Saturday, January 24, 2015

သင်္ဂဟမေတ္တာ - ၀ါးခယ်မ တာဝန်ခံအဖွဲ.



၂၀၁၅ ဇန်န၀ါရီ ၁၀ ရက်နေ. မနက် တွင်  သင်္ဂဟ မေတ္တာ အလှု ဒါန - ၀ါးခယ်မ အဖွဲ.၏ Founder ၂၃ ဦးတို.အနေဖြင်. ပူးတွဲပါ တာဝန်များကို တာဝန်ယူဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည် ။

နာယက ကြီးများ

1.   ဦးအံ.ကျော်
2.   ဦးအောင်သန်း

ပင်မ စီမံခန်.ခွဲရေး အဖွဲ.

1.   ဦးသန်းဋ္ဌေး           - အဖွဲ.ခေါင်းဆောင်
2.   ၀ါးခယ်မ  ရဲမောင်   - ဒု - အဖွဲ.ခေါင်းဆောင် - ၁
3.   ဦးဘစီ                 - ဒု - အဖွဲ.ခေါင်းဆောင် -၂
4.   ဒေါ်ဝင်းတင်.         -  ဒု - အဖွဲ.ခေါင်းဆောင် ၃
5.   ဦးလှမော်             - ဒု - အဖွဲ.ခေါင်းဆောင်   ၎

အတွင်းရေးမှုးအဖွဲ.
1.   ဒေါက်တာခင်မောင်ကြိုင် - တာဝန်ခံ
2.   ကိုအောင်ကြီး - အဖွဲ.၀င် - ၁
3.   ကိုကြည်ဇင်    - အဖွဲ.၀င်  -၂

ဘဏ္ဍာရေး အဖွဲ.
1.   ဒေါက်တာအေးအေးမြင်. ( တာဝန်ခံ )
2.   ဒေါ်ဆွေဆွေသင်း        ( အဖွဲ.၀င် - ၁ )
3.   ဒေါ်သန္တာအေး            ( အဖွဲ.၀င် - ၂ )


ပြန်ကြား / မှတ်တမ်းအဖွဲ.
1.   ကိုဇော်မင်းလွင်      ( တာဝန်ခံ )
2.   ဒေါ်ခင်ဆွေရီ        ( ပြန်ကြား - ၁ )
3.   ကိုမင်းထွဋ်အောင်  ( ပြန်ကြား - ၂ )
4.   ဒေါ်ခင်မိမိ            ( မှတ်တမ်း - ၁ )
5.   ကိုအောင်ဆွေမြင်. ( မှတ်တမ်း - ၂ )

စာရင်းစစ်အဖွဲ.
1.   ဒေါ်ဋ္ဌေးယုမေ ( တာဝန်ခံ )
2.   ဒေါ်ခင်အေးမူ ( အဖွဲ.၀င် - ၁ )
3.   ဒေါ်ခင်ငြိမ်းရီ  ( အဖွဲ.၀င် - ၂ )
4.   ဒေါ်နီလာတင် ( အဖွဲ.၀င် - ၃ )
5.   ဒေါ်ဖြူနွယ်ဝင်း( အဖွဲ.၀င် - ၄ )

Tuesday, January 20, 2015

ရုပ်/စည်း ရွေးကောက်ပွဲကမစသေး အသံကထွက်လာပါပြီ



လာမည်. ၂၀၁၅ ဇန်န၀ါရီ ၂၂ ရက်တွင် ရုပ်ရှင်အစည်းအရုံး အလွှာစုံရွေးကောက်ပွဲ စပါတော.မည် ။ ထိုအချိန်တွင် ဤကဲ့သို.သော သတင်းများ စတင်ထွက်ပေါ်လာနေပြီမို.လေ.လာနိုင်ရန်အတွက် 

ဖွဘုတ် အတင်းစုံ  မှ မူရင်းအတိုင်း ကူးယူဖော်ပြအပ်ပါသည် ။




ရုပ်ရှင်ဗီဒီယိုထုတ်လုပ်သူများကိုနလပိန်းလို့ထင်နေသလား?

