Saturday, October 21, 2017

အလံတစ်ရာ က အရည်းကြီး လက်သစ် ( သို. ) ခွန်တန် သတင်းများ စုစည်းမှု - ၁




အလံတစ်ရာ ဆရာတော် ၀င်စားသည်ဆိုကာ ဤသို. ကိုးကွယ်ကြသည်

မှားယွင်း ကိုးကွယ်မှုများသည် ဒိဋ္ဌိများ ဖြစ်စေ၍ သရဏဂုဏ် ပျက်ကာ ဗုဒဘာသာဝင်အဖြစ်မှ ပျက်ပြယ်လျှက် သေသည်၏ အခြားမဲ့ ငရဲသို.သာလားကြရကုန်၏
ထိုသို.မသေမှီစပ်ကြား ကာလတွင်လည်း အကျိုးယုတ်လျော.ခြင်း များ အမျိုးမျိုး တွေ.ကြုံ ကြရ၏
ထို.ထက် ပိုဆိုးသည်က ယုံကြည်မှု လွန်ကဲသူများ ၊ မသိနားမလည်သူများ ၊ ရိုးသားသူများကို ခုတုံးလုပ် ၊ အခွင့်အရေးယူ ၊ လိမ်လည်လှည့်ဖျားသူများ ဖြစ်သည် ။ ထိုသူယုတ်မာများသည် တမလွန်တွင် ပြုသမျှ အကုသိုလ်တို.ကို ခံယူရမည်ဖြစ်သော်လည်း  အခြားအပြစ်မဲ့သူတို. ကိုကယ်တင်ရာလည်းရောက်   ထိုမကောင်းမှုပြုသူတို.ကို ဟန်.တားရာလည်းရောက်စေရန် ပြတ်သားပြင်းထန်စွာ အရေးယူခြင်းကသာ အကောင်းဆုံးဖြစ်ပေသည် ။

မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာ နယ်မြေတွင် ပန်းဦးလွှတ်သည်ဟုဆိုကာ ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် အမျိုးသမီးငယ်၏ အုပ်ထိန်းသူကိုယ်တိုင်အပါအဝင် ၇ ဦးလာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဘာသာရေးကို အကြောင်းပြ၍ ပန်းဦးလွှတ်ပြုလုပ်နေမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်ရယူပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရဖွဲ့ဝင်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ပြောကြားသည်။
“အရင်ကဆိုရင် သိသိကြီးနဲ့ တိုင်တဲ့သူမရှိလို့ အရေးယူဆောင်ရွက်လို့မရဘူး။ အခုတိုင်ကြားတဲ့သူရှိလာပြီးဆိုတော့ အရေးယူဆောင်ရွက်သွားမှာပါ။ အရေးယူဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်မတို့အစိုးရအဖွဲ့ပဲ မပြီးဘူး။ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”ဟု ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

အလံတစ်ရာဆရာတော်ကြီး ဝင်စားသည်ဟု ဆိုသော ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူက အမျိုးသမီးငယ်များအား ကျူးလွန်နေကြောင်း သိရသည်။
၂၀၁၄ ခုနှစ်မှ စတင်ကာ ၂၀၁၆ ခုနှစ်အထိအထိ မိန်းကလေးငယ် ၆ ဦးကို လက်ထပ်ကာ ၎င်းနောက် ကွာရှင်းခြင်းမပြုဘဲ မိဘထံပြန်နေစေခြင်း၊ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလံတစ်ရာနယ်မြေတွင် ဘာသာရေးကို အခြေခံအကြောင်းပြု၍ ယခင်အစိုးရလက်ကတည်းက အသက် ၁၄-၁၅ နှစ် အမျိုးသမီးလေးများကို ပန်းဦးလွှတ်နေမှုများ ဖြစ်ပေါ်နေသော်လည်း မည်သူ့တစ်ယောက်မှ တိုင်ကြားခြင်းမရှိခြင်းကြောင့် အရေးယူဆောင်ရွက်နိုင်ရန် အခက်အခဲများဖြစ်ပေါ်ခဲ့ရကြောင်း သထုံမြို့နယ်၊ အမှတ်-၁ မဲဆန္ဒနယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောဆိုသည်။
“ဒီနေရာမှ ဒီလိုကိစ္စဖြစ်နေတယ်။ တိုင်တဲ့သူမရှိဘူးလားဆိုတော့ မရှိဘူး။ တိုင်ကြားဖို့ ကိုယ်တိုင် အဲဒီရွာဆင်းပြီး ပြောတဲ့သူကိုတောင် ရန်သူလို သတ်မှတ်တဲ့ အနေအထားမျိုးရှိနေတယ်။ မိန်းကလေးငယ်တွေရဲ့ မိဘတွေကိုယ်တိုင်က အသိဥာဏ်မရှိဘဲ ကိုယ့်သားသမီးတွေကို သိဒ္ဓိတင်တယ်လို့ အတွေးဝင်နေတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

