Thursday, February 7, 2013

ဆေးရုံပေါ်က ပါးကွက်နဲ. သရဲ


ကျွန်မရဲ့.. ကိုယ်တွေ့ဖြစ်ရပ်လေးပါ... ၂၀၀၇ သြဂုတ်လမှာ.. ကျွန်မမိခင်.. အမျိုးသမီး..ရောဂါတစ်ခုကြောင့်.. မြောက်ဥက္ကလာဆေးရုံမှာ.. ၂ လခန့်ကြာအောင်.. ဆေးကုသမှုခံယူရပါတယ်.. ဆေးရုံဆိုတော့.. သိတဲ့အတိုင်း မည်သူမှ.. သွားချင်တဲ့..နေရာ.. မဟုတ်ပေမယ့်.. တကယ်တမ်း.. ဖြစ်လာတော့လည်း.. သွားရတာပါပဲ.. ၂ လဆိုတဲ့.. သက်တမ်းမှာ.. အဲ့ဒီဆေးရုံအကြောင်းမှာရှိတဲ့..ပေတတွေရဲ့..အကြောင်းကို.. သိလာရတဲ့အပြင်.. ကိုယ်ကိုယ်တိုင်ပါ... ကြုံခဲ့ရပါတယ်.. ဆေးရုံမှာ.. ရေခဲတိုက်ပါရှိတော့.. နေ့စဉ်.. သေနေတဲ့.. သူတွေကို... သံအုပ်ဆောင်း အခေါင်းနဲ့..ခေါ်ခေါ်သွားတာကိုလည်း.. မြင်ရပါများလို့..ရိုးနေပါပြီ... လူသေလို့. သံအုပ်ဆောင်း အလွတ်နဲ့..လာခေါ်ရင်.. ဂလုန်းဂလုန်း နဲ့..အသံကလည်း.. ညဘက်ဆိုရင်..စိတ်ခြောက်ခြားဖွယ်ရာပါ.. လူသေကို.. ရေခဲတိုက်ခေါ်သွားတဲ့..လုပ်သားတွေကလည်း.. ညဆိုရင်.. အရက်ကို... မူးအောင်.. သောက်ပြီးမှ.. ရေခဲတိုက်ထဲကို.. ၀င်ရဲတယ်ဆိုတဲ့အကြောင်းလည်း.. တဆင့်စကားနဲ့.. သိရပါတယ်.. ကျွန်မကိုယ်တိုင်ကလည်း.. သရဲဆို... သေလောက်အောင်.. ကြောက်တတ်ပေမဲ့.. ငယ်ငယ်ထဲက.. သရဲကားဆိုရင်.. မကြည့်ရမနေနိုင်ပဲ.. ယပ်တောင်ကြားက.. ခိုးကြည့်ရင်းနဲ့. ၁ ကားလုံးပြီးတဲ့အထိကြည့်သူပါ.... အသုဘသွားပို့ရင်လည်း.. လူသေရဲ့... လက်တို့.. ခြေထောက်တို့ကို.. သွားကိုင်ကြည့်တတ်တယ်.. ညအိပ်တော့မှ... စောင်ကြီးခေါင်းမူးခြုံပြီး... ငါကိုင်ခဲ့တာကြီးက.. အေးစက်နေတာပဲဆိုပြီး.. ကြောက်ရတဲ့.. အရသာကို.. တစိမ့်စိမ့်နဲ့.. ခံစားတတ်သူပါ... ဒီတော့.. ဆေးရုံရောက်တုန်းလည်း.. ဘယ်နေလိမ့်မလဲ... ဘေးကုတင်က. လူနာစောင့်ကို.. အဖောစပ်ပြီး.. ရေခဲတိုက်.. ဘက်ကို.. နေ့ခင်းဘက်.. သွားစပ်စုလိုက်သေးတယ်... သရဏံဂုဏ်.. တင်တဲ့ဇရပ်လည်း.. ရေခဲတိုက်အရှေ့မှာ..ရှိပါတယ်.. နေ့တိုင်းနေ့ရော ညရော.. တွန်းတွန်းနေတဲ့.. လူသေတင်တဲ့.. လှည်းနဲ့.. အခေါင်း တခုကိုလည်း.. အဲ့ဒီ့အနီးတ၀ိုက်မှာပဲတွေ့တယ်... လူသေတွေရှိတဲ့... နေရာမို့လို့လားပဲ..မသိပါဘူး..... တကယ့်ကို.. တစပြင်ပါပဲ... ဆေးရုံနားတ၀ိုက်မှာ.. ဟိုဟိုဒီဒီ... တွန်နေတဲ့... ငှက်ကလေးတွေအသံကိုတောင်.. အဲ့ဒီ့နားမှာ.. မကြားရဘူး.. ကျီးကန်း ၂ ကောင်.. ၃ ကောက်လောက်.. အာနေတဲ့..အသံပဲ.ကြားရတယ်... နေ့ခင်းတောင်.. ခြောက်ခြားစရာပါပဲ... ရေခဲတိုက်က..မှန်တွေကိုတော့... သတင်းစာစက္ကူတွေ.. ကပ်ထားတယ်.. အထဲကိုတော့.. လှမ်းကြည့်လို့မရပါဘူး.. ကျွန်မတို့ ၂ယောက်လည်း.. အဆောက်အဦး.. တ၀က်အထိပဲရောက်လိုက်တယ်.. အဆုံးအထိသွားဖို့ကို... ကိုယ့်စိတ်က..ခွင့်မပြုဘူး... ဒါနဲ့ပဲ.. ပြန်လှည့်ခဲ့ကြတယ်... ဒီကြားထဲမှာ.. မွေးဖွားဆောင်ဘက်မှာလည်း.. ခဏခဏ.. သရဲခြောက်တယ်ဆိုတဲ့.. အသံတွေ.. ကြားရပါတယ်.. ညဘက်ကို... ညည်းသံကြားရတာတွေ... နာ့စ်တစ်ယောက်... လူနာကြည့်ပြီး အပြန်မှာ.. သူ့ဘေးနားက.. ခေါင်းမပါပဲ.. ကိုယ်ကြီးသက်သက်.. ဖြတ်သွားတာတွေ... ဆရာဝန်မ တစ်ယောက်.. ညဘက်.. ဂျူတီကျလို့.. နားနေခန်းမှာ.. ၀င်အိပ်နေတုန်း... ဘေးနားမှာ.. သရဲက.. ယပ်လာခပ်ပေးနေတာတွေ.. မျိုးစုံပါပဲ... အော်.. ဒါနဲ့... မွေးဆောင်နဲ့. ကျွန်မတို့.. အမျိုးသမီးဆောင်နဲ့က.. မျက်နှာချင်းဆိုင်ပါ..... မွေးဆောင်အပြင်ဘက်က.. ကော်ရစ်တာမှာတော့. လူတွေ.. ရှုပ်နေတာပါပဲ.. အမျိုးသားတွေက... မွေးဆောင်မှာ.. ညမအိပ်ရဘူးဆိုတော့.. မွေးဖွားသူ.. ယောက်ျားတွေနဲ့.. ကလေးတွေ.. အမျိုးတွေနဲ့.. ကော်ရစ်တာမှာ.. ပြည့်နေတာပါပဲ.... ကဲ.. ထားပါတော့.. လိုရင်းက.. အခုမှ.. ရောက်မှာ.... အဲ့ဒီ့နေ့ညက.. မိုးလေး.. ခပ်ဖွဲဖွဲရွာနေတယ်.. ဒီတော့.... ကျွန်မတို့အခန်းမှာ.. ပြူတင်းပေါက်.. တံခါးတွေကို.. အားလုံးနီးပါ.. ပိတ်ထားတယ်... အခန်း၁ ခန်းမှာ.. ကုတင်က.. ၁၅ လုံး.. ၁၆ လုံးခန့်.. ခြေရင်းခြင်းဆိုင်ပြီးတော့.. ထားထားပါတယ်... အခန်းက.. အမျိုးသမီးဆောင်မှာ.. စုစုပေါင်း.. ခန်းမကျယ်.. ၃ ခန်းရှိတယ်... အခန်းတွေတိုင်းမှာ... ထွက်ပေါက်က... ၂ ခုရှိပါတယ်...ကျွန်မတို့က.. အမျိုးသမီးဆောင်.. ၀င်ဝင်ချင်း ပထမဆုံးအခန်း.... အဲ့ဒီ့နေ့က.. ကျွန်မတို့ဘေးကုတင်က.. လူနာဆင်းသွားတော့.. ကျွန်မမိခင်က.. အဲဒီ့.. ကုတင်မှာ.. သွားအိပ်ပါတယ်... ခါတိုင်းက.. ကုတင်၁ ခု ထဲမှာပဲ.. သားအမိ၂ ယောက်... အိပ်တယ်.. ထားပါ.. အဲ့နေ့ကတော့.. ကျွန်မ.. ၁ ယောက်ထဲ.. လူနာကုတင်မှာ.. အိပ်နေတာပေါ့နော်... ည ၃ နာရီလည်း ထိုးရော.. ကျွန်မရုတ်တရက်.. နိုးလာပါတယ်... လူတိုင်း ညဘက် အိပ်နေရင်း တရေးနိုးဖူးကြမှာပါ... ဒါပေမဲ့.. အိပ်ချင်မူးတူးတော့..ဖြစ်နေတတ်ပါတယ်.. ကျွန်မနိုးလာပုံက.. အဲ့လိုမဟုတ်ဘူး.. နိုးနိုးချင်း.. ခေါင်းက.. ကြည်နေတာပဲ.. အမြင်လည်းကြည်နေတယ်... မျက်နှာချင်းဆိုင်က.. ဆေးရုံနာရီကြည့်လိုက်တော့.. ၃ နာရီ.. တိတိ... လူကလည်း.. ကြည်ကြည်လင်လင်နိုးလာတော့.. အူကြောင်ကြောင်ဖြစ်နေတယ်.. အဲ့ဒီအချိန်မှာ.. ခြေသံ. တဖျပ်ဖျပ်.. ကြားရပါတယ်.. အမျိုးသမီးဆောင်.. အ၀င်ပေါက် ညာဘက်က..လျှောက်လာတာပါ... စောစောက.. ကျွန်မပြောသလို.. မိုးရွာလို့.. တခါးတွေအားလုံးပိတ်ထားပေမဲ့... ဘယ်ဘက်က.. ၀င်ပေါက်ကတော့...တခြမ်းပဲ.. စေ့ထားပါတယ်.. လျှောက်လာတာက.. မိန်းမတစ်ယောက်ဆိုတာကို.. ပိတ်ထားတဲ့... တံခါးမှန်တွေထဲက.. မြင်ရပါတယ်.. ပုပု.. ၀၀... ကျွန်မလည်း.. သတိလက်လွတ်ပဲ.. သူလျှောက်ရင်းပေါ်လာတဲ့.. တံခါးမှန်တိုင်းကို... လိုက်ကြည့်နေမိတယ်.. စိတ်ထဲမှာလဲ.. ဘယ်ဘက်က.. တံခါးမကြီးရောက်ရင်.. သူ့ကို.. တကိုယ်လုံးမြင်ရမယ်ပေါ့... ဒါနဲ့.. သူက.. တခြမ်းပိတ်ထားတဲ့... တံခါးကို..ရောက်တော့.. တုံ့ခနဲ.. ရပ်လိုက်တယ်.... ပြီးတော့.. အခန်းထဲကို..လှမ်းကြည့်ပါတယ်.. သူ့ကိုလည်း.. ကျွန်မ.. မြင်နေရပြီ... စစ်အင်္ကျီလက်ရှည်ကို.. တံတောင်နားအထိ.. ခေါက်ပြီးဝတ်ထားတယ်... စစ်အင်္ကျီဆိုတော့.. ရင်ဘက် ၂ ဖက်လုံးက.. အိတ်၂ အိတ်ကိုတောင်..မြင်ရတယ်.. အသားက.. ခပ်ညိုညို... ပါးအပြည့်မှာလည်း.... ပါးကွက်လိုမျိုး.. ဖြူဖြူနှစ်ဖက်က..ထင်းနေပါတယ်.. သူကလည်း.. ကျွန်မကို..ကြည့်နေတယ်.. ကျွန်မကလည်း.. ဒီမိန်းမ.. ဘာလာကြည့်နေတာလည်းဆိုပြီး.. ကုတင်ပေါ်မှာ... အိပ်နေရာက.. ထပြီး.. ခြေကြီးဆင်း ခါးကြီးကုန်းပြီး.. မျက်မှောက်ကုပ်ပြီးကြည့်နေမိတယ်.. အနည်းဆုံးတော့.. သူနဲ့.. ကျွန်မ..ကြည့်နေကြတာ.. စက္ကန့်၃၀ လောက်တော့..ကြာမယ်.. ကြည့်နေရင်းနဲ့... လမ်းလျှောက်သွားတာလည်းမဟုတ်.. ပျောက်သွားရော.. မျက်တောင်မခတ်ပဲ.. ကျွန်မ..ကြည့်နေမိလို့.. သူပျောက်သွားတယ်လို့.. တပ်အပ်ပြောနိုင်တာပါ... ပျောက်သွားတော့.. အူကြောင်ကြောင်ဖြစ်သွားတယ်.. နောက်တော့.. ခေါင်းထဲ.. ၀င်လာတဲ့..အတွေးက.. ကျွန်မတို့.. အမျိုးသမီးဆောင်မှာ.. ညဘက်.. ၉း၀၀ ဆိုရင်... အဆောင်ကို... တာဝန်ကျ.. နာ့စ်တွေက... ပိတ်လိုက်ပါတယ်. ဘာလို့လဲဆိုတော့.. ဟိုဘက်မွေးဆောင်က.. လူနာရှင်တွေက.. အိမ်သာလာသုံးမှာ.. စိုးလို့ပါ... လူနာစောင့်တွေ..များနေတော့..၀င်လိုက်ထွက်လိုက်နဲ့ဆိုရင်.. အမျိုးသမီးဆောင်က.. လူနာတွေ... မအိပ်ရမှာ..စိုးလို့ဆိုပြီးတော့.. .. ကျွန်မ..သတိရလိုက်တော့.. တံခါးက.. ပိတ်ထားတယ်.. ထိပ်ဆုံးခန်းဖြစ်လို့.. သူလျှောက်လာတဲ့ဘက်မှာလည်း.. အခန်းမရှိဘူး... ဒါဆိုရင်.. စောစောက.. မိန်းမကဘယ်ကလဲ...... !!!!!! အဲ့တော့မှပဲ.. ဘေးကုတင်က.. အမေ့ကိုနှိုး... သရဲခြောက်ခံရတယ်.. အမေရေဆိုပြီး.. မိုးလင်းတဲ့အထိ.. အိပ်မပျော်တော့ပါဘူး... အမြဲလိုလို.. ကြောက်လိုက်ရတာနော်..အမှောင်ထဲဆိုမသွားရဲ... သရဲဆိုရင်... ဆံပင်က. ဖားယားကြီးနဲ့လား.. မျက်လုံးက.. ဘယ်လောက်... ပြူးလဲ.. လျှာက.. တန်းလန်းကြီးလားနဲ့... အမျိုးမျိုးပုံဖော်ကြောက်နေတာ... တွေ့လိုက်တော့လည်း... ခြောက်လို့.. ခြောက်မှန်းတောင်မသိ... သရဲလည်း.. စက္ကန်း ၃၀ လောက်.. ခြောက်ပြတာတောင်.. မျက်မှောင်ကုပ်ပြီးပြန်ကြည့်နေသဟ ဆိုပြီး စိတ်ပျက်သွားတယ်.. ထင်ပါရဲ့... နောက်၁နှစ်ခန့်အကြာမှာမှ.. သူငယ်ချင်းဆီက.. ပြန်သိလိုက်ရတာက... မြောက်ဥက္ကလာဆေးရုံမှာ.. ပါးကွက်.. သရဲရှိတယ်ဆိုပဲ... သူလည်း.. တဆင့်ကြားလာတာပါ.. ဒီတော့မှ.. ငါကြုံခဲ့ရတာ.. အဲဒီ့.. ပါးကွက်..သရဲပဲထင်တယ်..ဆိုပြီး...... စာအရေးအသားမကောင်းရင်.. ခွင့်လွှတ်ကြပါ... ပေတမှာ.. ၀င်ဝင်ဖတ်နေပေမဲ့.. အခုတလော.. ကုန်ကြမ်းရှားနေတယ်ဆိုလို့... အခုလို.. ၀င်ရေးရခြင်းပါ.... သရဲခြောက်ခံရတာလည်း.. အဲ့ဒါက... ပထမဆုံးနဲ့..နောက်ဆုံးပါပဲ.. နောက်ထပ်.. သူငယ်ချင်းရဲ့.. အဒေါ်.. ချီးစားစုန်းနဲ့..တွေ့တာလေးလည်း... အချိန်ရရင်.. ၀င်ရေးပါအုံးမယ်...

