Friday, March 9, 2018

ရေပြာရေတပ် (Blue Water Navy ) ဆိုသည်မှာ - ဇွဲထွဋ်ဦး



 ၂၀၁၈ ခုနှစ် မတ်လ ၃ ရက်နေ့ Daily Eleven ပါ ဆောင်းပါးတစ်ပုဒ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တပ်မတော် (ရေ) အား ရေပြာရေတပ် (Blue Water Navy ) အဆင့်သို့ တိုးမြှင့်တည်ဆောက်သွားမည်ဟု ပြောကြားခဲ့ရာ အဆိုပါ ရေပြာရေတပ်ဟူသော ဝေါဟာရအား စာဖတ်သူ ပြည်သူများအကြားတွင် ဒွိဟစိတ်များဖြင့် ဝေဖန်နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် အဆိုပါ ရေပြာရေတပ် (Blue Water Navy) ဆိုသည့် အဓိပ္ပာယ်အား ဖွင့်ဆိုပြချင်ပါသည်။

Blue Water Navy ဆိုသည်မှာ ရေကြောင်းဆိုင်ရာ တပ်ဖွဲ့ကြီး တစ်ခုဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် ကမ္ဘာအနှံ့ မည်သည့်နေရာကိုမဆို သွားလာစစ်ဆင်နိုင်စွမ်းရှိပြီး သမုဒ္ဒရာရေနက်ပိုင်းဒေသများအထိ ဖြန့်ကျက်နိုင်စွမ်းရှိသော ရေကြောင်းတပ်ဖွဲ့ကြီးအား ဆိုလိုသည်။ Blue Water Navy သည် ရေညိုရေတပ် (Brown Water Navy) နှင့် ရေစိမ်းရေတပ် (Green Water Navy) တို့ထက် တစ်ဆင့်မြင့်မားသော ဝေါဟာရသတ်မှတ်ချက်တစ်ခုပင် ဖြစ်သည်။

အဘိဓာန်ကျမ်းများနှင့် ရေကြောင်းလက်စွဲ စာအုပ်များစွာတို့၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ ရေညိုရေတပ် တစ်ခုသည် ကမ်းနီးရေတိမ် ဒေသ အတွင်း စစ်ဆင်နိုင်သောရေတပ်အား ဆိုလိုခြင်းဖြစ်ပြီး ကမ်းခြေမှ မိမိ၏ သီးသန့်စီးပွားရေးဇုန် တည်ရှိနေသော နော်တီကယ်မိုင် ၁၀၀ အကွာ အဝေးထိ စစ်ဆင်နိုင်သောရေတပ်အား သတ်မှတ်ပါသည်။

ရေစိမ်းရေတပ်မှာမူ အဆိုပါ ကမ်းနီးရေတိမ်ဒေသနှင့် မိမိ၏သီးသန့် စီးပွားရေးဇုန် နော်တီကယ်မိုင် ၁၀၀ ပြင်ပသို့ထွက်၍ စစ်ဆင်နိုင်စွမ်း ရှိသောရေတပ်အား သတ်မှတ်ထားသည်။ ရေပြာရေတပ်အတွက်မူ မိမိကမ်းခြေမှ နော်တီကယ်မိုင် ၁၅၀၀ ထိ စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်အား ဆိုလိုပါသည်။ မည်သို့ပင်ဖြစ်စေ Blue Water Navy အတွက် တူညီကြသော အဓိပ္ပါယ်သတ်မှတ်ချက် နောက်တစ်ခုတွင် ထည့်သွင်းဖော်ပြထားသည်မှာ အဆိုပါရေတပ်မျိုးသည် ပိုင်ဆိုင်သော နိုင်ငံ ၏ အာဏာစက်အား ဖြန့်ကျက်နိုင်ပြီး အင်အားချိန်ခွင်လျှာ ထိန်းညှိနိုင်သော ရေတပ်မျိုးဖြစ်ရမည်ဟု အဓိပ္ပာယ်ဖွင့်ထား ပါသေးသည်။