အလံတစ်ရာဆရာတော်ကြီး ဝင်စားသည်ဟု ဆိုသော ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူမှာ လက်ရှိအချိန်တွင် ယင်းနေရာ၌ ရောက်ရှိနေမှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းကျေးရွာဒေသခံများထံက စုံစမ်းသိရသည်။
အလံတစ်ရာကျေးရွာမှ အမျိုးသမီးငယ်များကို ပန်းဦးလွှတ်သည့် ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌထံ တိုင်ကြားစာနှစ်စောင်ရောက်ရှိ ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စအား လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ကြားနာမည်ဖြစ်သည်။
" အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လက်ခံတယ်" ဟု မွန်ပြည်နယ် ပအိုဝ်းစာပေ ယဉ်ကျေးမှု အဖွဲ့ အတွင်းရေးမှူး ခွန်သန်းဝေ က ပြောကြောင်း Mizzima ကရေးသားထားခဲ့သည် ။

ကိုရင်လေး  ခေါ် ခွန်တန်  ခေါ် ဇာတ်လိုက်

ထိုကဲ့သို. ကျုးလွန်ခဲ့သော ခွန်တန် နှင့် ပတ်သက်၍ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စရစ်ချောင်းကျေးရွာအုပ်စု၊ အလံတရာနယ်မြေတွင် အလံတရာဆရာတော်ဝင်စားသည်ဟု ဆိုသော ခွန်တန်(ခေါ်)ဇာတ်လိုက်သည် ရှမ်းပြည်နယ်၊ ဟိုပုန်းဘက်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“သူ့ကို အာဏာစက်နဲ့ဖမ်းဆီးဖို့ လုပ်တော့ ရှမ်းပြည်နယ်၊ ဟိုပုန်းဘက်ကို ထွက်ပြေးသွားတယ်။ မွန်ပြည်နယ်ကို ပြန်လာဖို့လည်း လမ်းမရှိဘူး။ ထွက်ပြေးနေတယ်။ ဒီမှာ အစည်းအဝေးဆုံးဖြတ်ချက် ချပြီး ဖမ်းမိန့်ထုတ်လိုက်တာနဲ့ ကြည့်ရတာ သတင်းပေါက်ကြားလို့ ထွက်ပြေးသွားတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် နှစ်လခန့်က မွန်ပြည်နယ်ဥပဒေချုပ်နှင့် ကက်ဘိနက်အစည်းအဝေးတွင် တိုင်ပင်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ သာသနာညှိုးနွမ်းစေမှုဖြင့် ၂၅၉ (က)နှင့် ဖမ်းခိုင်းခဲ့သော်လည်း ခွန်တန်(ခေါ်)ဇာတ်လိုက်က ထွက်ပြေးသွားသည့်အတွက်ကြောင့် ကျန်အဖွဲ့ဝင် ၅ ဦးကို သထုံအချုပ်ထဲတွင် ရှိနေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
အဆိုပါ အလံတရာနယ်မြေတွင် ဆေးပြားသုံးစွဲခြင်း၊ ဆေးပြားရောင်းဝယ်ဖောက်ကားခြင်းများရှိနေသည်ကို သတင်းအချက်အလက်များစွာ ရရှိထားသည့်အပြင် အလံတရာနယ်မြေတွင် ခွန်တန်(ခေါ်)ဇာတ်လိုက်ဆိုသူနှင့် ၎င်း၏အဖွဲ့များက လုပ်ကိုင်ဆောင်ရွက်နေသည်ကိုလည်း သိရှိထားကြောင်း ၎င်းက ရှင်းပြသည်။

