Thursday, March 19, 2015

ပြည်ပဆရာဝန်ကြီးများ၏ ၀ါးခယ်မ ကုသိုလ်ဖြစ်ဆေးကုသမှု





ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) သည် သူ၏ မူလ ဦးတည်ချက်များဖြစ်သော ပညာ / ကျန်းမာ / သာယာ ဟူသော လုပ်ငန်းစဉ်များအနက် ယခုနောက်ပိုင်းတွင် မြို.နယ် ဖွံ.ဖြိုးရေး လုပ်ငန်းများက ခပ်စိပ်စိပ် တွေ.မြင်လာရသလို ပညာရေးဆိုင်ရာ ထောက်ပံ.မှု ကလည်း ပိုမိုကျယ်ပြန်.လာသည်ကိုတွေ.နေရသည် ။ ထို.အပြင် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ကလည်း တစ်နှစ်လျှင် အနည်းဆုံး ၃ကြိမ်ခန်. ကုသိုလ်ဖြစ် အခမဲ့ ကုသမှု လုပ်ငန်းများ ပြုလုပ်နိုင်ခဲ့သည်ကိုတွေ.ရသည် ။ 

ထူးခြားချက် အနေဖြင်. ၂၀၁၄ - ၂၀၁၅ နှစ် ပိုင်းများမှ စ၍ ပညာရေးဆိုင်ရာ / ကျန်းမာရေးဆိုင်ရာ / မြို.နယ် ဖွံ.ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အသင်းအနေဖြင်. NGO များ INGO များ နှင်.ပါ ပူးပေါင်းဆောင်ရွက်လာသည်ကိုတွေ.ရပါသည် ။ထို လုပ်ငန်းစဉ်များအနက် ၂၀၁၅ မတ်လ ၁၄ ရက်နေ.ကလည်း မြို.နယ် အသင်း၏ ချိတ်ဆက် စီစဉ်မှု ဖြင်. အမေရိကန် အထူးကုဆရာဝန်များအဖွဲ.၏ အထွေထွေ ၊ နှလုံး နှင်. ကလေးအထူးကု ဆိုင်ရာ အခမဲ့ စမ်းသပ် ၊ ကုသမှု လုပ်ငန်း တစ်ရပ်ကို ၀ါးခယ်မပြည်သူ.ဆေးရုံကြီးတွင် ပြု လုပ်ခဲ့ကြောင်းသိရပါသည် ။

ထို ကုသိုလ်ဖြစ် Medical Combine Team တွင် Rotary International မှတာဝန်ရှိသူ ၂ ဦး ၊  Cardiologist MD ( Adult ) ၂ ဦးဖြစ်သော Wolfram  Koehler နှင်. Jerold Hawn တို.ဦးဆောင်သော အမေရိကန် - ကနေဒါ - ဂျာမဏီ တို.မှ အထူးကုဆရာဝန် - သူနာပြု နှင်. ဆေးဘက်ဆိုင်ရာ ပညာရှင် ၁၂ ဦး ပါဝင်သည်. Cardiostart International Group  ၊ ပင်လုံဆေးရုံ အုပ်စုမှ Director ဒေါက်တာဝမ်းမောင် ဦးစီးသော GM တစ်ဦး - ဆရာဝန် ၃ဦး - ဆေးဘက်ပညာရှင်နှင်. အထောက်အကူပြု ၉ ဦး   နှင်. SSC မှ ဆရာဝန် ၂ဦး - သူနာပြု နှင်. အထောက်အကူပြု ၃ ဦး ပါဝင်သောအဖွဲ. ၊ KBZ Group မှ Director ၁ ဦး - GM တစ်ဦး တို. ပါဝင်ခဲ့ကြပါသည်

RI တာဝန်ရှိသူ တစ်ဦး၏ အသိအမှတ်ပြုမှု
 Medical Team အနေဖြင်. မနက် ၈း၀၀ နာရီသာသာခန်.တွင် ရန်ကုန်မှ ရောက်ရှိလာခဲ့ပြီး ကြိုတင်စောင်.ဆိုင်းနေသော ဝေဒနာရှင်များကို စမ်းသပ် ကုသခဲ့ကြပါသည် ။ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) တာဝန်ရှိသူများ ၊ ဆေးရုံ အုပ်ကြီးနှင်. ဆရာဝန် /သူနာပြု နှင်. ၀န်ထမ်းများ ၊ မြို.ခံ ဆရာဝန်များ နှင်. အကျိုးဆောင် လူငယ်များ ၊ အဖွဲ.များ မှ အဆင်ပြေချောမွေ.စွာ စမ်းသပ် ကုသနိုင်ရေး ၀ိုင်းဝန်း ပံ.ပိုး ကူညီပေးခဲ့ကြပါသည် ။ လူနာမှတ်ပုံတင်စာရင်းသွင်းခြင်း ကို ၀ါးခယ်မ GTI မှဆရာမများ နှင်. မြို.ခံများ ၊ လူနာများ တွဲကူ /ခေါ်ယူ ခြင်း / ကုသရေးဆိုင်ရာ ကူညီစီမံခြင်းများအတွက် ၀ါးခယ်မ GTI မှကျောင်းသားများ - ကြက်ခြေနီအချို. - ၀ါးခယ်မမြို.နယ်အသင်း အလုပ်အမှုဆောင်နှင်. အကျိုးဆောင်များ ၊လူနာနှင်. လူနာစောင်.တို.အတွက်နေ.လည်စာချက်ပြုတ်ခြင်းနှင်.ဝေငှကျွေးမွေးခြင်းကိုမြို.မကျောင်းဆရာတော် ၏ သြ၀ါဒခံ စိတ်ထားဖြူစင် လူငယ်များ -  မြို.ခံအကျိုးဆောင် လူငယ်များ - အရံမီးသတ် များ ၊ ကုသရေးအဖွဲ.အား ကူညီလုပ်ဆောင်ခြင်းအတွက် မြို.ခံ လူငယ်ဆရာဝန်များ ၊ အစီအစဉ် တစ်ရပ်လုံးအတွက် အောက်ခြေသိမ်း လုပ်ငန်းများမှအစ အားလုံးကို ၀ါးခယ်မမြို.နယ်အသင်း အကျိုးဆောင်များ ၊ လူနာတင်ကားစောင်.ရှောက်ထိမ်းသိမ်းရေး ကော်မတီဝင်များ နှင်. မြို.ခံလူမှုရေး တက်ကြွသူလူငယ်များက တက်ကြွစွာ ကူညီပေးခဲ့ကြပါသည် ။

