Wednesday, September 26, 2018

ပုဇွန်ဆီ

ဝါးခယ်မဈေးအတွင်းက ပုဇွန်ဆီရောင်းချနေသော ဈေးသည်တစ်ဦး



မြို.လေးက မြစ်ဝကျွန်းပေါ် မြို. ၊ ရေချိုမြို. မို. ရေချို ပုဇွန် စစ်စစ် ၏ အရသာ ကို အပြည့်အ၀ ခံစားခွင့် ရသောမြို.ဖြစ်သည် ။ ဟိုယခင်ကာလများကဆိုလျှင် ညနေဘက် ကမ်းနားသို.ရေချိုးဆင်းကြရင်း ရေဆင်းတံတား တိုင်ခြေကို ရေငုပ်စမ်းလိုက်လျှင်တောင် လက်မခန်. ပုဇွန် ၃ကောင်လောက်တော့ ဖမ်းလို.ရသော မြို.ဖြစ်သည် ။ ဒါ့ကြောင့်လည်း ရေကူးတတ်အောင် ပုဇွန် ကိုဖမ်းပြီး အစိမ်းစားရသည်ဟူသော စကားပေါ်ထွက်ခဲ့သလို ကလေးငယ်များလည်း ကိုယ်တိုင်လိုက်လုပ်ခဲ့ကြသည် ။ ယခုကာလများတွင်တော့ ရေသယံဇာတ ရှားပါးလာမှုဒါဏ်ကို အများနည်းတူခံစားနေကြရပြီး တစ်ခုပဲခံသာသည်က ရေချိုပုဇွန်စစ်စစ်တော့ စားခွင့်ရနေခြင်းပင် ။


ပုဇွန်ကို မိမိတို. မြို.လေးလောက် အစုံစားသည့်မြို. မရှိနိုင် ၊ ရှိလျှင်တောင် အတော်နည်းမည်ဟုထင်ရသည် ။ ပုဇွန်ကို အခြောက် ( ရိုးရိုးခြောက် ၊ ဒုံးခြောက် ) ၊ အကြော် ၊ အလှော် ( ပုဇွန် လက် ၂လုံးခန်.အကောင်များကို အမြီး ၊ နှုတ်သီးနှင့် လက်များ သာဖြုတ်ပြီး ဆီအနည်းငယ်နှင့်ထည့်လှော် ပုဇွန်ကထွက်သော အဆီဖြင့် ထမင်းကိုနယ်ပြီး အခွံခွာစားခြင်း ) ၊ အပြုတ် ၊ အဖုတ် ၊ အသုတ် ၊ အချဉ်ဆီပြန် ၊ ရေချို.ချက် ၊ ပုဇွန်ငါးဆုပ် စသည်တို.အပြင် ပုဇွန်ဥကို လှော်ပြီး တစ်နှစ်စာလှောင်စားကြသလို ပုဇွန်ကို အသားကြော်ကြော်ပြီး မုန်.ဟင်းခါးနှင့်စားခြင်း ၊ ပုဇွန်ဦးနှောက်ကို ကြော်ပြီး မုန်.ဟင်းခါးနှင့် စားခြင်း အပြင် ယခုပြောမည့် ပုဇွန်ဆီကို မက်မက်စက်စက် စားသုံးခြင်းသည်လည်း အလေ့အထ တစ်ခုဖြစ်သည် ။


မြို.လေးတွင် ပုဇွန် ( အသား မှ လွဲ၍ ကျန်သည့်အရာများ ) လွန်စွာပေါများခဲ့သော ကာလတစ်ခု ရှိခဲ့သည် ။. အတိအကျ မမှတ်မိသော်ငြား ၁၉၉၀ ၀န်းကျင်တစ်ဝိုက်ဟုထင်သည် ။ ထိုကာလ ငန်းကျင်က ၀ါးခယ်မ မှ ပုဇွန်များကို ခေါင်းဖြုတ် ၍ ကိုယ်လုံးများကို ရန်ကုန်တင် / နိုင်ငံခြားပို. လုပ်သော ခောတ်တစ်ခု ရှိခဲ့သည် ။ အခြေခံ လူတန်းစားအတွင်းတွင်လည်း ၀င်ငွေအသင့်အတင့်ရသည့် ပုဇွန်ခေါင်းချိုး သော လုပ်ငန်းတစ်ရပ် ပေါ်ထွန်းခဲ့သလို မြို.လေး၏ ဈေးကွက်တွင်လည်း ထိုလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော ပုဇွန်ခေါင်း ၊ ပုဇွန်ပါးသား ၊ ပုဇွန်ဆီဈေးကွက်တစ်ခု ဖွံ.ဖြိုးလာခဲ့သည် ။


