Thursday, August 10, 2017

မြန်မာ့လေတပ်မတော်၏ တိုက်လေယာဉ်အသစ်များ နဲ့ အနာဂါတ်တိုက်လေယာဉ်များ


 
Myanmar Defence Weapon တွင် ရေးသားဖော်ပြထားသော မြန်မာ့လေတပ်မတော်၏ တိုက်လေယာဉ်အသစ်များ နဲ့ အနာဂါတ်တိုက်လေယာဉ်များ  ဆောင်းပါးအား ကူးယူဖော်ပြပါသည် ။

 
မြန်မာ့တပ်မတော်သတင်းတွေ မတင်ဖြစ်တာ အတော်ကြာပါပြီ ဒီနေ့တော့ စစ်ရေးလေ့လာသူတိုင်းကို အထူးရင်ခုန်စေခဲ့တဲ့ သတင်းတွေကို စုစည်းတင်ပြပေးသွားပါ့မယ်…
တပ်မတော်(လေ)ရဲ့ စစ်လက်နက်ဖြည့်တင်းမှုကနေစလိုက်ရအောင်ဗျာ…
JF-17 ဘက်စုံသုံးတိုက်လေယာဉ်

 
        
 လေတပ်အနေနဲ့ တရုပ်နဲ့ပါကစ္စတန်ပူးတွဲထုတ် JF-17 ဘက်စုံသုံးတိုက်လေယာဉ်များ ဝယ်ယူသွားဖို့ရှိတယ်လို့ ပြည်ပသတင်းဌါနတွေကနေ စတင်ဖော်ပြခဲ့တာကတော့ လွန်ခဲ့တဲ့ ၂နှစ်ဝန်းကျင်ကဖြစ်ပါတယ်… အစပိုင်းမှာတော့ ဒါဟာမဖြစ်နိုင်တဲ့သတင်းအမှားတစ်ခုအဖြစ်သာ ယူဆခဲ့ရပေမယ့် ၂ဘက်စလုံးက တရားဝင်အတည်ပြုခဲ့ကြပြီးနောက်မှာတော့ လေတပ်ရဲ့ JF-17 တိုက်လေယာဉ်အကြောင်းဟာ တဖြေးဖြေးနဲ့ရုပ်လုံးပေါ်လာခဲ့တာ ဖြစ်ပါတယ်… ပထမဆုံးမျက်မြင်တွေ့လိုက်ရတာကတော့ ပါကစ္စတန် လေယာဉ်ထုတ်လုပ်ရေးစက်ရုံက ထုတ်လွင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲက RUBY လို့အမှတ်သားပြုထားတဲ့ လေယာဉ်များပါပဲ… ထို့နောက်မှာတော့ ဒီနှစ်ထဲမှာပဲ ပါကစ္စတန်က ၄င်းတို့တည်ဆောက်ခဲ့တဲ့ အဆိုပါ RUBY တိုက်လေယာဉ်များကို နောက်ဆုံးအဆင့်စမ်းသပ်မှုများကို တရုပ်နိုင်ငံမှာ ပြုလုပ်နေစဉ် ထွက်ပေါ်လာခဲ့တဲ့ ဓါတ်ပုံများပဲဖြစ်ပါတယ်… အဆိုပါပုံများထဲမှာတော့ တပ်မတော်(လေ)ရဲ့ အမှတ်အသားတွေ အပြည့်အဝပါဝင်လာခဲ့သလို ကိုယ်ထည်နံပတ် ၁၇၀၂ ဆိုတာလည်း အထင်အရှား မြင်တွေ့ခွင့်ရကြပါတော့တယ်….
          
JF-17ဟာ လက်ရှိကမ္ဘာ့နာမည်ကျော်တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်များနဲ့ နှိုင်းယှဉ်ရင် အကောင်းဆုံးတော့ မဟုတ်သေးပါဘူး ဒါပေမယ့် တပ်ဆင်နိုင်တဲ့ ဒုံးနဲ့ရေဒါစနစ်များကတော့ ဒုတိယအတန်းစားတိုက်လေယာဉ်တစ်စီးဖြစ်ကြောင်း သက်သေပြုနေပါတယ်..။ ဒီနေ့ ၂၂.၆.၂၀၁၇ရက်နေ့သတင်းတစ်ပုဒ်အရ ပါကစ္စတန်လေတပ်ရဲ့ JF-17 တိုက်လေယာဉ်တစ်စင်းကနေ အီရန်ရဲ့ Shahed-129 လို မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တဲ့သတင်းများ မြင်တွေ့ရတာမျိုး တပ်မတော်(လေ)ဝယ်ယူထားတဲ့ အဆိုပါတိုက်လေယာဉ်များဟာလည်း နိုင်ငံတကာမှာ စိတ်ဝင်စားခြင်းခံရတဲ့ စွမ်းရည်မြင့်တိုက်လေယာဉ်အဖြစ် ချက်ချင်းပဲ လူသိများလာခဲ့ပါတယ်…
YAK-130  ခေတ်မီအမောင်းသင် နဲ့ အပေါ့စားတိုက်လေယာဉ်