လာရောက်ဆေးကုသခဲ့ကြသော ဝေဒနာရှင်များအား တစ်ဦးလျှင် ထမင်း ၂ထုပ်စီ ( ဝေဒနာရှင် ၁ + အကူ ၁ ) ကို ဝေငှပေးခဲ့ပါသည် ။ ထိုကုန်ကျစရိတ် ၅၇၂ , ၀၀၀ ကျပ်ကို ဒေါက်တာဇော်ထွန်း မိသားစု ( SSC ) မှ ကုသိုလ်ပြု လှုဒါန်းခဲ့ပါသည် ။Medical Combine Team တစ်ခုလုံးနှင်. ဧည်.သည်တော် အားလုံးအတွက် ကျွေးမွေး ဧည်.ခံ စရိတ်ကို မြို.နယ်ကျန်းမာရေးကော်မတီမှ တာဝန်ယူလှုဒါန်းခဲ့ပါသည် ။  ကုသ မှု များကို ညနေ ၄း၀၀ နာရီ ခန်.တွင် အဆုံးသတ်ခဲ့ပြီး ဝေဒနာရှင်စုစုပေါင်း ၃၀၀ ကျော် စမ်းသပ် ကုသနိုင်ခဲ့ပါသည် ။ Echo Cardiogram ရိုက်ရန် ကျန်သော ဝေဒနာရှင် ၁၅ ဦးခန်.ကိုမူ ရန်ကုန်သို. နောက်ရက်တွင် လာရောက်ပြီး စမ်းသပ်နိုင်ရန် ဝေဒနာရှင် တစ်ဦးလျှင် အကူ တစ်ဦး နှုံး ဖြင်. စရိတ်ငြိမ်း လာရောက် စမ်းသပ်နိုင်ရန် အပြင် ရွှေတိဂုံ ဘုရားဖူးမျှော်ရန်အတွက်ပါ စီစဉ်ပေးရာ ၈ ဦး မှ လာရောက်ရန် သဘောတူခဲ့ကြပြီး ၁၆ ရက်နေ.မနက်က ၇ဦး လာရောက်ခဲ့ပါသည် ။ထို ၇ ဦးအနက် ၃ ဦးမှာ ဆေးရုံတက် ကုသရန်လိုအပ်သဖြင်. လိုအပ်သည်များစီစဉ်ပြီးနောက် တက်ရောက်မည်ဖြစ်ပါသည် ။ ခရီးစဉ်တွင်ပါလာသော ၂ ဦး ယခု ၃ ဦးပေါင်း ၅ ဦးအား ပင်လုံဆေးရုံတွင် စရိတ်ငြိမ်းတာဝန်ယူကုသပေးမည်ဖြစ်ပြီး ထိုစရိတ်အားလုံးကို ပင်လုံဆေးရုံအုပ်စုမှ ကျခံလှုဒါန်းမည်ဖြစ်ပါသည် ။

စမ်းသပ် ကုသမှုများ အပြီး တွင် ပင်လုံ ဆေးရုံ လုပ်ငန်းစု ဒေါက်တာဇော်ထွန်း - ဇနီး ဒေါ်ဌေးဌေးကြည် - သားမောင်ကောင်းမြတ် - သမီး စိမ်းလဲ့ရည် မိသားစု မှ ၀ါးခယ်မပြည်သူ.ဆေးရုံအတွက် လှုဒါန်းသော သိန်း ၂၀ကို GM ဒေါ်အေမာမောင် မှ ဆေးရုံအုပ်ကြီးသို.လည်းကောင်း  CardioStart  Group မှ ၅သိန်းကျပ် ကို Jerold Hawn မှဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်အေးရ အား လည်းကောင်းလှုဒါန်းခဲ့ကြပြီး ပင်လုံဆေးရုံ အုပ်စုမှ ကုသပြီးပိုလျှံသောဆေးဝါးအားလုံးအား ဆေးရုံကြီးသို. လှုဒါန်းခဲ့ကြပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း မှ Team တွင်ပါဝင်သူများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ တစ်ဦးချင်းစီပေးအပ်ပြီး အသင်းရင်ထိုးတံဆိပ်များအား အမှတ်တရ တပ်ဆင်ပေးခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြကာ ညနေ ၄နာရီခန်.တွင် Medical Combine Team ပြန်လည်ထွက်ခွာသွားခဲ့ပါသည် ။

ကုသရေးအဖွဲ.၀င်များ ၊ မြို.နယ်အသင်း အမှုဆောင်များ ၊ အကျိုးဆောင်များ ၊ ကူညီကြသူများ
 ယခုလာရောက်သော CardioStart International Group သည် Rotary International ၏ ဘဏ္ဍာရေး တာဝန်ယူမှုဖြင်. ကုသိုလ်ဖြစ် ဆေးကုသမှုကို မြန်မာနိုင်ငံသို. လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး Rotary International ၏ မြန်မာပြည်ပထမဆုံးခရီးစဉ်လည်းဖြစ်ပါသည် ။RI အဖွဲ.မှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် အခြေစိုက်ပြီး ကလပ်ပေါင်း ၂၅၀၀၀ ကျော် ၊ အဖွဲ.၀င်အင်အား ၁၃သိန်းကျော်ဖြင်. လူမှုရေး အကူအညီပေးနေသော ပရဟိတအဖွဲ.ဖြစ်သည်ဟု သိရသည် ။ ကုသိုလ်ဖြစ် ဆေးကုသမှု ခရီးစဉ်၏ အစမြို. အဖြစ် ၁၃ ရက်နေ.တွင် ဖောင်ကြီးသို.သွားရောက်ခဲ့ပြီး ၀ါးခယ်မ မှာ ဒုတိယမြို. ဖြစ်ပါသည် ။ရန်ကုန်မြို.တွင်မူ ပင်လုံဆေးရုံအုပ်စု ၊ ရန်ကင်းကလေးဆေးရုံ တို.နှင်. ပူးပေါင်း လုပ်ကိုင်နေသည်ဟု သိရပါသည် ။ယခု ခရီးစဉ်အတွက် CardioStart မှ ကုသမှုဆိုင်ရာ စက်ပစ္စည်းများ ၊ ပင်လုံ နှင်. SSC မှ ဆေးဝါးများ ထောက်ပံ.ကူညီခဲ့ပါသည် ။ CardioStart အနေဖြင်. အမေရိကန် ဖလော်ရီဒါတွင် အခြေစိုက်ပြီး ယခုခရီးစဉ်များတွင် ကုသိုလ်ဖြစ် ကုသမှုများသာမက ခွဲစိတ်ခြင်း နှင်. ကုသမှု အတတ်ပညာများကိုပါ ဖြန်.ဝေသင်ကြား ပေးခြင်းဖြစ်ပါသည် ။ 

