Saturday, February 9, 2013

တဂိုး ကဗျာ များ



 ၁။ စမ်းရေပေါ်တင်ပြီး စက္ကူလှေတို့ကို
နေ့စဉ်ရက်ဆက် ကျနော် မျှောခဲ့သည်။
ကျနော့်အမည်နှင့် ကျနော့်ကျေးရွာကိုလည်း
စက္ကူလှေပေါ်မှာ စာလုံးနက်နက်ဖြင့် ကျနော်ရေးခဲ့သည်။
တစ်ကျွန်းသား တစ်ပြည်သားတို့သည်
ထိုသို့ဖြင့်
ကျနော့်ကို သိလာကြလိမ့်မည်ဟု မျှော်လင့်၏။
ခြံမှာပွင့်သည့် ဆိတ်ဖလူးပန်းတို့ကိုလည်း
လှေငယ်ပေါ်မှာ ဆင့်တင်မျှောလွှတ်ခဲ့၏။
အရုဏ်ဦးမှာပွင့်သော ထိုပန်းတို့သည်
ညဥ့်အချိန်မှာတော့ ကမ်းကိုဆိုက်ရောက်လိမ့်မည်ဟု
ကျနော် ထင်သည်။
ကောင်းကင်ကို ဦးမော့ကြည့်သောအခါ
ဖြူဆွတ်ရွေ့မျောနေသောတိမ်ရွက်များကို
ကျနော်မြင်၏။
ကျနော်နှင့်ပြိုင်ရန် ကျနော့်လှေများနှင့်ပြိုင်ရန်
ကစားဖော်တစ်ဦးဦးက
သူတို့ကို လွှတ်တင်လိုက်ခြင်းဖြစ်မည်။
မည်သူမှန်းတော့ ကျနော်မသိချေ။
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာ
ကျနော့်လှေတို့သည် လွင့်မျောလှပနေလိမ့်မည်။
ထိုသို့ပင် အတွေးနှင့် အိပ်ရာဝင်ဖြစ်သည်။
အိပ်မွေ့ချတတ်သောနတ်သမီးကလည်း
အိမ်မက်ခြင်းတောင်းကြီးများကို ပိုးကာ
ကျနော့်လှေများနှင့်အတူ
ရွက်လွှင့်နေဦးမည် ဖြစ်သည်။


 
  ၂။ ကျနော်နှင့်တရွေ့ရွေ့နီးကပ်ရာသို့
မည်သည့်အချိန်မှ စတင်ပြီး သူလာခဲ့ပါသနည်း။
ကျနော် မသိခဲ့ချေ။
နေဝန်းနှင့် ကြယ်ရှူး ကြယ်ပျောက်များကလည်း
သူ့ကို ကျနော်မမြင်အောင်သိုဝှက်နိုင်ခြင်းမရှိခဲ့။
နံနက်ဦးပေါင်းများစွာ ညနေရီပေါင်းများစွာ
သူ့ခြေသံကို ကျနော်ကြားနေရသည်။
ကျနော့်နှလုံးအိမ်ထဲသို့
သူ့စေတမန်ဝင်ရောက်လာ၏။
ထို့နောက် ကျနော့်ကို
တိတ်တိတ်ကလေးခေါ်လေသည်။
ထိုသောနေ့မှာမှ အဘယ့်ကြောင့်
ကျနော့်ဘဝသည်
လှုပ်လှုပ်ယိမ်းယိမ်းဖြစ်ရပါသနည်း။
ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း
အဘယ့်ကြောင့် ကျနော့်နှလုံးအိမ်ကို
ဖြတ်ဖောက်စီးဆင်းသွားပါသနည်း။
ကျနော်မသိချေ။
အိမ်ပြန်ရမည့်အချိန်မှာပင်လျှင်
လေမှာစီးပျံ့သောချစ်သူရနံ့ကို
သန့်သန့်ကလေး ရနေလေတော့၏…။

 
၃။ သူ့မွှေးရနံ့နှင့်သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျနော်သည် ပြေးလွှားနေမိ၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျနော် လမ်းပျောက်သွားတော့သည်။
မရှာဖွေတာကို ရရှိခဲ့သည်။
ကျနော်၏တစ်ကိုယ်ရေနှလုံးသားရုပ်ပုံများသည်
မြူးတူးခုန်ပေါက်နေကြ၏။
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျနော်ကြိုးစားသော်လည်း
လွတ်ချော်ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျနော်သည်
မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်…။



၎။ ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျနော်၏ တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ၏ နှလုံးအိမ်ကို
ရုန်းကြွစေမည်ဆိုလျှင်
ကျနော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ဖယ်ခွာပေးပါမည်။
ကျနော်ရှိနေသည့်အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာပင်ပန်းရသည်ဆိုလျှင်
ဘေးဘီကိုရောက်သည်အထိ
အခြားလမ်းမှ ကျနော်လျှောက်ပါမည်။
ချစ်သူပန်းကုံးသီရန်
အနှောင့်အယှက်ဖြစ်ရသည်ဆိုလျှင်
သူ၏ပန်းတောမှ ဝေးရာသို့
ကျနော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ၏ ရေပြင်အလျဉ်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက်ပျို့အန်စေသည်ဆိုလျှင်
သူ၏ကမ်းခြေမှ
ကျနော် လှော်တက်ကို လွှတ်ချလိုက်ပါမည်…။