Professor Daniel Todd နှင့် Professor Michael Lindbarg တို့ ထုတ်ဝေသော ကမ္ဘာ့ရေတပ်များ အဆင့်အတန်းသတ်မှတ်သည့် ဇယားတွင်မူ ကမ္ဘာ့ရေတပ်အဆင့်အတန်း စုစုပေါင်း ၁၀ ခုရှိပြီး ၎င်းတို့အနက် ၄ ခုမှာ Blue Water Navy အဆင့်အတန်းတွင် ပါဝင်ကြပြီး ကျန် ၆ ခုမှာ Non-Blue Water Navy အဆင့်အတန်းတွင် ပါဝင်ဖွဲ့စည်းထားပါသည်။ အဆိုပါ Non-Blue Water Navy များအား “Green Water” နှင့် “Brown Water” တို့အဖြစ် သီးခြား သတ်မှတ် နိုင်ကြောင်း လည်း ဖော်ပြထားပါသည်။

"Rank-1 Blue Water Navy”
-------------------------------------
ရေပြာရေတပ်များထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ၏ မည်သည့် နေရာကိုမဆို သွားလာတပ်ဖြန့်နိုင်စွမ်း ရှိနေသော ရေတပ် တစ်ခုဖြစ် သည်။ မိမိနိုင်ငံ၏ အာဏာစက်အား သက်ရောက်စေနိုင်ပြီး အင်အား ချိန်ခွင်လျှာထိန်းညှိသည့် စစ်ဆင်ရေး (Power Projection Mission) အား ကမ္ဘာ့မည်သည့်နေရာတွင်မဆို ပြုလုပ်နိုင်စွမ်းရှိနေသော ရေပြာ ရေတပ်ကြီးတစ်ခု ဖြစ်သည်။ Global Reach Power Projection Navy ဟုသတ်မှတ်သော ၎င်းစာရင်းထဲတွင် အမေရိကန်ရေတပ်တစ်ခုသာ ရှိနေပြီး လေယာဉ်တင်သင်္ဘော ၁၀ စီး၊ ရဟတ်ယာဉ်တင်သင်္ဘော ၁၁ စီး အပါအဝင် ကမ်းထိုး၊ ကမ်းတက်၊ တိုက်ခိုက်ရေး၊ အထောက်အကူပြု စစ်သင်္ဘောများစွာ ပါဝင်ပါသည်။ နံပါတ် ၁ ရေတပ်ကြီး တစ်ခုဖြစ်ပြီး ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များတွင် ပါဝင်တိုက်ခိုက်ဖူးရုံသာမက စစ်ပွဲအတွေ့အကြုံများစွာရှိသော၊ ကမ္ဘာ့မည်သည့်နေရာသို့မဆို ကောင်းစွာတပ်ဖြန့်နိုင်စွမ်းရှိသော ရေတပ်တစ်ခုလည်းဖြစ်သည်။

“Rank-2 Blue Water Navy”
----------------------------------
Limited Global Reach Power Projection Navy ဟုခေါ်သော ဒုတိယအဆင့်အတန်း ရေပြာရေတပ်များ ဖြစ်ကြသည်။ အနည်းဆုံး ကမ္ဘာ့မည်သည့်နေရာကိုမဆို တပ်ဖြန့်နိုင်သည့် တပ်ဖွဲ့တစ်ခုရှိနေကြပြီး ၎င်းတပ်ဖွဲ့၏ စွမ်းရည်ဖြင့် အင်အားချိန်ခွင်လျှာထိန်းညှိသော စစ်ဆင်ရေး များအား ကမ္ဘာအနှံ့ဆောင်ရွက်နိုင်စွမ်းရှိသည်။ သို့သော် အဆိုပါ ဆောင်ရွက် နိုင်စွမ်းသည် အကန့်အသတ်တစ်ခုဖြင့်သာ ဖြစ်သည်။ ယခုစာရင်းတွင် ပြင်သစ်ရေတပ်နှင့် အင်္ဂလန်ရေတပ်တို့အား ထည့်သွင်း ဖော်ပြထားသည်။ ပြင်သစ်ရေတပ်သည် နျူကလီယာစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘောတစ်စီး၊ ရဟတ်ယာဉ်တင်သင်္ဘောသုံးစီးနှင့် ၎င်း၏ တိုက်ခိုက်ရေးတပ်ဖွဲ့များ ရှိနေသည်။ အင်္ဂလန်တွင်လည်း လက်ရှိတွင်လေယာဉ်တင်သင်္ဘောတစ်စီး ရှိနေပြီး ကမ်းတက် တိုက်ခိုက်ရေး စစ်ရေယာဉ်နှစ်စီး ရှိနေသည်။ သို့သော် ၎င်းတို့အတွက် တိုက်ခိုက်ရေးတပ်ဖွဲ့ (Strike Group) အား ဖွဲ့စည်းခြင်းမပြုရသေးပေ။ အတွေ့အကြုံကောင်းများရှိပြီး ယခင်ကအင်အားကြီးရေတပ်တစ်ခု ဖြစ်ခဲ့သော်လည်း ယနေ့အချိန်တွင်မူ အင်္ဂလန်ရေတပ်၏ စစ်သင်္ဘော /ရေငုပ်သင်္ဘော စုစုပေါင်းအင်အားသည် တရုတ်၊ ရုရှား၊ ပြင်သစ် စသည် တို့ထက် များစွာနည်းပါးနေပါသည်။ မည်သို့ပင်ဖြစ်စေ အင်္ဂလန်ရေတပ် အားလည်း ယခုစာရင်းတွင် ထည့်သွင်းတွက်ချက်ထားသည်ကို တွေ့ရသည်။