ပုဇွန်ဆီကိုချက် ၊ ထမင်းပူပူ နှင့် နယ်လိုက်လျှင် ထွက်ပေါ်လာသော ရနံ.က ( ပုဇွန်ကြိုက်သူများအဖို.တော့ ) အင်မတန် ဆွဲဆောင်မှု ရှိသော ရနံ.တစ်ခုဖြစ်သည် ။ များသောအားဖြင့် ထိုစဉ်က လူကြီးများ က ထမင်းပူပူ ကို ဆားလေးအနည်းငယ်ဖြူး ၊ ပုဇွန်ဆီ နှင့်နယ် ၊ နံသာဖု ငှက်ပျော်သီး နှင့်စားလေ့ရှိကြသည် ။ ဤနေရာတွင် ထမင်းပူပူ နှင့်နယ်ရသည်မှာ အကြောင်းရှိသည်။ ပုဇွန်ဆီသည် ခဲပျစ်သောအမျိုးမို. ထမင်းအေးနှင့်နယ်လျှင် စေးပိုင်သော သဘောရှိပြီး ထမင်းအပူ နှင့် ပုဇွန်ဆီတွေ.သောအခါ ပုဇွန်ဆီသည် ထမင်းအပူတွင်ပျော်ဝင်သွားပြီး သူ၏ ကွယ်ဝှက်ထားသော ရနံ.ကိုပါ ဖွင့်လှစ်ပြလိုက်သော အခါ စားချင်စဖွယ်မွှေးကြိုင်လာတတ်သော ရနံ.ထွက်ပေါ်လာတတ်ခြင်းပင် ။ သူ.ကိုမှ ငှက်ပျော်သီးများအနက် ရနံ.အမွှေးကြိုင်ဆုံး ဒေသထွက် နံသာဖု ငှက်ပျော်သီး နှင့် တွဲဖက်စားသုံးလိုက်သောအခါ ဆိမ်.သော ၊ ချိုသော ၊ မွှေးသော ရနံ..၊ အရသာအားလုံးကို ပိုင်ဆိုင်ခွင့်ရရှိလိုက်ခြင်းပင် ဖြစ်သည် ။


( ဤနေရာတွင် တစ်ခုအသိပေးလိုသည်မှာ နည်းပညာ နှင့် အသိတရား ထွန်းကားဖွံ.ဖြိုးသော နိုင်ငံအသီးသီး၏ ဒေသအသီးသီးတွင် ဒေသထွက် သီးနှံ ၊ သား ၊ ငါး ၊ အစားအစာတို.ကို မျိုးရင်းမပျက် ထိမ်းသိမ်းကြပြီး ဂုဏ်ယူဝင့်ကြွားစွာ ဈေးကွက်တင်ကြသော ဓလေ့ရှိသော်ငြား မိမိတို.အနေဖြင့် ဤအပိုင်းတွင် များစွာ အားနည်းချက်ရှိနေကြသည် ။ ထို.ကြောင့် စွမ်းဆောင်နိုင်သူများ အနေဖြင့် ထိုကိစ္စ ရပ် ကို ပညာရှိ သတိဖြစ်ခဲ မဖြစ်ကြစေရန် နှိုးဆော်အပ်ပါသည် ။ ဥပမာ ၀ါးခယ်မ ပဲတီစိမ်း ၊ ၀ါးခယ်မငရုပ် ၊ သရွတ်မြိုက် ငါးသလောက် ၊ နံ.သာဖု ငှီက်ပျော ၊ဆင်စွယ်ငှက်ပျော ၊ ရာဇမတ် သရက် ၊ သံကွန်ခြာ သရက် ၊ နို.ဆီ သရက် စသည်ဖြင့် )


ယခုတိုင်လည်း မြို.လေးတွင် ပုဇွန်ဆီ ကိုစားသုံးနေကြဆဲဖြစ်သည် ။ သို.သော် ပြောင်းလဲလာသော နေထိုင် စားသောက်မှု ဓလေ့များကြောင့် အဖြစ်များလာသော သွေးတိုးရောဂါအတွက် ပုဇွန်ဆီသည် သတိထားရမည့် အစားအစာဖြစ်လာနေသည် ( ယခင်ကာလများက လူကြီးပိုင်းများ အနေဖြင့် ငါးသလောက် ၊ ပုဇွန်ဆီ စသည်တို.သည် အတိုင်းအတာ တစ်ခုအထိ စိတ်တိုင်းကျ စားနိုင် / စားရဲ ကြသော်လည်း ဒီဘက်ခောတ်များတွင်တော့ ဆင်ခြင်လာကြရသည် ) ။ အချို.ဒေသများတွင်မူ ဂဏန်းဆီ ကို ပုဇွန်ဆီ လုပ်ရောင်းတတ်ကြပြီး အခန်.မသင့်လျှင် ချက်ခြင်းပင် ဗိုက်နာတတ်ကြပြီး အခြားဘေးထွက်ဆိုးကျိုးများ ကြုံရလေ.ရှိသဖြင့် သတိနှင့်ယှဉ်၍ သုံးဆောင်ကြပါရန် သတိပေးအပ်ပါသည် ။

