Wednesday, January 30, 2013

ဧရာဝတီရဲ. ၂၀၁၃ MNL ရာသီ ပထမဆုံး ရှုံးပွဲ

ပြီးစီးခဲ့ပြီဖြစ်သော MNL စတုတ္ထ ပွဲ ဖြစ်သည်. ဧရာဝတီ နှင်. ကမ္ဘောဇ တို.ပွဲ မတိုင်မှီက မည်သို. မှန်းဆခဲ့ကြသည်ကို ပြန်ကြည်.ရသော်

တောင်ကြီးတွင် လေ.ကျင်.ခန်း ဆင်းနေသော ဧရာဝတီ (AUFC Photo)
  မြန်မာ.အလင်း သတင်းစာက ပွဲစဉ် ၃ တွင် ပထမဆုံးအနိုင်ရထားသော ကမ္ဘောဇ အသင်းမှာ ဧရာဝတီ အသင်းနှင်. ပွဲကြပ် တစ်ပွဲထပ်မံ ကစားရမည်ဖြစ်သည်...ဧရာဝတီ အသင်းမှာ ၃ ပွဲလုံး သရေကျထားသဖြင်. ပထမဆုံးအနိုင်ရရန် ကြိုးစား မည်ဖြစ်ရာ ကမ္ဘောဇ အသင်းအနေဖြင်. ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်..ပြီးခဲ့သည်.ရာသီက ၂ကျော.လုံး ဧရာဝတီကိုအနိုင်ကစားထားပြီး ရှုံးထွက်ပွဲတွင် ဧရာဝတီက အနိုင်ယူထားသည်...လို.သုံးသပ်ထားပါတယ်

Premier Eleven မှာ က ဧရာဝတီတို. ၃ပွဲဆက် သရေကျထားပြီး နိုင်ပွဲ Luck ပျောက်ဆုံးနေပါတယ်...KBZ အသင်းကတော. ပွဲစဉ် ၃ မှာ နိုင်ပွဲစရတာကြောင်. စိတ်ဓါတ်ပိုင်းက ဧရာဝတီထက် သာနိုင်ပါတယ်.....ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ရှုံးခဲ့ရတဲ့ ရှုံးကြွေးကို KBZ တို.ပြန်ဆပ်ဖို.ကြိုးစားမှာ သေချာပါတယ်...အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ. ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး အနိုင်ဆိုရင်တော. အိမ်၇ှင်ပဲ ဖြစ်မှာပါ လို. ရေးသားထားပါတယ်

KBZ နည်းပြ ဆီဗာဂျီကတော. ဧရာဝတီနဲ.ပွဲမှာ ဒုတိယမြောက် နိုင်ပွဲ ကိုရယူနိုင်ဖို.မျှော်လင်.ထားပါတယ်...ဧရာဝတီ အသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်ပေမယ်. အမှတ်ပြည်.၇ဖို.မျှော်လင်.ထားပါတယ် လို.ပြောခဲ့သလို

kbzfc .com မှာတော. လာမယ်. တနင်္ဂနွေနေ့ အိမ်ကွင်းဖြစ်သည့် KBZ ကွင်းတွင် ဧည့်ခံရမည့် ပြိုင်ဘက် ဧရာဝတီကို အနိုင်ယူရန် ခက်ခဲသည့် အသင်းကောင်း တစ်သင်းဟု ချီးကျူးပြောကြားခဲ့ကြောင်းSM ကရေးသားဖော်ပြခဲ့သည်...."ဧရာဝတီဟာ ဒီရာသီမှာ သူတို့အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ သီဟစည်သူကို လက်လွှတ်ခဲ့ပြီး ကစားသမား အသစ်တွေ အများကြီး ပြန်ထည့်ထားတယ်။ နိုင်ငံခြားသား တွေကလည်း တိုက်စစ်က လီအန်ဒရိုက လွဲလို့
လူသစ်တွေပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အသင်းကောင်း တစ်သင်း ဖြစ်နေဆဲ ဆိုတာ သေချာပါတယ်။ (၃)ပွဲ ကစားအပြီးမှာ (၃)မှတ် ရထားတယ် ဆိုတာက သူတို့ကို အနိုင်ယူဖို့ ခက်ခဲတယ် ဆိုတာကို ပြနေတာပါ..ပီးခဲ့တဲ့ အပတ်က နေပြည်တော်ကို နိုင်လိုက်တာဟာ ကျွန်တော်တို့ကို ယုံကြည်မှု ပိုပြီး အားကောင်းလာစေခဲ့တယ်။ လက်ရှိ အချိန်မှာတော့ အသင်းအနေနဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ပြီး လာမယ့် ပွဲမှာ (၃)မှတ် ရယူနိုင်ဖို့ကိုပဲ အာရုံထားပါတယ်။ ဒါမှသာ ထိပ်ဆုံးက အသင်းတွေနဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်မှာပါ" လို. ဆီဗာဂျီ ကပြောကြားခဲ့ပါတယ်တဲ့......



တကယ်ကစားခဲ့ကြတဲ့ ပွဲမှာတော. ဧရာဝတီ ဟာ ထင်မှတ်ထားတာထက် ပိုဆိုးတဲ့ ရလဒ် မျိုးကြုံ ခဲ့ရပါတယ်
ပွဲကစားကြပုံများကိုရေးသားကြပုံ များတွင်


 မြန်မာ.အလင်းကတော.