ဒီခေါင်းစဉ်နဲ့လွန်ခဲ့သောတစ်နှစ်အချိန်ခန့်ကရေးခဲ့ပြီးပါပြီ။
ကျနော်တို့ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင်အချို့တွေဟာအခုတာဝန်ယူနေတဲ့ရုပ်ရှင်အစည်းရုံးအမှုဆောင်တွေနဲ့ပတ်သတ်ပြီး တချို့ကပေါ်ပေါ်ထင်ထင်ဝေဖန်ပြစ်တင်ပြောကြားတယ်။တချို့ကလည်းသူတို့တွေနဲ့ အဖတ်လုပ်ပြီးစကားမများချင်တာရယ်။မိမိတို့ရဲ့ ထုတ်လုပ်ရေလုပ်ငန်းကို အဆိုးမြင်မှာရယ်နေရာလုတယ်လို့ထင်မှာစိုးရိမ်လို့ ရယ်မပြောဘဲမဆိုဘဲနေကြပါတယ်။
ဒါကိုလက်ရှိအမှုဆောင်လူတွေကအခွင့်ကောင်းယူပြီး ယခုအတိုက်ခံလုပ်နေသူတွေကို နာယကအချို့တွေနဲ့ပူးပေါင်းပြီးမတရားပြုလုပ် ပိတ်ပင်တာတွေကိုလုပ်ပြီးဗီဒီယိုထုတ်လုပ်သူများအားလုံးကိုငါတို့လုပ်ရင်ရတယ်လို့စိတ်ထဲ
ထင်မှတ်နေကြရှာတယ်။
အဓိက က အသားထဲကလောက်ထွက် စကောလောက်မှစောက်မနက်တဲ့ ဗီဒီယိုထုတ်လုပ်သူလူတစ်ဦးကြောင့်အခုလိုချိုးနှိမ်ခံရတာပါ။ကိုယ့်ထုတ်လုပ်သူအလွှာကိုကာကွယ် ဖို့ဝေးစွ ပိုပြီးတော့ဖိနှိပ်မှုတွေလုပ်လာခဲ့ပါတယ်။



အခုလည်း ဗီဒီယိုထုတ်လုပ်သူ၂၀၀ကျော်ရှိသည့်အနက် ၎င်းတို့နှင့်ပနံ့သင့်သည့် ထုတ်လုပ်သူ၆၅ဦးသာမဲပေးခွင့်မဲရွေးခွင့်ရှိသည်ဟုကြေငြာလိုက်သည့်အပေါ်ဗီဒီယိုထုတ်လုပ်သူ
လုပ်ငန်းရှင်များကို Don't careလုပ်လိုက်ခြင်းပင်၊ဒါတင်ဘဲလားဆိုတော့မဟုတ်ပြန်။ရွေးချယ်ခံခွင့်တင်လိုက်သည်မှာ၁၈ ဦး ကော်မရှင်ဆိုသည့်အကယ်ဒမီရွေးချယ်ဥက္ကဌတဖြစ်လဲဦးနှင်းမိုးမှ ၁၃ ဦးကိုံ ရွေးချယ်ခံခွင့်မပြုခဲ့ပေ။ရန်ကုန်
ဌားရမ်းဆိုင်မှ၂ဦးနှင့်ဖြန့်ချိရေးမှ၃ ဦးကို မြန်မာတပြည်လုံးဗီဒီယိုဈေးကွက်စည်းကမ်းထိန်းချုပ်ရာ ဗီဒီယိုဗဟိုအခြေခံအလွှာကိုဦးဆောင်စေရန် ခွင့်ပြုပေးခဲ့လေသည်။
ဒီကြားထဲထုတ်လုပ်သူတစ်ဦးမှထပ်မံနုတ်ထွက်သွားသဖြင့် လူ ၄ဦးသာကျန်တော့သည်။ရုပ်ရှင်အလွှာဆိုတွင်လည်းထုတ်လုပ်သူ၁၀၀နီးပါးမှ ဝင်ရောက်ရွေးချ
်ခံသူ ၁ဦးသာရှိခဲ့သည်။ အကြောင်းမှာအထက်မှာရေးခဲ့သလို အဖတ်မလုပ်ချင်တာကို သူတို့ကိုကြောက်လို့ဟုထင်နေသည်။