အစွဲအလမ်း ကြီးသူတို.ရဲ. မြေ က စွယ်စုံသုံး သတ္တ၀ါ



လူမျိုးအတော်များများ ဟာသက်ဆိုင်ရာ နိုင်ငံ ၊ ဒေသ ၊ လူမျိုး အစွဲ အနည်းနဲ.အများတော့ ရှိတတ်ကြပါတယ် ။ ဥပမာ ကိုရီးယားတွေချင်းဆို ဘယ်ကလည်း ၊ ဆိုးလ် က လို.ပြောလိုက်ရင် ဆိုးလ်မြို.သားချင်း ညီအကိုပါပဲ ။ အဲ့ဒီလိုပါပဲ ၊ မြို.သားကွ ၊ ရန်ကုန်သားကွ ၊ ရွှေမန်းသားကွ စသည်ဖြင့် ကြွေးကျော်ကြလေ့ရှိပါတယ် ။ အဲ့ဒီလိုပါပဲ ။ ၀ါးခယ်မသားတွေ ကလည်း ကြွေးကျော်လေ့ရှိပါတယ် ။ WKA ကွ ဆိုပြီးတော့ပေါ့ ။ WKA ဆိုတာ အရင် မှတ်ပုံတင် ခောတ် က ၀ါးခယ်မ စာလုံးပေါင်း WaKemA ရဲ. အတိုကောက် ကိုခေါ်တာပါ ။
တကယ်လို.များ သင့်အပေါင်းအသင်းထဲမှာ ၀ါးခယ်မသားတစ်ယောက်ယောက်များ ရှိခဲ့ရင်တော့ ဒီ Post လေးကို အပြတ်အသတ်ထောက်ခံမိမှာပါ ။


WKA ဆိုတာ မုန်.ဟင်းခါးဆိုလည်း ၀ါးခယ်မ မုန်.ဟင်းခါးမှ ၊ ငါးသလောက်ဆိုရင်လည်း သရွတ်မြိုက် ( ၀ါးခယ်မအပိုင်ကျေးရွာတစ်ခု ) ငါးသလောက်မှ ၊ ငါးမုန်.ကြော်ဆိုလည်း ၀ါးခယ်မ ထွက်မှ ၊ ပုဇွန်ချဉ်ဆိုရင်လည်း ၀ါးခယ်မ ပုဇွန်ချဉ် မှ ၊ သရက်သီးဆိုလည်း ဝါးခယ်မ ကနို့ဆီသရက်မှ - ငှက်ပျောသီးဆိုလည်း ဝါးခယ်မ က ဆင်စွယ်ငှက်ပျောမှ - ငရုတ်သီးတောင့် ငရုတ်သီးမှုန်.လည်း ၀ါးခယ်မ ကမှ ၊ လဘက်ထဲထည့်တဲ့ ကြက်သွန်ကြော်တောင် ၀ါးခယ်မ ကမှ ၊ မုန်.ဟင်းခါး ထဲထည့်စားတဲ့ ပဲကြော်တောင် ၀ါးခယ်မကမှ ၊ နောက်ဆုံး ဆနွင်းမှုန်.တောင် ၀ါးခယ်မကမှ စစ်တာ ၊ ကောင်းတာလို. ခံယူထားကြသူတွေပါ ။ ကြိတ်ထားတဲ့ သနပ်ခါးတောင် ၀ါးခယ်မ ကမှာလိမ်းကြတာပါ ။ ရန်ကုန်မှာ အလှုလုပ်လို. ၀ါးခယ်မ မုန်.ဟင်းခါးကျွေးတောင် ၀ါးခယ်မက ငါး ၊ ၀ါးခယ်မ က မုန်.ဖတ် ၊ ၀ါးခယ်မ ကအကြော် ကို ၀ါးခယ်မ က လူလာချက်မှ ၀ါးခယ်မမုန်.ဟင်းခါးစစ်တာဆိုပြီး တကူးတက စီစဉ်ကျွေးမွေးကြသူတွေပါ ။ ရေလောက်သာ အခြားက သုံးတာပါ ။ အစားဆိုရင်လည်း ၀ါးခယ်မကမှအကောင်းထင်ကြတာ ၊ အပေါင်းအသင်းဆိုရင်လည်း ၀ါးခယ်မသားချင်းတွေ.လို.ကတော့ ပတ်ဝန်းကျင်ကိုမေ.တာ ၊ ဘာလေးပြောပြော ငါတို..၀ါးခယ်မ မှာဆိုရင် --- ငါတို.၀ါးခယ်မမှာတုန်းက … ငါတို. ၀ါးခယ်မကလေဆိုပြီး အစချီတတ်သူတွေပါ ။