Su Zaw @ ပေတလောက စိတ်ဝင်စားသူများ

Tuesday, February 5, 2013

အချိန်တန်လို. ပြန်ခဲ့ကြရသော ခရီး




ဆရာကန်တော.ပွဲအတွက် ၀ါးခယ်မသို. ၂၉ ရက် ဒီဇင်ဘာ မနက် ၉ နာရီက ထွက်ခွာလာခဲ့ကြသော အဖွဲ.များအနက် ၃၁ ရက်နေ. မဖြစ်မနေ လုပ်ငန်းခွင် ၀င်ရမည်. သူများက ၃၀ ရက်ည Dinner အပြီး ပြန်ရန် စီစဉ်ကြသည်....
လာစဉ်က ကား၎ စီး ၁၂၁ ယောက်အနက် ကား၂စီးပြန်ရန် စီစဉ်ပေးထားပြီး ကျန်သူများက ၃၁ ရက်မနက် ၉နာရီ ပြန်ကြ၇န် စီစဉ်ထားခြင်းဖြစ်သည်.....


၃၀ ရက်ညပိုင်းပြန်ကြမည်. သူများအတွက် ပစ္စည်းများသယ်ပေးကြ...နှုတ်ဆက်ကြ ဖြင်.အခက်အခဲအချို.ကြောင်.  သတ်မှတ်ချိန်ထက် အတန်ငယ်နောက်ကျပြီးမှ ထွက်ခွာနိုင်ကြသည်....

၃၁ ရက်နေ. မနက်ပြန်မည်.အဖွဲ.က ကား၂ စီး လူ ၆၄ ယောက်
အသင်းတိုက်ရှေ.တွင် အတော်လေးစည်ကားနေသည်....လောက၏ သဘောအရ ဤ လူများ ဤကဲ့သို. နောက်တစ်ကြိမ်အပြည်.အ၀ ပြန်ဆုံခွင်. မည်သူမျှဝင်၍ အာမခံနိုင်ကြသော ကိစ္စတော. မဟုတ်....နှုတ်ဆက်ကြသည်..မှာတမ်းခြွေကြသည်....သူငယ်ချင်းအချင်းချင်း...လုပ်ဖော်ကိုင်ဖက်အချင်းချင်း....ဆရာနှင်.တပည်.   စာရေးဖို. ...ဖုန်းဆက်ဖို. ..အဆက်အသွယ်မပြတ်ဖို. .....အခွင်.ရရင် တစ်ခေါက်လောက် လာခဲ့အုံးဖို.စသော နှုတ်ဆက်ရိုး နှုတ်ဆက်စဉ် ကြားဖူးနေကျ စကားများသာ ဖြစ်သော်လည်း ဘယ်တော.မှမရိုးသွား.....ပြောပြီးသား စကားလုံးတို.ကို ထပ်ဖန်တလဲလဲ ပြောနေကြသည်....