စဉ်းစားကြည့်ပါ။မျက်ခြယ်ဗီဒီယို ၊လပ်ကီးဆဲဗင်းဗီဒီယို၊မာန်ထက်ချီဗီဒီယို အောင်သီရိဗီဒီယို တို့ကဲ့သို့အထင်ကရ ဗီဒီယိုထုတ်လုပ်ရေးများ ဝင်ရောက်အရွေးချယ်ခံဖို့မဆိုထားနှင့် မဲပေးခွင့်တောင်မရရှိခဲ့ပေ။မှန်ကန်သောရွေးကောက်ပွဲဖြစ်မည်လော။

အခုလည်းအကယ်ဒမီမှာဇာတ်ကားထုတ်လုပ်သူဆု မပါဝင်ခဲ့ပါ။မည်သူဦးဆောင်ပြီးထုတ်လုပ်သူကိုယ်စားပြောပါသလဲ၊အကယ်ဒမီဆုတွင်ထုတ်လုပ်သူနည်းတူ
ဇာတ်ညွှန်း၊စက်မှု ဆုလည်းမပါဝင်ပါ၊သို့သော်သူတို့အဖွဲ့ခေါင်းဆောင်များက ပွင့်လင်းမြင်သာစွာဝေဖန်အကြံပြုကြပါသည်။ထုတ်လုပ်သူများကတော့ခေါင်းဆောင်မကောင်း၍နင်းပြားဘဝမှ
မလွတ်။
ကျနော်တို့ထုတ်လုပ်သူများတွင်အမှုဆောင်လည်းမဟုတ်အတိုက်ခံလည်းမဟုတ်သောအုပ်စုတစ်စုရှိသည်။
အငြိမ်အုပ်စုဟုခေါ်သည်။
ထိုအုပ်စုသည်လည်းအခုလိုမတရားလုပ်သည့်အပေါ်ငြိမ်ခံတော့မည်မဟုတ်ပါ။
အစီစဉ်တစ်ခုကိုအကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။



ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်သူများသည်လည်းမတရားမှုများအပေါ်တွန်းလှန်ကြစေချင်သည်။
ညီညွတ်ကြစေချင်သည်။
ရုပ်ရှင်အစည်းရုံး
တစ်ခုလုံး လုပ်ငန်းလည်ပတ်နေခြင်းသည်ကျနော်တို့ထုတ်လုပ်သူများ၏ ငွေကြေး ၈၅ ရာခိုင်းနူန်းဖြင့်လည်ပတ်နေပါသည်။Sanctionဆိုသည့်ခွင့်ပြုအရေးယူမှုကိုမိမိတို့ထုတ်လုပ်
သူများလုပ်နိုင်စွမ်းရှိ
သည်ကိုလည်း
မမေ့ကြပါရန်
အထူးသတိပေးလိုသည်။

ညီညွတ်ဖို့သာလိုသည်။အချိန်ရက်ပိုင်းလေးအတွင်းမှာညီညွတ်မှုအားယူ၍ထုတ်လုပ်သူများကိုနလပိန်းတုံးလို့မ
ထင်ရလေအောင် မိမိတို့၏အကျိုးစီးပွားများကိုကာကွယ်ကြပါရန်တိုက်တွန်းအပ်ပါသည်။့

Saturday, January 17, 2015

လူပြောများနေတဲ့ The Daily Duty အနုပညာဖန်တီးမှု

ဒီရက်ပိုင်း နိုင်ငံတကာ အနုပညာ ဖန်တီးမှု တစ်ရပ် ဟာ ကျော်ကြားလာနေပါတယ် ။ ထုံးစံအတိုင်း နှစ်သက်သူ ၊ ကန်.ကွက်သူ ၊ သဘောကျသူ ၊ ရှုတ်ချသူတွေ နဲ. ဆူဆူညံညံ ဖန်တီးမှု တစ်ခုတော.ဖြစ်ခဲ့ပါတယ် ။ ဒါကိုလည်း ကိုဥာဏ် ( ပန်းလောင်မြေ ) က လူပြောများတဲ့ အနုပညာ ဆိုတဲ့ခေါင်းစဉ်နဲ. သူ.ရဲ. မြန်မာသွေး ဘလော.မှာ တင်ဆက်ထားတာလေး ကို မူရင်းအတိုင်း ကူးယူဖော်ပြလိုက်ပါတယ် ။

