Tuesday, February 4, 2014

မြန်မာ အမျိုးသမီးအဆိုတော်အဖွဲ. အာရှဆန်ခါတင် အဆင်.၀င်နေပြီ



 မြန်မာနိုင်ငံက အမျိုးသမီး ဂီတအဖွဲ့ဖြစ်တဲ့ Me & Ma Girl အဖွဲ့ဟာ VIMA Asia Music Award ဆု ရွေးချယ်တဲ့ အထဲမှာ နောက်ဆုံး ဆန်ခါတင် အဆင့်ထဲ ပါဝင်နေတယ်လို့ သိရပါတယ်။

သူတို့ အဖွဲ့ဟာ အရင်တုန်းက ၃ ဦးပါဝင်ခဲ့ပေမယ့် အခုချိန်မှာ အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ အမွန်းနဲ့ Kimi သာရှိတော့တာပါ။ နောက်ပြီး သူတို့နှစ်ဦးသာ ဒီအဖွဲ့ အနေနဲ့ ဆက်လက်ပြီး အနုပညာအလုပ်တွေ လုပ်သွားမယ်လို့လည်း အမွန်းက ဟြေပါတယ်။

Me & Ma Girl ရဲ့ သီချင်းဖြစ်တဲ့ Girl Strong ဆိုတဲ့သီချင်းဟာ ၂၀၁၃ ဧပြီလောက်မှာ ထွက်ထားခဲ့တာ ဖြစ်ပြီး Music Vedio ကလည်း ၂၀၁၃ ထဲမှာပဲ ထွက်ထားခဲ့တာပါ။ အဲဒီသီချင်းလေးကို VIMA ဆိုတဲ့ အာရှ ဂီတဆုပေးအဖွဲ့က အကောင်းဆုံး Pop သီချင်း၊ အကောင်းဆုံး Music Vedio များအဖြစ် ဆန်ခါတင်အဆင့်ထဲမှာ ထည့်သွင်းလိုက်တာလို့ သိရပါတယ်။

“အဓိကကတော့ LA အခြေစိုက် Power Music INC ကုမ္ပဏီက ညီမတို့ကို သီချင်းရေးတာလည်း ကူပေးခဲ့တယ်၊ ဒီ Girl Strong ဆိုတဲ့ သီချင်းလေးကိုလည်း Joseph ဆိုတဲ့ နာမည်ကြီးဒါရိုက်တာ ကပဲ ရိုက်ထားပေးတာပါ။ ညီမတို့ကတော့ သေချာ လေ့ကျင့်ပြီး ဆိုခဲ့ရတယ်၊ Music Vedio အတွက်လည်း Work Up တွေ၊ Training တွေ ဆင်းခဲ့ရပါတယ်။ နောက်ပြီး နိုင်ငံတကာမှာ နာမည်ကြီးနေတယ်လို့ 

အဟြေခံရတာနဲ့ ညီအောင် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ ညီမတို့ Me & Ma Girl က မြန်မာနိုင်ငံကနေ Hollywood မှာသွားပြီး ပထမဆုံး အသံသွင်းခွင့်ရတဲ့၊ သီချင်းဖြန့်ခွင့်ရတဲ့ International Girl Band ဖြစ်တာမို့ လူသိများနေတာ ဖြစ်ပါတယ်။ အဲဒါနဲ့ ထိုက်တန်အောင်လည်း ညီမတို့ အရမ်းကြိုးစားနေကြပါတယ်” လို့ အမွန်းက ဧရာဝတီကို ဟြေပါတယ်။

သူတို့ အဖွဲ့ကိုနိုင်ငံတကာက အားပေးနေပေမယ့် မြန်မာနိုင်ငံမှာ သိပ်အားပေးမှု မရှိသေးတာနဲ့ ပတ်သက်လို့ အမွန်းက မြန်မာ ပရိသတ်က သိပ်မသိသေးတာကြောင့်လည်းပါတယ်လို့ ဆိုပါတယ်။