Photo by Aye Aye Myint

အဲ့ဒီထဲမှာမှ ပုဇွန်ဟာ ၀ါးခယ်မ ရဲ. အသည်းစွဲစားစရာတစ်ခုပါ ။ ပုဇွန် ကို မီးဖုတ် သံပုရာရည်လေးဆမ်းသုပ်စားတာ ၊ ပြုတ်ပြီး သုတ်စားတာ ၊ပုဇွန်ထုပ်ကြီးတွေကို ဆနွင်းလေး ၊ ကြက်သွန်နီလေးနဲ. အဖြူထည်ကြော်စားတာ ၊ အကောင်အသေးလေးတွေကို ရေသန်.အောင်ဆေးပြီး ငြုပ်သီးခွဲကြမ်းနဲ. စုတ်ဖွားကြော်ကြော်စားတာ ၊ အနေတော် အကောင်လေးတွေကို အခွံခွာပြီး အစို စပ်စပ်လေးကြော်တာ ၊ ခြောက်နေအောင်ကြော်တာ ၊ လက်နှစ်လုံး လောက်အကောင်တွေကို နှုတ်သီးတင်ဖြတ်ပြီး အဖြူထည် ကြော်ပြီး ပန်းကန်ထဲရောက်မှ အဆီနဲ.လူးပြီး အခွံခွာစားတာ ၊ ပုဇွန်ကိုချဉ်ရေချက်စားတာ ၊ ရေချိုချက်ပြီး ပင်စိမ်းလေးအုပ်စားတာ ၊ ပုဇွန်ငါးဆုပ် လုပ်စားတာ ၊ ပုဇွန်နဲ.ငံပြာရည်ဆီသတ်ကိုကောင်းကောင်းသပ်တာ တွေအပြင် ပုဇွန်ဥ ကို တစ်နှစ်စာခံအောင်ထားပြီး ရေလဲသုံးတာ ၊ ပုဇွန်အသားကြော်ကို မုန်.ဟင်းခါးနဲ.စားတာ ၊ ကမ္ဘာပေါ်မှာ ၀ါးခယ်မ တစ်မြို.တည်းရတဲ့ ပုဇွန်ဦးနှောက်ကြော်ကို မုန်.ဟင်းခါးနဲ.စားတာ နဲ. ပုဇွန်ကို ဆားလေးထည့်ပြုတ် ထောင်းပြီး အုန်းကောက်ညှင်းနဲ.စားတာ ၊ ပုဇွန်ဆီထုတ်ပြီး သီးသန်.စားတာ စသည်ဖြင့် ပုဇွန်ဟာ ၀ါးခယ်မမြို.သားတွေကို ပုံစံမျိုးစုံနဲ. အသုံးတော်ခံနေရသူပါ ။
အဲ့ဒီအားလုံးဟာလည်း ၀ါးခယ်မ ပုဇွန်နဲ.မှအရသာအပြည့်ရတာလို.ထင်ကြသူတွေပါ ။