          
 နောက်ထပ်စိတ်ဝင်စားဖွယ်ရာသတင်းတစ်ခုကတော့ ရုရှားရဲ့နာမည်ကျော် YAK-130 ခေတ်မီအမောင်းသင်နဲ့ အပေါ့စားတိုက်လေယာဉ်ဝယ်ယူမှုပဲဖြစ်ပါတယ်… YAK-130တိုက်လေယာဉ်တွေကို လက်ရှိအကောင်းဆုံး(ရုရှားထုတ်) SU-30, SU-35 နဲ့ PAK FA ကဲ့သို့သော တိုက်လေယာဉ်များအတွက် အမောင်းသင်လေ့ကျင့်နိုင်စေရန် ရည်ရွှယ်ကာ ထုတ်လုပ်ထားတာဖြစ်လို့ တပ်မတော်အနေနဲ့ တချိန်ချိန်မှာ အဆိုပါတိုက်လေယာဉ်ကြီးများကို ဝယ်ယူခဲ့မယ်ဆိုရင် အပန်းမကြီးမစိမ်းတော့ပဲ မောင်းနှင်စေနိုင်မှာပဲဖြစ်ပါတယ်… တကယ်တော့ YAK-130 ကိုယ်တိုင်ကိုက စွမ်းရည်မြင့်တိုက်လေယာဉ်တမျိုးဖြစ်နေပါပြီ ဆိုဗီယက်ခေတ်က အတွေးအခေါ်များကနေများစွာ ခွဲထွက်ထားတဲ့ တီထွင်ဖန်တီးမှုများပါဝင်ပြီး တပ်ဆင်နိုင်တဲ့ လက်နက်စနစ်ကလည်း လက်ရှိတိုက်လေယာဉ်အတော်များများနည်းတူ စွမ်းဆောင်နိုင်ပါတယ်…

YAK-130 တိုက်လေယာဉ်များ မြန်မာပြည်ရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပြည်ပသတင်းဌါနတချို့က မှတ်တမ်းဓါတ်ပုံများ ဖော်ပြပေးခဲ့ပါတယ်… အဆိုပါပုံများအရ ပထမအသုတ် တိုက်လေယာဉ် ၃စီး စတင်လက်ခံရရှိခဲ့တာဖြစ်ပြီး အစင်းရေ ၁၅စီးအထက် ဝယ်ယူနိုင်ခြေရှိတယ်လို့ သုံးသပ်ထားကြပါတယ်… အဲ့ဒီသတင်းတွေသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ လေတပ်ဟာ သက်တမ်းရင့်ကာ အိုမင်းနေပြီဖြစ်တဲ့ F-7 နဲ့ A-5 များနေရာအတွက် အားသစ်ဖြည့်တင်းနိုင်ပြီလို့ သတ်မှတ်နိုင်သလို အထက်မှာဖော်ပြခဲ့တဲ့ JF-17 တိုက်လေယာဉ်များနဲ့အတူ စစ်ဆင်ရေးဆောင်ရွှက်နိုင်တာမို့ YAK-130 ရဲ့ ပြင်းထန်တဲ့ မြေပြင်စစ်ကူပေး ဗုံးနဲ့ဒုံးတွေ JF-17 ရဲ့ ပင်လယ်ပြင်က အမိမြေကျူးကျော်လာတဲ့ ရန်သူ့စစ်ရေယာဉ်များကို ခြေမှုန်းဖို့အတွက် C-802A1 ဒုံးများပစ်ခတ်နိုင်မှုဟာ တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ တိုးတက်လာစေမှာလည်းဖြစ်ပါတယ်…
လေတပ်အနေနဲ့ မကြာခင်ကမှ ဝမ်းနည်းဖွယ်အဖြစ်ဆိုးကြီး ကြုံတွေ့ခဲ့ပေမယ့် မီးလျံထဲက ရုန်းထရှင်သန်နိုင်တဲ့ ဇာမဏီငှက်များလိုပဲ အစဉ်အဆက်မြန်မာ့ဝေဟင်ကို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတာ အပြည့်အဝယုံကြည်မိပါတယ်…
အနာဂတ် တပ်မတော်(လေ)အတွက် တိုက်လေယာဉ်ကြီးများ
ဆိုခဲ့သည့်အတိုင်း YAK-130 များအနေနဲ့ 4++တိုက်လေယာဉ်များအတွက် အမောင်းသင်ပေးနိုင်တဲ့ လေယာဉ်များဖြစ်တာမို့ လေတပ်ရဲ့ အနာဂတ်တိုက်လေယာဉ်များကိုလည်း စိတ်ကူးနဲ့မှန်းဆမိပါတယ်… မိမိတို့အနေနဲ့ လက်ရှိမှာ တရုပ်နဲ့ ရုရှားရဲ့ နောက်ဆုံးပေါ်တိုက်လေယာဉ်များထဲကပဲ ဝယ်ယူမယ်လို့ ယူဆသုံးသပ်ရရင် လေတပ်အနေနဲ့ တရုပ်ရဲ့ J-10B တိုက်လေယာဉ်နဲ့ ရုရှားရဲ့ SU-30/35 နဲ့ MiG-29M/35 များပဲ ဝယ်ယူသွားဖို့များပါတယ် တရုပ်အနေနဲ့ J-10B များကိုပြည်ပသို့ စတင်ရောင်းချနေပြီဖြစ်သလို မိမိတို့အပေါ်အမြဲ အိမ်နီးချင်းကောင်းမပြီသတဲ့ ဘင်္ဂလားဒေ့်အနေနဲ့လည်း မှာယူထားတဲ့ တိုက်လေယာဉ်အမျိုးစားဖြစ်ပါတယ်… ရုရှားတိုက်လေယာဉ်များမှာ MiG-29များကိုတော့ တပ်မတော်အနေနဲ့ လက်ရှိလည်းအစီးရေ အတော်များများပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်တာမို့ အထူးတလည် လေ့ကျင့်နေစရာမလိုတော့တဲ့ တိုက်လေယာဉ်မျိုးဖြစ်ပါတယ်… လေတပ်အနေနဲက MiG-35 တွေကို ရွေးချယ်ခဲ့မယ်ဆိုရင် လက်ရှိအချိန်ထိ ရုရှားလေတပ်ရဲ့ အဆင့်မြင့်ဆုံးရေဒါစနစ်တွေပါ ရရှိနိုင်ခြေရှိနေပါတယ်… ဒါပေမယ့် လေတပ်တစ်ခုတည်းမကြည့်ပဲ တပ်မတော်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပါ ထည့်တွက်မယ်ဆိုရင်တော့ (ကျနော်တစ်ဦးတည်းအမြင်) MiG-35 တိုက်လေယာဉ်များထက် တာဝေးထိုးဖေါက်စစ်ဆင်နိုင်တဲ့ Sukhoi တိုက်လေယာဉ်များကိုပဲ ပိုမိုအားပေးပါတယ်… မိမိတို့နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးနဲ့အမြောက်လက်နက်များ ရေဒါကြီးများရဲ့ ထိရောင်မှုဟာ မြန်မာပြည်တဝှမ်းခြုံလွမ်းထားနေနိုင်ပြီးဖြစ်တာကြောင့်ပါ…
Sukhoi တာဝေးစစ်ဆင်ရေးသုံး တိုက်လေယာဉ်ကြီးများ
Sukhoi ထုတ်တိုက်လေယာဉ်တွေထဲမှာတော့ အမေရိကန်ရဲ့ တာဝေးစစ်ဆင်နိုင်တဲ့ တိုက်လေယာဉ်တွေကို ခြေမှုန်းနိုင်ဖို့အတွက် SU-27 တွေကိုလည်းရှိပါတယ် ဒေသတွင်းမှာတော့ အင်ဒိုနီးရှားကလည်း SU-27SK တွေ အသုံးပြုကြောင်းတွေ့ရပါတယ်… ဒါပေမယ့် လေတပ်လို ကျစ်ကျစ်လစ်လစ်နဲ့ အစွမ်းထက်တဲ့စစ်အင်အားတစ်ရပ်တည်ဆောက်နေမှုမှာ SU-27 တွေဟာ လိုအပ်ချက်တွေများနေဆဲဖြစ်ပါတယ်… ကျနော်တို့အနေနဲ့ ရုရှားလေတပ်ရဲ့ နာမည်ကျော် SU-35BM များ ဝယ်ယူဖို့ အဆင်သင့်မဖြစ်သေးချိန်မှာ ရွေးချယ်စရာအဖြစ် SU-30မျိုးဆက်တွေကို တွေ့ရပါတယ်… တရုပ်အပါအဝင် အိန္ဒိယလေတပ် မလေးရှား အင်ဒိုနီးရှား ဗီယက်နမ်စတဲ့ ဒေသတွင်းနိုင်ငံအချို့ကလည်း အသုံးပြုနေပါတယ်… တရုပ်ကပြည်တွင်းမှာပဲပြန်ထုတ်နေပါတယ် ကျန်တဲ့နိုင်ငံတွေကလည်း အဆင့်မြင့်တင်မှုတွေ လုပ်ဆောင်ဖို့ရှိနေတာမို့ SU-30 မျိုးကွဲတွေထဲမှာမှ ရုရှားပြည်းတွင်းသုံး SU-30SM မျိုးကွဲဟာ ကျနော်တို့အတွက် မျက်စိကျစရာဖြစ်လာပါတယ်… ရုရှားကိုယ်တိုင်က အဆိုပါ SU-30SM တွေကို ပြည်ပပို့ဖို့အတွက် ပြင်ဆင်နေပြီး SU-30SME လို့အမည်ရပါတယ်… ဒီတိုက်လေယာဉ်မျိုးကွဲတွေဟာ အလွန်စိတ်ဝင်စားစရာကောင်းတာကတော့ ရုရှားထုတ် စပ်ပစ္စည်းများသီးသန့်နဲ့သာ ထုတ်လုပ်ပေးမှာဖြစ်တာမို့ ပြည်ပနိုင်ငံတွေ မလေ့လာနိုင်သေးသော မသိသေးသော နည်းပညာအသစ်တွေလည်း တပုံကြီးပါလာမှာ ဖြစ်ပါတယ်… မလေးရှားလေတပ်ရဲ့ SU-30MKM တွေမှာတော့ ၄င်းတို့တောင်းဆိုတဲ့အတိုင်း ပြင်သစ်ထုတ်နည်းပညာတွေပါ ထည့်သွင်းပေးခဲ့ပါတယ်….