“ပရိသတ်က နာမည်တော့ ကြားဖူးမယ်၊ ညီမတို့က သီချင်းတွေကို အင်္ဂလိပ်လို ဆိုတာတွေပဲ များတယ်၊ ညီမတို့ ပထမ ထွက်ထားတဲ့ မင်္ဂလာပါ ဆိုတဲ့ အယ်လ်ဘမ်လေးက အများကြီး မဖြန့်လိုက်ဖြစ်ဘူး။ အဲဒီတုန်းက Producer လည်း မရှိတော့ ညီမတို့ ကိုယ်တိုင် ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ရတာဆိုတော့ အဲဒီ အားနည်းချက်တွေကြောင့် ညီမတို့ရဲ့ အခွေက အောင်မြင်သင့် သလောက် မအောင်မြင်ခဲ့ဘူး၊ Me & Ma Girl အဖွဲ့လို့ လူတွေသိတာက LA ကို သွားတာကြောင့်ပါ။ အခုလည်း ညီမတို့ကို မြန်မာနိုင်ငံက ပရိသတ်တွေ သိအောင်လို့ သီချင်းလေးတွေ တင်ဆက်နေပါတယ်” လို့ သူက ဆက်ဟြေပါတယ်။

မြန်မာ တေးဂီတ အဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင်၊ အာရှမှာ တန်းဝင်အောင် Me & Ma Girl တစိုက်မတ်မတ် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။



“Commitment ကအရေးကြီးတယ်လို့ ထင်ပါတယ်၊ နိုင်ငံတကာပဲ သွားသွား၊ မြန်မာနိုင်ငံမှာပဲလုပ်လုပ် Commitment က အရေးကြီးပါတယ်၊ International ကိုသွားမယ်ဆိုတော့ ပိုပြီးတော့ အရေးကြီးပါတယ်။ လေ့ကျင့်မှုတွေ၊ သင်ကြားမှုတွေ၊ သင်ယူမှုတွေ အရမ်းများပြီး ကြိုးစားရတော့ ဒီအဖွဲ့အနေနဲ့ ရာနှုန်းပြည့် Commitment ရှိနေမှ အဆင်ပြေမှာပါ” လို့ အမွန်းက ဟြေပါတယ်။

သူတို့အဖွဲ့ စတင်စဉ်က အဖွဲ့ဝင် ငါးဦးရှိခဲ့ပြီး ငါးဦးကနေမှ လေးဦး၊ နောက်ဆုံးမှာ နှစ်ဦးတည်း ကျန်ရှိပါတော့တယ်။ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Girl Strong Single အခွေဟာ Kimi နဲ့ အမွန်း နှစ်ဦးတည်း ကျန်ရှိချိန်မှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ထွက်သွားတဲ့သူတွေနဲ့ ကျန်ရှိသူတွေအကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ဘဲ ကုမ္ပဏီနဲ့ မပြေလည်မှု အနည်းငယ် ရှိတာကြောင့်လို့ သိရပါတယ်။



“ကုမ္ပဏီကလည်း Commitment ကိုပဲလိုချင်တာပါ၊ သူတို့ကလည်း ရင်းနှီးထားရတော့ ရာနှုန်းပြည့် စိတ်ရော၊ လူရော၊ အင်အားရော အကုန်ပါဝင်တာကို လိုချင်တယ်။ အဲဒါလေးတွေ အားနည်းတော့ သူတို့နဲ့ ကုမ္ပဏီနဲ့ ကတောက်ကဆ ပြဿနာလေးတွေ နည်းနည်း ရှိနေပါတယ်။ အမွန်းနဲ့ Kimi ကလည်း အဲဒါကို အမြန်ဆုံး ပြေလည်သွားဖို့ မျှော်လင့်ပါတယ်၊ အမွန်းတို့နဲ့တော့ Personal Case ပြဿနာ ဘာမှမရှိပါဘူး။ အဓိကကတော့ Commitment နဲ့ Partnership ရယ်၊ တယောက်ကို တယောက် ယုံယုံကြည်ကြည်နဲ့ အချိန်ပြည့် လေးလေးစားစားနဲ့ ဒီအနုပညာကို သေသေချာချာ လုပ်ကိုင်တဲ့ စိတ်ပေါ့၊ အဲဒါက အရေးကြီးဆုံးပါပဲ” လို့ အမွန်းက ရှင်းပြပါတယ်။

