Wednesday, January 15, 2014

အမေနေ. - မြန်မာတို.ရဲ. အမေနေ. နဲ. နိုင်ငံတကာအမေများနေ.





 အမေဆိုတာ ဘာကြီးပဲ ဖြစ်နေပါစေ အမေဟာ အမေပါပဲ အမေဆိုတဲ့ စကားသံဟာ နားထဲမှာ စွဲနေပါတယ် ။ ဟုတ်ပါတယ် ဒီနေ. ပြာသိုလပြည်.နေ. ။ ဗုဒ္ဒဘာသာ မြန်မာ လူမျိုးတို.ရဲ. အမေနေ. လို.ပြောရပါမယ် ။ဘာကြောင်.လဲဆိုတော. ခရစ်စယာန် ဘာသာဝင်တွေ သတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အမေနေ. ဆိုတာကလည်း ရှိနေသလို ယိုးဒယားတွေကျတော.လည်း သြဂုတ်လ ဒုတိယပတ်လောက်မှာ သူတို.နိုင်ငံရဲ. အမေနေ.( วันแม่ ၀ံမဲ့ ) ဆိုတာရှိသလို တရုပ်ပြည်မှာ လည်း အမေနေ.ရှိနေပြီး မိမိတို.နိုင်ငံအလိုက် အစဉ်အလာအလိုက်ကျင်းပနေကျတဲ့ နေ.တွေရှိပါတယ် ။

Julia Ward Howe

 ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေကိုကျင်းပနေကြတာလို.သိရပါတယ် ကမ္ဘာလုံးဆိုင်ရာ အမေနေ ဖြစ်မြောက်အောင် ကြိုးပမ်း အားထုတ်ခဲသူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်ပြီးသူမဟာ ကျော်ကြားတဲ့ စာရေးဆရာမကြီးတစ်ဦးမို.ကလောင်စွမ်းနှင် ကြိုးပမ်းခဲသူဖြစ်ပါတယ် ။

အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲသူ Juila Ward Home ရဲ.သမီး Anna Jarvis က အမေ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲသူ ဖြစ်ပြီး  Juil Ward Home နှင် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင် နောက်ပိုင်းတွင် ကမ္ဘာနှင်အ၀ှမ်း အမေနေ့ ကျင်းပနေခဲကြတာလို. မှတ်တမ်းတစ်ခုကဆိုပါတယ် ။

Anna Jarvis

နှစ်စဉ်နိုင်ငံအတော်များများတွင်မေလဒုတိယပတ်တနင်္ဂနွေနေ့ ကိုအမေများနေ Mother's Day့ အဖြစ်ဂုဏ်ပြုသတ်မှတ်ကြပါတယ် ။အဲ့ဒီလိုနေ.တွေမှာ သူတို.ယဉ်ပါးနေတဲ့ ထုံးစံအရ Post Card တွေ ၊ ပန်းခြင်းတွေ ပို.ကျ ၊ I Love Mom ဆိုပြီးနှုတ်ဆက်ကြ ၊အဲ့ဒီတစ်နေ.တာ အမေနဲ. အတူနေပေးကြ ၊ပြောကြဆိုကြ နဲ. သူတို.အဖို. ထူးခြားတဲ့ နေ.တစ်ခုပါပဲ ။ များသောအားဖြင်. မိဘနဲ.အတူနေလေ.ရှိတဲ့ မြန်မာလူမျိုးတွေအတွက်တော. အဲ့ဒိလိုပုံစံမျိုး မဟုတ်ပါဘူး ။


အင်္ဂလန်နိုင်ငံမှာတော  မယ်တော်မယ်ရီကို ဂုဏ်ပြုတဲ့ အနေနဲ. ကျင်းပပြီး အမေအားလုံးဟာ အဲ့ဒီနေ.မှာ တူညီဝတ်စုံများ  ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာတဲ့အခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါတယ်။