ပုဇွန်အသားကြော် နဲ. ပုဇွန်ဦးနှောက်ကြော်




ဟုတ်ပြီ ဒါဆို ၀ါးခယ်မပုဇွန်ဆိုတာ သပ်သပ်ရှိလား ၊ ရေချိုပုဇွန်ပဲ မဟုတ်ဘူးလားဆိုရင် မဟုတ်ဘူး ၊ မတူဘူး ၊ ဘာမတူဘူးလဲတော့ မသိဘူးလို.ပြောရပါမယ် ။ ရေငန်ပုဇွန်တွေဖြစ်တဲ့ Pink ဆိုတဲ့ ပန်းရောင်ပုဇွန်တွေ ၊ White ဆိုတဲ့ အဖြူရောင်ပုဇွန်အပြားတွေ ၊ Tiger ဆိုတဲ့ ပုဇွန်အကျားတွေ ၊ ရိုးရိုးကျောက်ပုဇွန်နဲ. ပဂဲဆိုတဲ့ Seven Color ကျောက်ပုဇွန်တွေ ၊ ကင်းပုဇွန်တွေ နဲ. လုံးဝမတူတာတော့သေချာပါတယ် ။
ဝါးခယ်မရဲ.အောက်ဘက်အနီးဆုံးမြို. ဖြစ်တဲ့မြောင်းမြအထိဟာ ရေငံထောက်တဲ့ဒေသဖြစ်ပြီး ၀ါးခယ်မကတော့ရေချိုစစ်စစ်စဖြစ်ပါပြီ ။ ၀ါးခယ်မအထက် အနီးဆုံးမြို.ဖြစ်တဲ့ မအူပင်ကစပြီး တာတွေနဲ.မြို.ကိုတည်ဆောက်ပြီး ၀ါးခယ်မကတော့ မြစ်နဲ.ကမ်းနားလမ်း ရေပြင်ညီ အပြိုင်ရှိနေတဲ့မြို.ဖြစ်ပါတယ် ။ ဒါ့အပြင် ဧရာဝတီတိုင်းမှာ ပင်လယ်ကမ်းစပ်မထိတဲ့မြို. ၊ ရေငန်မထောက်တဲ့မြို. ဖြစ်သလို တိုင်းအထက်ပိုင်းကလို အညာမဆန်တဲ့မြို. ၊ မြစ်ကို သဲသောင်တွေ မပိတ်သလို ကမ်းပါးပေါ်မတက်ရပဲ ၊ ချောက်ထဲမဆင်းရပဲ ရောက်တဲ့မြို. ၊ နွေ မိုး ဆောင်း နေ.တိုင်းရေအတက်အကျရှိတဲ့မြို.ပါ ။ ဒါ့ကြောင့်လည်း မြစ်ဝကျွန်းပေါ် ရေချိုစစ်စစ် ဖြစ်ပြီး တမူထူးနေတာလည်းဖြစ်ပါလိမ့်မယ် ။

ပုဇွန်အကောင်သေးကြော် နဲ. Home Made ဦးနှောက်ကြော်





ဝါးခယ်မ မှာ ပုဇွန်ဆိတ် ၊ ရိုးရိုးပုဇွန် ၊ ဆတ်ထုပ် ၊ ပုဇွန်ထုပ် ၊ ဘေးကျား ၊ ဂျော့ စတာလောက်ပဲ စားကြပါတယ် ။ ၀ါးခယ်မ ပုဇွန်တွေဟာ အခြားဒေသတွေမှာ မြင်နေကျ ရေငံပုဇွန်တွေနဲ. မတူသလို အစိမ်းလည်းကြည်လောင်လောင် ၊ ကျော်ပြီးလည်းကြည်လောင်လောင် အကောင်တွေမဟုတ်သလို ကြည့်လိုက်တာနဲ.အကောင်တွေက ဖောင်းဖောင်း လုံးလုံးလေးတွေပါ ၊ ထူးခြားတာကတော့ ကြော်လိုက်တာနဲ. ပုဇွန်နံ.က တားမရ ၊ ဆီးမရ မွှေးပျံ.လာတာပါပဲ ။ အခြားပုဇွန်တွေက အရောင်ရှိရင် အနံ.မရှိ ၊ အနံ.ရှိရင် အရသာမရှိ တွေဖြစ်လေ့ရှိပြီး ၀ါးခယ်မက ပုဇွန်က မှ ကိုယ်လုံးကိုယ်ထည် ၊ အရောင်အသွေး ၊ မွှေးရနံ. နဲ. အရသာထူးကိုပေးနိုင်တာလို. WKA တွေက ယုံကြည်ကြပါတယ် ။ ၀ါးခယ်မ က လူအတော်များများက ပုဇွန်အကောင်ကြီးလာရင် များသောအားဖြင့် အဖြူထည်ပဲ ကြော်လေ့ရှိကြပါတယ်


ပုဇွန်အကောင်ကြီးကြီးလေးတွေကို အခွံအကုန်ချွတ် ၊ ၀ါးခယ်မဆနွင်း စစ်စစ် နည်းနည်းလေးထည့် ( ဆနွင်း အစစ်မို. များရင် အနံ.ပြင်းပြီး ပုဇွန်ရဲ.. မွှေးရနံ.ကို ထိခိုက်နိုင်သလို ကြော်ပြီးချိန်မှာ ပုဇွန်ဆီရောင် ပျောက်ပြီး ၀ါထိန်နေတတ်ပါတယ် ) အချို ၊ အငန်လေးနဲ.နယ်ပြီး ခဏနှပ်ထား ၊ ပြီးတာနဲ. ဒယ်အိုးထဲ ဆီလေးနည်းနည်းပိုထည့်ပြီး ကြက်သွန်နီများများ ၊ ကြက်သွန်ဖြူလေး နည်းနည်းထည့် ၊ ဆီသတ် နှပ်ထားတဲ့ပုဇွန်ကိုထည့်ပြီးကြော် ကြပါတယ် ။ တအားကြာအောင်မကျော်ပဲ ( တအားကြာရင် အသားတွေမာပြီး အချိုလည်းလျော့သွားတတ်ပါတယ် ) စားလေ့ရှိကြပါတယ် ။
ပုဇွန်ကထွက်လာတဲ့ အဆီလေးကိုထမင်းအပူလေးနဲ.နယ် ၊ အသားလေးကိုမြုပ်စား