ပြန်လည်တွေ.ဆုံခွင်.ရကြသဖြင်. ..ဆရာကန်တော.ပွဲ တစ်ရပ်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြသဖြင်. ...မိမမွေးရပ်မြေကို ..မိမိနေထိုင်ခဲ့ဖူးသောနေရာကို..မိမိနှင်. အကျွမ်းတ၀င် ရှိခဲ့ဖူးသော နေရာကို ပြန်ရောက်ကြရသဖြင်....မိတ်ဟောင်းဆွေဟောင်းနေရာဟောင်း တို.နှင်. ပြန်လည်ရင်းနှီး ပတ်သက်ခွင်.ရကြသဖြင်. ...ကျေနပ် ပျော်ရွှင် ကြည်နူးမှု တို.၏ အရှိန်ကြောင်. ပြုံးပျော်နေနိုင်သေးသော်လည်း မကြာခင် ပြန်လည်ခွဲခွါရတော.မည်..မရေရာသော.နောက်တစ်ကြိမ် ပြန်လည်တွေ.ဆုံခွင်.....စသည်တို.အတွက် ခပ်ပါးပါးသော စိုးရိမ်ခြင်းနှင်. စိတ်မကောင်းဖြစ်မှု တို.က ရေးရေးတော. ထင်နေကြသည်.....အထူးသဖြင်. ပြန်ကြရမည်. သူများ၏ မျက်နှာ၇ိပ်ထက်ဝယ်..................


 ကားကို ၉နာရီ ထိုးလုလုမှာပင် ပြန်လည်ထွက်ခွာလာကြသည်..........
မြို.လေးက ပြန်လည်ထွက်ခွာခိုက် ကားမှန်ပြတင်းများမှတစ်ဆင်. မြင်ကွင်းများကို တစ်ဝကြည်.ရင်း နှုတ်ဆက်နေမိကြသည်....လမ်းမကြီးအတိုင်းချစ်တီးဘုရားကျောင်းဘေးကဖြတ်...ဘုရားကြီးရှေ.ကဖြတ်....တောဈေးတန်းလေးထိပ်ကဖြတ်...ရေကောင်းကောင်းမရှိတော.တဲ့ ဈေးချောင်းထက်က မီးသတ်ဂုံးတံတားပေါ်ကိုဖြတ်...ဦးရှင်ကြီး ကွင်းဘေးကဖြတ်....ဆေးရုံရှေ.ကိုဖြတ်..ခရစ်စယာန် ဘုရားကျောင်းရှေ.ကဖြတ်.....ရွာလည် လမ်းမကြီးကို ဖြတ်..အထက ၂ ဘေးကိုဖြတ်..........ဈေးသွားဈေးပြန်  ဆိုင်ကယ်...ဆိုက်ကား..စက်ဘီးများ...........ရောင်းချနေကြတဲ့ ဈေးတန်းလေး....ဆွမ်းခံကြွ သံဃာတော်အချို. ....အိမ်လေးတွေ ရဲ. မီးဖိုခန်းဘက်ဆီက ဝေ.တက်လာနေတဲ့ မီးခိုးငွေ.အချို. ... လမ်းဘေးမှာ ကားကို လက်ပြနေတဲ့ ကလေးငယ်လေးတစ်ချို...အိမ်ရှေ.မြင်သာရုံ ဟိုအတွင်းဘက်ကနေကားတွေကိုငေးကြည်.နေတဲ့ ကျောင်းသား/ကျောင်းသူဟောင်းအချို.(ကြည်.နေတယ်ဆိုတာထက် ငေးနေတယ်ဆိုရင် ပိုမှန်မလားပါပဲ...သူတို.မျက်ဝန်းတွေ သေနေသည်)...အလာတုန်းက ၀မ်းပန်းတသာကြိုခဲ့ကြသူ အားလုံးပြန်ပို.ဖို.သူတို.မလုပ်ချင်ကြ..မှန်သည်..တကယ်ကဒီအပြန်ခရီးက ပြန်ချင်လို.ပြန်ကြသည် မဟုတ်ပဲ ပြန်ရမည်မို.ပြန်ကြရခြင်း..သူတို.မပို.ချင်ကြ သလို ဒီသူတွေအားလုံးကလည်းပြန်ချင်ကြသည်မဟုတ်..သို.သော်.......မည်သူထွင်ခဲ့မှန်းမသိသော.တော်ရာဆိုသောစကားလုံး အတော်တော.မုန်းဖို.ကောင်းသည်…....တံတားပေါ်အရောက် မြို.လေးကို လည်ပြန် နှုတ်ဆက်ကြရင်း ထို…တော်ရာ ဆိုသော..အရပ်ဆီသို.ပြန်ခဲ့ကြရပါပြီ


 လမ်းကတော.ထုံးစံအတိုင်းဘာမှပြောလောက်စရာမရှိပဲ တစ်ခုပဲထူးခြားတာက တိတ်ဆိတ်နေသည်.........တစ်ကားလုံးအတွေးကိုယ်စိနဲ. တစ်ချို.က တိတ်တဆိတ် သက်ပြင်းချ...တစ်ချို.ကျ တိုးတိုးလေးပင်.သက်၇ှိုက်....အားလုံး ရဲ.ခန္ဓာကိုယ်တွေကို သယ်ဆောင်လာတဲ့ကား စိတ်တွေတပါတည်း ပါလာဖို.တော. သူမတတ်နိုင်ခဲ့ပါဘူး..........အားလုံးရဲ. စိတ်တွေက မြို.လေးမှာ တစ်ရစ်ဝဲ၀ဲ


အလာတုန်းက စားခဲ့တဲ့ ထမင်းဆိုင်လေးမှာပဲ ထမင်းဝင်စားကြ....ဒါပေမယ်.အလာတုန်းကလိုတော. စကားများများမပြောဖြစ်ကြတော.  ...အားလုံးရဲ. လှုပ်ရှားမှုတွေက လေးလံဖင်.နွဲ.နေကြသည်......သွားချင်၍ သွားကြသောခရီး...သွားသင်.၍ သွားခဲ့ကြသော ထိုခရီး...ဒီလမ်းဒီနေရာ ကိုဖြတ်တာချင်း..သွားတာချင်းအတူတူ အသွားနှင်. အပြန်ကား စိတ်ခံစားချက် ကွာလွန်းလှသည်....Same Magnitude .သော်လည်း..Opposite Direction  သွားသောအခါ................


 ရန်ကုန်သို. ၃နာ၇ိခန်. ၀င်ရောက်သွားသည်.......ကားများဖြင်.ပိတ်ဆို.ကြပ်ညပ်နေသော လမ်းမကျဉ်း...လမ်းမကျယ်များ....ပိုရင်.နေသောနေရောင်....ပူလောင်နေသော ပတ်ဝန်းကျင်မြင်ကွင်း......အချိန်လု..နေရာလု..အခြေအနေလု လုပ်ကိုင်နေကြရသော လူသားတို.၏ အမောများ.....

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်သစ်သီးများ

ကင်ဆာရောဂါသည် ကမ္ဘာပေါ်ရှိ  ကြောက်စရာ အကောင်းဆုံး သောရောဂါများအနက် တစ်မျိုး အပါအဝင် ဖြစ်သည်။ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန် ချက်အရ ၂ဝဝ၈ ခုနှစ်အတွင်း၌ ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါ ဖြင့် အသက်ဆုံး ရှုံးရသူ စုစုပေါင်း ၇ ဒသမ ၆ သန်းရှိသည်။ ၄င်း ပမာဏမှာ အဆိုပါနှစ် အတွင်း သေဆုံး သူအားလုံး၏ ၁၃ ရာခိုင်နှုန်းဖြစ် သည်။
ကင်ဆာရောဂါဖြင့် သေဆုံးသူ များ၏ ၃ဝ ရာခိုင်နှုန်း ခန့်သည် ဆေးလိပ် သောက်ခြင်း၊ အရက် သောက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းနှင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှုနည်းပါး ခြင်းတို့ကြောင့် သေဆုံး ရခြင်းဖြစ် သည်ဟု WHO အဖွဲ့ကြီးက ဖော် ပြထားသည်။ ထို့အပြင် ၄င်းရောဂါ ဖြင့် သေဆုံးရသူဦးရေသည် လာ မည့် ၂ဝ၃ဝ ပြည့်နှစ်တွင်၁၃ ဒသမ တစ်သန်းအထိ  တိုးမြင့်လာနိုင် ဖွယ်ရှိသည်။


ထို့ကြောင့် ကြောက်မက်ဖွယ် ကောင်းသည့် ၄င်းရောဂါဆိုးကြီး အား ဖြစ်ပွားပြီးမှ ကုသခြင်းထက် မဖြစ်ခင်က ကြိုတင် ကာကွယ်ခြင်း သည် လွန်စွာအရေးကြီးလှပေ သည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာရောဂါကို အများဆုံးဖြစ် ပွားစေနိုင်ပြီး  ကမ္ဘာတစ်ဝန်းရှိ အဆုတ်ကင်ဆာဖြင့်  သေဆုံးသူ များအနက် ၇၁ ရာခိုင်နှုန်း သည်  ဆေးလိပ်သောက်သူ များဖြစ်သည် ကို  တွေ့ရသည်။  ထို့အပြင် ''အစာလည်းဆေး၊ ဆေးလည်း အစာ'' ဟူသော စကားအတိုင်း ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး အဖိုးနှုန်းချိုသာသည့် သစ်သီးဝလံ များကို မြဝတီစာဖတ် ပရိသတ်ကြီး များအတွက်  ဖော်ပြပေးလိုက်ပါ သည်။