ယိုးဒယားတို.ရဲ.အမေနေ.
 ယိုးဒယားတွေရဲ. အမေနေ. သတ်မှတ်ပုံ အသေးစိပ်မသိရပေမယ်. သြဂုတ်လရဲ. လ၀က်ဝန်းကျင်ခန်.မှာ ကျင်းပလေ.ရှိပါတယ် ။ အမေရိကန်ပြည်ထောင် စုမှာစတင်ခဲ့တဲ့အဲ့ဒီအမေများနေ့ ဟာခရစ်ယာန်ဘာသာဝင်များကြားတွင်ထွန်းကားခဲ့ပြီးမြန်မာပြည်မှာ

အဲ့ဒီနေ.ကိုအမေများနေ့ အဖြစ်လက်ခံတာ ၂၀၁၀ ၀န်းကျင်ကမှပါ ။ 

 တရုပ်ပြည်မှာတော . စောစောပိုင်းဟိုလွန်ခဲ့ တဲ့  နှစ် လေး ၊ ငါးဆယ်လောက်က့လူဦးရေများလွန်းလို့ တအိမ် ထောင်မှာခလေးတယောက်သာမွေးဖွားခွင့် ပေးပါတယ် ဒီတော့ ခလေးတွေကြီးပြင်းလာတဲ့ ဒီဘက်ခေတ်တွေမှာ မိခင်ရဲ့ တန်ဖိုးကိုသိလာပြီးကျေးဇူးဆပ်တဲ့ အနေနဲ့ နှစ်စဉ် ၅လပိုင်း၅ရက်နေ့ ကိုအမေများနေ့ လို့ သတ်မှတ် ပါတယ် ဒီလိုသတ်မှတ်တာလဲအကြောင်းရှိတယ် ဘာလဲဆိုတော့  ၅ ၅ ဟာ သူတို့ ရဲ့ အသံထွက် ၀ူဝူလို့  ထွက်တယ်ဗျာ သူတို့ အမေလို့ ခေါ်တဲ့  မူမူ မူချင်း အသံထွက်နဲ့ တူတယ်ဆိုပြီး သတ်မှတ်လိုက်ကြပါတယ် လို.ဆိုပါတယ် ။

  မြန်မာ အမေနေ. စတင်ခဲ့တာကတော. ၁၉၈၇ မေလထုတ် လုံမလေး Magazine  စာမျက်နှာ ၆၄ မှာ ဘဘ ဦးသုခ ရေးခဲ့တဲ့ ထိုတစ်နေ. ဆောင်းပါးမှ စတင်ခဲ့တာလို.သိရပါတယ် ။ အဲ့ဒိဆောင်းပါးကို မန္တလေး မြို.က စာပေချစ်သူ လူငယ်တစ်စုက အပေါင်းအသင်းများ စုစည်းကာ မာတာပူဇော်ပွဲလို. စတင်အကောင်အထည်ဖော်ခဲ့ရာက ဆရာကြီးထံ အကြံဥာဏ်တောင်းခံခဲ့ ပါတယ် ။ဘဘဦးသုခက ပြာသိုလပြည့် နေ့ညသန်းခေါင်ယံအချိန်ဟာ ဆောင်းဥတုရဲ့အအေးဆုံးပါ၊ ရာသီဥတုရဲ့အအေးဆုံး အချိန်၊အသာယာဆုံးအချိန်ကို၊အအေးမြအကြည်လင်ဆုံးဖြစ်တဲ့အမေ့မေတ္တာကို

တင်းစားပြီး၊တုနှိုင်းမဲ့မိဘမေတ္တာကိုဖေါ် ကျုးသောအားဖြင့် အမေနေ. သတ်မှတ်လိုပါတယ်လို.အကြံပြုချက်အရ ၁၃၅၈ ပြာသိုလပြည်. နေ. ( ၂၃-၁-၁၉၉၇ ) ကစလို.အမေနေ. အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပကြတာပါ ။ 