 
၅။ မီးအိမ်ကား ငြိမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ပြင်းရှစွာ တိုက်ခတ်နေသောလေမှ
လူးလွန့် လွတ်မြောက်နိုင်ရန်အတွက်
ဝတ်ရုံကိုဖြန်းပြီး
သူ့အတွက် ကျနော် ကွယ်ကာပေးခဲ့သည်။
ထို့ကြောင့်ပင်လျှင်
မီးအိမ်ကား ငြိမ်းခဲ့ရ၏။
မုံပန်းကား နွမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ကျနော့်နှလုံးအိမ်အတွင်းမှာ
ချစ်မြတ်စွာ သူ့ကို
ဖိကပ်သိမ်းဆည်းထားခဲ့၏။
ထို့ကြောင့်ပင်လျှင်
မုံပန်းကား နွမ်းခဲ့သည်။
စမ်းရေကား ခန်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
သူ့ရေစီးကြောင်းကို ဖြတ်တောက်ကာ
ကျနော့်အတွက် ရေကာတာတစ်ခုတည်ဆောက်ခဲ့၏။
ထို့ကြောင့်ပင်လျှင်
စမ်းရေကား ခန်းခဲ့သည်။
စောင်းကြိုးကား ပြတ်ခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ဤစောင်းကား မတတ်မြောက်သောဂီတကို
ကျနော့်အတွက် ဆွတ်ယူခြွေချခဲ့ပါ၏။
ထို့ကြောင့်ပင်လျှင်
စောင်းကြိုးကား ပြတ်ခဲ့သည်…။

 
၆။ ကျနော် ထွက်ခွာရတော့မည်။
ကြေကွဲလှိုက်မောဖွယ်ရာ ကာလများသည်
ကုန်းမြေပေါ်မှာ ပဲ့ကြွေကျန်ရစ်ခဲ့ပြီ။
နွေဦးရာသီသည် ပန်းတို့ကိုပွင့်အောင်
ဖွင့်ပေးခဲ့သည်။
ယခုကား အနားယူလေပြီ။
ကျနော့်မှာသာ ရင့်ရော်သောပန်းတစ်ဆုပ်နှင့်
အိမ်မပြန်နိုင်ဖြစ်ရသည်။
လှိုင်းတွေက ညိုးညံရိုက်ဟည်းလေပြီ။
ကမ်းပါးကိုသွယ်ပတ်ထားသည့်
သစ်ရိပ်ဝေဝေလမ်းကလေးတွင်လည်း
ရော်ရွက်တို့ ပြုတ်ကျလာပြီ။
မိတ်ဆွေ..ဘာ့ကြောင့်ငေးငိုင်နေပါသနည်း။
သင့်အကြည့်တို့က ဘယ်ဆီမှာ စိုက်ဝင်နေသနည်း။
ကမ်းတစ်ဖက်စီမှ မျောလာသောအဝေးတေးသံနှင့်
လေထုမှာ စိုစွတ်ပါဝင်လာသည့် ရင်ခုန်သံကို
သင်… မခံစားရလေသလော….။

 
၇။ နေဝင်တော့မည်။
အရိပ်တို့လည်း မြေဆီမှာ ညွတ်တွားကြပြီ။
ချောင်းသို့သွား၍ ခရားတွင် ရေဖြည့်ရန်
ကျနော့်အတွက်ကတော့ အချိန်တန်ပြီ။
ညနေခင်း၏လေသည်
ချောင်းရေ၏ ဂီတမှုန်ရီကို ခံမင်နေ၏။
တိတ်ဆိတ်သောလမ်းမှာ
လာသူ သွားသူတို့ မရှိကြချေ။
လေထန်၏။
မြစ်ထဲမှာ လှိုင်းတွေ ဝေ့လိမ့်ချီကြွနေ၏။
အိမ်သို့ ပြန်နိုင်ပါမည်လော။
မည်သူနှင့်ဆုံတွေ့ခွင့်ရနိုင်မည်ကိုလည်း
ကျနော်မသိ။
ရေတိမ်ဆိပ်မှ လှေငယ်တစ်စင်းပေါ်မှာ
အမည်မသိလူတစ်ယောက်က
ပုလွေသံကို ပေးနေလေသည်။

 
၈။ ဦးညွတ်ကာ
အားလုံးကို ကျနော်နှုတ်ဆက်ခဲ့ပါသည်။
ညီအစ်ကိုတို့…
ကျနော့်အားလည်း မေတ္တာပို့ကြပါလေ…
ဟောဒီမှာ…
ကျနော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
သင်တို့ထံမှ တောင်းဆိုလိုပါသည်။
ကျနော်တို့သည် အိမ်နီးချင်းများအဖြစ်
နှစ်ပေါင်းကြာခဲ့၏။
ကျနော်ကား အပေးထက် အယူများခဲ့သည်။
နံနက်ခင်း၏ အလင်းသည်
ကျနော်ထွန်းသော အမှောင်ထောင့်ချိုးမှ
မီးအိမ်ကို ငြိမ်းစေ၏။
ခေါ်သံကို ကြားရလေပြီ။
ကျနော်သည်လည်း…
သွားရန် အသင့်ဖြစ်ချေပြီ။


 
၉။ အို…ဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို
ကျနော့်စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခိုရပါလို၏။
ကျနော်…ဦးနှိမ်ချပါ၏။
အို…ဘုရားသခင်
ကျနော်၏
ဂီတရစ်သမ် အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစုသွယ်ဆက်ကာ တစ်ခုသောပင်လယ်မှာ
စီးပျော်ဝင်ရောက်ရပါလို၏။
ကျနော်…ဦးနှိမ်ချပါ၏။
အို…ဘုရားသခင်
တောင်ပေါ်မှ
မိမိ၏ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်းလိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျနော့်ဘဝသည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏။
ကျနော် ဦးနှိမ်ချပါ၏။
ကျနော်…ဦးနှိမ်ချပါ၏။ ။

ရာဘင်ဒြာ နတ်တဂိုး

Friday, February 8, 2013

မြို.လေးရဲ. ရေကြောင်းအတတ်သင် ... ခဝါဆိပ် ယဉ်ကျေးမှု နှင်. ကြည်နူးဆည်းဆာများ

များသောအားဖြင်. အခြားက သူတွေနားလည်ထားတာက ဧရာဝတီ တိုင်းသားဆို ရေကူးတတ်ရမယ်ဆိုတဲ. ပညတ်က ဘယ်သူကသတ်မှတ်လိုက်တယ်မသိပေမယ်. စံနှုံး တစ်ခုလိုဖြစ်နေပါတယ်...အဲဒီ စံနှုံးအတွက် လေ.ကျင်.ရေးကွင်းတွေကတော. မြို.လေးရဲ.ရေချိုးဆိပ်တွေပါ......