“Rank-3 Blue Water Navy”
------------------------------------
Multi-Regional Power Projection Navy ဟုခေါ်သော တတိယ အဆင့်အတန်း ရေပြာရေတပ်များဖြစ်ကြသည်။ အနည်းဆုံး အင်အား တောင့်တင်းသော Carrier Strike Group တစ်ခုစီရှိကြပြီး ဒေသတွင်း သာမက အခြားသော ဒေသများထိသို့ သွားရောက်ပြီး အင်အား ချိန်ခွင် လျှာ ထိန်းညှိသော စစ်ဆင်ရေးများ ဆောင်ရွက်နိုင်စွမ်းရှိသည်။ ယေဘုယျ အားဖြင့် ၎င်းရေတပ်များသည် ကမ္ဘာအနှံ့ စစ်ဆင်ရေး မဆောင်ရွက်နိုင်ဟု သတ်မှတ်ထားသော်လည်း အဆိုပါစာရင်းထဲရှိ ရေတပ်အနည်းငယ်မှာမူ ကမ္ဘာအနှံ့သို့ သွားရောက်စစ်ဆင်နိုင်စွမ်းအား အကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်သည်။ ယခုစာရင်းထဲတွင် ရုရှား၊ အီတလီ၊ စပိန်၊ ဘရာဇီး၊ အိန္ဒိယတို့၏ ရေတပ်များပါဝင်ကြသည်။ ရုရှားနိုင်ငံ၏ ရေတပ်အား ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ယခုစာရင်းထဲသို့ ပေါင်းထည့်ခဲ့သည်။ ၎င်း၏ရေတပ်သည် စစ်အေးတိုက်ပွဲ ပြီးဆုံးသည့် နောက်တွင် များစွာချိနဲ့သွားခဲ့သည်။ သို့တိုင်အောင်ပင် အမေရိကန် ရေတပ်၏နောက်တွင် ဒုတိယအကြီးမားဆုံးသော ရေတပ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ကမ္ဘာပတ်နိုင်သော ရေတပ်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းကပင် အတ္တလန်တစ်၊ ကာရေဘီယံ၊ မြေထဲပင်လယ်၊ အိန္ဒိယသမုဒ္ဒရာတို့အတွင်းသို့ တပ်ဖြန့်နိုင်ခဲ့သည်။ ယနေ့အချိန်တွင် လည်း အာတိတ်ဒေသ၊ အရှေ့အလယ်ပိုင်းဒေသတို့အပြင် ပစိဖိတ် ဒေသနှင့် တောင်တရုတ်ပင်လယ်ပြင်များ အထိပင် အင်အားအကန့် အသတ် တစ်ခုဖြင့် ဖြန့်ကျက်ထားနိုင်စွမ်းရှိသည်။ ယခုစာရင်းထဲရှိ ရေတပ်များအားလုံးတွင် အင်အားအတောင့်တင်းဆုံး ရေတပ် တစ်ခုဖြစ်သည်။
အီတလီရေတပ်သည် အတွေ့အကြုံပြည့်ဝသော လေယာဉ်တင်သင်္ဘော နှစ်စီးပါဝင်သည့် တိုက်ခိုက်ရေးအုပ်စုအား ပိုင်ဆိုင်ထားသည်။ အီတလီ ရေတပ် အနေဖြင့် တစ်ကိုယ်တည်း စစ်ဆင်ရေးများအား ဆောင်ရွက်လေ့ မရှိသော်လည်း နေတိုးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးများတွင် ၎င်း၏ လေယာဉ်တင် သင်္ဘောအား စေလွှတ်ပေးခြင်း၊ ပါဝင်တိုက်ခိုက်ခြင်း တို့အား ပြုလုပ်လေ့ရှိသည်။ စပိန်ရေတပ်သည်လည်း အီတလီတို့ နည်းတူပင် ကွင်းတိုအတက်အဆင်းပြုလုပ်နိုင်သော လေယာဉ်များ ပါဝင်သည့် လေယာဉ်တင်သင်္ဘောရှိပြီး ယခုစာရင်းထဲတွင် နေရာပေး ခံထားရသည်။ အိန္ဒိယရေတပ်သည် ၂၀၀၇ ခုနှစ်ကတည်းက ၎င်း၏ တပ်ဖွဲ့များအား အာဖရိကအငူ၊ ပါရှန်းပင်လယ်ကွေ့၊ မလက္ကာ ရေလက်ကြား စသည့်ဒေသများအထိ တပ်ဖြန့်ခဲ့ဖူးပြီး ပင်လယ် ဓါးပြနှိမ်နှင်းသည့် စစ်ဆင်ရေးများတွင်လည်း အလှည့်ကျတာဝန် ထမ်းဆောင်နေနိုင်သော တပ်ဖွဲ့ဖြစ်သည်။

