Monday, June 3, 2013

Secluded Serene Avenue of WKA Group ၏ ဒုတိယအကြိမ် ပညာရေးဆိုင်ရာ လှုဒါန်းမှုများအတွက် နှိုးဆော်ခြင်း




Group လေးအတွင်းမှာ ရှိနေကြတဲ့ အကိုအမ တွေရော သူငယ်ချင်းမိတ်ဆွေတွေနဲ. ညီ ညီမ အားလုံးနှင်. ယခင်နှစ်ကပူးပေါင်းလှုဒါန်းပေးခဲ့ကြသူများ.ပညာဒါန .စိတ်ပါဝင်စားကြသူများခင်ဗျာ...............

ယမန်နှစ်က ဂုဏ်ပြုလွှာ
 ကျွန်တော်တို. SS Avenue အနေနဲ. ဒုတိယအကြိမ်မြောက် ပညာရေးဆိုင်ရာ ထောက်ပံ.လှုဒါန်းမှု အစီအစဉ်ကို ၂၀၁၃ ဇွန်လ တတိယပတ် နောက်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်.....ပြီးခဲ့တဲ.နှစ်က ကျွန်တော်တို. Group လေးအနေနဲ. လှေကျင်းပရဟိတ ကျောင်း မှာရှိတဲ့မိဘမဲ့ ....ချို.တဲ့ တိုင်းရင်းသား ကလေးငယ် ၅၀ခန်. (မူလတန်းမှ အထက်တန်းထိ) ရဲ. ကျောင်းအပ်စ၇ိတ် စာရေးကိရိယာ ထီး လွယ်အိတ် စတာတွေအပြင် ဆယ်တန်းကျောင်းသားတို.ရဲ. တစ်နှစ်စာ ကျုရှင်လစာ အပြင် မင်းပိုင်းကျောင်း မှာဖွင်.လှစ်ခဲ့တဲ့ ဆယ်တန်းကျောင်းသားများ အတွက် ပညာဒါနအစီအစဉ်မှာလည်း ပါဝင်လှုဒါန်းခဲ့ပါတယ်..........

ပရဟိတကျောင်းဆရာတော် ကျောင်းအကျိုးတော်ဆောင်အဖွဲ.နှင်. Ss Avenue of WKA
 ဒီနှစ်မှာလည်း တတ်စွမ်းနိုင်တဲ့ဘက်က မြို.လေးရဲ. ပညာရေးအတွက် နိုင်သလောက်လေး ၀င်ထမ်းပိုးပေးဖို.အစီအစဉ်ရှိပါတယ်
ပထမအစီအစဉ်အနေနဲ.
လှေကျင်းပရဟိတကျောင်းအတွက် လိုအပ်တဲ့ ပညာရေး ကုန်ကျစ၇ိတ်ဆိုင်ရာများ လှုဒါန်းနိုင်ရန်.........
ဒုတိယအနေနဲ.
ရွေးချယ်ထားတဲ့ မူလတန်းကျောင်း ၃ကျောင်းခန်.က အမှန်တကယ်ချို.တဲ့တဲ့ ကျောင်းသား ၅၀ စီခန်.အတွက် ထီး လှုဒါန်းရန်......
တတိယအနေနဲ. SS Avenue
ကလုပ်နေတဲ့ ပညာသင်ထာက်ပံ.ကြေးအတွက် ရန်ပုံငွေဖြည်.တင်း၇န်.........
စတုတ္ထအနေနဲ.
လိုအပ်သော ပညာရေးဆိုင်ရာ လှုဒါန်းမှုများတွင် ပါဝင်လှုဒါန်းနိုင်၇န်တို.ဖြစ်ပါတယ်

ဆရာတော်ထံ SS Avenue 's Collector များမှ လှုဒါန်းစဉ်
 ပထမအစီအစဉ်အတွက်ကတော. လှေကျင်းပရဟိတကျောင်းအတွက်လိုအပ်တဲ့ကျောင်းစရိတ် ကျုရှင်စ၇ိတ်စတာတွေ ထောက်ပံ.ပေးဖို.ပါ
ဒုတိယအစီအစဉ်ကတော.
မြို.လေးက တကယ်ချို.တဲ့တဲ့ မူလတန်းကျောင်းက ကလေးတွေဟာ မိုးတွင်းဘက်ကျောင်းတက်ရင် ကြ့ချောင်းအိတ်ကို ခေါင်းကဖောက်စွပ်ပြီး တက်နေရာတာမျိုး..ပလတ်စတစ်စလေး ခြုံပြီး တက်နေရတာမျိုးတွေ ရှိနေကြောင်းသိရပါတယ်..အချို.ဆို မနက်တည်းက မိုးတအားရွာရင် ကျောင်းတက်ဖို.မဖြစ်နိုင်တော.တာမျိုးထိ ရှိနေတယ်လို.သိရပါတယ်.ဒါကြောင်. ကျွန်တော်တို.အနေနဲ. ကလေးတွေအတွက် ကျောင်း၃ကျောင်းလောက်ကိုရွေးပြီး ထီးအလက်၅၀ စိလောက်လှုဒါန်းပါမယ်...
တတိယအစီစဉ်ကတော.
ခုပြီးခဲ့တဲ့ ပညာသင်နှစ်ကစပြီး SS Avenue of WKA Group ကနေ ၀ါးခယ်မ GTI ကနေ မအူပင် TU ကို B-Tech သွားတက်ရတဲ့ အမှန်တကယ်ချို.တဲ့သူ တစ်ဦးကို တစ်လ ၇၀ ၀၀၀ နှုံးနဲ. ပညာသင်နှစ်နှစ်စာထောက်ပံ.ဖို. သဘောတူထားပြီး လက်ရှိ တစ်လချင်းထောက်ပံ.လျှက် ရှိနေပါတယ်......လာမယ်.တက္ကသိုလ် ပညာသင်နှစ်မှာ လည်း နောက်ထက်အသစ် ဆက်လက်ထောက်ပံ.ဖို.ရှိနေတာကြောင်. ၇န်ပုံငွေ စုဆောင်းတဲ့အစီအစဉ်ထဲကို ထည်.သွင်းမှာပါ
စတုတ္ထ
အတွက်ကတော. မြို.ကလုပ်ကြတဲ့ ပညာရေးဒါန တွေမှာ တတ်နိုင်သလောက် ပါဝင်လှုဒါန်းဖို.ပဲဖြစ်ပါတယ်............

ဒါကြောင်.
ခုလိုဘ၀တွေအတွက် အဓိကနေရာမှာရှိနေတဲ့ ပညာရေးဆိုင်ရာ လှုဒါန်းမှုမှာ တတ်စွမ်းသ၍ပါဝင် လှုဒါန်းနိုင်ရန် တိုက်တွန်း အပ်ပါတယ်....

လှေကျင်း ပရဟိတ ကျောင်း
အလှုငွေတွေကိုတော. ၀ါးခယ်မအတွက် ကိုရဲ (ဖုန်း-၀၉၅၀၁၀၁၉၄) ....လဘုံ. Mgkyisoe Tun https://www.facebook.com/mgkyisoe.tun?fref=ts..    ကိုကိုလင်း -အာရောဂျတံခွန် ဆေးခန်း(ဖုန်း-၀၉ ၄၀၀ ၅၆၁ ၈၀၁ )...ရန်ကုန်အတွက် ဒေါက်တာ Aye Aye Myint https://www.facebook.com/ayeaye.myint.33?ref=ts&fref=ts(AK ဆေးဆိုင် ကမ်းနားလမ်း လသာ -) ဆုဝေဖြိုး (ဖုန်း-၀၉ ၅၁၇၄ ၉၇၈ )...နွေးနွေး (nway.wtl.naung@gmail.com)...(ယမင်းကိုလေးကတော. ဒိတစ်ခေါက် သူ.ပညာရေးကိစ္စနဲ. မအားလပ်တာကြောင်.ပါ)....စင်္ကာပူ အတွက်ကတော. Brani
KoKo (侯寶連) https://www.facebook.com/branikoko?ref=ts&fref=ts  Hnin Wutyi Kyaing https://www.facebook.com/hnin.kyaing?ref=ts&fref=ts   တို.က တာဝန်ယူ ကောက်ခံပေးပါမယ်...ဒိနေ.ကစပြီး ၁၅ ရက်နေ.လောက်နောက်ဆုံးထား စုဆောင်းပါမယ်....တစ်ခုပဲရှိတာက ကျွန်တော်တို.က On Line အခြေပြု ပရဟိတဒါန ဖြစ်တဲ့အတွက် အလှုခံဖြတ်ပိုင်းအသုံးပြုမှာမဟုတ်ပဲ ပြီးတာနဲ. ဒီကနေပဲ အရင်လို အလှုရှင်စာရင်းကြေငြာတာစာရင်းရှင်းလင်းတာတွေလုပ်ပေးပါမယ်...ဒါကြောင်. ယခုနာမည်စာရင်း ပါသူများကိုသာ တိုက်ရိုက်လှုဒါန်း၇န်မေတ္တာရပ်ခံပါတယ်....လက်ရှိ Collector တွေထဲက နီးစပ်ရာကိုဆက်သွယ်နိုင်ပြီး အခက်အခဲရှိသူများအတွက် အိမ်တိုင်ရာရောက်ကောက်ခံပေးပါမယ်

ဒါကတော.မနှစ်က လုပ်ခဲ့တဲ့ အလှုလေးအကြောင်းပြန်လည်ဖတ်ရှု လေ.လာနိုင်ဖို.ပါ
လှုဒါန်းခဲ့သည်.ပစ္စည်းများနှင်. အခမ်းအနားဓါတ်ပုံများ https://www.facebook.com/media/set/?set=a.328593777218170.76698.259181714159377&type=1
လှုဒါန်းပွဲအခမ်းအနား https://www.facebook.com/photo.php?fbid=329225347155013&set=a.259192227491659.63093.259181714159377&type=1&relevant_count=1
ပရဟိကျောင်းအကြောင်း https://www.facebook.com/photo.php?fbid=324010597676488&set=a.259192227491659.63093.259181714159377&type=1&relevant_count=1

 

မလေး သူရဲ နဲ. ရွှေမြန်မာတွေ


လွန်ခဲ့သော ၁၀နှစ်ကျော်ကာလများကပေါ့ဗျာ။ ဘဝရဲ့ တစ်ဆစ်ချိုးအကွေ့လေးမှာ ကြုံတွေ့ ခဲ့တာလေးတွေကို ပေတ စာဖတ်ပရိတ်သတ်ကြီးကို ဝေမျှချင်တာလေးပါ။ အဲဒီတုန်းကပေါ့ဗျာ မလေးရှားနိုင်ငံရဲ့ ကွာလမ်လမ်ပူကနေ တစ်နာရီသာသာ ကားမောင်းသွားရင်ရောက်တဲ့ ကာဂျန်း(Kajang) ဆိုတဲ့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ဖူးတယ်။ အဲဒီ့မြို့လေးမှာ ဆွန်ဂိုင်းချောက် ဆိုတဲ့ ရပ်ကွက်ကလေးကို အလုပ်လုပ်ဖို့အသွားမှာပေါ့ဗျာ။ ဇာတ်လမ်းက အဲဒီမှာ စတာပဲဗျ။


အဲဒီ့မှာ ညအိပ်ဖို့ အကြောင်းဖန်လာတယ်ဗျာ။ တကယ်က ကျွန်တော်တို့အားလုံး ပို့ဒဇင် ကမ်းခြေ (PD) မှာသွားပြီးတော့ အလုပ်လုပ်ဖို့ခရီးဆက်ရမှာဗျ။ ဒါပေမယ့် လာခေါ်မယ့် မန်နေဂျာက နောက်သုံးရက်လောက်မှအားတာရယ်၊ အတူတူသွား လုပ်ရမယ့် တခြားသူတွေ ကိုစောင့်ရမှာရယ်က ဆွန်ဂိုင်းချောက်မှာ ၄ညလောက်အိပ်ဖို့ ဖြစ်လာတယ်ဗျာ။ အော် ကျွန်တော်တို့အားလုံးဆိုလို့ ဆွန်ဂိုင်းချောက်ကို ရောက်တော့ ကျွန်တော်အပါအဝင် တခြားမြန်မာ လူမျိုးနှစ်ယောက်ရယ်ပါ။ ကျွန်တော်ရယ်၊ တောင်ပေါ်သားလေး ကိုစိုင်းရယ်၊ သရဲဆိုရင် အင်မတန် ကြောက်တတ်တဲ့ ဆင်တဲသား ကြည်မိုး (ခေါ်) ကပ္ပလီမ တို့ပေါ့ဗျာ။