 သစ်တော်သီး
သစ်တော်သီးတွင် ဗီတာမင် A, B1, B2, C, E, ဖောလစ်အက်ဆစ်
တို့ပါဝင်သည်။  ထို့ကြောင့် ဗီတာ မင်စြွီကယ်ဝခြင်းသည်   ဆဲလ်နှင့် တစ်သျှူးများပျက်စီးခြင်းမှကာကွယ် ပေးသည့်အတွက် သစ်တော်သီးများ သည် လူသားများအတွက်များစွာ အကျိုးပြုသည်ဟုဆိုရပေမည်။

ငှက်ပျောသီး
ကုန်တိုက်များနှင့်  ဈေးများတွင် အလွယ်တကူ ဝယ်ယူနိုင်သည့်  ငှက် ပျောသီးများတွင် ကင်ဆာရောဂါဖြစ်  ပွားခြင်းကို ကာကွယ်နိုင်သည့် မဂ္ဂနီစီယမ် နှင့် ပိုတက်စီယမ်ဓာတ်များ ပါဝင်သည်။ ထို့အပြင် အူမကြီး ကင်ဆာဝေဒနာခံစား ရသူများတွင် ဓာတ်ရောင်ခြည်ဖြင့် ကု သမှုကြောင့် ဖြစ်ပေါ်လာသည့် လက္ခ ဏာများကို လျှော့ချရာတွင်လည်း ငှက် ပျောသီးသည် အဓိကကျသည့် အခန်း ကဏ္ဍတွင် ပါဝင်သည်ဟု ပညာရှင်များ က ဆိုထားကြသည်။

ကီဝီသီး
ကီဝီသီးတွင် ဗီတာမင် E, ဖော လစ်အက်ဆစ်နှင့် ပိုတက်ဆီယမ်ဓာတ် များ ပါဝင် သောကြောင့် နှလုံးရောဂါကို ကာကွယ်နိုင်သည့် အပြင် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ အထောက် အကူပြုသည်ဟု သိရသည်။ ၄င်းတို့ တွင်ငှက်ပျောသီး နည်းတူပိုတက်ဆီယမ် ဓာတ် ပမာဏ တူညီစွာပါဝင်ပြီး ကယ်လို ရီပါဝင်မှု နည်းပါးသောကြောင့် နှလုံး ကျန်းမာသန်စွမ်းရေးအတွက်လည်း အထူးကောင်းမွန်သည့် အသီးတစ်မျိုး ပင်ဖြစ်သည်။ ထို့အပြင် ကင်ဆာရောဂါ  ဖြစ်ပွားစေသည့် ဆဲလ်များကိုလည်း ချေဖျက်ပေးနိုင်စွမ်း ရှိသည်။

လိမ္မော်သီး
ကင်ဆာရောဂါကို ဖြစ်ပွားစေသော ဓာတု Compound များဖြစ်တည်ဖွဲ့ စည်းလာခြင်းကို ကာကွယ်ပေးနိုင်သည့် ဗီတာမင် ဃ ဓာတ်များသည် လိမ္မော်သီး တွင် များစွာပါဝင်လျက်ရှိပြီး အစြာ>ွပန် ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ် ကင်ဆာ၊ လည်ချောင်း ကင်ဆာဝေဒနာ ရှင်များအတွက် လိမ္မော်သီးသည် စား သုံးရန် အလွန်သင့်တော်သည့် အသီး တစ်မျိုးပင်ဖြစ်သည်။

သဖန်းသီး
သဖန်းသီးတွင် အကြိတ်အဖုများ၊ ကင်ဆာဆဲလ်များကို ချေမှုန်းဖျက်ဆီး နိုင်သည့် ဓာတ်ပစ္စည်းများပါဝင်ပြီး ကင် ဆာဝေဒနာရှင်များအတွက် နေ့စဉ်စား သုံးရန် သင့်လျော်သည့် အစားအစာ တစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်သည်။

ပန်းသီး
ပန်းသီးတွင် အဆုတ်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များကို  ကာကွယ်တိုက်ဖျက်ရာတွင် အထောက်အကူပြုသည့်သဘာဝဓာတ်  ပစ္စည်းတစ်ခုဖြစ်သော Quercetin ပါဝင် သည်။ ထို့အတူ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအား ရောဂါပိုးများက တိုက် ခိုက်ခြင်းမှ  အကာအကွယ်ပေးသည့် Antioxidant များစွာ  ပါဝင်လျက်ရှိ သည်။


အချုပ်အားဖြင့် ဆေးလိပ်သောက် ခြင်းမှရှောင်ကြဉ်ခြင်း၊ Antioxidant များ ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ  စားသုံးပေးခြင်း၊ အနီရောင်ရှိသည့် အသားများကို စား သုံးခြင်းကို လျှော့ချခြင်း၊ အရက်ကို အကန့်အသတ်ဖြင့် သောက်သုံးခြင်း၊ လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု များကို မှန်မှန်လုပ်ခြင်းစသည့် လုပ် ဆောင်ချက်များသည် ကင်ဆာရောဂါ ကို ကာကွယ်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း ပညာရှင်များ၏ ပြောကြားချက်များကို ကိုးကား၍ ရေး သားဖော်ပြလိုက်ရပေသည်။
 
ကျန်းမာရေးသုတ @mwdmedia.net

သက်မွန်မြင်. နှင်. Online Audience Choice Award 2012 ဆု


၂၀၁၃ ဇန်နဝါရီ ၇ ရက်၊ ညနေ ၅ နာရီ က စင်ထရယ်ဟိုတယ်တွင် Focus မဂ္ဂဇင်း မှ ရွေးချယ်တဲ့ Online Audience Choice Award 2012 ဆုကို အကယ်ဒမီ သက်မွန် မြင့်က ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆု ကအွန် လိုင်း ပရိသတ်ကြီးတွေ အနုပညာရှင်ပေါင်းများစွာထဲမှ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင် တစ်ယောက် ကို သာ ရွေးချယ်ပြီးပေးတဲ့ ဆုတစ်ဆုဖြစ်ကြောင်းလည်း သိရပါတယ်။

၂ဝ၁၁ခုနှစ်ရဲ့ အကယ်ဒမီဆုနဲ့ လွဲခဲ့ပေမယ့်လည်း ပရိသတ်ကြီးတွေပေးတဲ့ ဆုကို ရရှိခဲ့တဲ့ အတွက် တအား ဝမ်း သာကြောင်း သက်မွန်မြင့် က ပြောပါ တယ်။ သက်မွန်မြင့်ကို အကယ်ဒမီဆုနဲ့ ပရိ သတ်တွေပေး တဲ့ Focus Online ဆုနဲ့ ဘာတွေ ကွာခြားသွားမလဲဆိုတာကို မေးကြည့်တော့“အကယ်ဒမီ ဆုဆိုတာ က နိုင်ငံတော်ကချီးမြှင့်တဲ့ ထူးချွန်ဆုပေါ့။ အခုဒီဆု က ပရိသတ် တွေကပေး တဲ့ဆု၊ ဒီဆုက ပရိသတ်တွေ ရဲ့ အားပေး မှုကို မြင်ရ တဲ့ဆုပါ။ အနုပညာ ရှင်တစ်ယောက်ကို ဒီပရိသတ်တွေက ဘယ်လောက် ချစ်ကြ လဲဆိုတာကို မြင်ရတဲ့အတွက် အင်အားဖြစ်စေတဲ့ ဆုတစ်ဆုပါ” လို့ ပြောပါတယ်။


၂ဝ၁၃နှစ်သစ်မှာ ပရိသတ်ကပေးတဲ့ဆု ရရှိခဲ့တဲ့အတွက် ၂ဝ၁၃ ခုနှစ်က သက်မွန်မြင့်ရဲ့ ကံကောင်းခြင်း   တွေစပြီး ယူဆောင် လာတဲ့ နှစ်လား ဆိုတာကို“အမှန်အတိုင်းပြောရရင် ဒီဆုကို တာဝန်ရှိ သူတွေက အ ကယ် ဒမီပွဲပြီး မှ ပေးမယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုရင် အကယ်ဒမီမှာ သက်မွန်က နံပါတ် တစ်ပေး ခံထား ရတယ်ဆိုတော့ အယူလေး တွေရှိခဲ့တယ်။ အဲဒါကြောင့် အကယ်ဒမီပြီး မှပေးတာပါ။ တကယ် တမ်း လည်း ကျရော အကယ်ဒမီဆု လည်း မရခဲ့ပါဘူး။ ဒါက အယူဆိုတာမရှိပါဘူး။ ကံကောင်းတဲ့နှစ် ကံမကောင်း တဲ့နှစ် ဆိုတာက ကိုယ့်ရဲ့ အလုပ် တစ်ခုပေါ်မှာပဲ မူတည်တယ်။ ကိုယ်ကိုယ်တိုင် ကလည်း ကံကောင်းအောင်ကြိုးစားပြီး လုပ် ကိုင်ရမယ်။ ကိုယ့်ကျင့်သီလ အကုန်လုံးပါပါ တယ်။ ဘာပဲဖြစ်ဖြစ် ဒီဆု ကို ရ ရှိ ခဲ့တဲ့ အတွက် တအားအားရှိပါတယ်။ ၂ဝ၁၃မှာ ကံကောင်း လာဖို့ အနုပညာ အလုပ် မှာ ထွေထွေ ထူးထူး ပြင်ဆင်ဖို့တော့ မရှိပါဘူး။ ဘာလို့လဲဆိုရင် ကိုယ်ကအလုပ်မှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်။ ဘုရား၊တရား လည်းလုပ်သွားမှာပါ”လို့ ပြောပါတယ်။


 From:Popular @ mmdailystar

Friday, February 1, 2013

အထက ၁ ၀ါးခယ်မ အမှတ်တရ ညစာစားပွဲ



 
ဆရာကန်တော.ပွဲ အပြီး ဒီဇင်ဘာ ၃၀ ရက်ည က အထက ၁ ကျောင်းရှေ.မြက်ခင်းပြင်မှာပဲ ညစာစားပွဲ အခမ်းအနားကို ညနေ ၆နာရီကစ ကျင်းပခဲ့ပါတယ်....