ဒါဆို
ငါဟဲ့ ၀ါးခယ်မသား လို. ပြောလို.ရပြီပေါ့

တမ်းတခြင်း - နောင်ယဉ်ထက်

တမ်းတခြင်း


Photo by Ywar Thar


မနက်စောစော အိပ်ယာထ
တမ်းတမိတယ်။
အဲ့ဒီမှာပေါ့
အပျံသင်ငှက်ငယ်တွေရှိတယ်။
အမြင့်ပျံငှက်တို့ရဲ့ ခြေရာတွေလည်းကျန်ခဲ့။
အဲ့ဒီမှာပေါ့
အိပ်မက်မြစ်တို့ မြစ်ဖျားခံရာရှိတယ်။
ငါတို့ရဲ့နှလုံးသွေးတွေ စီးဆင်းနေဆဲ။
အဲ့ဒီမှာ ရာဇ၀င်သင်ခဲ့ရ
သူကိုယ်တိုင်က
တို့မြို့လေးရဲ့ ရာဇ၀င်ဖြစ်ရဲ့။
အဲ့ဒီမှာ ကဗျာတွေသင်ခဲ့ရ
သူကိုယ်တိုင်က
တို့မြို့ကလေးရဲ့ ကဗျာတစ်ပုဒ်ဖြစ်ရဲ့
(ငါ့တို့ရင်ဘတ်ထဲ ခုထိ
တမ်းတမ်းမက်မက်ရွတ်ဆိုနေဆဲ)
အဲ့ဒီမှာပေါ့
ခေါင်းလောင်းသံချိုချိုရှိတယ်၊
လိပ်ပြာတောင်ပံခတ်သံရှိတယ်၊
ရောင်စုံပန်းခင်းရှိတယ်၊
ဥယျာဉ်မှူးတွေလည်းရှိတယ်။
ရှင်သန်ခြင်းတွရှိတယ်၊
ဖြစ်တည်မှုတွေရှိတယ်။
ခွဲခွာခြင်းတွေရှိတယ်၊
ဆုံဆည်းခြင်းတွေလည်းရှိတယ်။
ဖြူစင်ခြင်းတွေရှိတယ်၊
ရိုးသားခြင်းတွေရှိတယ်၊
................... ရှိတယ်
................... ရှိတယ်
ခုလိုအိပ်ယာထ
လောကကို ဖွင့်ကြည့်မိတော့
တမ်းတခြင်းတွေရှိနေလေရဲ့။
(နောင်ယဉ်ထက်)

Friday, June 15, 2018

မုံရွာကျောင်း ဆရာတော် ဘဒ္ဒန္တ ဇောတမုနိ ၏ ထေရုပ္ပတ္တိ အကျဉ်း





ဆရာတော် အလောင်းအလျာ ကို စစ်ကိုင်းတိုင်းဒေသကြီး တန်.ဆည်မြို.နယ် ညောင်ဇီးကုန်း အုပ်စု ပေါက်တော ရွာ ၌ ခမည်းတော်ဦးစံပြည့် ၊ မယ်တော် ဒေါ်လုံး တို.မှ ၁၂၉၄ ( ခရစ်နှစ် ၁၉၃၂ ) ခုနှစ် ကဆုန်လဆန်း ၁၃ ရက် အင်္ဂါနေ. မနက် ၅း၀၀ နာရီအချိန်တွင် မီးရှုးသန်.စင် ဖွားမြင် ခဲ့ပါသည် ။ ညီအကို မောင်နှမ ခြောက်ဦးတို.တွင် ဆရာတော်သည် စတုတ္ထမြောက် သားရတနာ တစ်ဦး ဖြစ်ပြီး  ငယ်နာမည် မှာ မောင်ဥာဏ်ပိုင် ဖြစ်ပါသည် ။