ပထမညမှာ ဆွန်ဂိုင်းချောက်ကို ရောက်တော့ ကျွန်တော်တို့ကို ခဏတည်းဖို့ သူဌေးက စားသောက်ဆိုင်အပေါ်ထပ်မှာ ပေးနေတယ်ဗျ။ ပြောရအုံးမယ် အဲဒီ စားသောက်ဆိုင်က ပိတ် ထားတာဗျ။ အောက်ထပ်မှာ ဘယ်သူမှမသုံး၊ မနေပဲနဲ့ ဖုံတွေ၊ စားပွဲခုံဟောင်းတွေကို မလုံတဲ့ တံခါးကြားက အတိုင်းသားတော့မြင်နေရတယ်လေ။ အပေါ်ထပ်မှာတော့ အခန်းကဟောတိုက် ပုံစံပေါ့ဗျာ။ အောက်ထပ်လှေကားကနေ တက်လာရင် ကြားမှာ တံခါးလေးတစ်ချပ်ပဲခြား တယ်ဗျာ။ ရောက်ရောက်ခြင်းညကအိပ်မယ်လုပ်တော့ ဒီလိုဘဲသုံးယောက် နံရံကိုခေါင်းထား အဝင်လှေကားဖက်ကို ခြေဆင်းပြီး အိပ်မယ်ပေါ့ဗျာ။ 


အဲဒီမှာ ကြည်မိုး (ခေါ်) ကပ္ပလီမက သူက ကျွန်တော်တို့နှစ်ယောက်ကြား အလယ်မှာသူ အိပ်ပါရစေဆိုပြီး အဆိုတင်သွင်းလာလေရဲ့။ ကျွန်တော်တို့လည်း ဪ၊ အေး အိပ်ချင်လည်း အိပ်ပေါ့ကွာဆိုပြီး မောမောနဲ့ ခရီးပန်းပြီးတော့အိပ်လိုက်တာ သိုးလို့မနက်မှနိုးတယ်ဗျာ။ ညကလူသံသဲ့သဲ့တော့ ကြားတယ်။ ဒါပေမယ့်စိတ်ထဲမှာ ဘေးအိမ်တွေက အသံတွေပဲလို့ ထင်မိတာပေါ့နော်။ ဒါနဲ့ မိုးလင်းတော့ လဘ္လက်ရည်ဆိုင်မှာဝါးတီးသွားဆွဲကြတယ်ဗျာ။ အဲဒီမှာ စားလို့အတော်လေးကောင်းနေတော့မှ ကြည်မိုး (ခေါ်) ကပ္ပလီမက ဟေ့ရောင်တွေ ဟာဘာတွေလည်း ငါ့ကိုယ်မှာဆိုပြီးတော့ သူ့ခန္ဒာကိုယ်က အနီကွက်တွေထနေတာများဗျာ မျက်နှာမှာလည်းရှိရဲ့ မသိရင် လူတစ်ယောက်ယောက်က ပါးစပ်နဲ့ တစ်ကိုယ်လုံးအနှံ့လိုက်စုတ်ခံထားရသလို ပုံစံမျိုးနဲ့ ပါးစပ်ရာဆန်ဆန်တွေ တွေ့ရတယ်ဗျာ။ ကျွန်တော်လည်း ဟာ မင်းကိုယ်က အလတ်ဂျစ် (အင်ပြင်) ထွက်တာနေမှာပါကွာဆိုပြီးတော့ သူ အလတ်ဂျစ်ထွက်တာလို့ပဲ ထင်မိတယ်ဗျာ။

ကိုစိုင်းလည်း ကျွန်တော်ထင်သလိုပဲထင်တယ်ပေါ့ဗျာ။ ကျွန်တော်တို့နှစ်ယောက်လုံးကလည်း အလတ်ဂျစ် (အင်ပြင်)သမားတွေဗျ။ အရက်ကလေးများနဲနဲ မသောက်လိုက်နဲ့ သောက်မိရင် တစ်ကိုယ်လုံးကိုနီရဲနေတဲ့လူစားမျိုးတွေဗျ။ ဒီလိုနဲ့ တစ်နေကုန် နေ့လည်လျှောက်လည်ရင်းနဲ့ မုန့်စား၊ ဓာတ်ပုံရိုက်နဲ့ ညက ကိစ္စကို မေ့မေ့ပျောက်ပျောက်နဲ့ပေါ့ဗျာ။

 ဒါနဲ့ညရောက်လာတော့ အိပ်မယ်ပေါ့ဗျာ ကြည်မိုး (ခေါ်) ကပ္ပလီမ ထုံးစံအတိုင်းအလယ် ကပေါ့ဗျာ။ အဲဒီ့ဒုတိယညမှာ ကျွန်တော်လည်း ရှေ့ရေး၊ နောက်ရေးတွေ စဉ်းစားမိရင်း ည ဘက်တော်တော်နဲ့ မအိပ်ပျော်ဖူးဗျ။ ညလည်လောက်မှ မှေးကနဲတစ်ချက်ဖြစ်သွားတယ်။ ခဏပဲ ဆတ်ကနဲပြန်နိုးလာတာကိုးဗျ။ အဲဒီမှာ အောက်ထပ်ကနေ အပေါ်ထပ်ကို တက်လာ တဲ့ ခြေသံကိုစကြားရတယ်ဗျ။ ညဘက် ၁၂ခွဲလောက် လူခြေတိတ်တဲ့အချိန် ဆိုတော့ ခြေသံ ကြီးက အတိုင်းသားကြီးကြားနေရတယ်ဗျ။ ခြေသံက လူတစ်ယောက် အောက်ထပ်ကနေ မှန်မှန်ကြီးတက်လာနေတဲ့ ခြေသံဗျ။ တံခါးနားရောက်တော့ ခြေသံမကြားရတော့ဖူးဗျ။ 
ခဏလောက်နေတော့ ပြန်ဆင်းသွားတဲ့ ခြေသံကြီးကို အတိုင်းသားကြီးကြားနေရတယ်ဗျ

 ကျွန်တော်လည်း ဟိုလူတွေကိုကြည့်လိုက်တော့ ကိုစိုင်းကနိုးနေတယ်ဗျ။ ကျွန်တော့ကို မျက်ခုံးပင့်ပြတယ်။ ဘယ်လိုလဲ ဆိုတဲ့သဘောပေါ့ဗျာ။ ကျွန်တော်လည်း လမ်းပေါ်က အိမ်မှားလာတဲ့ အရက်မူးသမားတစ်ယောက်ယောက် လို့ထင်မိတယ်လို့၊ ကပ္ပလီမကတော့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အိပ်နေတာများ ဟောက်သံသဲ့သဲ့တောင်ထွက်လို့ဗျာ။ ဒါနဲ့မိုးလင်းတော့ ထိုင်နေကျ လဘ္လက်ရည်ဆိုင်မှာ ထိုင်ရင်းညကခြေသံတွေအကြောင်းပြောမိတယ်။ ခဏလောက်နေတော့ ကိုစိုင်းက ဟာဆိုပြီး ဟိုကောင်ကပ္ပလီမရဲ့ မျက်နှာကိုကြည့်ပြီး အံ့အားသင့်သွားတယ်။ ကျွန်တော်လည်း သူ့မျက်နှာကို ကြည့်လိုက်တော့ အပ်ချဖို့နေရာလပ်မရှိအောင်ကို အနီကွက်တွေနဲ့ဗျာ။ သူ့ ခန္ဒာကိုယ်မှာလည်း မနေ့ကထက် ပိုဆိုးတယ်ဗျ။ နီရဲရောင်ကိုင်းနေတာပဲ။ ကပ္ပလီမလည်း သူ့ကိုယ်သူပြန်ကြည့်ပြီးတော့ မျက်စိ မျက်နှာပျက်နေတုန်း လဘ္လက်ရည်ဆိုင်ပိုင်ရှင် ထွက်လာပြီးတော့ ကျွန်တော့တို့နဲ့ လာမိတ် ဆက်ရင်း၊ မင်းတို့ဘယ်မှာနေလဲ မေးတော့ ၊ နောက်နှစ် လမ်းကျော်က စားသောက် ဆိုင်ဟောင်းအပေါ်ထပ်ပေါ့ဆိုတော့။ ဟာ မင်းတို့မကြောက်ဖူးလား အဲဒီမှာ (အန်သူ့ အဒါး) သူရဲရှိတယ်တဲ့။ ကပ္ပလီမကတော့ မလေး လိုပြောတာကိုနားမလည်လိုက်လို့ ဘာမှမသိရှာဖူး။ ကိုစိုင်းကတော့မျက်နှာက ပျက် လာပြီ။

ဒီလိုနဲ့ညရောက်လာတော့ ကိုစိုင်းနဲ့ကျွန်တော်စကားပြောဖြစ်တယ်။ ကပ္ပလီမကိုတော့ မပြောနဲ့ပေါ့နော်။ သူရဲရှိတယ် ဘာညာဆိုရင် ညဘက်ကြီး သွေးပျက်ပြီးတော့ထွက်ပြေးသွားမှာစိုးရတယ်ပေါ့။ ပြီးတော့ညကခြေသံဟာ သူခိုးလား၊ တို့ကိုဒုက္ခပေးမယ့်သူလားဆို စောင့်ကြည့်ရမယ်ပေါ့ဗျာ။ မိရင်တော့ကောင်းကောင်းတီးလွတ်မယ်ပေါ့ဗျာ။ အဲဒါနဲ့ သုံးယောက် သားတိုင်ပင်ပြီးတော့ ဒီညမအိပ်ဖူးပေါ့ဗျာ။ စောင့်မယ်ပေါ့။ မလာမချင်းပေါ့ ဗျာ။ ပြောရအုံးမယ် ကျွန်တော်တို့ သုံးယောက်မှာ ကိုစိုင်းက ဖိုက်တာဗျ။ သူက ရှမ်းသိုင်းကို ၂ဝိုင်း၊ ၃ဝိုင်း ထွက်ထားတာဆိုတော့ တော်ရုံလူ သုံး၊လေးယောက်လောက်တော့ မမူတဲ့အ စားထဲ ကဗျ။ ကျွန်တော်နဲ့ ကပ္ပလီမကလည်း ရန်ပွဲဆိုရင် လက်သွက်သွက်အစားထဲကဗျ။ 


ကပ္ပလီမကတော့ ချွင်းချက် လူကိုချရဲပေမယ့် သူရဲတော့ အလွန်ကြောက်အစားထဲကပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ အကြံက ညဘက်တက်လာတဲ့သူမှာ တံခါးသော့ရှိရမယ်။ အဲဒီကောင် ငါတို့ အိပ်နေတုံး ပစ္စည်းကို ခိုးမယ်လို့ ဒါမှမဟုတ် တို့ကိုဒုက္ခပေးမယ့်သူလို့ ထင်ထားတာကို ဗျ။ ဒါနဲ့ဟုတ်ပြီ အဲဒီကောင်ဝင်လာရင် ငါတို့ဘယ်လိုမျိုး ဆော်ပလော်တီးမလဲပေါ့ဗျာ။ အဲဒီမှာ သိုင်းဆရာကြီး ကိုစိုင်းက အကြံပြုလာတယ်။ ငါတို့ သိုင်းပညာမှာ အလစ်အငိုက်ချက်ကောင်း ကို အပိုင်တွယ်ရတယ်ပေါ့ဗျာ။ ဒီကောင် ညဘက်ကြီးဝင်လာမှတော့မညှာနဲ့ တီးပြစ်၊ ဘာ ညာပေါ့ဗျာ။