“Rank-4 Blue Water Navy”
-------------------------------------
Regional Power Projection Navy ဟုခေါ်ဆိုသော စတုတ္ထတန်းစား ဒေသတွင်းရေပြာရေတပ်များ ဖြစ်ကြသည်။ ဒေသတွင်း အင်အားချိန်ခွင် လျှာအား ထိန်းညှိထားနိုင်သော အင်အားရှိသည့်ရေတပ်များ ဖြစ်ကြ သည်။ ယခုစာရင်းသည် ဒေသတွင်း အင်အားကောင်းမွန်သော ရေတပ် များဖြစ်ကြသောကြောင့် ရေတပ်များစွာအား ထည့်သွင်း တွက်ချက်နိုင် သည်။ ထင်ရှားသော ရေတပ်များမှာ တရုတ်၊ ဂျပန်၊ သြစတေးလျ၊ တောင်ကိုရီးယားရေတပ်များ ဖြစ်ကြသည်။ အဆိုပါ ရေတပ်အားလုံး သည် အင်အားတောင့်တင်းကောင်းမွန်လှပြီး လေယာဉ်တင်သင်္ဘော (သို့) ရဟတ်ယာဉ်တင်သင်္ဘော (သို့) ကမ်းတက်တိုက်ခိုက်ရေး အထောက်အကူပြု စစ်သင်္ဘောများ ရှိနေတတ်ကြသည်။ သို့သော် ၎င်းတပ်ဖွဲ့တို့၏ လှုပ်ရှားတပ်ဖြန့်နိုင်စွမ်းမှာ ၎င်းတို့၏ ဒေသအတွင်း ၌သာဖြစ်ပြီး ကမ္ဘာအနှံ့သို့ တပ်ဖြန့်ခြင်းအား မပြုလုပ်နိုင်ပေ။

ထင်ရှားသော သာဓကမှာ တရုတ်ရေတပ်ဖြစ်သည်။ ယခုစာရင်းထဲတွင် တရုတ်ရေတပ်တစ်ခုသာ လေယာဉ်တင်သင်္ဘောနှစ်စီးအထိ ပိုင်ဆိုင် ထားပြီး ကမ်းတက်စစ်ဆင်ရေး သင်္ဘောများစွာလည်း ပိုင်ဆိုင်ပါသည်။ သို့သော် တရုတ်ရေတပ်သည် အများအားဖြင့် ၎င်းတို့ဒေသတွင်း ဖြစ်သော တောင်တရုတ်ပင်လယ်အတွင်း၌သာ လှုပ်ရှားလေ့ရှိပြီး ပင်လယ်ဓားပြနှိမ်နင်းရေး စစ်ဆင်ရေးများလည်း ဆောင်ရွက်ပါသည်။ အိန္ဒိယရေတပ်ဖြင့် ယှဉ်လိုက်လျှင် တရုတ်ရေတပ်သည် အဆင့်တစ်ခု သာလွန်သည်ဟု ဆိုနိုင်သော်လည်း တရုတ်ရေတပ်အနေဖြင့် တိုင်းတစ်ပါးရပ်ခြား၊ အခြားဒေသများတွင် အင်အားချိန်ခွင်လျှာ ထိမ်းချုပ်မှုများအား ပြုလုပ်နိုင်စွမ်း မရှိသေးချေ။