ကုသရေးအဖွဲ.၀င်တစ်ဦးဖြစ်သော မစ္စတာ ဘရွတ်က စာရေးဆရာ မောင်ကောင်းမြင်.အား “ သည်ခရီးကိုကြိုက်ပါတယ် ၊ ကျွေးတဲ့အစားအစာတွေကိုလည်း ကြိုက်ပါတယ် ။ မြန်မာပြည်ကို ပထမဆုံးအကြိမ်ရောက်တာပါ ။ နောင်လည်း လာချင်ပါတယ် ။ ဇာတိက အမေရိကန် - အော်ရီဂွန်ပြည်နယ်ကပါ ”ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည် ။

Rotary International အနေဖြင်.မူ နှစ်စဉ်လာရောက်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး လိုလိုလားလားကြိုဆိုမှုများသာရှိပါက နောင်ကိုလည်း ဖြစ်အောင်လာရောက်မည်ဖြစ်ကြောင်း RI တာဝန်ရှိသူတစ်ဦးဖြစ်သော Sophie Stone မှ wakhama.blog သို.ပြောကြားခဲ့ပါသည် ။


ဆက်စပ်ကြည်.ရှု ရန် ဓါတ်ပုံ Album များ
 





 

Tuesday, March 10, 2015

ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် အာဏာသိမ်းအင်တာဗျူးး

( မိမိတို.ဇာတိဖွား နိုင်ငံတော် ၀န်ကြီးချုပ် ဟောင်း လက်ထက် ကြုံတွေ.ခဲ့ရသော အာဏာသိမ်းဖြစ်စဉ် နှင်. ပတ်သက်၍ သမီးဖြစ်သူ ဒေါ်သန်းသန်းနုအား မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့သည်များထဲမှ ကောက်နုတ်ဖော်ပြထားသည်များကို Mizzima Daily မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည် )

From RadioAustralia
 လွန်ခဲ့သည့် ၅၃  နှစ် ၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်က ပါလီမန်ဒီမိုကရေစီခေတ်၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဦးနုထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည်။ ထိုသို့ အာဏာသိမ်းခဲ့ချိန်တွင် ဝန်ကြီးချုပ် ဦးနုအစိုးရအဖွဲ့မှ တာဝန်ရှိသူများကိုလည်း လိုက်လံ ဖမ်းဆီးခဲ့သည်။ ယင်းသို့ ဝန်ကြီးချုပ်ဟောင်း ဦးနု နေအိမ်ကို ဝင်ရောက်ဖမ်းဆီးကာ အာဏာသိမ်းခဲ့သည့်ဖြစ်ရပ်များကို သမီးဖြစ်သူ ဒေါ်သန်းသန်းနုအား မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့သည်များထဲမှ ကောက်နုတ် တင်ပြပေးထားပါသည်။

မေး-အန်တီတို့ အိမ်ကိုဝင်ပြီး ၀န်ကြီးချုပ်ကို ဖမ်းဆီးခဲ့တဲ့ မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်ပြောပြပါဦး
ဖြေ-အဲဒီတုန်းကတော့ သူတို့လာကြတဲ့အချိန်မှာ အပြင်မှာတော့ တပ်တွေဘယ်လောက် ရှိသလဲ မသိဘူး။ အပြင်ကို လှမ်းမြင်နိုင်တဲ့သူတွေပြောတာကတော့ တင့်ကားတွေ၊ စစ်ကားတွေနဲ့လာတယ် ပြောတယ်။ ခြံဝင်းထဲမှာတော့ စစ်ကားတွေအပြည့်ပဲလာတယ်။ အန်တီတို့ကို တံခါးဖွင့်ခိုင်းတယ်။ အန်တီ့အစ်ကိုက ဘယ်သူမှန်းလည်းမသိတော့ ဖွင့်မပေးဘူး။ လက်နက်တွေနဲ့ဆိုတော့ စစ်သားလား၊ သူပုန်လား ဘယ်သိမလဲ။ မဖွင့်ပေးဘူးဆိုတော့ သူတို့က "ပစ်လိုက်ရမလား"ဆိုပြီးပြောတော့ အမေက ကမန်းကတမ်းထွက်သွားပြီးတော့ ဖွင့်ပေးလိုက်တယ်။

မေး-လာတဲ့အချိန်မှာ ဒီလို ဖမ်းဆီးဖို့လာတယ်လို့ တွေးမိသလား
ဖြေ-အမေတို့က ဒါတွေက အတွေ့အကြုံရှိတယ်။ ဒီလို ကြမ်းကြမ်းရမ်းရမ်းအာဏာသိမ်းတာ ဒီတစ်ကြိမ်က ပထမဦးဆုံးဆိုပေမယ့် အမေတို့က နိုင်ငံရေးအပေါ်မှာအတွေ့အကြုံရှိတယ်လေ။ သူသဘောပေါက်သွားပြီး ဖွင့်ပေးလိုက်တယ်။ အန်တီတို့က ကလေးတွေပဲရှိသေးတော့မသိဘူး။ ကိုးတန်း ဆယ်တန်းလောက်ပဲ ရှိသေး တယ်။ အားလုံးကို ဧည့်ခန်းထဲမှာပဲ ထိုင်ခိုင်းတယ်။ လမ်းမဘက်ကို မျက်နှာမူပြီး ထိုင်ခိုင်းထားတယ်။ အဖေ့ကို မေးတာပေါ့။ အဓိကကတော့ သူက အဖေ့ကို လာဖမ်းတာကို။ အဖေက အန်တီတို့အိမ်ထဲမှာမရှိဘူး။ အဖေက သူ့ဘုရားဆောင်နဲ့ စာရေးတဲ့အခန်းနဲ့ သူ့ဟာသူ သီးသန့်နေတယ်။ အဲဒီမှာလည်းမရှိဘူး၊ ဘာလို့လဲဆိုတော့ အဲဒီရက်တွေက ဧည့်သည်တွေများတော့ စာရေးချင်တော့ နောက်က ခြံလေးထဲမှာ သူ့ဖာသူ အိမ်လေးတစ်လုံး ပေါ့နော်၊ သီးသန့်ငှားပြီးတော့ နေတယ်။