“နောက်ပြီးတော့ အုပ်စုဖွဲ့ အရက်သောက်ပြီးတော့ ညဘက်တွင် အရက်မူးပြီး အိမ်ရှေ့ဆဲဆိုတာတွေ သတင်းရရှိထားတာရှိတယ်။ အစသိကတည်းက အစိုးရအဖွဲ့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ လုပ်ကိုင်ဆောင်ရွက်နေတယ်။ အထူးသဖြင့်တော့ အဲဒီနယ်မြေက ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဆောင်ရွက်နေပါတယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။

အလံတရာနယ်မြေတွင် ဖြစ်ပွားနေသည့် ပြဿနာနှင့် ပတ်သက်၍ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီထံ တိုင်ကြားစာနှစ်စောင် ရောက်ရှိထားကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။
အဆိုပါတိုင်ကြားစာတွင် ခွန်တန်(ခ)ဇာတ်လိုက်နှင့် အဖွဲ့ကို ဘာသာတရားအပေါ်အခွင့်ကောင်းယူပြီး ဘာသာရေးမှိုင်းတိုက်၍ ရိုးသားသော ပအို့ဝ်တိုင်းရင်းသူမိန်းကလေး များအား ဖျက်ဆီးနေမှုအပေါ် ဖော်ထုတ်အရေးယူပေးရန်နှင့် အလိုမတူဘဲ သားမယာအဖြစ် ပြုကျင့်မှုအား ငွေကြေးဖြင့် ညှိနှိုင်းဖြေရှင်းမည်ဆို၍ ယနေ့ထိ ပြီးပြတ်အောင် ဖြေရှင်းမပေးဘဲ တာဝန်ပျက်ကွက်မှုအား အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလံတရာနယ်မြေတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါ်ခိုင်ခိုင်လဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင် ကြမ်းတမ်းသောစကားလုံးများနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သော စကားလုံးများဖြင့် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ခြိမ်းခြောက်ခံနေရကြောင်း  ဟင်္သာ မီဒီယာကလည်း ဖော် ပြရေးသားခဲ့သည် ။ 

ခွန်တန်
  
ထို ခွန်တံ ခေါ် ကိုရင်လေး နှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ရေးသားရာတွင်
လေးမှာ အနေကြာခဲ့ပြီးမြန်မာပြည်ကိုကျနော်ပြန်​​ရောက်လာတော့ကျနော့အိမ်ရဲ့ဘုရားဆောင်​​ပေါ်မှာ ကျနော်တစ်ခါမှ မမြင်ဖူးတဲ့ ကိုရင်​​လေးတစ်ပါးရဲ့ ဓာတ်ပုံတစ်ပုံ ရောက်​​နေပါတယ်
မေကိုမေးကြည်တော့ အဲဒါအလံတရာဆရာတော် (ဒေသအခေါ် ဘဘုရား) ဝင်စားတဲ့
ကိုရင်
လေးလို့ပြောပါတယ်။ပြီးတော့ အမေက ကျနော့ကိုVCDတစ်​​ခွေဖွင့်ပြတယ်
အဲဒီအခွေမှာ ​​စောစောက ဘုရားဆောင်​​ပေါ်ကကိုရင်​​လေးကို ခေါင်းမှာဒက်​​တွေအဖွေးသားနဲ့တွေ့
ရတယ်
။အခွေမှာ ကိုရင်​​လေးဆွမ်းစားနေတာတွေ။ကိုရင်​​လေး ကားပေါ်ကဆင်းလာတာတွေ
ရယ်
မောစကားပြောတာတွေ။ဖလားခွက်​​ကြီးမြှောက်ပြီး လူသူပရိသတ်ဘက်ပိုက်ဆံကြဲတာတွေကို ရိုက်ပြထားပြီး သူ့ ပတ်ပတ်လည်မှာတော့ သူ့ကိုယုံကြည်သူပအိုဝ်းတိုင်းရင်းသားအများအပြားကို အလွန်ရိုကျိုးကြဟန်နဲ့လက်အုပ်ကလေးချီပြီး ယို့ယို့ကလေးရပ်​​နေကြတာတွေ့ရတယ်