ဂျပန်၊ တောင်ကိုရီးယားရေတပ်တို့သည် လေယာဉ်တင်သင်္ဘောများ မပိုင်ဆိုင်သေးသော်လည်း ရဟတ်ယာဉ်တင် သင်္ဘောကြီးများ ကိုယ်စီရှိကြသည်။ ရေတပ်စွမ်းအားမှာလည်း ကောင်းမွန်ပြီး ဒေသတွင်း အင်အားချိန်ခွင်လျှာအား ထိမ်းညှိထားနိုင်သောကြောင့် အဆင့်လေး ရေပြာရေတပ်အဖြစ် သတ်မှတ်ခံထားရပါသည်။ သြစတေးလျရေတပ် သည် ၎င်းတို့၏ လေယာဉ်တင်စစ်သင်္ဘောကြီး HMAS Melbourne အား အစားထိုးခြင်းမပြုရန် ဆုံးဖြတ်လိုက်ချိန်မှစ၍ ရေပြာရေတပ် တစ်ခုအဖြစ် မသတ်မှတ်နိုင်တော့ကြောင်း အတိအလင်းဆိုခဲ့ဖူးသည်။ သို့သော် ၎င်းတို့ရေတပ်သည်လည်း ပင်လယ်ပြင်ခြားကာ တစ်သီး တစ်ခြား စစ်ဆင်နေရသည့်တိုင် ဒေသတွင်းလုံခြုံရေးအတွက် များစွာ အင်အားကောင်းမွန်သော ရေတပ်တစ်ခုဖြစ်သောကြောင့် အဆင့်လေး ရေပြာရေတပ်အဖြစ် သတ်မှတ်ထားနိုင်သည်။

အထက်တွင်ဖော်ပြထားသော ရေပြာရေတပ်အမျိုးအစား ၄ ခုအား လေ့လာကြည့်လျှင် မိမိတို့နိုင်ငံသည် မည်သည့်ရေပြာရေတပ်တစ်ခု အဖြစ်သို့ တက်လှမ်းမည်ဟု ကြံရွယ်ထားသည်ကို ထင်ရှားစွာ ခန့်မှန်းနိုင် ပါသည်။ လက်ရှိအချိန်တွင် မိမိတို့ တပ်မတော်(ရေ)သည် ကမ်းနီး ရေတိမ် ဒေသ တွင်း ကောင်းစွာစစ်ကစားနိုင်ပြီး သီးသန့်စီးပွားရေးဇုန် အား ကာကွယ်စောင့်ရှောက်နိုင်သော Brown Water Navy အဆင့် အတန်းအဖြစ်သာမက အဆိုပါ ဒေသမှကျော်လွန်ကာ တပ်ဖြန့်နိုင်သော ရေတပ်တစ်ခုအဖြစ် တွေ့ရမည်ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာသို့ ကျော်လွန် ကာ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများပြုလုပ်နိုင်မှု၊ မကြာခဏ တပ်ဖြန့်လှုပ်ရှားမှုများ၊ မိမိတစ်ဦးတည်း လေ့ကျင့်ခန်း ပြုလုပ်နိုင်မှုများလည်း ရှိပါသည်။