မေး-နောက်တော့ ဘယ်လိုတွေ့သွားတာလဲ
ဖြေ-နောက်ဆုံးကျတော့ အမေကပဲ ပြောလိုက်တယ်။ အန်တီတို့အတွေးက အဖေ့ကို ဝှက်ထားစရာအကြောင်း မရှိဘူးလေ။ အဲဒီမှာနေတာလို့ပြောလိုက်တော့ အဲဒီကိုသွားတယ်။ အဖေ့ကိုတွေ့လာခဲ့တယ်ပေါ့။ အဲဒီခြံကို သွားတဲ့ လမ်းနဲ့ ခြံစည်းရိုးမှာ တံခါးဖောက်ထားတယ်။ အဲဒီကနေသွားပြီးတော့ အဖေ့ကို ဖမ်းတယ်ဆိုပါတော့၊ ခေါ်လာတယ်။ အဖေက အပေါ့သွားချင်တယ်ဆိုတာတောင် သွားခွင့်မပေးဘူး။  အန်တီတို့ကလည်း အသံတွေ ကြားနေတော့ သြော် အဖေ့ကိုတွေ့သွားပြီဆိုတာ သိလိုက်တယ်။

မေး-၀န်ကြီးချုပ်ကို နေတဲ့အိမ်ကနေ တိုက်ရိုက်ခေါ်သွားတာလား
ဖြေ-လမ်းထိပ်ကိုခေါ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖေတို့ကို ခေါ်ဖို့အတွက် ညွှန်ကြားချက် မလာ သေးဘူးပေါ့။ ဖမ်းတော့ဖမ်းပေါ့။ ဖမ်းပြီး ဘယ်ကိုခေါ်မယ် ဘာဆိုတာ ညွှန်ကြားချက်မလာသေးတော့ ဂိတ်ဝမှာ စောင့်ခိုင်းထားတယ်။ အိမ်ထဲကနေပြီး ကုလားထိုင်တစ်လုံးလာယူတယ်။ ပြီးတော့ အိမ်ထဲမှာ လက်နက်တို့၊ ပစ္စည်းတို့၊ စာရွက်စာတမ်းတို့ ရှာတာပေါ့။အဓိကကတော့ လက်နက်တို့ ဘာတို့ အန်တီတို့က လက်နက်မပြောနဲ့၊ ခြံမှာစောင့်တဲ့သူကတောင် လက်နက်တို့ ဘာတို့ရှိတာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ရိုးရိုးပဲနေကြတာကို၊ အခုခေတ် လိုမျိုးလည်း မဟုတ်ဘူး။

မေး-အန်တီမိခင်ဖြစ်သူကကော ဒီလိုမျိုးဖြစ်လာမယ်လို့ ခန့်မှန်းထားတာမျိုး ရှိသလား
ဖြေ-အင်း ရှိလိမ့်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကတည်းကလည်း တစေ့တစောင်း တော့ကြားနေတာကိုး။ ဖေဖေကပြောတာတော့ မဟုတ်ဘူး။ ဖေဖေက မပြောပေမယ့် မေမေက သူ့အသိုင်း အ၀ိုင်းနဲ့သူပေါ့နော်၊ အဲဒါမျိုး ကြားတာလေး ဘာလေးလည်း ရှိတာပေါ့။

မေး-လက်နက်တွေလည်းကိုင်လာတယ်၊ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးတယ်ဆိုတော့ အန်တီတို့အပေါ်မှာကော ကိုယ်ထိလက်ရောက် ကျူးလွန်တာရှိလား
ဖြေ- မရှိပါဘူး။ မရှိဘူးဆိုတာက သူတို့ ဗီရိုတွေ ဘာတွေကို ခြေထောက်နဲ့ ကန်ပြီးဖွင့်တယ်။ သူတို့ ဆောင့်ကန် ထားတဲ့ စစ်ဖိနပ်ရာတွေ ဘာတွေက အန်တီတို့က ဒီအတိုင်းထားတယ် အမှတ်တရလေးပေါ့လေ။ ကန်နေတော့ အမေက သော့ပေးပြီး သွားဖွင့်ခိုင်းတော့ အန်တီလည်း ဖွင့်ပေးတယ်။ သူတို့ဖွင့်ခိုင်းသလိုတော့ ချက်ချင်းတော့ လည်း ဘယ်ပွင့်မလဲ။ သော့ကလည်း အဲဒီအချိန်မှာကြာလိုက်တာ။ အဲဒီတော့ ကြာလို့ဆိုပြီးတော့ ဆောင့်ကန် တာတွေ ဘာတွေရှိတယ်။

မေး-အိမ်ထဲကို ဝင်လာတာမှာ ဘယ်သူတွေပါပြီး အင်အားကကော ဘယ်လောက်ရှိလဲ အန်တီ
ဖြေ-အိမ်ထဲကိုတော့ အယောက် နှစ်ဆယ်လောက်ပါတယ်။ ဘယ်သူတွေလဲဆိုတာတော့ မသိဘူး။ နောက်ပိုင်း မှာ ပြန်ကြားရတာက နယ်စပ်တွေမှာရှိတဲ့တပ်ကိုခေါ်လာတာတဲ့။ ခေါ်လာတော့လည်း ရန်ကုန်မြို့မှာ သူပုန်တွေ ဝင်တယ်ပေါ့။ သူပုန်ကိုသွားဖမ်းဖို့ဆိုပြီးခေါ်လာတာလို့ ပြန်ကြားတယ်။ သူပုန်ဖမ်းဖို့ နယ်စပ်က တပ်တွေခေါ်လာ တာဆိုတော့ သူတို့လည်းကိုယ့်ကို မြင်ဖူးတာမဟုတ်ဘူးလေ။ သူတို့ကို သူပုန်ဖမ်းဖို့ခေါ်လာတာဆိုတော့ ဒီအိမ်ကိုလည်း သူပုန်အိမ်လို့ထင်ချင်ထင်မှာပေါ့။ သူတို့ ခြေထောက်နဲ့ ဘာနဲ့ကန်ပြုသွားတယ်ဆိုတာကလည်း အပြစ်မရှိပါဘူး။