တချိန်က သထုံ အလံတရာနယ်မှာဘဘုရားလို့သူတို့ခေါ်ကြတဲ့အလံတရာဆရာတော်ဟာ အလံတရာတစ်ဝိုက်မှာသာမက မြန်မာပြည်အနှံ့အပြားမှာ ကိုးကွယ်ဆည်းကပ်သူအများအပြားနဲ့ အလွန်ထင်ရှားခဲ့သူဖြစ်တယ်အဲဒီဘဘုရား ပျံလွန်​​တော်မူကြီး ၉နှစ်ကြာမှ ဘဘုရားဝင်စားတယ်ဆိုသူအနှီကိုရင်​​လေးက ပေါ်လာတာဖြစ်ပါတယ်။အဲဒီအချိန်မှာ ကိုရင်​​လေးဆိုသူကလည်း အသက်၉နှစ်တိတိရှိနေပြီဖြစ်ပါတယ်
အရင်ဘဝဟောင်းကို ပြန်မှတ်မိတယ်အရင်​​ဆွေမျိုးတွေကို နာမည်ကအစ
တစ်
ယောက်ချင်ခေါ်နိုင်တယ်။ဘဘုရားရဲ့ လူသိနည်းတဲ့ တစ်ချို့သောကိစ္စရပ်​​တွေကိုတောင် ပြောဆိုနိုင်စွမ်းရှိတယ်ဆိုပြီး ဘဘုရားဝင်စားသူအဖြစ် ဒေသခံတွေ လက်ခံယုံကြည်ကြတာဖြစ်ပါတယ်
ခွေကိုကြည့်ပြီး ကျနော်က"ဒီကိုရင်က တစ်ချက်မှ ငြိမ်ငြိမ်သက်သက်မရှိပါလားမျက်နှာကလည်းစပ်ဖြဲဖြဲနဲ့ မျောက်လိုပဲ သူ့ဘာသူဘယ်သူပဲဝင်စားစား ဘုရားနဲ့တော့တစ်​​နေရာတည်း ရှိမနေသင့်ဘူး"လို့မေ့ကိုပြောပြီး ဓာတ်ပုံကိုဘုရားဆောင်​​ပေါ်ကဖြုတ်ချလိုက်ပါတယ်

ကျနော်တို့ဆီမှာအလံတရာဘက် သက္ကဘက် ဘုရားဖူးထွက်ဖူးကြသူ လူတိုင်လောက်နီးနီးဟာ ဘုရားဖူးကပြန်လာတိုင်း အိမ်ရဲ့ ဘုရားဆောင်မှာကိုရင်​​လေးပုံကို ယုံယုံကြည်ကြည် ချိတ်ဆွဲကိုးကွယ်လာနေကြတာဖြစ်ပြီး ကျနော့အိမ်မှာတော့ ကျနော်​​ရောက်လာပြီးမှ အဲဒီကိုရင်​​လေး
ချောင်
တစ်ခုထဲ ပစ်ထည့်ခံလိုက်ရတာဖြစ်ပါတယ်

ဒီလိုနဲ့ နှစ်အနည်းကြာတော့ကျနော်ရှမ်းပြည်​​ဘက်​​ရောက်​​သွားတယ်အဲဒီမှာ သထုံဒေသခံတွေနဲ့ အလုပ်အတူတူလုပ်ရပြီး သူတို့မကြာခဏပြောတတ်တာကတော့ အရွယ်​​ရောက်လာပြီဖြစ်တဲ့ ကိုရင်​​လေး(ခေါ်)ခွန်တန်ဟာ သင်္ကန်းဝတ်လိုက်​​ဘောင်းဘီရှည်ဝတ်လိုက်နဲ့ တဖြည်းဖြည်း အထိန်းအကွပ်မရှိ ဆိုးသွမ်းလာနေကြောင်တွေပဲဖြစ်ပါတယ်