 " MNL Myanmar ၂ဝ၁၃ အမှတ် ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၄) ဒုတိယနေ့ကိုယနေ့ညနေပိုင်းက ဆက်လက် ကျင်းပရာ ကမ္ဘောဇအသင်းနိုင်ပွဲရသွား ပြီး မကွေးနှင့် မနောမြေတို့ သရေကျ
သွားသည်။
(KBZ ကွင်း)
ကမ္ဘောဇ - သုံးဂိုး
(ကမ္ဘောဇ၊် ကျော်ဇေယျာဝင်းနှင့် စိုးမင်းဦး-တစ်ဂိုးစီ)
ဧရာဝတီယူနိုက်တက် - ဂိုးမရှိ
ပွဲစဉ်(၃)တွင် နေပြည်တော်ကို အနိုင်ကစားပြီး နိုင်ပွဲစတင်ရရှိခဲ့သည့် ကမ္ဘောဇအသင်းမှာ ယခုပွဲတွင် ခြေ စွမ်းပြပြီး နိုင်ပွဲဆက်ခဲ့သည်။ နိုင်ပွဲ လုံးဝမရသေးဘဲ သုံးပွဲဆက်သရေကျ
ထားသည့် ဧရာဝတီအသင်းမှာ အဝေး ကွင်းတွင် ကမ္ဘောဇအသင်းကို ဂိုးပြတ်
ရှုံးနိမ့်ကာ ပထမဆုံး ရှုံးပွဲဖြင့် စတင် ရင်ဆိုင်ခဲ့ရသည်။ ကမ္ဘောဇအသင်းမှာ
နိုင်ပွဲဆက်ရေးအတွက် နိုင်ငံခြား သားကစားသမားလေးဦး အပါအဝင် ဝင်းမင်းထွဋ်၊ စိုးမင်းဦး၊ ကျော် ဇေယျာဝင်း၊ ကျော်ဇင်ထက်တို့ဖြင့် လူစုံအသုံးပြုခဲ့ပြီး ပွဲစပြီး မကြာခင်မှာ
ပင် နူနက်ဇ်က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့သည်။
ဂိုးရပြီးနောက်ပိုင်းတွင်ကမ္ဘောဇအသင်းကစားပုံပိုကောင်းလာပြီးဧရာဝတီကိုဖိကစားနိုင်ခဲ့သည်။ ၃၅ မိနစ်တွင် ကွင်းလယ်လူ ကျော်ဇေယျာ ဝင်းက ဧရာဝတီနောက်ခံလူ ဇော်ဇော်
ဦးအမှားမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့ သည်။ ဒုတိယပိုင်းတွင် ဧရာဝတီတို့
ချေပဂိုးရရန် ကြိုးစားသော်လည်း ဆန္ဒ စောနေ၍ အရာမထင်ခဲ့ပေ။ ကမ္ဘောဇ
အသင်းအတွက် ပွဲသိမ်းဂိုးကို ၈၆ မိနစ် တွင် တိုက်စစ်မှူး စိုးမင်းဦးက သွင်းယူ
ပေးခဲ့သည်။
(သုဝဏ္ဏကွင်း)
မကွေး - နှစ်ဂိုး
(မူရီလို-ပယ်နယ်တီနှင့် ကိုကိုနိုင်)
မနောမြေ - နှစ်ဂိုး
(အက်စလေ)
ပွဲစဉ်(၄)အပြီးတွင် ဇေယျာရွှေမြေ က ပထမ၊ ရန်ကုန်က ဒုတိယ၊ ကမ္ဘောဇ က တတိယနေရာတို့တွင် ရပ်တည်နေ သည်။ " ...ခုလို ရေးသားခဲ့ပြီး 

Soccer Myanmar မှာတော.   ပြီးခဲ့သည့် နေပြည်တော်နှင့် ပွဲစဉ်တွင်မှ ယခုရာသီအတွက် ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့သည့် ကမ္ဘောဇ အသင်းသည် ယခုတစ်ပတ်တွင် ဧရာဝတီကို အိမ်ကွင်းတွင် ဂိုးပြတ် အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ အဖွင့်ပွဲ၌ပင် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည့် ကမ္ဘောဇသည် ပွဲစဉ် (၃) အရောက်တွင်မှ နိုင်ပွဲ စတင်ရရှိခဲ့ပြီး ယခု ပွဲစဉ်(၄) အရောက်တွင် မြန်မာနေရှင်နယ်လိဂ် အသင်းကြီး တစ်သင်းဖြစ်သည့် ဧရာဝတီကို အိမ်ကွင်း၌ အနိုင်ကစားခဲ့ခြင်း ဖြစ်သည်။ (၃)ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲမရှိခဲ့သည့် ဧရာဝတီမှာမူ ကမ္ဘောဇနှင့် အတွေ့တွင် ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ကမ္ဘောဇ အတွက် ပွဲအစ (၂)မိနစ်မှာပင် နူးနက်ဇ်က အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။ နူးနက်ဇ်၏ ဧရိယာ အပြင်မှ ပြင်းထန် အားပါလှသည့် ပြစ်ဒဏ်ဘော ကန်သွင်းချက်ကို ဧရာဝတီ ဂိုးသမား ပြည့်ဖြိုးဦး တားဆီးရန် မည်သို့မျှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရခြင်း ဖြစ်သည်။ ပွဲအစမှာပင် ဦးဆောင်နိုင်ခဲ့သည့် ကမ္ဘောဇသည် နောက်ပိုင်းတွင်လည်း ဧရာဝတီအပေါ် ဆက်တိုက် ဖိအားပေးခဲ့သည်။ ဧရာဝတီမှ နန္ဒလင်းကျော်ချစ်၊ လီအန်ဒရို၊ ဒိုမီနစ်တို့၏ ထိုးဖောက်မှုများမှာလည်း မည်သို့မျှ အရာမထင်ခဲ့ပေ။ ပွဲချိန် (၃၆)မိနစ်တွင်မူ ဧရာဝတီ နောက်ခံလူ၏ မှားယွင်းမှုမှ ကျော်ဇေယျာဝင်း ဘောလုံးရသွားပြီး ဂိုးသမား ပြည့်ဖြိုးဦးကိုပါ လိမ်ခေါက် ကန်သွင်းခဲ့သောကြောင့် ဧရာဝတီတို့ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရ ပြန်သည်။ ထိုဂိုးမှာလည်း ဧရာဝတီ နောက်ခံလူများ၏ မလိုအပ်သည့် မှားယွင်းမှုကြောင့် ခွင့်ပြုခဲ့ရခြင်း ဖြစ်ပြီး ချေပဂိုး ပြန်လည် ရရှိရန် ကြိုးပမ်းနေခဲ့သည့် ဧရာဝတီအတွက် နစ်နာစေခဲ့သည်။ ဧရာဝတီသည် ယခုပွဲစဉ်အထိ အကောင်းဆုံး တိုက်စစ် အတွဲအစပ်များကို ဖော်ဆောင်နိုင်ခြင်း မရှိသေးဘဲ နေပြည်တော်မှ ပြောင်းလာခဲ့သည့် ဘရာဇီး တိုက်စစ်မှူး လီအန်ဒရိုမှာလည်း လူပိုတစ်ဦးသဖွယ် ဖြစ်နေခဲ့သည်။ ဧရာဝတီ၏ အားသာချက် ဖြစ်သည့် ပြစ်ဒဏ်ဘော ကန်တင်မှုများ ကိုလည်း ကမ္ဘောဇ နောက်ခံလူများ အကောင်းဆုံး ပိတ်ဆို့ နိုင်ခဲ့သောကြောင့် ဧရာဝတီတို့ ယခုပွဲတွင် ဂိုးမရရှိ ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဇအတွက် ပွဲသိမ်းဂိုးကို ပွဲချိန် (၈၆)မိနစ် အရောက်တွင် တိုက်စစ်မှူး စိုးမင်းဦးက သွင်းယူပေးခဲ့ပြီး ကမ္ဘောဇ၏ ဒုတိယမြောက် နိုင်ပွဲကို ပီပြင်စေခဲ့သည်။ ကမ္ဘောဇသည် ယခုပွဲ အနိုင်ကြောင့် ရမှတ် (၇)မှတ်ဖြင့် အမှတ်ပေး ဇယား တတိယနေရာသို့ တက်ရောက် နိုင်ခဲ့ပြီး ယမန်နေ့က ဇေယျာရွှေမြေကို ရှုံးနိမ့်ကာ ဒုတိယနေရာသို့ ရောက်ရှိနေ ခဲ့သည့် ရန်ကုန် ယူနိုက်တက်နှင့် (၂)မှတ်သာ ကွာဟသည့် အနေအထားတွင် ရောက်ရှိလာခဲ့သည်။......................ခုလိုရေးသားခဲ့ပါတယ်