Cristina Guggeri ဆိုတဲ့ အမျိုးသမီး ပန်းချီပညာရှင်တစ်ဦး ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ အခုလောလောဆယ် အွန်လိုင်းပေါ်မှာ လူပြောများလို့ နေပါတယ်။ ဖန်တီးသူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အဲဒီပုံတွေကို The Daily Duty လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ်နဲ့ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာတော့ အဲဒီဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတာ သိပ်မတွေ့ရဘဲ အခြားလူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ချီးကျူးကြတာရော၊ ရှုံ့ချကြတာရော၊ ဝေဖန်ကြတာရော စုံလင်နေတာ တွေ့မြင်ရပါတယ်။ အချို့က ဆန်းသစ်တဲ့ ဖန်တီးမှုတွေအဖြစ် ချီးကျူးကြပြီး အချို့ကတော့ လက်ခံဖို့ အနည်းငယ် ခက်ခဲကြောင်း ဝေဖန်ကြပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ကြသူတွေကတော့ ဘာသာရေးအမြင်နဲ့ ကြည့်ကြသူတွေပါ။ သူတို့တွေ ပြောတာကတော့ ပုပ်ရဟန်းမင်းကြီးလို၊ ဒလိုင်းလားမားလို ပုဂ္ဂိုလ်မျိုးတွေကို အခုလို ရေးဆွဲထားတာဟာ အနည်းငယ် စော်ကားသလို၊ လှောင်ပြောင်သလို ဖြစ်စေတယ်လို့ ထောက်ပြကြသလို စော်ကားသလို

 ဖြစ်စေတယ်လို့လည်း မြင်ကြသူတွေ ရှိကြပါတယ်။ အချို့တွေကတော့ ရယ်စရာတစ်ခု၊ ဆန်းသစ်မှုတဲ့ ဖန်တီးမှုတစ်ခုအဖြစ်သာ ရှုမြင်ကြတာကို တွေ့ရပါတယ်။

ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတစ်ခုက အဲဒီဖန်တီးမှုတွေကို ပြန်လည်ဝေမျှရာမှာ ကွန်းမန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အပြိုင်အဆိုင် တိုက်ခိုက်နေကြတာကို မြင်တွေ့ရပါတယ်။ သတင်းဌာနက ရေးသားရာမှာလည်း မြန်မာနိုင်ငံမှာသာဆို ဒီလိုပုံမျိုးတွေ ရေးဆွဲခဲ့ရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဖွ ပေးထားတာကို ဖတ်ရပါတယ်။ အဲဒါကို ထောက်ခံတဲ့လူတွေက မြန်မာနိုင်ငံက လူတွေက အနုပညာကို နားမလည်သလို၊ မခံစားတတ်သလို၊ အမြင်မကျယ်သလို အပြစ်တင် ဝေဖန်ကြပြီး မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေလည်း အခုဖန်တီးမှုတွေမှာ ပြထားသလို နေ့စဉ်အလုပ်တွေ လုပ်နေကြတာပဲ။ သူတို့ကိုလည်း အဲဒီလိုဆွဲရင် လက်ခံရမယ်လို့ ပြောဆိုကြပါတယ်။ ဒီအမြင်ကို ကန့်ကွက်ကြသူတွေကတော့ အနောက်ယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို တန်းမညှိဖို့နဲ့ ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု အစဉ်အလာတွေ မတူညီတာကို နားလည်ကြဖို့ ပြန်လည်ဖြေရှင်းကြပါတယ်။ အချို့တွေကတော့ လူငယ်ပီပီ ပွင့်ပွင့်လင်းလင်းပဲ အဆိုပြု ကြပါတယ်။ ဒီလို ဖန်တီးမှု အနုပညာတွေကို လက်ခံတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပဲ အရင်ဆုံး ဆွဲကြည့်ပါလားတဲ့။