Pop သီချင်းအယ်လ်ဘမ်တွေ အများကြီးနဲ့ သီချင်းတွေအများကြီး ရှိတဲ့အထဲကမှ အမွန်းနဲ့ Kimi သီဆိုထားတဲ့ Girl Strong သီချင်းကို ရွေးချယ်ခံထားရတာ ဖြစ်ကြောင်း သိရပါတယ်။ VIMA Asia Music Award ရဲ့ Grand Final ဆုပေးပွဲကိုတော့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ မလေးရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Source ; ဧရာဝတီ &  မြ၀တီ

Sunday, February 2, 2014

ဧရာဝတီ ယူနိုက်တက် ရဲ.၂၀၁၄ ဘောလုံးရာသီ ပထမဆုံး ပွဲ




By Ayeyawady United FC Fan's Page


ဧရာဝတီ ၏ ပထမဆုံးပွဲနှင်.ပတ်သက်၍ မြန်မာ.အလင်းသတင်းစာက သုံးသပ်ထားသော ဧရာဝတီ အသင်းကို နည်းပြဟောင်း ဦးဆန်းဝင်း တစ်ကျော.ပြန် ကိုင်တွယ် နေသလို ချန်ပီယံ ဆုရရှိရေးအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည် ။ MNL အတွေ.အကြုံရှိသည် . ဆာဆာ ၊ကိုနေး နှင်. ကလစ်ဖို.ဒ် တို.သုံးဦးအပါအ၀င် နိုင်ငံခြားသား လေးဦးအထိ ခေါ်ယူထားသလို မိုးဝင်း ၊ ရွှေလှိုင်ဝင်း ၊ ကျော်မင်းဦး ၊ နေလှိုင်စသည်. ပြည်တွင်းကစားသမား ၁၀ ဦးအထိ ခေါ်ယူထားသည် ။ မကွေးအသင်းမှာ ပြင်ဆင်မှု ကြီးကြီးမားမား မရှိသော်လည်း ဦးကြည်လွင် လက်ထက် ပုံစံကောင်း ရရှိနေသည်. အလျှောက် ထိပ်သီးအသင်းများတွင် ထည်.သွင်းထား၇မည်ဖြစ်သည် ။ မကွေးအသင်း၏ ကစားပုံကြောင်. ဧရာဝတီ အသင်း ခက်ခက်ခဲခဲ ကစားရမည်ဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်ဟု ရေးခဲ့သည်.အတိုင်းပင်ဖြစ်ခဲ့ပြီး 


 ပွဲမကန်ခင် နည်းပြချုပ်ပြောခဲ့သော “ ဒီနှစ်အတွက် သေချာပြင်ဆင်ထားပါတယ် ။ ကစားသမားအသစ်တွေလည်း အများကြီးခေါ်ထားတယ် ။ မကွေးအသင်းနဲ.အဖွင်.ပွဲကစားရတာ အရမ်းခက်ခဲပါတယ် ။ အဖွင်.ပွဲမှာ ရလဒ်ကောင်းဖို.လိုတယ် ။ အစွမ်းကုန် ကြိုးစားမှာပါ  “ ဟူသောစကားကတော. တစ်ဝက်မှန် တစ်ဝက်မှားခဲ့သည်ဟု ပြောရပါမည် ။

ပွဲအပြီးတွေ.ရသော ဂိုးနည်းပြ ဦးအောင်ကျော်ကျော် ( ဘောင်းဘီတို အပြာ ) နှင်. နည်းပြချုပ် ဦးဆန်းဝင်း ( ဘောင်းဘီနက်ရှည် )

 ပထမပိုင်းတွင်တော. ဧရာဝတီ၏ ထိုးဖောက်မှု ပိုမိုများပြားခဲ့ပြီး အဆုံးသတ် အားနည်းမှုများကြောင်.သာ ဂိုးမရခဲ့ခြင်းဖြစ်သည် ။ဒုတိယ ပိုင်းတွင်တော. မကွေးထိုးဖောက်မှုများ ပိုများလာခဲ့သည် ။ ဧရာဝတီ ဂိုးသမား အနေဖြင်. သေချာပေါက်ဂိုးများ ကာကွယ်နိုင်ခဲ့သည်ဟုပြောရမည်ဖြစ်သော်လည်း နောက်တန်း ကစားပုံ လိုအပ်ချက်များ ရှိနေသည်ကတော. အသေအချာပင် ။ ၇၅ မိနစ်တွင် မကွေးတို.ရသွားသော ပထမဂိုးသည်  မိမိလူများရှင်းထုတ်ပုံ မသေသပ်ရာမှ မကွေးကစားသမား အပြင်းကန်သွင်းသွားခြင်းဖြစ်ပြီး ဂိုးသမား ချမ်းငြိမ်းကျော်ဘယ်လိုမှမတတ်နိုင်သော ဂိုးမျိုးဖြစ်သည် ။