လက်ရှိအနေအထားမှာတော. ဧရာဝတီဟာ အဆင်. ၉ အထိ ဆင်းပေးလိုက်ရပြီး အောက်မှာ ရက္ခပူရ သာရှိပါတော.တယ်

 

Monday, January 28, 2013

လွတ်လပ်ရေး ရပြီးနောက်ပိုင်း ထုတ်ဝေခဲ့သော သတင်းစာများ

ရှေး သတင်းစာ အချို.
 (၁)သူရိယသတင်းစာ
(၂) မြန်မာ့အလင်းသတင်းစာ
(၃) ဗမာ့ခေတ်သတင်းစာ
(၄) လမ်းညွှန်သတင်းစာ
(၅) သံတော်ဆင့်သတင်းစာ(သစ်)
(၆) ဟံသာဝတီသတင်းစာ
(၇) မျိုးစောင့်သတင်းစာ
(၈) ရှေ့ဆောင်သတင်းစာ
(၉) ပြည်သူ့သတင်းစာ
(၁၀) သခင်သတင်းစာ

သူရိယ သတင်းစာ
(၁၁) ပြည်သူ့အာဏာသတင်းစာ
(၁၂) တိုင်းချစ်သတင်းစာ (မန္တလေးထုတ်)
(၁၃) သုဝဏ္ဏတိုင်းသတင်းစာ (ကေအင်န်ယူထုတ်၊ ကရင်ဘာသာဖြင့်)
(၁၄) စီးပွားရေးသတင်းစာ
(၁၅) ကွန်မြူနစ်သတင်းစာ
(၁၆) ဟစ်တိုင်သတင်းစာ
(၁၇) အရေးတော်ပုံသတင်းစာ
(၁၈) ဆာတူခေါ (စကောကရင်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့်)
(၁၉) ရှမ်းပြည်ရောင်ခြည် (ရှမ်းဘာသာဖြင့်၊ သီးပေါ်ထုတ်)
(၂၀) အလင်းရောင်နေ့စဉ်
(၂၁) ပြည်သူ့ခေတ် (ပုသိမ်မြို့ထုတ်)
(၂၂) မွတ်ဆလင်အပတ်စဉ်
(၂၃) သမာဓိသတင်းစာ
(၂၄) တိုးတက်ရေးသတင်းစာ
(၂၅) မိုးဝေသတင်းစာ (ပြည်သူ့အိုးဝေ အမည်ပြောင်း)
(၂၆) ထွန်းနေ့စဉ်သတင်းစာ
(၂၇) ကြေးမုံသတင်းစာ
(၂၈) မဏ္ဍိုင်သတင်းစာ
(၂၉) ပြည်ထောင်စုသတင်းစာ
(၃၀) နှစ်ဖက်ချွန်သတင်းစာ
(၃၁) ဗိုလ်တထောင်သတင်းစာ
(၃၂) ချင်းတွင်းသတင်းစာ
(၃၃) အထောက်တော်သတင်းစာ
(၃၄) ပြည်တော်စိုးသတင်းစာ
(၃၅) သစ္စာသတင်းစာ (နောင် ခေတ်သစ္စာ အမည်ပြောင်း)