မေး- အားလုံးက နယ်စပ်ကပဲလာ။း ဒီမြို့ပေါ်ကကော ဘယ်သူတွေပါသေးလဲ။ အန်တီတို့ သိတဲ့သူတွေ ဘာတွေကော ပါသလား
ဖြေ-အဲဒါတော့ ညွှန်ကြားတဲ့သူတွေပါမှာပေါ့။ တပ်သားတွေကတော့ နယ်ဘက်ကလူတွေလို့ ပြောတယ်။

မေး-အန်တီတို့ တွေ့ကြုံရင်းနှီးဖူးတဲ့ လူပါသလား
ဖြေ- မသိဘူး၊ အန်တီတော့ မသိဘူး။ နောက်ပိုင်းလည်း ပြောသံမကြားပါဘူး။

မေး-ဖမ်းသွားပြီးတော့ အိမ်မှာ မိသားစုတွေက ဘယ်လိုမျိုးကျန်ခဲ့သလဲ
ဖြေ-ဒီလိုပဲဖမ်းပြီး ခေါ်သွားတာပဲ။ အိမ်မှာ စစ်တပ်လုံခြုံရေးတွေ ဘာတွေလည်း မထားခဲ့ဘူး။ ဘာလို့ဆိုတော့ သူတို့လိုချင်တဲ့ လူလည်းပါသွားပြီလေ။ ကျန်တဲ့မိသားစုကလည်း ဘာမှလုပ်နိုင်တာမှ မဟုတ်တာ။ သူတို့က အင်အားရှိတဲ့လူလေ။ စစ်တပ်ကိုး။ ဆိုတော့ ဒီလိုပဲထားခဲ့တာပဲ။ အမေကတော့ အရင်တုန်းကလည်း ဖေဖေက ဒီနိုင်ငံရေးလုပ်လာတယ်ဆိုတော့ ထောင်ထဲမှာ အကြိမ်ကြိမ်ပေါ့။ ဒီလွတ်လပ်ရေးမရခင်အချိန်ထိက ထောင်နဲ့ အိမ်နဲ့ဆိုတာကတော့ ထောင်မှာနေရတဲ့အချိန်က ပိုများ များနေသလား မသိပါဘူး။ ဒါပေမဲ့ စစ်တပ်က ဖမ်းခေါ် သွားတယ်ဆိုတော့ နည်းနည်းတော့ ပူပန်မှုတော့ ရှိတာပေါ့လေ။

မေး-ဝန်ကြီးချုပ်တစ်ယောက်ကိုခေါ်သွားတယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ခေါ်သွားသလဲ။ သူတို့ကို သူပုန်ဖမ်းမယ်လို့ ပြောထားတယ်ဆိုတော့လေ
ဖြေ-အဲဒါကတော့ ကိုယ်ကလည်းမျက်စိနဲ့မမြင်ရဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အဖေ့ရဲ့စာအုပ်ထဲမှာ ပြန်ရေး တာကတော့ သူ့ကိုခေါ်သွားပြီးတဲ့အခါမှာ သတင်းပို့ရတယ်မို့လား။ တွေ့ပြီဆိုတဲ့အကြောင်းကို အဲဒီလို သတင်းပို့တဲ့အခါ "လောက်ကောင်မိပြီဟေ့"လို့ ပြောတယ်တဲ့။

မေး- ဝန်ကြီးချုပ်ကို ဖမ်းခေါ်သွားပြီးတဲ့နောက်မှာ အန်တီတို့ ဘယ်လိုဖြတ်သန်းခဲ့သလဲ
ဖြေ-ဒါကတော့ မကြာခဏ ဖြစ်တတ်ပါတယ်။ လောကဓံပေါ့။ လူတွေက အိမ်တောင်မလာရဲတော့ဘူး။ သတင်းမေးဖို့တောင်မလာဘူး။ ကိုယ့်ဆွေမျိုးသားချင်းဆိုတာလည်း မှတ်မှတ်ရရဆိုလို့ အဖေရဲ့အစ်ကိုကြီးရယ်၊ အဖေ့အစ်မကြီးရယ် သူတို့လာနှစ်သိမ့်တယ်။ အန်တီတို့ကို လာသတင်းမေးတယ်။ ငါတို့ရှိတယ်ဆိုပြီး လာပြောတယ်ပေါ့။ ဒီလောက်ပါပဲ။ ကျန်တဲ့ဆွေမျိုးသားချင်းတွေဆိုတာ ကိုယ့်လမ်းတွေ့ရင်တောင် မခေါ်ရဲ မပြောရဲဘူး။ အဲဒီလိုအခြေအနေမျိုး ဖြစ်သွားတယ်။

