Wednesday, January 8, 2014
ဝါးခယ်မ မြို.နယ်အသင်း စတုတ္ထအကြိမ် ကုသိုလ်ဖြစ် ဆေးကုသမှု အစီအစဉ်
Photo by Htun Yee
ပညာ၊ ကျန်းမာ ၊သာယာ ဟူသော ဆောင်ပုဒ်နှင်. အညီ မြန်မာပြည်လွတ်လပ်ရေး မရမှီ တစ်နှစ်ကပင် ၇န်ကုန်ရောက် ၀ါးခယ်မသားများ စတင်တည်ထောင်ခဲ့သော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ စတုတ္ထအကြိမ်မြောက် မြို.နယ်လုံးကျွတ် ဆေးကုသပေးရေး အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ ၀ါးခယ်မမြို.တွင် လုပ်ဆောင်မည်ဖြစ်ပါသည် ။
အာရောဂျ ပရမံ လာဘံဟူသည်.အတိုင်း လူသားတို.အဖို.ငှာ အရေးအကြီးဆုံးဟုပြော၍ရသော ကျန်းမာေ၇း နှင်.ပတ်သက်၍ လူတန်းစားမရွေး စနစ်တကျကုသပြုစုပေးနိုင်ရေး ရည်ရွယ်၍ အခမဲ့ ကုသိုလ်ယူမည်. ထိုအစီအစဉ် ၏ ပထမဆုံးအကြိမ်ကို ၂၀၁၁ ဇွန်လ ၈ ရက်နေ.မှ ၁၀ ရက်နေ.အထိ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။
ဒုတိယအကြိမ် အခမဲ့ ကုသပေးမှုအစီအစဉ်ကို ၂၀၁၂ ဇန်န၀ါရီ ၂၀ မှ  ၂၅ ရက်နေ.အထိ ထပ်မံ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး အထွေထွေ ရောဂါဝေဒနာရှင် ၃၈၃၅ ယောက် ၊ ၊ မျက်စိဝေဒနာရှင် ၂၀၅၀ ယောက် ၊ သွားရောဂါ ဆိုင်ရာ ဝေဒနာရှင် ၃၁၂ ယောက် ၊အရိုးအကြော ဝေဒနာရှင်၂၀၀ ၊ ကလေး ဝေဒနာသည် ၂၈၅ ယောက်၊ ခွဲစိတ် ကုသရသော ဝေဒနာရှင် ၂၄၅ ယောက် စုစုပေါင်း ၆၉၂၇ ဦးအထိ ကုသပေးနိုင်ခဲ့ပြီး  ကုန်ကျငွေမှာလည်း ၃၄၅ သိန်းအထိရှိခဲ့ပါသည် ။
သွားနှင့်ခံတွင်းရောဂါဆိုင်ရာ သီးခြားကုသမှု ကို ထိုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နှင်. ၂၆ ရက်တို.တွင် ထပ်မံသွားရောက်ကုသပေး ခဲ့ပြီး သွား ၄၁၂ ချောင်းနှုတ်ခြင်းအပါအ၀င် ဝေဒနာရှင်ပေါင်း ၆၀၉ ဥိးတို.ကို ကုသပေးနိုင်ခဲ့ကာသွားတိုက်ဆေးဗူးများ လက်ဆောင်ပေးခြင်း၊ပညာပေးဟောပြောခြင်းများအပါအ၀င် ကုန်ကျစရိတ် ၃၄ သိန်း ရှိခဲ့ပါသည် ။
တတိယအကြိမ် အခမဲ့ ကုသပေးမှုအစီအစဉ်ကို ၂၀၁၃ ဇန်န၀ါရီ ၂၅ ရက်နေ.မှ ၂၈ ရက်နေ.အထိ ထပ်မံ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး အထွေထွေ ရောဂါ ကုသမှု ၁၀၈၇ ဦး ၊သွားရောဂါဆိုင်ရာ ၁၅၄ ဦး ၊မျက်စိဝေဒနာရှင် ၆၃၉ ဦးတို.အား ကုသပေးနိုင်ခြဲ့ပီး ခွဲစိပ်ကုသမှု ၃၉ ခုအပါအ၀င် ဝေဒနာရှင်ပေါင်း ၁၉၁၉ ဦးအား ရောဂါဝေဒနာ တို.မှ သက်သာ ပျောက်ကင်းစေခဲ့ ပြီး ကုန်ကျစရိတ် ၁၄၈ သိန်း ရှိခဲ့ပါသည် ။
ယနေ.ကျင်းပသော ၀ါးခယ်မ ဘက်ခြမ်း အစည်းအဝေး ( Photo by Mg Mg )
ယခု စတုတ္ထအကြိမ်မြောက် အခမဲ့ ကုသပေးမှုအစီအစဉ် တွင်လည်း အထွေထွေ ခွဲစိပ် ၊ သွား နှင်. မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့သွားရောက်ကုသပေးမည်ဖြစ်သည် ။ ကုသမှုများကို ၀ါးခယ်မမြို.နယ်အသင်း (၇န်ကုန် ) ၏ ၀ါးခယ်မ ရုံးခွဲနှင်. စက္ခုပါလ မျက်စိဆေးခန်း ( ၀ါးခယ်မ မြို.နယ်အသင်းမှ လှုဒါန်းတည်ဆောက်ထားသော ) တို.တွင် ကုသပေးမည်ဖြစ်ပါသည် ။ ထိုကိစ္စရပ်အတွက် ၀ါးခယ်မမြို.မှ အကျိုးဆောင်အဖွဲ.များ သည် ယနေ. ( ၇-၁-၂၀၁၄ ) တွင် တွေ.ဆုံညှိုနှိုင်းခဲ့ကြပြီး ၇န်ကုန်ဘက်တွင်မူ ၄ ရက် ၁ လ ၂၀၁၄ နေ. အစည်းအဝေးတွင် လိုအပ်သည်များ ညှိနှိုင်း ခဲ့ကြပြီးဖြစ်ပါသည် ။ယခု ကုသိုလ်ဖြစ်ဆေးကုသမှုသည် ဂုဏ်ထူးဆောင်နာယက ကြီး ဦးအံ.ကျော် ဥိးဆောင်၍ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင်.၂၀၁၄-၂၀၁၆အမှုဆောင်အဖွဲဝင်သစ်.များ ၏ ပထမဆုံး ဆေးကုသိုလ် အစီအစဉ်လည်းဖြစ်ပါသည် ။
Ref ;  ဦးသန်းဋ္ဌေး ၊ မြို.နယ်အသင်း လက်ကမ်းစာစောင် 
Tuesday, January 7, 2014
Facebook နှင်. ပတ်သက်၍ သိထားသင်./ သတိထားသင်.သည်များ
၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။
၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။
၃။ သင့်သူငယ်ချင်းတွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကို အွန်လိုင်းမှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။
၎။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။
၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …
၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို သတင်းထူးတွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။
၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ – သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။
၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။
၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့်အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင်ရွက်ပေးပါတယ်။
၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင် သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook က လုပ်ပေးပါလိမ့်မယ်။
၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့ သဘောကျကြတယ်လေ။
၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့်အလုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့ post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။
၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်းရှေ့မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။ တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။
၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။ သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့ သင်စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့ အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။
၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့ သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက သူ့နာမည်ကို နှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ ရပါတယ်။
၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ – သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။
၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။ အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။ တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။ Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။
၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့ Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။
၁၉။ သင် ကုမ္ပဏီတစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။ သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့်လုပ်ရပ်ကို Facebook က ကြော်ငြာအနေနဲ့ အသုံးချကောင်း ချပါလိမ့်မယ်။
ရွှေခေမာ @  Smart Pro Journal
From မြန်မာပြည်သား
Facebook စတင်ပေါ်ပေါက်လာပုံ နှင်. တည်ထောင်သူ Mark Zucker Burg
Facebook ၏ လွှမ်းမိုးမှု ကြီးမားလွန်းခြင်းအား ဂုဏ်ပြုသော အားဖြင်. Blog တွင် Facebook နှင်. ပတ်သက်သည်များကို သီးခြားခေါင်းစဉ်ငယ်ဖြစ်သော
မက်ခ် အက်လိယတ် ဇက်ကာဘာ့ဂ်ျ ကို ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားခဲ့သည်။ သူ့ကို ကွန်ပျူတာသိပ္ပံပညာရှင်၊ ဆော့ဖ်ဝဲရေးသားသူ၊ ပရဟိတ ဒါနရှင်၊ စွန့်ဦး စီးပွားရေးသမားတစ်ယောက် အဖြစ် သာမက သူဖန်တီးခဲ့သသော လူမှုရေးကွန်ယက်ဆိုဒ် Facebook ဖေ့စ်ဘွက်ခ်၏ ဥက္ကဋ္ဌ အဖြစ်နှင့် အမှုဆောင်အရာရှိ အဖြစ်ပါ လူသိများခဲ့ပါသည်။
 Facebook ကို ၂၀၀၄ မာ ဇက်ခ်ကာဘာ့ဂ်ျ နှင့် အတန်းဖော် သူငယ်ချင်းများဖြစ်ကြသော Dustin Moskovitz ဒက်စတင် မော်စကိုဗစ်၊ Eduard0 Saverin အက်ဒွာဒို ဆေ့ဗရင်း၊ နှင့် Chris Hughes ခရစ် ဟယူးစ်တို့က Harvard ဟားဗက်စ် တက္ကသိုလ်တွင် တက်ရောက်နေစဉ် ပူးတွဲတည်ထောင်ခဲ့ပါသည်။ Facebook သည် လူမှုရေးကွန်ယက်ဆိုဒ် အဖြစ် တစ်ကမ္ဘာလုံးမှာ ရှိသော လူများကြားမှာ ရေပန်းစား နာမည်ကြီးခဲ့ပါသည်။ 
၂၀၁၀ တွင် ဇက်ကာဘာ့ဂ်ျသည် တိုင်းမ်မဂ္ဂဇင်း၏ သြဇာအရှိဆုံးသောသူ အဖြစ် အရွေးခံခဲ့ရပြီး နှစ်ချုပ် မျက်နှာဖုံးရှင် အဖြစ်ဖော်ပြခံခဲ့ရသည်။ Forbes မဂ္ဂဇင်းမှာ ဇက်ခ်ကာဘာ့ဂ်ျသည် ၃၂၁ ယောက်မြောက် အမေရိကန်တွင် အချမ်းသာဆုံးသောလူတစ်ယောက်အဖြစ် ပါဝင်လာပြီး သူ့ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်းပေါင်း တစ်ထောင့်ငါးရာကျော် ရှိခဲ့သည်။ ၂၄ ရက် အောက်တိုဘာ ၂၀၀၇ မှာ Facebook က အစုရှယ်ယာ ၁.၆ ရာခိုင်နှုန်းကို Microsoft မိုက်ခ်ခရိုဆော့ဖ်အား အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၄၀ ဖြင့် ရောင်းချခဲ့ပြီး Microsoft က Google နှင့် အပြိုင်ဝယ်ခဲ့ရပါသည်။ နောက်ပိုင်းမှာ Facebook ဈေးကွက်တန်ဖိုးသည် ဒေါ်လာ တစ်ဆယ့်ငါး ဘီလီယံ ကျော်သွားပါပြီ။
ဇက်ခ်ကာဘာ့ဂ်ျ၏ လူမှုဘဝ
စိတ္တဗေဒပညာရှင် မိခင် ခယ်ရင် (Karen) နှင့် သွားဆရာဝန် အက်ဒွပ် (Edward) တို့က ဇက်ကာဘာ့ဂ်ျကို (New York) နယူးယောက်ပြည်နယ် (White Plain) ၀ှိုက်ပလိန်း(န်)မြို့တွင် မွေးဖွားခဲ့သည်။ ဇက်ခ်ကာဘာ့ဂ်ျ် သည် အစ်မ (Randi) ရန်ဒီ၊ ညီမ (Danna) ဒေါ်နာ၊ (Arielle) အယ်ရီလီ တို့နှင့် အတူ (Dobbs Ferry) ဒေါ့ဘ်စ် ဖယ်ရီမြို့ တွင်ကြီးပြင်းခဲပါသည်။ ဂျူးလူမျိုး မိဘများက သူ့အား ဂျူးလူမျိုးတို့၏ ရိုးရာဓလေ့အရ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ဇက်ခ်ကာဘာ့ဂ်ျ်က သူသည် ယုံကြည်ကိုးကွယ်မှုမရှိသူဟု ဆိုသည်။ ဇက်ခ်ကာဘာ့ဂ်ျသည် အလယ်တန်းကျောင်းသား အရွယ်မှ စတင်ကာ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲခြင်းများနှင့် အထူးသဖြင့် ဂိမ်းဆော့ကစားခြင်းတို့မှာ ပျော်ရွှင်လေ့ရှိသည်။ သူသည် အထက်တန်းကျောင်းသားဘ၀ နှစ်စမှာပင် သိပ္ပံဘာသာရပ်များဖြစ်သော သချာင်္၊ နက္ခတ်ဗေဒပညာ နှင့် ရူပဗေဒဘာသာရပ်များတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကာ အင်္ဂလိပ်၊ ပြင်သစ်၊ ဟီဘရူး၊ လက်တင် နှင့် ရှေးဂရိဘာသာစကားများ တတ်မြောက်ခဲ့ကာ ရှေးဟောင်းမော်ကွန်းတင် ကဗျာလင်္ကာများကို ကောက်နှုတ်ကိုးကား ရွတ်ဆိုနိုင်သောကြောင့် နာမည်ကျော်ခဲ့သည်။ 
သူသည် အထက်တန်းကျောင်းတတ်နေချိန်မှာပင် သူ့အဖေရုံးမှာ အလုပ်သမားများ အချင်းချင်း အပြန်လှန် ဆက်သွယ်နိုင်ရန် `ZuckNet´ `ဇက်ခ်ကွန်ယက်´ ဟုခေါ်သော ကွန်ပျူတာ ပရိုဂရမ်၊ ကွန်ပျူတာဂိမ်းများ၊ PC ပီစီမဂ္ဂဇင်းကြီးမှာ အဆင့်ငါးမှသုံးအထိ သတ်မှတ်ခံခဲ့ရသည့် အသုံးပြုသူများ ၀ါသနာပါသော သီချင်းကို ရွေးချယ်ပေးနိုင်သော တေးဂီတပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များကို ရေးသားပေးခဲ့ပါသည်။ ၄င်းကို Microsoft နှင့် AOL တို့က ဝယ်ယူဖို့ ကြိုးစားခဲ့သေးသော်လည်း ဇက်ခ်ကာဘာ့ဂ်ျက အင်တာနက်ပေါ်မှာ အခမဲ့လွှင်တင်ပေးလိုက်သည်။ ထိုတီထွင်မှုသည် နောက်တစ်နှစ်အကြာမှာ ထွက်ပေါ်လာသော AOL ၏ ချက်ချင်းသတင်းပေးပို့နိုင်သော စနစ်၏ မူလဘူတ ဖြစ်လာပါတောသည်။ ကုမ္မဏီများက ဇက်ခ်ကာဘာ့ဂ်ျကို ၄င်းတို့ကုမ္မဏီတွင် ပါဝင်လာအောင် ကြိုးစားခဲ့ကြသော်လည်း ဇက်ခ်ကာဘာ့ဂ်ျ ကတော့ Harvard ဟားဗက်တက္ကသိုလ်ကိုသာ ဆက်လက်တက်ရောက်ခဲ့ပါသည်။