 ခုလက်ရှိ ဒီမှာကျင်းပနေကျပုံတွေကတော. အမေနဲ.ပတ်သက်တဲ့ တရားပွဲတွေ ၊ဟောပြောမှုတွေကို အဒိကပြုလုပ်လေ.ရှိပြီး ဒီဘက်နှစ်ပိုင်းမှာတော. Facebook ကနေ wish လုပ်လာတာမျိုးတွေ ၊ မိဘနဲ. တစ်နေ.လုံး အတူသွား အတူနေပေးတာမျိုးတွေ လုပ်လာကြပါတယ် ။ 

အမေနဲ.ပတ်သက်လို. ဘယ်လိုကျေးဇူးကြိးကြောင်းတွေကတော. မြင်တတ် ယူတတ်သူတို.အဖို.စာပေ လက်တွေ. အမြင် အကြား အများအပြားမို. အထွေအထေူး မပြောလိုတော.ပါဘူး ။ ထင်ရှားတဲ့ဖြစ်ရပ်လေး ၂ခုကိုပဲ ပြန်ဖော်ပြပါမယ် ။ ဘုရားရှင်လက်ထက်တော်က သုပါဝါသ မင်းသမီးမှာ သားဖြစ်သူ ရှင်သိဝလိကို ၇နှစ်၇လ၇ရက် ကိုယ်ဝန်ဆောင်ခဲ.ရပြီးမှ မွေးဖွားနိုင်ခဲ့တာပါ ။ ကိုယ်ဝန်ဆောင်ထား၇တဲ့ဒုက္ခ ကို ဘယ်သူမဆိုတွေးကြည်.နိုင်ပါတယ် ။ တစ်ရက်မြတ်စွာဘုရားက ဆွမ်းကပ်တာကိုဘုဉ်းပေးနေခိုက် သုပါဝါသ မင်းသမီး နောက်ထပ် ဤလိုသားမျိုးရလျှင် ယူဦးမည်လောဟုမေးရာ သုပါဝါသ က ခုနှစ်ယောက်မျှ ယူချင်ပါသေးသည်ဟုလျှောက်ထားခဲ့သည်ကိုကြည်.ပါက မိခင်တို.အတွက် သားကိုလွယ်ထားရသော ဒုက္ခကား ဒုက္ခဟု မခံယူထားသော ဒုက္ခတစ်ခုမှန်း သိသာလှပါတယ်။နောက်ဖြစ်ရပ်တစ်ခုက ၁၉၇၃ ၇န်ကုန် - ဒလကူး တိုးအေးသင်္ဘော နစ်စဉ် ခရီးသည်များ သေကျေပျက်စိးခဲ့ပြီး နစ်ပြီး ၁၅ ရက်အကြာ သင်္ဘောပေါ်မှ အလောင်းများအနက် နို.စို.ကလေးငယ်ကို ရင်ဝယ်တင်းတင်းပိုက်လျှက် အသက်ကုန်နေသော မိခင်တစ်ဦး၏အလောင်း တွေ.ခဲ့ရခြင်းကား  အနှိုင်းမဲ့မေတ္တာကို ထင်းထင်းတွေ.နိုင်သော မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ် ။

 

ယနေ.ခောတ်ကဲ့သို. မိခင်များအပေါ် သားသမီးတို.၏ အရိုသေ ဂရုစိုက် ပြုစုစောင်.ရှောက်မှုတို.လျော.ကျလာနေခိုက်၊ အချို.နေရာများတွင် စွန်.ပစ်ထားမှုမျိုးအထိ ရှိလာနေသည်.အခိုက် ဤသို.သော အမေနေ.လေးမှစ၍ မိမိကိုယ်ကိုလည်းကောင်း ၊ မိခင်တို.၏ မေတ္တာကို ပြန်လည်ဆင်ခြင်သုံးသပ် သတိပြုမိနိုင်ကြပါစေဟု……

Ref ;


Thondrae , Trctech ,Lin Zaw Htike & Kyaw Swe Win ( Shwe-Inn ) @ Standard Time

သူရိယအလင်းဂျာနယ် အတွင်းရေး အပိုင်း (၁ ) အခန်း ( က - ၁ )