မေး-အိန္ဒိယနိုင်ငံမှာလည်းသွားနေခဲ့တော့ အဲဒီဘက်မှာကော ဘယ်လိုဖြတ်သန်းခဲ့သလဲ
ဖြေ-အဲဒါကတော့ အဖေပြန်လွတ်မှ သွားတာပါ။ ဖေဖေက ၆၅ ခုနှစ်မှာ ပြန်လွတ်တယ်။ နောက်ပိုင်းမှာ နိုင်ငံရေး အခြေအနေအရသုံးသပ်ပြီးတော့ ပြည်ပထွက်ရင်ကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ၆၉ ခုနှစ်၊ ဧပြီလမှာ အိန္ဒိယကိုသွားတာပဲ။ အိန္ဒယကနေတဆင့် ထိုင်းနိုင်ငံမှာ ခြောက်နှစ်နေတာပေါ့လေ။ အဲဒီတုန်းက တော်လှန် ရေးတစ်ရပ်ဆင်နွှဲဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီနောက်ပိုင်း အိန္ဒိယကိုပြန်လာခဲ့ကြတယ်။ အိန္ဒိယမှာခြောက်နှစ်ထပ်နေပြီး ဦးနေဝင်းကလည်း မြန်မာနိုင်ငံကိုပြန်လာပါလို့ ပြောတဲ့အတွက်ကြောင့် ဖေဖေ ကလည်း ဘာသာရေးကိစ္စလုပ်ချင်တော့ မြန်မာပြည်ကို ပြန်ရောက်လာတယ်။ အန်တီတို့က နောက်ပိုင်းမှ ၂၀၀၃ ခုနှစ်ကျမှ ပြန်လိုက်လာတယ်။

from လျှပ်တစ်ပြက်

မေး-အန်တီတို့ မြန်မာပြည်ကို ပြန်ရောက်တော့ အရင် အန်တီတို့ ထွက်သွားတဲ့ ပုံစံနဲ့ ဘာတွေ ကွာခြားမှုတွေ့ရလဲ
ဖြေ  -  မသွားခင်တုန်းကကော ပြန်လာတဲ့အချိန်ထိကော ထောက်လှမ်းရေးတွေက ဆက်ပြီးအင်အာ ကောင်း နေတယ်။ ပြီးတော့ ထောက်လှမ်းရေးတွေက ကိုယ့်ကို အမြဲတမ်းမျက်ခြည်မပြတ် စောင့်ကြည့်နေတယ်ဆိုတာ ကတော့ ကွာခြားမှုမရှိဘူး။ ကျန်တာကတော့ အန်တီတို့သွားနေတဲ့ကာလအတွင်းမှာတော့ ပြည်သူလူထုတွေက ဆင်းဆင်းရဲရဲနေခဲ့ရတယ်ဆိုတာကို သိခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖေတို့ပြန်လာတဲ့ အချိန်က တည်းကပဲ အစားအသောက်က အစ။ အခြေခံစားကုန်တွေ တော်တော်ရှားပါးနေတယ်။ အခုမှ တော်တော်ပေါ များလာတာပေါ့။ ဟိုတုန်းကတော့ အစားအသောက်ရှားပါးတာ တော်တော်ဒုက္ခခံစားရပါတယ်။

မေး-အဲဒီတုန်းကတည်းကပဲ ရှိခဲ့တဲ့ ပါလီမန် ဒီမိုကရေစီ စနစ်က ခုထိ ဆက်တိုက်သွားနေမယ်ဆိုရင် ဘယ်လိုရှိမယ်လို့ မှန်းဆမိလဲ
ဖြေ-ဟိုအချိန်ကနေ ဒီအထိ ပုံမှန်အတိုင်းသွားမယ်ဆိုရင်တော့ပေါ့နော်။ အဲဒီက အကျိုးဆက်တိုင်း ဒီအတိုင်း တိုးတက်သွားမယ်လို့ မှန်းဆလို့တော့မရဘူး။ ဒါပေမဲ့ ပုံမှန်လေးအတိုင်းသွားမယ်ဆိုရင် မြန်မာပြည်မှာ ပါလီမန် စနစ်က တော်တော်ကိုခိုင်မာမယ်။ ပြီးတဲ့အခါကျတော့ အရှေ့တောင်အာရှမှာ ဒီလိုပုံစံမျိုးလည်းဖြစ်မှာ မဟုတ် ဘူး။ ဟိုကတည်းက အရှိန်ကောင်းတွေ ရှိတဲ့အခါကျတော့ ကမ္ဘာ့အလယ်မှာ ထိတ်ထိတ်ကြဲ နိုင်ငံတစ်နိုင်ငံ တော့ ဖြစ်နေမှာပေါ့။ အထူးသဖြင့် ဆုံးရှုံးမှုကတော့ လူငယ်တွေရဲ့ ပညာရေးအပိုင်း နစ်နာတာကတော့ အကြီးဆုံး ဆုံးရှုံးမှုပေါ့။

မေး- ၀န်ကြီးချုပ်ဟောင်း ဦးနုမျှော်လင့်ခဲ့တဲ့ မြန်မာနိုင်ငံက ဘယ်လိုပုံစံမျိုးဖြစ်မလဲ
ဖြေ-အဲဒီ ၆၂ ခုနှစ် အာဏာမသိမ်းခင် မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ သူက ထိပ်ဆုံးနိုင်ငံ ဖြစ်နေတယ် လေ။ ပြီးတဲ့ခါကျတော့ စီးပွားရေးဘက်မှာပဲ ကြည့်ကြည့်၊ ပညာရေးဘက်မှာပဲကြည့်ကြည့်။ သူတို့က ကိုယ့်ဆီက ဘယ်လိုလဲဆိုတာ သူတို့လာပြီးလေ့လာရတာလေ။ စီးပွားရေးဆိုလို့ရှိရင်လည်း ထိုင်းနိုင်ငံတို့ ဘာတို့ဆိုတာ ပြည်တွင်းနေပြီး ပစ္စည်းပို့နေရတာ။ အခုမှ သူတို့ကနေပြီးတော့ သူတို့ဆီက တစ်ဆင့်ခံပြီး ဝယ်ယူနေရတာကို အဲဒီလိုအနေထားမျိုးမှာ ရှိတယ်ဆိုတော့။ အဖေရဲ့ ရည်မှန်းချက်ကတော့ စည်းလုံးညီညွတ်ရေးကို ရှေ့တန်း တင်ပြီး ကမ္ဘာ့အလယ်မှာ စံတင်လောက်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ ဖြစ်လည်း ဖြစ်နေ ပါပြီ၊ အဲဒီအချိန်တုန်းက။ ပညာရေးဘက်မှာ၊ ကျန်းမာရေးဘက်မှာဖြစ်ဖြစ် အဲဒီအချိန်မှာ ဖေဖေတို့က ကြိုးစားပြီး ဆောင်ရွက်လာခဲ့တာပဲ။ ဒါတွေကတော့ ဘယ်လိုမှငြင်းလို့မရတဲ့ကိစ္စတွေပဲ။ ဘာလို့လဲဆိုတော့ သမိုင်း တစ်လျှောက် အချက်အလက်တွေ ရှိနေတာပဲ။