SU-25 မြေပြင်ပစ်ကူပေးလေယာဉ်

 

SU-30SM ဘက်စုံသုံးတိုက်လေယာဉ်


SU-34 ဗျုဟာမြောက်ဗုံးကြဲလေယာဉ်
 

SU-35 ဘက်စုံသုံးတိုက်လေယာဉ်


Sukhoi ရဲ့ SU-30SM တွေ လိုလားမှုစိတ်ကူးတွေကို ပိုမိုခိုင်မာစေခဲ့တာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရုရှားခရီးစဉ်အတွင်း လေ့လာခဲ့ရာက ဖြစ်ပါတယ် တပ်မတော်အနေနဲ့ ရုရှားရဲ့ SU-25,SU-30SM,SU-34 နဲ့ SU-35 တိုက်လေယာဉ်များကို အသေးစိတ်လေ့လာခဲ့ခြင်း အဆိုပါတိုက်လေယာဉ်များမောင်းနှင်ဖို့ လေသူရဲများ သင်တန်းပေးရန်ဆွေးနွေးခြင်းတွေဟာ အနာဂါတ် လေတပ်မတော်အတွက် ရင်ခုန်စရာအဖြစ်အပျက်များဖြစ်ပါတယ်… လေတပ်အနေနဲ့ SU-30မျိုးကွဲတိုက်လေယာဉ်များကို ဝယ်ယူဖို့ အတော်လေးနီးကပ်နေပြီလို့ ခန့်မှန်းလို့ရသလို A-5 ကဲ့သို့သော ဗုံးကြဲလေယာဉ်များနေရာမှာ အစားထိုးဖို့ SU-34 ဗျုဟာမြောက်ဗုံးကြဲလေယာဉ် နဲ့ SU-25 မြေပြင်ပစ်ကူပေးတိုက်လေယာဉ်များကိုလည်း မြန်မာ့လေတပ်မတော်အနေနဲ့ ပိုင်ဆိုင်စေချင်သေးတာကလည်း နိုင်ငံသားတိုင်းရဲ့ အမိမြေကာကွယ်နေတဲ့ တပ်မတော်ကို တိုးတက်စေချင်တဲ့ စိတ်လည်းဖြစ်ပါတယ်…