ကျွန်တော့်အမြင်ကတော့ အဲဒီဖန်တီးမှုတွေထဲက လူတွေနေရာမှာ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်ဇနီး၊ ကိုယ့်သမီးဖြစ်နေရင် ဘယ်လိုမျက်စိနဲ့ ကြည့်ကြမလဲလို့ မေးခွန်းထုတ်ချင်တာပါပဲ။ ဒီလိုပုံတွေကို ဧည့်ခန်းထဲချိတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ကြည့်ရှုခံစားနိုင်လောက်တဲ့အထိ ကျွန်တော်ကိုဉာဏ် အနုပညာအခံ မရှိတာ၊ အမြင်မကျယ်တာ၊ ခေတ်မမီတာကိုတော့ နားလည်ပေးကြပါဗျာ။

လူပြောများနေတဲ့ အနုပညာ ဖန်တီးမှုလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ ပုံတွေအားလုံးကို မူလဖန်တီးသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ
(Cristina Guggeri) ကနေ ကူးယူထားတာ ဖြစ်ပါတယ် ။





























Original Blog ; http://myanmarthway.blogspot.com



နက်နဲသော နိုင်ငံတကာ တစ်ကွက်ကာတွန်းများ

စာမဲ့ ကာတွန်းတွေဟာ ဘယ်နိုင်ငံ ၊ ဘယ်လူမျိုးမဆို လိုက်တွေ.နိုင် ၊ လိုက်ခံစားနိုင်တာမို. သဘောကျစရာ ကန်.သတ်မဲ့ ဖန်တီးမှုမျိုးဖြစ်ပါတယ် ။ အဲ့ဒီလိုကာတွန်းတွေဟာ ခောတ်ကို ၊ စနစ်ကို လှစ်ဟပြနိုင်တာမျိုး ၊ အတွင်းကျကျဖော်ပြတာမျိုး ၊ သရော်တာမျိုး စသဖြင်. အစွမ်းသတ္တိတွေရှိပါတယ် ။ ခုကာတွန်းလေးတွေကတော. ကိုဥာဏ် - ပန်းလောင်မြေ စုစည်းပြီး သူ.ရဲ. မြန်မာ.သွေး ဘလော.မှာ ဦးနှောက် မုန်တိုင်း ဆင်စေသော ဖန်တီးမှုများ ခေါင်းစဉ် နဲ.တင်ဆက်ထားတာလေးတွေကို သဘောကျတာကြောင်.ပုံတွေကိုရော သူ.ရဲ. အတွေးအခေါ်လေးတွေကိုပါ  ( လေးစားစွာဖြင်. ) ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ ။


တစ်ခါတရံမှာ အာဏာရှင်တစ်ယောက်ကို ဖြုတ်ချလိုက်တာဟာ အခြားအာဏာရှင်တစ်ယောက်ကို ပေါ်ထွန်းလာစေတယ်လို့ ဆိုလိုချင်သလား။ ဒါမှမဟုတ် တစ်ပတ်လည်တတ်တဲ့ နိုင်ငံရေး အစဉ်အလာတွေကိုပဲ ရည်ညွှန်းချင်သလား။
ကျွန်တော်တို့တွေရဲ့ ဘ၀မှာ Facebook ရဲ့ အသုံးဝင်မှု၊ အရေးပါမှုက ငြင်းမရတဲ့ အချက်တစ်ခု ဖြစ်လို့လာပါပြီ။ ဒါပေမယ့် အရမ်းကာရော အလွန်အကျွံ အားထားလွန်းနေတယ်လို့များ ဒီပုံကို ဖန်တီးသူက ဆိုလိုချင်သလား။ တံခါးပေါက်ကလည်း စေ့ရုံလေးပဲ ကျန်တော့တယ်။ အဲဒါလေးကို ဖွင့်လိုက်တာနဲ့ တကယ့်အပြင်လောကကြီးကို ကိုယ်တွေ့မျက်မြင် ကြုံရမှာဖြစ်ပေမယ့် ကျွန်တော်တို့တွေက အတွင်းထဲမှာပဲ လှောင်ပိတ်မိနေပြီး တံခါးလေးတစ်ချပ်ပဲခြားတဲ့ ပြင်ပကမ္ဘာကို FB ကနေ တစ်ဆင့်များ ကြည့်နေကြသလားဗျာ။

