး အမြောက်ဘော ကန်သွင်းရာ ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ၇၆ မိနစ်တွင် ကြည်လင်းကို ဧရာဝတီ ကစားသမား များ ဥပဒေပ ကစားရာမှ ရသည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဆီဇာက တိုက်ရိုက် ကန်သွင်းပြီး ရန်ကုန်တို့ ချေပဂိုး တစ်ဂိုး ရခဲ့သည်။

နောက်ပိုင်းတွင် ဧရာဝတီ အသင်းက ခံစစ် ဦးစားပေးပြီး တန်ပြန် တိုက်စစ်နှင့် ရင်ဆိုင် ခဲ့သလို ရန်ကုန် အသင်း ကလည်း တစ်သင်းလုံး တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် ၈၉ မိနစ်တွင် ဧရာဝတီ အသင်းမှ တန်ပြန် တိုက်စစ် ဆင်နိုင်ခဲ့ပြီး နန္ဒလင်းကျော်ချစ် က ဧရာဝတီ၏ အနိုင်ကို သေချာစေမည့် တတိယမြောက် ဂိုးကို သွင်းယူ ခဲ့သည်။ ရန်ကုန် အသင်း ချေပဂိုး ရရန် ကြိုးစားသော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်မှု အားနည်းခဲ့ပြီး ယခုနှစ် ဘောလုံးရာသီတွင် ဒုတိယမြောက် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ရန်ကုန် အသင်း ရှုံးနိမ့်ချိန်တွင် အမှတ်တူ ရရှိ ထားသည့် ဇေယျာရွှေမြေ အသင်းက အနိုင်ရ သွားသောကြောင့် ရန်ကုန် အသင်းမှာ အမှတ်ပေး ဇယားတွင် ဒုတိယ နေရာသို့ ရောက်ရှိသွားသည်။

 ထို.အပြင် 
ကွင်းလယ် ဒိုင်လူကြီးနှင့် ပြိုင်ဘက် အသင်းတို့ ပေါင်းပြီး အနိုင်ယူခဲ့ဟု ရန်ကုန် နည်းပြ ဝေဖန် ဟူသောခေါင်းစဉ်ဖြင်. ဤ သို.ရေးသားထားခဲ့ပါသည်

Photo by ygn utd
 ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အီဗန်ကိုလက်ဗ်က ယနေ့ပွဲတွင် ဒိုင်လူကြီး ဦးဝင်းချိုနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ ပေါင်းပြီး အနိုင်ပွဲ ရယူခဲ့သည်ဟု ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ဧရာဝတီ အသင်းသည် နန္ဒလင်းကျော်ချစ် နှင့် နေလင်းထွန်းတို့၏ သွင်းဂိုးများ ဖြင့် ရန်ကုန် အသင်းကို အနိုင်ယူ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် အသင်းအတွက် ချေပဂိုးကို ဆီဇာက သွင်းယူခဲ့သည်။

ဧရာဝတီ ၃-၁ ရန်ကုန် ပွဲစဉ် အပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြချုပ် ကိုလက်ဗ်က “ဒီနေ့ပွဲ အဖြေဟာ လက်ခံ နိုင်စရာ လုံးဝ မရှိပါဘူး။ ကွင်းလယ် ဒိုင်လူကြီးနဲ့ ဧရာဝတီ အသင်းတို့ ပေါင်းပြီး နိုင်ပွဲ ရယူခဲ့ တယ်လို့ ဆိုချင်တယ်။ ဒုတိယပိုင်း မှာ ဧရာဝတီ အသင်းရဲ့ ကစားသမားတွေ ဟန်ဆောင် လှဲချတာ အရမ်းများ တယ်လို့လည်း ပြောချင်တယ်။ ဒီအခြေအနေကို ကွင်းလယ် ဒိုင်လူကြီးက ဘာလို့ မထိန်းသိမ်း တာလဲ။ အရမ်း အံ့သြဖို့ ကောင်းပါတယ်။ ကျွန်တော့် အသင်း အမှားများ ခဲ့တယ် ဆိုတာလည်း မှန်ပါတယ်”ဟု ဆိုသည်။

ရန်ကုန် အသင်းသည် ဧရာဝတီ အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ဖိကစား နိုင်သော်လည်း ဧရာဝတီ အသင်း၏ မကြာခဏ ဒဏ်ရာရမှု များက ပွဲအရှိန်ကို ကျဆင်း စေခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီးလည်း ကိုလက်ဗ်က ယခုလို ဆိုသည်။

“ဧရာဝတီ ကစားသမားတွေဟာ နည်းဗျူဟာ မြောက်လောက်အောင် ပွဲအရှိန်ကို ထိန်းနိုင်ခဲ့ သူတွေပါ။ သူတို့ တွေရဲ့ မကြာခဏ ပွဲရပ်နားမှုက ကျွန်တော့် ကစားသမား တွေကို အာရုံ ပျံ့လွင့် စေပါတယ်။ ဒီပွဲမှာ ကျွန်တော် တို့အသင်းက ဘောလုံးကို ပုံမှန် အတိုင်း ကစားခဲ့ပြီး ဧရာဝတီ ကတော့ ပုံစံ မျိုးစုံနဲ့ ကစားခဲ့ပါတယ်။ ပင်နယ်တီ ဧရိယာထဲမှာ ရာဇာဝင်းသိန်း နဲ့ ကျော်ကိုကို တို့ကို ဥပဒေပ ကစားခဲ့ပေမယ့် ပင်နယ်တီ အဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။ ကျွန်တော့် အတွက်ကတော့ အဲဒီ ပြစ်ဒဏ်ဘောဟာ ၁၀၀ ရာခိုင်နှုန်း သေချာတာ မဟုတ်ပါဘူး။ ၁၀၀၀ (တစ်ထောင် ရာခိုင်နှုန်း) သေချာတာပါ”ဟု ကိုလက်ဗ်က ဝေဖန်လိုက်သည်။ ထူးခြားချက်မှာ ရန်ကုန် အသင်းသည် ယခုနှစ် နေရှင်နယ်လိဂ်တွင် ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းချို ကိုင်တွယ် ခဲ့သည့် နှစ်ပွဲစလုံး (ဇေယျာရွှေမြေ ၁-၀ ရန်ကုန် ယူနိုက်တက် ၂၆-၁-၂၀၁၃၊ ဧရာဝတီ ယူနိုက်တက် ၃-၁ ရန်ကုန် ယူနိုက်တက် ၂၃-၃-၂၀၁၃) ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။