ဒါနဲ့ ကျွန်တော်တို့ဇတ်တိုက်ထားတာကတော့ သုံးယောက်လုံး မအိပ်ပဲနဲ့ စောင်တစ်ခု မှာပေါင်းပြီးခြုံအိပ်မယ်။ မအိပ်ပဲစောင့်မယ်။ စောင်ထဲမှာလည်း တုတ်ကိုယ်စီနဲ့ပေါ့ဗျာ။ အကယ်၍တစ်ယောက်ယောက် အိပ်ပျော်သွားရင် လက်ကုပ်ပြီးတော့ နိုးကြေးပေါ့နော်။ မီးလည်းဖွင့်ထားမယ်ပေါ့။ ဟိုကောင်ဝင်လာရင် သုံးယောက်လုံးတစ်ယောက်လက်ကို တစ်ယောက် ၃ချက်တိတိကုပ်ပြီးတော့ စောင်ကို သုံးယောက်ပြိုင်တူခွါပြီးတော့   ဟေး လို့အော်ရင်း ဝိုင်းရိုက်မယ်ပေါ့ဗျာ။ အဟဲ ကိုယ်အကြံနဲ့ ကိုယ်တော့ ဖြူးနေတာပဲ။ ဒီလိုနဲ့ ညဘက်ကြတော့ လာနိုးနိုးနဲ့ စောင့်နေရင် မှေးသွားရင် တစ်ယောက်နဲ့တစ်ယောက် လက် ကုပ်ပေါ့ဗျာ။ ဒါနဲ့ စိတ်တထင့်ထင့်နဲ့ စောင့်နေတုံး ၁၂ နာရီကျော်ကျော် လောက်လဲကျရော ...... ။ ဒေါက်၊ ဒေါက်၊ ဒေါက် ဟော အသံတော့စကြား ရပြီ ။ ခြေသံက လှေကားကနေ တက်လာနေသံဗျ။ 


မနေ့ကအတိုင်းပဲ။ ကျွန်တော်တို့လည်း လက်ကုပ်ပြီးတော့အချက်ပေးကျပေါ့။ ကြားလား။ ကြားတယ်ပေါ့။ ခြေသံကလှေကားထိပ် တံခါးဝနားမှာ ရပ်သွားတယ်။ ဘာလို့လည်းမသိဖူး တံခါးဖွင့်သံကို မကြားလိုက်ရဖူး ဒါပေမယ့် လူတစ်ယောက် ကျွန်တော်တို့ခြေထောက်နားမှာ လာပြီးတော့ မတ်တပ်ရပ်ပြီးလာငုံ့ကြည့်နေတယ်လို့ စိတ်ကနေ ခံစားလာရတယ်။ ကျွန်တော်တို့အားလုံးလည်းသတိရှိရှိနဲ့ ဟောတစ်ချက် လက်ကုပ်၊ နှစ်ချက်၊ သုံးချက် လည်းရောက်ရော ဟေးဆိုပြီးအော် ရင်း စောင်ကိုခွါပြီး တုတ်ကိုယ်စီနဲ့ ဝိုင်းရိုက်ဖို့ ရန်သူကိုကြည့်လိုက်မိတယ်။ ကျွန်တော်တို့ထင်မိတာက ရန်သူက ခြေရင်းဘက်မှာပေါ့နော်။ လားလား ကျွန်တော်တို့ခေါင်းပေါ်မှာ ရောက်နေတာဗျ။ အတိအကျပြောရရင် ကပ္ပလီမရဲ့ မျက်နှာတဲ့တဲ့အပေါ်မှာဗျာ။ မျက်နှာကတစ်သက်မမေ့နိုင်စရာကြီးဗျာ။ အသက်ကြီး ကြီးမိန်းမ တစ်ယောက်ရဲ့မျက်နှာမျိုးဗျ။ ဒါပေမယ့် မျက်လုံး၊ နှာခေါင်း၊ အဲဒါတွေက ခပ်ရေးရေး ပဲဗျ။ ဆံပင်ရှည်ရှည်နဲ့ဗျာ။ စောစောကပြောသလိုမျိုး ကျွန်တော်တို့ က ဟေးဆိုပြီး အော်ရင်းထ လိုက်ကျတော့ သူလည်းခဏတော့ ကြောင် ကြည့်နေသေးတယ်ဗျ။ ကျွန်တော်နဲ့၊ ကိုစိုင်းလည်း တုတ်နဲ့အားပါးတရလွှဲရိုက်လိုက်တော့ ခံစားမိတာက ဖွယ်တယ်တယ် ပျော့စိစိနဲ့ ဟိုခေါင်းအုံး ထက်ပိုပျော့တဲ့ သားရေအစားမျိုးဗျာ။ ခဏပဲ အဲဒီဟာကြီး ဒုန်းဒုန်းဆိုပြီးတော့ နောက်ပြန် လှည့်ပြေးရောဗျာ။ 


ကျွန်တော်နဲ့ ကိုစိုင်းလည်း ရောင်တောင်ပေါင်တောင်နဲ့ နောက်ကနေ တုတ်နဲ့လိုက်ရိုက်မိ တယ်ဗျ။ တံခါးဝနားရောက်တော့ မိပြီအသေပဲဆိုပြီး အားရပါးရလွှဲရိုက်လိုက်တာ လားလား ဒုံး၊ခွမ်းဆိုပြီး တံခါးကိုပဲရိုက်မိတယ်ဗျ။ ဟိုကောင်ကြီးတော့လစ်ပြီ။ ကျွန်တော်နဲ့ ကိုစိုင်းလည်း ခဏတော့   ကြောင်နေမိသေးတယ်ဗျ။ နောက်မှသေချာကြည့်မိတော့ အခန်းတံခါးက ပိတ်ရက် သား ကြီးဗျ။ တံခါးကိုဘယ်လိုလူကဖောက်ဝင်လို့ရမှာလဲ၊ ဒါ သူရဲဆိုပြီး ကပ္ပလီမ ကတော့ သတိ တက်တချက်၊ ရတချက်နဲ့ မနဲကိုခြေမချိုးပြီး နှာနှပ်ယူထားရတယ်။ ကျွန်တော် နဲ့ ကိုစိုင်းလည်း ကြက်သိမ်းတွေထ အခုမှကြောက်စိတ်ဝင်ပြီး တုတ်ကိုယ်စီကိုင်ရင်း မျက်လုံးကြောင်တောင်နဲ့ မနက်မိုးလင်းခဲ့ရတာပေါ့ဗျာ။

မနက်မိုးလင်းတော့ သူဌေးကိုဖုံးဆက် ငါတို့ဒီမှာမနေနိုင်တော့ဖူး သူရဲချောက်တယ်ပို့ဗျာ။ သိပ်မကြာဖူး သူဌေးရဲ့ညီရောက်လာတယ်။ မျက်နှာကစပ်ဖြဲဖြဲနဲ့။ တော်တော်သောက်ကျင့် မကောင်တဲ့ကောင်တွေဗျာ၊ နောက်မှသိရတာက အဲဒီအပေါ်ထပ်မှာဘယ်သူမှမနေရဲကြောင်း၊ သူစိမ်းဆိုရင် ပိုနှေခြောတ်ကြောင်း၊ စုန်းစုပ်တတ်ကြောင်းတွေပါ။ ကျွန်တော်တို့ လည်းအဲဒိ ညနေပဲ မန်နေဂျာလာခေါ်လို့ ပို့ဒဇင်ကမ်းခြေ (PD)ကို ခရီးဆက်ခဲ့ရပါတော့တယ်။

နားပါအုံးမည်။
ကလောင်သစ် :) @
သလ္လာဝတီ အွန်လိုင်းစွယ်စုံကျမ်း

ဂေါတမမြတ်စွာဘုရားဟာ ကုလားလူမျိုးတစ်ဦး ဟုတ်ပါသလား

အခုတလော ( အခုတလောလို့သာ ပြောတာပါ... ဒီစကား ဒီလေတွေကို ဟို long long ago ထဲက နားခါးနေခဲ့တာ ကြာပါပြီ) အဲ... ထားပါတော့လေ... အခုတလော Facebook မှာရော... အပြင်ပတ်ဝန်းကျင်မှာပါ ဗုဒ္ဓဘာသာ အကြောင်းကို မသိကြတဲ့ ဘာသာခြားတစ်ချို့က ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ကိုးကွယ် ရာ ဂေါတမမြတ်စွာဘုရားကို ကုလားတစ်ယောက်ဖြစ်ပါတယ်လို့ ပြောနေတဲ့အကြောင်းပါ... 

ဗုဒ္ဓဟာ ကုလားပြည်သား ( Indians ) ဖြစ်တယ်ဆိုတာနဲ့ ပက်သက်ပြီး ပြောချင်ပါတယ်။ ဘုရားဟောကျမ်း များအရရော၊ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးက လက်ခံ၊ အတည်ပြုထားကြတဲ့ သမိုင်းအထောက်အထား များအရရောဆိုရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို  ခရစ်တော်မပေါ်မီ ဘီစီ ၅၆၃ ခုနှစ်မှာ ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးရဲ့ မိဖုရားခေါင်ကြီး သီရိမဟာမာယာဒေ၀ီက ကပိလ၀တ်ပြည်နဲ့   ဒေ၀ဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ် (ယခု နီပေါနိုင်ငံ) မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် အိန္ဒိယနိုင်ငံမှာ ကပိလ၀တ်ပြည်၊ ဒေ၀ဒဟပြည်၊ ရာဇဂြိုဟ်ပြည်၊ ဝေသာလီပြည်အစရှိတဲ့ မြို့ပြနိုင်ငံငယ်လေး များကို ထွန်းကားနေတဲ့အချိန်ဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ကို အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်တွေဟာ သကျသာကီဝင်လူမျိုးတွေဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ဟာ ယခုအိန္ဒိယနိုင်ငံမှာ ပါတယ်ဆိုတိုင်း ကပိလ၀တ်ဘုရင်ကလည်း အိန္ဒိယအမျိုးသားကြီး (၀ါ) ကုလားကြီးဆိုရင် မှားပါလိမ့်မယ်။


သကျသာကီဝင်အမျိုးဆိုတာဟာ ယခုခေတ်အိန္ဒိယနိုင်ငံရှိ အမျိုးအားလုံးနဲ့ မရောယှက်ပဲ ထိုခေတ်ထိုအခါကတည်းက သီးသန့် တစ်သွေးတစ်သားကို အလေးထားထိန်းသိမ်းခဲ့ကြသော မြင့်မြတ်တဲ့အမျိုးအနွယ်တွေဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ထိန်းသိမ်းသလဲဆိုရင် သကျသာကီဝင် မင်းမျိုးတွေဟာ တခြားအမျိုးအနွယ်တွေနဲ့ သွေးနှောမှာစိုးလို့ ကိုယ့်မောင်နှမ၀မ်းကွဲကိုသာ ပြန်ယူတဲ့အထိကို အမျိုးအနွယ်ကိုချစ်မြတ်နိုးစောင့်ရှောက် သန့်စင်စေသူများဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဗုဒ္ဓရှင်တော် ပွင့်တော်မူတဲ့ကာလက အိန္ဒိယပြည်မှာ ဇာတ်ခွဲခြားမှုစနစ်ရှိပါတယ်။ ခတ္တိယ၊ ဗြဟ္မဏ၊ ဝေဿ၊ သုဒ္ဓ ဆိုတဲ့ အမျိုးဇာတ် လေးပါးထဲမှာ ဗုဒ္ဓရှင်တော်ဟာ တိုင်းသူပြည်သားအပေါင်းတို့ ရိုသေလေးမြတ်ရာ ထိပ်ဆုံးက ခတ္တိယအမျိုးထဲမှာပါပါတယ်။