ရှေး သတင်းစာ အချို.
(၃၆) ကြယ်နီသတင်းစာ
(၃၇) အမျိုးသားနေ့စဉ်သတင်းစာ (ခေတ်သစ္စာကို ၀ယ်ပြီးအမည်ပြောင်း)
(၃၈) ဗျူဟာသတင်းစာ
(၃၉) လမ်းစဉ်သတင်းစာ
(၄၀) ပြည်သူ့အလင်း (ရွှေဘိုမြို့ထုတ်)
(၄၁) ပြည်သူ့အသံသတင်းစာ
(၄၂) ခေတ်သစ်သတင်းစာ
(၄၃) မြန်မာ့တက်လမ်းသတင်းစာ
(၄၄) လွတ်လပ်ရေးသတင်းစာ
(၄၅) ဇွဲနေ့စဉ်သတင်းစာ
(၄၆) မြို့မမောင်သတင်းစာ
(၄၇) ရန်ကုန်သတင်းစာ (မြို့မမောင်အမည်ပြောင်း)
(၄၈) နော်ရထာသတင်းစာ
(၄၉) ရခိုင်အသံသတင်းစာ
(၅၀) ဇ၀နသတင်းစာ
(၅၁) ရွှေဟင်္သာနေ့စဉ် (ဟင်္သာတမြို့ထုတ်)
(၅၂) လူထုအာဘော်သတင်းစာ (ဟင်္သာတထုတ်)
(၅၃) ဟင်္သာတနေ့စဉ် (ဟင်္သာတထုတ်)
(၅၄) ရှမ်းပြည်နယ်လင်းရောင်ခြည် (တောင်ကြီးမြို့ထုတ်)
(၅၅) တကယ့်အာဏာသတင်းစာ
(၅၆) ရခိုင်အလင်းသတင်းစာ
(၅၇) ခေတ်သစ်နေ့စဉ်သတင်းစာ (သထုံမြို့ထုတ်)
(၅၈) ရှမ်းပြည်ရှေ့ဆောင် (အပတ်စဉ်ထုတ်)
(၅၉) ဗုဒ္ဓ၀ါဒဓမ္မသတင်းစာ
(၆၀) ခေါင်းဆောင်သတင်းစာ
(၆၁) သာယာဝတီသတင်းစာ
(၆၂) ပြည်သူ့ခေတ်သတင်းစာ
(၆၃) အင်းစိန်သတင်းစာ
(၆၄) ဗမာ့စီးပွားရေးသတင်းစာ
(၆၅) ဖဆပလသတင်းစာ
(၆၆) တိုင်းဗိုလ်သတင်းစာ (ပြည်နယ်တိုင်းဘောလုံးပွဲကာလထုတ်)
(၆၇) မိုးကြိုးသတင်းစာ
(၆၈) ယုဝတီသတင်းစာ
(၆၉) လင်းယုန်သတင်းစာ
(၇၀) မီးဒုတ်သတင်းစာ

(၇၁) ရောင်ခြည်သစ်နေ့စဉ် (မော်လမြိုင်ထုတ်)
(၇၂) ပြည်သူ့ခေတ်သတင်းစာ (မော်လမြိုင်ထုတ်)
(၇၃) ရွှေမြိုင်နေ့စဉ် (မော်လမြိုင်ထုတ်)
(၇၄) တနင်္သာရီနေ့စဉ် (မော်လမြိုင်ထုတ်)
(၇၅) ဟံသာနေ့စဉ် (မော်လမြိုင်ထုတ်)
(၇၆) ကျောင်းသားသတင်းစာ
(၇၇) ကလေးသတင်းစာ
(၇၈) သံလွင်သတင်းစာ (မော်လမြိုင်ထုတ်)
(၇၉) ဓူဝံသတင်းစာ (မြစ်ကြီးနားထုတ်၊ အပတ်စဉ်သတင်း)
(၈၀) တံခွန်သတင်းစာ
(၈၁) မန္တလေးသူရိယသတင်းစာ (မန္တလေးထုတ်)
(၈၂) လူထုသတင်းစာ (မန္တလေးထုတ်)
(၈၃) ဗဟိုရ်စည်သတင်းစာ (မန္တလေးထုတ်)
(၈၄) မြန်မာ့လမ်းစဉ်သတင်းစာ (မန္တလေးထုတ်)
(၈၅) မန္တလေးဟစ်တိုင် (မန္တလေးထုတ်)
(၈၆) မန္တလေးရှေ့ဆောင် (မန္တလေးထုတ်)
(၈၇) ရွှေမန်းရုပ်စုံ (မန္တလေးထုတ်)
(၈၈) ပြည်သူ့ကြေးမုံရဲဘော် (မန္တလေးထုတ်)
(၈၉) တနင်္ဂနွေသတင်းစာ (မန္တလေးထုတ်)
(၉၀) ရန်အောင်သတင်းစာ (မန္တလေးထုတ်)
(၉၁) မန္တလေးဗမာ့ခေတ်သတင်းစာ (မန္တလေးထုတ်)
(၉၂) တနင်္လာသတင်းစာ (Monday Despatch)
(၉၃) အရေးပေါ် (ညနေထုတ်)
(၉၄) ၀တ္ထုသတင်းစာ (မန္တလေးထုတ်)
(၉၅) မန်းခေတ်သတင်းစာ (မန္တလေးထုတ်)
(၉၆) ရုပ်ရှင်ကြေးမုံသတင်းစာ
(၉၇) ပြည်ကျော်သတင်းစာ
(၉၈) နိုင်ငံသစ်သတင်းစာ (နေးရှင်းတိုက်ထုတ်)
(၉၉) လုပ်သားပြည်သူ့နေ့စဉ်
(၁၀၀) ရွှေမောင်း (အပတ်စဉ်)

(၁၀၁) လုပ်သားကြေးမုံ
(၁၀၂) တောင်သူလယ်သမားဂျာနယ်
(၁၀၃) မှန်နန်း (အပတ်စဉ်)

အင်္ဂလိပ်သတင်းစာများ
(၁၀၄) The Guardian
(၁၀၅) The Nation
(၁၀၆) The Burma
(၁၀၇) The News Times of Burma
(၁၀၈) The Burma Star
(၁၀၉) The Union Gazette
(၁၁၀) The Daily Monitor
(၁၁၁) The Rangoon Gazette
(၁၁၂) The Voice of Burma
(၁၁၃) The morning star
(၁၁၄) The Arakan News
(၁၁၅) The Commentator
(၁၁၆) The Working Peoples' Daily
(၁၁၇) The New Light of Myanmar