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆွေးနွေးမှုများထဲက ကောက်နှုတ်ရမယ်ဆိုရင်-
…"The Senior General flew simulators of SU 30SM and SU 34 airplanes at the simulator for fighter planes of the training school together with the head of the school.At his office, the school head explained training affairs. The Senior General discussed sending of trainees from Myanmar Tatmadaw(Air) for taking training courses.
Afterwards, the Senior General and party observed flying training in group of SU 35 fighter planes manufactured by the Russian Armed Forces at the Lipetsk military field,construction of SU 30, SU 34 and SU 25 airplanes, installation of weapon systems and their capabilities…"လို့ဆိုထားပါတယ်.. အတိုချုံ့အနက်ပြန်ရရင် SU-30SM တွေကို လေ့လာခဲ့ပြီး အဆိုပါတိုက်လေယာဉ်များအတွက် လေယာဉ်မှုးသင်တန်းပေးအပ်ဖို့ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်…

နောက်ဆုံးအချုပ်အားဖြင့်ဆိုရင်တော့ လေတပ်အနေနဲ့ တဖြေးဖြေးနဲ့ နိုင်ငံတကာနည်းတူ လေတပ်အင်အားကို အစွမ်းကုန်ကြိုးပမ်းဖြည့်တင်းနေတာကို တွေ့ရှိရပါတယ်… JF-17 , YAK-130 စတဲ့ အတည်ပြုပြီးသော တိုက်လေယာဉ်များနည်းတူ ဖြစ်နိုင်ချေရှိတဲ့ SU-30SME, MiG-35 တိုက်လေယာဉ်များကို မြန်မာ့ဝေဟင်မှာ အတောင်ဖြန့်ကာပျံသန်းလျှက် ကျုးကျော်လာတဲ့ မည်သည့်ရန်သူကိုမဆို ခြေမှုန်းတိုက်ဖျက်သွားနိုင်ဖို့ မျှော်လင့်ရင်း ခေတ်မီအင်အားတောင့်တင်းသော တပ်မတော်တစ်ရပ်ဖြစ်လာစေရန် ဆန္ဒပြုရေးသား ပြုစုတင်ပြလိုက်ရပါသည်….
လေးစားလျှက်-
                                                            KoMM

Friday, August 4, 2017

သွေးလေးဘက်နာ ဆိုသည်မှာ




 မေး။။ ဆရာခင်ဗျာ အခုနောက်ပိုင်းမှာ မြဝတီသတင်းစာ ကျန်းမာ သုတ ပရိသတ်တွေ ထဲကနေ သွေးလေးဖက်နာ အကြောင်း မေးမြန်း တင်ဆက်ပေးပါလို့ စာရေးေ တာင်းဆိုတာ ဒီတစ်ပတ်မှာ တော့ သွေးလေးဖက်နာ အကြောင်းကို မေးမြန်း တင်ဆက် ချင်ပါတယ်။ ပထမဆုံး အနေနဲ့ သွေးလေးဖက်နာဆိုတာ ဘယ်လို ရောဂါမျိုးလဲ ဆိုတာ အရင်ဆုံး ရှင်းပြ ပေးစေချင် ပါတယ်။
ဖြေ။။ကျွန်တော်တို့ မြန်မာတွေကတော့ ခြေဆစ်လက်ဆစ်တွေ အားလုံးရောင်တဲ့ ရောဂါကို လေးဖက်နာ ရောဂါလို့ ခေါ်လေ့ရှိပါတယ်။ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းစလုံး မှာ ဖြစ်လို့ လေးဖက်နာလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ တချို့လည်း လက်ဆစ်လေးတွေ နာလိုက်ပျောက်လိုက်၊ နောက်မှ ဒူးဆစ်တို့၊ ခြေချင်းဝတ်တို့ ရောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲရောင်ရောင် လက်ရော၊ ခြေရောရောင်ရင် တော့ လေးဖက်စလုံးမှာ နာလို့ လေးဖက်နာလို့ ခေါ်ရတာ ပါ။ အဲဒီလေးဖက်နာမှာမှ ဖြစ်ရတဲ့အ ကြောင်းရင်းနဲ့ ရောဂါလက္ခဏာတွေပေါ် မူတည်ပြီး အမျိုးအစားတွေ ထပ်ခွဲ ထားပါတယ်။ ဥပမာ-လည်ပင်းရောင်စေတဲ့ ဗက်တီးရီးယား (Streptococcus)ကြောင့်ဖြစ်ရင် ပိုးလေးဖက်နာ၊ အရေပြားမှာဖြစ်ရင်အရေပြားလေးဖက်နာ စသည်ဖြင့် ခေါ်ကြပါတယ်။ အခုဆွေးနွေးမည့် သွေးလေးဖက်နာ ကိုတော့ ဆေး ပညာ အခေါ်အဝေါ်အရ Rheumatoid arthritis လို့ခေါ်ပါ တယ်။ သူကတော့ အော်တိုအင်မြူးရောဂါ တစ်မျိုးဖြစ်ပြီး နာတာရှည် ဖြစ်လေ့ရှိပါတယ်။ အဓိ ကအနေနဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ခုခံအားစနစ်တွေ ချို့ယွင်းသွားလို့ ဖြစ်ရတဲ့ ရောဂါလို့ ပြောနိုင်ပါတယ်။ ဒီရောဂါကို စတင်ဖော်ထုတ်ခဲ့သူကတော့ ပြင်သစ်လူမျိုး ဆရာဝန်တစ်ဦးဖြစ် တဲ့ ဒေါက် တာအော်ဂက်စတင်ဂျက်ကော့ ဖြစ်ပြီး ၁၈ဝဝ ပြည့်နှစ်ကတည်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ စတင် ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။