တံတားအောက်က ရေချိုးဆိပ်
.ဟိုးးးအရင်ကဆို ပိုသိသာပါတယ်..မြို.မှာ ရေပေးဝေမှုစနစ် ကလည်း ဘာမှမရှိ (လိုအပ်ရင် ရေစည်လှည်း..ရေထမ်းသည် တွေဆီကဝယ်သုံးရတာပါ) ဆိုတော. ညနေစောင်းဆိုရင် ကလေး..လူငယ်..လူကြီး (အမျိုးသား/အမျိုးသမီး မရွေး...ဆင်းရဲ/ချမ်းသာမရွေး) အတော်များများဟာ မြစ်ဆိပ်မှာ ရေဆင်းချိုးကြလေ.ရှိပါတယ်.... လူကြီးပိုင်းတွေကတော. 
မွန်းလွဲ နဲ. ညနေစောစောပိုင်းလောက်ချိုးလေ.ရှိပြီး လူငယ်ပိုင်းတွေကတော. နေအကျ လေးလောက်မှာ သူငယ်ချင်းတွေစုပြီး ဆင်းချိုးကြလေ.ရှိပါတယ်....အညာဘက်တွေမှာက မိုးတွင်းလိုမျိုးကလွဲရင် ရေက တစ်ဘက်တည်း ကိုစီးနေတာမျိုးပေမယ်. မြို.လေးကတော. မြစ်ဝကျွန်းပေါ် ဖြစ်တာမို. ရေ အတက်အကျက နေ.တိုင်း တစ်နေ.နှစ်ကြိမ် ရှိပါတယ်...ပင်လယ်ဘက်က ဒီရေထောက်တာမို. အဲ့လိုအတက်အကျ ရှိနေပေမယ်. ရေချိုမြစ် စစ်စစ်ဖြစ်တာကြောင်. ချိုးလို.တော. အရမ်းကောင်းပါတယ်...အရင်က (၁၉၇၀ ဝန်းကျင် )အစည်ကားဆုံးရေချိုးဆိပ် တစ်ခုပြပါဆို ယုဝတီ တံတားပါတဲ. (အခုတော. မရှိတော.ပါဘူး) အဲဒီတံတားက အဲဒီအချိန်က နာမည်ကြီး ယုဝတီဆေးလိပ်ခုံ ရှေ.မှာ ရှိတာဖြစ်ပြီး သစ်သားတံတားကြီးပါ...ပင်မ တံတားက အလည်မှာ အမြင်.ဖြစ်ပြီး ဘယ်ညာ ဘေးနှစ်ဖက်မှာက ဆင်ခြေလျော ရေဆင်းတံတား အသေး ၂ခုရှိပါတယ်...ရေတက်ချိန်ဆိုရင်တော. ပင်မတံတား ပေါ်က ချိုးလေ.ရှိကြပြီး ရေကျချိန်ဆို ဘေး တံတားအသေးလေး ၂ခုမှာ ချိုးကြတာပါ...များသောအားဖြင်. တံတား ပတ်ချာလည်လောက် မြစ်ထဲမှာ ကူးကြလေ.ရှိပြီးရှားရှားပါးပါး ရေကြောက်သူ အချို.သာ တံတားပေါ်ကနေခွက်နဲ. ခပ်ချိုးလေ. ရှိပါတယ်....အဲဒီတံတားမှာက မိန်းကလေးတွေ တော်တော်များများ ချိုးလေ.ရှိပြီး သူ.ရဲ. ဘယ်ညာ ခပ်လှမ်းလှမ်း မှာရှိတဲ့ ဦးစောမောင်တံတား(ယခု ဦးအာဝါးပြန်လည်ပြုပြင်လှုဒါန်းထားတဲ.တံတား)...နဲ. ဆေးရုံဆိပ် တံတား တွေကတော. ယောင်္ကျားလေးတွေ ချိုးလေ.ရှိတဲ့နေရာတွေပါ....ယောင်္ကျားလေးတွေ ကလည်း သူတို.ရဲ. ကိုယ်လုံးအလှတွေဝံ.ဝံ.ကြွားကြွားနဲ. လမ်းသလားကြ ရေကူးကြ ခပ်လှမ်းလှမ်းက ဖိုသံပေးကြနဲ.ပေါ. ... မိန်းမငယ်တွေကလည်း ရှက်ကိုးရှက်ကန်း နဲ. အချင်းချင်း စကြနောက်ကြနဲ.ပေါ.လေ ....ခုလိုဆိုရင်တော. Romantic Evening များလို.ပြောရမလားပါပဲ....ဒါပေမယ်.လည်း အဲ.ဒီအချိန်က တော. မိန်းကလေးတွေ နဲ. ယောင်္ကျားလေးတွေကြားမှာ ခုလောက်တော. မာယာတွေ..အခွင်.အရေးယူတာတွေ..တစ်ဖက်သားနစ်နာသွားအောင် တမင်ကြံစည်တာတွေ များပုံမရပါဘူး....အဖြူရောင်ဆိုလည်း အဖြူရောင်သက်သက်...ပန်းရောင်ဆိုလည်း ပန်းရောင်သန်.သန်.မို. ပို နှစ်လိုဖွယ်တော. ကောင်းပါလိမ်.မယ်.....