စာအုပ်ကျောဘက် အဖုံး

 သူရိယ အလင်း အယ်ဒိတာ ချစ်နွေမိုး စီစဉ်သော  လေပြည်နော.ပြီးရင် မုန်တိုင်းအလှည်.ပဲ  သို.မဟုတ် သူရိယအလင်းဂျာနယ် အတွင်းရေး (အပိုင်း ၁ ) စာအုပ်မှ ရေးသားဖော်ပြချက်များအား မူရင်းအတိုင်း ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည် ။  မူရင်းအသုံးအနှုံး ၊ မူလ အာဘော်သာ ဖြစ်ပါကြောင်း
                                                                                                 ( Wakhama.blogspot.com )

 သူရိယ အလင်းဂျာနယ် ရပ်နားလိုက်ချိန်မှာ အယ်ဒိတာ အဖွဲ.က ခင်ဗျားအပေါ် အကြွေး ၃ခု တင်သွားခဲ့တယ် ။ ၃၁-၁၀-၂၀၁၃ နေ. ၀န်ထမ်းလစာနဲ. လျော်ကြေး ရှင်းပေးတာ အငယ်ဝန်ထမ်းတွေကို လစာ တစ်ဝက်ပဲ ပေးဖို. ခင်ဗျားတို. စီစဉ်ကြတယ် ။ကိုပြည်.စုံ ( နိုင်ငံတကာ အယ်ဒိတာ ) နဲ. ကျုပ်က လူပုံ အလယ်မှာ မတ်တတ်ရပ် ရှင်းပြပြီးတောင်းခံ လို.အပြည်.အ၀ ပြန်စီစဉ်ပေးတယ် ။

ဒုတိယတင်တဲ့အကြွေးက စာမူခ ကိစ္စပဲ ။ဂျာနယ် ရပ်စဲသွားတဲ့ အချိန်မှာ စာမူခ ရှင်းဖို. ၅ ပတ်စာကျန်နေတယ် ။ အတွဲ၁ အမှတ် ၆ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂  အတွက် စာမူခတွေ မရှင်းရသေးဘူး ။ စာရေးဆရာ ဆိုတာ စာမူခကို တန်ဖိုးထားတယ် ။…… ကျုပ်ဆိုရင် စာရေးလာတာ နှစ် ၄၀ ရှိပြီ ။ .ဘယ်မှာမှ  အဲ့ဒီလို စာမူခမပေးပဲ အချိန်ဆွဲထားတဲ့နေရာ မကြုံဖူးဘူး ။ . စာမူခတွေ အဲ့ဒီလို ချက်ခြင်းမရှင်းတော. ဂျာနယ်မှာ လက်ရှိ အယ်ဒိတာတွေပဲ အမည် အမျိုးမျိုး နဲ. ရေးရတယ် ။ အပြင်စာရေးဆရာတွေဆီက စာမူမတောင်းရဲဘူး။ကိုယ်.ကိုပေးထားတဲ့စာမူ ကိုယ်သုံးလို. စာမူခတောင်းရင် ကိုယ်ပဲ စိုက်ပေးရမှာ ဘယ်လိုလုပ် သုံးရဲပါ.မလဲ ။ကျုပ်တို.မှာ အယ်ဒိတာတွေဖြစ်ပြီး အပြင်က စာမူကောင်းကောင်းတွေ လာပို.မှာတောင် ကြောက်နေခဲ့ရတဲ့ ဘ၀ အဖြစ်ကရှားပါတယ် ။