၂၀၁၀ ရောက်သောအခါ Facebook ကို နိုင်ငံအချို့ တားဆီးခဲ့ကြသည်။ ဇက်ခ်ကာဘာ့ဂ်ျက သူ၏ Facebook စာမျက်နှာတွင် သူစိတ်ဝင်စားသောအရာများမှာ `ပွင့်လင်းမှုရှိခြင်း၊ လူများတစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရေးကို ကူညီပေးပြီး လူအများအတွက် အရေးကြီးသော သတင်းအချက်အလက်များအား မျှဝေပေးခြင်း၊ တော်လှန်ရေး၊ သတင်းအချက်အလက် စီးဆင်းမှု နှင့် ရိုးရှင်းမှု´ တို့ဖြစ်ကြောင်း ကိုယ်တိုင်ရေးတင်ထားသည်။
 ဟားဗက်တက္ကသိုလ်တက်ရောက်ခဲ့စဉ်
ဟားဗက်မတက်ခင်ကတည်းကပင် သူသည် `ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲသူ ပါရမီရှင်´ အဖြစ် နာမည်ကြီးနေသူ ဖြစ်နေသည်။ ဒုတိယနှစ်ရောက်သောအခါ `Facemash´ ဖေ့စ်မတ်(ခ်ျ) ခေါ် ကျောင်းသူကျောင်းသားများက သူတို့စိတ်ကြိုက်လူများကို ဓတ်ပုံများမှ ရွေးချယ်ပေးနိုင်သော ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်သည်။ အခန်းဖော်သူငယ်ချင်း ‘Arie Hasit’ `အယ်ရီ ဟေးဆစ်´ ကမှု `သူက ဒီဆိုဒ်ကို အပျော်သဘော ဖန်တီးလိုက်တာပါ´ ဟု ဆိုသည်။ ပထမ သူက `Facemash´ မှာ ယောင်္ကျားပုံ သို့မဟုတ် မိန်းမပုံ နှစ်ပုံစီ စီထားပြီး ဘယ်သူက စွဲဆောင်နိုင်စွမ်း ပိုရှိသလဲ ဆိုသည်ကို သူ့ဆိုဒ်ကို ၀င်ရောက်လာသူတွေက ရွေးချယ်ပေးရပြီး မဲဆန္နအရ အဆင့်တွေ လိုက်စီပေးလိုက်သည်။
ထိုဆိုဒ်က ချက်ချင်းဆိုသလို ပေါက်မြောက်သွားပြီး ကောလိပ်က ယင်းဝက်ဆိုဒ်ကို ပိတ်ပစ်လိုက်ရလောက်အောင်ကို ဖြစ်သွားခဲ့သည်။ ထပ်လောင်း၍ပြောရလျှင် ကျောင်းသားတွေက သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဓတ်ပုံများသုံးခဲ့သည်ကို ပြစ်တင်ခဲ့ကြသည်။ ယင်းကိစ္စကို ဇက်ခ်ကာဘာ့ဂ်ျက လူအများရှေ့မှာ ပြန်လည်ဝန်ချတောင်းပန်ခဲ့သည်။ တကယ်တော့ ဇက်ခ်ကာဘာ့ဂ်ျ၏ ပျော်စရာဆိုဒ် ပေါ်ထွက်မလာခင်က ကျောင်းသူကျောင်းသားအများစုက ကောလိပ်တွင် ထိုကဲ့သို့ ဓတ်ပုံများနှင့် ဆက်သွယ်ရေးအချက်အလက်များ ပါဝင်သော ဆိုဒ်တစ်ခုထောင်ရန် တောင်းဆိုလျက်ရှိကြသည်။ `ဇက်ခ်ကာဘာ့ဂ်ျက ဒီလိုတောင်းဆိုတာတွေကြားတော့ တက္ကသိုလ်က မလုပ်ပေးရင် သူလုပ်ပေးမယ်ဆိုပြီး တက္ကသိုလ်က စီမံကိန်းဆွဲထားတာထက် ပိုကောင်းတဲ့ဆိုဒ်တစ်ခုကို တည်ထောင်ပေခဲ့တာပါပဲ´ ဟာဆစ်က ကိုးကားပြောဆိုခဲ့သည်။
Facebook တည်ထောင်ခြင်း နှင့် ရည်ရွယ်ချက်
ကျောင်းမှာ ကျောင်းသားကျောင်းသူတိုင်း၏ ဓတ်ပုံ နှင့် နာမည်များတွဲထားသော Face book ဆိုသော စာအုပ်ရှိသည်။ ၄င်းကို အခြေခံ၍ ဇက်ခ်ကာဘာ့ဂ်ျ သည် Facebook ဆိုသော ၀က်ဆိုဒ် ကို သူ့အိပ်ခန်းဆောင်မှ ၄ရက်၊ ဖေဖော်ဝါရီ၊ ၂၀၀၄ မှာ စတင် လွှင့်တင်ခဲ့သည်။ ထိုစိတ်ကူးက အထက်တန်းကျောင်းသားဘ၀ကတည်းက သူ့စိတ်ကူးဖြစ်သည်။ ကျောင်းသားများက သူတို့၏ ဓတ်ပုံ နှင့် လိပ်စာအညွှန်းများကို အဲဒီမှာ လွှင့်တင်ကြတော့သည်။ ကျောင်းသက်တမ်းနှစ်များ၊ နီးစပ်များသူငယ်ချင်းများ နှင့် ဖုန်းနံပါတ်များကဲ့သို့ အညွှန်းစာရင်းများသည် ပုဂ္ဂလိကကျောင်းများအတွက် အလွန်အရေးပါအရာရောက်ခဲ့သည်။ သူစတင်ခဲ့စဉ်က "Harvard-Thing" ဆိုပြီး Harvard ဟားဗက်စ်ကျောင်းအတွက်သာ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ အခန်းဖော် Moskovitz အကူအညီဖြင့် Standford, Dartmouth, Columbia, Cornell နှင့် Yale စသည့်ကျောင်းများအပြင် အခြား ကျောင်းများစွာသို့ လူမှုဆက်သွယ်ရေးကွန်ယက် ဖြန့်ခဲသည်။ နွေရာသီရောက်သောအခါ ဇက်ခ်ကာဘာ့ဂ်ျ နှင့် Moskovitz တို့လွှင့်တင်ခဲသော Facebook ကို ကျောင်း ၄၅ ကျောင်း နှင့် သိန်းချီသော လူထုက အသုံးပြုနေကြပါပြီ။
ဇက်ခ်ကာဘာ့ဂ်ျ သည် ပါလိုအော်လ်တို၊ ကယ်လီဖိုးနီးယားသို့ သူငယ်ချင်းများနှင့်အတူ ပြောင်းရွှေ့ခဲ့ပါသည်။ ထိုအချိန်မှ စတင်ကာ သူသည် ကောလိပ်သို့ ကျောင်းသားအနေဖြင့် မပြန်ဖြစ်တော့ပါ။ သူတို့ အိမ်သေးသေးလေးကို ပထမဆုံးရုံးခန်းအဖြစ် ငှားခဲ့ကြသည်။ နွေရာသီအကုန် မှာ ဇက်ခ်ကာဘာ့ဂ်ျ က သူတို့ကုမ္မဏီတွင် ရင်းနှီးမြှပ်နှံမည့် Peter Thiel နှင့် တွေ့ဆုံခဲ့သည်။ ဒီအတောအတွင်းမှာ Facebook ကို ၀ယ်ယူကြမည့် ကမ်းလှမ်းချက်များကို သူတို့က ပယ်ချခဲ့သည်။ ဒါနဲ့ ပတ်သတ်လို့ အင်တာဗျူးတစ်ခုမှာ ဇက်ခ်ကာဘာ့ဂ်ျ အကြောင်းပြချက်ကတော့ `ဒါက ငွေရေးကြေးရေးကြောင်တော့ မဟုတ်ပါဘူး၊ ကျွန်တော် နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေအတွက် အရေးအကြီးဆုံးက လူတွေအတွက် ပွင့်လင်းတဲ့ သတင်းအချက်အလက်တွေ စီးဆင်းသွားနိုင်ဖို့ပါပဲ။ မီဒီယာ တစ်ခုကို အများနဲ့ ပူပေါင်းပိုင်ဆိုင်ထားဖို့ဆိုတာ ကျွန်တော့်အတွက်တော့ သိပ်ကို စွဲဆောင်နိုင်တဲ့ အယူအဆတစ်ခု မဟုတ်လို့ပါပဲ´
ဒီရည်ရွယ်ချက်ကို ၂၀၁၀ မှာ Wired ၀ိုင်ယာဒ် မဂ္ဂဇင်းကြီးတွင်လည်း `ကျွန်တော် အတွက် အရေးကြီးတာကတော့ ကမ္ဘာကြီးကို ပွင့်ပွင့်လင်းလင်း ဖြစ်သွားစေဖို့ဆိုတဲ့ ရည်မှန်းချက်ပါပဲ´ ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၀၉ ဧပရယ်လ အစောပိုင်းလောက်က ဇက်ခ်ကာဘာ့ဂ်ျက Facebook ၏ ဘဏ္ဍာရေး မဟာဗျူဟာများ နှင့် ပတ်သတ်၍ ယခင် Netscape CFO Peter Currie ဆီက အကြံဉာဏ်ယူခဲ့သည်။
ဂျူလိုင် ၂၁၊ ၂၀၁၀ ရောက်တော့ ဇက်ခ်ကာဘာ့ဂ်ျက Facebook ကို အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်သွားပြီဆိုသော အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ကြီးမားလာတဲ့ရလဒ်ကြောင့် Facebook က ကြော်ငြာမှ ပိုက်ဆံ ပိုရှာလာနိုင်တော့မှာ နှင့် စပ်လျဉ်း၍ `ကျွန်တော်တို ပိုလုပ်နိုင်မယ်လို့လည်း ထင်ပါတယ်… တစ်ခြားဆိုဒ်တွေရဲ့ ပျမ်းမျှ ကြော်ငြာတင်နှုန်းနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်တို့က ကြော်ငြာအတွက် ကျွန်တော်တို့ စာမျက်နှာမှာ နေရာပေးထားတာ ၁၀ ရာခိုင်နှုန်းတောင်မှ မပြည့်ပါဘူး။ ပုံမှန်ဆိုရင်တောင် ကြော်ငြာကို နေရာ ၂၀ ရာခိုင်နှုန်းတောင်မှ ယူတတ်ကြတာလေ။ ကျွန်တော်တို့ကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ပိုက်ဆံတွေ အလုံအလောက် ရှိနေပြီပဲ။ ဒီတော့ ကြော်ငြာကိစ္စကို ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နှုန်းလောက်နဲ့ပဲ လုပ်ဖြစ်သွားမှာပါ´ ဟု ရှင်းပြသည်။