ရပ်နေတဲ့လူက ဘာကို ကိုယ်စားပြုတယ်၊ ကျွဲက ဘာကို ကိုယ်စားပြုတယ်၊ ဒုံးလက်နက်က ဘာကို ကိုယ်စားပြုတယ်၊ မုန်လာဥနီက ဘာကို ကိုယ်စားပြုတယ် စတာတွေကို အထူးအထွေ ရှင်းပြစရာ မလိုတာမို့ ဒီပုံက ပေးချင်တဲ့ message က ဘာလဲဆိုတာ...။
ဘယ်နိုင်ငံက ရွေးကောက်ပွဲတွေပဲဖြစ်ဖြစ် ယေဘုယျအားဖြင့် အခုပုံမှာ ပြထားတဲ့အတိုင်းပဲဆိုတာ ငြင်းလို့မရပါဘူးလေ။ တုတ်ကိုင်ထားတဲ့ သိုးကျောင်းသား ရှိနေသလို၊ တစ်ခုခု အမှားအယွင်း လုပ်တာနဲ့ သခင့်အလိုကျ ပြေးကိုက်ပေးမယ့် သိုးထိန်းခွေးကလည်း အရန်သင့် ထိုင်စောင့်နေတာကို ကြည့်နေရင်းနဲ့ ရွေးကောက်ပွဲတွေရဲ့ သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်မိပါတယ်။
ကောင်းဘွိုင်ဆိုတာ အမေရိကန်ရဲ့ သရုပ်သကန်။ ကုလားအုတ်စီးနေတဲ့ အာရပ်တွေကတော့ အရှေ့အလယ်ပိုင်းဒေသကို ပြောချင်တာ ဖြစ်မယ်ထင်ပါရဲ့။ စွမ်းအင်လိုအပ်ချက်အတွက် အာရပ်ကမ္ဘာကို အသည်းအသန် အာရုံစိုက်နေတဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်ကို သရော်ချင်တယ်လို့ မြင်မိကြောင်းပါ။
အင်တာနက်ရဲ့ အမှတ်သင်္ကေတတစ်ခုလို့ ပြောနိုင်တဲ့ @ လေးကို နေမင်းသဖွယ် ရေးဆွဲပြထားတာက စိတ်ဝင်စားစရာပါ။ အင်တာနက်က လူတွေကို အလင်းရောင်ပေးနေတယ်လို့ ဆိုလိုချင်သလား။ အဲဒီ အင်တာနက်ကမ္ဘာကို ဆက်သွယ်တဲ့နေရာမှာ အတားအဆီးတွေ၊ အပိတ်အဆို့တွေ၊ အဖြတ်အတောက်တွေ ရှိနေတယ်လို့ ဆိုလိုချင်သလား၊ ဒါမှမဟုတ် လွတ်လပ်စွာ ဆက်သွယ်ခွင့် မရဘဲ အချိန်မရွေး ဖြတ်တောက်ခံရနိုင်တယ် ဆိုတာကိုများ ပြောချင်တာလား။ အချို့တွေကတော့ ဒါဟာ အင်တာနက် အသုံးပြုမှုနဲ့ အမျိုးသား လုံခြုံရေးကို သရုပ်ဖော်ချင်တာလို့ ဆိုကြပြန်တယ်။ အဲဒါဆိုရင် အစောင့်အကြပ်နေရာမှာ ဘာဖြစ်လို့ စစ်သားပုံကို သရုပ်ဖော်ထားတာလဲလို့ ကျွန်တော်က ပြန်မေးချင်မိပါရဲ့။ တွေးလို့ကောင်းတဲ့ ပုံတစ်ခုပါပဲ။
အခြားနိုင်ငံတွေမှာလည်း အဲဒီလို ဖြစ်နေလို့သာ ဒီလို သရုပ်ဖော်တယ်လို့ ကျွန်တော်က မြင်မိပါတယ်။ မြန်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က မြန်မာ့အရေးတွေနဲ့ နှိုင်းယှဉ်ပြီး တွေးမိပါတယ်။ ဒီနေ့ခေတ်ကာလမှာ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ မှန်သည် မှားသည် နောက်မှာထား အရင်ဆုံး FB ပေါ် ရောက်သွားတော့တာပါပဲ။ တစ်ခါတလေမှာ အဲဒီ အကြောင်းအရာတွေက မူလအဖြစ်အပျက်နဲ့ လုံးလုံး အံချော်သွားတဲ့အထိ ချဲ့ကားသွားတတ်ပြီး မလိုလားအပ်တဲ့ ပြသနာတွေ ဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရပ်နွေဦးဟာ ဆိုရှယ်မီဒီယာတွေကြောင့် ဖြစ်ပေါ်ခဲ့တာလို့ ပညာရှင်အချို့က သုံးသပ်ကြတာကိုလည်း ဒီပုံကိုကြည့်ရင်း ပြန်သတိရမိပါတယ်။ အချို့တွေကတော့ Facebook ဟာ တစ်ခါတရံမှာ လူတွေကို အထိနာစေတယ်၊ ထိခိုက်စေတယ်လို့ ပြောချင်တာဖြစ်နိုင်ကြောင်း ဆိုကြပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေးစရာလေးပါ။
နိုင်ငံရေးသမားတွေ၊ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင်တွေကို သရော်ချင်တာလို့ ထင်ပါတယ်။ သူတို့တွေရဲ့ ကတိစကားတွေ၊ ပြောစကားတွေဟာ ဘာမှ အဖိုးမတန်တဲ့ အညစ်အကြေးတွေပဲလို့ ဆိုလိုချင်ဟန် ရှိပါတယ်။ သူတို့တွေ ဘာပဲပြောင်ပြော နောက်ဆုံးတော့ မြောင်းထဲရောက်ကုန်တယ်လို့များ ဆိုလိုချင်သလား မသိပါဘူး။
မြန်မာစကားပုံ (((ဆင်သေကို ဆိတ်သားရေဖုံး))) ဆိုတာနဲ့များ ဆင်တူရိုးမှား ဖြစ်မလား မသိပါဘူး။ နိုင်ငံကြီးတွေဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် အပြုအမူတွေကို သူတို့ကိုယ်တိုင် လုပ်နေပေမယ့်လည်း အများအမြင်မှာ အဲဒီလို မထင်ရအောင် မီဒီယာတွေကတစ်ဆင့် ပုံပြောင်းပြီး လိမ်ညာနေကြတယ်လို့ ဖန်တီးသူက ပြောချင်သလား တွေးနေမိကြောင်းပါ။
ဒီပုံနဲ့ ပတ်သက်လို့တော့ အမြင်အမျိုးမျိုး ကွဲပြားကြပါတယ်။ တချို့ကလည်း နိုင်ငံတွေက ပိုက်ဆံတွေကို စစ်ပွဲတွေအတွက် အဓိက သုံးနေကြတာကို ဖော်ပြချင်တာလို့ ဆိုကြပါတယ်။ အချို့ကတော့လည်း ဒါဟာ အမေရိကန်ရဲ့ အခြေအနေမှန်ကို ဖော်ပြတာတဲ့။ သူတို့တွေ ပြောကြတာကတော့ အမေရိကန်ဟာ စစ်လက်နက်ပစ္စည်းတွေ အများဆုံး တင်ပို့ရောင်းချပြီး သူ့နိုင်ငံရဲ့ စီးပွားရေးကို ကျားကန်ထားရတာတဲ့။ အဲဒါကြောင့် အမေရိကန်ဒေါ်လာကို အားပေးတာဟာ စစ်ကို အားပေးတာနဲ့ အတူတူပဲလို့ ဆိုကြတယ်။ သူတို့တွေက သူတို့အမြင်နဲ့သူတို့ တွေးကြသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ဘာသာ တွေးကြတာပေါ့ဗျာ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဖော်ပြချင်တယ်လို့ အများစုက လက်ခံကြတယ်။ သစ်ပင် သစ်တောတွေနဲ့ ရေဆိုတာ အမြဲတမ်း စည်းနှောင်ထားတယ်လို့ ဆိုလိုချင်တယ်လို့ အများစုက မြင်ကြပါတယ်။ ရေဆိုတာ သက်ရှိလူသားတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ ရေမရှိတဲ့အရပ်ဟာ သက်ရှိ မရှိနိုင်ပါဘူး။ ပုံမှာ ပြထားတာက လွင်တီးခေါင်ပြင်ထဲမှာ ထီးတည်းကြီး ဖြစ်နေတဲ့ သစ်ပင်တစ်ပင်ရယ် ရေငုတ်တစ်ခုရယ် ဖြစ်နေတာကလည်း စိတ်ဝင်စားစရာပါ။ ဖန်တီးသူ ပြောချင်တာက အခြားအဓိပ္ပါယ်များ ဖြစ်နေလေမလားလို့လည်း တွေးမိပါတယ်။