အဓိက ပြောချင်တာကတော. တတိယ အကြွေးကိစ္စပဲ ။ဟုတ်တယ် ခင်ဗျားအပေါ် ကျုပ်တို.တင်နေတဲ့ တတိယ အကြွေးက သိက္ခာအကြွေးပဲ ။ခင်ဗျားရဲ. ဗြောင်လိမ် ဗြောင်စား လုပ်စားသွားတဲ့ တကိုယ်တော် သတင်းစာ ရှင်းလင်းပွဲ မှာ ခင်ဗျား ထည်.ပြောသွားတဲ့စကားက ကျုပ်တို. အယ်ဒီတာ အဖွဲ.ရဲ. သိက္ခာကို များစွာထိခိုက်သွားခဲ့ပါတယ် ။

အဲ့ဒီရှင်းလင်းပွဲမှာ ခင်ဗျားပြောခဲ့တယ် ထောင်သူရဲ ဘအုပ် ၊ သတိုးစည်သူ ၊ စစ်သူရဲ ဗလမင်းထင် ဆိုတဲ့ နာမည်နဲ. ရေးတဲ့ဆောင်းပါးတွေကို ကျုပ်တို. အယ်ဒီတာအဖွဲ.ကဖတ်ပြီး ထည်.သွင်းဖို. အတည်ပြုခဲ့တာပါလို. ပြောခဲ့တယ် ။ အဲ့ဒီစကားဟာ ကျုပ်တို.ရဲ. လုပ်ပိုင်ခွင်.၊ကျုပ်တို.ရဲ. သိက္ခာကို အလွဲသုံးစား လုပ်လိုက်တာပဲ ။

ခင်ဗျား စာမူတွေကို အယ်ဒီတာအဖွဲ.မပြောနဲ. စာပြင်အဖွဲ.တောင် ပေးမဖတ်တာ အများကြီးရှိတယ် ။နောက်ဆုံးထွက်ခဲ့တဲ့ သူရိယ အလင်း အမှတ် ၁၂ က  လပြည်.ညပြီးရင် လကွယ်ညနဲ. ဆိုတဲ့ ဆောင်းပါးမှာ ပြန်ကြည်. မှားလိုက်တဲ့ သတ်ပုံတွေ ၊………………..  ခင်ဗျားရေးတဲ့ စာမူတွေကို ခင်ဗျား လုပ်ချင်သလို လုပ်နေတာပဲ ၊ ကိုယ်လုပ်ချင်သလို ကိုယ်လုပ်ပြီး အယ်ဒီတာအဖွဲ. သဘောတူသလိုလို လုပ်တာက ခင်ဗျားပြဿနာတွေ ၊ ခင်ဗျားလုပ်ရပ်တွေကို အယ်ဒီတာအဖွဲ.ကို လွှဲချတာပဲ ။

.ကိုယ်က CEO ရုံးမှာ တာဝန်အရှိဆုံး အမှုဆောင်အရာရှိချုပ်ပဲ ၊ အရှေ.တံခါးက ပေါ်တင် အ၀င်အထွက်လုပ်ပေါ. ။ခုတော. မဟုတ်ဘူး လာရင် နောက်ဖေးပေါက်က အ၀င်အထွက်လုပ်တယ် ၊ ၀င်လာတာနဲ. တံခါးတွေ အကုန်ပိတ်ခိုင်းတယ် ၊ ပြီးတော. ရုံးဝန်ထမ်းတွေအားလုံးကိုလည်း မှာထားတယ် ။  ထောင်သူရဲ ဘအုပ်တို. သတိုးစည်သူတို. ဗလမင်းထင်တို. ဆိုတာ ဘယ်သူလဲမေးရင် တိုက်ကလူတွေ ရေးတာမဟုတ်ဘူး ။အပြင်က စာရေးဆရာတွေ ရေးပြီး လာပို.တာလို.ပြောကြ   တဲ့