ဝင်ရောက်ကစားခွင်.မရသေးသော ကိုရီးယားကစားသမားနှင်. သူ၏ပရိသတ်

 ၈၅မိနစ်တွင် ဧရာဝတီတို.ရသော ပင်နတီကို ကိုနေး ကန်သွင်းရာ ဘားထိ မြေထောက်ပြန်ထွက်လာပြီး ထိုအလုံးကို ဆာဆာ က သွင်းယူပေးခဲ့သဖြင်. ၁-၁ ဖြစ်လာခဲ့သည် ။၂ မိနစ်အကြာမှာပင် မကွေးတို.ရသောထောင်.ကန်ဘောမှတစ်ဆင်. မျိုးဇော်ဦး ခေါင်းတိုက်သွင်းယူသွားခဲ့သည် ။ အချိန်ပို ၄မိနစ်တွင်လည်း အပြောင်းအလဲမရှိခဲ့ပဲ ဧရာဝတီ ၏ အဖွင်. ၂-၁ ဖြင်. မလှ ဖြစ်ခဲ့ရသည် ။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီ နည်းပြချုပ်က “ တစ်ဖက်အသင်းကောင်းပါကြောင်း ၊ မိမိတို.ကစားသမားများ အခွင်.အရေးကို အသုံးမချနိုင်ခဲ့ကြောင်း ၊ မိမိတို.အမှားကိုမူ တစ်ဆက်အသင်းက အသုံးချသွားနိုင်ကြောင်း ၊ ခေါ်ယူထားသော နိုင်ငံခြားသား ၄ဦးအနက် ၃ ဦးသာ ထုတ်သုံးပြီး ကိုရီးယား ကစားသမားချန်ထားခဲ့မှုကို မေးမြန်းရာတွင်မူ Fit  မဖြစ်သေးသဖြင်. မသုံးသေးခြင်းဟု“ ပြောကြားခဲ့သည် ။


ယနေ.ပွဲသို. ဧရာဝတီ ပရိသတ် ထိုက်သင်.သလောက်လာရောက်ခဲ့ပြီး မကွေးပ၇ိသတ်ထက် ပိုမိုများပြားခဲ့ပါသည် ။ မကွေးကစားသမားများ ခဏခဏ ကွင်းအတွင် လဲကျနေတတ်ပြီး ပွဲပြီးကာနီး အချိန်တွင် မကွေးကစားသမား ၃ ယောက် ၊ ဧရာဝတီ ကစားသမား ၂ယောက် ၅ယောက်အထိ လဲကျနေခဲ့သည်မျိုး ရှိခဲ့သည် ။
ဖေဖော်ဝါရီ ၃ ရက်နေ. မြန်မာ.အလင်းသတင်းစာတွင် မူ ဤသို.ရေးသားဖော်ပြခဲ့ပါသည် ။




ပြည်တွင်းပြည်ပ ကစားသမားသစ် များစွာခေါ်ယူပြီး ချန်ပီယံ ဆုအတွက် ရည်မှန်းပြင်ဆင်နေသည်. ဧရာဝတီ အသင်း၏ အဖွင်.ပွဲရလဒ်မှာ ရှုံးပွဲဖြင်. စတင်ခဲ့သည် ။ ဧရာဝတီ အသင်းမှာ မကွေးအသင်းကို အပြန်အလှန် ကစားနိုင်ခဲ့သော်လည်း  အဆုံးသတ်ဂိုးသွင်း အားနည်းခဲ့၍ ရှုံးနိမ်.ခဲ့ရခြင်းဖြစ်သည် ။ မကွေးအသင်းမှာ နိုင်ငံခြားသား ကစားသမား ၄ ဦး ကို အခြေခံပြီး ပြည်တွင်းကစားသမားများဖြင်. ယှဉ်ပြိုင်ခဲ့သော်လည်း အကောင်းဆုံးပုံစံဖြင်. ယှဉ်ပြိုင်နိုင်ခဲ့သည် ။မကွေးအသင်းအတွက် ဂိုးများကို ၇၂ မိနစ်တွင် ဘိုအာ.စ် ၊၈၇ မိနစ်တွင် မျိုးဇော်ဦး တို.က သွင်းယူပေးခဲ့သည် ။ ဧရာဝတီ အသင်းအတွက် ချေပဂိုးကို ၈၄မိနစ်တွင်ဆာဆာက ချေပဂိုး သွင်းပေးခဲ့ပြီး ၈၂မိနစ်တွင် ရရှိသည်. ပင်နတီကို ကိုနေးက ၀င်အောင် မသွင်းနိုင်ခဲ့ပေ ။