 ဒီအမျိုးဇာတ်လေးပါးထဲမှာ နောက်ဆုံးအမျိုးဖြစ်တဲ့ သုဒ္ဓဆိုတဲ့အမျိုးဟာ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါက အနိမ့်ဆုံးဇာတ်နိမ့်အမျိုးတွေဖြစ်ကြပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ အများစုနေထိုင်ကြတဲ့ အိန္ဒိယ တိုင်းရင်းသားများ ( Original ethnics) ဖြစ်ပါတယ်။ သူတို့ကိုမြန်မာတွေက ကုလားလို့လွယ်လင့်တကူခေါ်ကြတာဖြစ်ပါတယ်။(ဒါပေမယ့် ယခုအချိန်မှာတော့ ပွင့်လင်းလေးစားလာသော လူ့အဖွဲ့အစည်းများက အမျိုးဇာတ်ခွဲခြားမှုကို ကန့်ကွက်ကြလို့ တိုင်းရင်းသားအချင်းချင်းအတူတူဖြစ်ပါတယ်... ဟိုခေတ်အခါကတော့ အမျိုးဇာတ်ချင်း ခွဲခြားထားတာဖြစ်ပါတယ်။)

နောက်တစ်နည်းနဲ့တွက်ချက်မယ်ဆိုရင် ယခုခေတ်သမိုင်းသုတေသီများနဲ့ မနုဿာဗေဒပညာရှင်များ အလိုအရ ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်တော်မူစဉ်က ထိုနယ်ထိုဒေသမှာနေကြတဲ့ လူမျိုးနွယ်တွေအားလုံးဟာ မွန်ဂိုမျိုးရင်းမှဆင်းသက်လာကြတဲ့ Mongoloid အနွယ်ဝင်တွေဖြစ်ပါတယ်။ ယခုခေတ် လူမျိုးနွယ်ခွဲခြားမှုအရဆိုရင် လူဖြူမျိုး ( Caucasians)၊ လူဝါမျိုး ( Mongoloids) နဲ့ လူမည်းမျိုး ( Negroids)ထဲမှာမှ လူဝါမျိုး (Mongoloid) ထဲမှာပါဝင်တဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်လက်ထက် ဇာတ်မြင့်လူတန်းစားသုံးမျိုးဖြစ်တဲ့ မင်းမျိုး (ခတ္တိယ)၊ ပုဏ္ဏားမျိုး (ဗြဟ္မဏ)၊ ကုန်သည်မျိုး (ဝေဿ) ဆိုတဲ့အမျိုးတွေက ဥရောပတိုက် အရှေ့ပိုင်းက ပြောင်းရွှေ့လာကြတဲ့ Caucasians မျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟာ လူဝါမျိုး (Mongoloid) သော်လည်းကောင်း၊ လူဖြူမျိုး ( Caucasians) သော်လည်းကောင်း၊  အဆိုပါအရင်းအမြစ်တစ်ခုခု က ပွင့်ထွန်းပေါ်ပေါက်တော်မူလာတာဖြစ်ပါတယ်။ ဘာသာရေးကို ထဲထဲဝင်ဝင်နားလည်ခြင်းမရှိပဲ အပေါ်ယံလေ့လာသူများပြောသလို ကုလားပြည်က ကုလားဘုရင်ကြီးနဲ့ ကုလားမိဖုရားကြီး ထိမ်းမြားကြလို့ ထွက်လာတဲ့ ကုလားလူမျိုး၊ ကုလားမင်းသားလေးမဟုတ်ပါ။
အလွန်အင်မတန် အထက်တန်းကျ၊ အမျိုးဂုဏ်မာန် မြင့်မြတ်တော်မူတဲ့ လူဝါမျိုးနှင့် လူဖြူမျိုးအရင်းအမြစ်ခံ သကျသာကီဝင်ခတ္တိယမင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသော သာကီဝင်မင်းသွေးစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများကလည်း ဗုဒ္ဓရှင်တော်ကို ဘုရင့်သားတော်ဖြစ်လို့၊ မြင့်မြတ်လို့၊ တန်ခိုးအာဏာကြီးမားခဲ့လို့၊ ဈာန်အဘိညာဉ်နဲ့ပြည့်စုံလို့ ကယ်မခြင်းခံရအောင်၊ ကောင်းချီးပေးခြင်းခံရအောင် ကိုးကွယ်ဆည်းကပ်တာမဟုတ်ပဲ ကျွန်တော်တို့ကို ဘယ်ဟာကောင်းသလဲ၊ ဘယ်ဟာမကောင်းဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် လမ်းညွှန်ပြသဆုံးမပေးတဲ့ ဆရာတစ်ယောက်အဖြစ်၊ လူနတ်ဗြဟ္မာ လောကီစည်းစိမ်ချမ်းသာတို့အားလုံးထက် သာလွန်မြင့်မြတ်တဲ့ နိဗ္ဗာန်တည်းဟူသော အမတသုခကို ပို့ဆောင်ပေးတော်မူတဲ့ ကျေးဇူးရှင်တစ်ပါးအဖြစ် ရိုရိုသေသေ၊ ယုံယုံကြည်ကြည်၊ ချစ်မြတ်နိုးစွာနဲ့ ကိုးကွယ်ဆည်းကပ်ကြတာဖြစ်ပါတယ်။ ကြောက်လို့လည်းမဟုတ်၊ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာလည်းမမည်သလို အားနာခြင်းလည်းမပါပါ။ ယခုခေတ်နိုင်ငံရေးစကားနဲ့ ပြောရလျှင် ဘာသာရေးခေါင်းဆောင်တွေအများကြီးထဲမှာမှ ရှင်တော်ဘုရားရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ကြိုက်လို့ကို မဲပေးလိုက်ခြင်းရယ်ပါ။ ဘာသာတရားများကို လေးစားတန်ဖိုးတတ်ပါစေခင်ဗျာ...
^_^
( စာရေးသူ၏ ဆုတောင်း။ ။ ဤသို့လျှင် မြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းဖေါ်ထုတ်ပူဇော် သောကုသိုလ်ကံကောင်းမှု၏ အဖို့ဘာဂကြောင့် နောင်ဖြစ်လေရာဘ၀တို့တွင် ကြီးမြတ်သော၊ နက်နဲသော၊ အတုမရှိသော၊ လူနတ်ခပ်သိမ်း ချစ်ခင်ရိုသေသော၊ မဟာပထ၀ီမြေအထုရှိသော ပညာဥာဏ်နှင့်ပြည်စုံသည့် သူတော်ကောင်း အာဇာနည်ယောက်ျားကောင်းယောက်ျားမြတ်၏ အဖြစ်သည် မလွဲဧကန် ရလိုရောက်လိုဖြစ်ရပါလို၏ အရှင်ဘုရား။)
 
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူရာ နေရာ
 
ဂန္ဓာရတိုင်း (ယခု ပါကစ္စတန်နိုင်ငံ) မှဗုဒ္ဓဆင်းတုတော်မြတ် ( ယခုအခါ England နိုင်ငံ၊ London မြို့ရှိ Albert Museum တွင်ပြသထားပါသည်။)
 
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှ ဆင်းတုတော်မြတ်

 
ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် ၊သောကြာနေ့ဝယ် ဒေ၀ဒဟပြည်နှင့် ကပိလ၀တ်ပြည်၏အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူပုံ။
 
ဘုရားအလောင်းတော်မြတ် ဖွားမြင်တော်မူပြီး ခြေတော် ခုနစ်လှမ်းလှမ်းကြွတော်မူပုံ။


မူရင်းလင့် 
 

Sunday, June 2, 2013

ဝါးခယ်မမြို. ဈေးကျောင်းဆရာကန်တော.ပွဲ




ဝါးခယ်မမြို့ ဈေး အ.မ.က(ဈေးကျောင်း / တရုပ်ကျောင်း )တွင် ပညာ သင်ကြားပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများ၏ ကျေးဇူးကိုတုန့်ပြန် သောအားဖြင့် တပည့်ကျောင်းသား ကျောင်းသူများမှစုပေါင်း၍ အာစရိယ ပူဇော်ပွဲကို ၂၃.၆.၂၀၁၃ (တနင်္ဂနွေ...နေ.) တွင်ကျင်းပပြုလုပ်မည်ဖြစ် ပြီး အလှုငွေ ရရှိမှုအပေါ် မူတည်ကာ ဆရာ တစ်ဦးလျှင်အနည်းဆုံး ငွေသား ၅သိန်းခန်. ပူဇော်ကန်တော.ရန် ဆန္ဒရှိကြသည်ဟု သိရပါသည် ။

ဆရာကန်တော.ပွဲကို နှစ်စဉ် (သို.) အကြိမ်များစွာ ပြုလုပ်နိုင်ရန် လောလောဆယ် အခက်အခဲအချို.ရှိနေသောကြောင်. ယခုကျင်းပနိုင်ချိန်တွင် ကျောင်းသားဟောင်း အားလုံး တက်ရောက်ခြင်း..အလှုငွေများ တတ်စွမ်းသမျှ ထည်.၀င်ခြင်းဖြင်. တာဝန်သိတတ်စွာ ကျေးဇူးဆပ်နိုင်ခွင်.ရရှိစေရန် နှိုးဆော်အပ်ပါသည် ။ယခုဆိုလျှင်ပင် ကန်တော.ရန် ဆရာကြီး / ဆရာမကြီး ( ၈ ) ဦးသာ ကျန်ပါတော.သည် ။နောင်မည်သည်.နှစ် ကျင်းပနိုင်မည် (လောလောဆယ်အစီအစဉ်အရ )မသေချာသလို ထိုကျင်းပနိုင်ချိန်တွင်လည်း လောကသဘောအရ ထိုဆရာဘယ်နှစ်ယောက် အကန်တော.ခံနိုင်မည် ဆိုသည်က မည်သို.မျှမသေချာပါ ။

မူလတန်းဆရာ /ဆရာမ ဆိုသည်က ကလေးလည်းထိန်းရ စာလည်းသင်ရ တကယ်တော. တော်ရုံစေတနာ ၀ါသနာဖြင်.တော. လွယ်ကူခဲ့သော အလုပ်မဟုတ်သည်ကို အားလုံးသိကြပါလိမ်.မည် ။ သူတို.ကို မိမိတို.၏ ဒုတိယ လက်ဦးဆရာများအဖြစ် သတ်မှတ်ရမည်ဖြစ်ပါသည် ။ သူတို.၏သွန်သင်ပြသ ဆိုဆုံးမမှု အခြေခံသည် တစ်ဘ၀လုံး ပညာသင်ကြား နေထိုင်နိုင်ရေးအတွက် အဓိကအကျဆုံး အုတ်မြစ်လည်းဖြစ်သည် ။ အမြို.မြို. အရွာရွာတွင် ကျင်းပသော တက္ကသိုလ် ဆရာကန်တော.ပွဲများ အထက်တန်းကျောင်းဆရာကန်တော.ပွဲများက ခမ်းနားစည်ကားသိုက်မြိုက်နေချိန် ဒေသအနှံ.ရှိ မူလတန်းကျောင်းဆရာ/ဆရာမများ ခမျာတော. နှစ်စဉ်ဝေးလို. နှစ်နှစ်တစ်ခါ ဆိုတာတောင် သိပ်မျှော်လင်.နိုင်ခဲ့ကြသည် မဟုတ်သလို ရုပ်မြင်သံကြားတွင်ပြသမျှ ဆရာကန်တော.ပွဲများ၌လည်း ခမ်းနားစည်ကားလှသော မူလတန်းကျောင်းဆရာကန်တော.ပွဲဆိုသည်က (သတိမထားမိ၍လားတော.မသိ ) အမှတ်ထင်ထင် မမြင်ဖူးခဲ့

ယခုတော. ငယ်စဉ်ကလေးဘ၀ ကရိကထ ဒုက္ခ ပေါင်းစုံခံကာ သင်ကြားပြသ ဆိုဆုံးမ ပေးခဲ့ကြသော ဆရာအို...ဆရာမအို တို.ကို ကန်တော.ခွင်.ရကြတော.မည်ဖြစ်သည် ..