ခင်းထားတဲ့ စားပွဲတွေရဲ. ရှေ.မှာဖျော်ဖြေရေး စင်မြင်. တစ်ခုရှိနေပြီး ကာရာအိုကေ စက် ဆင်ထားပါတယ်....ကျောင်းဝင်ပေါက်မှာတော. ဆရာကြိး..ဆရာမကြီးများရဲ. ကျန်းမာရေး ရန်ပုံငွေ အလှုခံ ဌာန ရှိနေပြီး ကျောင်းဝင်းထဲက သစ်ပင်တွေ..ကျောင်းစည်းရိုး တွေမှာတော. မီးအလှဆင်ထားပါတယ်

 
တက်ရောက်လာတဲ့ ဆရာကြီး ဆရာမကြီးတွေ ကျောင်းသား/ကျောင်းသူ ဟောင်းတွေ အားလုံး ၄၀၀ ခန်.ရှိခဲ့တယ်လို. မှန်းဆရပြီး အားလုံးကို ကြက်ဆီ ထမင်း အချိုရည်တို.နဲ.ဧည်.ခံခဲ့ပါတယ်.........၇နာရီ လောက်မှာတော. လူစုံသလောက်ဖြစ်လာပြီး သူငယ်ချင်း အချင်းချင်းတွေပဲ စုထိုင် စကားပြော စားကြ သောက်ကြနဲ. ပွဲက သာမာန် ညစာစားပွဲ တစ်ခုပါပဲ....အတော်များများ စားလို. ပြီးချိန်မှာ ဖျော်ဖြေရေး အစီအစဉ်တွေစပါတယ်...

ဆရာကြီး ဦးထွန်းငြိမ်း ဆရာမ ဒေါ်စန်းမြ
 .ကျောင်းသားဟောင်း အငယ်တွေ..အလတ်တွေ..အကြီးတွေ....ဆရာကြီး /ဆရာမကြီး အချို.ပါ ၀ါသနာကြောင်. ...တိုက်တွန်းမှုကြောင်. ...တောင်းဆိုမှုကြောင်. စင်ပေါ် ရောက်ခဲ့ကြပါတယ်...နဂိုထဲက သီချင်းဆိုလည်းကောင်း ၀ါသနာလည်းပါတဲ့ ဆရာမ ဒေါ်စန်းမြ တို. စင်ပေါ်ရောက်ခဲ့သလို စင်ပေါ် မတက်ခဲ့ဘူးတဲ့ ဆရာမ ဒေါ်ခင်ဋ္ဌေးရီ နဲ. ဆရာမ ဒေါ်စန်းရီ တို.လည်း စင်ပေါ်ရောက်ခဲ့ကြရပြီး တပည်.အားလုံးချစ်ကြတဲ့ အင်္ဂလိပ်စာ အသင်အပြ ကောင်းတဲ့ အလွန်ရှက်တတ်တဲ့ လူပျိုကြီး ဆရာ ဦးထွန်းငြိမ်းလည်း တပည်.များရဲ. ဆန္ဒ ကို လိုက်လျောပြီး စင်ပေါ် ရောက်ပေးခဲ့ကြရပါတယ်...

ဆရာမ ဒေါ်ခင်ဌေးရီ နှင်. ဆရာမ ဒေါ်စန်းရိ
 ဆရာမ ဒေါ်ခင်ဋ္ဌေးရိတို.က တပည်.တွေ ဆုဝိုင်းချီးမြှင်.တာ ၁၀၃၀၀၀ ရသလို ဆရာဦးထွန်းငြိမ်းလည်း ၁၃၀၀၀၀ ခန်. ၇ခဲ့တယ်လို.သိရပါတယ်....ကျောင်းသားဟောင်းတွေထဲကတော. ဒေါက်တာအောင်နိုင်...ဒေါက်တာ သက်ရှည်...ကိုဝင်းဋ္ဌေး..ကိုတင်ထွန်းလွင်.ကိုမြင်.လွင်..ကိုစိုးလင်းထွန်း ...အပါအ၀င်တော်တော်များများ သီဆိုခဲ့ကြပြီး ဒေါက်တာသက်ရှည်တို.ရဲ. မိုးလုံးမှိုင်း သီချင်း သိဆိုချိန်မှာတော. စင်ပေါ်မှာရော စင်အောက်မှာပါ တစ်ကျောင်းတည်းထွက် တစ်မြို.တည်းသား ညီ/အကို မောင်/နှစ်မ များရဲ. ငယ်ဘ၀အချိန်များဆီ ပြန်ရောက်သွားကြပြီး တွဲလက်ညီ ကကြ ခုန်ကြ ပျော်စရာအကောင်းဆုံးညရဲ. သရုပ်ဖော်ပြကွက်တစ်ကွက် ကောင်းကောင်း တင်ဆက်နိုင်ခဲ့ပါတယ်....

အားလုံးပျော်ခဲ့ကြတဲ့ မိုးလုံးမှိုင်း
 .ဒါ.အပြင် လက်ရှိကျောင်းအုပ်ဆရာမကြီးကလည်း မထင်မှတ်လောက်အောင် သွက်လက်တက်ကြွစွာ သီဆိုဖျော်ဖြေခဲ့ပါသေးတယ် (သူမဟာ ကျွန်တော်တို. အထက ၁ ထွက်ေ၉၉၁ ၁၀ တန်းအောင်ကျောင်ူသူ တစ်ဦးနဲ. Phd အတူတက်ခဲ့သူ တစ်ဦး ဖြစ်သလို သူ.အမျိုးသားကတော. မအူပင် GTI ၁၉၉၅-၉၇ MT ကျောင်းဆင်း တစ်ဦးဖြစ်ပါတယ်)....လက်ရှိ ဓဋ္ဌာနဆိုင်ရာ တစ်ခုမှာ တာဝန်ကြီးကြီးထမ်းဆောင်နေတဲ့ ၁၉၉၁ ဆယ်တန်းအောင် ကျောင်းသားတစ်ဦး...အသံအ၇မ်းကောင်းလွန်းတဲ့ သူငယ်ချင်းတစ်ဦး ပေါင်း၃ ဦးဖျော်ဖြေ ရာမှာတော. တကယ်ကိုကောင်းခဲ့ပေမယ်. စင်အောက်မှာက သူတို.နှစ်တူ သူငယ်ချင်းတစ်ဝိုင်းသာ ကျန်ခဲ့ပြီး ဘယ်သူမှမရှိတော.တာကြောင်.နှမြောစရာ ဖြစ်ခဲ့ပါတယ်..(သူတို.ကလည်း ဆိုတော.ဆိုချင်...လူရှေ.လည်းမဆို၇ဲသောကြောင်.ထင်ပါရဲ. .....နာမည်တွေထည်.မပေးလိုက်ဖူးနော် သနားလို.)....သူတို.ဘယ်အချိန်မှ ဆင်ပေါ်က ဆင်းခဲ့လည်းဆိုတာတောင်မသိပါဘူး ....သူတို.နဲ. စက်ကိုင်တဲ့သူတွေနဲ.ပဲ ကျန်ခဲ့တာပါ

သီချင်းသိဆိုတင်ဆက်ဖျော်ဖြေ နေကြချိန်မှာ စင်အောက်မှာ ဆရာ/ဆရာမတွေနဲ. တပည်.ဟောင်းတွေ အမှတ်တရ ဓါတ်ပုံ၇ိုက်ကြ စကားတွေပြောကြ စင်ပေါ်နဲ.စင်အောက် မနည်းအသံပေါက်အောင်တော.ကြိုးစားကြရပါတယ်

 
ဒီထဲမှာ တစ်ခုပြောစရာ ရှိတာကတော. ဆရာ ဦးသန်းရ Wheel Chair နဲ.တပည်.တွေဆီ လာပေးခဲ့ပြီး ဒီညစာစားပွဲ ပြီးကာနီးထိ ဒီဇင်ဘာ နှင်းတွေကြားထဲ ပွဲပြီးကာနီးထိ ရှိနေပေးခဲ့ပြီး အားလုံးနဲ. စကားလက်ဆုံကြ နေခဲ့ပါတယ်

ည၁၀နာရီခန်.မှာတော. ညစာစားပွဲ အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးချိန်မှာ ခုနပြောတဲ့အဖွဲ.ကတော. ကျောင်းထဲမှာ သီချင်းဆို လို.ကောင်းတုန်းပါပဲ................................
Bottom of Form

သွေးထွက်မှို


သွေးတော့မဟုတ်ပါဘူး။ သို့ပေမယ့် သူရဲ့  ကိုယ်ကနေ သွေးကဲ့သို့ အရောင် ရှိတဲ့ အရည်/အဆီများ တဆိမ့်ဆိမ့်နဲ့ ထွက်ရှိနေလို့ သွေး ထွက်သော မှိုလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အမည်ရင်းကတော့ Hydnellum peckii ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယားကျွန်းဆွယ်တို့လို နေရာမှာ ရှင်သန် ပေါက်ဖွားပါတယ်။ အရွယ် အစား ကလည်း ၁ လက်မ မှ ၃ လက်မ၊ ၆ လက်မ ပတ်လည်မက လည်း ရှိတတ်ပြီး အစုလိုက်လည်း ပေါက်တတ်တဲ့အတွက် အကြီးကြီးလို့လည်း ထင်ရနိုင်ပါတယ်။

အနီရောင်ရည်ကတော့ စတော်ဘယ်ရီရည်လို၊ သွေးရည်လို ဖြစ်ပြီး Sport လို့ခေါ်တဲ့မျိုးမှုန်များလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပင်ပေါက်ပြီး ရင် နောက်တစ်ပင်က ယင်းနေရာပတ်ဝန်း ကျင်မှာ ပြန်ပေါက်ဖို့ လွယ်ကူ ပါတယ်။ အပင်က ကြည့်ရတာ မနှစ်မြှို့ ဖွယ်ရာစရာပဲ အလိုအလျောက် ပဲ သွေးကဲ့သို့ အရည်များ ထွက်နေတဲ့အတွက် Devil's mouth လို့လည်း ခေါ်ဆိုကြောင်း သိရပါတယ်။