တရုတ်ဘာသာထုတ် လက်ဝဲလက်ယာ သတင်းစာများ
(၁၁၈) ရန်ကုန်သတင်းစာ
(၁၁၉) ကွမ်ဝှာသတင်းစာ
(၁၂၀) စီးပွားရေးစုံစမ်းရေးဂျာနယ်
(၁၂၁) ဆန်ပေါက်သတင်းစာ

(၁၂၂) ဟုတွိတ်သတင်းစာ
(၁၂၃) ကျင်းဝါးသတင်းစာ
(၁၂၄) မြန်မာပြည်သတင်းစဉ်သတင်းစာ
(၁၂၅) ကော့မင်ရီပို့စ်သတင်းစာ
(၁၂၆) ရန်ကုန်ရီပို့စ်သတင်းစာ
(၁၂၇) မြန်တင့်ဆင်ပို့သတင်းစာ
(၁၂၈) ချိုင်းနားပို့စ်သတင်းစာ
(၁၂၉) စင်ရန်ကွမ်ရီပို့သတင်းစာ
(၁၃၀) စရန်းဆန်ရီပို့သတင်းစာ
(၁၃၁) ဇင်မင်းပို့သတင်းစာ
(၁၃၂) ကျုံဝှာဆန်ပို့ခေါ် ချိုင်းနားကော်မာရှယ်တိုင်းမ်သတင်းစာ
(၁၃၃) ချယိုရီပို့သတင်းစာ (ဖရီးဒမ်းဒေလီ)
(၁၃၄) အာကျူရီပို့ (အာရှဒေလီ)
(၁၃၅) ရှိတိုင်းပို့ (မော်ဒမ်တိုင်းမ်)
(၁၃၆) စိတ်ဝှက်ကျူးပို့
(၁၃၇) ဇင်မင်းကြူးခန်း
(၁၃၈) ကွန်ထန်ပို့
(၁၃၉) ရှာချင်ကြူးပို့


ဟိန္ဒူဘာသာ၊ အူရဒူဘာသာ၊ တမီးလ်ဘာသာ၊ အာရပ်ဗစ်ဘာသာထုတ် (ကုလား) သတင်းစာများ
(၁၄၀) ၀ါနစန်ကန်သတင်းစာ
(၁၄၁) ဘားဗရမားသတင်းစာ
(၁၄၂) ရာစီကာရန်ဂျာနီသတင်းစာ


(၁၄၃) ပူရာချီသတင်းစာ
(၁၄၄) ဂျာရာဘီရီကီသတင်းစာ
(၁၄၅) စံသီးသတင်းစာ
(၁၄၆) ဘာလာဗားမားသတင်းစာ
(၁၄၇) ပရာချီပရာကတ်ရှ်သတင်းစာ
(၁၄၈) သွန်ဒန်ဓရာသတင်းစာ
(၁၄၉) ပရာဝပ်သတင်းစာ
(၁၅၀) ဒူရာဂျတီးသတင်းစာ
(၁၅၁) ဒွါ-အိ-ဂျာဒိသတင်းစာ
(၁၅၂) အင်ဒရာမီတရာသတင်းစာ


၁၉၈၈ ခုနှစ်နောက်ပိုင်း သတင်းစာများ

(၁၅၃) ကြေးမုံ
(၁၅၄) မြန်မာ့အလင်း
(၁၅၅) The New Light of Myanmar
(၁၅၆) မြ၀တီသတင်းစာ (တပ်မတော်)
(၁၅၇) ရတနာပုံသတင်းစာ (တပ်မတော်)
(၁၅၈) မန္တလေးနေ့စဉ် (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)


[NORTHERN STAR, January 16, 2013, ကျော်ဇင် (စာနယ်ဇင်း)၊ ပုဂ္ဂလိကပိုင်သတင်းစာများကို သတိကြီးစွာဖြင့် ကြိုဆိုလိုက်ပါသည်၊ စာမျက်နှာ-၁၁၊ ၂၆]

ဂမ်နမ် စတိုင် ဆိုတာ ဘာကို ရေးတာပါလဲ




GangNam Style ဆိုတာ ..
သူဌေး မဟုတ်ပဲ သူဌေးစတိုင် ဖမ်းထားတဲ့ လူတွေကို လှောင်ပြောင်ထား တဲ့ ...PSY ရဲ. ကမ္ဘာကျော်သွားတဲ့ သီချင်းတစ်ပုဒ် ပါ

Gangnam ဆိုတာ မြစ်တောင်ဘက်လို့ အဓိပ္ပါယ်ရတယ်။ Han မြစ်တောင်ဘက်ခြမ်းမှာရှိတဲ့ seoul မြို့ထဲက သူဌေးရပ်ကွက် တခုပါ။ ထုံးစံအတိုင်း pub တွေ၊ club တွေ၊ karaoke ခန်းတွေ၊ ရေချိုးခန်း တွေရှိတယ်။ အဲဒီတော့ gangnam stlye ဆိုတာ အဲဒီရပ်ကွက်က သူဌေး တွေရဲ့ စတိုင်ပေါ့။ ဒါပေမယ့် Psy က၊ တကယ့် gangnam သားတွေက သီးသန့် စတိုင်မရှိပါဘူး၊ သူဌေး မဟုတ်ပဲ သူဌေးစတိုင် ဖမ်းထားတဲ့ လူတွေကို လှောင်တာပါလို့ ပြောတယ်။
 