လာမည့် နေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ကမ္ဘောဇ အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲကိုလည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင် ရန် ပြင်ဆင်မည် ဖြစ်ကြောင်း၊ ပွဲတိုင်းမှာ အရေးကြီးပြီး ပြိုင်ဘက် များက ရန်ကုန် အသင်းကို အမြဲ အနိုင်ယူရန် ကြိုးစားနေ သည်ကို သဘောပေါက်ကြောင်း ပြောကြားသည်။ ယနေ့ပွဲတွင် ဒဏ်ရာ ရသောကြောင့် ပထမပိုင်း (၃)မိနစ်မှာပင် လူစားလဲ ခံခဲ့ရသော ရန်ကုန် ဘယ်နောက်ခံလူ ပြည့်ဖြိုးအောင်သည် ဘယ်ဘက် ခြေသလုံးရိုး တွင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပြီး ရက်သတ္တပတ် (၃)ပတ် အနားယူရမည် ဖြစ်သည်။

 မည်သို.ပင် ဆိုစေကာမူ ပွဲပြီးရလဒ် ၃-၁ ဖြင်. ဧရာဝတီ အောင်ပွဲဆီသို. ချီတက် သွားနေပါပြီ
မူရင်း Link များ  
http://www.ygnutd.com/index.php?pid=2&id=882&&news=article&lang=myn
http://www.ygnutd.com/index.php?pid=2&id=883&&news=article&lang=myn
http://ayeyawadyutd.com/?page=single&id=NDI%3D&status=ln  
http://www.soccermyanmar.com/index.php?option=com_content&view=article&id=18116:2013-03-24-02-01-36&catid=54:myanmar-national-league&Itemid=104 

Saturday, March 23, 2013

စားခဲ့မိသည်. မုန်.ဟင်းခါး တစ်ပွဲ


 မျက်စိတစ်ဆုံး မစိမ်းစိုသော်လည်း ကျယ်ပြောလှသော ကွင်းပြင်ကျယ်ကြီးများ ၏ အလယ်.....
ကောင်းကင်ပြင် တစ်ခုလုံး အမိုးခုံးထိ မြင်နေရသော ရပ်ဝန်း.....
တစ်ချိန်က မြို.တော် ခုတော.စီးပွားရေး မြို.တော် ဆိုင်းဘုတ်ပြောင်း အတပ်ခံထားရသော ရန်ကုန်မြို.တော်၏ အရှေ.ဘက်အစွန်ကျသော မြို.နယ်တစ်ခု.............
အရင်ကတော. လူနေကျဲပါးပေမယ်. ခုတော. လူလတ်တန်းစား တို.အခြေချရာ ရပ်ဝန်းဖြစ်သော
ဒဂုံဆိပ်ကမ်း..........ယုဇန ဥယျာဉ်မြို.တော်

သိပ်ရောက်လေ. မရှိသော်လည်း ၃/၄ ကြိမ် ခန်.ရောက်ဖူးသောနေရာမို. တစ်ခေါက်ထက် တစ်ခေါက် စည်ကားလာနေသည်ကတော. သတိပြုမိသည်..........
နံနက်ပိုင်း လူစီးကြောင်းသည် မြို.တွင်း ဘက်ဆီသို. တစ်ဖက်သတ်စီးဆင်းခဲ့သည်မို. ယခုလို ညနေစောင်းတွင်တော. ပင်လယ်ရေတို. ပြန်စီးဝင်ချိန်ကဲ့သို.ပင် လူစီးကြောင်းက တစ်လိမ်.လိမ်. ပြန်လည် စီးဝင်နေကြသည်.......

ပြုစရာရှိသော ကိစ္စတစ်ခုပြီးခိုက် လိုင်းကားနှင်.ပင်ပြန်ဖို.လုပ်ရင်းစည်ကားလှသော ညနေခင်း ဈေးလေးတစ်လျှောက် လျှောက်ကြည်.မိသည်၏ အဆုံးတွင် ပွဲဈေးတန်းလေးတစ်ခု တွေ.လိုက်ရသည်...ရန်ကုန်ပွဲဈေးတန်းဆို.၏ မြင်နေကျ မြင်ကွင်းတို.အတိုင်း ကလေးကစားစရာ အရုပ်ဆိုင်များ....ဂဏန်းကော်ကြော် ဟုခေါ်ကြသော ဂဏန်းကို မုန်.နှစ်ဖြင်.ကြော်ထားသော အကြော်ကိုအဓိက အမြင်လှအောင်ပြင်ရင်း အကြော်စုံရောင်းချနေသော ဆိုင်များ.....ကိုရီးယားကင်..ကြက်ကင်ဆိုင်များ...အသုပ်စုံဆိုင်များ....တုတ်ထိုးဆိုင်များ...ဈေးသက်သာသော အဖိုးနည်းဝန်ပါ အထည်ဆိုင်များ ............
မြို.တွင်းပွဲဈေးများကဲ့သို  ဆိုင်မများလှသော်လည်း စည်ကားလို.တော.နေသည်

ခုလိုပွဲဈေးလေးတွေတွေ.တိုင်း မသိစိတ်ကမျှော်လင်.မိသည်.အရာတစ်ခု ပြုမြဲအတိုင်းလိုက်ရှာမိသည်
ဒီနေရာက ဧရာဝတီသားတွေအခြေချ တတ်ကြသော ရပ်ဝန်းတစ်ခုမို. ရှိလိုရှိငြား လိုက်ကြည်.မိခြင်းဖြစ်သည်.....လမ်းမကြီးအတိုင်း ခင်းထားသော ဈေးတန်းတို.အဆုံး ဘယ်ဘက်ကိုကွေ.၀င်လိုက်သည်....ပြင်ဆင်ထားသော ဇာတ်စင်တစ်ခုကို တွေ.လိုက်မိသော်လည်း ကြားဖူးနေကျ ဇာတ်နာမည်တော.မဟုတ်...အရှိန်အ၀ါကြီးလှသော ဇာတ်တစ်ခုမဟုတ်ပေမယ်. သပ်သပ်ရပ်ရပ်တော.ရှိသည်....ဇာတ်စင်နှင်. ဇာတ်ရုံ ရှိရာဘက် ချိုးကွေ.လိုက်ရင်း ဘယ်ဘက်ကိုကြည်.လိုက်မိတော. ဒိတ်ကနဲဖြစ်သွားသည်.........