အကန်တော.ခံဆရာစာရင်းမှာ
၁.ဆရာ ဦးဇော်ဝင်း
၂.ဆရာမ ဒေါ်ခင်သန်းရှင်
၃.ဆရာမ ဒေါ်လေးပု
၎.ဆရာမ ဒေါ်ခင်ခင်
၅.ဆရာမ ဒေါ်စန်းစန်း
၆.ဆရာမ ဒေါ်ဌေး
၇.ဆရာမ ဒေါ်ခင်စောတင့်
၈.ဆရာမ ဒေါ်အုန်းမြ

တို့ဖြစ်ကြပါသည်။

ကျောင်းသားဟောင်းအားလုံးပါဝင်လှုဒါန်း ခြင်း....ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခြင်း...သိမှီသမျှ သူငယ်ချင်းများကိုလည်း အသိပေးဖြန်.ဝေခြင်း စသည်တို.ဖြင်. ဆရာကန်တော.ပွဲ စည်ကားစွာဖြစ်မြောက်ရေး ပါဝင်ကူညိနိုင်ကြပါသည်..ကျောင်းသူ ကျောင်းသားများအနေဖြင်. နှစ်အကန်.အသတ်မရှိပဲ တက်ရောက်ခဲ့ဖူးသော ကျောင်းသားဟောင်းအားလုံး ပါဝင်လိုသူ မည်သူမဆို ပါဝင် တက်ရောက်လှုဒါန်းနိုင်ပါသည်....

Data & Photo by KyawMin Ko & Dr Aye Aye Myint.

ဂရပ်ဖစ်တီရေးဆွဲသူ အာကာကျော်နှင့် တွေ့ဆုံခြင်း

အာကာကျော်
 မြန်မာ နိုင်ငံတွင် နံရံများပေါ် မှုတ်ဆေး သုံး၍ ဂရပ်ဖစ်တီ အနုပညာ (Graffiti) ဖြင့် ပန်းချီရေးဆွဲ မှုများကို လူအများစု မသိကြ သေးပါ။ သိသိသာသာ မြင်တွေ့လာရ သည်မှာလည်း မကြာသေး။ ရေးဆွဲသူ များလည်း အများအပြား မရှိသေး။ တချို့က အဖွဲ့လိုက် ရေးဆွဲသည်။ တချို့က တစ်ဦးချင်း ရေးသည်။ ယင်းသို့သော ရေးဆွဲသူ အနည်းငယ်ထဲတွင် အမေရိကန်သမ္မတအိုဘားမား၏ ပုံတူကို ဂရစ်ဖစ်တီအနုပညာဖြင့် ရေးဆွဲခဲ့ရာမှ လူအများ သတိထားမိလာသူ လူငယ်ဂရပ်ဖစ်တီပညာရှင် အာကာကျော်၏ ဂရပ်ဖစ်တီ အနုပညာကို လေ့လာခဲ့ပုံ၊ အထင်ကရ ခေါင်းဆောင်များ၏ ပုံတူများကို ရေးဆွဲဖြစ်သည့် ရည်ရွယ်ချက်၊ ဆက်လက် ဖန်တီးမည့် အနုပညာ လက်ရာများ၊ ရေးဆွဲရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် ၄င်း၏ ရှုမြင်ပုံတို့မှာ ဤသို့ ...။

Voice : ဂရပ်ဖစ်တီဆိုတဲ့ အနုပညာကို ဘယ်အချိန်တုန်းက စပြီးထိတွေ့မိ ခဲ့တာလဲ။
AKK : စပြီး ထိတွေ့တာက ၂၀၀၆၊ ၂၀၀၇ လောက်ကပေါ့၊ ကျွန်တော်ကိုးတန်း နှစ်လောက်မှာ စတွေ့ခဲ့တာ။ အဲ့ဒီတုန်းက မြန်မာနိုင်ငံကို ရောက်လာတဲ့ ဟစ်ဟော့ သီချင်းတွေရဲ့ MTV တွေမှာ စတွေ့တယ်။ သူငယ်ချင်းတွေ တော်တော်များများ ကလည်း အဲ့ဒီအချိန်မှာ ဂရပ်ဖစ်တီတွေ ဆွဲနေကြပြီ။ ကျွန်တော်ကတော့ အွန်လိုင်းကပဲ လေ့လာ ဖြစ်သွားတာပါ။ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ဆရာရယ်လို့တော့ မရှိပါဘူး။ အင်တာနက် ကနေပဲ လေ့လာခဲ့တာပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက ပန်းချီရေးတော့ နည်းနည်း အဆင်ပြေသွားတာပေါ့။

Voice : အင်တာနက်က လေ့လာတဲ့ နေရာမှာ ဘယ် Website တွေကနေ အဓိကလေ့လာခဲ့လဲ။
AKK : အဲ့ဒီတုန်းကတော့ ကျွန်တော်က အမြင်နဲ့ပဲ လေ့လာခဲ့ရတာပေါ့။ အင်တာနက် ကလည်း Google လောက်ပဲ သုံးတတ်သေးတာ ဆိုတော့ Google မှာ Graffiti လို့ ရိုက်ထည့်လိုက်ပြီး ပေါ်လာတဲ့ ပုံတွေကြည့်တယ်၊ အဲ့ဒီပုံတွေကို ရအောင် ကူးဆွဲတယ်။ အခုနောက်ပိုင်းတော့ နိုင်ငံတကာမှာ ဘယ်လိုတွေ ဆွဲနေကြတယ် ဆိုတာကို youtube မှာကြည့်ပြီး လေ့လာတယ်။

Voice : ဂရပ်ဖစ်တီနဲ့ပတ်သက်ပြီး အာကာကျော်ရဲ့ ပထမဆုံးလက်ရာက ဘာများဖြစ်မလဲ။
AKK : ကျွန်တော်စဆွဲခဲ့တဲ့ ပထမဆုံး လက်ရာကကြာပြီဗျ။ ဒီရွှေဂုံတိုင် နားမှာပဲ။ ဆေးဘူးနှစ်ဘူးရယ်၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော့် နာမည်ကို ဆွဲခဲ့တာ။



Voice : သမ္မတအိုဘားမား မြန်မာနိုင်ငံ မလာခင် သူ့ရဲ့ပုံတူကို ဆွဲခဲ့သေးတယ်နော်၊ အဲ့ဒီအကြောင်း ပြောပြပေးပါဦး။
AKK : အိုဘားမားပုံကို မဆွဲခင် ကျွန်တော် ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ဆွဲခဲ့ သေးတယ်။ အိုဘားမားပုံ ကတော့ သူဒီကို လာမယ်ဆိုတဲ့ သတင်းက ကမ္ဘာမှာပျံ့နေတော့ ကျွန်တော့်အစ်ကိုနဲ့ တိုင်ပင်ကြည့်တယ်။ အစ်မတစ်ယောက်ကလည်း အကြံပေးတာနဲ့ ဒီပုံကို ဆွဲဖြစ်တာပါ၊ ကျွန်တော်တို့ နိုင်ငံက သူ့ကို ကြိုဆိုတယ်ဆိုတာ ပြတဲ့ အနေနဲ့ပေါ့ဗျာ။

Voice : ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပုံက ဘယ်တုန်းလောက်က ဆွဲခဲ့တာလဲ။
AKK : အဲ့ဒါကကြာပြီဗျ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဆွဲခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည် ပုံက အိမ်တစ်အိမ် ထဲမှာ ဆွဲခဲ့တာဆိုတော့ လူတွေသိပ်မသိ လိုက်ဘူး။ အဲ့ဒါ အခုရှိရင် ရှိနိုင်သေးတယ်။ ဦးသိန်းစိန်ပုံ ကတော့ ကမ်းနားလမ်းမှာ ဆွဲခဲ့တာ။ ကျွန်တော် မနက်ဆွဲတယ်၊ မနက်ပိုင်းမှာပဲ ဖျက်ခံရတယ်။ ဒီပုံနှစ်ခု လုံးက ညဖက်နှစ်နာရီ၊ သုံးနာရီလောက် မှာ ကျွန်တော်နေရာ လျှောက်ရှာပြီး ဆွဲခဲ့တာပါ။



Voice : ကိုယ်ဆွဲချင်တဲ့ အကြောင်းအရာ ရလာပြီဆို ဒီပုံတွေဆွဲဖို့ နေရာကျတော့ ဘယ်လိုရွေးချယ်လဲ၊ အချိန်ဘယ်လောက် ပေးရလဲ။
AKK : နေရာကတော့ ပုံဆွဲမယ့်နံရံပေါ် မူတည်တာပေါ့။ ဆေးအရမ်း စုပ်တာတို့ ဘာတို့ ရှိတော့လေ။ ဆေးသုတ်ထားတဲ့ နံရံတွေ များတယ်။ ပုံဆွဲတာကတော့ လူရှင်းတဲ့ အချိန်တွေ ဆွဲဖြစ်တယ်။ အချိန်ကတော့ အိုဘားမားပုံ ဆွဲတုန်းကဆို နှစ်နာရီလောက် ပေးရတယ်။

Voice : ပုံတွေ ဆွဲတဲ့အခါ အာကာကျော် တစ်ယောက်တည်း ဆွဲခဲ့တာလား။ ဘယ်သူ တွေက ကူညီကြသေးလဲ။
AKK : ကျွန်တော်နဲ့အတူ သုံးလေးယောက်လောက်တော့ ပါတယ်။ အဓိကက ကျွန်တော့် အစ်ကိုပါတယ်။ သူတို့ကဘေးကနေ အခြေအနေ စောင့်ကြည့်ပေးတယ်၊ ဥပမာ - ရဲလာပြီဆို ပုန်းလို့ရအောင် ကြည့်ပေးကြတယ်။ အန္တရာယ် ဖြစ်မှာတော့ စိုးရိမ်တာပေါ့နော်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ဖြေရှင်းမယ်လို့ တွေးပြီး လုပ်ခဲ့တာပါ။



Voice : အခု ဒုတိယတစ်ခေါက် သမ္မတ ဦးသိန်းစိန်ပုံကို ဆွဲဖြစ်တာက ဘာကြောင့်လဲ။
AKK : သမ္မတကြီးကို ကျွန်တော်တို့ လူငယ်တွေကအစ လက်ခံတယ်ဆိုတဲ့ သဘောပါ။ သမ္မတကြီးက နိုင်ငံအတွက် အများကြီး လုပ်ပေးနေတယ်။ ဒီမိုကရေစီ လမ်းကြောင်းကို ဖြည်း ဖြည်းချင်း သွားနေတယ်။ အဓိကကတော့ ကျွန်တော်ဆို သမ္မတကြီးမွေးနေ့ကို သိတာ မကြာသေးဘူး၊ ကျွန်တော့်လိုပဲ ကိုယ့်နိုင်ငံ သမ္မတရဲ့ မွေးနေ့ကို လူတိုင်းသိစေချင်တယ်။ ဒီပုံဆွဲဖို့ ရွေးလိုက်တဲ့ နေရာကလည်း အဲ့ဒီဘက် က မနက်စောစော ရုံးတက်ပြီဆိုတာနဲ့ မြောက်ဥက္ကလာကလာတဲ့ လူတွေလည်း ရှိတယ်။ လူတွေအကုန်လုံး လှမ်းကြည့်လိုက် တာနဲ့ ဒီနေ့သမ္မတမွေးနေ့ ဆိုတာ သိစေချင်တဲ့ အတွက်ပါ။

Voice : ဒီပုံဆွဲဖို့အချိန် ဘယ်လောက် ယူခဲ့ရလဲ။
AKK : အဲ့ဒီပုံစဆွဲတာ အရမ်းနောက် ကျတယ်ဗျ၊ မနက် လေးနာရီလောက်ပေါ့။ လူတွေတောင် နည်းနည်းစည်နေပြီ၊ ကျွန်တော်ကြောက်လည်း ကြောက်တယ်၊။ အဲ့ဒီနားမှာ ဆိုင်ကယ် အရမ်းဖြတ်တော့ တော့်တော့်ကို ကြောက်ပြီးဆွဲလိုက်တာ ဆိုတော့ ပုံက Quality သိပ်မကောင်း လိုက်ဘူး။