--
Ref: wiki .....Post of  International news for myanmar

သာသနာ. အာဇာနည် လယ်တီ




လယ်တီဆရာတော် ဘုရားကြီးဟာ မြန်မာ.ဗုဒ္ဓဘာသာ သမိုင်းမှာ ထင်ရှားခဲ့တဲ့ သာသနာ. အာဇာနည် ဆရာတော်ကြိးတစ်ပါးပါ....ဒါကြောင်.ဆရာတော်ဘုရားနဲ. ပတ်သက်တဲ့ သိထိုက်ဖွယ်ရာလေးတွေ စုစည်းပေးလိုက်ပါတယ်

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ရက်၊ အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့သည်။ ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံး ဖြစ်သည်။
ငယ်မည်မှာ မောင်တက်ခေါင် ဖြစ်၍ အသက် ၁၅ နှစ်အရွယ်၌ ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ ရှင်ဉာဏဓဇ ဖြစ်သည်။ ဆရာတော်လောင်းလျာသည် စာကြည့်ဝါသနာပါ၍ သာမဏေဘ၀ကပင် ရတုကဗျာနှင့် ကျမ်းစာများ ရေးသားပြုစုခဲ့ပေသည်။
သက္ကရာဇ် ၁၂၂၈ ခု၊ ကဆုန်လဆန်း ၆ ရက်နေ့တွင် စိုင်ပြင်၇ွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ထို့နောက် မန္တလေး ရတနာပုံနေပြည်တော် စံကျောင်းတိုက်၌ သီတင်းသုံး၍ ၀ိနည်း ပါဠိတော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃ကျမ်းကို သင်ယူတော်မူသည်။
၁၂၄၈ ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ်ကြီး၌ ကျောင်းတိုက်တည်ထောင်၍ ရဟန်းသာမဏေများအား စာပေပို့ချခဲ့သည်။ ဆရာတော်ကြီးသည် ပါရမီဒီပနီ အပါအ၀င် ဒီပနီကျမ်းပေါင်း များစွာကို ရေးသားပြုစုခဲ့၍ ပရမတ္တဒီပနီ လယ်တီဋီကာကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းတွင် စာပေမှတ်တိုင် တစ်တိုင်အဖြစ် သုတေသီတိုင်းက အသိအမှတ်ပြုခံရ၏။
ဆရာတော်ကြီးသည် လယ်တီတိုက် တည်ထောင်၍ စာပေပို့ချတော်မူပြီးနောက် ၁၂၅၇ ခုနှစ်လောက်မှစ၍ မြန်မာနိုင်ငံ အရပ်ရပ်သို့  လှည့်လည်ကြွရောက်တော်မူပြီး ၀ိပဿနာတရား ဟောကြားတော်မူခဲ့သည်။ နွားမေတ္တာစာရေး၍ နွားသားရှောင်ကြဉ်ရေး ဟောပြောတော်မူခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်သို့သာမက ၁၂၇၅ ခုနှစ်တွင် နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးတည်ထောင်၍ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ရောက်ရှိရေးအတွက်  ကြိုးပမ်းခဲ့ပြန်သည်။ 
ဤကဲ့သို့ သာသနာတော်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်တော်မူခဲ့သဖြင့် ၁၂၇၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် နေ့တွင် မြန်မာနိုင်ငံအစိုးရ၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်းခံရ၏။
၁၂၈၃ ခုနှစ် နတ်တော်လတွင် မြန်မာပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည်ကို ခံယူရရှိတော်မူသည်။
၁၂၈၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၁၅ရက် (လပြည့်) ဗုဒ္ဓဟူးနေ့ ၂နာရီ ၃၀ မိနစ်အချိန်တွင် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။

ဒါကတော. ဆရာတော်ကြီးရဲ.ထေရုပ္ပတိ အကျဉ်းပါ...အောက်မှာဆက်လက်ဖော်ပြထားတာကတော. The Hot News  မှာအောင်ရဲထွန်း ( ဓါတုဗေဒ ) ပူဇော်ထားတဲ့ ဆရာတော်ကြီးထေရုပ္ပတိ ပါ...

မနောရမ္မစင်္ကြန်ကျောင်း-လယ်တီပြတိုက်  (မဟာလယ်တီကျောင်းတိုက်-မုံရွာ)


မြတ်လယ်တီ တက်နေလင်းသည်မို့
Thursday, January 31, 2013

- လယ်တီဆရာတော်သာ မပေါ်ထွန်း ခဲ့လျှင် ဗုဒ္ဓပိဋကတ်တော်တို့သည် လူသာမာန်တို့လေ့လာရန်မြန်မာစကားပြေဖြင့် များစွာနောက်ကျနေဦးမည်။


- လယ်တီဆရာတော်မပေါ်ထွန်းမီက ဗုဒ္ဓ ၏သတိပဋ္ဌာန်တရားတော်သည် လူသာမာန်များနှင့်မဆိုထားနှင့် ရဟန်းတော်များနှင့်ပင် လားလားမျှ

မထိုက်တန်ဟုဆိုခဲ့ကြဖူးသည်။

- လယ်တီဆရာတော်ပေါ်ထွန်းလာပြီး နောက် သတိပဋ္ဌာန်တရားတော်သည် ရဟန်းတော်များနှင့်သာမက လူသားအား လုံးနှင့်ပါထိုက်တန်သည်ဟု သာသနာ့ စည်ကြီးကိုကျယ်လောင်စွာမြည်ဟီးစေခဲ့ သည်။


- လယ်တီဆရာတော်ကြီးသည် ဘုရားရှင်၏ ပိဋကတ်တော်တို့ကို လူသာမာန်တို့ လေ့လာနိုင်စေရန်သာမက ကျင့်ကြံ ပွားများအားထုတ်

နိုင်စေရန်ပါ ရှင်းကနဲ၊ လင်းကနဲ၊၀င်းကနဲ၊ကွင်းကနဲဖြစ်အောင်
ရေးသားလမ်းညွှန်ခဲ့သော ကျမ်းဒီပနီပေါင်း ၇၀ခန့်ရှိသည်။

- ဗုဒ္ဓဘာသာကို ကမ္ဘာသို့ဖြန့်ချိသော အထင်ရှားဆုံး အဦးဆုံးသာသနာ့ အာဇာနည် ကြီးဖြစ်သည်။


- ညှိုးနွမ်းနေသော သူ့ကျွန်ဘ၀သာသနကို တက်နေ၀န်းလို ထွန်းလင်း

တောက်ပအောင် လုံ့လကြိုးကုတ် အားထုတ်တော်မူ ခဲ့သူဖြစ်သည်။

- ဆရာတော်၏များမြောင်လှသော သာ သနာ့ရေးရာနှင့်လောကဓမ္မ

ရေးရာဆောင် ရွက်ချက်များကြောင့် ဘာသာခြားအင်္ဂလိပ် အစိုးရကပင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် တော်နှင့်ရန်ကုန်တက္ကသိုလ်၏ပထမဦးဆုံး ဂုဏ်ထူးဆောင်ပိဋတ္ထရပါရဂူ ဒေါက်တာ ဘွဲ့ချီးမြှင့်ဆပ်ကပ်ခြင်းခံခဲ့ရသူ သာသနာ့ နေမင်းကြီးဖြစ်သည်။

- အလွန်ကျော်ကြားသော အနာဂတ် ဆရာတော်ကြီး ဦးဘခင်နှင့်ကမ္ဘာအနှံ့ သာသနာပြုနေသော ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာတို့သည် လယ်တီ အမွေခံသာသနာ့ အကျိုးတော်ဆောင် ကြီးများဖြစ်သည်။


ငယ်ငယ်တုန်းက မောင်တက်ခေါင်


ဗုဒ္ဓသာသနာတော်သမိုင်းတွင် နေလို လလိုထင်ရှားလာမည့် လယ်တီ

ဆရာတော်လောင်းလျာလေးကို ရွှေဘိုခရိုင်၊ဒီပဲယင်း မြို့နယ်၊စိုင်ပြင်ရွာကြီး၌ အဖဦးထွန်းသာ၊ အမိဒေါ်ကြုံးတို့မှ ၁၂၀၈နတ်တော်လဆန်း ၁၃ရက်၊
အင်္ဂါနေ့တွင် ထူးခြားသော အတိတ်၊ နိမိတ်များဖြင့် ဖွားမြင်ခဲ့သည်ဟု ကျမ်းဂန် များက မှတ်တမ်းတင်ခဲ့ကြသည်။

မွေးချင်း ငါးယောက်အနက်၊ဒုတိမြောက်သားရတနာ ဖြစ်သည်။

ငယ်နာမည် ““မောင်တက်ခေါင်”” ဖြစ်သည်။ ၁၀နှစ်သားအရွယ်တွင် စိုင်ပြင်ရွာ ကျောင်းမတိုက်ဆရာတော်ဦးနန္ဒထံတွင် စာပေစတင်
သင်ကြားခဲ့သည်။

ကိုရင်ငယ်ဘ၀ထဲကပညာဂုဏ်ပြတဲ့ ဆရာတော် အသက်၁၅နှစ်

အရွယ်တွင်စာပေ စတင်သင်ကြားရာ ဦးနန္ဒထံတွင်ပင် ရှင်သာမဏေ
ပြုခဲ့သည်။

လူအမည် မောင်တက်ခေါင် မှ သည် ကိုရင်ဥာဏစကဖြစ်သည်။ ကိုရင်ဘ၀ဖြင့် ကစ္စည်း၊သဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊၀ီထိလက်ရိုး၊