မေး။ ။ ဒီရောဂါက ဘယ်လိုမျိုးလူတွေမှာ ဖြစ်လေ့ ရှိပါသလဲ ဆရာ။
ဖြေ။။ သွေးလေးဖက်နာဟာ အဆစ်အမျက်ရောင် ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါ တစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါ တယ်။ နိုင်ငံနဲ့ လူမျိုး အလိုက် ဖြစ်ပွားမှုနှုန်း အနည်းအများတော့ ရှိပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး အုပ်စုနှိုင်း ယှဉ်ရင် အမျိုးသမီး သုံးဦးဖြစ်ရင် အမျိုးသားက တစ်ဦးပဲဖြစ်တော့ အမျိုးသမီးတွေ မှာ သိသိ သာသာ အဖြစ်များတဲ့ ရောဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။ ရောဂါဖြစ်ပွားမှု နှုန်းဟာလည်း နှစ်စဉ် တိုးတက်များပြားလာနေတာ တွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၁၉၉ဝ ပြည့်နှစ်မှာ ဒီရောဂါနဲ့ သေဆုံးသူတွေဟာ၂၈၈ဝဝ လောက်သာရှိရာကနေ၂ဝဝ၃ ခုနှစ်မှာ ၃၈ဝဝဝ အထိ တိုးလာတယ်လို့ဆိုပါတယ်။ တချို့အဖြစ်များ တဲ့ ဒေသတွေမှာ လူဦး ရေရဲ့ ၁ ရာခိုင်နှုန်းအထိပင် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။


မေး။ ။ ဒီသွေးလေးဖက်နာ ရောဂါဟာ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ ရှင်းပြပေးပါဆရာ။
ဖြေ။။ ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း တိတိကျကျ မပြောနိုင်သေးပေမယ့် ရှာဖွေလေ့ လာ မှုတွေအရ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်နှစ်ခု ပေါင်းဆုံပြီးဖြစ်ရတာလို့ ပညာရှင်များက ယူဆထား ကြပါတယ်။(က) မျိုးဗီဇကြောင့်ဖြစ်ရခြင်း သွေးလေးဖက်နာဟာ မျိုးဗီဇနဲ့ ပတ်သက်မှု ရှိ ကြောင်း တွေ့ရပါတယ်။ ရောဂါဖြစ်သူရဲ့မိဘ၊ ညီအစ်ကိုမောင်နှ မနဲ့ ဆွေ မျိုးရင်းချာတွေမှာပါ ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရပါတယ်။ အမြွှာညီအစ်ကို၊ ညီအစ်မ၊ မောင်နှမတွေမှာ ဆိုရင်လည်း တစ်ပုံစံတည်း တူတဲ့သူတွေမှာ ဖြစ်ပွားတဲ့နှုန်းဟာ ၁၅ ရာခိုင်နှုန်း အထိရှိတတ်ပြီး တစ် ယောက်နဲ့ တစ်ယောက်မတူတဲ့ သူတွေမှာဆိုရင် ၃ ရာခိုင်နှုန်းလောက်ပဲ တွေ့ရပါတယ်။ ရောဂါဖြစ်နေသူရဲ့ မျိုးဗီဇကို လေ့လာတဲ့အခါ ခုခံ အားစနစ်နဲ့ ပတ်သက်နေတဲ့ မျိုးဗီဇတချို့မှာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်နေလေ့ရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။
(ခ) ပတ်ဝန်းကျင်ကြောင့် ဖြစ်ရခြင်း
(၁)ရောဂါပိုးမွှားများ ဝင်ရောက်မှုကြောင့် ဖြစ်ရခြင်း- တချို့သော ပညာရှင်တွေကတော့ သွေး လေးဖက်နာဟာ ရောဂါပိုး တစ်မျိုးမျိုး ဝင်ရောက်ရာက မျိုးဗီဇအခြေခံရှိသူ (Risk gene) တွေမှာ ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။ ရောဂါပိုးဆိုရာမှာ ဘယ်ပိုးရယ်လို့ အတိအကျ မ ပြောနိုင်သေးပေမယ့် အူထဲမှာ ရှိတဲ့ ဗိုင်းရပ်စ်ပိုး တချို့(ဥပမာ- Epstein- Barr virus, Cytome-galovirus) ကြောင့်ဖြစ်နိုင်တယ်လို့ သံသယ ရှိနေကြပါတယ်။
(၂) ဆေးလိပ်သောက်ခြင်း- ဆေးလိပ်သောက်တဲ့အတွက် အရင်ကတည်းက မျိုးဗီဇဓာတ်ခံရှိ သူတွေမှာ သွေးလေးဖက်နာ ဖြစ်လေ့ရှိကြောင်း တွေ့ရပါတယ်။ ပြီးတော့ သွေးေ လးဖက်နာ ရှိသူတွေ ဆေးလိပ်သောက်ရင် ရောဂါပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲ ဝေဒနာတွေ ပိုမိုခံစားရ လေ့ရှိပါတယ်။ ဆေးတွေပေးတဲ့ အခါမှာလည်း ထိရောက်မှု လျော့ နည်း တတ်ပါတယ်။ အ နောက်နိုင်ငံမှာ ရှိတဲ့အမျိုးသမီးတွေမှာ ဆေးလိပ်သောက်တဲ့ အုပ်စုနဲ့ ဆေးလိပ်မသောက်တဲ့ အုပ်စု နှိုင်းယှဉ်ရာမှာ ဆေးလိပ်သောက်သူတွေမှာ ပိုဖြစ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တော့ အဲဒီလိုမျိုး မတွေ့ရပါဘူး။
(၃) ဟော်မုန်းများကြောင့်ဖြစ်ရခြင်း-အမျိုးသားနဲ့ အမျိုးသမီး နှိုင်းယှဉ်ရင် ဘယ်နိုင်ငံ၊ ဘယ်လူ မျိုးမှာပဲကြည့်ကြည့် အမျိုးသမီးတွေဟာ သိသိသာသာ ပိုများတာ တွေ့ရပါတယ် (၃း ၁ ရှိပါတယ်)။ ဒါကြောင့် အမျိုးသမီးဟော်မုန်းတွေဟာ ရောဂါဖြစ်ပွားဖို့ကို လှုံ့ဆော်ပေးတယ်လို့ ယူဆကြပါတယ်။ အမျိုးသမီးတွေမှာတောင်မှ ကလေးမွေးပြီးစ အချိန်နဲ့ နို့တိုက်နေတဲ့ အချိန် တွေမှာ ပိုပြီးရောဂါ ဆိုးလေ့ရှိတော့ အမျိုးသမီးဟော်မုန်းတွေ ပေါ်မှာလည်း သံသယရှိနေ ပါတယ်။
(၄) အူတွင်းရှိ အကျိုးပြု အဏုဇီဝများ ချို့ယွင်းမှုကြောင့် ဖြစ်ရခြင်း-လူရဲ့အူထဲမှာ အကျိုးပြု အဏုဇီဝ ပိုးလေးတွေ ရှိပါတယ်။ အဲဒီပိုးလေးတွေက ထုတ်လုပ်ပေးတဲ့ ဓာတ်ပစ္စ ည်းတွေဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ထိန်းညှိပေးရာမှာ များစွာ အရေးပါပါတယ်။ အဲဒီအဏုဇီဝ ပိုးအ ရေအတွက်တွေ လျော့နည်းသွားလို့ပဲ ဖြစ်ဖြစ်၊ မျိုးဗီဇပုံသ ဏ္ဌာန် ပြောင်းလဲသွားလို့ပဲ ဖြစ်ဖြစ် ခုခံအားစနစ်ကို ထိန်းချုပ်မှု လျော့နည်း သွားစေပါတယ်။ အဲဒီအခါမှာ အော်တိုအင်မြူး ရောဂါ လို့ခေါ်တဲ့ ခုခံအား ချို့ယွင်းတဲ့ ရောဂါေ တွ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခုနက တင်ပြခဲ့တဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေဟာ နဂိုကတည်းက မျိုးဗီဇအခံရှိခဲ့ရင် သွေးလေးဖက်နာ ဖြစ် လာနိုင်ပါတယ်။