မေး-အခု အာဏာသိမ်းမှုဟာ ၅၃ နှစ်မြောက် တစ်ပတ်ပြန်လည်လာတဲ့အခါကျတော့ ဒီအချိန်မှာ သီးခြား ခံစားမှုတွေ ဘာတွေ ရှိနေသေးလား
ဖြေ- အဖေ မကြာခဏပြောခဲ့သလိုပေါ့။ သင်ပုန်းချေတယ်။ အဖေကတော့ အမြဲတမ်းသင်ပုန်းချေဖို့၊ နောက်ပြီး လူတစ်ယောက်ယောက်ကို လက်စားမချေဖို့။ ချေနှစ်ချေဆိုပြီး ပြောတယ်ပေါ့။ ဘာသာရေးလည်း လုပ်တယ်။ နိုင်ငံရေးမှာလည်း အတွေ့အကြုံရှိပြီးသားဆိုတော့ သင်ပုန်းချေတယ်ပေါ့။ အန်တီတို့ကိုယ်တိုင်ကလည်း အဲဒီကိစ္စတွေကို သင်ပုန်းချေလိုက်တာပေါ့။ ဒါကြီးကို တအုံနွေးနွေးခံစားနေရင် ရှေ့ဆက်သွားလို့ မရတော့ဘူး။

မေး-အဲဒီအဖြစ်အပျက်တွေကနေ ဘယ်လိုသင်ခန်းစာတွေယူသင့်လဲ
ဖြေ-ဘယ်လိုသင်ခန်းစားယူသင့်လဲဆိုရင် အားလုံးက စည်းလုံးညီညွတ်ဖို့လိုတယ်။ ကိုယ့်တိုင်းပြည် ကိုယ် တကယ်ချစ်တယ်ဆိုရင်၊ မာနတွေ ခဏလေး ပစ်ပယ်ထားဖို့ လိုတာပေါ့။ အဲဒါက ပထမဆုံး တိုင်းရင်းသား တွေနဲ့ စည်းလုံးညီညွတ်ဖို့။ ဗိုလ်ချုပ်အောင်ဆန်းကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့တန်းတင်ခဲ့ တာလေ။ ဗိုလ်ချုပ်ကျဆုံးပြီး အဖေက ဆက်တာဝန်ယူခဲ့တော့လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေ့တန်းတင်ပြီး ကြိုးစားဆောင်ရွက်တယ်။ ဒီကြားထဲက လွတ်လပ်ရေးရခါစမှာ အကုန်လုံးတစ်ယောက် တစ်ပေါက် ဖြစ်ကုန်ကျတာပဲ။ အဲဒီလိုမျိုး စိတ်ဝမ်းကွဲတာတွေ ထပ်မဖြစ်တော့အောင် အရေးကြီးဆုံးပါပဲ။

ကေဇူးမေးမြန်းသည်

ယွန်းမီမီကျော် - နိုင်းဝမ်း နှင်. ကမ္ဘာအေး ကားတိုက်မှု




 အဆိုတော် နိုင်းဝမ်း၏ ကားသည် မတ် ၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းရှိ မီးနီတွင် ကားရပ်ထားစဉ် မစ္စ တစ်ယောက်က လုပ်ကြံကာ ယာဉ်နှစ်စီးညှပ်တိုက်ခြင်းဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့အပေါ် မော်ဒယ် ယွန်းမီမီကျော်က ပြန်လည် ရှင်းလင်းခဲ့သည်။

သူက ယောကျာ်းတစ်ယောက်ဖြစ်ပြီးတော့ မိန်းကလေး တစ်ယောက်ကို မစားရတဲ့အမည်း သဲနဲ့ပက် သလိုလုပ်နေတာ။ ဦးနှောက်ရှိတဲ့ သူတိုင်း ဒီကိစ္စကိုစဉ်းစားတတ်တယ်။
သူ့ရဲ့ပရိ သတ်တွေကတော့သူမှန်တယ်ထင်မှာပဲ။ ညီမရဲ့ပရိသတ်သတ်တွေက တော့ ညီမဘက်မှာရှိမှာဘဲ။ နှမချင်းကိုယ်ချင်းစာနာပြီးတော့ပြောစေချင်တယ်။ သူ့ ထက် အသက် ၇ နှစ်လောက် ငယ်တဲ့ မိန်းကလေး တစ်ယောက်ကို ဒီလိုမျိုးပြောတာ သူ့အဆင့်သူ ဖော်ပြလိုက်တာဘဲ။ တစ်ချိန်ကြရင် ပရိသတ်တွေက ယွန်းမီမီကျော် ဆိုတာဘယ်လိုလူမျိုးလဲဆိုတာ သိလာပါလိမ့်မယ်။
တစ်ချိန် ကတွဲခဲ့စဉ်တုန်းကလည်း သူ့ဘက်ကပဲ ကွယ်ရာမှာအမျိုးမျိုး သစ္စာဖောက်တယ်။ ညီမကအမှန်ဆိုရင် သူ့အင်တာဗျူးဆိုရင် မဖြေပါဘူး။ ညီမကိုယ့်ကိစ္စ ကိုယ်ပဲဖြေပါတယ်။ အခုဟာ လွန်လွန်းလာလို့ပါ” ဟု မဇ္ဈိမသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်းဝမ်းသည် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် Miss တစ်ယောက်က လုပ်ကြံသည်ဟုရေးသားထားခဲ့ပြီး ပရိသတ်များက နိုင်းဝမ်းနှင့်တစ်ချိန်က ပတ်သက်ခဲ့ဖူးသည့် မော်ဒယ်ယွန်းမီမီကျော်ဟု ထင်မြင်ချက်ပေးခဲ့ကြသည်။