အတွဲ ၁ အမှတ် ၁၂ မှာရေးထားတဲ့ ကျားဆိုတာတစ်နေ.တော.ကြောင်ဖြစ်သွားတာပဲ ဆိုတဲ့ဆောင်းပါးမှာ သူ.သမီးဒေါ်စန္ဒာဝင်းရော ဦးနေ၀င်းရော AD လမ်းမှာ အကျဉ်းသားဘ၀နဲ. သေသွား၇တာပဲလို. ရေးထားတယ် ။.. ဒေါ်စန္ဒာဝင်းက မသေသေးဘူးဗျ ။
မြန်မာပြည်ကို ၀ါးမြိုမည်. တရုတ်တစ်ရာ အုပ်စု အမာခံ အဖွဲ.၀င် ၄ဦး ဆိုပြီး အတွဲ ၁ အမှတ် ၁၁ မှာ ဒေါက်တာစိုင်းဆမ်ထွန်း ကိုဖော်ပြထားလို. ဒေါက်တာ စိုင်းဆမ်ထွန်း က ၄င်းမှာ ရှမ်းတိုင်းရင်းသား စစ်စစ်ဖြစ်ကြောင်း  ၊၄င်းတွင် တရုတ်သွေး တစ်စက်ပါသည်ဟု သက်သေပြနိုင်လျှင် ၄င်းရှာထားသည်. စည်းစိမ်အားလုံး ယူသွားဟု ပြောချင်ကြောင်း ပြည်ထောင်စုနေ.စဉ်သတင်းစာသို.ဆက်သွယ်ပြောကြားသည် လို. ၁၆-၁၀-၂၀၁၃ ရက်နေ.ထုတ် ပြည်ထောင်စု သတင်းစာက တစ်ဆင်.ရှင်းပြခဲ့တယ် ။ အဲ့ဒီအမှားတွေကို ဂျာနယ်ထွက်မှ အယ်ဒိတာတွေ ဖတ်ရတာ ဆိုတော. ဖေးဖေးမမပြုပြင်ဖို. အခွင်.အလမ်းမရတော.ဘူး ။ဒီတော. ဂျာနယ် သိက္ခာကျရုံပဲ ရှိတယ် ။

ခင်ဗျားရေးတဲ့ စာမူတွေကို ဖတ်ခွင်.မရှိတဲ့ ကျုပ်တို. အယ်ဒိတာအဖွဲ.ရှားရှားပါးပါး စာမူတစ်ခုဖတ်ခွင်.ကြုံတယ် ။စာမူအနေနဲ.ဖတ်၇တာ မဟုတ်ဘူး ။ခင်ဗျားဘာသာ စီစဉ်ပြီး စက်ကိုပုံနှိပ်ဖို. ပို.တော.မယ်.ဆဲဆဲ ပရုထုတ်ထားတာ ကိုဖတ်ရတာ ။အဲ့ဒီဆောင်းပါးက မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ၇မယ် ဆိုတဲ့ဆောင်းပါး ပါပဲ ။ အကယ်၍ ကျုပ်ကိုပဲဖြစ်ဖြစ်………မင်းတို.အားလုံးနဲ. ကျုပ်တို.နောက်မှာ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ သန်း၆၀သော မြန်မာပြည်သူလူထုနဲ. စစ်ဖြစ်မယ်.နေ.ပဲကွာ ……..သခင်ဗဟိန်းစကားနဲ. နိဂုံးချုပ်လိုက်ချင်တယ်    အဲ့ဒီအပိုဒ်ကို ကျုပ်သဘောမကျဘူး ။စိန်ခေါ်ပြီး ပြည်သူနဲ.တိုက်တာမျိုးဖြစ်နေတယ် ။ဒါကြောင်. အယ်ဒီတာချုပ်ကို ဒီအပိုဒ်ဖြုတ်ဖို. အကြံပေးလိုက်တယ် ။အယ်ဒိတာ ချုပ်ကလည်း ဟုတ်တယ် ဒီအပိုဒ်ဖြုတ်ရမယ်ဆိုပြီး ခင်ဗျားနဲ. အယ်ဒီတာချုပ် အခန်းထဲမှာ ဆွေးနွေးတယ် ။နောက်တစ်နေ. ဂျာနယ် ထွက်လာတော. ဒီအပိုဒ်ပါလာတယ် ။အယ်ဒိတာချုပ်နဲ. အယ်ဒိတာတွေကို ဂရုမစိုက်ဘူး ။ခင်ဗျားက အတိုက်အခိုက်တွေနဲ. နာမည်ကြီးအောင်ဖွချင်တယ်။ကျုပ်တို. အယ်ဒီတာ အဖွဲ.က ရေရှည် တည်တံ. ခိုင်မြဲအောင် သိက္ခာရှိရှိ ဂျာနယ်အဖြစ် ရပ်တည်ချင်တယ် ။