သူပြောတာ ဟုတ်ချင်ဟုတ်မယ်။ သီချင်းအစ မှာ ပင်လယ်ကမ်းစပ်မှာ ထိုင်နေသလိုလို နဲ့ နောက်တာ့ ကလေးကစားကွင်း ထဲမှာ ထိုင်နေတာ ဖြစ်နေတယ်၊ ကော်ဇောခင်းလမ်းမှာ ကောင်မလေး တဘက်တယောက်နဲ့ လျှောက်လာနေသလိုနဲ့ နောက်တော့ car parking မှာ ဖြစ်နေတယ်၊ စက္ကူစ confetti တွေ အစား အမှိုက်တွေနဲ့ နှင်းအတုတွေနဲ့ ပက်ခံရပြီး ရီစရာပုံ ဖြစ်သွားတယ်။ ရေနွေးငွေ့ခန်း sauna ထဲမှာ ကျတော့ သူဌေး အဖော်တွေနဲ့ မဟုတ်ပဲ လူမိုက် တွေနဲ့ ဖြစ်နေတာတို့ ၊ အသက်ကြီးတဲ့လူတွေပဲ ပါတဲ့ bus ကားပေါ်မှာ က နေတာတို့၊ အများသုံး ရထားပေါ်မှာ အချစ်စစ် ( မင်းသမီး ) နဲ့ တွေ့တာတို့က အဲဒီလို လှောင်ထားတာလို့ ယူဆ စရာဖြစ်နေတယ်။
 
အပြိုင်အဆိုင်များတဲ့ ကိုရီးယားမှာ ဘွဲ့ကောင်းကောင်း တခုရ ပြီး အလုပ်ကောင်းကောင်း တခု ရဖို့ သိပ်ခက်တယ်။ ဖြတ်လမ်းက အမြန်ကြီးပွားဖို့ကတော့ model တို့၊ မင်းသမီး တို့လို celebrity ဖြစ်မှ ရမယ်။ သီချင်း၊ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတွေက gangnam ထဲမှာဆိုတော့ မင်းသားရုး၊ မင်းသမီးရူးလေး တွေကလည်း gangnam ထဲမှာ ကုပ်ကပ်ပြီး လိုက်နေကြတယ်။ မိဘပို့တဲ့ ပိုက်ဆံလေးတွေ ချွေတာသုံးရင်း ဟန်ကလေး နဲ့ နေကြတယ်။ ထမင်းကိုချွေတာ စားပြီး အဆင့်အတန်းရှိတယ် ထင်ခံရအောင် ဈေးကြီးတဲ့ ကော်ဖီ ဆိုင် ထိုင်ကြတယ်။ ညဘက်ကျတော့ gangnam ထဲ လာကဲတဲ့ သူဌေးတွေ ခေါ်ရာလိုက်ပြီး သူတို့ကျေနပ်အောင် အသုံးတော် ခံရတယ်။ အကိုကြီး ( oppa ) ဘာညာ ခေါ်ရတယ်။ အဲဒါကြောင့် သီချင်းစာသားထဲမှာ မင်းသား ရော မင်းသမီးပါ ကော်ဖီ သောက်ကြတယ်၊ နေ့ခင်းမှာ စတိုင်အပြည့်နဲ့ နေပြီး ညဘက် အချိန်ကျတော့ ဆံပင်တွေကို ဖြည်ချလိုက်တယ်၊ စိတ်တွေဖေါက် လာတယ် လို့ ပါတာ ဖြစ်နိုင်တယ်။ အဲဒီလို သူဌေးတွေဆီက ကပ်စားပြီး ခြစ်ကုပ် စုထားတဲ့ ပိုက်ဆံလေးတွေ များလာရင် second hand, branded လက်ကိုင်အိပ်တွေ ဘာတွေ ဝယ်ကြတယ်တဲ့။ တယ်ဟုတ်။
 
Oppa ကဲ နေတုန်း တံတားအောက် မှာ ရှေးအဝတ်အစားတွေနဲ့ အဖိုးကြီး နှစ်ယောက် ကျားထိုးနေတယ်။ တံတား က အဆင့်မြင့်တဲ့ ခေတ်သစ်၊ တံတားအောက်က တော့ ခေတ်နောက်ကျ ကျန်ခဲ့တဲ့ ယဉ်ကျေးမှု အဟောင်းလို့ မြင်စရာပဲ။ oppa က ကြိမ်းလဲကြိမ်းရော အဖိုးကြီး နှစ်ယောက် ပေါက်ကွဲပြီး လွင့်သွားတာ အခု ပိုက်ဆံဦးစားပေးတဲ့ gangnam စတိုင်ကြောင့် အရင်ယဉ်ကျေးမှုတွေ သေဆုံးကုန်ပြီလို့ Psy က ပြောချင်သလိုပဲ။ သိတဲ့လူတွေကတော့ gangnam မှာ Psy က အကဲဆုံး၊ သူ့ကိုယ်သူ လှောင်ထားတာလို့ ပြောကြတယ်။
 
နတ်သမီးလေးတွေနဲ့ လာကဲတဲ့ သူဌေးအစစ်တွေနဲ့ ရောပါလာတဲ့ သူဌေးအတုလေး တွေကို လှောင်ပြီး ရေးထားတဲ့ သီချင်းတပုဒ်ပေါ့ ။


Saturday, January 26, 2013

မြို.လေးက ဦးရှင်ကြီးပွဲ




နေ.လည် နေက ပြင်းနေပေမယ်. ထမင်.ချိုင်.တွေ အိပ်ရာတွေ သယ်လို. လူ တစ်ချို.ကတော. လှေဆိပ်တွေကနေ မြို.ထဲက အသိအိမ်တွေဆီ သွားနေကြလေရဲ. ယောက်င်္ကျား လေးတွေကတော.နာရီနဲ.ချီပြီး ကုန်းကြောင်းလျှောက်လာကြရလို. မျက်နှာတွေနီပြီး ခြေထောက်မှာလဲ ဖုန်တွေအလိမ်းလိမ်းနဲ. ဒါပေမယ်. တူညီတာက သူတို. အားလုံးမျက်နှာတွေက ပြုံးပျော်လို. အဝတ်အစားသစ်တွေ ဝတ်လို. တော်တော်များများက ဖိနပ်တွေမပါကြပါမယ်. မျက်နှာမှာတော. အစွမ်းကုန်လိမ်းချယ်လို. ဒါ ၁၉၅၀ ကျော်ကျော်က ဦးရှင်ကြီးပွဲ စတဲ.ရက် ရှုခင်းပါ..