ခွန်တန်ဟာ ဇာတ်လိုက်လို့ ကိုယ့်ကိုကိုယ်​​ခေါ်တဲ့ အရွယ်​​ရောက်​​နေတဲ့ ယောက်ျားလေးတွေချည်း စုထားတဲ့အဖွဲ့ဖွဲ့ပြီး ကား ဆိုင်ကယ်တွေတရကြမ်မောင်းတယ် အလှူခံတယ် ဘုရားတည်တယ်
တီးဝိုင်
ထောင်ပြီး သီချင်းဆိုတယ်တက်တူးထိုးတယ်သေနတ်ကိုင်တယ်။စိတ်မထင်ရင် မထင်သလို
ကား
တွေဆိုင်ကယ်​​တွေကို မီးရှို့ဖျက်ဆီးတတ်တယ်။သူကားနဲ့တိုက်လို့ လူသေဖူးတယ်
ငယ်ငယ်တုန်းကလည်းဘာစိတ်ကူးပေါက်တယ်မသိ။သူ့ထက်အသက်​​ရော ဝါရော
အများကြီးကြီးတဲ့ ဘုန်
းကြီးတစ်ပါးရဲ့ခေါင်ပေါ် ခြေထောက်နဲ့တက်နင်းပြပြီးဓာတ်ပုံအရိုက်ခံဖူးပါတယ်




ထူးဆန်းတာကတော့ သူဘယ်​​လောက်ဆိုးဆိုးသူဘယ်​​လောက်ပဲ အကျင့်ပျက်​​ဖောက်ပြန်ပြီး လမ်းသရဲလိုနေနေသူ့ကိုယုံကြည်ကိုးကွယ်ကြသူ ဒေသခံတွေက သူ့အပေါ် တစ်စိုးတစ်စိမှ အကြည်ညိုမပျက်ကြတာပါပဲ။

ပညာရေးအခြေခံနည်းပါးပြီးရိုးအတဲ့ ပအိုဝ်းလူမျိုးတွေရဲ့ကိုးလွန်းလို့ ကွယ်ကုန်ရကြတဲ့ အနေအထားလို့ပဲဆိုရပါတော့မယ်
အခုနောက်ပိုင်းကြားရတဲ့သတင်းကတော့ ပိုလို့တောင်ဆိုးလာနေပါတယ်ခွန်တန်ဟာ ရိုးအ   ပြီး အရွယ်ရောက်​​သေးတဲ့ ပအိုဝ်းတိုင်းရင်းသူအများအပြားကို ပန်းဦးလွှတ်တယ်ဆိုတဲ့သတင်တွေကြားလာ ရပါတယ်
အဆိုးဆုံးကတော့ကျူးလွန်ခံရတဲ့ သမီးပျိုတို့ရဲ့ မိဘတွေကိုယ်တိုင်ကလည်းအဲလိုပန်းဦးလွှတ်ခြင်းဟာ သိဒ္ဓိမြောက်တယ်ဆိုပြီး လိုလိုလားလား လက်ခံကျေနပ်လျှက်ရှိနေကြပြီးအဲဒီဒေသအုပ်ချုပ်​​ရေးမှူးကိုယ်တိုင်ကဒီလိုကိစ္စတွေကို အလိုတူအလိုပါ ကာဗာပေးနေခြင်းပဲဖြစ်ပါတယ်
အမှုဖြစ်စဉ် ရာနဲ့ချီရှိပေမယ့်တိုင်သူကို သူတို့ဘက်ကနေ ရန်သူလို့သတ်မှတ်တဲ့အတွက် တိုင်ရဲသူမရှိတာ ဟာလည်း အစိုးရကို အရေးယူရန်ခက်ခဲစေတဲ့ ကိစ္စတစ်ခုပါပဲ