မာတိ ကာ၊ဓာတုကထာ၊ယမက၊ပဋ္ဌါနဟူသော ကျမ်းများကိုသင်ကြား
တတ်မြောက်ခဲ့သည်။

အသက် ၁၈နှစ်တွင်ဆရာတော် ဦးဂန္ဓမာထံတွင် ဗေဒင်ပညာကိုလေ့လာ သင်ကြားခဲ့သည်။ ဗေဒင်ပညာတတ်မြောက် ပြီး၊ဗေဒင်နှင့်ပတ်သက်သော ဇာတာဖွဲ့ များ လက်ရိုးလင်္ကာများကိုရေးသားခဲ့ သည်။


ကိုရင်ဘ၀ဖြင့်ပင် သဒ္ဒါဆိုင်ရာ ကျမ်းများကိုသင်ကြားစဉ် ၀စ္စ၀ါစက

ကောက်လည်းရေးခဲ့သည်။ မဟော်ကျေး စေခန်းရတုသည်လည်း ကိုရင်ဥာဏဓဇ ၏ လက်ရာပင်ဖြစ်သည်။

မြင့်မြတ်သောရဟန်းဘ၀သို့ အသက်၂၀ပြည့်သောအခါ စိုင်ပြင်ရွာ

မြင်တင်တိုက်ခဏ္ဍသိမ်၌ ဆရာတော် ဦးနန္ဒကိုဥပဇ္ဈပြု၍မြင့်မြတ်
သောရဟန်း ဘ၀သို့ ရောက်ရှိတော်မူခဲ့သည်။ 



လယ်တီ ဆရာတော်၏ရဟန်းဘွဲ့မှာ ““ဥာဏဓဇ”” ပင်ဖြစ်သည်။

ရဟန်းသုံးဝါအရတွင် မန္တ လေးမြို့မြောက်ပြင် မင်္ဂလာစံကျောင်းတိုက် ဆရာတော်ကြီး ဦးသုဒဿနထံ၌ စာပေ သင်ကြားတော်မူခဲ့သည်။
မင်းတုန်းမင်းကိုကူညီ ရှင်ဥာဏဓဇ မင်္ဂလာစံကျောင်းတိုက် ၌
ပညာသင်ကြားနေစဉ် ၁၂၂၅မှ၁၂၃၀ ပြည့်နှစ်အတွင်း မင်းတုန်းမင်း
တရားကြီး၏ ပဉ္စမသံဃရတနာတင် ပဋိကတ်သုံးပင် ကျောက်ထက်
အက္ခရာတင်စဉ် ““အဘိ ဓမ္မာကထာဝတ္ထု””ပါဠိတော်ကိုပြန်ဆိုတော် မူသည်။

လယ်တီဆရာတော်၏ဆရာတော်ကြီးများ ရှင်ဥာဏဓဇ၏ ဆရာတော်ကြီးများ

မှာ စံကျောင်းဆရာတော်ဦးသုဒဿန၊မကုဋါရာမကျောင်း ဆရာတော်
ဦးခေမိန္ဒ၊ စလင်းဆရာတော်ဦးပဏ္ဍိစ္စတို့ဖြစ်ပြီး၊ဆရာ တော်ကြီးများထံတွင် ပါဠိပိဋကကျမ်းဂန် များကို အဋ္ဌမထာနှင့်တကွသင်ယူခဲ့သည်။

ရဟန်းရှစ်ဝါတွင် စံကျောင်းတိုက်၌ ပထမ စာချဆရာတော်အဖြစ် တပည့်များကို ပါဠိတော်များကိုသင်ကြားပေးသည်။


စာချ ဖြစ်လာပြီးနောက် ဆရာတော်ကြီးသုံးပါးအပြင်၊အခြားဆရာတော်ကြီး

များထံတွင် စာပေများဆက်လက်ဆည်းပူးခဲ့သည်။ ၁၅၀ါ၊၁၆၀ါ တိုင်
အောင် စာပလေမချပဲ နည်းခံသင်ယူတော်မူသည်။ ဆရာတော် သည်
ရဟန်းပုဂ်္ဂိုလ်ကျော်များထံတွင် သာမက မြန်မာပညာရှိယောမင်းကြီး
ဦးဖိုးလှိုင်နှင့်ဦးဖားတို့ထံတွင် လောကီ၊လော ကုတ်္တရာ နှစ်ဖြာသော ပညာရပ်တို့ကို ဆည်းပူးခဲ့သည်။

အခြားသော စာတတ်၊ ပေတတ်၊ဗေဒင်တတ်၊ဆေးကျမ်းတတ် ပုဂ်္ဂိုလ်များ

ထံသို့သွားရောက်၍လည်း ပညာဗဟုသုတတို့ကို ၀ိရိယကြီးစွာဖြင့် ရှာမီးခဲ့သည်။

လယ်တီဆရာတော်နှင့်နွားမေတ္တာစာရှင်ဥာဏဓဇသည် ၁၂၄၄တွင် မုံရွာမြို့၊

ရွှေစည်းခုံကျောင်းတိုက် ဆရာတော် ၏ ပင့်ဖိတ်လျှောက်ထားချက်အရ ထို ကျောင်းတိုက်သို့ကြွရောက်သတင်းသုံး တော်မူပြီး စာပေပို့ချတော်မူသည်။

၁၂၄၇ တွင် မြန်မာဘုရင်သီပေါမင်းကို အင်္ဂလိပ်တို့ အကျယ်ချပြီးနောက် သူ့ကျွန်ဘ၀တွင် နွားသတ္တစာအမြောက်အများ သေကျေ ပျက်စီးမည်ကို မလိုလား၍ နွားသားစားခြင်းကိုရှောင်ကျဉ်ကာ၊အခြားသူများကို လည်း

နွားသားမစားရန် မေတ္တာရပ်ခံပြီး နွားမေတ္တာစာကိုရေးသားဖြန့်ဝေခဲ့သည်။

လယ်တီဆရာတော်ဟုခေါ်တွင်တော်မူလာပုံ


ရှင်ဥာဏဓဇ ရွှေစည်းခုံကျောင်းတိုက်၌ သီတင်းသုံးစာဝါပို့ချတော်မူနေစဉ် ၁၂၄၈ တပို့တွဲလအတွင်း မုံရွာမြို့ မြောက် အရပ်ရှိ လယ်တီတောထဲသို့ တစ်ပါးတည်း ဒေသစာရီကြွချီတော်မူ၍ ရွှေစည်းခုံ ကျောင်းသို့မပြန်တော့ဘဲ တရားအား ထုတ်တော်မူသည်။


တပည့်ရဟန်းများလိုက် လာရာလယ်တီတော၌ပင်စာဝါများပို့ချ

ပေးတော်မူရင်း ဂန္ဓဓူရ၊၀ိပဿနာဓူရနှစ်မျိုးလုံးကိုမဆုတ်မနစ်
အားထုတ်တော်မူ ရင်း ထိုနေရာ၌ ဆရာတော်ဘုန်းကံမြင့်
ကျောင်းတိုက်ကြီးများဖြစ်လာတော်မူ သည်။

လယ်တီတောထဲတွင် တည်သောကျောင်းတိုက်ဖြစ်၍ လယ်တီကျောင်းတိုက် ဟုခေါ်ဝေါ်တော်မူခဲ့ပြီး စတင်တည် ထောင်သော ရှင်ဥာဏဓဇကိုလည်း လယ်တီဆရာတော်ဟုခေါ်ဝေါ်ကြလေသည်။


ပိဋကတော်ကိုခြောက်ခြားနိုင်သည့် ဆရာတော်

 

၁၂၅၉တန်ဆောင်းမုန်းလတွင် ပရိ ယတ်္တိသာသနာတော်ကိုတုန်လှုပ်ခြောက် ချားသွားသည့် ““ပရမတ္ထဒီပနီ””ဆိုသော ကျမ်းမြတ်ကိုပြုစုတော်မူခဲ့သည်။ ထိုကျမ်းသည် ဗုဒ္ဓပိဋကတ်စာပေသင်ကြားရေး ဆိုင်ရာကျမ်းမြတ်

တစ်ဆူဖြစ်သည်။ ပါဋ္ဌိ လိုရေးသားသော ထိုကျမ်းမြတ်တွင် အဘိ ဓမ္မတ္ထသင်္ဂဟကျမ်းစင်အဖွင့်ဖြစ်သော ၀ိ ဘာဝနီမည်သော ဋီကာကျော်၏ ချွတ် ယွင်းချက်များကိပြတ်ပြတ်ထင်းထင်းထုတ် ဖော်ဝေဖန်မှုပြုပြီး မိမိ၏အတွေးအမြင် အယူအဆတို့ကို ရဲဝံ့ပြတ်သားမှုအပြည့် ဖြင့် ယုံကြည်ချက်ခိုင်မာစွာနှင့်ရေးသား ဖော်ပြခဲ့သည်။

ထို့ကြောင့် ““ပရမတ္ထဒီပနီ”” ကြောင့် လယ်တီဆရာတော်၏ ပညာရနံ့ သည်လည်းပို၍သင်းပျံ့ကျော်ကြားခဲ့ရ တော့သည်။ပါရမီမြောက်ပညာကြီးတဲ့ လယ်တီဆရာတော်ရဲ့ ပညာရေး ပွဲဦးထွက် ကောင်းပါတယ်။

တပည့်ရဟန်းတွေကိုသောက်သုံးရေ ကိုယ်တိုင်လှူသည့်ဆရာတော်
လယ်တီဆရာတော်သည်၊အဘိဓမ္မာသက်ဆိုင်ရာ ဋီကာကိုသာမက၊
သဒ္ဒါဘက် ဆိုင်ရာ ““နိရုတ္တဒီပနီ””ကျမ်းကိုလည်း ၁၂၆၅တွင်
ပြုစုတော်မူခဲ့သည်။