Hack ခံထားရသော Facebook Account ပြန်ရယူနည်း




မိမိ Facebook Account အဟက်ခံရတာ သေချာပြီဆိုတာ နဲအောက်က လင့်ကို ကလစ်လိုက်ပါ

https://www.facebook.com/hacked

ခုပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ

Report Compromised Account ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်

အဲ့ဒီဖိုင့်ထဲမှ
My account is compromised ဆိုတာကို နှိပ်လိုက်ပါ

Find Your Account ဆိုတဲ့ ဖိုင့် တတ်လာပါလိမ့်မယ်

အဲ့ဒီထဲမှ Email, Phone, Username or Full Name ဆိုတဲ့ အောက်က အကွက်ထဲမှာ

မိမိ Gtalk အကောင့်ကို ထည့်ပေးလိုက်ပါ

ပြီးနောက် Search ကို နှိပ်လိုက်ပါ နှိပ်လိုက်တာနဲ့ 

Identify Your Account ဆိုတဲ့ ဖိုင့်ပေါ်လာပါလိမ့်မယ်

မိမိ ဓါတ်ပုံနဲ့  facebook အသုံးပြုသော နာမည် ပေါ် လာပါလိမ့်မယ်


This Is My Account ဆိုတာကို ကလစ်ပေးလိုက်ပါ

Reset Your Password ဆိုတဲ့ ဖိုင့် တတ်လာပါပြီး

Email me a link to reset my password ဆိုတာကို ကလစ်ပေးလိုက်ပါ

အဲ့ဒီနောက် Continue ကိုနှိပ်လိုက်ပါ

Check Your Email ဆိုတဲ့ ဖိုင့်ပေါ်လာပြီး မိမိ Gtalk အကောင့် ဆီသို့ 

We sent your code to: ပို့ ပေးပါလိမ့်မယ် facebook မှ ပို့ ပေးသော Code ကို

ပေးထားသော အကွက်ထဲကိုထည့်ပေးလိုက်ပါ

facebook မှ သင့်ကို 


 Hi ,

Somebody recently asked to reset your Facebook password.
Click here to change your password.

Alternatively, you can enter the following password reset code:


589eee7437 ဒီ ဂဏန်းများကိုယူပြီး ခုနက အကွက်ထဲကို ထည့်ပေးလိုက်ပါ


Didn't request this change?
If you didn't request a new password, let us know immediately.


အကွက်ထဲကို Code ထည့်ပြီးပြီး ဆိုရင်တော့

Choose a new password ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်

New Password ဆိုတဲ့ နေရာမှာ မိမိ နှစ်သက်ရာ Password ကိုထည့်ပေးလိုက်ပါ

Confirm Password မှာတော့ New Password ပေးထားသော Password ကို ပြန်ထည့်ပေးပါ

ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ

မိမိ facebook အကောင့် ပြန်ရပါပြီးပါခင်ဗျာ


facebook အကောင့် ဟက်ခံရပါက အခုနည်းအတိုင်း ပြန်လည်း လုပ်ဆောင်ရပါတယ် ဗဟုသုတဘဏ်မှ ညီကိုမောင်နှမများ အားလုံး အဆင်ပြေကြပါစေ




ကူးယူဖော်ပြချင်တဲ့ သူငယ်ချင်းများ ရှိရင်လည်း ဗဟုသုတဘဏ်ဆိုတာလေ
ထည့်ပေးပါဦးနော် သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်


K2 @