ဆိုင်လေးတစ်ဆိုင် ....
၎ပေမီးချောင်း ရောင်အောက် သနပ်ခါးထူထူလိမ်းထားသောအမျိုးသမီးကြီးတစ်ဦး နှင်. ရောင်းချဖို.ပြင်ဆင်ထားပုံများ
ထိုဆိုင်လေး၏ အထက်အမိုးလေးတွင် ဆိုင်းဘုတ်အဖြူလေးပေါ်မှာအပြာရောင်လေးနှင်.ရေးထားသည်
ဝါးခယ်မ မုန်.ဟင်းခါး 

ပထမဆုံး တွေးလိုက်မိသည်က ရန်ကုန်မြို.တွင်းဆိုင်ကြိးအချို.တွင် ပင် အမည်ခံ ၀ါးခယ်မမုန်.ဟင်းခါး တစ်ချို.၏ အရသာက ဘယ်လိုပြောရမလဲပေါ.နော်
ဆိုတာလိုဖြစ်နေချိန် ဒိနေရာက မုန်.ကရော...........
ဆိုင်အခင်းအကျင်းက ၅ပေခန်. ခုံလေးတစ်လုံးပေါ် မုန်.ဖတ်ဇလုံ....ပုလင်းငယ်တွေ..ရှေ.မှာတော. Tissue ဘူးလေးတစ်ခု ဘေးမှာက ခုံပုလေး ၄လုံးလောက်တော. ခင်းထားသည်..စားပွဲထိုးက ရှိပုံမပေါ်
ရောင်းချနေသူကလည်း သပ်ရပ်သော်လည်း တောက်ပြောင်နေသည်တော.မဟုတ်
ဓါတ်ပုံလေးပဲ ရိုက်ယူသွားရင်ကောင်းမလား စဉ်းစားတော. ကင်မရာ က မပါ
ဖုန်းကလည်း MP နိမ်.သည်. ကင်မရာပဲပါသည်...အလင်းရောင်ကနည်းလို.မီးတွေတောင်ထွန်းနေပြီ ဆိုတော.ပုံကောင်းကောင်းမရနိုင်...ခုလေးတင်အစာစားခဲ့သည်မို. ဗိုက်ကလည်း သိပ်လက်မခံချင်
မထူးပါဘူးသေချာအောင်မေးပြီးနည်းနည်းတော. စားကြည်.လိုက်မယ် လို.တွေးရင်း ၀င်ထိုင်လိုက်တော. ဆိုင်မှာ ကိုယ်တစ်ယောက်တည်း....


အကြော်တစ်ခုထည်.ဖို.ပြောရင်း ဟင်းရည်နည်းနည်းပဲထည်.ဖို.မှာလိုက်သည်
ဒါက ကိုယ်.မြို.ကသာဆို သတိပြုမိစေရန်
ကိုယ်.မြို.မှာက မုန်.ဟင်းခါးဆို အရည်အနည်းငယ်နှင်. စားလေ.ရှိကြသည်
ဆီချက်များများထည်.ဖို.မှာရင်း ပဲမှုန်.ပါထည်.ခိုင်းလိုက်သည်
မုန်.ထည်.ပြီး ပုဂံရောက်လာတော. အမြင်ကိုတော. သဘောကျသွားသည်
ဝါးခယ်မရောင် ပေါက်သည်ဟုပြောရမည်ပေါ.
အရသာကိုမြည်းကြည်.လိုက်သည်
တစ်ခုခုလိုနေသလို ခံစားလိုက်ရပေမယ်. သေချာသည်
ဒါ ၀ါးခယ်မ မုန်.ဟင်းခါးအစစ်
ဆန်မှုန်.ကြောင်.အဖြူနောက်နောက် အရောင် ပေါ်ဆီချက်၏ အ၀ါသွေး ဆက်နေပြီး ငြုပ်ကောင်းနံ. သင်းသင်းလေးက ကိုယ်.မြို.လေးဆီ သတိပြန်ရမိစေသည်
တစ်ခုခုလိုနေသလို ခံစားရတာကိုသေချာစဉ်းစားလိုက်တော. ကျီလောင်လောင် ပါးလှပ်လှပ် ညှုပ်ခေါက်ဆွဲဖတ်များက တရားခံ
ဟုတ်တော.လည်းဟုတ်သည် ...  မြို.မှာလို အဖြူရင်.ရင်. ခပ်ထူထူ ကပ်ကြေးစာ ကြွေးထားသော မုန်.ဖတ်မှ
မဟုတ်တာ .....မုန်.ဟင်းခါးဖတ်ကလည်း ကြာဖံမျှင် သာသာ....