ထို့ပြင် အဆိုတော်နိုင်းဝမ်း၏လူမှုကွန်ယက်စာမျက်ပေါ်တွင် “နင်တို့လို နိုင်ငံ့ဂုဏ်ဆောင်တွေကြောင့် ငါတို့နိုင်ငံက အမျိုးသမီးတွေ အထင်သေးခံနေရတာလေ။ မိကောင်းဖခင် သားသမီး Miss တွေက အရက်ဘားကနေ နိုက်ကလပ်သွားကြပြီး အရက်သောက်ကြ ပျော်ပါးကြ။ အဲ့ဒါကတော့ လူ့အခွင့်အရေးကို မထိခိုက်လိုတဲ့အတွက် ငါနဲ့မဆိုင်ဘူး ထားလိုက်ပါအုံး။ လမ်းမှာ သူ့လမ်းသူသွားနေတဲ့ ငါ့ရဲ့ကားကို မီးပွိုင့်မှာ မီးနီလို့ ရပ်ထားတာကို တစ်စီးကနောက်ကနေ ရှေ့တိုးနောက်ဆုတ်လုပ်ပြီး အဆက်မပြတ်ဝင်တိုက်တယ်။ နောက်တစ်စီးက ကားဘေးမှာ ပိတ်ရပ်ပြီး ငါ့ကားရှေ့မှန် တွေကိုရိုက်ပြီးခွဲတယ်” ဟု ရေးသားဖော်ပြထားသည်။

အဆိုတော် နိုင်းဝမ်းသည် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် Miss သည် အရက်ဘား၊ နိုက်ကလပ်သွားကြခြင်းနှင့် ပတ်သက်ပြီး ရေးသားထား သည်ကို မော်ဒယ် ယွန်းမီမီကျော်က “သူပြောတဲ့ စကားမှာ ကလပ်သွားတဲ့ မိန်းကလေးတိုင်းက မကောင်းဘူးဆိုရင်၊ ကလပ်သွားတဲ့ မိန်းကလေးတိုင်းဟာ မကောင်းတဲ့ မိန်းမတွေဖြစ်ကုန်ပြီ။ သူကနိုင်ငံတော် အဆိုတော်တစ်ယောက်ဆိုရင် ဒီလိုမျိုးအရေးအသားတွေက သူ့ရဲ့အဆင့်အတန်း ကိုအဝီစိရောက်အောင်လုပ်တာဘဲ” ဟု ပြောခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုတော်နိုင်းဝမ်း၏ ဖုန်းအား ဆက်သွယ်ခဲ့သော် ဖုန်းပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ ဟု မဇ္ဈိမ ကရေးသားခဲ့သည် ။


Miss People 2013 တွင်  ယွန်းမီမီကျော်သည် Miss People သရဖူဆုအပါအ၀င်ဆု၎ ဆုရရှိ ထားခဲ့သူဖြစ် ပြီး Stars & models intl agency မှမွေးထုတ် ပေးခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည် ။

ထိုကိစ္စရပ်နှင်. ပတ်သက်၍ ယွန်းမီမီကျော် ဘက်မှတရားဝင်ပြန်လည် မရှင်းလင်းသေးမှီက အဆိုတော်နိုင်းဝမ်းမှ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နောက်မှ ၀င်အတိုက်ခံထားရ သော ကားတစ်စီး၏ ပုံကိုတင်၍ ၎င်း၏ ကားကို အလှမယ်တစ်ဦးက အဖော်များနှင့်အတူ ဖျက်ဆီးသွား သည်ဟု တင်ထားပြီး ယင်းကိစ္စ နှင့် ပတ်သက်၍ ဗီဒီယိုသက်သေများရှိကြောင်း ရေးသားထားရာထိုကိစ္စမှာ ၎င်းနှင့် လုံးဝမသက် ဆိုင်ကြောင်း ယွန်းမှီမှီကျော်က ငြင်းဆိုခဲ့သေးသည်။

ယင်းကိစ္စအပေါ် နိုင်းဝမ်း ပရိသတ်များက နိုင်းဝမ်းနှင့် တွဲခဲ့ ဖူးသည့် အလှမယ်ယွန်းမှီမှီကျော် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု မှတ် ချက်ပြုထားကြသည်။

‘‘သူ့မှာ ဗီဒီယို Record ရှိ တယ်လို့ပြောတော့ တင်စေချင် တယ်။ တင်ပြီးတော့ အမှန်အ တိုင်းပြောပါ။ မဆီမဆိုင် Miss တွေ၊ မော်ဒယ်တွေ၊ ဘားသွား၊ ကလပ်သွားလို့ မပြောပါနဲ့။ ဘား သွား၊ ကလပ်သွားတိုင်း မဟုတ် တာ လုပ်နေတဲ့လူတွေ တစ် ယောက်မှ မရှိဘူး’’ဟု နိုင်းဝမ်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင် ထားသော အကြောင်းအရာနှင့် ပတ်သက်၍ ယွန်းမှီမှီကျော်က ပြောခဲ့ပြီးဖြစ်သည်။

နိုင်းဝမ်းနှင့် လမ်းခွဲခဲ့သည် မှာ လေးလရှိပြီဖြစ်ပြီး ထိုအချိန် ကလည်း ရစရာမရှိအောင် ပြော ဆိုခဲ့သည်ဟု ၎င်းကဆိုသည်။
@ fashion myanmar blog
‘‘သူ့ကို ပြောချင်တာက အရင်ရည်းစားမကလို့ အသစ်နဲ့ပဲ တွဲတွဲ ယွန်းမှီက ဂရုမစိုက်ပါ ဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ချင် တာနဲ့ပဲ ယွန်းမှီကို အပြစ်တွေပုံမ ချပါနဲ့လို့ ပြောချင်ပါတယ်’’ဟု ယွန်းမှီမှီကျော်ကပြောခဲ့သည်။

နိုနိုင်းဝမ်းက ယင်းကိစ္စနှင့် ပတ်သက်၍ ကားကို ဖျက်ဆီးသွားသူများအနေဖြင့် လာတောင်းပန်ရန် ပြောကြားထားပြီး မတောင်း ပန်ပါက ၀င်တိုက်သွားသော ကားနှစ်စီး၏ နံပါတ်များကို လူသိ ရှင်ကြား ကြေညာသွားမည်ဟု ဆိုထားသည်။ ထိုကိစ္စကို တရား စွဲဆိုမည်ဟုလည်း မတ်လ ၈ ရက်နေ.ကပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ပြောကြားထားခဲ့ သည်။


Ref ; ဖိုးသူတော် ၊ Mizzima & 7 Day Daily