၂၀၁၀ မှာ `ကွန်ပျူတာ တော်လှန်ရေး၏ သူရဲကောင်း ဟက်ကာများ´ စာအုပ်ရေးသားခဲသူ Stephen Levy က ဇက်ခ်ကာဘာ့ဂ်ျက `သူ့ကိုယ်သူ ဟက်ကာ တစ်ယောက်လို သဘောထားတယ်´ ဟု ရေးသားခဲ့သည်။ ဇက်ခ်ကာဘာ့ဂ်ျက `ပိုကောင်းတာတွေလုပ်နိုင်ဖို့ အတွက်ဆိုရင် ဒီစနစ်တွေကို ချိုးဖောက်ပစ်လိုက်တာ ကောင်းပါတယ်´ ဟု ဆိုသည်။ Facebook မှာ ဇက်ခ်ကာဘာ့ဂ်ျက ဂီတ၊ အစားအသောက်၊ ဘီယာတို့ ပံ့ပိုးပေးထားပြီး သူကိုယ်တိုင်ပါဝင်သော ဟက်ကာပြိုင်ပွဲ ကို ကျင်းပပေးလေ့ရှိပါသည်။ Vanity Fair မဂ္ဂဇင်းကြီးကလည်း ဇက်ခ်ကာဘာ့ဂ်ျ ကို `သတင်းအချက်အလက်နည်းပညာခေတ်တွင် သြဇာအကြီးဆုံး ပုဂ္ဂိုလ်´ ထိပ်တန်းလူစာရင်း ၁၀၀ တွင် နံပါတ် ၁ နေရာ ရွေးချယ်ခဲ့သည်။
Platform and Beacon
၂၄၊ မေ၊ ၂၀၀၇ တွင် ဇက်ခ်ကာဘာ့ဂ်ျ သည် Facebook အသုံးပြုသူ ပရိုဂရမ်မာများ အတွက် လူမှုရေးအတွက် အသုံးပြုနိုင်သော Facebook Platform ဖေ့စ်ဘွတ်(ခ်) ပလက်ဖောင်း ကို ကြေငြာခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ် အတွင်းမှာ အသုံးပြုနိုင်သည့် အစီအစဉ်များ မြောက်မြားစွာ ဆွဲခဲ့ကြပြီး အသုံးပြုသူ သန်းပေါင်းများစွာ ရှိခဲ့သည်။ နောက်ပိုင်း Facebook Platform ပေါ်မှာ အသုံးပြုနိုင်သော အစီအစဉ်ဆွဲနိုင်သည့် ဆော့ဝဲဒ်ရေးသားကြသူပေါင်း ၈၀၀,၀၀၀ ကျော်တိုးလာခဲ့သည်။ ၂၃၊ ဂျူလိုင်အရောက်တွင် ဇက်ခ်ကာဘာ့ဂ်ျ သည် Facebook အသုံးပြုသူများ အတွက် Facebook Connect ခေါ် အခြား ၀က်ဆိုဒ်များမှ လူမှုရေး ပရိုဂရမ်မျာဖန်တီးနိုင်သော Facebook Platform ပုံစံသစ်တစ်မျိုးကို ကို မိတ်ဆက်ပေးခဲ့ပြန်ပါသည်။
၆၊ နိုဝင်ဘာ၊ ၂၀၀၇ တွင် ဇက်ခ်ကာဘာ့ဂ်ျ သည် Beacon ဘီကန်(န်)ဟုခေါ်သော လူမှုကြော်ငြာရေး စနစ်သစ်တစ်မျိုး ကို ကြေငြာလိုက်ပြန်သည်။ Beacon က Facebook မိတ်ဆွေအချင်းချင်း အခြား ဆိုဒ်ကောင်းကောင်းလေးတွေ လိုက်မြည်းကြည့်ပြီး သတင်း ပြန်လည်ဝေမျှနိုင်ခွင့်ရရှိစေခဲ့သည်။ ဥပမာ အင်တာနက်ပေါ်တွင် အရောင်းအ၀ယ်လုပ်သူများအနေဖြင့် သူတို့ ဘာတွေရောင်းဝယ်နေသလဲဆိုတာနှင့် သူတို့တွေဆီမှာ ဘာတွေ ရောင်းဝယ်ဖို့ ရှိနေသလဲဆိုတာကို Facebook မှတဆင့် မိတ်ဆွေများကို အလိုအလျောက် သိနိုင်စေခြင်း ဖြစ်သည်။ တစ်သီးပုဂ္ဂလသုံးသူများ နှင့် အဖွဲ့အစည်းများကြားမှ ကိုယ်ရေးကိုယ်တာ စိုးရိမ်မှုများ နှင့် ဆက်နွယ်လာသောကြောင့် ထို ပရိုဂရမ်ကို အသေးစိတ်စိစစ်မှုများ လုပ်ခဲ့ရသည်။ ၅ရက်၊ ဒီဇင်ဘာ၊ ၂၀၀၇ တွင် ဇက်ခ်ကာဘာ့ဂ်ျ က အသုံးပြုသူများအတွက် ပူပန်မှုများကို တာဝန်ယူကြောင်း Facebook တွင် blog post ဘလော့ ပို့စ် တစ်ခုရေးပြီး Beacon ၀န်ဆောင်မှုကို မယူပဲ အလွယ်တကူ ပြန်ဖယ်ထုတ်နိုင်ခဲ့သည်။
ဥပဒေရေးရာ အငြင်းပွားမှုများ
ConnectU က တရားစွဲခြင်း
ဇက်ခ်ကာဘာ့ဂ်ျ့ အတန်းဖော်များ ဖြစ်ကြသော Divya Narendra, Cameron Winklevoss, နှင့် Tyler Winklevoss တို့က ဇက်ခ်ကာဘာ့ဂ်ျ့က သူတို့ ConnectU ကွန်နက်ယူ စိတ်ကူးကို ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ ၂၀၀၄ ခုနှစ်မှာ တရားစွဲဆိုခံရသော်လည်း facebook နဲ့ မဆိုင်ဘူးဟု တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြ၍ ၂၀၀၇ မတ်လ ၂၈ ရက်မှာ အမှုကို ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း ဂျူလိုင် ၂၅ ရက်နေ့ ၂၀၀၇ မှာတော့ တိုင်းအဆင့် တရားရုံးမှ တဆင့် နောင်တစ်ကြိမ် ခေါ်ယူစစ်ဆေးခဲသည်။ ဇွန်လ ၂၅ ရက်နေ့ ၂၀၀၈ ခုနှစ်မှာတော့ Facebook ရဲ့ ဘုံရှယ်ယာ ၁,၂၀၀,၀၀၀ နှင့် ငွေသားသက်သက် အမေရိကန်ဒေါ်လာ ၂၀,၀၀၀,၀၀၀ ပေးဖို့ သဘောတူလိုက်သည်။
ပါကစ္စတန် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း
ဂျွန်လ ၂၀၁၀ မှာ အစ္စလာမ်ပြည်ထောင်စုသမ္မတပါကစ္စတန်နိုင်ငံက Facebook ပေါ်မှာ `တမန်တော်မိုဟာမက် ပုံတူရေးဆွဲပြိုင်ပွဲ´ တင်ထားခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်း ခံခဲ့ရပြီး နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ကို ဇက်ခ်ကာဘာ့ဂ်ျ နှင့် အပေါင်းအပါများအား ဖမ်းဆီးဖို့ ခိုင်းစေခဲ့သည်။ မေလ ၁၉ရက်နေ့ ၂၀၁၀ မှ `ပြိုင်ပွဲ´ ကှို ဖယ်ရှားပေးခဲ့ရသည့် အချိန်တိုင်အောင် Facebook သည် ပါကစ္စတန်မှ ယာယီပိတ်ဆို့ခံခဲရသည်။ ကုလသမဂ္ဂကိုယ်စားလှယ်များအား အဆိုပါကိစ္စကို ကုလသမဂ္ဂအထွေထွေအစည်းအဝေးထိတိုင် တင်ရန် တောင်းဆိုခဲ့သည်။
မီဒီယာပေါ်က ပုံရိပ်
လူမှုရေးကွန်ယက် အတ္ထုပ္ပတ္တိရုပ်ရှင်
The Social Network (Facebook နှင့် Markzuckerburg မက်ခ်ဇက်ကာဘာ့ဂ်ျအကြောင်း ဆိုနီကုမ္မဏီက ရိုက်ကူးထားသော) ရုပ်ရှင်ဇတ်ကားကြီးသည် လော့စ်အိန်ဂျလိစ် တွင် ကျင်းပသော ရွေကမ္ဘာလုံး(ရုပ်ရှင်) ဆုပေးပွဲကြီးတွင် အကောင်းဆုံး ဒရမာ ရုပ်ရှင်ဆုကြီးများ ဖြစ်သော အကောင်းဆုံး ဒါရိုက်တာဆုကြီး၊ အကောင်းဆုံးဇတ်ညွှန်းဆုကြီး နှင့် အကောင်းဆုံးဓတ်ပုံဆုကြီး အပါအ၀င် အမှတ်အကောင်းဆုံးဆုကြီးများကို အားလုံးခန့်မှန်းထားသည့်အတိုင်း ဆုအများဆုံး ဆွတ်ခူးသွားနိုင်ခဲ့သည်။ တီဗွီရှိုး The West Wing ဖန်တီးသူ စာရေးဆရာ Aaron Sorkin က သူ့စာအုပ် `တိုက်တိုက်ဆိုင်ဆိုင် ဘီလျံနာ ဖြစ်သွားကြသူများ´ ကို အခြေပြု ရိုက်ကူထားတဲ့ `လူမှုရေးကွန်ယက်´ ရုပ်ရှင်ဖြင့် ရွှေကမ္ဘာလုံးအကောင်းဆုံးဇတ်ညွှန်းဆု ချီးမြင့်ခံရချိန်မှာ သူက Facebook တည်ထောင်သူ မက်ခ်ဇတ်ကာဘာ့ဂ်ျ ဟာ `ကြီးမြတ်သော စွန့်ဦးတီထွင်သူအဖြစ်နှင့် ကြီးမြတ်သော စိတ်ကူးစိတ်သန်းကောင်းသူ အဖြစ်သာမက အံ့ချီးဖွယ်ရာ ပရဟိတဒါနရှင်´ ဟု ဆိုသည်။