မုန်.ကို အရသာခံစားနေရင်း စိတ်ကသိချင်နေသည်..၀ါးခယ်မကလား....ဒီမှာအခြေချနေတာလား...ဒါမှမဟုတ် အမျိုးတွေ ၀ါးခယ်မမှာရှိတာလား ....ဘယ်လိုမေးရမှန်းမသိ...အရသာကိုသဘောကျပေမယ်. ဗိုက်ကလက်မခံနိုင်တော. နောက်ဆုံးတော. ခွင်.တောင်းပြီး ဓါတ်ပုံ၇ိုက်မယ် ပြန်တော.မယ်ဆိုပြီး ဘယ်လောက်ကျလည်းအမ လို.မေးလိုက်တော. ၃၀၀ တဲ.ဆိုပြီး မုန်.ပုဂံကို သူလှမ်းကြည်.လိုက်တယ်
စားမကောင်းတာလားဆိုတဲ့ စိုး၇ိမ်စိတ်အပြည်.နဲ. လှမ်းမေးတော. တအား  အားနာသွားတယ်
မဟုတ်ပါဘူးအမ...အစာစားပြီးကာစမို. မစားနိုင်တာကြိုက်ပါတယ် ကျွန်တော်က ၀ါးခယ်မသားမို.
ဝါးခယ်မ မုန်.ဟင်းခါးလေးတွေ.လို.မနေနိုင်လို. ၀င်စားတာပါဆိုတော. သူက
ဟုတ်လို.လား တကယ်စားကောင်းရဲ.လား ဆိုတဲ့ စိတ်မချနိုင်သေးတဲ့အသံနဲ.အမေး
သိလိုက်ပါပြီ သူ  ၀ါးခယ်မသူအစစ် .... ဒါငါတို.မြို. ကလူပဲ
စေတနာအပြည်.နဲ. စိုးရိမ်မှုတွေနဲ. ရောင်းနေရှာတဲ့ ငါတို. မြို.သူတစ်ယောက်
မျက်နှာပေါ်မှာ သိမ်ငယ်စိတ် အချို.နဲ.အတူ စားကောင်းပါစေ ဆိုတဲ့စေတနာ တွေတစ်ပုံတစ်ပင် မြင်နေရတယ် .......... ပြီးပြီးရော လုပ်မရောင်းတဲ့ ကိုယ်.မြို.က လူတစ်ယောက်
ကိုယ်.မြို.နာမည် တပ်ထားတဲ့ မုန်.ဟင်းခါး မှာ သူစွမ်းသမျှ မြို.လေးရဲ. သိက္ခာတွေပါ ဈေးတင်ပေးနေသူ
ကျေနပ်လိုက်တာ ...... ပိုက်ဆံထက် စေတနာကို တန်ဖိုးထားနေသူ ....ပွဲဈေးဆိုတာက ရက်ပိုင်းထက်ပိုမနေရ ...နောင်တစ်နေရာရောက်သွားရင် နောက်လူတွေတွေ.ရမှာဆိုတော. သိပ်ပြဿနာမရှိ ..ဒါပေမယ်. ဒီလိုနေရာလေးမှာ ဒီလိုစေတနာတွေ.နဲ.ရောင်းနေတဲ့ ကိုယ်.မြို.က မုန်.ဟင်းခါးလေး .........နောက်ဆုံး ဘာအရသာမှမရှိရင်တောင် စားရတာ တန်တယ်
နောက်တော.ရသလောက်ပဲ ပုံလေး ၂ပုံရိုက် ပွဲဈေးတန်းက ပြန်ထွက်ရင်း လာတဲ့ကားတစ်စီးပေါ် တက်လာမိပါတယ်

ပြတင်းက ၀င်လာတဲ့လေ ....
အဝေးကြီးအထိ လှမ်းကြည်.လို.ရပေမယ်. ဘာမှမြင်ခွင်.မပြုတော.တဲ့အမှောင်.........
ဝါးခယ်မ မုန်.ဟင်းခါး နာမည်တပ်ထားပြီး ဘာတစ်ခုမှ မတူအောင်ချက်ရောင်းနေကြတဲ့ ဆိုင်အချို.
ကိုယ်.မြို.က မုန်.ကို ကိုယ်တိုင်ချက်ပြီး စေတနာအပြည်.ပါပေမယ်. သိမ်ငယ်မှုတွေနဲ. ရောင်းနေရတဲ. ၀ါးခယ်မ မုန်.ဟင်းခါးစစ်စစ်
ဒါတွေဟာ ကံကြမ္မာနဲ. ဆိုင်တာလား
သိတတ်မှုနဲ.ပတ်သက်တာလား
 တစ်ခု သတိရလိုက်မိသည် ..မျိုးချစ်စိတ်ဆိုတာ မြို.ချစ်စိတ်က အခြေခံပါသည်တဲ့

 


Ayeyawady Vs Yangon ပွဲကြိုသုံးသပ်ချက် နှင်. အားပေးကြ၇န် နှိုးဆော်ခြင်း


ဒီနေ.ကစားမယ်. ဧရာဝတီ - ရန်ကုန် ပွဲနဲ. ပတ်သက်ပြီး လက်ရှိဧရာဝတီ ၏ ပွဲပါယ် ဒါဏ်ရာရ အမာခံကစားသမားများ   အခြေအနေနှင်. တစ်ဖက် အသင်းမှ ကိုနေးအဒမ်မာ...ဆီင်္ဇာ..ကြည်လင်း...ကျော်ကိုကို တို.အနေအထားကိုတွက်ကာ ပြိုင်ဘက်အသင်းက ဧရာဝတီကို ဂိုးပြတ်ပင် အနိုင်ယူနိုင်မည် ..လို. Premier Eleven က ခန်.မှန်းထားပါတယ်....

ဒိနေ.ကစားမယ်.ပွဲမှာ  ဇော်ဇော်ဦးနှင်. နေလင်းအောင် တို.ပွဲပယ် ပြစ်ဒါဏ်ကြောင်. ပါဝင်နိုင်မည် မဟုတ်ပဲ ယခင်ဒါဏ်ရာရစာရင်း ဖြစ်သော ထွန်းလင်းအောင်..မင်းမင်းသူ..ဆာတိုရှီ..စိုးကျော်ကျော်တို. အပြင် သီဟဇော်နှင်. ညီညီမင်းပါ ထပ်တိုးစာရင်း ၀င်နေပြီး ဟိန်းသီဟဇော်ကတော. ပြန်လည်ပါဝင် ကစားနိုင်မယ်လို. သိရပါ တယ်..

အရင်ပွဲကြိုခန်.မှန်းချက်တွေ ရေးနေကျ မြန်မာ.အလင်းမှာတော. ဘာခန်.မှန်းချက်မှမပါပဲ MNL ပွဲများ ၂၃ ရက်နေ. ပြန်စမည်.အကြောင်းနဲ. ပွဲစဉ်ကိုသာ ရေးသားထားပါတယ်

Ayeyawady United FC အား အစဉ်တစိုက်အားပေးလာသူများဖြင်.ဖွဲ.စည်းထားသော Red Waves Fan Club Member အားလုံးတို.ကိုယ်စား EC များမှ နည်းပြချုပ် မာဂျန်အားမွေးနေ. လက်ဆောင်ပေးအပ်ကြစဉ်
 "အသင်းတစ်သင်းဟာ ပြိုင်ပွဲ နှစ်ခု ၀င်ပြိုင်နေရတယ်ဆိုရင် သူတို့ရဲ့ခွန်အားကို မျှသုံးဖို့ လိုပါတယ်။ ဧရာဝတီဟာ ပြည်ပပြိုင်ပွဲမှာ ရုန်းကန်နေရလို့ ပြည်တွင်းမှာလည်း အာရုံမစိုက်နိုင်ဘူး မထင်ပါနဲ့။ လာမယ့်ပွဲမှာ သူတို့ အကောင်း ဆုံး ကစားပြပါလိမ့်မယ်။ တခြားပြိုင်ပွဲက ရလဒ်မကောင်းလို့ ခံစားခဲ့ရတဲ့ ခံစားမှုတွေကို ပြည်တွင်းပွဲတွေမှာ ဖောက်ခွဲ ပစ်ဖို့များတယ်"ဟု အိုင်ဗန်ကိုလက်ဗ်က ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်သို့ သုံးသပ်ပြောကြား  ခဲ့သည် ဟု Soccer Myanmar ကဖော်ပြခဲ့ပါတယ်...