Voice : သမ္မတကြီးပုံကို ဆွဲပြီး ဘယ်အချိန်လောက်မှာ အဖျက်ခံရတာလဲ။
AKK : နေ့လယ်တစ်နာရီလောက်မှာ လာဖျက်သွားတာပါ။

Voice : အာကာကျော် ဂရပ်ဖစ်တီ စဆွဲ တုန်းက ကျောင်းသားအရွယ်ပဲ ရှိသေး တာဆိုတော့ မှုတ်ဆေးဖိုးတွေ ဝယ်ဖို့ အခက်အခဲ ကြုံခဲ့ရတာရှိလား။
AKK : ကျွန်တော့် သူငယ်ချင်းတွေက ပုံဆွဲဖို့ ဆေးဘူးတွေ ဝယ်ပေးတယ်။ အဲဒီတုန်းက ကျွန်တော် ဒီလောက်ကြီး မဆွဲဖြစ်ဘူး။ ဆွဲဖြစ်လည်း စာအုပ်ထဲမှာပဲ ဆွဲတာ များတယ်၊ အပြင်မှာမဆွဲဖြစ်ဘူး။ အခုကတော့ ပုံဆွဲလို့ရတဲ့ငွေနဲ့ ကိုယ့်ဟာကိုယ် ဆေးဘူးတွေဝယ်ပြီး ဆွဲတယ်။

Voice : အာကာကျော်ရဲ့ ဇာတိက ဘယ်ကလဲ။ ပညာရေးပိုင်းကရော ဘယ်အထိ ရောက်နေပြီလဲ။
AKK : ကျွန်တော်ရဲ့ ဇာတိက ထားဝယ် ကပါ။ ပညာရေးကတော့ အနုပညာ တက္ကသိုလ်မှာ ပန်းချီမေဂျာ တက်တယ်။ စာမေးပွဲကျတော့ ကျောင်းထွက်ပြီး ခဏ နားထားတယ်။

Voice : စိုင်းစိုင်းမွေးနေ့ ရှိုး Billboard ကို ညီလေး ဆွဲတာလို့ကြားတယ်။ အရင်တုန်း ကတော့ ဝါသနာအရ ဆွဲတာပေါ့။ အခုက ဂရပ်ဖစ်တီနဲ့ ပတ်သတ်ပြီး Professional အဖြစ် ရပ်တည်သွားတော့မှာလား။
AKK : စိုင်းစိုင်းမွေးနေ့ရှိုး အပြင် ရန်ကုန် Expo 2013 အတွက် နောက်ခံ Background ကို လည်းဆွဲဖြစ်တယ်၊ Professional အဖြစ်ရပ်တည်ဖို့တော့ ဆုံးဖြတ်ထားပေမယ့် ကျွန်တော်က ဒီအဆင့် မရောက်သေးပါဘူး၊ ကြိုးစား နေတုန်းပါပဲ။ ကျွန်တော်က ဂရပ်ဖစ်တီကို မေဂျာအဖြစ် ထားခဲ့တာတော့ မဟုတ်ဘူး၊ ဝါသနာအရသာ ဆွဲခဲ့တာပါ။ ကျွန်တော် ငယ်ငယ်တည်းက ရူးရူးသွပ်သွပ် လုပ်နေတာ က ပန်းချီကားတွေ ရေးတယ်။ ဂရပ်ဖစ်တီ မဆွဲခင် ကတည်းက ပန်းချီကားတွေ အိမ်မှာ ရေးပြီးစုနေတယ်။ ကျွန်တော့်ရဲ့ Solo ပန်းချီ ပြပွဲကို ဒီနှစ်ထဲမှာ လုပ်ဖို့ကြိုးစားနေတယ်။ ဆွဲပြီးသား ပန်းချီကားက နှစ်ဆယ်ကျော် လောက်တော့ ရှိတယ်။ ဒီကားတွေထဲမှာ ဂရပ်ဖစ်တီနဲ့ ပတ်သက်တာတွေ ပါမယ်။ ပြီးတော့ Creation အဆန်းလေးတွေ လုပ်ထားတာရှိတယ်။

Voice : ဂရပ်ဖစ်တီပုံတွေကို ညဖက်မှာ အများဆုံးဆွဲဖြစ်တာ ဆိုတော့ ဘယ်လို အခက်အခဲ တွေကြုံရသေးလဲ။
AKK : ညဘက်က အခက်အခဲတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ရဲတွေဘာတွေ တွေ့မှာကြောက်တယ်၊ ကျွန်တော်ဂရပ်ဖစ်တီ ဆွဲတဲ့ အိမ်ရဲ့ပတ်ဝန်းကျင် တစ်ခုခုဖြစ်သွား မှာ ကြောက်တယ်။

ပထမအကြိမ် ပုံ

Voice : စည်ပင်က အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ဂရပ်ဖစ်တီ မဆွဲရဘူးလို့ ဥပဒေ ထုတ်ထားတဲ့ အပေါ်ဘယ်လိုမြင်လဲ။
AKK : ဒါကသူတို့ဘက်က ကြည့်ရင်တော့ လုပ်သင့်ပါတယ်။ ကျွန်တော်တို့ဘက် ကလည်း ပုံဆွဲတဲ့နေရာမှာ ဖျက်လိုဖျက်ဆီးတော့ မလုပ်သင့်ဘူးပေါ့။ ဂရပ်ဖစ်တီဆွဲဖို့ အတွက် နေရာတစ်ခုတော့ သတ်မှတ်ပေး စေချင်တယ်။ ဒါပေမဲ့ နေရာပေးလိုက်ရင်လည်း ဒါနဲ့ပတ်သက်ပြီး Side Effects တွေ ရှိလာနိုင်တယ်။ ကျွန်တော်ဆွဲထားတဲ့ ပုံပေါ်မှာ တစ်ယောက်က ထပ်ဆွဲရင် ပြဿနာ တက်လာနိုင်တာတွေ ရှိတယ်။ နေရာလုရတာတွေ ရှိလာမယ်။ ဘာလုပ်လုပ် အဆင်ပြေမှာ မဟုတ်ဘူး။ အဲ့ဒီအတွက် ခိုးဆွဲနေရတာပဲ ကောင်းပါတယ်။

Voice : ကိုယ်ပုံတွေ ခိုးဆွဲတဲ့အိမ်တွေကို သူတို့အိမ်မှာ ဒီလိုပုံတွေ လာဆွဲတာကို ကြိုက်ချင်မှ ကြိုက်မှာလေ၊ ပုံတွေမဆွဲခင် ဒီအချက်ကိုရော တွေးမိလား။
AKK : တွေးတော့ တွေးမိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဟာကိုယ် မြှောက်ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်က လှအောင်ပဲ လုပ်တာ။ ကျွန်တော်ဆွဲထားတဲ့ပုံက နည်းနည်းကြည့်လို့ ကောင်းနေရင်တော့ အဲဒီအိမ်က ပုံဆွဲသွားလို့ နည်းနည်းတော့ ဒေါသထွက်မယ်။ ဒါပေမဲ့ အိမ်ရှင်တွေက ပုံကကြည့်လို့ရလို့ တော်သေးတယ်ဆိုတာ မျိုးဆို ကျွန်တော် ကျေနပ်ပါတယ်။

Voice : အခုအာကာကျော် ဂရပ်ဖစ်တီ ဆွဲခဲ့တဲ့သူတွေက အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်လေ။ သူတို့ပုံတွေကို ဆွဲဖို့ ရွေးချယ်ခဲ့တာက ဒီပုံတွေနဲ့တွဲပြီးကိုယ့် လက်ရာကို ပိုပြီး လူသိများလာမယ် ထင်လို့လား။
AKK : အဲလိုကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်က သူတို့ကို Appreciate လုပ်တာပါ၊ ပထမဆုံး စဆွဲတုန်းကဆို လူတွေက ကျွန်တော့်ကို အဲ့လိုထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်က ဖားတဲ့သဘောနဲ့ လုပ်တာ မဟုတ်ဘူး၊ ဘာမျှော်လင့်ချက်မှလည်း မရှိဘူး၊ ခုနောက်ပိုင်းဆွဲတဲ့ ပုံတွေမှာ ကျွန်တော့် နာမည်တောင် မထိုးတော့ဘူး။ ပထမဆုံး သမ္မတဦးသိန်းစိန်ပုံ စဆွဲတုန်းကဆို သူ နိုဘယ်လ်ဆု ရမယ်လို့ သတင်းကြားတယ်ဗျာ။ ဒါ ကိုယ့်နိုင်ငံသမ္မတ ဖြစ်တဲ့အတွက် ကျွန်တော်တို့က Appreciate လုပ်ရမှာ။ အဲဒီ့တော့ ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ပုံဆွဲလိုက်တာ။ အဲ့ဒါ ဆွဲပြီးတော့ ကျွန်တော် နာမည်နည်းနည်း ရလာတယ်။ အဓိက ကျွန်တော့်အစ်ကို မြှောက်ပေးတာလည်း ပါတယ်။ ဘာဖြစ်လဲ ဆွဲပေါ့။ ကျွန်တော်လုပ်တဲ့ပုံက ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ပုံတော့ ပေါက်ချင်ပေါက် နေမှာပေါ့ဗျာ။ 

By သန်.ဇင်ဦး  @

The Voice Journal
 
 From Yoyarlay .Com

Saturday, June 1, 2013

ကားလိပ်နောက်ကွယ်မှ တိုးတိုးတိတ်တိတ် ငိုရှိုက်သံများ (စပ်မျိုးစပါးတဲ့)


Add caption

၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ စံပြစိုက်ပျိုးရေးစက်မှု လယ်ယာအထူးဇုန်၊ ပင်လယ်ကိုးသွယ်ကုမ္ပဏီ၊ ပုလဲသွယ်စပ်မျိုး စပါးမျိုးစေ့ထုတ် စိုက်ခင်းမှာ ၀တ်မှုန်ကူးပွဲတော်ရှိတယ်

ဆိုတဲ့သတင်း ကြားလိုက်ရတယ်ဆိုရင်ပဲ သတင်းသမားပီပီ သတင်းယူဖို့
အပြေးအလွှား ရောက်ခဲ့ပါတယ်။
နံနက်ခင်းဖြစ်လို့ လေနုအေးလေးက ဖြည်းညှင်းစွာ တိုက်ခတ်ပြီး စပါးခင်းကြီး များကို ဖြတ်ကျော်သွားပါတယ်။စပါးပင် လေးတွေကလည်း လေညှင်းနဲ့အတူ
ဟိုယိမ်းသည်ယိမ်းနဲ့ ၀ဲယာလှုပ်ယမ်းနေလျက်ပါပဲ။
ပုလဲသွယ်စပ်မျိုးစပါး မျိုစေ့ထုတ် စိုက်ခင်းအလယ်တည့်တည့်မှာ “၀တ်မှုန် ကူးပွဲတော်”ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ၀င့် ကြွားစွာနေရာယူနေပါတယ်။ စိုက်ခင်းအ၀င်လမ်းတစ်လျှောက်မှာတော့ ရောင်စုံအလံများက
လေမှာတလွင့်လွင့်ထူလျှက် ပွဲတော်ကြီး၏ အင်္ဂါရပ်ကိုအားဖြည့်ပေးနေ ပါတယ်။ ပုလဲသွယ်စပ်မျိုးစပါးထုတ်လုပ် ရေးနည်းပညာပြ ရုပ်ပြဆိုင်း
ဘုတ်ကြီးများ ကလည်း လာရောက်အားပေးသူအပေါင်း အား လက်ကမ်း
ကြိုဆိုနေသလိုပါပဲ။ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းကြီးရဲ့ထိပ်မှာ အဖိုလိုင်း၊ အမလိုင်းဆိုသည့် အစိမ်းရောင်ဆိုင်းဘုတ်ငယ်များ တန်းစီ၍
စိုက်ထားသည်မှာ အစိမ်းရောင် စပါးခင်းကြီးနှင့် ပနံတင့်နေသလိုပါပဲ။