ပန်တော်ဆက်ရန် ရောင်းချပေးနေသော ပန်းသည်များ

   မြို.ပတ်လည်မှာ မငြိမ်သက်မှုတွေ ရှိနေပေမယ်. ဒီလိုရက်ဆို ဦးရှင်ကြီးပွဲ ကြည်.ဖို. ရောက်လာကြတဲ. ရွာကလူတွေဟာ ဝါးခယ်မက အသိအိမ် ဆွေမျိုးအိမ်တွေမှာပြည်.လို. ကြိုဆိုတဲ.သူတွေကလဲ ဝမ်းပန်းတသာ.... ညနေနေကျပြီဆိုတာနဲ. တူးနောင်ဂျေဂျေ နောင်.ဂျေဂျေ ဆိုတဲ. နတ်ဒိုးသံက မနားဘူး လူတွေကလဲ အလိုလို တက်ကြွ ရေချိုး အဝတ်အစားလဲ ညနေဘက် ပန်တော်ဆက်ရင် း တစ်ခေါက်သွားဖို.လုပ်ကြ ပွဲဈေးတန်းက အဲဒီတုန်းကတော. အစားအသောက်က လွဲရင် ကျန်တာ မရှိသလောက်ပါပဲ အဲဒီခောတ်က နာမည်ကြီးတဲ. ရွှေဟင်္သာ အငြိမ်.တို. ဝိဇ္ဇာမောင် ဇာတ်တို. ဆို လုံးဝတိုးမပေါက် အဲဒီအချိန်က ပွဲက ဗလာ ကတာ ဖျာပဲရောင်းတယ်လေ အဲဒီအပြင် ဖျာကိုလဲ ထိုက်သင်.သလောက်ပဲရောင်းတော. အဲဒီဖျာ တွေရဲ. ဘေး...နောက်...တွေမှာ အနားပတ်ဝန်းကျင်ကလူတွေက အိမ်ကဖျာတွေ ယူလာပြီးခင်းညနေကျရောင်းစားကြတဲ.ဈေးကွက်တောင် ပေါ်လာသေးတယ်...စိတ်ဝင်စားဖို.ကောင်းတာ တစ်ခုက အဲဒိတုန်းက ဦးရှင်ကြီး ဝင်ရင် ဆိုင်းဆရာ ဦးသိန်းဖေ (ရေကျော်...သိရိမင်္ဂလာလမ်း..ဒေါ်ဌေး -မုန်.ဟင်းခါး-အဖေ) တီးမှရတယ် ဘာဇာတ် ဘာပွဲပဲကက ဦးရှင်ကြီး ဝင်ရင်တော. သူတီးမှ၇တယ်...အဲဒိတုန်းကလဲ စိတ်မကောင်းစရာ တစ်ခုဖြစ်ခဲ့သေးတယ်..ရွှေဟင်္သာဇာတ် ကတုန်း ဇာတ်မှာသုံးတဲ. အနုမြူ မီးလုံးပေါက်တာ လူတစ်ယောက်သေသွားဖူးတယ် သူတို.ဆီကပဲလေ.....

ဦးရှင်ကြီး နှင်. ကျားညီနောင် နတ်ဝင်သည်များ
 .ဒီင်္လိုနဲ. ၁၉၉၀ ၀န်းကျင်လောက်မှာတော. ဦးရှင်ကြီးပွဲဆို ဆန်းညွန်.စီ အငြိမ်.ပဲ ဦးမင်္ဂလာ ဆိုနိ မိုးကျော် အတွဲ ဆိုမြို.ကလူတွေနဲ. ဆွေမျိုးတွေလို ဖြစ်လို. ပွဲဈေးတန်းကတော. ပိုရှည်လာတယ် မျက်လှည်.တွေ ဇာတ်ကားအတိုလေးတွေ ဆက်ပြတဲ. ရုပ်ရှင်ရုံလေးတွေ ..ကလေးကစားတဲ.ချားတို. ရဟတ်တို.တွေပါ ပါလာတယ် တောကလူတွေလဲ လာကြည်.ကြတုန်းပါပဲ မြို.ကလူတွေက ပွဲခင်းနဲ. သီရိမင်္ဂလာလမ်း ကြားနေရာမှာ အိမ်တွေက တန်းလျားတွေ ခုံတွေ ကိုသယ်လာပြီးခင်းကြ ညကျတော.အဲဒီပေါ်ကကြည်.တာလေ တစ်ချို.ဆို လူတွေဝိုင်းတက်လို. ပြန်သယ်တဲ.အချိန်ကျ တစ်စစီတွေဖြစ်လို. ..

.ဒီၤလိုနဲ. ၁၉၉၀ ဝန်းကျင်လောက်မှာတော. ဦးရှင်ကြီးပွဲဆို ဆန်းညွန်.စီ အငြိမ်.ပဲ ဦးမင်္ဂလာ ဆိုနိ မိုးကျော် အတွဲ ဆိုမြို.ကလူတွေနဲ. ဆွေမျိုးတွေလို ဖြစ်လို. ပွဲဈေးတန်းကတော. ပိုရှည်လာတယ် မျက်လှည်.တွေ ဇာတ်ကားအတိုလေးတွေ ဆက်ပြတဲ. ရုပ်ရှင်ရုံလေးတွေ ..ကလေးကစားတဲ.ချားတို. ရဟတ်တို.တွေပါ ပါလာတယ် တောကလူတွေလဲ လာကြည်.ကြတုန်းပါပဲ မြို.ကလူတွေက ပွဲခင်းနဲ. သီရိမင်္ဂလာလမ်း ကြားနေရာမှာ အိမ်တွေက တန်းလျားတွေ ခုံတွေ ကိုသယ်လာပြီးခင်းကြ ညကျတော.အဲဒီပေါ်ကကြည်.တာလေ တစ်ချို.ဆို လူတွေဝိုင်းတက်လို. ပြန်သယ်တဲ.အချိန်ကျ တစ်စစီတွေဖြစ်လို. ..