Blue Water Navy ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Forward Logistic Base များ တည်ဆောက်ထားနိုင်မှုသည်လည်း များစွာအရေးကြီး လှပါသည်။ သမိုင်းတစ်လျှောက်တွင်သာမက ယနေ့ခေတ်ထိပင် အဆိုပါရှေ့တန်းကျသော ထောက်ပို့နားနေစခန်းများသည် ရေတပ်များ၏ အဓိက အစိတ်အပိုင်းများအဖြစ် ရှိနေခဲ့သည်။ Unsinkable Supercarrier များဟုပင် တင်စားကြလေ့ရှိသော အဆိုပါနေရာများသည် မိခင်နိုင်ငံမှ မိုင်ပေါင်းများစွာဝေးသောနေရာတွင် မိမိရေတပ်အား ထောက်ပံ့ဖြည့်ဆည်းမှု ကောင်းစွာပြုလုပ်ပေးနိုင်စွမ်းရှိသည်။ ၎င်းရှေ့တန်းစခန်းကြီးများ၏ ဝန်ဆောင်မှုပေးနိုင်စွမ်း ကောင်းမွန်မှု အပေါ်မူတည်ကာ မိမိရေတပ်၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင် ပေးနိုင်စွမ်းရှိသည်။ မိမိတို့ရေတပ်သည် Blue Water Navy ၏ အခြားအစိတ်အပိုင်းဖြစ်သော Forward Logistic Base အဖြစ် ကိုကိုးကျွန်းအား တည်ဆောက်ထားမှုကြောင့်ပင် ရေပြာရေတပ် အဆင့်အတန်း မရှိသေးသည့်တိုင် ပိုမိုတောင့်တင်းခိုင်မာသော Logistic Line ပိုင်ဆိုင်သည့် Brown Water Navy တစ်ခုအဆင့်တွင် ရပ်တည် နေနိုင်ပြီဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်တွင်ပါဝင်သော Blue Water Navy အဖြစ် တည်ဆောက်လိုမှုသည် တပ်ဖွဲ့အပေါ်များစွာ ဝန်ပိ စေမည့် လေယာဉ်တင်သင်္ဘော၊ ရဟတ်ယာဉ်တင်သင်္ဘောကြီးများ ပါဝင်သော အကြီးစား Rank-1 / Rank-2 / Rank-3 Blue Water Navy အဆင့်အား ပြောကြားခြင်းမဟုတ်ဘဲ ကမ်းတက်တိုက်ခိုက်ရေး စစ်ရေယာဉ် (Amphibious Assault Ship) လောက်သာပါဝင်သော အင်အားအကန့်အသတ်ဖြင့် တပ်ဖြန့်နိုသော ရေတပ်တစ်ခုအား ဆိုလိုခြင်းဖြစ်သည်ကို ခန့်မှန်းနိုင်ပေသည်။ ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်မှာ အာဆီယံဒေသတွင်း အင်အားချိန်ခွင်လျှာအား ထိန်းညှိရုံသာမက ဒေသတွင်း ကောင်းမွန်စွာ လှုပ်ရှားအင်အားပြနိုင် သော Regional Blue Water Navy အဖြစ် တည်ဆောက်လိုမှုကိုသာ ရည်ရွယ်နေခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်ရပြီး Blue Water Navy အဆင့်အတန်းများအကြောင်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါသည်။

Written by    ဇွဲထွဋ်ဦး @ The Fifth Wave

Wednesday, March 7, 2018

C602 ဒုံးပျံများ - မောင်ဟန်


               တရုတ်လို YJ62 လို့ခေါ်ကြတဲ့ သည်ဒုံးပျံတွေဟာ အမေရိကန်ရဲ့ RGM109 တိုမာဟော့နဲ့ အလွန်ဆင်တူတဲ့ ပုံတူဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ အသံအောက်အမြန်နှုန်း (၀.၆) ပင်လယ်ရေမျက်နှာပြင်နဲ့ လိုက်လျောညိထွေပျံသန်း တိုက်ခိုက်နိုင်တဲ့ တာလတ်ပစ် ခရုစ်ဒုံးပျံအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ရေယာဉ်များနဲ့ ကမ်းရိုးတမ်းကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေက အသုံးပြုကြပါတယ်။
 


               ၂၀၀၅ခုနှစ်မှာ ထုတ်ဖေါ်ပြသခဲ့တဲ့ မူလ YJ62 ဟာ ကီလိုဂရမ်၂၀၀ အလေးချိန်ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ၄၀၀ကီလိုမီတာ(ရေမိုင်၂၂၀) အကွာအဝေးထိပစ်ခတ်နိုင်ပါတယ်။ ပိုမိုတိကျစေဖို့ ရေဒါတွေ၊ စနစ်တွေ အဆင့်မြင့်တင်လိုက်တဲ့ C602 မှာတော့ ကီလိုဂရမ်၃၀၀ အလေးချိန်ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ၂၈၀ကီလိုမီတာ (ရေမိုင်၁၇၀) ထိပစ်ခတ်နိုင်ပါတယ်။ 
 