လယ်တီ ဆရာတော်သည် ပါဠိတော်တွင်သာကျွမ်း ကျင်သည်မဟုတ်

မြန်မာစကားပြေအရေးအသားလည်း အံ့မခန်းကျွမ်းကျင်တော်မူသည်၊
၁၂၅၇တွင် အိန္ဒယပြည်မဟာဗောဓိ သို့ ဘုရားဖူးကြွရန်အလာ ရန်ကုန်-မန္တလေးမီးရထားပေါ်တွင် ခက်ခဲနက်နဲသော ပဋိစ္စသမပ္ပါဒ်လင်္ကာ ၁၃ပုဒ်ကို ရှင်းလင်းစွာရေးဖွဲ့သီကုံးခဲ့သည်။ ရန်ကုန်အရောက်ကျမ်းအပြီးဖြစ်ခဲ့သည်။

လယ်တီဆရာတော်သည် တပည့် ရဟန်းတော်တို့အား စာပေပို့ချပြီး ကျမ်း ဂန်ရေးသားပြုစုတော်မူခြင်း ကမ္မဋ္ဌာန်း တရားအားထုတ်ခြင်း၊တရားဟောခြင်း၊

သာသနာပြုခြင်းစသည့် ဗုဒ္ဓကိစ္စများဖြင့် မအားမလပ်သည့်ကြားမှ လယ်တီကျောင်း တိုက်ရှိ စာသင်သားရဟန်းသံဃာတော် များအား
သောက်သုံးရေကို ကိုယ်တိုင် ခပ်၍လှူဒါန်းတော်မူသည်။

လယ်တီဆရာတော်ဘုရားကြီး၏ အမူအကျင့်များ


လယ်တီဆရာတော်ကြီးသည် မြန်မာ ပြည်အရပ်ရပ်သို့ မကြွရောက်သော

အချိန်များတွင် မိမိသီတင်းသုံးရာ လယ်တီကျောင်းတိုက်ကြီးရှိ စာသင်သားတပည့်ရဟန်း တော်များကို စာပေများကိုယ်တိုင်ပို့ချ
တော်မူသည်။ ထိုကိစ္စပြီးလျှင် ကျမ်းစ များကို ပြုစုတော်မူသည်။
ရဟန်းရှင်လူတို့တောင်းပန်လျက်ထားသည့်အခါလည်း ကျမ်းဂန်များ
ရေးလေ့ ရှိသည်။ ကျမ်းစာရေးချိန်ကိုသီးသန့်ထားလေ့ မရှိပဲ၊ အချိန်ရလျှင်ရသလိုရေးသားတော် မူခြင်းဖြစ်သည်။

စာရေးသည့်အခါ ခဲတံ ကိုသာ အသုံးပြုလေ့ရှိသဖြင့် တပည့်ရဟန်း တစ်ပါးက ခဲတံချောင်းရေ၁၀၀ကျော် ၂၀၀ခန့်ကို အသင့်ချွန်ပေးထားရသည်။

လယ်တီဆရာတော်၏စာအရေးသားသည် မြန်မာဘာသာဖြင့်လွယ်လွယ် ရှင်းရှင်းအနက်ထင်အောင်ရေးသားသော ရေးနည်းဖြစ်သည်။

ပါဠိဘာသာမသင်ရ သော မသင်ဘူးသောသူများ ဆရာတော် ၏ အရေးအသားနှင့်အလွန်ပင်ဆီလျော် လှသည်။ မြန်မာစကားပြေ

သန့်သန့်အရေး အသားကြောင့် ဘုရားဟောအဘိဓမ္မာကျမ်းများသည် ဖတ်ရှုသည် လျှောကနဲ လျှာတွေ၊ဒကာတွေက၊မျက်တွေ့၊လက် တွေ့
ဖြစ်စေသည်မှာ လယ်တီဆရာတော် ကြီး၏ သာသနာပြုပါရမီမြောက်
ဂုဏ်ရည်ကြောင့်ဖြစ်သည်။

လယ်တီဆရာတော်၏ ပိဋကတ် ဘာသာပြန်ရှင်းလင်းချက်များကို ဖတ်ရှု ကျင့်ကြံသူ ယောအတွင်းဝန်ဦးဖိုးလှိုင်က ““ဒီအရေးအသားရှင်းလင်းချက်

တွေကို ဘ၀ရှင်မင်းတရားကြီးသာဖတ်ခွင့်ရမည် ဆိုလျှင် ဘယ်လောက်
ကောင်းလိုက်လေ မလဲ””ဟု မင်းတုန်းမင်းတရားကြီးကို ရော်ရမ်းတမ်းတ
မျက်ရည်ကျခဲ့ဖူးသည်ဆို၏။




ကျမ်းဂန်ရေးသားခြင်းဆိုင်ရာ လယ်တီ ဆရာတော်ကြီးအဆို


ကျမ်းဂန်များအရေးအသားနှင့်ပတ်သက်၍

““လယ်တီဆရာတော်မဟာ ထေ ရုပ္ပတ်္တိကထာ””တွင် ဆရာတော်ကြီးက ““ပါဠိအကိုးအကားများ၍ လူသာမာန်တို့ မဖတ်နိုင်၊ခက်ခဲ၊နက်နဲမှသာ ကျမ်းပြု ဆရာဂုဏ်ထင်ပေါ်ကြသဖြင့် ပါဠိအကိုး အကားများစွာနှင့်
ထုတ်ဆောင်ကြရသော မြန်မာလူမျိုးများမှာ ဓမ္မရသ တရားအရ သာများကို မခံစားကြရဘဲ ကုသိုလ်ရရုံ လောက်နှင့်သာ တစ်ဘ၀ပြီးဆုံး
သွားကြ ရလေသည်။””
““ငါတို့သဘောက၊ကျမ်းပြုဆရာတော် ဂုဏ်မထင်မပေါ်ချင်နေပါစေ၊
ကျမ်းစာ ကြည့်ရှုကြတဲ့စာကြည့်ပရိသတ်တွေ ကွက်ကွက်ကွင်းကွင်း ထင်းကနဲ၊၀င်းကနဲ၊ အသိအလိမ္မာဥာဏ်ရှင်းမှုကိုသာ ပဓာန ထား၍
ရေးသားသော ကျမ်းစာတွေသာ များသည် ပါဠိအကိုးအကားများမှာ မထည့်လျှင် မဖြစ်မှသာထည့်သည်။ ပါဠိ ပါဋ္ဌ်သား နည်းနိုင်သမျှနည်းအောင် ဂရု စိုက်၍ရေးသည်။ သို့သော် ပါဠိတော် စည်းမျဉ်းဓမ္မစည်းမျဉ်း
အလွတ်ရေးသည် မဟုတ်၊စည်းမျဉ်းကိုက်ညီအောင်ရေးသည်”” ဟု
ဖော်ပြထားသည်။

လယ်တီဆရာတော်သည် ခက်ခဲ နက်နဲသောကျန်းဂန်များကိုသာ

လက်စွမ်း ပြရေးနိုင်သည်မဟုတ် စာနု၊စာလှ၊စာအ ဟာရများကို ကဗျာလင်္ကာများကိုလည်း ကျွန်းကျင်စွာဖွဲ့ဆိုနိုင်သည်။ဆရာတော်
ပြုစုရေးသားတော်မူသော ဂန်္ဘီရကဗျာ ကျမ်းမြတ်သည် ဆရာတော်၏
ပြောဆို ဆုံးမမူသြ၀ါဒများကို အနုပညာမြောက် ရေးဖွဲ့သီကုံးထားသော လယ်တီလက်ရာ မွန်ကဗျာကျမ်းဖြစ်သည်။

ပြည်တွင်းပြည်ပသာသနာပြုပုဂ်္ဂိုလ်ကျော်


လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၅တွင် နိုင်ငံခြားသာသနာပြုအသင်း

ကို ကိုယ်တိုင်ဦးစီးတည်ထောင်ခဲ့သည်။ အနောက်နိုင်ငံများမှ ပညာရှင်
ပါမောက္ခ များမေးသမျှ အဘိဓမ္မာမေးခွန်းများကို ဗုဒ္ဓနည်းကျဖြေဆိုသဖြင့် ဆရာတော်၏ ဂုဏ်သတင်းသည် နိုင်ငံရပ်ခြားတိုင်းပြည် များထိ
ကျော်ကြားတော်မူသည်။

အနောက် နိုင်ငံပါဠိပါမောက္ခများ၏တိုက်တွန်းလျှောက်ထားချက်အရ ပါဠိအဘိဓာတ်ကျမ်းကြီး ပေါ်ထွက်အောင် မစိုးရိမ်ဆရာတော် ဦးသောမ၊

ဦးသူရိယ၊ဦးဥာဏ၊ဦးရာခိန္ဒတို့ နှင့်အတူ စီမံဆောင်ရွက်တော်မူခဲ့သည်။




ရွှေတောင်ကြီးပြိုပြီ


ဆရာတော်ကြီးသည် တစ်ဘ၀၊တစ် သာသနာအတွင်း၊စာပေပို့ချခြင်း၊

ကျမ်း ဂန်ရေးသားခြင်းကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တရားဟောခြင်း၊
သာသနာပြန့်ပွားအောင် ဆောင်ရွက်ခြင်း၊ကပ်ရောဂါကြုံနေရသော သူများကိုကယ်တင်ခြင်း၊မိုးခေါင်သည်ကိုသီလဖြင့်ရွာသွန်းစေခြင်းတို့ကို မနားမနေ ဆောင်ရွက်ရင်း သက်တော် ၇၈နှစ် ၀ါ တော် ၅၈၀ါအရောက် ၁၂၈၅၊ ပထမ၀ါဆို လပြည့် ဗုဒ္ဓဟူးနေ့တွင် ပျဉ်းမနားမြို့၊ လယ်တီ စံကျောင်း၌ ပျံလွန်တော်မူခဲ့သည် မှာ ဗုဒ္ဓသာသနာတော်အတွက်
တန်ဖိုး မဖြတ်နိုင်သော ရွှေတောင်ကြီးပြိုခဲ့ခြင်း ဖြစ်ပါကြောင်း။