 ဒါရိုက်တာ David Fincher က အဆိုပါ"The Social Network" ဇတ်ညွှန်း သူ့လက်ထဲရောက်လာချိန်မှာ သူအံ့အားသင့်သွားကြောင်း ပြောသည်။ Trent Reznor နှင့် Atticus Ross တို့ကလည်း "The Social Network" ကြောင့် အမှတ်အများဆုံး တေးဂီတဆုကြီးများ ဆွတ်ယူနိုင်ခဲ့ကြတော့သည်။ ပရိုဂျူစာ `Rudin´ က `Facebook မှာ ရှိတဲ့သူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဇက်ခ်ကာဘာ့ဂ်ျ (Facebook တည်ထောင်သူ) ကို သူ့ဘ၀အကြောင်း (ရုပ်ရှင်မှာ) အသုံးပြုခွင့်တဲ့ သူ့စိတ်ထားအတွက်ပေါ့´ ဟု အထူးကျေးဇူးစကား ဆိုသွားသည်။
၂၀၁၁ ဖေဖော်ဝါရီ တွင်လည်း Oscar အော်စကာဆု ချီးမြင့်ပွဲကြီးတွင် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကြီး ပိုင်ဆိုင်ခဲ့ပြီးလည်း ဖြစ်လေသည်။ ရွှေကမ္ဘာလုံးဆု နှင့် Oscar အော်စကာဆု ဆွတ်ခူးခဲ့သော ကား ၅၀ % ကျော်က ပြန်လည်ရရှိလေ့ရှိသောကြောင့် နောင်လာမယ့် ဆုများအတွက် အလားအလာကောင်းလည်းဖြစ်နိုင်သည်။ သမိုင်းသာ တစ်ပတ်လည်ဦးမည်ဆိုလျှင်ပေါ့။
ဇက်ခ်ကာဘာ့ဂ်ျကို ထိုကိစ္စ ပြောပြတော့ `ကျွန်တော် မသေခင် ကျွန်တော့်အကြောင်း ရုပ်ရှင်လိုက်ရိုက်တာတော့ ကျွန်တော် မကြိုက်ဘူးဗျာ´ ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထိုရုပ်ရှင်ထဲမှ ဇတ်ညွှန်းများ အင်တာနက်ပေါ် ရောက်လာခဲ့သေည်လည်း ဇက်ခ်ကာဘာ့ဂ်ျ၏ ကောင်းမွန်သော လူတစ်ယောက်ဘ၀ကို မထင်ဟပ်နိုင်ခဲ့ပါ။ လူမှုရေးကွန်ယက်ခေါ် ရုပ်ရှင်က `တိုက်တိုက်ဆိုင်ဆိုင် ဘီလျံနာဖြစ်သွားကြသူများ´ စာအုပ်ကို ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုဇတ်လမ်းအရ ဇက်ခ်ကာဘာ့ဂ်ျက လူ့မလိုင်လွှာကလပ်ကို ၀င်ခွင့်မရသောကြောင့် ၀င်ခွင့်ရရန် နာမည်ကြီးဖို့ Facebook ကို ထောင်ခဲ့သည်။ သို့လင့်ကစား ဇက်ခ်ကာဘာ့ဂ်ျက The New Yorker မဂ္ဂဇင်းကြီးကို ထိုကဲ့သို့သော ကလပ်မျိုးကို ၀င်ဖို့ သူ လုံးဝစိတ်မ၀င်စားပါ ဟု ပြောခဲ့သည်။
ပရဟိတ ဒါနပြုခြင်း
ဇက်ခ်ကာဘာ့ဂ်ျက လူမှုကွန်ယက် ၀န်ဆောင်မှုများ ဖြန့်ဝေပေးနိုင်သော သတင်းအရင်းအမြစ်များ ဖွင့်ထုတ်ပေးနေသည့် တစ်သီးပုဂ္ဂလ ၀က်ဆိုဒ်များကို ငွေကြေး အကန့်အသတ်မရှိ လှူဒါန်းခဲ့လေသည်။ သူက ပညာရေး အခြေခံအဆောက်အအုံများ တည်ထောင်ပေးခဲ့ပြီး စက်တင်ဘာလ ၂၂ရက် ၂၀၁၀ တွင် Newark အစိုးရကျောင်းသို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှုဒါန်းခဲ့သည်။ ဇက်ခ်ကာဘာ့ဂ်ျက သူ့မှာ ပေးလှူချင်သည့် စိတ်စွဲနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အစိုးရမှ သူ့ကို အမည်မဖော်ဘဲ လှုဒါန်းခြင်းများ မလုပ်ရန်အတွက် ပြောဆိုခဲ့လေသည်။
မက်ဇက်ကာဘက်၏ကိုယ်ရေးအကျဉ်
မက်အိလိရော့ဇက်ကာဘက်
မွေးသက္ကရာဇ် - မေ၊ ၁၄၊ ၁၉၈၆
နေရပ် - ပါလိုအော်လ်တို၊ ကယ်လီဖိုးနီးယား
နိုင်ငံသား - အမေရိကန်
တတ်ရောက်ခဲ့သည့်ကျောင်း - ဟားဗက်တက္ကသိုလ်
အလုပ်အကိုင် - Facebook ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်
(၂၀၁၀ တွင် ရှယ်ယာပိုင်ဆိုင်မှု ၂၄% ရှိ)
နာမည်ကြီးရခြင်းအကြောင်းရင်း - Facebookကို သူငယ်ချင်းများနှင့်အတူတည်ထောင်လျက်
ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်လာ
မွေးရပ် - ဒေါ့ဖယ်ရီ၊ နယူးယောက်
အသားတင်အမြတ် - ၂၀၁၀ တွင် အမေရိကန်ဒေါ်လာ သန်း ၆၉၀၀
မွေးချင်း - [ညီမများ] (Randi) ရန်ဒီ၊ (Danna) ဒေါ်နာ၊ (Arielle) အယ်ရီလီ
ရရှိခဲ့သည့်ဆု - ၂၀၁၀ ခုနှစ် တိုင်းမ် မဂ္ဂဇင်း သြဇာအကြီးမားဆုံးသောသူ
ယခု Post လေးရှိ အချို.သော အချက်အလက်များသည် Up Date မဖြစ်တော.သော်လည်း  တင်ပြမှုခိုင်မာပြီး နောက်ကြောင်းအချက်အလက်ပြည်.စုံသဖြင်. ကူးယူဖော်ပြပါသည် ။
Sunday, January 5, 2014
သူရိယအလင်း ဂျာနယ် အတွင်းရေး အပိုင်း ( ၁ )
သူရိယအလင်း ဂျာနယ် အတွင်းရေး အပိုင်း ( ၁ ) စာအုပ် မျက်နှာဖုံး
 ကျုပ်လဲဗျာ  အလုပ်ပေါင်းစုံရှုပ် ဟိုသွားဒီသွားနဲ့ဘာ မှတောင် မရေးဖြစ်တာကြာပေါ. ။ အဲ့ဒီလိုသွားရင်း လာရင်း စာအုပ်တွေတော.ဖတ်ဖြစ်တယ်ဗျ ။အဲ့ဒီထဲမှာ စိတ်ဝင်စားစရာ စာအုပ်တွေလည်း ပါတာပေါ.ဗျာ ။ စိတ်ဝင်စားစရာတွေထဲကမှ ခုတော.စာအုပ်လေး တစ်အုပ်အကြောင်း မျှဝေပါအုံးမယ် ။ တစ်ခုရှိတာက ဒါကို ဖတ်မိရင် စိတ်ဝင်စားမယ်.လူရှိမှာဖြစ်သလို သဘောမကျသူတွေလည်း ရှိနိုင်ပါတယ် ။စာအုပ်လေးနာမည်ကိုက ဆွဲဆောင်မှု တစ်ခုရှိမယ်ထင်ပါတယ်ဗျာ ။ လေပြည်နော.ပြီးရင် မုန်တိုင်းအလှည်.ပဲ  သို.မဟုတ်  သူရိယအလင်းဂျာနယ်အတွင်းရေး  အပိုင်း ( ၁ ) တဲ့ဗျာ
သူရိယအလင်း အယ်ဒိတာ ချစ်နွေမိုး စီစဉ်ပြီး သူရိယ အလင်းသစ် စာပေတိုက်က ၂၀၁၃ ဒီဇင်ဘာ လ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။
ိဒီနေ.တော. ဒီစာအုပ် ကျောဖုံးမှာ ရေးထားတဲ့ High Light လုပ်ထားတဲ့စာသားလေးတွေကိုပဲ မူရင်းအတိုင်းဖော်ပြလိုက်ပါတယ် ။ နောက်နေ.တွေတော. အဲ့ဒီထဲက စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတစ်ချို.ကို မူရင်းအတိုင်းမျှဝေပါမယ်ဗျာ ။
ခင်ဗျားက မြန်မာနိုင်ငံသား မဟုတ်ဘူး။
အမေရိကန် နိုင်ငံသား ခံယူထားတာ
ရေးချင်သလိုရေး ဖွချင်သလို ဖွပြီး ပြဿနာတက်ရင်
ခါးတောင်းတစ်ခြား ဖင်တစ်ခြားနဲ. ပြန်ပြေးမှာ ။
ခင်ဗျားနောက်မှာ ပြည်သူ သန်း၆၀
ရှိတယ်ဆိုပြီး အထင်ကြီးမနေနဲ.