ဒါ.အပြင်....ဧရာဝတီ ယူနိုက်တက်သည် AFC Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ တို့ကို တစ်ပြိုင်နက် ၀င်ရောက် ယှဉ်ပြိုင်လျှက် ရှိရာ ပြိုင်ပွဲ(၂)ရပ် စလုံးတွင် ရလဒ်များ ကောင်းမွန်ခြင်း မရှိခဲ့ပေ။ မတ်လ အတွင်း ယှဉ်ပြိုင်ခဲ့ရသည့် AFC Cup ပွဲစဉ်(၂)ပွဲလုံးကို ရှုံးနိမ့်ခဲ့ရာ အဆိုပါ ရလဒ်ဆိုးများ အတွက် ပြည်တွင်း ပြိုင်ပွဲတွင် ပြန်လည် ပေါက်ကွဲမည်ကို ကိုလက်ဗ်က စိုးရိမ်နေခြင်း ဖြစ်သည်။ ဧရာဝတီသည် ထိုကဲ့သို့ ရလဒ်ဆိုးရွားမှုများကြောင့် အသင်း မန်နေဂျာ ဖြစ်သူ ဦးမောင်မောင်ကို ရာထူးမှ အနားပေးခဲ့ပြီး နည်းပြချုပ် ဖြစ်သူ မာယန်ကိုလည်း ပြင်းပြင်းထန်ထန် သတိပေးမှု ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ အသင်း၏ အုပ်ချုပ်ရေးပိုင်းတွင် အပြောင်းအလဲများ ရှိနေရာ ထိုကဲ့သို့ အပြောင်းအလဲ ဖြစ်ထားသည့် အသင်းသည် ပထမဆုံး ပွဲတွင် အစွမ်းကုန် ကြိုးစားတတ်သောကြောင့် သတိထားရမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ ရန်ကုန်နှင့် ဧရာဝတီတို့သည် ရာသီမစမီက ကွန်မြူနတီဖလား ပြိုင်ပွဲတွင် နောက်ဆုံး တွေ့ဆုံခဲ့ကြပြီး ရန်ကုန်က တိုက်စစ်မှူး ဆီဇာ၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သည်။................ ဟု Soccer Myanmar မှာဆက်လက်ရေးသားထားခဲ့ပါတယ်

ဘောလုံးပွဲတစ်ခုမှာ ၁၂ယောက်မြောက် ကစားသမားအဖြစ် တန်ဖိုးထားသတ်မှတ်ခံရလေ.ရှိတဲ့ အားပေးသောပရိသတ် ဟာ ပွဲတစ်ခုအတွက် တကယ်.အားဖြစ်စေနိုင်သလို အနိမ်.ဆုံးအနေနဲ. ဒိုင်လူကြီးကို စည်းကမ်းအတိုင်းအတိအကျဆောင်ရွက်နေဖြစ်အောင် ဖိအားပေးထားနိုင်တဲ့သဘောတော.ရှိပါတယ်.....ဒီနေ.ကစားမယ်. ပြိုင်ဘက်အသင်းဟာ ဧရာဝတီထက် အစစအရာရာ သာလွန်အနေအထားမှာ ရှိနေတာကြောင်. ကိုယ်.ဒေသအသင်းကို တကယ်ချစ်တဲ့ တကယ်နိုင်စေချင်တဲ့ သူအားလုံး ရောက်အောင်သွားပြီး အားပေးကြဖို.လိုပါမယ်....ဘောလုံးအသင်းတစ်သင်းအောင်မြင်ဖို. ပိုင်ရှင်...အုပ်ချုပ်ရေး နှင်. နည်းပြအဖွဲ. ...ကစားသမား..ပရိသတ် အားလုံးမှာ တာဝန်ရှိတာပါ.....ဒီလူတွေအားလုံး ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ကြိုးစားနေကြတယ်ဆိုရင် အောင်မြင်မှုဆိုတာ အနှေးနဲ.အမြန်ပဲ ကွာပါလိမ်.မယ်...နောက်ဆုံး ဘယ်လို အဆင်.မျိုးမှာ ရပ်တည်နေသည်ဖြစ်ပစေ အားလုံးလိပ်ပြာသန်.သန်.နဲ. ခေါင်းမော.နိုင်ကြပါလိမ်.မယ်....

Red Waves တရားဝင်ဖွဲ.စည်းသော ၂၀၁၂ ဒီဇင်ဘာ ၁၂ ရက်ညနေ
 ဧရာဝတီ ယူနိုက်တက် ကိုအားပေးနေကြသူတွေစုဖွဲ.ထားတဲ့ Red Waves Fan Club အနေနဲ.လည်း အသင်းကိုအားပေးကြမယ်.သူတွေအတွက် အတတ်နိုင်ဆုံးကြိုးစား စီစဉ်ပေးနေကြပါတယ်...Member ၀င်ချင်တယ်ဆိုရင် တစ်နှစ်စာ ၀င်ကြေး ၅၀၀၀ ဓါတ်ပုံ ၂ပုံ ပဲလိုအပ်ပြီး Member ၀င်ထားသူတွေအတွက် တူညီဝတ်ဆင်အားပေးဖို. Red Waves T-Shirt တစ်ထည်...Member Card တစ်ခုနဲ. ဧရာဝတီပွဲတွေ အခမဲ့အားပေးနိုင်အောင် စီစဉ်ပေးနေကြပြီး လက်မှတ်အတွက်ကို ပွဲရှိတဲ့နေ. မနက် ၁၂နာရီမတိုင်ခင်လောက် ကိုအောင်ချို(ဖုန်း-09448015713)ကိုဆက်သွယ်ရယူနိုင်ပါတယ်