 
 
ကမ်းခြေစောင့်တပ်ဖွဲ့တွေ အသုံးပြုတဲ့ CM602 ကတော့ ၄၈၀ကီလိုဂရမ်အလေးချိန်ရှိ ထိပ်ဖူးကိုသယ်ဆောင်နိုင်ကာ ကီလိုမီတာ၂၅၀အထက် ရေမိုင်၁၅၀နဲ့အထက် ပစ်ခတ်နိုင်ပါတယ်။ GPS လမ်းညွှန်စနစ်နဲ့ ပစ်ခတ်နိုင်ပြီး ရေပြင်အထက် ၃၀မီတာကနေပျံသန်းကာ တိုက်ခိုက်တဲ့အခါမှာတော့ ဒုံးပျံမှာပါတဲ့ ရေဒါဟာ အကွာအဝေး ၄၀ကီလိုမီတာ မြင်ထောင့် ၄၀ဒီဂရီအတွင်းရှာဖွေပြီး ရေပြင်အထက် ၅မီတာခန့်ကနေ ပျံသန်းဝင်ရောက် ထိမှန်စေမှာဖြစ်ပါတယ်။
 
၂၀၀၉ခုနှစ်မှာတော့ တရုတ်ဟာ နည်းပညာမြင့် ဒုံးစနစ်တွေကို ထပ်မံပိုင်ဆိုင်လာပါတော့တယ်။ C602 ထက်သာလွန်တဲ့ ခရုစ်နည်းပညာကို CJ10 ဒုံးပျံတွေမှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ P800, အိန္ဒိယရဲ့ PJ10 brahmos တွေကို ဈေးကွက်အရရော အင်အားအရပါတန်ပြန်ဖို့အတွက် C602လိုဒုံးပျံတွေကို ရောင်းချဖို့စတင်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက C602 ဒုံးပျံ ၁၂၀ထိဝယ်ယူထားတယ်လို့ ဆိုကြပါတယ်။ 
 
 
 
                 စတင်ရောင်းချခဲ့တဲ့ အမျိုးအစားတွေမှာတော့ GPS လမ်းညွှန်စနစ်ဟာ အားနည်းနေဆဲ ဖြစ်တယ်လို့ ဆိုကြပေမယ့် နောက်ပိုင်းမှာ ကမ်းရိုးတမ်းကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေကို ပိုင်ဆိုင်ဖို့ ပြင်ဆင်ကြတဲ့ တပ်မတော်တိုင်းရဲ့ သဘောကျစရာ နည်းပညာ၊ တာဝေးနဲ့ ရေပြင်ပျံသန်းမှု၊ စတာတွေကြောင့် CM 602 တွေဟာ မျက်နှာပန်းလှလာပါတယ်။ သင်္ဘောဖျက်သာမက တိုက်ခိုက်ရေး ခရုစ်ဒုံးပျံအနေနဲ့ အသုံးပြုနိုင်လောက်တဲ့ ကီလိုဂရမ်၅၀၀နီးပါး ထိပ်ဖူးဟာ သံချပ်ကာဖေါက်သာမက ဖျက်အားပြင်းထိပ်ဖူးအနေနဲ့ပါ အသုံးတော်ခံလာပါတယ်။ ရေဒါလမ်းညွှန်စနစ်တွေ အဆင့်မြင့်တာ အပါအဝင် နောက်ဆုံးကီလိုမီတာ ၄၀အကွာအတွင်း ဒုံးပျံရဲ့လမ်းကြောင်းကိုပါ အဝေးကနေ ထိမ်းချုပ်လာနိုင်စေပါတယ်။ 
 

                     တရုတ်ဟာ CJ10 လိုဒုံးစနစ်တွေပိုင်ဆိုင်လာတဲ့အခါ မြေပြင်တိုက်ခိုက်ရေးအတွက် C602 ရဲ့ အီလက်ထောနစ်စနစ်နဲ့ အာရုံခံကိရိယာတွေကို အလွယ်တကူပြောင်းလဲတပ်ဆင်နိုင်ဖို့ပါ တပါတည်း ဖြစ်လာတာကြောင့် C602 တွေဟာ တိုမာဟော့ဒုံးပျံတွေနီးပါး အစွမ်းထက်လာတဲ့ ပုံတူပွား ဒုံးပျံအမျိုးအစားဖြစ်လာပါတော့တယ်။ ကျန်းမာချမ်းသာကြပါစေ။

By Mg Han @ http://mmmilitary.blogspot.com/

2017 Myanmar Military Strength - Global Fire Power



Current military capabilities and available firepower for the nation of Myanmar.