ရုံးမှာတောင် အလုပ်လုပ်တဲ့ ၀န်ထမ်း ၃၀ ကျော်မှာ
ဝန်ထမ်း ၂၅ ယောက်က ခင်ဗျားဘက်မှာ မရှိဘူး ။
ပြည်သူနဲ. မီဒီယာကို ခုတုံးလုပ်ပြီး
နိုင်ငံရေး ၊ စီးပွားရေး အမြတ်ထုတ်တာ
ထင်ရှားနေတယ် ။
ခင်ဗျားလုပ်ရပ်တွေ ရပ်တန်းက မရပ်ဘဲ
ဆက်မိုက်နေရင်
ပြည်သူနဲ. မီဒီယာ သမားတွေက ဒဏ်ခတ်လိမ်.မယ် 
ခင်ဗျားဘ၀ သမိုင်းကြောင်း သိတဲ့သူတွေက
သူရိယ အလင်းဂျာနယ်မှာ ရှယ်ယာ ၉၀ ရာခိုင်နှုန်း
ပါတယ်ဆိုတော. ရယ်နေကြတယ် ။     
မူရင်းရေးသားသည်. အသုံးအနှုံး အတိုင်းဖြစ်ပြီး မူရင်းရေးသားသူ၏ အာဘော်သာဖြစ်ကြောင်း     အသိပေးအပ်ပါသည် ။    
ဆက်စပ်ဖတ်ရှု၇န် ....  သူရိယအလင်းဂျာနယ် အတွင်းရေး အပိုင်း (၁ ) အခန်း ( က - ၁ )
ဘင်္ဂလားဒေ့ရှ်၏ အင်အားတိုးချဲ့မှုနှင့် မြန်မာ့တပ်မတော်
မြန်မာ့တပ်မတော်ရဲ့ လေတပ်မွေးနေ့နှင့်ရေတပ်မွေးနေ့ကို အရင်နှစ်ကလို လေယာဉ်၊ရေယာဉ်အသစ်တွေ တပ်တော်ဝင်ဖို့ရှိမလားဆိုပြီး စောင့်စားရင်နဲ့မျှော်နေခဲ့မိပါတယ်...။ ဒါပင်မယ့် ကျွှန်တော့်မျှော်လင့်ချက်တိုင်းတော့ ဖြစ်မလာခဲ့ပါဘူး....။ ပိုဆိုးတာကတော့ ဘင်္ဂလားစစ်တပ်ရဲ့ လက်နက်ဝယ်ယူဖြည့်တင်းမှုသတင်းတွေ အတော်များများဖတ်လာရလို့ပါဘဲ...။
 မြန်မာ့တပ်မတော်ကို ခုခံကာကွယ်နိုင်ဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ဘင်္ဂလားရဲ့ လက်နက်စနစ်ဖြည့်တင်းမှုပုံစံကတော့ တပ်မတော်ရှိ လက်နက်နည်းပညာတွေအတိုင်း ပိုင်ဆိုင်ဖို့ ကြိုးပမ်းမှုဘဲဖြစ်ပါတယ်...။ MBT-2000 တင့်တွေကို ၂၀၀၉ခုနှစ်အစောပိုင်းကတည်းက ပိုင်ဆိုင်တဲ့ တပ်မတော်ကို ယှဉ်နိုင်ဖို့ MBT-2000 တင့်တွေကို ဝယ်ယူရင်း ၂၀၁၂ခုနှစ်မှာ ပိုင်ဆိုင်ခဲ့ကြပါတယ်...။မိမိတို့ တပ်မတော်ရဲ့ စစ်လက်နက်နည်းပညာအတိုင်း တိုးချဲ့နိုင်ဖို့ ကြိုးပမ်းမှုများကြောင့် ဘစစ်တပ်ဝယ်ယူတဲ့ လက်နက်စနစ်တွေအကြောင်း လေ့လာကြည့်မိပါတယ်...။ထူးထူးခြားခြားရယ်လို့တော့ ဘာမှမရှိပါဘူး..။
ဘင်္ဂလားစစ်တပ်ဝယ်ယူသည့် လက်နက်စာရင်း-
၁.Nora B52 K2
၂.BOV M11
၃.Cobra
၎.Metis M-1
၅.PF-98 စသည်ဖြင့် တရားဝင်ကျေညာထားပါတယ်...။ တစ်ခုချင်းဆီ တင်ပြပေးပါ့မယ်...။
 ဘင်္ဂလားစစ်တပ်ရှိ Nora B52 K2 ၁၅၅မမ ယာဉ်တင်အမြောက်
Nora B52 K2ဟာ ၁၅၅မမ ယာဉ်တင်အမြောက်စနစ်ဖြစ်ပြီးတော့ ဆာဘီးယားတပ်မတော်ထုတ်ဖြစ်ပါတယ်..။ မူလ Nora B52 ကို အဆင့်မြှင့်တင်ထားပြီး  SAGEM Sigma 30စနစ်တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ နိုရာ ဘီ၅၂ ယာဉ်တင်အမြောက်ကို အစီးရေ ၁၈စီးဝယ်ယူထားပြီး ဘင်္ဂလားစစ်တပ်ရဲ့ ပထမဆုံးသော ၁၅၅မမအမြောက်စနစ်ဖြစ်လာပါတယ်။
မြန်မာ့တပ်မတော်ရှိ Nora B52 ၁၅၅မမ ယာဉ်တင်အမြောက်
 မြန်မာ့တပ်မတော်ရှိ SH-1 ၁၅၅မမ ယာဉ်တင်အမြောက်
နှိုင်းယှဉ်ချက်။ ။ မြန်မာ့တပ်မတော်အနေဖြင့် Nora B52 155mm SPG တွေကို ၂၀၀၇-၀၈ ခုနှစ်များကတည်းက စတင်အသုံးပြုခဲ့တယ်လို့ သိရပြီး အစီးရေ (၃၀)နှင့်အထက် ပိုင်ဆိုင်ထားပါတယ်...။ မြန်မာ့တပ်မတော်ရဲ့ ပထမဆုံး ယာဉ်တင်အမြောက်စနစ်ဖြစ်ပြီးတော့ SH-1 ၁၅၅မမ ယာဉ်တင်အမြောက်များကတော့ ဒုတိယ ယာဉ်တင်အမြောက်စနစ်လို့ သိရပါတယ်...။
ဘင်္ဂလားစစ်တပ်ရှိ BOV M11 သံချပ်ကာယာဉ်
BOV M11 (၄×၄) ဘီးတပ်သံချပ်ကာယာဉ်များဟာလည်း ဆားဘီးယာဉ်တပ်မတော်ထုတ်များပင်ဖြစ်ပြီး ပင်မလက်နက်စနစ်အဖြစ် ယာဉ်အတွင်းမှထိန်းချုပ်ပစ်ခတ်နိုင်သည့် ၁၂.၇မမ စက်ကြီးတပ်ဆင်ထားကာ ဒုတိယလက်နက်အဖြစ် ၇.၆၂ စက်ကလေးတပ်ဆင်ထားပါတယ်...။ နေ့၊ညမရွေးပစ်ခတ်နိုင်စေရန်အတွက် ပစ်မှတ်ပြစနစ်များတပ်ဆင်ထားပြီး ၃၀မမ ဗုံးပစ်လောင်ချာများတပ်ဆင်ထားတယ်လို့ သိရပါတယ်...။
Otokar Cobra သံချပ်ကာယာဉ်ကတော့ တူရကီတပ်မတော်ထုတ်ဖြစ်ပြီး အပေါ့စားသံချပ်ကာယာဉ်ဖြစ်ပါတယ်...။ အသုံးပြုတဲ့ နိုင်ငံအတော်များများမှာတော့ ကင်းလှည့်၊လုံခြုံရေးအနေဖြင့်သာ အသုံးပြုကြတာများပါတယ်...။ ဆူပူမှုမကြာခဏဖြစ်တဲ့ ဘင်္ဂလားအတွက်တော့ အမှန်တကယ်လိုအပ်တဲ့ ကင်းလှည့်ယာဉ်အမျိုးအစားပါ..။
နှိုင်းယှဉ်ချက်။ ။ မြန်မာ့တပ်မတော်တွင် သံချပ်ကာယာဉ်များအနေဖြင့် ပြည်တွင်းထုတ် သံချပ်ကာယာဉ်များ အများအပြားပိုင်ဆိုင်ထားပြီး MAV-2 MK2 နှင့် ULARV-2 (Utility Light Armoured Reconnaissance Vehicle) ဘက်စုံသုံး အပေါ့စား ကင်းထောက်သံချပ်ကာယာဉ်များ ပိုင်ဆိုင်ထားရာ ဘစစ်တပ်၏ သံချပ်ကာယာဉ်ဖြည့်တင်းမှုသည့် တပ်မတော်အတွက် မပြောပလောက်သော အတားဆီးတစ်ခုသာလျှင် ဖြစ်ပါသည်..။
မြန်မာ့တပ်မတော်ထုတ် MAV-2 MK2 သံချပ်ကာယာဉ်
မြန်မာ့တပ်မတော်ထုတ် ULARV-2 သံချပ်ကာယာဉ်
Metis M-1နှင့် PF-98 တင့်ဖျက်ဒုံး
 Metis M-1 တင့်ဖျက်ဒုံးဟာ ရုရှားတပ်မတော်သုံး တင့်ဖျက်ဒုံးစနစ်တစ်ခုဖြစ်ပြီးတော့ အကွာအဝေး(၂)ကီလိုမီတာထိ ပစ်ခတ်နိုင်ပါတယ်...။ ရုရှားရဲ့ နာမည်ကျော်တင့်ဖျက်ဒုံးတစ်မျိုးဖြစ်ပါတယ်...။
PF-98 တင့်ဖျက်ဒုံးကတော့ တရုပ်တပ်မတော်သုံး တင့်ဖျက်ဒုံးပါ ထိရောက်မှုအကွာအဝေး အမြှင့်ဆုံး ၁.၈ ကီလိုမီတာရှိပါတယ်...။
နှိုင်းယှဉ်ချက်။ ။ မြန်မာ့တပ်မတော်ရှိ တင့်ဖျက်များအနက် konkurs တင့်ဖျက်ဒုံးအနေဖြင့် (၄) ကီလိုမီတာရှိ ပစ်မှတ်များကို ကောင်းစွာချေမှုန်းနိုင်ပြီး Kornet တင့်ဖျက်ဒုံး များကိုတော့ ၂၀၀၆ခုနှစ်ဝန်းကျင်များကတည်းက အသုံးပြုနေပြီးဖြစ်ပါတယ်...။ ထို့အပြင် နာမည်ကျော်  Carl Gustav ကဲ့သို့သော နာမည်ကျော်  တင့်နှင့်ဘန်ကာဖျက်လက်နက်စနစ်များကိလည်း ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်ပြီးဖြစ်ရာ ဘင်္ဂလားစစ်တပ်၏ တင့်နှင့် သံချပ်ကာယာဉ်များကို များစွာခြောက်လှန့်လျက်ရှိပါသည်..။
konkurs M တင့်ဖျက်ဒုံး
Kornet  တင့်ဖျက်ဒုံး