မေး။။ သွေးလေးဖက်နာဖြစ်ရင် ဘယ်လိုမျိုး ရောဂါလက္ခဏာတွေ ခံစားရပါသလဲဆရာ။
ဖြေ။။ ရောဂါလက္ခဏာတွေမှာ အဓိက အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်း အနေနဲ့ အရိုးအ ဆစ်တွေ ရောင်ရမ်းတဲ့ လက္ခဏာဖြစ်ပြီး နောက်တစ်ပိုင်း အနေနဲ့ ကျန်တဲ့ခန္ဓာ ကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွေးလေးဖက်နာဖြစ်ရင် အရိုးအဆစ် ရောင်ရုံပဲဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်ကြောင်း အဓိက ပြောချင်ပါတယ်။
(က) အရိုးအဆစ်များ ရောင်ရမ်းခြင်း လက္ခဏာများ စဖြစ်လေ့ရှိတဲ့အသက်အရွယ်အနေနဲ့
လူလတ်ပိုင်း အရွယ် အသက် ၃ဝ- ၄ဝ လောက်မှာ စဖြစ်လေ့ရှိပါတယ်။ များသော အားဖြင့် လက်ဆစ်လေးတွေ၊ လက်ကောက်ဝတ် အဆစ်လေးတွေ စတင်ရောင်ေ လ့ရှိ ပြီး နှစ်ဖက်စလုံးမှာ တစ်ပြိုင်တည်း ဖြစ်လေ့ရှိပါတယ်။ တချို့ပိုဆိုးတဲ့ သူတွေကျတော့ ခြေထောက်မှာရှိတဲ့ ခြေချောင်းအဆစ်လေးတွေ၊ ခြေချင်းဝတ်အဆစ်တွေပါ ဖြစ်နိုင်ပါ တယ်။ မနက်ပိုင်း အိပ်ရာအထမှာ ပိုဖြစ်လေ့ရှိပါတယ်။ နားပြီးရင် ပိုဆိုးတတ်လို့ တစ်ညလုံးနားပြီး မနက်အိပ်ရာအထမှာ ပိုဆိုးရခြင်း ဖြစ်ပါတယ်။ ဖြစ်ခါစမှာ နည်းနည်း ပဲရောင်တာ၊ တင်းတာလောက်ပဲဖြစ်ပြီး တဖြည်း ဖြည်းနဲ့ သက်သာသွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ပိုပိုဆိုးလာလေ့ရှိပါတယ်။ အရိုးနဲ့ကပ်နေတဲ့ ကြွက်သားတွေပါ တောင့်တင်း တာလည်း တွေ့ရတတ်ပါတယ်။ရောင်နေတဲ့ အဆစ်တွေကို လက်နဲ့ ဖိကြည့်ရင် နာပါတယ်။ လှုပ်ရှားခိုင်းရင်၊ ကွေးခိုင်းဆန့်ခိုင်းရင်လည်း နာပါတယ်။ တဖြည်းဖြည်း နဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်တော့ ကြာရင် အရိုးအဆစ်တွေ ပျက်စီးပြီး ကွေး ကောက်ကုန်ပါတယ်။
(ခ) တခြားခန္ဓာကိုယ် အစိတ်အပိုင်းများ၌ ရောင်ရမ်း ပျက်စီးသည့် လက္ခဏာများ
(၁) တစ်ကိုယ်လုံး အတိုင်းအတာ အရကြည့်ရင် မစားချင်မသောက်ချင် ဖြစ်လာတတ်ပါတယ်။ ပင်ပန်းလွယ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ် အလေးချိန် ကျဆင်းခြင်း တို့ တွေ့ရတတ် ပါတယ်။ ကြွက်သားတွေ အကုန်ပျော့ပြီး သိမ်လာတတ်ပါတယ်။ အရိုးတွေပွလာ၊ ပျက်စီးလာတတ်ပါတယ်။
(၂) အရေပြားပေါ်မှာ အကျိတ်အဖုလေးတွေ ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် လက်မှာဆို ရင် ဖိမိတတ်တဲ့ နေရာတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ အဲဒီအဖုတွေဟာ ဖိမိ၊ ခိုက်မိတာဖြစ်ရင် အနာဖြစ်ပြီးပိုးဝင်ကာ ပြည်တည်နာတွေအဖြစ်ကို ပြောင်းသွားတတ်လို့ မထိခိုက်မိအောင် ဂရုပြုရပါတယ်။
(၃)တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးကြောလေးတွေ ရောင်ရမ်း တတ်ပါတယ်။ အထူးသဖြင့် လက်ထိပ်ခြေ ထိပ်လေးတွေကို သွားတဲ့ သွေးကြောလေးတွေ ရောင်ခဲ့ရင် သွေြးေ ကာကသေးတော့ ပိတ်သွား တတ်ပါတယ်။ အဲဒီအခါ လက်ထိပ် ခြေထိပ်လေးတွေကို သွေးမလျှောက်တော့တဲ့ အတွက် ပုပ်သွားတတ်ပါတယ်။ ပိုဆိုးရင် အရေပြားအောက်မှာ ရှိတဲ့ သွေးကြောလေးတွေ ပိတ်သွားလို့ အကွက်လိုက် အကွက်လိုက် အရေပြား ပျက်စီးပြီး အနာဖြစ်နိုင်ပါတယ်။
(၄) မျက်စိနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်လေ့ရှိပါတယ်။ မျက်ခမ်းရောင်ခြင်း၊ မျက်ကြည်လွှာ ရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ မျက်ကြည်လွှာ တဖြည်းဖြည်း ပါးလာတတ်ပါ တယ်။ မျက်စိ ကြည့်လို့မကောင်းတာ၊ မျက်စိကျိမ်းတာ၊ မျက်ရည်မထွက်ဘဲ ခြောက်သွားတာတွေ ဖြစ်တတ် ပါတယ်။
(၅) နှလုံးနဲ့ ပတ်သက်လို့ဖြစ်ရင် ပိုအရေးကြီးပါတယ်။ နှလုံး အမြှေးပါး ရောင်တာ၊ နှလုံးအမြှေး နှစ်ခုကြားမှာ အရည်တွေစုလာတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်ရင် လူနာဟာ အလကား နေရင်း နှလုံးခုန်နှုန်းတွေ မြန်လာပြီး မောလာပါတယ်။ အထူးသဖြင့် အရင်ကတည်းက အဆီ လည်းများမယ်၊ ဝလည်းဝမယ်၊ ဆေးလိပ်လည်း သောက် မယ်ဆိုရင် အသက်အန္တရာယ် ရှိပါတယ်။ ကုသတဲ့ဆေးထဲမှာ စတီးရွိုက်ဆေးတွေ သောက်နေတဲ့သူဆို ပိုဆိုးတတ်လို့ ဆရာဝန်နဲ့ သေသေချာချာ ပြဖို့လိုပါတယ်။
(၆) အဆုတ်နဲ့ ပတ်သက်ရင် အဆုတ်အမြှေးပါးရောင်တာ၊ မောတာ၊ အသက်ရှူမကောင်းတာ ဖြစ်တတ်ပါတယ်။ အဆုတ်ထဲမှာလည်း Rheumatoid nodule လို့ခေါ်တဲ့ အလုံးတွေ ထွက် တတ်ပါတယ်။ ဓာတ်မှန်ရိုက်ရင် ကင်ဆာနဲ့မှားနိုင်ပါတယ်။
(၇) အာရုံကြောစနစ်ကိုလည်း ထိခိုက်စေပါတယ်။ လက်ဆစ်တွေရောင်လာတဲ့အတွက် လက်ဖဝါးနဲ့ လက်ထိပ်တွေကို သွားတဲ့ အာရုံကြောကို ညပ်စေပြီး လက်တွေကျဉ်တာ၊ ထုံတာ၊ ပစ္စည်းတွေ ကိုင်မရတာ ဖြစ်တတ်ပါတယ်။ Carpal tunnel syndrome လို့ခေါ်ပါတယ်။ အလားတူပဲ ခြေထောက်မှာရှိတဲ့ အကြောညပ်ပြီး ခြေထောက်တစ်ခုလုံး ထုံတာ၊ ကျဉ်တာ၊ နာတာဖြစ်ရင် Tarsal tunnel syndrome လို့ ခေါ်ပါတယ်။ ဒါတွေကတော့ အရိုးရောင်လာလို့ အကြောတွေ ညပ်သွားတာ ဖြစ်ပါတယ်။ အလားတူပဲ လည်ပင်းရိုးမှာ အကြောညပ်တာ၊ ခါး ကြောညပ်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။