တစ်ချိန်က အထူးစည်ကားခဲ့သော ဆေးရုံကမ်းနား ယုဝတီဆိပ်အနီး
 အဲ.ဒီနောက်ပိုင်း တော.(၁၉၈၅ နောက်ပိုင်းခန်.) မြို.ရဲ.ရေပေးဝေမှု စနစ်အချို.ကလည်း ရှိလာတော. များသောအားဖြင်. သာမာန်လူတန်းစား တော်တော်များများ သာရေဆင်းချိုးလေ. ရှိပါတော.တယ်...မြို.လေးက လူတွေကတော. ဒါကို ကမ်းနားရေသွားချိုးမယ်လို.ပဲ သုံးလေ.ရှိပါတယ်...(အညာဘက်တွေကတော. မြစ်ဆိပ်လို. သုံးကြပါတယ်...) များသောအားဖြင်. စနေ..တနင်္ဂနွေ ကျောင်းပိတ်ရက်လိုမျိုးဆို ကမ်းနားတွေမှာ ရေပြည်.ချိန် စည်ကားတတ်ပါတယ်...မိဘတွေက သူတို.ဆင်းချိုးရင်း ကလေးတွေ ခေါ်လာလေ.ရှိသလို..တစ်ချို.က ကမ်းနားကိုဆင်းပြီး ကလေးတွေကို ရေကူးသင်ပေးတာပါ..... မြို.က ရေကူးတတ်သွားသူ အားလုံးဟာ ဒီလိုကမ်းနားမှာရေဆင်းချိုးရင်း ရေကူးသင်ရင်းက တတ်သွားကြရတာချည်းပါပဲ..တစ်ချို.ကျတော.လည်း ရေများများသုံးပြီးလျှော်ရတဲ့ စောင်လို ခြင်ထောင်လိုမျိုးတွေကို ကမ်းနားဆင်းလျှော်ကြလေ.ရှိပါတယ်...အချို. အခပေး အဝတ်လျှော်သူအချို.ကလည်း ဒီလိုပဲ ကမ်းနားမှာ ဆင်းလျှော်ကြတာပါပဲ.....အဲ့လို လျှော်တဲ့သူတွေကတော. များသောအားဖြင်. သစ်ဆိုင်ဘေးက ကျောက်တံတားဆိပ်မှာလျှော်လေ.ရှိကြပါတယ်...နောက်ပိုင်း ရေအချိုးများ ကြတာက ဦးမောင်ကြီးဆိပ် (ယခုတံတားဆောက်ထားသောနေရာ)....သစ်ဆိုင်ဘေး ကျောက်တံတားဆိပ်...သစ်ဆိုင်နောက် သောင်ပြင်.... ဆေးရုံ ရပ်ကွက်ကမ်းနားလမ်း (ယခင်တိုင်းရင်းဆေးခန်းနောက် သောင်)....ဘုံကျောင်းဆိပ်...ကျောက်ဖောင်ဆိပ်...ဦးချမ်းအေးဆိပ်...ရှစ်မျက်နှာ ဘုရားဆိပ်...တရားရုံးဆိပ်သောင်ပြင်..သံကြိုးတိုင် ကူတို.ဆိပ် စသဖြင်. နီးစပ်ရာ သွားချိုးကြလေ.ရှိပါတယ်....


မနောသုခ သောင် နေရာ
 အဲဒီထဲမှာချိုးလို.ကောင်းတာ တရားရုံးရှေ.သောင် (ယခုမနောသုခသောင်) ကတော. အရင်ကသောင်ပြင်ကကျယ်သလို အမှိုက်လည်းမရှိ...ကျယ်လည်းကျယ်ပြန်.တော. ပျော်စရာကောင်းသလို ရေကူးလို.လည်းလွတ်လပ်ပါတယ်...သင်္ကြန်လိုမျိုးဆို အကုန်လုံး အဲ.ဒီသောင်မှာ စုပြုံနေကြတာမို. ဝါးခယ်မရဲ. ချောင်းသာလို ဖြစ်နေတာပါ...ဒါပေမယ်.လည်း ခုနောက်ပိုင်း မူးပြီးဆင်းဆော.ကြရာက အသေအပျောက်အချို. ရှိလာတာမို. သင်္ကြန်ကို ဆင်းချိုးခွင်. ဆော.ခွင်.မပေးတော.ပါဘူး....တံတားပြီးနောက်ပိုင်း အဲဒီတံတားအောက်မှာလည်း ရေချိုးလေ. ရေကူးလေ. ရှိကြပါတယ်...အဲဒိနေရာလေးကလည်း သန်.တယ်လို.ပြောလို.ရပါတယ်...ဘာကြောင်.လည်းဆိုတော. ခုနောက်ပိုင်း မြို.ရဲ. ကမ်းနားအချို.မှာ အမှိုက်တွေ ပစ်တာကြောင်. ညစ်ပေနေတဲ. နေရာမျိုးတွေ ရှိလာနေတာမို.ပါ...



တစ်ချိန်က စည်ကားခဲ့သော ကျောက်ဖောင်ဆိပ်

ပြီးတော. ဈေးကမ်းနားမှာ ရှိတဲ. ကျောက်ဖောင်ဆိပ် ဆိုတာ အရင်က ဈေးသူ/ဈေးသား အားလုံး ရေဆင်းချိုးကြလေ.ရှိတဲ့နေရာပါ....ဝါးပိုးဝါး တွေနဲ.ဆောက်ထားတဲ. ပေ၅၀ အထက်လောက်ရှည်မယ်. အဲ.ဒီ ဖောင်ကြီးကို ဘာကြောင်.ကျောက်ဖောင်ဆိပ်ခေါ်တယ်တော.မသိပါဘူး....မနက်ပိုင်းဆိုဈေးလာဝယ်တဲ. ရွာက လှေ..သဗ္ဗာန်..စတာတွေရဲ.ဆိပ်ဖြစ်ပြီး နေ.လည် နဲ. ညနေပိုင်း မှာတော. ရေချိုးဆိပ်ဖြစ်ခဲ့ဖူးတဲ့ အဲဒိကျောက်ဖောင်ဆိပ်လေးက ခုတော. ပျက်စီးယိုယွင်းနေပါပြီ နှစ်လည်း ၃၀ကျော်ပြိဆိုတော. ပျက်ရောပေါ.လေ