 ထိုအခြေအနေများနှင့်ပတ်သက်၍  မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာ နယ်မြေတွင် ဘာသာရေးကို အကြောင်းပြ၍ ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ညှိနှိုင်းလုပ်ဆောင်ရာ အခက်အခဲများကြုံတွေ့၍ ယင်းကိစ္စ အောင်မြင်စွာဆောင်ရွက်နိုင်ရေးတွက် အဖွဲ့စည်းပေါင်းစုံမှ ၀ိုင်းဝန်းကူညီကြပါရန် ဒေါ်ခိုင်ခိုင်လဲ့ သထုံမြို့နယ်အမှတ်-၁ မဲဆန္ဒနယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က အောက်တိုဘာ ၁၇ ရက်၌ မော်လမြိုင်မြို့ငွေမိုးဟိုတယ်တွင် ကျင်းပသော ကျား/ မ ရေးရာ အခြေပြု အကြမ်းဖက်မှု သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုအစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း Eleven Media ကအောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါသည် ။




ကျွန်မမဲဆန္ဒနယ်မှာဆို မိန်းကလေးတွေ ကျောင်းမနေရပါဘူး။ အမျိုးသမီးတွေ လေးတန်းနဲ့ကျောင်းထွက်တဲ့သူတွေ တစ်ပုံကြီးပါပဲ။ အလွန်ဆုံးနေရရှစ်တန်းပဲ၊ သထုံဆိုတဲ့နေရာက မြို့လို့သာပြောတယ်။ စာသင်ကြားကြတဲ့အခါ အမျိုးသမီးအရမ်း နည်းပါတယ်။ တိုင်းရင်းသားကရင်။ ပအိုဝ်းရွာတွေ များပါတယ်၊ ခုနက ဒေါ်စံဝင့်ခိုင်ပြောတာ ကျွန်မမဲဆန္ဒနယ်မှာ ဖြစ်ခဲ့တာပါ။ ဆရာမကြီးပြောသွားတာ သေးသေးလေးပါ။ ဒါပေမဲ့ တကယ့်ကိုဖြစ်နေတာ big issue အကြီးကြီး ဖြစ်နေတယ်။ အလံတစ်ရာနယ်မြေမှာ ဘာသာရေးကို အခြေခံပြီးတော့ ၁၄-၁၅ နှစ် သမီးလေးတွေကိုပဲ ပန်းဦးလွှတ်တဲ့ကိစ္စ ဖြစ်နေပါတယ်။ ရှင်းရှင်းပြောရလို့ရှိရင် တိုင်တဲ့သူ မရှိဘူးလားဆိုတော့ မရှိဘူး။ တိုင်ဖို့ကိုယ်ကိုယ်တိုင် ဆင်းပြီးပြောတဲ့သူကို သူတို့က ရန်သူလို့ သတ်မှတ်တဲ့ အနေအထားမျိုး ရှိနေတယ်။ မိဘတွေ ကိုယ်၌ကိုယ်က ဘာသာရေးကို အကြောင်းပြပြီး သူတို့သမီးကို သိဒ္ဓိတင်တယ်လို့ အတွေးဝင်နေတာပါ။ အရှင်းဆုံးပြောရရင် မိန်းကလေးက ဆယ်နဲ့ချီ ရာနဲ့ချီဖြစ်နေတဲ့ အနေအထားမျိုး ရှိပါတယ်ဆိုတာ အလံတစ်ရာမှာ ဖြစ်နေတာဆိုတာ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီနားမှာထိုင်နေတဲ့ အရင်ငါးနှစ်က လူမှုရေးဝန်ကြီး ဆရာသိမှာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ငါးနှစ်သက်တမ်းမှာလည်း ဖြစ်ခဲ့တာပါ။ အစိုးရဌာနဆိုင်ရာတွေက ကိုင်တွယ်ဖို့နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ အခု ကျွန်မနဲ့ဒေါ်စံဝင့်ခိုင် (ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး) ဒီကိစ္စ ကြိုးစားနေပါတယ်။ မိန်းကလေးတွေကိုလည်း စည်းရုံးနေပါတယ်။ ၁၄-၁၅-၁၆ နှစ်ကလေးတွေပါ။ အစ်မကိုယူပြီး ညီမကို ယူပါတယ်။ ဒီရွာမှာပဲ လမ်းလေးခွဆုံမှာ မင်္ဂလာဆောင်ပါတယ်။ ဆက်တိုက်ကို ယူပါတယ်။ သုံးယောက်ရှိရင် သုံးယောက်လုံးယူပါတယ်၊ ဒီဖြစ်စဉ်ဟာ သထုံမြို့မှာ ဖြစ်နေလားလို့ မေးရင် ဖြစ်နေပါတယ်။ ဒါကလူမသိပါဘူး။ လူသိဖို့အင်မတန်မှ အခြေအနေနည်းတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်မတို့က အခုတော့ ပထမဆုံးအနေနဲ့ တရားဥပဒေအရ  အရေးယူဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်လို့ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကိုယ်က ပါနေတယ်။ သူကိုယ်တိုင်က Cover လုပ်နေတဲ့ အနေအထား ရှိနေတယ်။ တချို့သတင်းထောက်တွေ သိပါတယ်။ သတင်းထောက်တွေ သတင်းသွားယူတဲ့သူတွေ ရှိပါတယ်။ ၀င်လို့မရတဲ့အနေအထားမျိုးလည်း ရှိပါတယ်။ သတင်းယူဖို့ အခက်အခဲတွေအများကြီး ရှိပါတယ်။ အဲဒီလူရဲ့ နာမည်ကတော့ သူတို့ကတော့ ခွန်တန်လို့ခေါ်တာပေါ့။ အသက်က ၂၅ နှစ်ပဲ ရှိပါသေးတယ်။ အလံတစ်ရာ ဆရာတော်ဘုရား ၀င်စားတာပါဆိုတာတစ်ခုတည်းနဲ့ အဲဒီမှာ ဆက်တိုက် အမျိုးသမီးလေးတွေကိုဖြစ်တာ မိဘတွေကိုယ်တိုင်က ပန်းဦးလွှတ်တာပေါ့။ အပျိုဖြစ်တာနဲ့ ပန်းဦးလွှတ်တဲ့ အလေ့အကျင့် သထုံမှာ မွန်ပြည်နယ်ထဲမှာ ဖြစ်နေပါတယ်။ ဒီနေရာ ဒါမျိုးတွေရှိနေတယ်ဆိုတာ အသိပေးတာပါ။ ဒါမှလည်း ဒီမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ဘယ်လိုမျိုး ပူးပေါင်းပြီးအဖြေရှာရမလဲ။ ဆောင်ရွက်ရမလဲဆိုတာ သဘောဆိုတာမျိုး ဒီဘက်က နေပြန်ကြားချင်ပါတယ်။ ၀န်ကြီးနဲ့ ကျွန်မလုပ်ရတာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ရပါတယ်။ အခုချိန်ထိ ၀န်ကြီးကို တစ်ချိန်လုံး သတ်မယ်လို့ခြိမ်းခြောက်တဲ့ Message တွေ လာပါတယ်။ ကျွန်မဆီကိုလည်း Message ပေါင်းများစွာ ပို့ပါတယ်။ တစ်ချိန်လုံး သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ အဲဒီဖြစ်စဉ် ကျွန်မတို့နှစ်ယောက် အခုလက်ရှိ ကြုံနေရတာပါ။ ဒီလိုမျိုးကိစ္စကို ဖြေရှင်းဖို့ကြိုးစားတာကို ထပ်မံခြိမ်းခြောက်တာကြောက်လို့ပြောတာ မဟုတ်ပါဘူး။ အမြန်ဆုံးဒီကိစ္စကို အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းလိုက်ချင်ပါတယ်။ ဒီနေရာမှာ ၀ိုင်းဝန်းပြီး ကူညီပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။


Ref ; Mizzima - News in Burmese ,  Hinthar Media Corporation  , Linn Eain Thit  & Eleven Media Group

No comments:

Post a Comment