.အရင်ကတောတွေမှာ video တောင်ကြည်.လို.မ၇တော. ဒီလိုအချိန်ဆို အကုန်တက်လာကြတာလေ.....ခုနောက်ပိုင်းတော. ပွဲဈေးတန်းကြီးက ပိုရှည်လာတယ် လမ်းမကြီးမှာဆို မီးသတ်နားကနေ တစ်ချို.နှစ်ဆို အောင်ဇေယျ လမ်းထိပ်ထိရောက်တယ် ဒါပေမယ်.တောကလူတွေကတော. ညနေစောင်းလေးမှ ဆိုင်ကယ်တွေနဲ.တက်လာကြ ပွဲကောင်းမှ ဖျာဝယ်ကြည်. ဒါမှမဟုတ် ပွဲဈေးထဲလျှောက်ပတ် သူတို.ဆီတွေမှာလဲ ပွဲတွေသွင်းနေကြတာကိုး....

မိချောင်းရုပ်နှင်. ဦးရှင်ကြီး နတ်ဝင်သည်

 အရင်ကတော.ဒီလိုရာသီ ကလေးတွေဆော.ရင် တစ်ခုခုကိုခွပြီး မြင်းစီးရင်စီး ဒါမှမဟုတ်ကျားကတိုင်းဆော.တယ်ဆိုပြီး ခေါင်းမှာတောင်းတွေစွပ်ပြီး ဂျွမ်းတွေ လှိမ်.ထိုးတော.တာပဲ ငယ်ငယ်က အဲဒီကျားကတာကို ကြောက်လဲကြောက် ကြည်.လဲကြည်.ချင် အဲဒိတော. လူကြီးတွေနဲ. ကွယ်ကြည်.ရတာ...မိကျောင်းရုပ်ကြီးကတော. ၁၉၉၀ ကျော်ကျော်လောက်မှာထင်တယ် လှုပ်လို.ရတဲ.အရုပ်ဖြစ်အောင်လုပ်လိုက်တာ တော်တော် ကောင်းသွားတယ် အရင်ကတော. သစ်သားပြားမှာ ဆေးရေးပြီးထောင်ထားရတာ.. အရင်ကတော. ဦးရှင်ကြီးဝင် ပြီးရင် ဗိုလ်ညိုဝင် နောက်ကိုးမြို.ရှင်ဝင် ပုလဲရင်ဝင် ခွန်ချို ခွန်သာဝင် ပြီးရင်ကိုကြီးကျော်ဝင်အမေဂျမ်းဝင် နောက်မှကျန်တာတွေဝင် ကွင်းပိုင်နဲ.အဆုံးသတ် ဒီလိုမျိုးလေ  

ကိုးမြို.ရှင် နတ်ဝင်သည်

 ဒီလိုပသပွဲပြီးမှ နားပြီး အငြိမ်...ဒါမှမဟုတ် ဇာတ်က ဆက်ကရတာလေ...သူ.ဘာသာဖျာဝယ်ကြည်.တဲ့ လူတွေကကြည်. ..ဘေးမှာ ကိုယ်.ဖျာ ကိုယ်ခင်းပြီးကြည်.သူတွေကကြည်. ကိုတာ. ၁၉၉၀ ကျော်ကျော်လောက်မှာထင်တယ် လှုပ်လို.ရတဲ.အရုပ်ဖြစ်အောင်လုပ်လိုက်တာ တော်တော် ကောင်းသွားတယ် အရင်ကတော. သစ်သားပြားမှာ ဆေးရေးပြီးထောင်ထားရတာ.. အရင်ကတော. ဦးရှင်ကြီးဝင် ပြီးရင် ဗိုလ်ညိုဝင် နောက်ကိုးမြို.ရှင်ဝင် ပုလဲရင်ဝင် ခွန်ချို ခွန်သာဝင် ပြီးရင်ကိုကြီးကျော်ဝင်အမေဂျမ်းဝင် နောက်မှကျန်တာတွေဝင် ကွင်းပိုင်နဲ.အဆုံးသတ် ဒီလိုမျိုးလေ  

၂၀၁၂ ဦးရှင်ကြီးပွဲ ဈေးတန်း နေ.လည်ပိုင်း

 ဒီလိုပသပွဲပြီးမှ နားပြီး အငြိမ်...ဒါမှမဟုတ် ဇာတ်က ဆက်ကရတာလေ...သူ.ဘာသာဖျာဝယ်ကြည်.တဲ့ လူတွေကကြည်. ..ဘေးမှာ ကိုယ်.ဖျာ ကိုယ်ခင်းပြီးကြည်.သူတွေကကြည်

ယ်.အိမ်က သယ်လာတဲ့ ခုံခင်းပြီးကြည်.သူတွေကကြည်. သူ.ဘာသာတော. ဟုတ်နေကြတာပါပဲ...အချို.ကျတော.လည်း မိုးလင်းကာနီးမှ နှစ်ပါးသွားနဲ. နောက်ပိုင်းဇာတ်ထုပ်လေးလာကြည်. ကြ..တစ်ခါတစ်လေ နောက်ပိုင်းဇာတ်က မိုးလင်ကာစတောင်မပြီးတတ်သေး အဲဒီတော. ဈေးဆိုင်ဖွင်.ဖို.သွားတဲ့သူတွေလည်း ဝင်ကြည်.ပေါ.  ...နောက်တော. ရုံကာလိုက်တဲ့အခါကျတော. ဒီခုံခင်း ဖျာခင်း စနစ်တွေ ပျောက်သလောက်ဖြစ်သွားပြီး ရုံဖွင်.ချိန် စောင်းကြည်.တဲ့ ဓလေ.တစ်ခုပေါ်လာခဲ့ပါတယ်

Photo By Ye Aung & Yamin Ko Lay