  
 ကမ်းနားမှာရေဆင်းချိုး၇တာက ရေပေါပေါများများ သုံးလို.ရသလို ရေကူးလို.လည်းရပါတယ် (ကျွန်တော်တိုလို မြို.လေးတွေတော်တော်များများမှာ ရေကူးကန် ရှိလေ.မရှိပါဘူး )နောက်ငယ်ငယ်က ဂိုးဖမ်းကျင်.ကြသူတွေ ( သောင်ပေါ်က ကန်လိုက်တဲ.ဘောလုံးကို ကြိုက်သလိုအဖမ်းလေ.ကျင်.လို.၇တာကြောင်....လဲကျရင်လည်း ရေထဲဆိုတော.မနာပါဘူး)...ရှေ.ဂျွမ်း..နောက်ဂျွမ်း ကျင်.ကြသူတွေ (ရေထဲကိုထိုးချ ရတာဆိုတော. မနာပါဘူး...တစ်ခါတော. လူတစ်ယောက် ရေထဲဒိုက်ဗင်ထိုးချရင်. ရေအောက်က သင်္ဘောတွေကျန်နေခဲ့တဲ့ ဝါးငုတ်မှာသွားစွပ်ပြီးသေခဲ့ဖူးပါတယ်)....ခါးနာရင် ရေကူးလိုက် ပျောက်တယ်ဆိုသူတွေ...စသည်တို.အတွက်လည်း အတော်အသုံးဝင်တာပါ...ကမ်းနားဖက်မှာ မြစ်ကိုကျောပေးနေကြသူတွေအဖို.တော. ကိုယ်အိမ်နောက်တံတား ကဆင်းချိုးလို.ရပေမယ်. မြို.ထဲကနေသူတွေကတော. လမ်းလျှောက်...ဒါမှမဟုတ် စက်ဘီးလေးတွေနဲ. (ခုတော.လည်း အချို.က ဆိုင်ကယ်တွေနဲ.ပေါ.)..ကမ်းနားမှာ ရေဆင်းချိုးကြတာ မြို.ရဲ.ဓလေ.လေးတစ်ခုပါ....

 ကမ်းနားမှာရေဆင်းချိုး၇တာက ရေပေါပေါများများ သုံးလို.ရသလို ရေကူးလို.လည်းရပါတယ် (ကျွန်တော်တိုလို မြို.လေးတွေတော်တော်များများမှာ ရေကူးကန် ရှိလေ.မရှိပါဘူး )နောက်ငယ်ငယ်က ဂိုးဖမ်းကျင်.ကြသူတွေ ( သောင်ပေါ်က ကန်လိုက်တဲ.ဘောလုံးကို ကြိုက်သလိုအဖမ်းလေ.ကျင်.လို.၇တာကြောင်....လဲကျရင်လည်း ရေထဲဆိုတော.မနာပါဘူး)...ရှေ.ဂျွမ်း..နောက်ဂျွမ်း ကျင်.ကြသူတွေ (ရေထဲကိုထိုးချ ရတာဆိုတော. မနာပါဘူး...တစ်ခါတော. လူတစ်ယောက်ေ၇ထဲဒိုက်ဗင်ထိုးချရင်.ေ၇အောက်က သင်္ဘောတွေကျန်နေခဲ့တဲ့ ၀ါးငုတ်မှာသွားစွပ်ပြီးသေခဲ့ဖူးပါတယ်)....ခါးနာရင် ရေကူးလိုက် ပျောက်တယ်ဆိုသူတွေ...စသည်တို.အတွက်လည်း အတော်အသုံးဝင်တာပါ...ကမ်းနားဖက်မှာ မြစ်ကိုကျောပေးနေကြသူတွေအဖို.တော. ကိုယ်အိမ်နောက်တံတား ကဆင်းချိုးလို.ရပေမယ်. မြို.ထဲကနေသူတွေကတော. လမ်းလျှောက်...ဒါမှမဟုတ် စက်ဘီးလေးတွေနဲ. (ခုတော.လည်း အချို.က ဆိုင်ကယ်တွေနဲ.ပေါ.)..ကမ်းနားမှာ ရေဆင်းချိုးကြတာ မြို.ရဲ.ဓလေ.လေးတစ်ခုပါ....


လူငယ်တွေဘောလုံးကန်ကြ...အားကစား လုပ်ကြပြီးရင် အဖွဲ.လိုက် ဆင်းချိုးလေ.ရှိကြပါတယ်...အရင်က မြစ်ထဲမှာ ငါးပုဇွန်တွေ ဘယ်လောက်ပေါလဲဆို ရေဆင်းချိုးရင်း တံတားတိုင် မှာလိုက်စမ်းရင် ပုဇွန်တော်တော် အကောင်ကြီးကြီးတွေထိ ရတတ်ပါတယ်...(ခုတော.ပုံပြင်လိုပါပဲ)အဲ.ဒီအချိန်က အယူအဆတစ်ခုကလည်း ရေထဲက အဲ.လိုဖမ်းလို.၇တဲ့ပုဇွန်ကို အစိမ်းစားရင် ရေကူးသင်တာမြန်မြန် တတ်တယ်ဆိုတာကြောင်. ရေကူးသင်သူတွေအချို.က အဲ့လိုလုပ်လေ.ရှိပါတယ်....တစ်ခုတော.ရှိပါတယ် ဟိုးးး အရင်ထဲက မိုးဦးကျ ဆိုရင် သတိနဲ.ချိုးကြပါတယ် အဲ့လိုအချိန်မျိုး မှာ ရေဆင်းချိုးသူအချို. ငါးပူတင်း အတွတ်ခံရတတ်ပါတယ်...သူတွတ်လိုက်ရင် ဘယ်နေရာဖြစ်ဖြစ် အသားအကွင်းလိုက်ပါသွားတတ်ပါတယ်..အကွင်းကတော.သေးသေးလေးပေမယ်.တော်တော်စပ်ပါတယ်...နောက် ဂျပ် ဆိုတဲ. ရေနေအဆိပ်ရှိသတ္တဝါ တစ်မျိုးကလည်း အဲ့ဒီမိုးဦးကျမှာ ပေါ်တတ်ပါတယ်...သူ.အကိုက်ခံရရင် အိပ်ချင်လာပြီး အိပ်လိုက်ရင် ပြန်မနိုးတော.ပဲ တစ်ခါတည်း သေရောဆိုပြီးပြောလေ.ရှိပါတယ်..သူ.အကိုက်ခံရပြီ လို.သံသယ ရှိရင် ငရုပ်သီးတောင်.ကို အစိမ်းလိုက်ဝါးကြည်.ပါတဲ့ မစပ်ရင်သူ.အကိုက်ခံ၇တာသေချာတယ်လို.ပြောပါတယ်...ဒါပေမယ်.လည်း ဂျပ်အကိုင်ခံရလို.သေသွားတာမျိုးတော. တိုက်ရိုက်မကြုံဖူးပါဘူး...ကြားသာကြားဖူးတာပါ...ဒီမြစ်ထဲ ရေဆင်းချိုးရ...ကူးရတဲ. အရသာကို မက်မောကြတဲ. မြို.ကို ပြန်မရောက်တာကြာသူတွေဆို ပြန်ရောက်ချိန်မှာ တကူးတက ကို မြစ်ထဲရေဆင်းချိုးရင်း ငယ်ဘ၀ ပုံရိပ်တွေကို ပြန်တမ်းတလေ.ရှိကြပါတယ်...