အထက်ပါဖော်ပြထားတဲ့ အချက်လက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ဘင်္ဂလားဒေ့်စစ်တပ်ရဲ့ လက်နက်ဝယ်ယူဖြည့်တင်းမှုဟာ တပ်မတော်ရှိ လက်နက်စနစ်များကို အားကျပြီး အပြင်းထန်ကြိုးပမ်းဝယ်ယူနေကြတယ်ဆိုတာ သိသာတဲ့အချက်ပါ...။ ဒီနေရာမှာတော့ လက်နက်စနစ်ချင်းကိုသာ ယှဉ်ပြထားတာဖြစ်ပြီးတော့ ဗျုဟာပိုင်းဆိုင်ရာအသုံးချမှုတွေကိုတော့ နောက်မှဘဲ ဖော်ပြပေးပါ့မယ်...။ ဒီလောက်ဆိုရင် ဘင်္ဂလားရဲ့ အင်အားတိုးချဲ့မှုဟာ တပ်မတော်အတွက် မပြောပလောက်တဲ့ ကိစ္စတစ်ရပ်သာလျှင်ဖြစ်တယ်ဆိုတာ အားလုံးဘဲ သိရှိနိုင်ကြမယ်ထင်ပါတယ်ခင်ဗျာ....။
(မိမိတစ်ဦးတည်း၏ လေ့လာမှုနှင့်သုံးသပ်ချက်သာဖြစ်ပြီး အချက်လက်အမှားများရှိပါက ဝေဖန်ထောက်ပြပေးနိုင်ပါတယ်...။)
Friday, January 3, 2014
ရှမ်းထမင်းချဉ် (သို. ) ငါးထမင်းနယ်
နှစ်ဦးမှာ ထူးတဲ့ အစားအစာ လေးနဲ.ပဲ မိတ်ဆက်ပေးလိုက်ပါတယ်။
တကယ်ကတော. တိုင်းရင်းသားအစားအစာတွေထဲမှာ လူကြိုက်အတော်များတတ်ကြတဲ့ ရှမ်းတိုင်းရင်းသားအစားအစာ ထဲက တစ်ခုပါပဲ
ရှမ်းခေါက်ဆွဲပြီးရင် လူသိအများဆုံး အစားအစာတစ်ခုပါပဲ
ငါးထမင်းချဉ် (သို. ) ရှမ်းထမင်းချဉ် ပါ
နေရာဒေသ အတော်များများမှာ ရတတ်ပြီး ကိုယ်.ဘာသာအိမ်မှာ လုပ်စားချင်ရင်လည်း စားလို.ရအောင် ကူးယူဖော်ပြပေးတာပါ ။
ရှမ်းအစားအစာဖြစ်တဲ့ ငါးထမင်းချဉ် လုပ်နည်းလေးပါ။ ရေချိုငါးကို ပြုတ်ပြီ ငါးအသားနဲ့ ထမင်းကို နုယ်ထားတဲ့ ငါးထမင်းချဉ်လေးပါ။ ငရုတ်ပွနီတောင့်ကြော်၊ ဂျူးမြစ်၊ ကြက်သွန်ဖြူတို့ နှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။ မနက်စာ၊ ညနေစာ၊ အစာပြေ မိမိကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ ရေချိုငါး (ငါးရံ့(သို့) ငါးကြင်း) – ၂၀ကျပ်သား (အတုံးကြီးများ တုံးထားပါ) ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ) ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း အာလူး – ၂လုံး (ပြဲအောင် ရေဖြင့် ပြုတ်ထားပေးပါ) ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ) ဂျူးမြစ် – တွဲဖက် သုံးဆောင်ရန် ငရုတ်သီးနီခြောက် – ၈ခု (ဆီဖြင့် ကြော်ထားပေးပါ) ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်း) (ဒယ်ထဲ ဆီထည့် ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ ထည့်ပြီ ဆီချက် ချက်ထားပါ) မှတ်ချက် ။ ။ ဆီချက် ဆီနှင့် ကြက်သွန်ဖြူ ကြော်များကို သက်သက်စီခွဲထားပါ
 ပြင်ဆင်နည်း
 ၁။ အရင်ဆုံး စတီအိုးတစ်ခုထဲတွင် ရေအပြည့်ထည့်ပြီ အာလူးများကို ပြဲသည်အထိ တည်ထားပေးပါ။
 ၂။ အာလူး တည်ထားစဉ် နောက် ဒယ်အိုးတစ်ခုထဲတွင် ရေချိုငါး၊ ခရမ်းချဉ်သီး၊ ဆနွင်း၊ ငါးငံပြာရည်၊ ရေ(၂ခွက်) တို့ကို ထည့်ပြီ ရေအနည်းငယ် ကျန်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။
 ၃။ ပုံတွင် ပါသည့်အတိုင်း ရေအနည်းငယ်ကျန်ပြီ ခရမ်းချဉ်သီးများ ပြဲသွားလျှင် မီးပိတ်လိုက်ပါ။
 ၄။ ထို့နောက် ငါးများကို ဆယ်ပြီ အရိုး၊ အရေခွံများဖယ်ကာ အသားနွှင်းပေးပါ။
 ငါးထမင်းချဉ် လုပ်နည်း
 ၁။ ငါးထမင်းချဉ် စနုယ်ပါမည်။ ဇောက်ခွက်တစ်ခုထဲ ထမင်း(၃ယောက်စာ)၊ ပြုတ်ထားသော အာလူး(လက်ဖြင့်ခြေပြီ)၊ ငါးအသား၊ ခရမ်းချဉ်သီး အနှစ်၊ ကြက်သွန်ဖြူ ဆီချက် ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပါ။
 ၂။ ထို့နောက် ထမင်း နှင့် ငါး၊ အာလူး၊ ခရမ်းချဉ်သီး နှစ်များကို သမအောင် ရောနုယ်ပေးပါ။
 ၃။ အရသာ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ် များဖြူးပေးပါ။
 ၄။ အရသာကောင်းမွန်သော ငါးထမင်းချဉ်ကို ဂျူးမြစ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ ။
ကူးယူဖော်ပြသော Original Link - http://www.wutyeefoodhouse.com
ဆက်စပ်ဖတ်ရှုရန် .....ငါးထမင်းနယ်
Wednesday, January 1, 2014
အကယ်ဒမီပေးပွဲ ဂယက် - ၂၀၁၂ခုနှစ်အတွက် မြန်မာ.ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအပြီး
From MOI
 ဂယက်   နားလည်ထားသည်မှာ နောက်ဆက်တွဲလှုပ်ခတ်မှု
၂၀၁၂ အတွက် အကယ်ဒမီ ပေးပွဲ ကို ယခု ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်နေ.က အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ တွင် ကျင်းပခဲ့ပြီးဖြစ်သည် ။ ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်ကျင်းပခြင်း ၊ ရန်ကုန် မြို.တွင် ပြန်လည်ကျင်းပခြင်း ၊ Stage Design မှအစ ထူးခြားဆန်းသစ်စွာ ဖန်တီးထားခြင်း ၊ ယခင်ပြုလုပ်နေကျဖြစ်သော အသားကျနေသည်. အခမ်းအနား အစီအစဉ်မျိုး မဟုတ်ခြင်း စသဖြင်. ထူးခြားမှု အတော်များများ ရှိခဲ့သော ပွဲလည်းဖြစ်ခဲ့သည်။
From MOI
ထိုကိစ္စများနှင်. ပတ်သက်၍လည်း ကောင်းမွန်သည် ။ သင်.တင်.ပါသည် ။ မကောင်းပါ စသဖြင်. အမြင်အမျိုးမျိုးပေါ် ထွက်ခဲ့ကြသည် ။ စစချင်း ပွဲတက်ခွင်. လက်မှတ်ကိစ္စနှင်.ပတ်သက်၍ ခင်လှိုင် နှင်. ဒိန်းဒေါင် ပွဲတွက်အင်တာဗျုးတွင် ခက်ခဲခဲခဲ ရယူခဲ့ရကြောင်း ရယ်မောပြောသွားခဲ့သည် ။ထိုကိစ္စနှင်. ပတ်သက်၍ လူမင်း၏ Facebook Account ဖြစ်သော ဧရာဝတီ လူမင်း( ထို Account ကို လူမင်း၏ ဇနီး က ကိုင်တွယ်စီမံပေးနေသည်ဟု သိရသည် ) မှနေ၍  နှစ်တိုင်းအကယ်ဒမီဖိတ်စာကိစ္စ..........အဓိကအခက်အခဲကတော.ရှပ်ရှင်လောကသား(၅)ထောင်ကျော်လောက်ရှိပြီး..ဖိတ်ကြားနိုင်တဲ.အရေအတွက်က(၁)ထောင်ကျော်ပဲရှိတဲ.အတွက်ကြောင်.
ဦးစားပေး 
                1.ဇကာတင်(၇)ကားမှာပါဝင်ကြတဲ.ပါဝင်သူများ ....
                2.၂၀၁၂ခုနှစ်အတွင်းမှာဇာတ်ကားများမှာပါဝင်သူများ ...
                3.ဝါရင်.အနုပညာရှင်အတတ်ပညာရှင်ကြီးများ ....