Each military power detailed on GlobalFirepower.com is judged on individual as well as collective factors when it comes to waging a prolonged campaign against another. The numbers are calculated through our in-house formula to produce the PwrIndx (PowerIndex) value which is used in the final ranking. Note that some values are estimated when official numbers are not available. ©2006-2018 www.GlobalFirepower.com. No reproduction of this content is permitted.

31

National flag  Myanmar (MYA)
Myanmar is currently ranked 31 (of 133) countries considered for the annual GFP review. It maintains a PwrIndx rating of 0.5991. (0.0000 being perfect)


Manpower - Going beyond military equipment totals and perceived fighting strength is
 the actual manpower that drives a given military force. Wars of attrition traditionally favor 
those with more manpower to a given effort.


Air Power - Includes both fixed-wing and rotary-wing (helicopter) aircraft from all branches of service (Air Force, Navy, Army). Air power is just one important component of the modern military force. Attack Aircraft represents fixed-wing and dedicated forms as well as light strike types (some basic and advanced trainers fill this role). Some fighters can double as attack types and vice versa - this is how multi-role aircraft can be of considerable value. Transport and Trainer aircraft include both fixed-wing and rotary-wing types. EXTERNAL LINK: Aircraft throughout the military history of Myanmar


Army Strength - Tank value includes Main Battle Tanks (MBTs) and light tanks (a few remain in service) as well as those vehicles considered "tank destroyers". There is no distinction made between all-wheel and track-and-wheel designs. Armored Fighting Vehicle (AFV) value includes Armored Personnel Carriers (APCs) as well as Infantry Fighting Vehicles (IFVs). EXTERNAL LINK: Armor and Artillery throughout the military history of Myanmar




Navy Strength - Aircraft Carrier value includes both traditional aircraft carriers as well as "helicopter carrier" warships (the latter growing in popularity worldwide). Cruisers are no longer tracked due to their declining value on the world stage. Submarines value includes both diesel-electric and nuclear-powered types. Total Naval Assets is not simply a sum of the presented navy ship categories - instead it includes all showcased types along with any known / recognized auxiliary vessels (not tracked individually by this site). EXTERNAL LINK: Warships and Submarines throughout the military history of Myanmar


Natural Resources (Petroleum) - As much as any weapon system is vital to an ongoing military campaign, wars still rely on the availability of natural resources, namely petroluem (oil). BBL/DY = Barrels Per Day.


Logistics - War is as much a battle of logistics, moving man and machine from-to points all over, as it is direct combat. A quantitative/robust Labor Force also adds to available 
wartime industry.


Finance - War goes beyond simple physical "strength-in-numbers", relying heavily on financing and effort as much as any one piece of hardware fielded. All values presented in USD ($).


Geography - Geographical values primarily figure into a defensive-minded war 
(i.e. invasion) but can also aid a nation when responding to such an act.




Sources: CIA.gov, CIA World Factbook, wikipedia.com, public domain print and media sources and user contributions. Some values may be estimated when official sources are lacking.


NOTES:
The values showcased above are all considered for the final GFP ranking recognized as the "Power Index" (abbrv: "PwrIndx"). PwrIndx scores are judged against a perfect value of "0.0000" which is realistically unattainable due to the number of factors considered per country. Balance is the key - a large, strong fighting force across land, sea and air backed by a resilient economy and defensible territory along with an efficient infrastructure - such qualities are those used to round out a particular nation's total fighting strength on paper; it is not enough to field 10 million men or 20,000 tanks or lead the world in oil production.

Each nation's final ranking also carries with it bonuses and penalties as needed while landlocked countries (ex: Austria) are not penalized for lack of a standing navy - though they do suffer a penalty for not maintaining a viable merchant marine force.

It bears repeating that nuclear weapons are NOT taken into account for this listing. Powers are based on conventional weaponry in inventory as well as other factors such as economic strength, border size, self-sustainability (in regards to wartime resources such as oil), water access etc...
 
 
ORIGINAL LINK ; https://www.globalfirepower.com/country-military-strength-detail.asp?country_id=myanmar