အ၀တ်လျှော်သူများလောက်သာ အဓိက ရှိနေတော.သော သစ်ဆိုင် ကျောက်တံတားဆိပ်
ခုလက်ရှိမှာတော. မိန်းကလေးငယ်တွေ ကမ်းနားရေဆင်းချိုးတဲ့ ဓလေ.ကတော. ကွယ်ပျောက်သလောက်ရှိနေပါပြီ...လူကြီးအချို...လူငယ်တွေနဲ. ..ကလေးတွေလောက်သာဆင်းချိုးလေ. ရှိပါတော.တယ်....ဟိုးးးးလွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ဆည်းဆာကမ်းပါး ကျန်ခဲ့တဲ့ နှစ် ၂၀ လောက်က ညနေခင်း မြစ်ပြင် အခု လက်ရှိ မြို.လေးရဲ. နေဝင်ရေချိုးဆိပ် မြင်ကွင်းတွေကတော. သိသိသာသာကို ပြောင်းလဲသွားခဲ့ပါပြီ....


Thursday, February 7, 2013

ခုတစ်လော ထွက်တဲ့ ဘောလုံးထဲက အသံများ



ဒီရက်ပိုင်း အတွင်း ဘောလုံးလောကထဲက ပြောကြ ဆိုကြသမျှ တွေထဲ စိတ်ဝင်စားစရာ စကားအချို. စုစည်းထားခြင်း ဖြစ်ပါတယ် ဒီတစ်ခေါက် အသံတွေထဲမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ.ချုပ်ဥက္ကဋ္ဌ  ဦးဇော်ဇော်ရဲ. စကားသံလေးတွေနဲ. စဖွင်.လိုက်ရအောင်ပါ


ကိုယ်.ကိုကိုယ် အထင်မကြီးပါနဲ. …ကိုယ်ဘယ်မှ မရောက်သေးဘူးဆိုတာ ခေါင်းထဲ ထည်.ထားဖို.လိုတယ်…စိတ်တော.မဆိုးနဲ. အမှန်အတိုင်းပြောတာ…ဘ၀င်လည်း မမြင်.နဲ.  ..ရတဲ့လစာနဲ. ဘ၀ကို တန်ဖိုးမတိုင်းပါနဲ. ..တိုင်းချင်ရင် မင်းတို.ကို ထိုင်းလိဂ် ကငှားလား…စင်္ကာပူ လိဂ် က ငှားလား…ဗီယက်နမ် လိဂ် ကငှားလား ..ဘယ်ကမှ လာမငှားသေးဘူး…လက်ရွေးစင် အသင်း မအောင်မြင်လို. သူများတန်းတူ အဆင်.မရှိလို. ဘယ်ကမှမခေါ်တာပေါ. …အကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါ….ကိုယ်.ကိုကိုယ် Pro ကစားသမား ပီသတယ်လို. ယူဆရင် ကိုယ်ယူထားတဲ့ လစာနဲ. ထိုက်တန် တယ်လို. ယူဆရင် ငါတို.မှာ တင်ခဲ့တဲ့ အကြွေးတွေကို ပရိသတ်တွေ အားလုံးအတွက်ပြန်ဆပ်ရမယ်ဆိုတဲ့ စိတ်မွေးထားရမယ်…ကိုယ်.ကိုကိုယ် တန်ဖိုးရှိတဲ့ နိုင်ငံသား တစ်ယောက်အနေနဲ.ပြရမှာ လက်ရွေးစင်ပွဲပဲ
(ဖေဖ၀ါရီ ၁ -၂၀၁၃ နေ.အဖွဲ.ချုပ်ရုံးခန်း …….ဖိလစ်ပိုင်နှင်. ခြေစမ်းမည်. မြန်မာ.လက်ရွေးစင်များအား ပြောကြားခြင်း)


 ဒုတိယ ကတော. လက်ရွေးစင်နည်းပြချုပ်ကြီး ပတ်ဆောင်ဟွာရဲ. အသံလေးတွေပါ
အနိုင်ရဖို.အတွက် ၂ သင်းလုံး ခက်ခဲမှာပါ…..ဖိလစ်ပိုင်ဟာ အရှေ.တောင်အာရှ ရဲ. အသင်းကောင်း တစ်သင်းပါ…ကျွန်တော်တို. အသင်းအနေနဲ. ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ်. ရလဒ်ကောင်းဖို.အတွက် ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်…………(.ဖေဖ၀ါရီ၎-၂၀၁၃ Hotel Yangon..ခြေစမ်းပွဲမတိုင်မှီ သတင်းစာရှင်းလင်းပွဲ)

ကျွန်တော်တို. အဓိက ပြင်နေတာ ဖိလစ်ပိုင်နဲ.ကစားမယ်.ခြေစမ်း ပွဲအတွက်မဟုတ်ပါဘူး…AFC Challenge Cup ခြေစစ်ပွဲ အောင်ဖို.အတွက်ပါ….ဒီခြေစမ်းပွဲရဲ. အရှုံးအနိုင်ရလဒ်တွေက ကျွန်တော်တို. အသင်းအတွက် အရေးမပါပါဘူး…ဒါပေမယ်.အကောင်းဆုံးဖြစ်အောင်တော. ကစားသွားမှာပါ….(ပွဲမတိုင်မှီပြောကြားချက်တစ်ခု)

ဖေဖ၀ါရီ ၆ ရက် ညနေ ၅နာရီ က ကျင်းပခဲ့သော ထိုခြေစမ်းပွဲတွင် ပွဲစဉ်တစ်လျှောက် မြန်မာအသင်းကလူစုံထုတ်ကာ  ကစားကွက်အသာဖြင်. ကစားနိုင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင်. ၅ ကြိမ်ခန်.ကို အသုံးမချနိုင်ခဲ့သဖြင်. ပွဲချိန် ၇၇ မိနစ်တွင် ဖိလစ်ပိုင် နောက်ခံလူ ပေါ.တီရီယာ သွင်းယူခဲ့သောဂိုးဖြင်. ရှုံးနိမ်.ခဲ့ရသည်….