သေချာကြည့်သော်မှ အဖိုလိုင်းဆိုသည့် စပါးပင်များက မြင့်နေပြီး အမလိုင်းဟူသော စပါးပင်များက နိမ့်နေသည်ကို သတိပြုမိပါသည်။ ပညာရှင်မဟုတ်၍ ချက်ချင်း အဓိပ္ပာယ်မပေါက်ခဲ့၊ နောက်မှရှင်းပြသဖြင့် နားလည်သလိုလို ရှိခဲ့ပါတယ်။ မျှော်စင်ပေါ်မှတက်ပြီး လေ့လာကြည့်ရာ
တစ်မျှော်တစ်ခေါ် ရှုမျှော်မဆုံးတဲ့ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ကြီးကို ရှုမြင်ရတော့ အတော်အံ့သြသွား မိတယ်။ လေ့လာမေးကြည့်တော့ ဧက ၁၀၀ ကျော်စိုက်ထားတာတဲ့။ ရင်သပ်ရှုမောမိပြန်ပါတယ်။
လေ့လာစောင့်ကြည်နေရင်းဘဲ ၀တ်မှုန်ကူးပွဲတော်ကို လေ့လာဖို့ဖိတ်ကြား
ထားတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က လယ်သမားကြီးများနဲ့ ၀န်ထမ်းများ ၁၆၀ ကျော်က ကားများပေါ်မှ အလျှိုအလျှိုဆင်း လာကြပြီး မျိုးစေ့ထုတ်
စိုက်ခင်းကန်သင်း တစ်လျှောက်မှာ နေရာယူပြီး ကြည့်သူကြည့် လေ့လာသူ
လေ့လာနဲ့ ဖွေးဖွေးလှုပ် သွားပါတယ်။ မကြာမီမှာဘဲ ကုမ္ပဏီအဖွဲ့ အစည်းတွေ၊ တာဝန်ရှိသူတွေ၊ တိုင်းဒေသ ကြီးအဆင့် လူကြီးတွေ၊
ပြည်ထောင်စု အဆင့်တာဝန်ရှိ ပုဂ္ဂိုလ်ကြီးတွေ တဖွဲဖွဲ ရောက်လာကြတဲ့
အတွက် ကွင်းလုံးလျှံမျှ တိုးလို့မပေါက်လောက်အောင် စည်ကား သွားပါတယ်။

ပြည်ထောင်စုအဆင့် တာဝန်ရှိလူကြီးများက လက်ကိုင်အော်လံအသေးများနဲ့ တစ်ယောက်ပြီးတစ်ယောက် လယ်သမား ကြီးများကို ရှင်းပြနေကြပါတယ်။ လယ်သမားကြီးများကလည်း အလွန်စိတ်ဝင်စား နေကြတဲ့ပုံစံပါပဲ။ ဘာအသံမှမထွက်ဘဲ ငြိမ်ပြီးနားစွင့်နေကြပါတယ်။ အားလုံးရှင်း လင်းအပြီး နံနက် ၈ နာရီကျော်လောက်မှာ ၀တ်စုံတူညီဝတ်ပြီး ရောင်စုံဝါးလုံးအတို များကိုင်ထားတဲ့ ၀တ်မှုန်ကူးမည့် လုပ်သားအဖွဲ့၊ ကြိုးတန်းများကိုင်ထားတဲ့ ၀တ်မှုန် ကူးမည့်လုပ်သားအဖွဲ့များက သတ်မှတ် နေရာမှာ တန်းစီနေရာယူ
ထားကြပါတယ်။ အချက်ပေးလိုက်တယ်ဆိုရင်ဘဲ ရောင်စုံဝါးလုံးတို
ကိုင်ထားသူ ၀တ်မှုန်ကူးလုပ် သားများက အဖိုလိုင်းစပါးနှံများကို ၀ါးလုံး
တိုနဲ့ဖိဖိပြီး တွန်းခါကာ အမလိုင်းပေါ်သို့ အဖိုဝတ်မှုန်များကျစေဖို့ ညီညီညာညာ ဟန်ချက်ညီ လှုပ်ရှားနေကြတာ အလွန်ပင် ကြည့်လို့ကောင်းလှ
ပါသည်။ ကြိုးတန်းနဲ့ ဆွဲပြီး အဖိုလိုင်းဝတ်မှုန်ခါရမယ့် လုပ်သားများကလည်း ကြိုးတန်းများကို ဟန်ချက်ညီညီဆွဲပြီး လှုပ်ရှားနေကြတာအားပါးတရပါပဲ။

စာရေးသူက သတင်းသမားပီပီ လူအုပ်ထဲသို့ တိုးဝင်၍ “ပုလဲသွယ်စပ်မျိုး စပါး
မျိုးစေ့ထုတ်လုပ်ငန်းတွေလုပ်နေတာ အောင်ကောအောင်မြင်ရဲ့လား၊ ထွက်လာတဲ့မျိုးတွေကော ဖြန့်ဖြူးလို့ရရဲ့လား၊ ဘာအခက်အခဲတွေများ ရှိကြပါသလဲ”လို့ ကုမ္ပဏီများကို ထဲထဲဝင်ဝင် စပ်စုလိုက်မိပါသည်။
ဒီတော့မှပဲ စပ်မျိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းရဲ့ အတွင်းသားတွေကို အထင်း သား မြင်လာရပါတော့တယ်။ ၂၀၁၁ ခုနှစ် နွေစပါးရာသီတုန်းက အထူးဇုန်ထဲက ကုမ္ပဏီကြီး ငါးခုမှာ ပုလဲသွယ်စပ်မျိုး စပါးမျိုးစေ့ထုတ် ဧက ၅၀၀ စိုက်ပျိုးခဲ့ပြီး မျိုးစေ့ကီလိုပေါင်း သုံးသောင်းကျော် (ဧက ၄၀၀၀ စာ) ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပုလဲသွယ်စပ်မျိုး မျိုးစေ့တွေကို အိတ် သွတ်ထုတ်ပိုးပြီး ဂိုဒေါင်မှာ သိုလှောင်ထားခဲ့ကြတယ်တဲ့။ ၂၀၁၂ ခုနှစ် မိုးရာသီလည်း ရောက်ရော မျိုးစေ့ထုတ်ခိုင်းတုန်းကတော့ ထုတ်ခိုင်းပြီး ဘယ်သူမှတာဝန်ယူပြီး လယ်သမားနဲ့ စေ့စပ်ရောင်းပေးတာ မရှိတော့ တစ်စေ့မှ မရောင်းခဲ့ရဘူးလို့ သိရပါသည်။ 

လယ်ဆည် ၀န်ကြီး (ဓါတ်ပုံ-ဧရာဝတီ)
  ကုမ္ပဏီတွေကလည်း အတွေ့အကြုံမရှိကြတော့ ဘယ်လယ်သမားကို သွားရောင်းရ မှန်းမသိကြဘူးတဲ့။
၂၀၁၂ ခုနှစ် နွေစပါးရာသီလည်းရောက်ရော ကုမ္ပဏီတွေက တိုင်းစိုက်ပျိုးရေး၊
ခရိုင်စိုက်ပျိုးရေး၊ မြို့နယ်စိုက်ပျိုးရေးတွေ ရဲ့ အကူအညီနဲ့ ကွင်းဆင်းကြေညာ
ပြီး ရောင်းခဲ့ရတယ်တဲ့။ ဒါပေမယ့် စပ်မျိုးစပါး မျိုးစေ့တွေဟာ သိုလှောင်မှု
စနစ်ကလည်း စနစ်တကျမရှိကြသေး၊ မိုးတစ်ရာသီနှစ်ချို့ မျိုးစေ့ကလည်း
ဖြစ်သွားတော့ အပင်ပေါက်နှုန်းတချို့ ၃၀-၃၅ ရာခိုင်နှုန်း၊ တချို့ ၅၀-၆၀ ရာခိုင်နှုန်းလောက်ပဲ ပေါက်တော့ တာဆိုတော့ လယ်သမားက မကြိုက်တော့ ဘူးတဲ့။ ယာယီကြွေးနဲ့ ပေးတာတောင် လယ်သမားက အင်တင်တင်လို့
ဆိုဘဲ၊ တချို့ အားနာလို့ယူသွားကြတဲ့ လယ်သမားတွေကလည်း အပင်ပေါက်မကောင်းလို့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေကို ပြန်အပ်ကြ
တယ်။ စပ်မျိုးစပါးဆိုတာ အပင်ပေါက် ရာခိုင်နှုန်းက ၉၈-၉၉ ရာခိုင်နှုန်းရှိရမှာ လို့ ဆိုထားတယ်တဲ့။ အခုထိ အချို့ဂိုဒေါင် တွေထဲမှာ အဲဒီအတိုင်း ရှိနေတုန်းပဲတဲ့။ တချို့လည်း ရသလောက်လေး ပြန်ရလည်းမနည်းဘူးဆိုပြီး စားစပါးအဖြစ် ရောင်းပစ်လိုက်ကြတယ်။
စပ်မျိုးစပါး ဘယ်လောက်ထုတ်ပြီး ဘယ်မှာ ဘယ်လောက်ဧကစိုက်မယ်
ဆိုတာမျိုးစေ့ထုတ်မဲ့ Plan ၊ စိုက်ပျိုးမယ့် Plan သေချာဆွဲမထားတော့ မျိုးစေ့လည်းထွက် ရော ကုမ္ပဏီတွေက ဘယ်ဖြန့်ရမှန်း တိတိကျကျ
မသိကြရဘူးတဲ့။ 

ဒါပေမယ့် ကုမ္ပဏီတွေမှာ စပ်မျိုးစပါးမျိုးစေ့ထုတ်မယ်ဆိုရင် တစ်ဧက ကျပ် ၁၀-၁၅ သိန်းအထက်ကုန် ကျခဲ့ကြရတာတဲ့။ တစ်စေ့မှ မရောင်းရတော့ ကုမ္ပဏီတစ်ခု တစ်ခုမှာ ကျပ်သိန်းရာ ဂဏန်း ကြီးကြီး၊
ထောင်ဂဏန်းကြီးထိ ရှုံးကြရ တာတဲ့။ ကုမ္ပဏီသူဋ္ဌေးက ပုရွက်ဆိတ်ကိုက်
တာလောက်လေးပါဆိုပေမယ့် ကိုက်တဲ့ပုရွက်ဆိတ်က အကောင်ကြီးကြီး
ခံခဲ့ရတော့ နာတာပေါ့ဗျာတဲ့။ ကုမ္ပဏီတွေကလည်း ဒါတွေကိုပြော နေရင် အခွင့်အရေးလေးများ ဆုံးရှုံးလေ မလား၊ ငြိုငြင်များခံရလေမလား၊ တစ်ကြောင်းမထောက် တစ်ကြောင်းထောက် အကြောင်းကြောင်းတွေ
ထောက်ထားစရာ တွေရှိနေလေကြတော့ ပါးစပ်တောင်မဟရဲ ရှေ့မှာတော့
ပြုံးပြ၊ နောက်ကွယ်မှာတော့ အသံမကြားအောင် ရင်ထဲမှာလှိုက်လှိုက်ပြီး
ကြိတ်ကြိတ် ရှိုက်နေကြရတယ်တဲ့ဗျာ။ 