၁၃၀၇ ခုနှစ် တပို.တွဲလဆန်း တွင် ခမည်းတော် ၊ မယ်တော်တို.၏ ပစ္စယာနုဂ္ဂဟ ကို ခံယူ၍ ဆရာတော် ဦးသုမင်္ဂလ ကို ဥပဇ္ဈယ် ပြု၍ ရှင်သာမဏေ အဖြစ်သို.ရောက်ရှိခဲ့သည်

ဆရာတော်သည် ငါးနှစ်အရွယ်မှ စတင်ကာ တန်.ဆည်မြို.နယ် ပေါက်တောကျောင်းဆရာတော်များ ဖြစ်သော ဘဒ္ဒန္တ ၀ိစာရ ၊ ဘဒ္ဒန္တသုမန တို.ထံ ၁တန်း ၊ ၂တန်း နှင့် အခြေခံပညာတို.ကိုလည်းကောင်း ၊ တန်.ဆည်မြို.နယ် ရွှေဂူ အရှေ.ကျောင်း ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ တို.ထံတွင် ၃တန်း ၊ ၄တန်း နှင့် ပါဋ္ဌိစာပေ အခြေခံသင်ရိုးတို.ကိုလည်းကောင်း သင်ယူခဲ့ပါသည် ။ ပညာသင်ဘက် သက်ရွယ်တူ ကိုရင် ၁၂ ပါးတွင် အတော်ဆုံး ကိုရင် တစ်ပါးအဖြစ် အသိအမှတ်ပြု ခံခဲ့ရသည် ။



၁၃၀၉ ခုနှစ် တန်ခူးလဆန်း ၉ ရက်နေ.တွင် မုံရွာမြို. အရှေ.လယ်တီတိုက် ပထမကျော် ဘဒ္ဒန္တ၀ါယာမ ဆရာတော် ထံရောက်ရှိကာ ဆရာတော့်ထံမှ ပဒရူပ သိဒ္ဓိ နှင့် မာတိကာ ဓါတုကထာ ကျမ်းစာကိုလည်းကောင်း ၊ စာချဆရာတော်များ ဖြစ်ကြသော ဘဒ္ဒန္တ မေဃ ၊ ဘဒ္ဒန္တဇောတိက တို.ထံမှ သဒ္ဒါ ၊သဂြိုဟ် ၊ ၀ိနည်း တို.ကိုလည်းကောင်း သင်ယူခဲ့ပြီး ၁၃၁၃ ခုနှစ်တွင် ပထမငယ်တန်းကို ထိုကျောင်းတိုက် မှပင် အောင်မြင်တော် မူခဲ့သည် ။

 ၁၃၁၃ခုနှစ် ပြာသိုလဆန်း ၁၄ ရက် နေ.တွင် မုံရွာခရိုင် ချောင်းဦးမြို.နယ် ကျီကုန်းကျောင်းဆရာတော် ဦးကောဏ္ဍည ကို ဥပဇ္ဈယ် ပြု၍ ၀ါးခယ်မမြို. မုံရွာကျောင်းတိုက် ဓဏ္ဍသိမိ သိမ် ၌ ရဟန်းလောင်း ၁၂ ပါးကို လေးဆိုင်းခွဲ၍ သိမ်ဝင်ရာ နာဂအမည်ဖြင့် ဆရာတော်များ၏ ဓမ္မာနုဂ္ဂဟ ဖြင့်လည်းကောင်း ၊ ရဟန်းအမ ၁၂ ပါးအနက် ၀ါးခယ်မမြို. မြူရုံးလမ်း ရွှေတောင်လဘက်ခြောက် ကုန်သည် ဦးတင်ဖေ - ဒေါ်မြသန်း ( ဦးအောင်ဇင် ၏ မိဘများ - ခရစ်ယာန် ဘုရားကျောင်းရှေ.) တို.၏ ပစ္စယာနုဂ္ဂဟ ဖြင့်လည်းကောင်း ရဟန်းအဖြစ်သို. ရောက်ရှိခဲ့ပါသည် ။

ထို ၁၃၁၃ ခုနှစ်တွင်ပင် ၀ါးခယ်မမြို. မုံရွာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ ဆရာတော်ထံ ယမိုက် ၁၀ ကျမ်း ၊ ပဋ္ဌန်း ၊ အလင်္ကာ ၊ ဆန်း ၊ ပါတိမောက်တို.ကို သင်ယူခဲ့ရာ ၁၃၁၅ ခုနှစ်တွင် မုံရွာကျောင်းတိုက် မှ ပထမလတ် တန်း ကိုအောင်မြင်တော် မူခဲ့ပါသည် ။