 တတိယ တစ်ယောက် ကတော. ရတနာပုံရဲ.ဒေါက်တာစိုင်းပါ……….သူကဘာတွေပြောလဲဆိုတော.
"ပရိသတ် ဆိုတာ အလေးထားဖို့ ပထမနေရာမှာ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရတနာပုံ အသင်းသား တစ်ယောက်က ကိုယ့်ပရိသတ်နဲ့ ပြဿနာ ဖြစ်တယ်ဆိုတာ လက်မခံပါဘူး။ ဒါကြောင့်လည်း ဂိုးနည်းပြကို တစ်လ အနားပေးပြီး သတိပေးခဲ့တာပါ။ သတိပေး ခံရပြီးလို့ နောက်ထပ် ထပ်ဖြစ် လာခဲ့မယ် ဆိုရင် ထုတ်ပယ်တဲ့ အထိ အရေး ယူသွားပါမယ်….အကောင်းဆုံး ဖြစ်မယ် ထင်ခဲ့ပေမယ့် ရလဒ်တွေ မကောင်းတဲ့ အတွက် ပရိသတ် တွေကို တောင်းပန်ပါတယ်။ ပထမ အချက်က အံမ၀င်တဲ့ နည်းပြကို ရွေးချယ် မိတာပါ။ နည်းပြရဲ့ လူထုတ်ပုံ မှားယွင်းတယ်လို့ သုံးသပ်ပါတယ်။ နည်းဗျူဟာ အပြောင်းအလဲ လုပ်ရာမှာလည်း မကောင်းဘူးလို့ ယူဆပါတယ်။ နောက်အချက်က ကစားသမား ကောင်းတွေ ၀ယ်ယူ စုစည်း ထားပေမယ့် အချိတ်အဆက် မိဖို့ လိုနေတယ်။ အစကတော့ ထိပ်ဆုံး သုံးသင်း စာရင်း ၀င်အောင် ကြိုးစားရင်း ချန်ပီယံမှန်းထား ခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းသွားပါပြီ။ ဘာပဲ ဖြစ်ဖြစ် ပရိသတ်တွေ အားပေးမြဲ အားပေးပါလို့ တိုက်တွန်း ချင်ပါတယ်"………..(ဖေဖ၀ါရီ ၂ရက်-၂၀၁၃ သတင်းစာရှင်းလင်းပွဲ….)

အနားပေးခံရသော ဂိုးနည်းပြမှာ အသင်း ပရိသတ်များနှင့် အချင်းများခဲ့သည့် ဂိုးနည်းပြ ဦးအောင်ကျော်ထူး ဖြစ်ပြီး  ကျန် အသင်းသား နှစ်ဦးကိုလည်း အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ကျူးလွန်ပါက ပြင်းထန်စွာ အပြစ်ပေးမည်ဟု သတိပေးခဲ့သည်

"အသင်းလိုက် စုစည်းမှု အားနည်းနေတဲ့ အချက်က
အဓိကပဲ"  ထို့အပြင် ရာသီအစတွင် အသင်းသို့ အခြားအသင်းများမှ ပြည်တွင်း ကစားသမားများကို
ဈေးကြီးပေးဝယ်ကာ မြင့်မားသည့် လစာများ ပေးချေနေခြင်းက အသင်း၏ စည်းလုံးမှုကို ထိခိုက်စေသည် ဟူသည့် သုံးသပ်ချက်ကိုလည်း ဒေါက်တာစိုင်းက လက်ခံခဲ့ပြီး အဆိုပါ
သုံးသပ်ချက်မှာ အထိုက်အလျှောက် မှန်ကန်မှု ရှိကြောင်း…..အသင်းက မညီညွတ်တော့ Team Work မရဘူး။ ဒီတော့ ရလဒ်ဆိုးနေတယ်။ ဘောလုံးမှာ တစ်ယောက်တည်း ကောင်းလို့ မရပါဘူး။ အင်္ဂလန် အသင်းကိုပဲ ကြည့်ပါ။ ပရီးမီးယားလိဂ်က ကမ္ဘာကျော်တွေချည်း ဖွဲ့ထားပေမယ့် သူတို့မှာ Team Work မရှိတော့ မအောင်မြင်ဘူး
"
(M-150 အချိုရည်တို့ ဂျာစီရင်ဘတ် စပွန်ဆာ အတွက် စာချုပ်ချုပ်ဆိုပွဲ အပြီး Media များ၏ အသင်းရလဒ်ဆိုးဝါးနေမှုအပေါ်ဒေါက်တာစိုင်း၏ ဖြေကြားချက်များ)

ဟုတ်ကဲ့ မိမိနှစ်သက်သလို ထင်မြင်ယူဆဝေဖန်နိုင်ပါတယ်ဗျာ…………..

Source ; 7 Day News , soccermyanmar, themff.org, first eleven sport

ပညာခန်းပါသော ရည်းစားစာ


ဒီရည်းစား စာလေး ကိုဖတ်ကြည့်လိုက်ပါဦး သူငယ်ချင်းတို့ရေ … ဒါက ကောင်လေး တစ်ယောက်က သူ့ချစ်သူ
ကောင်မလေးဆီကို ပို့တဲ့ စာလေးပါ …… ကောင်မလေးအဖေက သူတို့နှစ်ယောက်ကို သဘောမတူဘူးလေ…. သူတို့
နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားနေတယ်ပေါ့ …..ကောင်မလေးဆီရည်စားစာ ပို့ရင်လည်း သူမ အဖေ က ကြား
ကနေ ခိုးဖတ်ဦးမှာ သိနေတယ်…….. ဒီတော့ ဘယ်လိုလုပ်ရမလဲ ….. မတတ်နိုင်ဘူးလေ… အဖေအကြိုက်ရေးပေးရ
မလား??? ချစ်သူလေးအကြိုက် ရေးပေးရမလား???? ကောင်လေးတွေရေ …ဒီလိုအခြေအနေမှာဆို ဘယ်သူ့အတွက်
ရေးမလဲ??? ကောင်မလေးတွေရော …… ဒီလိုစာမျိုး ကိုယ့်ချစ်သူက ကိုယ့်အတွက်ပေးတယ်ဆို ဘယ်လိုခံစား ရမလဲ ..
ဟုတ်သော်ရှိ.. မဟုတ်သော်ရှိ… ကဲ … အရင်ဖတ်ကြည့်လိုက်ပါဦးနော်…..