ဒီတော. ထုတ်ဝေသူရယ် ၊ ရှယ်ယာရှင်တွေရယ် ၊အယ်ဒိတာ အဖွဲ.ရယ် ဆရာစံလမ်းက SS Café မှာတွေ.ဆုံဆွေးနွေးပြီး အလုပ်ထွက်ခဲ့တယ် ။ထုတ်ဝေသူကလည်း သူရိယအလင်းဂျာနယ်ကို ဆက်လက်ထုတ်ဝေခြင်းမပြုတော.ပဲ ရပ်နားဖို.ဆုံးဖြတ်လိုက်တယ် ။


 အောက်တိုဘာ ၁၈ ရက် ညမှာ ထုတ်ဝေသူရဲ.သား ကိုသစ်မင်းဆွေ နဲ.သူငယ်ချင်းအဖွဲ.တစ်ဖွဲ.က ရုံးမှာ ရှိတဲ့ ကွန်ပြူတာ ၁၄ လုံးနဲ. CCTV ကိုဖြုတ်ယူခဲ့တယ်လို.ကြားလိုက်တယ် ။ ကိုသစ်မင်းဆွေဆိုတာက ရုံးမှာ MD အဖြစ်တာဝန်ယူထားတဲ့ တာဝန်ရှိသူတစ်ယောက်ပါပဲ ။ ထုတ်ဝေသူဆိုတာလည်း ခင်ဗျားတို.ရှယ်ယာရှင်တွေပဲ ။

ခင်ဗျားတို. ရှယ်ယာရှင်ချင်းဖြစ်တဲ့ ပြဿနာကို ခင်ဗျားကပုံကြီးချဲ့တယ် ။ဖိုးလပြည်. အုပ်စုကပဲ အကြမ်းဖက်သလိုလို ပြည်သူတွေကို လှုံ.ဆော်တယ် ။မရေရာတဲ့ စကားလုံးတွေ ၊မမှန်တဲ့ စကားတွေနဲ. တစ်ကိုယ်တော် သသတင်းစာ ရှင်းလင်းပွဲလုပ်တယ် ။သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကမေးတော. တိကျတဲ့ အဖြေမပေးနိုင်လို. ကျုပ်ကို ပုလိပ်စစ်မစစ်ပါနဲ. ဆိုပြီး သတင်းထောက်တွေကိုပြောခဲ့တယ် ။

ပြီးတော. သူရိယ အလင်းဂျာနယ် ထုတ်ဝေမှု ရပ်စဲသွားလို. သူရိယနေ၀န်းဂျာနယ်ကို ပြည်သူတွေရဲ. တောင်းဆိုချက်အရ ဆိုပြီး ဆက်ထုတ်တယ် ။တကယ်တော. ခင်ဗျားက ပြည်သူနဲ. မီဒီယာကို ခုတုံးလုပ်ပြီး နိုင်ငံရေး ၊စီးပွားရေး အမြတ်လုပ်တာ ထင်ရှားနေတယ် ။…………ခင်ဗျားကြောင်. မီဒီယာသမားတွေ ၊ မီဒီယာ လုပ်ငန်းတွေ ထိခိုက်သွားရင် ပြည်သူတွေရဲ. မျက်စိတွေ နားတွေ ပြန်ပိတ်သွားရပါလိမ်.မယ် ။…….မီဒီယာကို ခုတုံးလုပ်ပြီး တိုင်းပြည်ကို ချောက်ထဲ ပြန်မချနဲ.လို. သတိပေးပါရစေ ။