ကဲအားလုံး မိမိတာဝန် မိမိကျေတယ်လို. လိပ်ပြာသန်.နေဖို.ကြိုးစားလိုက်ကြ၇အောင်







ကိုရီးယားရုပ်ရှင်မင်းသမီး ဂျောင်ဆိုယောင်းနှင့်တွေ့ဆုံခြင်း


Name: 정소영 / Jung So Young (Jeong So Yeong)
Profession: Actress
Birthdate: 1979-Jan-06
Birthplace: South Korea
Height: 167cm
Weight: 47kg
Star sign: Capricorn
Education: Chonnam National University  


ကိုရီးယားရုပ်သံလိုင်း KBS ရိုက်ကူးရေးအဖွဲ့ဟာ ကမ္ဘာ့နိုင်ငံအနှံ့က ရိုးရာအစားအစာတွေကို ရိုက်ကူးထုတ်လွှင့်တင်ဆက်တဲ့ 'ရသာစုံလင် ကမ္ဘာတစ်ခွင်' အစီအစဉ်အတွက် မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ရောက်ရှိလာပါတယ်။ ကိုရီးယားရုပ်ရှင်မင်းသမီး ဂျောင်ဆိုယောင်း (Jung So Young) က ဒီအစီအစဉ်မှာ မြန်မာရိုးရာ အစားအစာဟင်းလျာတွေကို ချက်ပြုတ်မြည်းစမ်းပြီး တင်ဆက်သူအဖြစ်နဲ့ ပါဝင်ရိုက်ကူးခဲ့ပါတယ်။

ဂျောင်ဆိုယောင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 'ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်' ဇာတ်လမ်းတွဲကို မြ၀တီရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပြီး မြန်မာပရိသတ် ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ မြန်မာနိုင်ငံ ရက်နှစ်ဆယ်ခရီးစဉ်အတွင်း မြန်မာ့ရိုးရာ အစားအစာနဲ့ တိုင်းရင်းသားအစားအစာတွေကို ရန်ကုန်မြို့ပေါ်က နာမည်ရစားသောက်ဆိုင်များနဲ့ ပူးပေါင်းပြီး ချက်ပြုတ်ခဲ့သလို တိုင်းရင်းသား အစားအစာအတွက် ရှမ်းပြည်နယ်နဲ့ အညာဒေသအချို့မှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ရက်နှစ်ဆယ်လုံးလုံး မြန်မာ့ရိုးရာ ရင်ဖုံးအင်္ကျီနဲ့ထဘီတို့ကို နှစ်သက်စွာ ၀တ်ဆင်ခဲ့တဲ့ ကိုရီးယားမင်းသမီးနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ပြန်လည်တင်ဆက်လိုက်ပါတယ်။

ကေဘီအက်စ်ရုပ်သံလိုင်းနဲ့ မြန်မာနိုင်ငံရဲ့ ဟင်းလျာတွေ လာရောက်ချက်ပြုတ်တဲ့ အစီအစဉ်ကို ဘယ်လိုကြောင့် လက်ခံဖြစ်တာပါလဲ။

ဒီအစီအစဉ်က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်းစုံကို လှည့်လည်ပြီး နိုင်ငံတွေရဲ့ အစားအစာတွေကို မိတ်ဆက်ချက်ပြုတ်မြည်းစမ်းပြီး ထုတ်လွှင့်တင်ဆက်ရပါတယ်။ နိုင်ငံတကာကို လှည့်လည်ရတဲ့အခါ သရုပ်ဆောင်တွေလည်း မျိုးစုံပြောင်းပါတယ်။ ဒီတစ်ခေါက်မှာ မြန်မာပြည်အတွက် ကျွန်မကို လာကမ်းလှမ်းတဲ့အတွက် ရိုက်ကူးဖြစ်တာပါ။
ကေဘီအက်စ်ရုပ်သံလိုင်းနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေကျကနေ အစီအစဉ်တင်ဆက်သူ ဖြစ်သွားတာ ဘယ်လိုနေလဲ။

ပုံမှန်ဆိုရင် ကျွန်မက ဒီလိုအစီအစဉ်တွေကို ရိုက်ကူးလေ့ရှိတဲ့ သရုပ်ဆောင်မဟုတ်ပါဘူး။ ဒရာမာဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေပဲ ရိုက်ကူးလေ့ရှိပါတယ်။ ဒီတစ်ခေါက်ကျတော့ ဟိုအရင်ကနဲ့မတူတဲ့ ကျွန်မပုံစံကို သဘာဝကျကျ ပြချင်လို့ လက်ခံဖြစ်ပါတယ်။ ကျွန်မရဲ့ သရုပ်ဆောင်သက်တမ်း ၁၅ နှစ်အတွင်း ကေဘီအက်စ်နဲ့ လေးငါးခြောက်ကြိမ်လောက် လက်တွဲဖူးပါတယ်။ ဒီမှာလွှင့်သွားတဲ့ 'ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်' ဆိုလည်း ကေဘီအက်စ်နဲ့ ရိုက်ထားတာပါ။
မြန်မာဟင်းလျာတွေကို ချက်ပြုတ်မြည်းစမ်းရတဲ့ အရသာက ဘယ်လိုနေပါသလဲ။

မြန်မာမှာရှိတဲ့ အစားအသောက်တွေထဲမှာ အမွှေးအကြိုင်တွေ၊ ဟင်းသီးဟင်းရွက်တွေက ကိုရီးယားမှာ မရှိတာများပါတယ်။ မြန်မာနိုင်ငံကို ရောက်ခါစက မြန်မာအစားအစာတွေကို ချက်ပြီး အရသာကို ဘယ်လိုပြန်ပြောရမလဲ မသိဘူးဖြစ်ခဲ့တယ်။ အစီအစဉ် အစဦးဆုံးမှာပေါ့။ ဒါပေမဲ့ မြန်မာပြည်မှာနေတာ ကြာတဲ့အခါမှာ မြန်မာအစားအစာတွေရဲ့ အရသာကို သိလာတယ်။ မြန်မာအစားအစာတွေကိုလည်း တဖြည်းဖြည်းနဲ့ ကြိုက်တတ်လာပါတယ်။ ကိုရီးယားမှာ မြန်မာစားသောက်ဆိုင်ဖွင့်တာ မရှိတော့ ကိုရီးယားပြန်ရောက်ရင် မြန်မာအစားအစာတွေကို လွမ်းနေမိမယ်ထင်ပါတယ်။
မြန်မာအစားအစာတွေထဲက ဘယ်ဟာကို အကြိုက်ဆုံးပါလဲ။

မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို ကြိုက်ပါတယ်။ မုန့်ဟင်းခါးက ငါးခူနဲ့ချက်တာ။ ကိုရီးယားမှာ ငါးခူက အရမ်းဈေးကြီးတယ်။ ကိုရီးယားမှာ အရမ်းဈေးကြီးတဲ့ ငါးခူကို မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးနေ့တိုင်းချက်ပြီး စားနေတာကို အရမ်းအားကျတယ်။ ကိုရီးယားပြန်ရောက်ရင် မုန့်ဟင်းခါးစားချင်ရင်တောင် ဘယ်လိုလုပ်ရမလဲ မသိဘူး။(ရယ်လျက်)


မစ္စဂျောင်က မြန်မာ့ရိုးရာဝတ်စုံတွေ ၀တ်ဆင်ထားတာ သက်သောင့်သက်သာရှိပုံပဲ။ မြန်မာ့ရိုးရာဝတ်စုံကို ဘယ်လိုမြင်ပါသလဲ။

မြန်မာနိုင်ငံကို စစရောက်ချင်း ယောက်ျားလေးတွေ ပုဆိုးဝတ်ထားတာကိုကြည့်ပြီး နေရထိုင်ရ ခက်ခဲမယ်။ ကျွတ်ကျမလားလို့လည်း ထင်ခဲ့တယ်။ ဒါပေမဲ့ နေတာကြာလာတော့ ဒီလို ရာသီဥတုနဲ့ဆိုရင် ထဘီတို့ ပုဆိုးတို့ဝတ်တာက ပိုသင့်တော်တယ်လို့ ထင်ပါတယ်။ ကျွန်မတို့ ကိုရီးယားနိုင်ငံမှာဆိုလည်း ခေတ်ပေါ်ဝတ်စုံကို ၀တ်ဆင်ကြပေမယ့် ရိုးရာဝတ်စုံကိုလည်း သူ့နေရာဒေသနဲ့သူ ၀တ်ဆင်ကြပါတယ်။ မြန်မာရိုးရာဝတ်စုံတွေ ၀တ်ကြည့်မိတဲ့အခါ မြန်မာတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုကို အရမ်းကြိုက်မိတယ်။ ကိုရီးယားမှာ ကိုရီးယားဝတ်စားဆင်ယင်မှုက လှပသလို မြန်မာတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုကလည်း လှပပါတယ်။

မြန်မာနိုင်ငံကို မလာခင်ကနဲ့ လာရောက်ရတဲ့အချိန်မှာ ကြိုတင်သိထားတာနဲ့ လက်တွေ့ကြုံရတာ ဘယ်လိုမျိုး ကွာခြားနေလဲ။

ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ဘက်ကတော့ ကမ္ဘာပေါ်မှာ ခရီးသွားနိုင်ငံတွေအနေနဲ့ ထင်ရှားတော့ အဲဒီဘက်ကို အများကြီး သွားလည်ဖူးပါတယ်။ မြန်မာနိုင်ငံကိုမလာခင် အင်တာနက်ကတစ်ဆင့် ရှာဖွေကြည့်တော့ မြန်မာနိုင်ငံမှာ ရှေးဟောင်းနေရာတွေကလည်း များတယ်။ အန္တရာယ်များလောက်လားဆိုပြီး စိတ်ထင့်ခဲ့တယ်။ တကယ်တမ်း လာကြည့်လိုက်တဲ့အချိန်မှာ စိတ်ထင့်တာတွေ ပျောက်သွားပြီး မြန်မာလူမျိုးတွေက အရမ်းရိုးသား ဖြူစင်ခင်မင်ပြီး ကူညီတတ်တယ်လို့ သိလာရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရီးယားဇာတ်လမ်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှု အရမ်းလွှမ်းမိုးနေတာကိုရော သိထားပါသလား။

မြန်မာပြည်အကြောင်းကို အများကြီး လေ့လာမိတဲ့အထဲမှာ ကိုရီးယားက ဂန်းနန်းစတိုင်လ်တို့ ကေပေါ့ပ်တို့လောက်တော့ သိမယ်ပဲထင်ထားတာ။ ဒီလည်းရောက်ရော ဂန်းနန်းစတိုင်လ်တို့ ကေပေါ့ပ်တို့တင်မကဘဲ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ၊ ကိုရီးယားမင်းသား၊ မင်းသမီးတွေကို ကြိုက်ကြတာကို သိရတော့ အရမ်းအံ့အားသင့်ပါတယ်။ ပိုအံ့သြတာက ကျွန်မပါဝင်သရုပ်ဆောင်ထားတဲ့ ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက် ဒီမှာလွှင့်ထားတာ ကျွန်မလုံးဝမသိဘူး။ ဒီကားထဲက မင်းသမီးဆိုပြီး အသိအမှတ်ပြု နှုတ်ဆက်ကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေ နိုင်ငံတကာကို ဘာကြောင့် လွှမ်းမိုးတယ်လို့ ပြောချင်ပါသလဲ။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းကတော့ ကျွန်မတို့လည်း သူများနိုင်ငံတွေလိုပဲ အမေရိကန် ရုပ်ရှင်တွေကို ကြည့်ခဲ့ကြတယ်။ ကြိုက်ခဲ့ကြတယ်။ ဒါပေမဲ့ တခြားနိုင်ငံကကားတွေ ကြည့်ရင်းနဲ့မှ ငါတို့လည်း ဒီလိုလုပ်လို့ ဘာလို့မဖြစ်နိုင်ရမှာလဲလို့ တွေးမိပြီး လုပ်ခဲ့တာ။ ကျွန်မတို့ နိုင်ငံတွင်းမှာ ခုလောလောဆယ် အနုပညာလှုပ်ရှားမှုလုပ်တဲ့ လူငယ်တွေ အများကြီးရှိနေတော့ ကိုယ့်နိုင်ငံက ထွက်တာတွေနဲ့တင် ကြည့်စရာတွေ များနေတဲ့အတွက် တခြားနိုင်ငံက အနုပညာတွေ ကြည့်ဖို့ဆိုတာ တော်တော်ရှားသွားပြီ။ ကိုယ့်နိုင်ငံရဲ့ စိတ်ဓာတ်အဆင့်အတန်း၊ ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီတာကို ဖန်တီးကြပါလို့။
ကိုရီးယားကားတွေထဲမှာ တစ်ဦးကိုတစ်ဦး အရိုအသေပေးတာတွေ၊ ရိုးရာအစားအသောက်တွေ စားပြတာမျိုးကို အပြင်မှာ တကယ်မလုပ်ကြဘူးလို့ ကိုရီးယားရောက် မြန်မာပရိသတ်တချို့ ပြောတာ သိရပါတယ်။ အဲဒါမျိုး တကယ်ပဲ အပြင်မှာရှိပါသလား မစ္စဂျောင်။