၁. ကောင်မလေးရေ …. နင့်အတွက် ဖြစ်တည်တဲ့ ငါ့ရဲ့ ချစ်ခြင်းတွေက
၂. သေဆုံးသွားပြီဟာ… နင့်အပေါ်မချစ်မနှစ်သက်မှုတွေကသာ
၃. နင့်ကို တွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ပိုပို တိုးပွားလာတယ်
၎. နင့်မျက်နှာကို တောင် မကြည့်ချင်လောက်အောင် ဖြစ်နေပြီကွာ
၅. ငါ အဖြစ်ချင်ဆုံးတစ်ခုတည်းသောဆန္ဒက
၆. (နင့်ကလွဲပြီး) တခြားမိန်းကလေးတွေကို ပဲကြည့်နေချင်တော့ တယ်….
ငါဘယ်တော့မှ မလုပ်ချင်တဲ့အရာကတော့
၇. နင့်ကို လက်ထပ်ရမှာကိုပါ… ငါတို့နောက်ဆုံးတွေ့ဖြစ်ကြတဲ့အခေါက် ပြောခဲ့တဲ့စကားတွေက
၈. တော်တော်ကိုစိတ်ပျက်ဖို့ကောင်းတယ်ကွာ…. ကောင်မလေး …ငါဘဝမှာ သေဆုံးသွားတဲ့အရာက
၉. နင့်ကို အမြဲတွေ့ချင်တဲ့ မျှော်လင့်ခြင်းတွေပဲလေ…..
၁၀. မင်းက မင်းအဖို့ပဲသိတဲ့ သူ
 ၁၁. တကယ်လို့သာ ငါတို့လက်ထပ်မယ်ဆိုရင်… ငါသိတယ် ငါတွေ့ရမယ့်
၁၂. ဘဝရဲ့ ခက်ခဲခါးသီးမှု… သေဆုံးနိုင်မယ့်
၁၃. ပျော်ရွှင်ခြင်းတွေ ..(မင်းနဲ့ အတူတူနေရင်းနဲ့ပေါ)့ ..
ငါနှလုံးသားထဲက တစ်ခုတည်းသောအချစ်



၁၄. နင့်အတွက် လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိ ကိုပဲ
၁၅. နင့်ကို ထာဝရ ပေးချင်တယ်… ဘယ်သူကမှ နင့်လောက်
၁၆. မမိုက်မဲဘူး ..တစ်ကိုယ်ကောင်မဆန်ဘူး …ပြီးတော့ နင်
၁၇. ငါ့ ကို ဂရုမစိုက်ဘူး .. မကူညီနိုင်ဘူး
၁၈. နင် အရိုးရှင်းဆုံး နားလည်ထားဖို့က
၁၉. ငါ အမှန်တွေကိုပဲ ပြောတတ်တယ် ကောင်မလေးရယ် …ဒီတော့ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ….
၂၀. ငါတို့ဇာတ်လမ်းပြီးဆိုတာကို နင့်သိနေပြီဆိုမှတော့ ထပ်တွေ့ရဖို့.. စာတွေပို့ဖို့ .. မကြိုစားပါနဲ့တော့ဟာ….
၂၁. နင်ရဲ့ပြန်စာတွေထဲက စကားလုံးတိုင်းဟာ
၂၂. ငါ့အတွက် စိတ်ဝင်စား ဖို့ လုံးဝမကောင်းတော့ဘူး … မင်းမှာမရှိနိုင်တဲ့အရာက
၂၃. ငါမျှော်လင့်တဲ့ အချစ်စစ် စစ် တွေ ပဲ ကောင်မလေးရေ… … အကြွင်းမဲ့ယုံပါတော့ကွာ ….
၂၄. ငါ နင့်ကို ဘယ်လိုမှ ခံစား လို့မရဘူးတော့ဘူးဆိုတာကိုပေါ့... ကျေးဇူးပြုပြီး ဆက်တွေး မနေနဲ့ဦးနော်
၂၅. ဘာတွေဘယ်လိုဖြစ်ဖြစ် ငါက မင်းရဲ့ ချစ်သူ အဖြစ် ရှိနေသေးတယ်လို့ …
Bye …

သိပ်ဆိုးတဲ့ စာဆိုပြီး .. စိတ်ဆိုးမယ် မကြံနဲ့ လေကွယ် ……
ဟဲဟဲ ကောင်လေးက စာမပေးခင် ကောင်မလေးကို ပြောခဲ့ပါတယ် … "မ"ဂဏန်းကျတဲ့ စာကြောင်းတွေပဲ ဖတ်ပါတဲ့
(၁. ၃. ၅. ၇. ၉. ၁၁. ၁၃. ၁၅. ၁၇. ၁၉. ၂၁. ၂၃. ၂၅) ….. အဲဒါတွေက ကောင်မလေးအတွက် ပေါ့ …..ပြန်ဖတ်  လိုက်ပါဦး ….


ဘယ်လောက်ချိုတဲ့ အချစ်တွေလည်းဆိုတာ သိသွားအောင်…… နှစ်ခါဖတ်ရလို့ စိတ်မဆိုး ရဘူးနော်…
အလွတ်ရအောင် ကျက်တယ်လို့ ပဲမှတ် … :P
(www.hbc-myanmar.net/ winminhtet တင်သောပို့စ်မှ)