မေး။ ။ သွေးလေးဖက်နာ ရှိသူအနေနဲ့ ဘယ်လိုမျိုး နေထိုင် စားသောက်ရမယ်ဆို တာသိပါရ စေ။
ဖြေ။။ ဒါကတော့ လူနာတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ အနေအထိုင်၊ အစားအ သောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက် ရင် ရောဂါသက်သာ ပျောက် ကင်းဖို့ အများကြီး အထောက်အကူပြုပါတယ်။ (က) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ဟာ ရောဂါကို ပိုဆိုးစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေဖြစ် တဲ့ နှလုံးသွေးကြော ကျဉ်းရောဂါတွေ၊ ခြေလက်များကို သွေးမလျှောက်လို့ ပုပ်သွားတာတွေကို ဖြစ်စေဖို့ အားပေးပါတယ်။(ခ)အဆစ်အမျက်တွေ ရောင်နေတဲ့အချိန် မှာ ရောင်ေ နတဲ့ အဆစ်တွေကို အနားပေးရပါမယ်။ ဥပမာ-လက်ဆစ်တွေ ရောင်နေတဲ့အချိန်မှာ ပစ္စည်းတွေကို လက်နဲ့မတာမျိုး၊ လက်ကိုများစွာ အသုံးပြုတာမျိုးတွေ ရှောင်ရပါမယ်။ လိုအပ်ရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲ ပျောက်ဆေးတွေ သုံးပြီး သက်သာအောင် ကုသရပါမယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အဆစ်တွေ ရောင်ရင်တော့ အိပ်ရာပေါ်မှာ အနားယူဖို့ လိုပါလိမ့်မယ်။ (ဂ) နားတာနဲ့ တစ်ဆက်တည်း လုပ်ရမှာက လေ့ကျင့်ခန်း ဖြစ်ပါတယ်။ နားလို့ သက်သာလာပြီဆိုတာနဲ့ ခုနကနားထားတဲ့ အဆစ်တွေ ကို လေ့ကျင့်ခန်း တဖြည်းဖြည်းချင်း လုပ်ပေးရပါမယ်။ ဒါမှမဟုတ်ရင် အဆစ်တွေ ဟာ ခိုင်သွားပြီး နောက်ပိုင်းမှာ လှုပ်ရှားလို့ မရဖြစ်တတ်ပါတယ်။ ဒါကြောင့် လိုအပ်ရင် နား လည် တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ တိုင်ပင်ပြီး ပြုလုပ်ရပါမယ်။ (ဃ) အစားအစာ အနေနဲ့ အာ ဟာရပြည့်ဝအောင် စားရပါမယ်။ (၁) အထူးသဖြင့် အရိုးအဆစ်တွေ အတွက် လိုအပ်တဲ့ ကယ်လ် ဆီယမ်နဲ့ ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။ ဥပမာ အားဖြင့် နွားနို့၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတွေ စားပေးရပါမယ်။ (၂) အရောင်ကျစေတဲ့ အစားအစာတွေကို ပိုစားပေးရပါမယ်။ ဥပမာ-နာနတ်သီး၊ ဘယ်ရီသီး၊ နနွင်း၊ လက်ဖက်စိမ်း။ (၃)အိုမီဂါ-၃ြ<ွကယ် ဝတဲ့ အစားအစာတွေ ပိုစားရပါမယ်။
ဥပမာ-အဆီပါတဲ့ငါး၊ အခွံမာတဲ့သစ်စေ့တွေ ဖြစ်ပါတယ်။ (၄) ပရိုဘိုင်အိုတစ်ကြွယ်ဝတဲ့အစား အစာတွေဖြစ်တဲ့ ဒိန်ချဉ်လိုမျိုးတွေ မကြာခဏ စားပေးသင့်ပါတယ်။ (၅) ရှောင် သင့်တဲ့ အစား အစာတွေကတော့ ဆီကြော်မုန့်တွေ၊ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ အစားအစာတွေ၊ တာ ရှည်ခံအောင်ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုမှုန့် စတာတွေကို ရှောင်ရပါမယ်။