သူသွားမှာ
ဒရာမာဆိုတာကတော့ ဇာတ်ကောင်စရိုက်အတိုင်း ရိုက်ရတာဖြစ်တဲ့အတွက် ယဉ်ကျေးရမယ်၊ ချိုသာရမယ်ဆိုလည်း ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ရမှာပါပဲ။ ပြင်ပဘ၀မှာ ဇာတ်လမ်းတွဲတွေထဲကအတိုင်း မဟုတ်တာကိုတော့ ကောင်းတယ်၊ မကောင်းဘူးလို့ မပြောချင်ပါဘူး။ လူဆိုတာကတော့ တစ်ကမ္ဘာလုံးကလူတွေ အတူတူပါပဲ။ ယဉ်ကျေးချင်တဲ့သူက ယဉ်ကျေးပြီး ရိုင်းစိုင်းတဲ့သူတွေလည်း ရှိမှာပါပဲ။ သူ့ကံအတိုင်း ပါ။

ဇာတ်လမ်းတွဲတစ်တွဲ လက်ခံပြီး ရိုက်ကူးတော့မယ်ဆိုရင် အဓိက ဘယ်လိုအချက်တွေကိုကြည့်ပြီး လက်ခံဖြစ်ပါသလဲ။

ဟိုးအရင်နှစ်တွေတုန်းကတော့ ဒရာမာတစ်ခုမှာ ဇာတ်ကောင်မင်းသားရဲ့ အချစ်ဦးနေရာမျိုး၊ မိန်းမဆန်ဆန် က္ကနြေ္ဒကြီးကြီးပုံစံနဲ့ အမြဲတမ်း သရုပ်ဆောင်ဖြစ်တယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ ပုံမှန်လုပ်နေကျ ဇာတ်ကောင်နဲ့ကွဲလွဲပြီး သရုပ်ဆောင်ဖို့ အများကြီးကြိုးစားနေပါတယ်။


PSY သီဆိုထားတဲ့ ကမ္ဘာကျော် အိုပါဂန်းနန်းစတိုင်လ်သီချင်းက တစ်ကမ္ဘာလုံးမှာ အောင်ပွဲခံခဲ့တယ်။ မစ္စဂျောင်ရော ဒီသီချင်းကို နှစ်သက်ပါသလား။

အိုပါဂန်းနန်းစတိုလ်လို ခပ်မြူးမြူးသီချင်ေးတွကို ကျွန်မ နားထောင်လေ့မရှိပါဘူး။ သိပ်မကြိုက်ပါဘူး။ သီချင်းအေးအေးလေးတွေကိုပဲ ကြိုက်လို့ပါ။ ဒီသီချင်းကို နားထောင်ပြီးတော့ စိတ်ထဲမှာ ကောင်းလှချည်ရဲ့လို့တော့ မဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုမျိုး ဖြစ်စေပါတယ်။ PSY ကြောင့် ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဂီတကို တစ်ကမ္ဘာလုံးက သိသွားအောင် လုပ်နိုင်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ယူပါတယ်။ သူ့လိုမျိုးဖြစ်အောင် ကြိုးစားချင်ပါတယ်။

ခုလက်ရှိ တောင်ကိုရီးယားမှာ အမျိုးသမီးသမ္မတသစ် တက်လာပါတယ်။ ဒီသမ္မတအပေါ်မှာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ ဘာများမျှော်လင့်မိလဲ။

မိန်းကလေးရယ်၊ ယောက်ျားလေးရယ်ဆိုပြီး ပိုလုပ်နိုင်တယ်။ မလုပ်နိုင်ဘူးလို့ ခွဲခြားပြီးမြင်တာတော့ မရှိပါဘူး။ ကျွန်မတို့နိုင်ငံမှာ အသစ်တက်လာတဲ့ သမ္မတဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံကို ဦးဆောင်ပြီးတော့ ကြိုးကြိုးစားစားလုပ်ပေးမယ့် သမ္မတဖြစ်မယ်လို့ အများကြီးမျှော်လင့်မိပါတယ်။ အမျိုးသမီးတွေထဲက ပထမဆုံး သမ္မတဖြစ်လာတဲ့အတွက်တော့ သူမတူအောင် ဘာများ ပိုပြီးလုပ်ပေးမလဲလို့တော့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးစဉ်ထဲမှာ သွားလာခဲ့တဲ့အထဲက ဘယ်နေရာကို အကြိုက်ဆုံးပါလဲ။

မြန်မာနိုင်ငံကို နောက်တစ်ခေါက် ပြန်လာခွင့်ရမယ်ဆိုရင်တော့ အင်းလေးကို သွားချင်ပါတယ်။ အင်းလေးက မြန်မာနိုင်ငံထဲကမှ တခြားနိုင်ငံကြီးတစ်ခုထဲ ရောက်သွားသလိုမျိုး ခံစားရပါတယ်။ အင်းလေးကိုသွားပြီး အင်းလေးက နွေးထွေးတဲ့ဒေသခံတွေရဲ့ ဆက်ဆံမှုကို အရမ်းကြိုက်ပါတယ်။




ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။


Written by   အေးသူစံ (7Day News Journal)

Jung So Young's Profile Link  http://star.koreandrama.org/?p=8350

Friday, March 22, 2013

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို


ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပတမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် ကို သီတဂူစတား က စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။

 ဧည့်သည်ဘာသာဝင်တွေ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။


 ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်
ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။

(၂၀၁၁နှစ်က သီတဂူကမ္ဘာ့တက္ကသိုလ်ဖွင့်ပွဲ)
 မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို
အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။

မြန်မာ့ရာဇ၀င်က မွတ်စလင်

ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။
(ဘန်ကောက် ခရစ်ယာန်တက္ကသိုလ် ပါမောက္ခများနှင့်အတူ) 
 ငြိမ်းချမ်းစွာ လက်တွဲလို
အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမ်ရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား စော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။


မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီ တွင် ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၃