ကုမ္ပဏီဆိုတာ မြတ်အောင်လို့လုပ်တာတဲ့ ဗျ။ ရှုံးမယ်သာဆိုရင် တစ်ကျပ်တစ်ပြား လေးတောင်အရှုံးမခံနိုင်ဘူးတဲ့ဗျာ။ အောက်
ခြေမှာတော့ ရှုံးရကောင်းလားဆိုပြီး “ဘိုးတော်က အဖေ့နိုင်၊ အဖေ့က အမေ့နိုင်၊ အမေက ငါ့နိုင်၊ ငါက အိမ်ကကြက်မကြီး နိုင်”ဆိုတဲ့ စကားပုံအတိုင်း ပွက်လောရိုက် နေကြလေရဲ့တဲ့ဗျာ။
ဒီနှစ် ၂၀၁၃ ခုနှစ် နွေရာသီမှာလည်း ဒီအထူးဇုန်ကြီးထဲက ကုမ္ပဏီ လေးခုမှာ ဧက ၄၅၀ ကျော် ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ထားပြန်သတဲ့ဗျ။ ဒီနှစ် စပ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနဲ့ ပတ်သက်ပြီး စိတ်သောက
ရောက်နေကြရ ပြန်ပြီတဲ့။ အကြောင်းက ဒီနှစ်ကုမ္ပဏီ လေးခုရဲ့ ပုလဲသွယ်
စပ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းအားလုံးရဲ့ အမလိုင်းထဲမှာ အမလိုင်းမဟုတ်
တဲ့ မျိုးကွဲတွေ ပါဝင်နေတဲ့ ပြဿနာပဲတဲ့ဗျာ။ တချို့ကုမ္ပဏီမှာ မျိုးကွဲ ၃၀-၃၅ ရာခိုင်နှုန်းထိ၊ တစ်ချို့ကုမ္ပဏီမှာ မျိုးကွဲ ၅၀-၆၀ ရာခိုင်နှုန်းထိ ပါဝင်နေတယ်
တဲ့၊ ဗဟိုက စပါးကျွမ်းကျင်ပညာရှင်လာပြီး စစ်ဆေးတော့လည်း မျိုးကွဲတွေပါနေ တာ မှန်တယ်တဲ့၊ စပ်မျိုးဆိုတာ မျိုးကွဲစေ့ တစ်စေ့တောင်မှ
ပါလို့မရပါဘူးတဲ့၊ စပ်မျိုးဟာ မျိုးကွဲသန့်စင်မှု ၁၀၀ ရာခိုင်နှုန်းရှိရ မယ်တဲ့။ ဒါကြောင့် ဒီမျိုးကွဲပင်တွေလို့ သံသယရှိတဲ့ စပါးပင်မှန်သမျှ ပြောင်စင်အောင်
အောက်ခြေကနေ သုံး လေးကြိမ် ဖြတ်ပစ်ရမယ်လို့ နည်းပညာညွှန်ကြားချက်
ပေးသွားတယ်လို့ ဆိုသဗျ။
ပညာရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ကုမ္ပဏီတွေကလည်း တစ်နေ့လူအင်အား ၅၀ လောက်နဲ့ ဒီမျိုးကွဲတွေ ဖြတ်ရတော့ တာပဲတဲ့ဗျာ။ မျိုးကွဲတွေလိုက်ဖြတ်
ရတဲ့ လုပ်အားခကလည်း မနည်းဘူးတဲ့ဗျ။ ဖြတ်တဲ့လုပ်သားတွေရဲ့ ကျွမ်းကျင်မှုအရ မျိုးကွဲတွေ ဘယ်လောက်ပြောင်စင်သွား မလဲဆိုတာ ဘယ်သူကမှ အာမမခံနိုင်ဘူး တဲ့ဗျာ။ အခုရိတ်ခါနီးအချိန်ထိ အမလိုင်း တွေထဲမှာ မျိုးကွဲတွေက တွေ့နေရတုန်းလို့ ဆိုသဗျ။ 

စပါးကျွမ်းကျင်ပညာရှင်က စပ်မျိုးစပါးဆိုရင် မျိုးကွဲစေ့တစ်စေ့မှ ပါလို့မရဘူး လို့ဆိုထားတယ်တဲ့ဗျ။ ဒီနှစ်အထူးဇုန် ကုမ္ပဏီလေးခုက ထုတ်လုပ်လိုက်တဲ့ ပုလဲသွယ် စပ်မျိုးစပါးတွေကိုသာ လယ်သမားတွေလက်ထဲမှာ ဒုက္ခတွေ
စုပုံခံနေကြရဦးမှာမြင်ယောင်နေသေးတယ်လို့ စိုးရိမ်တကြီး
ပြောနေကြလေရဲ့ဗျာ။

ဥပမာပြောရင်တော့ အလွန်ရုပ်ဆင်း အင်္ဂါနဲ့ပြည့်စုံပြီး ချောမွေ့လှပတဲ့ ဒေါင်း မလေးကသလိုပါဘဲတဲ့။ ရှေ့ကကြည့်ရင် တော့ ဒေါင်းအမြီးလေးနဲ့ကဟန်က ရှုမငြီး စရာလေးပါဘဲတဲ့။ ကနေတဲ့ ဒေါင်းမလေးကို နောက်ကပြန်ကြည့်တော့ အလွန် အကြည်းတန်ရုပ်ဆိုး လှသတဲ့ဗျာ။ အခုလည်း ဒီအတိုင်းပါပဲတဲ့ဗျာ။
ဇာတ်ခုံပေါ်မှာ အလွန်ရုပ်ဆင်း အင်္ဂါနဲ့ပြည့်စုံပြီး ဖိတ်ဖိတ်တောက်နေတဲ့ ရွှေ ချည်ထိုး၊ ငွေချည်ထိုး အဆင်းတန်ဝတ်ဆင် ထားတဲ့မင်းညီမင်းသား နှစ်ပါး
သွားအကလေးဟာ သာယာငြိမ့်ညောင်းပြီး အလွန် စိတ်ချမ်းမြေ့ ကြည်နူးစရာ
ပါဘဲတဲ့။ ဇာတ် လည်းသိမ်း၊ ဆိုင်းဝိုင်းသံလည်းစဲ၊ ကားလိပ်လည်းချ၊ ဇာတ်သဘင်ကြီးလည်း ဌာနေ ပြန်သွားကြပါပြီတဲ့။
ဇာတ်သိမ်းအပြီး ကားလိပ်ရဲ့နောက် ကွယ်မှာတော့ တစ်ဧက ကျပ်သိန်း
ရာနှင့် ထောင်နှင့်ချီပြီး အကုန်အကျခံခဲ့ပြီး၊ အခု ထွက်လာတဲ့ မျိုးကွဲတွေ
ပါနေပြီး မျိုးမသန့် တဲ့ ပုလဲသွယ်စပ်မျိုးစေ့တွေကို ရင်ဝယ်ပိုက်
မိနေရင်း မနှစ်ကလည်းရှုံးခဲ့၊ ဒီနှစ်လည်း “ဖြစ်မှဖြစ်ရလေဗျာ”ဟု မချိတင်ကဲ အသံ မကြားအောင် ရင်ထဲမှာ လှိုက်၍ကြိတ်ပြီး ရှိုက်နေကြတဲ့အသံ
များကိုတော့ မည်သူမျှ ကြားနိုင်အံ့မထင်ပါဘူးတဲ့ဗျာ။ ဘာကြောင့်လဲ
ဆိုတော့ အသံကြားအောင် မရှိုက်ရဲကြလို့ ပါတဲ့ဗျာ။

- ဖိုးထောင် (ဆောင်းပါရှင်၏ အမြင်နှင့် အာဘော်သာ ဖြစ်ပါသည်။) @ http://thefarmermedia.com/

 ဓါတ်ပုံများမှာ `ဤ Post နှင်.မသက်ဆိုင်ပဲ သင်.လျှော်ရာပုံများ သုံးထားခြင်းဖြစ်သည်

HIV/AIDS and Natural Environment ပါတ်ဝန်းကျင်ကနေ HIV ကူးသလား


HIV ရှိတဲ့သူသုံးထားတဲ့ သွေးပေချင်လည်း ပေဘူးထားမဲ့ အရာတွေကို နောက်လူက ကိုင်ရင်ကူးလားဆရာ။ HIV ပိုးရှိတဲ့သူ သုံးနေကျဓါးကို သုံးမိပါတယ်၊ လက်လည်းရှသွားပြီးတော့ သွေးလည်းထွက်ပါတယ်၊ ကူးနိုင်လားဆရာ။ သူရှဘူးလားတော့ မသိပါဘူးဆရာ။ HIV ပိုးက လေထဲမှာ ကြာကြာအသက်မရှင်ဘူးဆိုဆရာ။
How Long Can HIV Live Outside the Body? ကိုယ်ခန္ဓာအပြင်ဘက်မှာ HIV ဗိုင်းရပ်စ်ဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ Transmission ကူးစက်နည်းလမ်း
ပိုးရှိနေသူရဲ့ Blood သွေး၊ Semen ယောက်ျားသုက်ရည်၊ Vaginal fluid မိန်းမဗဂျိုင်းနားအရည်၊ Breast milk နို့ရည်၊ Saliva တံတွေး၊ သွားရည်၊ Tears မျက်ရည် (ရှားရှားပါးပါး) တွေထဲမှာ ပိုးပါနေနိုင်တယ်။ ဒီအရည်အမျိုးမျိုးဟာ အဖက်လူရဲ့ ကိုယ်ခန္ဓာအရည်တမျိုးမျိုး (အထူးသဖြင့် သွေး) နဲ့ ထိစပ်မှုဖြစ်မှသာ ကူးစက်တယ်။

Viral Reproduction ဗိုင်းရပ်စ် မျိုးပွါးခြင်း
HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာအပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်း နဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာရှိတယ်။

Survival Factors အသက်ရှင်နိုင်စွမ်းကိုသက်ရောက်စေတဲ့ အကြောင်းအချက်တွေ
အပြင်မှာ ဘယ်လောက်ကြာကြာ ရှင်မလဲဆိုတာ ပိုးရောက်နေတဲ့နေရာရဲ့ အပူချိန် နဲ့ အောက်စီဂျင် အပေါ်မှာ မူတည်တယ်။ ပိုးအရေအတွက် အနည်း-အများပေါ်လဲ မူတည်သေးတယ်။ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ၁၅ ရက်ထက် ပိုပြီး မရှင်ကြတာတွေ့ရတယ်။ ဒီလိုစမ်းသပ်တာဟာ ပိုးတွေကို လူ့ကိုယ်ထဲကအခြေအနေမျိုးတွေနဲ့ အတိအကျရှိအောင် စီမံထာတာ ဖြစ်တယ်။ တကယ်တန်း ကိုယ်ခန္ဓာအပြင်ဘက်မှာ အဲလိုအခြေအနေမျိုးဆိုတာ ဘယ်နေရာမှာ မရှိပါ။ ဒါကြောင့် ၁၅ ရက်အထိ လုံးဝ မရှင်နိုင်ကြပါ။

Needles ဆေးထိုးအပ်
ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်တွေထဲမှာ ကြာကြာနေနိုင်ကြတယ်။ ရက်အနည်းငယ်လို့ ပြောနိုင်တယ်။ သွေးက ချက်ချင်း ခြောက်သွေ့သွားတာ မဟုတ်လို့ဖြစ်တယ်။

Environmental Contraction ပတ်ဝန်းကျင်အခြေအနေ
ဓါတ်ခွဲခန်းထဲမှာ ပိုးတွေချည်းသပ်သပ်ထားတယ်။ ပါတ်ဝန်းကျင်သဘာဝအခြေအနေမှာ ဒီလိုထားတာတွေက ၉ဝ-၉၉% ဟာ နာရီများစွာကြာရင် ခြောက်သွားတယ်။ ဒါကြောင့် လူ့ကိုယ်အပြင်ဘက် ပါတ်ဝန်းကျင်ကနေ ကူးစက်တယ်ဆိုတာ သုည လို့ပြောနိုင်တယ်။ ပိုးတွေဟာ ရိုးရိုး ရေနဲ့ ဆပ်ပြာသုံးဆေးကြောတာ၊ အရက်ပြန်နဲ့သုတ်တာနဲ့ သေကုန်တယ်။

Misconceptions အယူအဆမှားများ
HIV ပိုးဟာ tears မျက်ရည်၊ saliva သွားရည်-တံတွေး၊ sweat ချွေး၊ urine ဆီး၊ feces ဝမ်း နဲ့ vomit အန်ဖတ်တွေကနေ (သွေးပါမနေရင်) မကူးပါ။

Considerations သိထားပါ
HIV ပိုးဟာ အနာ-အဆာ၊ ထိခိုက်ဒဏ်ရာ၊ ကုပ်ခြစ်တာ မရှိတဲ့ အရေပြားအကောင်းထဲကို ဖေါက်ပြီးဝင်မလာနိုင်ပါ။

ဒေါက်တာတင့်ဆွေ @ dts-medicaleducation-adult.blogspot
၆-၅-၂ဝ၁၃