မေး။ ။ အခုလို ပြည့်ပြည့်စုံစုံ ရှင်းပြပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်ဆရာ။ဆရာ့အနေနဲ့ မြဝတီ စာဖတ် ပရိသတ်ကြီးကို ဘာများ မှာချင်ပါသေးလဲ ဆရာ။
ဖြေ။။ သွေးလေးဖက်နာ ဖြစ်ပွားမှုနှုန်းက ဆရာတို့ မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှာ တဖြည်းဖြည်း မြင့်တက် လာနေတာကို တွေ့ရပါတယ်။ ဒါဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီး မှုနဲ့လည်း ပတ်သက်နေပါတယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလေလေ အခုလို အော်တို အင်မြူးရောဂါတွေ အပါအဝင် တခြားရောဂါတွေ ပါပိုဖြစ်နိုင်လို့ သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းတဲ့ အလုပ်တွေကို လူတိုင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နောက် ဒုတိယ အနေနဲ့ ဒီရောဂါဖြစ်ရင် စပ်ဆေးတွေ၊ ဆေြး မီးတိုတွေနဲ့တင် သောက်ပြီးမနေဘဲ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ တိုင်းရင်း ဆေးသမားတော်တွေနဲ့ ပြသတိုင်ပင်ပြီး ထိထိရောက် ရောက်ကုသစေချင်ပါတယ်။


မြ၀တီ