အချိန်နာရီတွေက ကျွန်တော်တို့ရဲ့ သင်္ချိုင်းကို စက္ကန့်နဲ့အမျှ တူးနေတယ်လို့ သတိပေးချင်တာများလားဗျာ။ လူတိုင်း မလွန်ဆန်နိုင်တဲ့ ဒီလမ်းကို သွားဖို့အတွက် စက္ကန့်နဲ့အမျှ နီးကပ်လာနေပြီလို့ ဆိုလိုချင်တယ် ထင်ပါရဲ့။ တရားသဘောပါတဲ့ ဖန်တီးမှုလေးလို့ ထင်မိပါတယ်။
ဒီနေ့ခေတ်ကြီးမှာ အဓိကနဲ့ သာမညကို ခွဲခြားမသိတော့တာကိုများ ဆိုလိုချင်သလား။ ဆေးသုတ်တံကိုင်လျက် ပြုတ်ကျသေဆုံးနေတဲ့ လူသာူးကို ဘယ်သူမှ စိတ်မ၀င်စားနိုင်ဘဲ မှောက်သွားတဲ့ ဆေးပုံးကို အလေးထားနေကြပုံက တွေးစရာပါ။ နောက်တစ်ခု ကျွန်တော် တွေးမိတာက အပြာရောင်ဆိုတာ ငြိမ်းချမ်းရေးရဲ့သရုပ်သကန်ပါ။ အနီရောင်ကတော့ စစ်ပွဲတွေ၊ အနိဌာရုံတွေရဲ့ သင်္ကေတပေါ့။ ဒီနေ့ ကမ္ဘာကြီးက ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး အသည်းအသန် ဆွေးနွေးကြ၊ အဖြေရှာကြ လုပ်နေကြပေမယ့် တကယ်တမ်း စစ်ပွဲတွေကြောင့် သေဆုံးရသူတွေ ခံစားရသူတွေကို လျစ်လျူရှု မေ့လျော့နေကြတာကိုများ သတိပေးချင်တာများလားလို့ပါ။ ကျွန်တော့်အတွေး သက်သက်ရယ်ပါ။
ကျွန်တော်တို့ကိုယ်တိုင်ရော အဲဒီလိုမျိုး ကိုယ့်အခွင့်အရေးတွေကို ကိုယ်တိုင်မီးရှို့ဖျက်ဆီးပြီး တဒင်္ဂ အဆင်ပြေဖို့အတွက် ဖြေရှင်းဆောင်ရွက်နေကြသလားလို့ မေးခွန်းထုတ်မိပါတယ်။
အောက်ခြေမှာ ပြထားတာက စစ်ပွဲတွေရဲ့ သရုပ်သကန်...တင့်ကားတွေ၊ အမြောက်တွေပေါ့။ အဲဒီ စစ်ပွဲတွေကနေ သေဆုံးသူတွေကို စားမယ့် ၀ါးမယ့် အကောင်တွေက သစ်ပင်ပေါ်မှာ စောင့်ကြည့်နေတဲ့ ဠင်းတကြီးတွေ။ ငြိမ်းချမ်းရေး ချိုးငှက်ကလေးခမျာ စစ်ပွဲတွေကြောင့် မလုံမခြုံ ဖြစ်နေရရှာတာကို အသားစား ဠင်းတကြီးတွေက အကာအကွယ် ပေးထားပုံက ရယ်ချင်စရာတောင် ကောင်းပါသေးရဲ့။ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံတကာ အရေးတွေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာသူတွေ ဆိုရင်တော့ ဒီပုံလေးဟာ အင်မတန်မှကို သဘောကျစရာ၊ တွေးစရာ ဖြစ်ပါလိမ့်မယ်။
Oroginal Blog ; http://myanmarthway.blogspot.com/