၁၃၁၆ ခုနှစ် ကုန်ခါနီးတွင် မန္တလေးမြို. အနောက်ပြင် မေဃ၀တီ တောင်သမန် တုလွတ်ရန်ရှောင် ကျောင်းဆရာတော် ဘဒ္ဒန္တ တိလောက ထံ မှ ပထမကြီးတန်း စာပေများကို လေ့လာသင်ယူကာ ထိုကျောင်းတွင် ပထမကြီးတန်း အောင်မြင်တော်မူခဲ့ပါသည် ။



၁၃၁၈ ခုနှစ်တွင် တောင်သမန် တိုက် ပုသိမ်ဆရာတော် ဘဒ္ဒန္တ ရေ၀တ ၊ နန်းတော်ကျွန်းဆရာတော် နှင့် ဆရာတော် ဦးကေသ၀ တို.ထံတွင် စာချတန်း စာဝါများကို ၁၀ါအတွင်းသင်ယူနိုင်ခဲ့ပါသည် ။ထိုသို.သင်ယူနေစဉ် ငယ်ဆရာတော် ရွှေဂူ အရှေ.ကျောင်းဦးသုမင်္ဂလ ၏အမိန်.အရ ရပ်ရွာ ဇာတိ ကျောင်းအပျက်ကို ပြုပြင်ကာ ငါးနှစ်လုံးလုံး ကျောင်းသစ်ဆောက်ခြင်း ၊ ဘက ပညာရေး ကိုထောက်ကူသင်ကြားပေးခြင်းတို.ဖြင့် ဆရာ.အမိန်.နာခံကာကျေးဇူးဆပ်ရင်း သာသနာပြုနေခဲ့ပါသည် ။

၁၃၂၃ တန်ဆောင်မုန်း လတွင် ၀ါးခယ်မမြို. မှ ရဟန်း ဒါယကာ ၊ ဒါယကာမတို.က ပညာရေးကို ဆက်လက်လုပ်ဆောင်ပါရန် တောင်းဆိုပူဆာ မှုကြောင့်  ၀ါးခယ်မမြို. မုံရွာကျောင်းတိုက် ဆရာတော် ဦးပညာဝံသ ထံ ပြန်လည်ရောက်ရှိခဲ့ပါသည် ။ သို.သော် ဆရာတော် ဦးပညာဝံသ ၏ တာဝန်ပေးမှု အရ တစ်နေ.လျှင် စါဝါ သုံးဝါ ပို.ချနေရသဖြင့် စာချတန်းစာပေများကို ဆက်လက်လေ့လာသင်ယူနိုင်ခြင်း မရှိတော့ပါ ။ ထိုစာဝါပို.ချမှုကို ၁၃၂၃ မှ ၁၃၄၅ အထိ ၂၂ နှစ်တိုင်တိုင် ပြုလုပ်ခဲ့ပါသည် ။

ဆရာတော်သည် ၀ါးခယ်မမြို. မုံရွာကျောင်းတိုက် တွင် စာချဆရာတော် ၊ တိုက်အုပ်ဆရာတော် ၊ ထို.နောက် ပဓါန နာယက ဆရာတော် အဖြစ် သီတင်းသုံးနေထိုင်တော်မူခဲ့ပါသည် ။ ၀ါးခယ်မမြို.နယ် သာသနာရေးဆိုင်ရာ ၀ိနစ္ဆယ များ နှင့်  ပညာရေး ကဏ္ဍတို.တွင် အကြံပေးခြင်း ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းများ  လုပ်ကိုင်ဆောင်ရွက်ပေးတော် မူခဲ့ပါသည် ။.၀ါးခယ်မမြို. မြန်မာအဘိဓါန် ကော်မရှင် အဖွဲ.တွင် ပါဝင်ခဲ့ပြီး ဝေါဟာရပေါင်း ၆၀၀၀-၇၀၀၀ ခန်. ပေးပို.တော်မူခဲ့ပါသည် ။



ဆရာတော်သည် ၁၃၈၀ နယုန်လပြည့်ကျော် ၁၀ ရက် ( ၈ - ၆ - ၂၀၁၈ ) မနက် ၆း၀၀ နာရီအချိန် သက်တော် ၈၇ နှစ် သိက္ခာတော် ၆၇ ၀ါ အရတွင် ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့ပါသည် ။

Friday, June 1, 2018

နာမည်ကျော် စက်သေနတ် ၊ နောက်ပွင့်ရိုင်ဖယ် ၊ လောင်ချာ ၊ စိန်ပြောင်း အချို.

နာမည်ကျော် လက်နက်ငယ်များ အကြောင်း တစ်စေ့တစ်စောင်း ( ၂ )

နာမည်ကျော် လက်နက်ငယ်များ အကြောင်း တစ်စေ့တစ်စောင်း


BA 63 - G3