                4.စီစစ်ရေးအကဲဖြတ်အဖွဲ.ဝင်များအစရှိသဖြင်. .... သတ်မှတ်ပြီးဖိတ်ကြားရပါတယ်
နှစ်စဉ်အစည်းအရုံးမှာအကယ်ဒမီဖိတ်စာလာရောက်ထုတ်ယူရတာပာာလဲ အချို.သူများပာာကိုယ်တိုင်မတက်ရောက်ဘဲလက်လွဲပေးအပ်ခြင်း......ငွေကြေးဖြင်.ရောင်းချခြင်းများပြုလုပ်ကြသဖြင်.အနုပညာသည်များနေရာတွင် အပြင်လူများရောက်ရှိနေခြင်း...မလိုလားအပ်သောပြသနာများဖြစ်ခြင်းတို.ကြောင်.စီစစ်ရွေးထုတ်ပေးရခြင်းဖြစ်ပါတယ်
 ဟု ပြန်လည်ရှင်းလင်းခဲ့သည် ။
From MOI
ထို.အပြင် အနုပညာရှင်များ၏လျှောက်လမ်းနှင်. ပတ်သက်၍ ယခင်ပွဲများကဲ့သို. စနစ်တကျမဟုတ်ပဲ တိုးဝှေ.၀င်ရောက်နေရခြင်းကို ပွဲတက် အင်တာဗျုးတွင် မင်းသားကြီး တစ်ဦးကပြောသွားသကဲ့သို. သရုပ်ဆောင်တို.၏ Facebook Page အချို.တွင်လည်းဝေဖန်ထားသည်ကိုတွေ.ရသည် ။ ယခုပွဲတွင် စီစဉ်ပြီးမှ မတက်ရောက်သူများ ၊ နဂိုကပင် တက်ရောက်ရန်အစီအစဉ်မရှိပါဆိုသည်များကြားရခြင်းအတွက် မည်သည်.အကြောင်းတရားတို..ရှိနေသည်ကိုတော. မသိရပေ။သို.သော် ရှပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက သူ၏ ပြောစကားတွင် သူတို.လောကအတွင်း မညီညွတ်မှုများရှိကြောင်း ဖွင်.ဟ၀န်ခံသွားခဲ့ပြီး အဘယ်ကြောင်. မညီညွတ်ခြင်းပြဿနာများ ယခင်ထက် တိုးလာသည်ကိုမူ မသိရပေ။သူ၏ ပြောကြားမှုများနှင်. ပတ်သက်၍လည်း သဘောကျသူများ ရှိသလို သူများစကားများသာ ယူသုံးနေရသည် ။မိမိတို.လောကသားချင်း ရှင်းလင်းပြောဆိုရမည်.အစား တစ်နိုင်ငံလုံးသို.အထုပ်ဖြေပြသဖြင်. လောကသားများ အရှက်ရကြသည် စသည်မျိုးလည်းကြားလာရသည် ။
From ဧရာဝတီ လူမင်း Facebook
ထို.အပြင် ဂယက်များအနက် အားလုံးအာရုံစိုက်ကြသည်.အပြင် ကိုယ်တိုင်ပါ ပါဝင်ဆင်နွဲကြသော ဂယက်တစ်ခုလည်းဖြစ်ခဲ့သေးသည် ။ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ၏ Facebook မှနေ၍ သူ.အမအတွက် ရည်ရွယ်သော Status တစ်ခုတင်ရာတွင် သူ.အမကဲ့သို. အကယ်ဒမီ ၂ဆုရ ဇာတ်ဆောင်တစ်ဦးအား ဒုတိယတန်းတွင်သာနေရာ ပေးထားသဖြင်. မလာဖြစ်သည်မှာကောင်းကြောင်း အစချီရေးသားမှု က တစ်ဖက်အတွက် ထိရှသွားပုံရပြီး အပြန်အလှန်ပြန်လည် ရေးသားမှုမျိုး ဖြစ်လာတော.သည် ။(ထိုထိုင်ခုံနေရာ စီစဉ်မှုကတော. တကယ်လည်းအဆင်မပြေဖြစ်ခဲ့သည် ။ဥပမာ အကယ်ဒမီဆုများစွာ ရရှိထားသော သက်ကြီးပိုင်း ရှပ်ရှင် ပညာသည် တစ်ဦးဆိုလျှင်လည်း ထိုင်ခုံနေရာက ဟိုးအနောက်ဘက်အလည်ရောက်နေသည် ).။သရုပ်ဆောင်အချို.ကလည်း သူတို.အိမ်ထောင်ဖက်များနှင်. တွဲလျှက်ခုံမရသဖြင်. ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည် .ထိုကိစ္စကို လူမင်း၏ Facebook Account မှနေ၍ ထိုင်ခုံကိစ္စ သူမစီစဉ်ပါ ဟု ပြန်လည်ရေးသားခဲ့သည် ။.ယခုနောက်ပိုင်း Celebrities Conflict များတွင် အားပေးသူများချင်းပါ ပဋိပက္ခ ဖြစ်လာကြခြင်းကလည်း ၂၀၁၃ အကုန်ပိုင်းတွင် သိသိသာသာ တွေ.မြင်လာရသည် ။ ယခုကိစ္စရပ်တွင်လည်း ထိုအနုပညာရှင် ၂ ဦး ၏နှစ်သက်သူများချင်းပါ Comment Quarrel ပုံစံမျိုးဖြစ်လာခဲ့ကြသည် ။ နောက်ပိုင်းတွင် နှစ်ဖက်လုံးက အငြင်းပွားစရာ Status အချို.ကိုပြန်လည်ဖြုတ်ချခဲ့ကြသည် ။သို.သော် On Line ပေါ်ရှိ နာမည်ကျော် သတင်းသမားအချို.ကမူ Screen Shot ဖမ်းထားပြီးဖြန်.ဝေသောကြောင်. ဇာတ်ရှိန်တက်ခဲ့သော သဘောတော.ရှိသည် ။
From MOI
ယခုနှစ်တွင် အသံ ၊ ဓါတ်ပုံ ၊ တည်းဖြတ် ၊ကလေးသရုပ်ဆောင် ၊ အမျိုးသားဇာတ်ဆောင် ၊ အမျိုးသမီး ဇာတ်ပို. ၊ အမျိုးသမီး ဇာတ်ဆောင် ၊ ဒါရိုက်တာ ဆု တို.ချီးမြှင်.ခဲ့ပြီး အမျိုးသား ဇာတ်ပို. ၊ ဇာတ်ညွှန်း ၊ဇာတ်ကား စသော ဆုတို.ချီးမြှင်.ခဲ့ခြင်း မရှိပေ ။ ဤနေရာတွင်လည်း အသံ ၊ ဓါတ်ပုံ ၊ တည်းဖြတ် ၊ကလေးသရုပ်ဆောင် ၊အမျိုးသားဇာတ်ဆောင်ဆု တို.နှင်. ပတ်သက်၍ အားလုံးနီးပါး လက်ခံကြသည် ဟုပြော၇မည်ဖြစ်သော်လည်း အမျိုးသမီး ဇာတ်ပို. ၊ အမျိုးသမီး ဇာတ်ဆောင် ၊ ဒါရိုက်တာ ဆု တို.နှင်. ပတ်သက်၍မူ အငြင်းအခုံ ၊ အယူအဆများ ကြားလာရသည် ။ ဥပမာ အမျိုးသမီး ဇာတ်ပို. ၊ အမျိုးသမီး ဇာတ်ဆောင် ဆုတို.နှင်.ပတ်သက်၍ ထိုသူတို.ထက် မည်သူတို.က ပိုရသင်.သည် ၊ ထိုကဲ့သို.ဖြစ်ရခြင်းမှာ မိုးဇေညိမ်း သတင်းများနှင်. သက်ဆိုင်သည် ဟူသော အသံများကြားရသကဲ့သို. ဒါရိုက်တာဆုနှင်. ပတ်သက်၍လည်း အဲ့ဒီအခန်းဖြတ် ဟူသော အရိပ် ယခုထိရှိနေသေးသည် ဆိုသည်မျိုးကြားရပြန်သည် ။ အချို.ကတော.လည်း အစောပိုင်းကပင် ထိုသူတို.ကို ရစေချခဲ့သည် ။ထိုက်တန်၍ရသည် ဟုမြင်ကြသည် ။
From MOI
ဇာတ်ကားဆု မပေးခြင်းနှင်. ပတ်သက်၍လည်း ငွေကြေး ၊ အချိန် ၊ စေတနာ တို.ကို ရင်းနှီးစိုက်ထုတ်ပြီး ငွေကြေးထက် ရုပ်ရှင်လောက ဂုဏ်သိက္ခာ တန်ဖိုးထား ထုတ်လုပ်နေသူများအတွက် အားလျှော.စေသည် ဟူသော အယူအဆများလည်းပေါ်ထွက်လာသည် ။ (ထိုကိစ္စနှင်. ပတ်သက်၍ ယခင်နှစ်ကလည်း နာမည်ကြီး ဒါရိုက်တာ တစ်ဦး၏ကား နှင်.ပတ်သက်၍ ထိုဒါရိုက်တာက ယခုဆုရွေးချယ်ရေးအဖွဲ.များတွင် လောကသားများပါလာပြီး ထိုသူတို.၏ စည်းမျဉ်းနှင်. မသက်ဆိုင်သော ကိုယ်ပိုင်ခံစားမှုမျိုးသည် ဆုံးဖြတ်ရာတွင် လွှမ်းမိုးမှုရှိသည် ဟူသော အယူအဆမျိုး ပြောခဲ့ဖူးသေးသည် )..အမှန်က ယခုနှစ်တွင် အကယ်ဒမီပွဲမတိုင်ခင်က အမှန်တကယ် ရုပ်ရှင်ဆု ရသင်.သော ကား အနည်းဆုံး ၂ကား ရှိခဲ့သည်ဟု အသံထွက်ခဲ့သေးသည် ။
မည်သို.ပင်ဆိုစေ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတော်အဖွဲ.အစည်း များ ၏အခန်းကဏ္ဍကို လျှော.ချလာပြီး သက်ဆိုင်ရာ အစည်းအရုံးများမှသာ စီမံလာသော ယနေ.ခောတ် အခမ်းအနား တစ်ခုကား  ဟိုနားက အသံနည်းနည်း ဒီနားကအသံနည်းနည်းဖြင်.တော. ပြီးဆုံးခဲ့ပြီဖြစ်သည် ။